အခန်း (၁၀၁၈)
Vol. 69 Ch. 1018
သတ်ဖြတ်ခြင်းကုန်းမြေထဲမှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူ နှစ်ထောင်ကျော်တို့နှင့် ယုဒြာကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူများအားလုံးသည် လေထဲတွင် ပြင်းပြင်းထန်ထန်နှင့် တိုက်ခိုက်လျက်ရှိနေကြ၏။
စိတ်ဝိညာဉ်စွမ်းအင်မျိုးစုံတို့သည် လေထုထဲတွင် မီးပန်းများပစ်လွှတ်လိုက်သကဲ့သို့ တဝှီးဝှီးနှင့် တောက်ပလင်းလက် လျက်ရှိနေတော့၏။
တစ်ခြားသောဂြိုဟ်များမှ သိုင်းကျင့်ကြံသူများအားလုံးသည် အထဲတွင် ဖြစ်ပျက်နေသည့် အသံများကို မကြားရဘူး ဆိုသော် လည်း နှစ်ဖက်သား ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည်ကိုတော့ ကြည့်ရှု ခံစား၍ ရနေကြသည်။
ဘုန်း
ထိုအချိန်မှာတော့ ယုဒြာကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူတစ်ယောက်၏ အနောက်ဘက်တွင် ရီရှင်းချန် ပေါ်လာ၏။ ပြီးသည့်နောက်မှာတော့ သူသည် စိတ်ဝိညာဉ်စွမ်းအင်များနှင့်စုစည်းကာ လက်သီးဖြင့် ထိုးနှက်လိုက် တော့၏။
တစ်ဖက်လူသည် မြေပေါ်သို့ ပြုတ်ကျပြီးသည့်နောက်မှာတော့ သွေးပွက်ပွက်အန်လာ၏။ ပြီးသည့်နောက်မှာတော့ လျှာအောက်တွင် သိုဝှက်ထားခဲ့သော ငရဲဆေးလုံးအား မြိုချပြီး တစ်ခါတည်း သေဆုံးသွားခဲ့သည်။
“အင်း တကယ့်ကို သပ်ရပ်ပြီးတော့ ကောင်းမွန်တဲ့ တိုက်ခိုက်ချက်ပဲ။”
အပြင်ဘက်လောကထဲတွင်ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် ရီရှင်းချန်အကြောင်းကို ပြောဆိုလျက်ရှိနေ ကြ၏။ သာမန် ဒုတိယအဆင့် အဝါရောင်သိုင်းကျင့်ကြံသူများသည် ၎င်းအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိုက်မည် မဟုတ်ချေ။
ဘုန်း ဘုန်း
လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများအားလုံးသည်လည်း ၎င်းတို့၏ ပြိုင်ဖက်များနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြ၏။
ဒဏ်ရာရရှိသွားခဲ့ကြသော သိုင်းကျင့်ကြံသူများအားလုံးသည် ချက်ချင်းပဲ ဆေးလုံးကို မြိုချကာ သေဆုံးသလို ဟန်ဆောင်နေကြတော့၏။ ၎င်းတို့အားလုံးသည် ကြိုတင်၍ နှစ်လတိတိ လေ့ကျင့်ခဲ့သူများဖြစ်သောကြောင့် သရုပ်ဆောင်မှုများသည် အလွန်ထိရောက်လွန်းလှသည်။
ဟုတ်ပေသည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူများသည်လည်း သေဆုံးခဲ့ကြ၏။
