← Chapters

အခန်း (၁၀၂၀)

Vol. 69 Ch. 1020

အခန်း (၁၀၂၀)

Vol. 69 Ch. 1020

ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းနှင့် အသက်ရှင် ကျန်ရစ်ခဲ့သူများအားလုံးသည် သတ်ဖြတ်ခြင်းကုန်းမြေ၏ အပြင်ဘက်ဆီသို့ ထွက်ပေါ်လာခဲ့ကြ၏။ ၎င်းတို့၏ ပခုံးထက်တွင်တော့ အလောင်းများကို သယ်ဆောင်လာခဲ့ကြ၏။

“ဂိုဏ်းချုပ်” လီထျန်းထျန်းနှင့် တခြားသူများအားလုံးသည် အပြင်ဘက်တွင် စောင့်နေကြ၏။ အကြီးအကဲကျန့်၊ အကြီးအကဲကုန်းစွန်းနှင့် ၎င်းတို့၏ စီနီယာအစ်ကို၊ အစ်မများ သေဆုံးနေသည်ကို မြင်ရသည့်အချိန်မှာတော့ မျက်ရည်များပင် ကျဆင်းနေသည်။

ကျွင်းချောင်ရှောင်းသည် ရင်ဘတ်ကို ဖိကာဖြင့် နာကျင်စွာပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွက် စွန့်လွှတ်စတေးသွားတဲ့ ဒီသူရဲကောင်းတွေအားလုံးကို ခံတပ်ဆီကို ပြန်ခေါ်ခဲ့၊ အားလုံးကို သေသေချာချာ သြင်္ဂိုလ် ပေးရမယ်”

“ကောင်းပါပြီ” လီထျန်းထျန်း၊ စီမာကျုံးတနှင့် တခြားသူများ အားလုံးသည် ချက်ချင်းပဲ ပြုမူကြတော့သည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် လုချင်းချင်းကို ကောက်ချီကာဖြင့် သူမ၏ အေးစက်လှသော မျက်နှာကို ကြည့်ရှုလိုက် သည်။ ပြီးနောက် တွေးလိုက်မိသည်။ “တကယ့် အစစ်အမှန်မှာဆိုရင် ဒီလို ပေါကြောင်ကြောင်ကိစ္စမျိုးကို မလုပ်သင့်ဘူး”

ယုဒြာကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူများသည်လည်း ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့အားလုံးသည် တောင်ကြားသခင်နှင့် ၎င်းတို့လူများအားလုံး၏ အလောင်းများကို သယ်ဆောင်ပြီးသည့်နောက်မှာတော့ မကျေချမ်း နိုင်သော အကြည့်များဖြင့် ကြည့်ရှုကာ ထွက်ခွာသွားခဲ့ကြတော့သည်။ တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် တခြားသောသိုင်းကျင့်ကြံသူများ မရှိကြတော့ချေ။ သို့ပေမဲ့ ယုဒြာကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသည် အကောင်းဆုံး သရုပ်ဆောင်လျက် ရှိနေသေး၏။

“ဒင်... အထူးတာဝန် ပြည့်စုံခဲ့သည်၊ စတင်ကာ တွက်ချက်နေပါပြီ”

စနစ်၏ အသိပေးသံကို ကြားသိပြီးသည့်နောက်မှာတော့ လုချင်းချင်းကို ခံတပ်ဆီသို့ ပြန်လည်သယ်ဆောင်လာခဲ့ သော ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသလို တွေးလိုက်မိ၏။ “လူပေါင်းထောင်ကျော်တို့ သရုပ်ဆောင်ခဲ့တာ အလကား မဟုတ်ဘူးပဲ”

...............

ယုဒြာကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများအားလုံးသည် အတုအယောင် သေဆုံးခဲ့ကြသည်ဆိုသော်လည်း သတ်ဖြတ်ခြင်း ကုန်းမြေထဲတွင်ရှိနေသော တာဝန်သည် ပြည့်စုံသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် အထူးတာဝန် (၁၀) သည် ပြည့်စုံသွားခဲ့ပြီး စတင်ကာ တွက်ချက်နေတော့၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း စဉ်းစားစရာ ရှိနေသည်မှာ ဘယ်လိုပြည့်စုံမှုနှုန်းကို တွက်ချက်မည်နည်း ဆိုသည်ပင်။

စနစ်က ပြောလိုက်သည်။ “ဆုံးရှုံးမှုတွေ နည်းလေ၊ ပြည့်စုံမှုနှုန်းက များလေပေါ့”

“........”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့သည်။ တိုက်ပွဲတွင် သူသည် ပိုမို၍ သရုပ်ကျလာစေရန် အတွက် များပြားလှသော သူ၏တပည့်နှင့် သိုင်းကျင့်ကြံသူများ အားလုံးကို သေဆုံးစေခဲ့၏။ သို့ပေမဲ့ အစစ်အမှန် တရားမှာတော့ နည်းပါးလှသော ဆုံးရှုံးမှုကို ရအောင် ပြုုလုပ်နိုင်မှသာလျှင် များပြားလှသော ပြည့်စုံမှုနှုန်းကို ပိုင်ဆိုင်မှာ ဖြစ်သည်။ သောက်ကျိုးနည်းလှချေသည်တကား။

ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာ ပြောလိုက်မိ၏။ “ဘာ အန္တရာယ် ထိခိုက်မှုမှ မရှိဘူးဆိုရင် အပြည့်စုံဆုံး အနေနဲ့ ငါ့ရဲ့တာဝန်က ပြည့်စုံသွားမှာကို။ လျာရှည်ပြီး ရှိသမျှလူ အကုန်သေခိုင်းလိုက်တာ အေးတာပဲ။”

မကြာခင်မှာပဲ သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ် တည်နေရာ ဆီသို့ ပြန်လည်ကာ ရောက်ရှိလာ၏။ အယောင်ဆောင် သေဆုံးနေကြသော တပည့်များအားလုံးကိုလည်း တခြားသောတပည့်များသည် သယ်ဆောင်လာခဲ့ကြ၏။ စနစ်သည် တွက်ချက်၍ မပြီးသေးချေ။ ထို့ကြောင့် သူ့ဆီသို့ ဆုလာဘ်များ မရောက်ရှိလာခဲ့သေးပေ။

ကျွင်းချောင်ရှောင်းသည် စိတ်ပူစွာဖြင့် တွေးလိုက်မိ၏။ “တစ်ခုခု လွဲမှားနေတာများရှိနေလို့လား၊ မဖြစ်နိုင်ပါဘူး”

စနစ်က ပြောလိုက်၏။ “တာဝန်နှစ်ခုကို ပြည့်စုံသွားပြီဆိုတော့ အချိန်အနည်းငယ် ယူရမှာပေါ့”

“အင်း..”

ကျွင်းချောင်ရှောင်းသည် လုချင်းချင်းကို ထိုင်ခုံပေါ်တင်ကာ အမိန့်ပေးလိုက်၏။ “စီမာကျုံးတ၊ လီထျန်းထျန်း သူတို့ကို နှိုးလိုက်တော့”

“ကောင်းပါပြီ”

ဗွမ်း ဗွမ်း

လီထျန်းထျန်း၊ စီမာကျုံးတနှင့် တခြားသောသူများသည် လီချင်းယန်၊ ရှောင်ကျီတို့ကို ရေအေးအေးဖြင့် ပက်ကာ နှိုးလိုက်ကြ၏။ ပြီးသည့်နောက်မှာတော့ အားလုံးသောသူများသည် တုန်ယင်သွားခဲ့ပြီးသည့်နောက်မှာတော့ သေဆုံးနေရာမှ နိုးထလာခဲ့ကြသည်။

“အိုက်ယား”

လီဖေးသည် မတ်တပ်ထရပ်ပြီးနောက် ထ၍ အော်လိုက်သည်။ “ငါ့ဖင်ကတော့ နာလိုက်တာ”

