← Chapters

အခန်း (၁၀၂၁)

Vol. 69 Ch. 1021

အခန်း (၁၀၂၁)

Vol. 69 Ch. 1021

အလွန်တရာ စည်ကားလှသော တောင်ထွတ်ကြီးသည် မြို့တော်ဝန်ဟန်နှင့် တခြားသူအားလုံး ထွက်ခွာသွားပြီး သည့်နောက်မှာတော့ သဲကန္တာရတစ်ခုကဲ့သို့ပင် ခြောက်ကပ်သွားခဲ့တော့သည်။ အဓိကဟောခန်း၏ အရှေ့တွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ၎င်း၏ စိတ်ဝိညာဉ်အာရုံများကို အသုံးပြုကာဖြင့် ကြီးမားလှသော မြို့အရွယ်အစားခန့် ရှိနေသော ခံတပ်ကြီးအား ကြည့်ရှုလျက် ရှိနေသည်။ ဒီအရာသည် ၎င်းတို့ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစား၍ တည်ဆောက်ခဲ့ရသောအရာဖြစ်သည်။ သူသည် အပျင်းကြောဆန့်ကာဖြင့် ပြောလိုက်မိ၏။ “အရာအားလုံးပြီးသွားပြီပဲ”

အထက်နယ်မြေမှ ချထားခဲ့သော ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ တာဝန်သည် ပြည့်စုံသွားခဲ့ပြီဖြစ်သည်။ ထို့အပြင် ၎င်း၏ အထူးတာဝန်နှစ်ခုသည်လည်း ပြည့်ဝသွားခဲ့၏။

ကျွင်းချောင်ရှောင်းအတွက် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီး ဆိုသည်မှာ သူ၏ တပည့်များ လာရောက်လေ့ကျင့်ရန်နေရာတစ်ခုထက် မပိုခဲ့ချေ။ “လောလောဆယ်မှာ ဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအားကောင်းအောင် ပြုလုပ်ရမယ့်အချိန်ပဲ၊ ဟုတ်ပြီ၊ အရှေ့ပင်လယ်ကိုသွားဖို့ ကိစ္စကလည်း ရှိသေးတာပဲ”

အကူအညီတောင်းသည့်စာများသည် ဆရာဖန်းကိုယ်တိုင် ရေးသားထားခြင်းဖြစ်ကြောင်း လီလိုရှုက အတည်ပြု ခဲ့ပြီး ဖြစ်သည်။ ဤအရာသည် ကြီးမားသည့် အစီအစဉ်ကြီးတစ်ခုပင် ဖြစ်သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အသက်ရှင် ရပ်တည်မှုနှင့်လည်း ပတ်သက်ဆက်နွယ်လျက်ရှိနေ၏။

ကျွင်းချောင်ရှောင်း၏အတွေးများသည် အဆုံးစွန်အထိ ရောက်ရှိလျက်ရှိ၏။ သူက ပြောလိုက်သည်။ “ဒါက ဝိညာဉ်မျိုးနွယ်တွေနဲ့ သက်ဆိုင်နေတဲ့အရာများ လား”

လက်ရှိတွင် ကုန်းမြေတိုက်ကြီး၏ အသက်ရှင် ရပ်တည်မှုနှင့် ပတ်သက်နေသည့်ကိစ္စဆိုသည်မှာ ဝိညာဉ်မျိုးနွယ် များနှင့် သက်ဆိုင်နေသည့်အရာသာ ဖြစ်နိုင်ချေရှိ၏။

“ငါ့ဆီမှာ ရှေးသင်္ဘောကြီးတစ်စင်း ရှိတယ်လေ၊ ဒီတော့ အဲကို လွယ်လွယ်ကူကူနဲ့ သွားလို့ရမှာပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အဲကိုရောက်တဲ့အချိန်ကျရင် သေသေချာချာ ကြည့်ရှုရမယ်”

သူ့အနေနှင့် အစီအရင် အင်ပါယာနှင့် တခြားသော အကြီးအကဲများ အားလုံးဆီမှ များပြားလှသော ခန္ဓာကိုယ်များ ကို ရရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွက် တစ်စုံတစ်ခု ပြန်လည်ကာ ပြုလုပ်ပေးသင့် သည်မဟုတ်ပါလား။

………..