အချိန်အနည်းငယ်တိုက်ခိုက်ပြီးသည့်နောက်မှာတော့ နှစ်ဖက်သိုင်းကျင့်ကြံသူများဆီမှ လူ တစ်ရာလောက်သည် တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ပြီဖြစ်သည်။
လက်သီးဖြင့် တိုက်ခိုက်ရုံဖြင့် သေဆုံးသွားသည်ဆိုသည်မှာ မယုံကြည်နိုင်စရာဖြစ်၏။ ထို့ကြောင့် ပိုမို၍ ယုံကြည်မှုရစေနိုင်ရန် တစ်ချို့သောသူများအားလုံးသည် ဓားများ၊ လှံများကို ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့ကြ၏။ သေဆုံးခါနီးတွင် ဓားခုတ်ခံ၊ လှံထိုးခံရပြီး သေဆုံးကြ၏။
သို့ပေမဲ့ ဓားဖြင့် ၊လှံဖြင့် ခုတ်ခြင်း၊ ထိုးခြင်းပြုလုပ်ရာတွင် အရေးကြီးသော တည်နေရာများကို ရှောင်ရှား၍ ထိုးနှက် ကြသည်။
ရှောင်ကျီကိုပဲ ဥပမာယူရမည်။ လက်ရှိအခြေအနေမှာတော့ သူသည် တစ်ကိုယ်လုံးတွင် ဒဏ်ရာများပရဗွနှင့်ဖြစ်ပြီး သွေးများချင်းချင်းရဲလျက်ရှိ၏။ သို့ပေမဲ့ ဤအရာများအားလုံးသည် အပြင်ပိုင်းဒဏ်ရာများသာဖြစ်သည်။ ပိုမို၍ ယုတ္တတန်စေရန်အတွက် သူသည် စိတ်ဝိညာဉ်အမြုတေထဲတွင်ရှိနေသော စွမ်းအင်များကို စုစည်းကာဖြင့် သွေးများကိုပင် အန်ထုတ်လိုက်သေး၏။ သရုပ်ဆောင်မှုသည် အလွန်တရာ ကောင်းမွန်လွန်းလှ၏။
အပြင်ဘက်တွင်ရှိနေသော သိုင်းကျင့်ကြံသူများအားလုံး သည် ရှောင်ကျီ၏ ခံနိုင်ရည်အား ကို ကြည့်ရှုကာ အံ့ဩ ချီးကျူးနေမိကြသည်။
ဘုန်း ဘုန်း ဘုန်း
တိုက်ပွဲသည် ဆက်တိုက်ဆိုသလိုပဲ ဖြစ်ပွားလျက်ရှိနေပြီး အမြင့်ဆုံးအခြေအနေဆီသို့ ရောက်ရှိလာခဲ့၏။ အပြင်းအထန် ဒဏ်ရာရရှိဟန်ဆောင်နေသော ရှောင်ကျီသည် နောက်ဆုံးတွင်တော့ မည်သို့မှမခုခံနိုင်တော့ချေ။ သူ၏ ခန္ဓာကိုယ်သည် ဘုန်းခနဲ ပြုတ်ကျသွားပြီးသည့်နောက်မှာတော့ အသက်ရှုခြင်းသည် ရပ်တန့်သွားခဲ့ပြီဖြစ်သည်။
“ဂျူနီယာညီလေးရှောင်”
အနီးကပ်ဆုံးတွင်ရှိနေသော လီချင်းယန်သည် သူ၏ ရန်သူတစ်ယောက်အား ဘေးတစ်ဖက်ဆီသို့ ပစ်လွှတ်ပြီးသည့် နောက်မှာတော့ မျက်လုံးအပြူးသားဖြင့် အော်ဟစ်လိုက်တော့၏။
ဤအမူအရာ၊ ဤအကြည့် အမှန်ပင် သူ၏ ဂိုဏ်းတူညီလေး အစစ်အမှန်သေဆုံးသွားသကဲ့သို့ပင် ဝမ်းနည်းနေသည့် အမူအရာဖြစ်သည်။
ဆွစ်
ရီရှင်းချန်သည် ဒေါသတကြီးဖြင့် အဝေးဆီမှ ရောက်ရှိလာပြီးသည့်နောက်မှတော့ ရှောင်ကျီအား သတ်ဖြတ်ခဲ့သော သိုင်းကျင့်ကြံသူအား လက်သီးတစ်ချက်တည်းနှင့် ထိုးနှက်ခဲ့၏။
ဘုန်း