သူ သေချင်ယောင်ဆောင်ရမည့်အချိန်၌ တစ်ဖက်သော သိုင်းကျင့်ကြံသူသည် သူ၏ဖင်အား လက်သီးဖြင့် ထိုးနှက်ခဲ့၏။ ထို့ကြောင့် အသက်ပြန်လည်ရှင်လာသည့် အချိန်တွင် ဖင်နေရာ၌ နာကျင်မှုကို ခံစားနေရသေး၏။ ဒီကောင် ဂိုဏ်းချုပ်နဲ့များ ညီအစ်ကိုတော်လား မသိဘူး။

ဟူး ဟူး …..။

လီချင်းယန်သည်လည်း ထထိုင်လိုက်၏။ ပြီးသည့်နောက်မှာတော့ အသက်ကို ပြင်းပြင်း ရှူရှိုက်လိုက်သည်။ သူသည် မသေဆုံးစဉ်က ခန္ဓာကိုယ်ထဲတွင်ရှိသော စွမ်းအင်လှိုင်းများကို ထုတ်ဖော်ကာ အသုံးပြုခဲ့ရသည်။ ထို့ကြောင့် အသက်ပြန်လည်ရှင်လာသည့်အချိန်တွင် အလွန်တရာ မောပန်းလျက်ရှိ၏။

ရှောင်ကျီသည်လည်း အခြေအနေ မကောင်းချေ။ ထို့အပြင် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ အချိန်အတိုင်းအတာတိုအတွင်း ၎င်းတို့သည် သတ်ဖြတ်ခြင်းကုန်းမြေထဲတွင် သရုပ်ဆောင်နေကြသည် ဆိုသော်လည်း တိုက်ခိုက်ရာတွင်တော့ အစစ်အမှန် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် နိုးထလာသည့် အချိန်မှာတော့ သေဆုံးသကဲ့သို့ နာကျင်ခံစားမှုကို ရရှိနေကြ၏။ သို့ပေမဲ့ ဤကဲ့သို့ အစစ်အမှန် တိုက်ပွဲကြောင့် ၎င်းတို့သည် တိုက်ခိုက်ရေးအတွေ့အကြုံများကို ပိုမိုကာ နားလည်နိုင်စွမ်း ရှိလာကြတော့သည်။

လီထျန်းထျန်းသည် ထိုင်ခုံပေါ်တွင် မှီ၍ သေဆုံးလျက်ရှိနေသော ၎င်း၏ အကြီးဆုံး စီနီယာအစ်မကြီးကို ရေနှင့် ပက်ရန် ပြင်လိုက်၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းက လှမ်းတားလိုက်သည်။ “နေအုံး.. ငါလုပ်မယ်”

ဗွမ်း

ရေနှင့်လှမ်း၍ လောင်းလိုက်သည်။

ကျွင်းချောင်ရှောင်း တွေးလိုက်မိ၏။ အခုမှပဲ နေသာထိုင်သာ ရှိသွားတော့တယ်။

စနစ် “......”

မိန်းကလေးများအားလုံးသည် နာကျင်မှုကို နှစ်သက်ကြသည်ဟု လက်ခံသူက ထင်မှတ်နေသည်လား။ ဤကဲ့သို့သော အပြုအမူကို ကြည့်ရှုလိုက်မည်ဆိုလျှင် ဘဝတစ်သက်တာလုံး တစ်ယောက်တည်းနေရမည့် ဟန်ပန် အမူအရာမျိုးပင် ဖြစ်တော့သည်။

လုချင်းချင်းသည် နိုးထလာခဲ့၏။ အချိန်အနည်းငယ် ဇဝေဇဝါ ဖြစ်ပြီးသည့်နောက် ခက်ခက်ခဲခဲဖြင့် ထရပ်လိုက်သည်။ ပြီးနောက် သူမ၏ အိပ်ဆောင်ဆီသို့ ပြန်သွားတော့၏။