ဝှစ် ဝှစ်

လေများတိုက်ခတ်လာပြီးသည့်နောက် အလင်းတန်းများသည် ဖြတ်ပြေးသွား၏။ မိုးခြိမ်းသံများသည် တဂျိန်းဂျိန်း နှင့် ကြားလျက်ရှိနေတော့သည်။ ပင်လယ်ထဲမှာတော့ ရွက်လှေလေးတစ်စင်းသည် အထီးကျန်စွာဖြင့် ရွေ့လျားလျက် ရှိနေသည်။ ကြီးမားလှသော လှိုင်းများသည် ၎င်းအား အချိန်မရွေး ဝါးမြိုသွားတော့မည်သကဲ့သို့ပင် ဖြစ်နေသည်။ ပဲ့ဘက်တွင် ထိုင်လျက်ရှိသော အဘိုးအိုသည် တည်ငြိမ်စွာဖြင့် ပြောလိုက်မိ၏။ “ဒီနေရာက ရေဝဲ တည်နေရာလေ၊ ဒီနေရာကို ကျုပ် အကြိမ်ပေါင်းရာချီ ဖြတ်ခဲ့ဖူးတယ်၊ ဒါကြောင့် စိတ်ပူစရာမလိုဘူး”

ယွမ်သခင်လေးနှင့် အကြီးအကဲလင်းတို့သည် ကုန်းပတ်ပေါ်တွင် ထိုင်လျက်ရှိနေကြ၏။ ၎င်းတို့နှစ်ယောက်သည် တည်ငြိမ်ဟန်ဆောင်နေကြသည်ဆိုသော်လည်း စိတ်ထဲတွင်တော့ အရှေ့ပင်လယ်ဆီသို့ အမြန်ဆန်ဆုံး ရောက်ရှိ သွားစေရန် ကြိတ်ကာ ဆုတောင်းလျက် ရှိနေမိ၏။

ကျွင်းချောင်ရှောင်းနဲ့ ခပ်ဝေးဝေး နေနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ယွမ်သခင်လေးက တွေးလိုက်မိ သည်။

...................

“ဒင်... လက်ခံသူသည် ယုဒြာကုန်းမြေတိုက်ကြီးအား အချိန်အတိုင်းအတာ တစ်ခုအတွင်း စစ်ကြေညာမှုကို ပြုလုပ်ခဲ့သည်၊ ပြီးသည့်နောက်မှာတော့ လူပေါင်းများစွာတို့ကို ခေါ်ဆောင်ကာ အောင်မြင်မှုကို ရယူနိုင်ခဲ့၏၊ အခြေအနေ လိုအပ်ချက်သည် ကိုက်ညီသွားခဲ့သည်၊ အထူးတာဝန်သည် ပြည့်စုံသွားခဲ့ပြီဖြစ်၏၊ တာဝန်ပြည့်စုံမှုနှုန်းသည် တစ်ရာ ရာခိုင်နှုန်းဖြစ်သည်၊ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းအား ရရှိသည်”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၉၀၀၀၀ /၇၀၀၀၀”

“ဒင်... ဂိုဏ်းစုဆောင်းမှတ်သည် ပိုလျှံနေသည် ဖြစ်သောကြောင့်....”

အဓိကဟောခန်းထဲသို့ လျှောက်ဝင်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် သတိပေးသံကို ကြားလိုက်ရသည့် နောက်မှာတော့ ခေါင်းကိုခါယမ်းလိုက်မိ၏။

“ထင်ထားတဲ့အတိုင်းပဲ၊ ငါ့ဘက်က လူတွေတော်တော်များများကို ထိခိုက်မှုတွေ ဖြစ်စေတော့ တာဝန်ပြည့်ဝမှုနှုန်းက တစ်ရာ ရာခိုင်နှုန်းပဲ ရှိတော့တာပေါ့”

သူသည် လက်နှစ်ဖက်ကို ပွတ်သပ်ကာဖြင့် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်၏။ အထူးတာဝန်နှစ်ခု ပြည့်စုံသွားပြီးသည့်နောက် ဆုလာဘ်များ ရယူ ရမည့်အချိန်ပင် ဖြစ်တော့သည်။