တစ်ဖက်လူသည် ပေအနည်းငယ်ဆီသို့ လွင့်စင်သွားပြီးသည့်နောက်မှာတော့ သွေးများအန်ထွက်လာ၏။ မျက်နှာကြီး တစ်ခုလုံးဖြူရော်ကာဖြင့် မြေပေါ်သို့ လဲကျသွား၏။ သူ၏ စိတ်ထဲမှာတော့ အော်ဟစ်လိုက်မိသည်။ “ဒီကောင့် လက်ဆတော်တော်ပြင်းတာပဲ။ မဖြစ်ဘူး။ မဖြစ်ဘူး။ ငါသေလိုက်တာ ပိုကောင်းမယ်။”
ဂလု
သူသည် လျှာအောက်တွင် သိမ်းဆည်းထားခဲ့သော ငရဲဆေးလုံးအား မြိုချ၍ နေရာမှာတွင် တစ်ခါတည်းသေဆုံး သွားခဲ့သည်။
…
ရှောင်ကျီသည် တိုက်ခိုက်ပွဲတွင် သေဆုံးသွားခဲ့ပြီးဖြစ်၏။ ပြိုင်စံရှားဂိုဏ်းတပည့်များသည် ပိုမို၍ ဒေါသထွက်လာပြီး သတ်ဖြတ်လိုခြင်းများနှင့် ပြည့်နှက်နေကြ၏။ သူတို့သည် အကောင်းမွန်ဆုံးသော သရုပ်ဆောင်မှုကို ထုတ်ဖော်ပြသ နေကြခြင်းပင် ဖြစ်တော့သည်။
သရုပ်ဆောင်တစ်ယောက်ဖြစ်သော လုချင်းချင်းသည်ပင်လျှင် သူမ၏ ဂျူနီယာမောင်လေးသေဆုံးသွားသည်ကို မြင်ပြီး သည့်နောက်မှာတော့ အေးစက်နေသည့်မျက်လုံးများ၌ ရေခဲမှုန်များပင် ဖြစ်တည်လာခဲ့၏။
၃ ပေခန့်ရှည်သော ဓားရှည်ကို ကိုင်ဆောင်ပြီးသည့်နောက်မှာတော့ သူမသည် လူအုပ်ကြားထဲသို့ တိုးဝင်ကာဖြင့် အားလုံးကို ရေခဲဖြင့် အေးခဲအောင်လုပ်ကာ သတ်ဖြတ်လျက်ရှိနေတော့သည်။
“အေးလိုက်တာ။ ဒီမိန်းကလေးက ရေခဲဓာတ်သဘာဝကျင့်ကြံသူတစ်ယောက်ပဲ။”
ယုဒြာကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများသည် ထ၍ အော်ဟစ်လိုက်ကြ၏။ သူတို့သည် ရေခဲနှင့် ဖုံးလွှမ်းခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် အဝေးဆီသို့ ဆုတ်လိုက်ကြ၏။
“သူမရဲ့ သရုပ်ဆောင်မှုက မဆိုးဘူးပဲ။”
ကဲ့ကျင်းနန်နှင့် တိုက်ခိုက်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ လုချင်းချင်းအား ကြည့်ရှုလျက်ရှိနေ၏။ ပြီးသည့်နောက်မှာတော့ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်ပေါက် လာခဲ့သည်။
ဤသတ်ဖြတ်ခြင်းကုန်းမြေကြီးသည် သရုပ်ဆောင်ရန်သက်သက်ဖြစ်သည်ဆိုသော်လည်း စမ်းသပ်မှုတစ်ခုလည်း ဖြစ်နေ၏။ လုချင်းချင်းသည်သာ အပြည့်အဝ တစ်သားတည်း သရုပ်ဆောင်နိုင်သည်ဆိုပါက သူမသည် ကြီးမားလှသည့် အကျိုးကျေးဇူးကို ရမှာဖြစ်၏။
စနစ်သည် ဆွံ့အသွား၏။ “ချီးတဲ့မှ ဒီလိုသရုပ်ဆောင်လို့ ဘာအကျိုးကျေးဇူးရမှာလဲ။”
ကျွင်းချောင်ရှောင်းသည် ခနရပ်တန့်ကာဖြင့် လေးလေးနက်နက်ပြောလိုက်၏။ “သူနဲ့ ဂိုဏ်းသူဂိုဏ်းသားတွေကြားမှာရှိတဲ့ ရင်းနှီးမှုပေါ့။”
“…….”