သူမသည်ကျွင်းချောင်ရှောင်းကို ကူညီရန် သွားရောက်သည့်အချိန်တွင် ကဲ့ကျင်းနန်သည် အချိန်ကိုက် လက်ဝါးရိုက်ချက် ကြီးကို ထုတ်ဖော်လိုက်သည်ကို မြင်လိုက်သည်နှင့်တပြိုင်နက် ခန္ဓာကိုယ်ဖြင့် တိုးဝင်ကာ ကာကွယ်ပေးခဲ့ခြင်းပင် ဖြစ်သည်။

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ “မင်းရဲ့ဒဏ်ရာက နည်းနည်းပြင်းတယ်၊ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးကို သောက်လိုက်အုံး”

လုချင်းချင်းက ရပ်တန့်လိုက်သည်။ သူမ၏ မဲနက်နေသော ဆံနွယ်များကြားမှ ရေများသည် တတောက်တောက်နှင့် ကျဆင်းလျက်ရှိ၏။ “ကျွန်မ အဆင်ပြေပါတယ်”

“ဒီတစ်ကြိမ်က သရုပ်ဆောင်နေကြတာပဲ၊ ဒါပေမဲ့ တကယ့်တကယ်တမ်း တိုက်ခိုက်ကြမယ်ဆိုရင် ဒီလို လက်ဝါး ရိုက်ချက်မျိုးကို ကာကွယ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် စတေးပြီး စွန့်စားစရာ မလိုဘူး၊ နောက်တစ်ကြိမ် ဒီလို ပေါကြောင်ကြောင် အလုပ်တွေ မလုပ်နဲ့” ကျွင်းချောင်ရှောင်းသည် လေးနက်စွာ ပြောလိုက်သည်။

လုချင်းချင်းက ပြောလိုက်သည်။ “မျိုးစုံသော နည်းလမ်းတွေကို အသုံးပြုပြီးတော့ သေဆုံးရမယ်လို့ ဂိုဏ်းချုပ်က ပြောခဲ့တယ် မဟုတ်ဘူးလား၊ တခြားသူတွေအတွက် စတေးပြီး သေဆုံးတဲ့လူတွေရှိသလို ကိုယ့်ရဲ့လုံခြုံရေးကို ဂရု မစိုက်ဘဲနဲ့ မြင့်မြတ်စွာ သေဆုံးကြတဲ့လူတွေလည်း ရှိတယ်လို့ ပြောခဲ့တယ်လေ”

“ဒါက” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။

လုချင်းချင်းက ဆက်ပြောလိုက်သည်။ “ဒီလို သေဆုံးခြင်း နည်းလမ်းတွေက ဂိုဏ်းချုပ်ရဲ့ ဆန္ဒအတိုင်းပဲ ဖြစ်ခဲ့တာ မဟုတ်လား”

ပြီးသည့်နောက်မှာတော့ သူမသည် အိပ်ဆောင်ဆီသို့ တလှမ်းချင်းလျှောက်ကာ ပြန်သွားခဲ့၏။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ပခုံးတွန့်ကာ ပြောလိုက်သည်။ “ဒီမိန်းကလေးက နည်းနည်းလေး ဉာဏ်အလင်းပေါက်လာပြီ”

“ဂိုဏ်းချုပ်ကျွင်း”

နိုးထလာခဲ့ပြီးသော မြို့တော်ဝန်ဟန်သည် အသာလှမ်းလျှောက်လာပြီးနောက် မေးလိုက်သည်။ “သတ်ဖြတ်ခြင်းကုန်းမြေက ဘယ်လိုပြီးသွားလဲ”

“ပြီးသွားပြီ”

ကျွင်းချောင်ရှောင်းက လှည့်ကာ ပြောလိုက်သည်။ “အားလုံးရဲ့ သရုပ်ဆောင်မှုက အောင်မြင်ခဲ့တယ်”