“ဒင်... လက်ခံသူသည် အထူးတာဝန် (၉) ကို ပြည့်စုံစေခဲ့သည်၊ ထို့ကြောင့် သူတော်စင်အဆင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးပုလင်း ငါးပုလင်း၊ သူတော်စင်အဆင့် ဓားလမ်းစဉ် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည် တစ်ပုလင်း၊ သူတော်စင်အဆင့် နဂါးသွားဓားမော့ ဖော်မြူလာ၊ သူတော်စင်အဆင့် နဂါးသွား လေး ဖော်မြူလာ၊ သူတော်စင်အဆင့် နဂါးသွား လှံ ဖော်မြူလာ နှင့် စည်းအဆောင် တစ်ခုကို ရရှိသည်”

“ဒင်... လက်ခံသူသည် အထူးတာဝန် (၁၀) ကို ပြည့်စုံသွားခဲ့ပြီဖြစ်သည်၊ ထို့ကြောင့် သူတော်စင်အဆင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည် နှစ်ပုလင်း၊ သူတော်စင်အဆင့် ဓားလမ်းစဉ်ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း တစ်ပုလင်း၊ သက်တန့်ရောင်စဉ်ကျမ်း တစ်ခုကို ရရှိသည်”

“ဒင်...”

ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားမိ၏။ အထူးတာဝန်နှစ်ခု ပြည့်စုံပြီးသည့်နောက် သူတော်စင်အဆင့် ပင်ကိုယ် စွမ်းရည်ပြောင်းလဲခြင်းဆေးရည် ခုနှစ်ပုလင်းနှင့် ဓားလမ်းစဉ်ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးပုလင်း နှစ်ပုလင်း တို့ကို ရရှိခဲ့ပြီ ဖြစ်သည်။ နဂါးသွားဟု အမည်ခေါ်သော လက်နက်သုံးခု၏ ဖော်မြူလာများသည်လည်း သူတော်စင်အဆင့်တွင် ရှိနေကြ၏။ ထို့ကြောင့် ကျန်းယန်ဝတ်စုံထက် ပိုမိုအားကောင်းပေလိမ့်မည်။

ထို့အပြင် သက်တန့်ရောင်စဉ်ကျမ်း၏ အစိတ်အပိုင်း နံပါတ်သုံးကို ရရှိခဲ့ပြီဖြစ်သည်။ လက်ရှိတွင် ဂိုဏ်းထဲ၌ အစိတ်အပိုင်း နှစ်ခုက တည်ရှိပြီးဖြစ်၏။ ယခု တစ်ခုနှင့် ပူးပေါင်းလိုက်မည်ဆိုပါက ပိုမိုအားကောင်းသော သိုင်းနည်းစနစ်ကို ထုတ်ဖော်နိုင်တော့မှာ သေချာ၏။

စည်းဖွင့်ခြင်းအဆောင်ကိုတော့ ပြောနေစရာပင် မလိုအပ်ချေ။ ဤအရာသည် သူ၏ အားအကောင်းဆုံးသော ဝှက်ဖဲပင် ဖြစ်တော့သည်။ တစ်ခုထက်ပို၍ ရှိလျှင် ပို၍ ကောင်းမွန်သည့် အရာမျိုးကို လက်ညှိုးထိုးပြပါဆိုလျှင် သူသည် စည်းဖွင့်ခြင်းအဆောင်ကိုသာ လက်ညှိုးထိုးပြရပေလိမ့်မည်။

“ကောင်းတယ်၊ ကောင်းလိုက်တာ” ကျွင်းချောင်ရှောင်းသည် တောက်ပစွာ ပြုံးလိုက်မိ၏။

ဟူး.....

ထိုအချိန်မှာပဲ သူ၏ စိတ်ဝိညာဉ်အမြူတေထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် ရုတ်တရက် လှုပ်ခါလာခဲ့၏။ ပြီးသည့်နောက်မှာတော့ အလွန်တရာ သန့်စင်သည့်အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် ခြေချိတ်ထိုင်လိုက်ပြီးနောက် ပြောလိုက်သည်။ “ဓားနဲ့ သိုင်းနယ်မြေအဆင့်ကို ချိုးဖြတ် ရောက်ရှိတော့မှာပဲ”