စနစ်က ပြောလိုက်သည်။ “အလုပ်ဖြစ်ပါ့မလား။”
…
ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် ယုဒြာကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူများသည် ပြင်းပြင်းထန်ထန် တိုက်ခိုက် နေကြပြီး တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ ပြုတ်ကျသေဆုံးနေကြ၏။ ၎င်းတို့သည် သရုပ်ပြပွဲကဲ့သို့ သရုပ်ဆောင်နေကြသည်ဆိုသော်လည်း အစစ်အမှန် ဒဏ်ရာရရှိခဲ့ကြ၏။
လီဖေး၊ ထန်းချီ၊ လုံချင်းဟန်နှင့် တစ်ခြားသောသူများသည် မြေပေါ်သို့ လဲကျသွားခဲ့ကြ၏။ တပည့်များ တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ ပြုတ်ကျနေသည့်မြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲရှိ ဒေါသတရားများသည် ပိုမိုကာ အားကောင်းလာခဲ့သည်။
ဤအရာသည် သရုပ်ဆောင်မှုသက်သက်ဖြစ်သည်ဆိုသော်လည်း တစ်နေ့တွင် ဤကဲ့သို့သော တူညီသည့်အခြေအနေမျိုး ဖြစ်မလာနိုင်ပေဘူးလား။ ဤကဲ့သို့သောအရာမျိုးကို မဖြစ်စေချင်ပေ။ မည်သူမှသည် သူ၏ တန်ဖိုးအကြီးဆုံး ကလေးများကို ထိခိုက်အောင်ပြုလုပ်၍ မရချေ။ သူဘယ်တော့မှ ခွင့်ပြုပေးလိမ့်မည် မဟုတ်ချေ။
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ အေးစက်သည့်အသံတစ်ခုသည် ထွက်ပေါ်လာခဲ့၏။ “သတိထား”
ဘုန်း
ကျွင်းချောင်ရှောင်းသည် သတိပြန်ဝင်လာသည့်အချိန်မှာတော့ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းလှည့်ကြည့်မိလိုက်မိ၏။ သူ၏ ရှေ့တွင် လုချင်းချင်းက ရောက်ရှိနေခဲ့သည်။
ကဲ့ကျင်းနန်၏ လက်ဝါးရိုက်ချက်အား သူမသည် ကြားထဲမှဝင်ကာ ခုခံလိုက်ခြင်းပင်ဖြစ်၏။
ဝေါ့
သွေးများသည် နေရာအနှံတွင် ပျံ့နှံ့သွားခဲ့သည်။
“ချင်းချင်း”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ပြူးထွက်သွား၏။
ဆွစ်
လုချင်းချင်း၏ မျက်နှာသည် ချက်ချင်းပဲ ဖြူလျော်သွားခဲ့၏။ လက်ထဲတွင် ရှိသော ဓားရှည်သည် အောက်သို့ ပြုတ်ကျ သွားပြီးနောက် သူမ၏အမဲရောင်ဆံနွယ်များသည် မျက်နှာတစ်ဝက်ကို အုပ်ကာကာဖြင့် အလွန်ဝမ်းနည်းဖွယ်ရာ ကောင်းသော သေဆုံးမှုတစ်ခုအဖြစ် ပုံဖော်လျက်ရှိနေတော့သည်။
ထိုအချင်းအရာကို ကြည့်ရှုပြီးသည့်နောက်မှာတော့ အပြင်ဘက်တွင်ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် သက်ပြင်းချလိုက်မိ၏။ ဤသို့သော အရေးအကြောင်းအခြေအနေမျိုးတွင် သူမသည် သူမ၏ဂိုဏ်းချုပ် တိုက်ခိုက်ခံရ ခြင်းကို တားဆီးကာကွယ်နိုင်ရန်အတွက် အရှေ့မှဝင်ကာ ခုခံပေးခဲ့၏။
ဘုတ်
လုချင်းချင်းသည် မြေပေါ်သို့ ပြုတ်ကျသွားသည်။