မြို့တော်ဝန်ဟန်နှင့် တခြားသောသူများအားလုံးသည် ချက်ချင်းပင် ပျော်ရွှင်သွားမိ၏။ သူတို့သည် ဂိုဏ်းချုပ်ကျွင်း ၏ ညွှန်ကြားချက်အတိုင်း အကောင်းမွန်ဆုံး သရုပ်ဆောင်ခဲ့သည် ဖြစ်ကြောင်းကို သိရှိ၏။ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးတွင်ရှိသော ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တာဝန်သည် ပြည့်စုံသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် မည်သူ့ကိုမှ အထဲသို့ ခေါ်ဆောင်၍ အတင်းကာရော သေဆုံးခိုင်းစေရန် မလိုအပ်တော့ချေ။

“ဂိုဏ်းချုပ်ကျွင်း”

မြို့တော်ဝန်ဟန်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ခင်ဗျားနဲ့ ခင်ဗျားရဲ့ဂိုဏ်းက ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွက် အရာအားလုံးကို ပြုလုပ်ပေးခဲ့တာပဲ၊ သမိုင်းမှာ တကယ့်ကို မှတ်တမ်းတင် ရေးထိုးရမယ့် လုပ်ဆောင်မှုမျိုးပဲလေ”

မူချန်းဟုန်နှင့် တခြားသော ကျွမ်းကျင်သူများ အားလုံးသည်လည်း လက်သီးကို ဆုပ်လိုက်မိ၏။ ၎င်းတို့၏ မျက်လုံး ထဲတွင်တော့ အလွန့်အလွန်ကို လေးစားသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။

ကျွင်းချောင်ရှောင်းနှင့် ပြိုင်စံရှားဂိုဏ်းမှ တပည့်များသာ မရှိပါက ၎င်းတို့၏ ခံတပ်သည် ကြီးမားလွန်းသော မြို့ကြီးတစ်မြို့ အနေအထားအထိ ရောက်ရှိရန် မဖြစ်နိုင်ချေ။ ထို့အပြင် ယုဒြာကုန်းမြေတိုက်ကြီးကို အနိုင်ယူတိုက်ခိုက်ရန် ဆိုသည်မှာလည်း မည်သို့မှ မဖြစ်နိုင်ချေ။

ယခု အရာအားလုံး အောင်မြင်သွားခဲ့ပြီဆိုတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော လူငယ်မျိုးဆက်သစ် များအတွက် အလုံးစုံသော ကောင်းချီးကို ပိုင်ဆိုင်သည်ဟု ဆိုရတော့မည်ဖြစ်၏။

ဤကဲ့သို့သော ကိစ္စမျိုးကို ၎င်းတို့သည် နှလုံးသားထဲတွင် နှစ်နှစ်ကာကာ မှတ်သားထားရတော့မည်ဖြစ်၏။ အနည်းငယ် စနိုးစနှောင့် နိုင်လှသော စိတ်ဝိညာဉ်ကျောက်တုံးများ ပေးအပ်ရသည့်အရာကတော့ ရှိနေသေး၏။ သို့ပေမဲ့ ထိုအရာသည် ပြောပ လောက်သည့်အရာတော့ မဟုတ်ချေ။

ကျွင်းချောင်ရှောင်းသည် လေးနက်စွာ ပြောလိုက်မိ၏။ “ကျုပ်က ကျွင်းချောင်ရှောင်း.. ပြီးတော့ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးရဲ့ ပြိုင်စံရှားဂိုဏ်းမှာ နေတယ်လေ၊ ဒီတော့ ကျုပ်ရဲ့ ကုန်းမြေတိုက်ကြီးအတွက် အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ပေးတယ်ဆိုတာက ကျုပ်ရဲ့တာဝန်ပဲမဟုတ်လား၊ ဒီကိစ္စကို ဘယ်သူမှ ငြင်းလို့ မရဘူးလေ”