သူ့အနေနှင့် အထူးတာဝန်ကို ပြည့်စုံအောင် ပြုလုပ်ပြီးသည့်အချိန်တိုင်းတွင် အဆင့်ချိုးဖြတ်လေ့ ရှိ၏။ ထို့ကြောင့် ဤအရာအား အသားကျနေပြီးဖြစ်သည်။ အနည်းငယ်စိတ်လှုပ်ရှားစရာ ကောင်းသည်ဆိုသော်လည်း ထ၍ ခုန်လောက်သည်အထိတော့ မဟုတ်တော့ပေ။

စိတ်ဝိညာဉ်အမြူတေထဲမှာတော့ ဝိညာဉ်စွမ်းအင်များ အားလုံးသည် အသွင်ပြောင်း ဖြစ်တည်လာခဲ့တော့သည်။ ပထမဦးဆုံး ပိုမိုကာ များပြားလာပြီးသည့်နောက်မှာတော့ ရုတ်တရက် ကျစ်လျစ်ကာဖြင့် အရည်အသွေးပိုင်းအရ ပြောင်းလဲလာခဲ့တော့သည်။ ခဏလောက် ကြာပြီးသည့်နောက် စွမ်းအင် များ၏ အသွင်ပြောင်းမှုသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် သူ၏ အားအင် တိုးတက်လာခဲ့ သည်ဖြစ်ကြောင်းကို ခံစားလိုက်မိ၏။ သို့ပေမဲ့ အဆင့်တက်မှုကိုတော့ ဖြစ်မသွားခဲ့ချေ။ ထို့ကြောင့် သူသည် အံ့အား တသင့်ဖြင့် မေးလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ”

“ဒင်... လက်ခံသူ၏ ဓားလမ်းစဉ် ကျင့်ကြံခြင်းသည် လုံလောက်သည့်အဆင့်တွင် မရှိပေ၊ ထို့ကြောင့် အဆင့်တက်၍ မရနိုင်သလို ဖြစ်နေ၏”

“……”

ကျွင်းချောင်ရှောင်းသည် စိတ်ပျက် မသွားချေ။ သူတော်စင်အဆင့် ဓားလမ်းစဉ် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်အား သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူပြီးသည့်နောက် တစ်ခါတည်းမော့ကာ သောက်ပစ်လိုက်သည်။

ဟူး ဟူး....

ဓားလမ်းစဉ်အဆင့် တိုးတက်လာပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်အမြူတေထဲတွင် ရှိနေသော ဓားလမ်းစဉ် ပင်ကိုယ်စွမ်းရည်များသည်လည်း စတင်ကာပြောင်းလဲလာခဲ့၏။

ထိပ်ဆုံးအခြေအနေဆီသို့ ရောက်ရှိပြီးသည့်နောက် ဓားလမ်းစဉ်နှင့် သိုင်းလမ်းစဉ်တို့၏ အော်ရာနှစ်ခုလုံးသည် အလွန်တရာ မြင့်တက်လာပြီးသည့်နောက်မှာတော့ အပြင်ဘက်ဆီသို့ ထွက်ပေါ်လာသည်။

“အမ်”

သူ၏ အိပ်ဆောင်ရှိရာသို့ ပြန်လျက်ရှိနေသော ရီရှင်းချန်သည် အလွန်အားကောင်းလှသော အော်ရာများမှာ အဓိက တောင်ထွတ်ဆီမှ ထွက်ပေါ်နေသည်ကို သိရှိလိုက်ပြီးသည့်နောက်မှာတော့ ထိတ်လန့်တကြားဖြင့် ပြောလိုက်မိသည်။ “သူ.. သူအဆင့်တက်ပြန်ပြီလား”

“ဂိုဏ်းချုပ် အဆင့်တက်တော့မှာပဲ” အဘိုးကြီးတင်းနှင့် တခြားသူများ အားလုံးသည် ဂိုဏ်းချုပ် အဆင့်တက်သည့် အရှိန်အဟုန်များကို ခံစားလိုက်မိကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ ပျော်ရွှင်မှုများ ဖြစ်တည်လာတော့သည်။

ခြံဝန်း၏ အပြင်ဘက်တွင် ရပ်လျက်ရှိနေသော လုချင်းချင်းမှာတော့ အဓိကဟောခန်း၏ အပြင်ဘက်ဆီသို့ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများကို ကြည့်ရှုပြီးသည့်နောက် တွေးလိုက်မိသည်။ “သူက အစောကြီးကတည်းက သိုင်းနယ်မြေအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်တဲ့လူလား”