ကျွင်းချောင်ရှောင်း၏နှလုံးသားသည် ထက်ရှလှသည့် ဓားတစ်စင်းနှင့်ထိုးနှက်ခံလိုက်ရသလိုပင် ခံစားနေမိတော့၏။ ထိုကဲ့သို့သော နာကျင်မှုသည် နှလုံးသားထဲမှတဆင့် ဝိညာဉ်အတွင်းဘက်ဆီသို့ပင် ရောက်ရှိလာခဲ့တော့သည်။
အား
သူသည် ဒေါသတကြီးအော်ဟစ်လိုက်၏။
ဟူး ဟူးဟူး
ဓားနှင့်သိုင်းကျင့်ကြံခြင်းစွမ်းအင်နှစ်မျိုးသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ကောင်းကင်နဂါးဓားဆီသို့ စွမ်းအင်များသည် ဝင်ရောက်သွားခဲ့သည်။
ဆွစ်
ကျွင်းချောင်ရှောင်းသည် ရူးသွပ်သွားသကဲ့သို့ပင် ရှေ့သို့ လှမ်းတက်လာခဲ့၏။ သူ၏မျက်လုံးထဲတွင်တော့ ဒေါသတရားများ ပြည့်နှက်လာပြီးသည့်နောက်မှာတော့ သူသည် လောကကြီးတစ်ခုလုံးကို ဖျက်ဆီးချင်စိတ်ပင် ပေါက်နေသည်။
ဆွစ် ဆွစ်
ဓားချီများသည် ကောင်းကင်တစ်ခုလုံးကို ပျံ့နှံ့သွား၏။ ရေတွက်၍ မရအောင် များပြားလှသော ဓားအလင်းများသည် တည်နေရာကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးသည့်နောက်မှာတော့ ဓားပိုက်ကွန်ကြီးတစ်ခုကဲ့သို့ပင် လွှမ်းခြုံသွား၏။
ထိုအချိန်မှာတော့ ကုန်းရှန့်၏ မျက်နှာတစ်ခုလုံးသည် နီရဲလျက်ရှိ၏။ မျက်နှာတစ်ခုလုံးသည်လည်း တင်းမာခက်ထန် လျက်ရှိသည်။ သူသည် ငရဲပြည်မှ လွတ်မြောက်လာခဲ့သော နတ်ဆိုးတစ်ပါးကဲ့သို့ပင် ဖြစ်တော့၏။ တစ်ချက် ကြည့်လိုက်သည်ဆိုသည်နှင့် လူများအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားစေသည်။
“ဂိုဏ်းချုပ်၏ သရုပ်ဆောင်မှုက တကယ့်ကို ကောင်းတာပဲ။”
အသက်ရှင်လျက်ရှိနေသေးသော လီချင်းယန်သည် ကြိတ်ကာ ချီးကျူးလိုက်မိ၏။
ဘုန်း …..။
ခရမ်းရောင်ဘုရင်သည် သူ၏ ရန်သူတစ်ယောက်ကို အဝေးသို့ လွင့်စင်အောင် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ဒေါသထွက်လျက်ရှိနေသော ကျွင်းချောင်ရှောင်းကို ကြည့်ရှုလိုက်မိသည်။ ပြီးနောက်သူသည် ကြိတ်ကာ ပြောလိုက်မိသည်။ “သူက သရုပ်ဆောင်နေတာလား။ တကယ်ရူးသွားတာလားမသိဘူး။”
ဟူး ဟူး …….။
ကောင်းကင်တွင် ဓားအရိပ်အယောင်များဖြစ်တည်လာပြီးသည့်နောက်မှာတော့ လေဟာနယ်ကိုပင် ထိုးခွင်းတော့ မတတ် အရှိန်အဝါမျိုးကို ထုတ်ဖော်နေသည်။
ထိုအချင်းအရာကို မြင်လိုက်သည့်အချိန်မှာတော့ ကဲ့ကျင်းနန်သည် ချက်ချင်းပဲ တုန်လှုပ်သွား၏။ ထို့ကြောင့် သူမသည် အသံပို့လွှတ်လိုက်တော့၏။ “ဂိုဏ်းချုပ်ကျွင်း ဒါကသရုပ်ဆောင်နေတာနော်။ စိတ်ကိုထိန်းအုံး။”
ပြောပြောပြီးချင်းမှာပဲ ကျွင်းချောင်ရှောင်း၏ စိတ်သည် ရုတ်တရက် ကြည်လင်သွား၏။ “ဟုတ်တယ်။ ဟုတ်တယ်။ ဒါက သရုပ်ဆောင်နေတာပဲ။”
“………” စနစ်သည် ဆွံ့အသွား၏။
“ရှောင်ကျီနဲ့လီဖေးတို့သေတုန်းကတော့ ဒီတိုင်းပါပဲ။ အခု လုချင်းချင်းသေသွားမှ မင်းက ဘယ်လိုထဖြစ်နေတာလဲ။ မင်း က အမျိုးသားတပည့်တွေနဲ့စာရင် အမျိုးသမီးတပည့်တွေကို ပိုပြီးတန်ဖိုးထားတယ်ဆိုတာ သိသာသွားပြီ။”