ဤအရာသည် ကျိန်းသေပေါက် ငြင်းပယ်၍ ရနိုင်သည် မဟုတ်ပေ။ ဤတစ်ကြိမ် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ ရောက်ရှိလာခဲ့ကြသော သိုင်းကျင့်ကြံသူများဆီမှ သူသည် သဘာဝစိတ်ဝိညာဉ် ကျောက်တုံး အများအပြားကို ရရှိခဲ့၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ထိုအရာသည် အပြောင်အပျက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစစ်အမှန် တရားမှာတော့ ၎င်း၏ကုန်းမြေတိုက်ကြီးအတွက် ကူညီကယ်တင်ရန်ဖြစ်ကြောင်း အကြောင်းပြချက် ပေးနိုင်ပြီ ဖြစ်သည်။

“ဟူး ဟူး” စနစ်သည် မည်သို့မှ မနေနိုင်တော့ဘဲ ထ၍ လှောင်ပြောင်လိုက်မိ၏။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို သွားရောက်နိုင်သည့် တည်နေရာ ဂိတ်တံခါးကြီးကို လက်ညှိုးညွှန်ကာဖြင့် ပြောလိုက်သည်။ “ဒီကနေ ထွက်ခွာသွားပြီးရင် ကြယ်ကြွေကုန်းမြေတိုက် ကြီးကို ရောက်သွားလိမ့်မယ်၊ အထက်နယ်မြေက ပေးတဲ့တာဝန်ကလည်း ပြီးသွားပြီဆိုတော့ ခင်ဗျားတို့အားလုံး ပြန်လို့ရပါပြီ”

“ဂိုဏ်းချုပ်ကျွင်း”

မြို့တော်ဝန်ဟန်သည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ “ဒါဆိုရင်လည်း ကျုပ်အရင်ဆုံး သွားပါတော့မယ်၊ နှုတ်ဆက်ပါတယ်”

“နှုတ်ဆက်ပါတယ်”

များပြားလှသော သိုင်းကျင့်ကြံသူများအားလုံးသည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ ကြေးနီရောင် ဂိတ်တံခါးကြီးဆီသို့ လှမ်းလျှောက်သွားခဲ့ကြသည်။ ၎င်းတို့သည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆီသို့ ရောက်ရှိနေ သည်မှာ နှစ်ဝက်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ အပြင်ဘက်တွင် ရှိနေကြသော ၎င်းတို့၏ မိတ်ဆွေ၊ သူငယ်ချင်းနှင့် မိသားစုဝင်များအားလုံးသည် ၎င်းတို့ အသက်ရှင်နေသေးသည်ဖြစ်ကြောင်းကို မသိရှိခဲ့ကြချေ။ ထို့ကြောင့် အလျင်အမြန် ပြန်ရန် စိတ်လောလျက် ရှိနေကြ၏။

“ဂိုဏ်းချုပ်ကျွင်း”

နောက်ဆုံးမှ ထွက်ခွာသည့်လူသည် မူချန်းဟုန်ပင်ဖြစ်သည်။ ကြေးနီဂိတ်တံခါးကြီးအတွင်းသို့ မဝင်ရောက်ခင်မှာပဲ သူသည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ် ပြန်နှင့်ပါအုံးမယ်”

“အင်း...” ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်သည်။

ဆွစ်

မူချန်းဟုန်သည် ခြေတစ်ဖက် လှမ်းလိုက်ပြီးသည့်နောက်မှာတော့ စဉ်းစားလိုက်သည်။ “ငါ မြို့တော်ဝန် အိမ်ရာကို အရင်ပြန်ရမလား၊ ပြိုင်စံရှားဂိုဏ်းရဲ့ စားဖိုဆောင်ကို အရင်သွားရမလား၊ ထားလိုက်ပါတော့ အိမ်ဆိုတာ မပြန်တာ ကြာပြီလေ၊ ဒီတော့ မပြန်ရလည်း ကိစ္စမရှိပါဘူး၊ နည်းနည်းလောက် နှောင့်နှေးတယ်ဆိုတာ ဘာပြဿနာမှ မရှိဘူး။ အရင်ဆုံး ပြိုင်စံရှားဂိုဏ်းရဲ့ စားဖိုဆောင်ကို သွားပြီးတော့ ထမင်းနည်းနည်းလောက် သွားစားလိုက်တာ ပိုကောင်းမယ်”

All Chapters