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ကျွင်းချောင်ရှောင်းသည် အလွန်တရာ မြန်ဆန်စွာဖြင့် အဆင့်ချိုးဖြတ်လျက် ရှိနေသည်။ ထို့ကြောင့် သူမ ထင်မှတ်မိသည်မှာ အချိန်အတိုင်းအတာတစ်ခုအတွင်းတွင် ၎င်း၏ ကျင့်ကြံခြင်း အဆင့်ကို စည်းခတ်ထားရာမှ ဖယ်လိုက်ခြင်းသာဖြစ်မည်ဟု တွေးထင်နေမိ၏။

ဟူး ဟူး

ဓားနှင့် သိုင်းလမ်းစဉ်၏ စွမ်းအင်လှိုင်းများသည် အချိန်အတော်ကြာသည်အထိ ကောင်းကင်ကြီးတွင် ဖြစ်တည်လျက် ရှိနေသည်။

“ဒင်... လက်ခံသူသည် သိုင်းနယ်မြေအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့သည်”

“ဒင်... လက်ခံသူသည် ဓားနယ်မြေအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့သည်”

အရာအားလုံး တည်ငြိမ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ အမိုးပေါ်သို့ ရုတ်တရက် ရောက်ရှိသွားသည်။

“ဟင်း....”

အမိုးပေါ်မှ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။ ကျွင်းချောင်ရှောင်းသည် အမိုးပေါ်တွင် ဆောင့်ကြောင်ထိုင်လိုက်ပြီးသည့်နောက် ရေတွက်လို့မရအောင် များပြားလွန်းသော ခက်ခဲမှုများကို တွေ့ကြုံဖူးသည့် လူတစ်ယောက်ကဲ့သို့ မျက်မှောင်ကုတ်ကာဖြင့် တွေးတောလျက်ရှိသည်။ ပြီးသည့်နောက်မှာ တော့ စာဖတ်သူများဘက်သို့ လှည့်ကာဖြင့် ပြောလိုက်မိသည်။ “ကျုပ်ကို ဓားကို ဓားနဲ့သိုင်းသူတော်စင်လို့ ခေါ်ကြတော့”

“...........” စနစ်။

ဓားနှင့်သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိသွားသည်ကိုတောင်မှ ဤမျှလောက် မောက်မာဝံ့ကြွားနေသည် ဆိုလျှင် ဓားနှင့်သိုင်းအင်ပါယာအဆင့်သို့ ချိုးဖြတ်နိုင်မည်ဆိုလျှင် ကောင်းကင်ပေါ်သို့တက်၍ ဒူးနှင့်တိုက်နိုင် လောက်၏၊ လက်ခံသူသည် သောက်ကျိုးနည်းလှချေ၏။

ဒွီး

တည်နေရာလှိုင်းများ လှုပ်ခါသွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပျောက်ကွယ်သွားခဲ့ပြန်သည်။ သေသေချာချာ ပြန်လည်ကြည့်ရှုပြီးသည့်နောက် သူသည် ခံတပ်၏ အပြင်ဘက်တွင် ရုတ်တရက် ပြန်လည် ထွက်ပေါ်လာပြန်၏။

“အဆင့်ချိုးဖြတ်ပြီးတဲ့နောက်မှာ ငါ့ရဲ့ တည်နေရာနဲ့ပတ်သက်တဲ့ စွမ်းရည်က ပိုပြီး အားကောင်းလာခဲ့တာပဲ၊ တည်နေရာရွေ့ပြောင်းမှုဆိုတာက ငါ့အတွက် ပမွှားလေးပဲ၊ ဟား ဟား ဟား”

သူသည် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိပြီးကတည်းက တည်နေရာ စွမ်းအင်နှင့် ပတ်သက်ပြီး နားလည်မှုသည် တိုးပွားလာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သိုင်းနယ်မြေအဆင့် ဆီသို့ တရားဝင် ချိုးဖြတ်ရောက်ရှိပြီး သည့်နောက်မှာတော့ သူသည် တည်နေရာစွမ်းအင်ကို လွယ်လွယ်ကူကူ ဖြင့် အသုံးပြုနိုင်စွမ်း ရှိနေတော့၏။ သူသည် အတွေးတစ်ချက်နှင့်ပင် မိုင်ရာချီကို ခရီးသွားလာနိုင်စွမ်း ရှိနေတော့သည်။