“ပါးစပ်ပိတ်ထားစမ်း။”
“ဟားဟား ဟားဟား ရှက်သွားတာလား။”
…
ကျွင်းချောင်ရှောင်းသည် စနစ်အား လစ်လျူရှုလိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ထုတ်ဖော်ထားသော ဓားအော်ရာများကို အနည်းငယ်အားကောင်းအောင် လျှော့ချလိုက်ပြီးသည့်နောက်မှာတော့ အသံပို့လွှတ်လိုက်၏။
“တောင်ကြားသခင်ကဲ့ သေဆုံးဖို့အချိန်ကြပြီ။”
ဖောင်း ဖောင်း ဖောင်း
ကဲ့ကျင်းနန်သည် အားနည်းလွန်းသော ဓားအော်ရာများကို ရင်ဆိုင်ပြီးသည့်နောက်မှာတော့ အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။ သူမ၏ အသက်ရှင်ကျန်ရှိနေသော နောက်လိုက်များကို အသံပို့လွှတ်ကာဖြင့် မြန်မြန်သေဆုံးရန် ဆော်ဩလိုက်တော့သည်။
ဖြောက် ဖြောက် ဖြောက်
ထိုအချိန်မှာပဲ လေထဲတွင်ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ရေးအသွင်သဏ္ဍာန်ကို အသက်သွင်း လိုက်တော့သည်။ သူ၏ အားအင်အဆင့်များသည် ပိုမိုတိုးပွားလာပြီးသည့်နောက်မှာတော့ ဓားဖြင့် ရူးရူးမူးမူးတိုက်ခိုက် ပြန်သည်။
ထိုအချင်းအရာကို ကြည့်သည့်အချိန်မှာတော့ အပြင်ဘက်တွင်ရှိနေသော သိုင်းကျင့်ကြံသူများမှာ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် အစစ်အမှန်တိုက်ခိုက်နေပြီဖြစ်ကြောင်း သတိပြုလိုက်မိ၏။ တိုက်ခိုက်ပွဲ၏ ရလဒ်သည် မကြာခင်မှာပဲ အဆုံးအဖြတ်ဖြစ်လာတော့မှာ သေချာ၏။
ဘုန်း ဘုန်း ဘုန်း
ကောင်းကင်၏ အမြင့်တစ်နေရာမှာတော့ ကျွင်းချောင်ရှောင်းနှင့်ကဲ့ကျင်းနန်တို့သည် အကြိမ်အနည်းငယ်လောက် ယှဉ်ပြိုင်တိုက်ခိုက်နေပြီဖြစ်သည်။
မြေပေါ်မှာတော့ အလောင်းများသည် ပုံကျလျက်ရှိနေ၏။ သွေးများသည် များပြားစွာ ထွက်ပေါ်လျက်ရှိနေ၏။
“ဆိုးရွားလိုက်တာ။”
နှစ်နာရီမှ လေးနာရီနီးပါး ကြာမြင့်သည့်အချိန်မှာတော့ သတ်ဖြတ်ခြင်းကုန်းမြေထဲတွင် အလောင်းများ ပြန့်ကျဲလျက်ရှိနေတော့၏။
များပြားလှသော တိုက်ပွဲများကို တိုက်ခိုက်ဖူးသည့် သိုင်းကျင့်ကြံသူများဖြစ်သည်ဆိုလျှင် တောင်မှ ထိုမြင်ကွင်းကို မြင်ယောင်ပြီးသည့်နောက်မှာတော့ ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်မိသွားကြသည်။
ထိုအချိန်မှာတော့ ကောင်းကင်၏ ခပ်မြင့်မြင့်ကို ပျံသန်းလျက်ရှိနေသော ကျွင်းချောင်ရှောင်းမှာတော့ ဖော်ပြ၍ မရအောင် အားကောင်းပြီး ချိုးဖြတ်မရသည့် ဓားချီများအား ထုတ်ဖော်တိုက်ခိုက်လျက် ရှိနေတော့၏။
အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက်တော့ ၃ ပေခန့်ရှိသော ဓားရှည်သည် ကဲ့ကျင်းနန်၏ ရင်ဘတ်ကို ထိုးသွင်းဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။