ဝှစ် ဝှစ် ….။

ကျွင်းချောင်ရှောင်း သည် ကလေးတစ်ယောက်ကဲ့သို့ပင် တည်နေရာရွေ့ပြောင်းကာ ကစားလျက်ရှိနေတော့ သည်။ ပထမတုန်းက မိုင်ဒါဇင်ချီကာ ရွေ့လျားသွားလာနိုင်စွမ်းရှိ၏။ အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ရွေ့လျား နိုင်မှုသည် တဖြည်းဖြည်းနှင့် နည်းပါးလာခဲ့တော့၏။ နောက်ဆုံးမှာတော့ သူသည် အဓိကဟောခန်း၏ လှေကားထစ်တွင် ပက်လက်လှန်လျက် ရှိနေတော့၏။

ဟူး ဟူး

ကုန်းရှန့်သည် လှေကားထစ်ပေါ်တွင်လှဲလျက် အသက်ကို ပြင်းပြင်းထန်ထန် ရှူနေရ၏။ “ပင်ပန်းလိုက်တာ”

“ပေါက်ကရတွေ”

စနစ်က ပြောလိုက်သည်။ “ဒီလို သောက်ကမြင်းကျော ထနေမှာတော့ ပင်ပန်းတာ ဆန်းသလား”

တည်နေရာ၏ စွမ်းအင်ဆိုသည်မှာ အကန့်အသတ်ရှိ၏။ မိမိပြုလုပ်ချင်သည့်အတိုင်း ဟိုလျှောက်ခုန်၊ ဒီလျှောက်ခုန် ပြုလုပ်နေ၍ မဖြစ်ချေ။

“ငါဘယ်လောက် အားကောင်းနေပြီလဲ” ကျွင်းချောင်ရှောင်းသည် စတင်ကာ တွေးတောလိုက်မိ၏။

စနစ်က သုံးသပ်လိုက်မိသည်။ “လက်ခံသူရဲ့ လက်ရှိအဆင့်က သိုင်းနယ်မြေအဆင့်တစ်ပဲလေ၊ ဒီတော့ သိုင်းနယ်မြေ အဆင့်နှစ်၊ အဆင့်သုံးတို့ကို လွယ်လွယ်ကူကူနဲ့ အနိုင်ယူနိုင်စွမ်း ရှိလောက်မယ်”

“အဆင့်နှစ်၊ အဆင့်သုံးပဲလား၊ ဒီထက်မြင့်မားတာ မရှိတော့ဘူးလား” ကျွင်းချောင်ရှောင်းသည် သဘောမတွေ့ချေ။

စနစ်က ပြောလိုက်၏။ “သိုင်းတပည့်နဲ့ သိုင်းဆရာအဆင့်ရဲ့ကြား ကွာခြားမှုက ဘာမှမရှိဘူးဆိုပေမဲ့ သိုင်းနယ်မြေ အဆင့်ကို ရောက်ရှိပြီးတဲ့နောက်မှာ အဆင့်တစ်ခုနဲ့ တစ်ခုကြား ကွာခြားချက်က မိုင်တစ်ထောင်လောက် ဝေးကွာတယ်လေ”

“ဟုတ်ပါပြီ”

“ဒါပေမဲ့ ငါက တွက်ချက်မှုအရကို ပြောပြတာပါ၊ တကယ့်အစစ်အမှန် အားအင်ကို သိချင်တယ်ဆိုရင် တကယ်တမ်း တိုက်ခိုက်မှ ရလိမ့်မယ်”

စနစ်သည် လူလည်ဖြစ်သွားပြီဖြစ်၏။လက်ခံသူအား သိုင်းနယ်မြေ အဆင့်လေး၊ အဆင့်ငါးများကို အနိုင်မယူနိုင်ဟု သွားပြော၍မဖြစ်ချေ။ တကယ်တမ်း အနိုင်ယူနိုင်နေပါက ရင်နာနေရမည် မဟုတ်ပါလား။ ဤအရာမျိုးကို သူသည် ခဏခဏ ခံခဲ့ရပြီး ဖြစ်သည်။

All Chapters