အခန်း (၁၀၂၂)
Vol. 69 Ch. 1022
ဓားနှင့်သိုင်းနယ်မြေအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ သွင်ပြင်အမူအရာ သည် အလုံးစုံပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူသည် ပိုမို၍ ကြည့်ကောင်းပြီး ခန့်ညားသပ်ရပ်လွန်းလှခဲ့၏။
“ဂိုဏ်းချုပ်”
အဓိကဟောခန်းထဲမှ သူလျှောက်ထွက်လာချင်းချင်းမှာပဲ လီဖေးသည် ပြုံးကာပြောလိုက်မိ၏။ “အရင်ကထက်ပိုပြီးတော့ ချောလာသလိုပဲ။”
ကျွင်းချောင်ရှောင်းသည် လီဖေး၏ ပခုံးကို လက်တင်၍ အသာပုတ်ကာ ပြောလိုက်သည်။ “မင်းက တကယ့်ကို အမြင်စူးရှတဲ့လူပဲ။ ငါသဘောကျတယ်။”
စနစ် “……”
“ဂိုဏ်းချုပ်”
လီချင်းယန်သည် အသာလျှောက်လာပြီးသည့်နောက်မှာတော့ ပြောလိုက်၏။ “ဒီမှာနေအုံးမှာလား။”
“မလိုဘူးလေ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အားလုံးထုတ်ပိုးထား။ အပြင်သွားကြဖို့ အဆင်သင့်ပြင်တော့။”
တာဝန်များသည် ပြည့်စုံသွားခဲ့ကြပြီဖြစ်၍ သူသည် ကျန့်ရာ၊ အကြီးအကဲကုန်းနှင့် အခြားသောသူများကိုသာ ဤနေရာတွင် စောင့်ကြပ်ရန် ထားခဲ့တော့သည်။ ပြီးသည့်နောက် သူ၏တပည့်များ သိုင်းဘုရင်အဆင့် ထိပ်ဆုံးဆီသို့ ချိုးဖြတ်ရောက်ရှိသည်နှင့်တပြိုင်နက် လှိုင်းအဆောင်ကို အသုံးပြုကာ ဤနေရာသို့ ပို့ဆောင်၍ လေ့ကျင့်စေမည်။
ထိုအချင်းအရာနှင့်ပတ်သတ်၍ သူသည် ကဲ့ကျင်းနန်နှင့်လည်း ဆွေးနွေးထားခဲ့ပြီးဖြစ်၏။ ခနလောက်ကြာပြီးသည့် နောက်မှာတော့ အချိန်အတော်ကြာ ပတ်သက်ဆက်နွယ်ပြီးသည့်နောက်မှာတော့ ၎င်းတို့သည် ခင်မင်မှုကို အတော် အတန်ရနေကြပြီဖြစ်တော့၏။
ကျွင်းချောင်ရှောင်းသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်ရှေ့ မတ်တပ်ရပ်လိုက်ပြီးသည့်နောက်မှာတော့ တည်နေရာ စွမ်းအင်ကို အသက်သွင်းလိုက်သည်။
ဝှစ်
ပြီးသည့်နောက်မှာတော့ ခံတပ်နှင့် မိုင်အနည်းငယ်အဝေးဆီတွင် ပြန်လည်ပေါ်ပေါက်လာခဲ့၏။ “အားကောင်းတဲ့ ကျွမ်းကျင်သူတစ်ယောက်ယောက်ကို ရှာပြီးတော့ ကောင်းကောင်းကြီး တိုက်ခိုက်ရမယ်။”
သူသည် ဓားနှင့်သိုင်းနယ်မြေအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်သောကြောင့် အလွန်အားကောင်းသော ပြိုင်ဖက် တစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ချင်နေခြင်းမှာ သာမန်သာ ဖြစ်တော့သည်။
…
ယုဒြာကုန်းမြေတိုက်ကြီးထဲမှာတော့ သေရာမှ ပြန်လည်နိုးထလာခဲ့သော ကဲ့ကျင်းနန်သည် ရင်ဘတ်တွင် ပတ်တီးများ စည်းနှောင်ထားခဲ့၏။ သူမသည် အဓိကဟောခန်းထဲတွင် ထိုင်ပြီးသည့်နောက်မှာတော့ အကြီးအကဲတစ်ချို့နှင့် ဆွေးနွေးလျက်ရှိနေသည်။
အရိုးသားဆုံးပြောရမည်ဆိုလျှင် ဤကဲ့သို့ ငရဲဆေးလုံးသည် တစ်စုံတစ်ယောက်အား ၂၄ နာရီသေဆုံးခွင့် ရရှိစေသည် ဆိုခြင်းမှာ မယုံကြည်နိုင်စရာပင်ဖြစ်၏။
“အင်း”
အကြီးအကဲတစ်ယောက်သည် နာကျင်စွာဖြင့် ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ် ၁၀၀ တုန်းက ကျုပ်တို့ယုဒြာကုန်းမြေတိုက်ဆီမှာ ဒီလိုဆေးလုံးမျိုးရှိပြီး တစ်ခြားဂြိုဟ်တစ်ခုခုနဲ့သာ ပူးပေါင်း ဆောင်ရွက်ခွင့်ရမယ်ဆိုရင် လူတွေ စတေးခဲ့ရတဲ့အရာမျိုးက ရှောင်ရှားနိုင်ခဲ့မှာပဲ။”
၎င်းတို့သည် ဤဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် နှစ်ကာလရှည်ကြာစွာ နေထိုင်ခဲ့ကြသူများဖြစ်၏။ ထို့ကြောင့် အရင်တုန်းက တစ်ခြားသောသူများကို စိန်ခေါ်တိုက်ခိုက်ခြင်းကို ပြုလုပ်ရခဲ့ကြ၏။ ၎င်းတို့သည် အနိုင်ရရှိခဲ့ကြသည် ဆိုသော်လည်း ကြီးမားသည့် ကပ်ဘေးကြီးကိုတော့ ရင်ဆိုင်ခဲ့ရ၏။ အဆုံးသတ်မှာတော့ ကုန်းမြေတိုက်ကြီး၏ ထိပ်တန်းကျွမ်းကျင်သူများအားလုံးအား အတော်အတန်ဆုံးရှုံးခဲ့ရပြီး ၎င်းတို့၏ ဂြိုဟ်ကြီးတစ်ခုလုံးသည် ပိုမိုအားကောင်းလာစေရန်အတွက် တဖြည်းဖြည်းချင်း ပြန်လည်ကြိုးစားခဲ့ရ၏။
“တောင်ကြားသခင်”
တစ်ခြားသော အကြီးအကဲတစ်ယောက်သည် စိတ်လက်ပူပန်စွာဖြင့် ပြောလိုက်၏။ “တစ်ခြားဂြိုဟ်တွေက သိုင်းကျင့်ကြံသူရဲ့ မျက်လုံးထဲမှာ ကျုပ်တို့က သေဆုံးသွားခဲ့ကြပြီလေ။ တကယ်လို့ အသက်ရှင် ရက်သာတွေ့မယ်ဆို ဘယ်လိုရှင်းပြကြမလဲ။”
“ဒါက”
ကဲ့ကျင်းနန်သည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ သဘာဝစိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်း ၏ မျက်နှာဖြင့် သူမသည် အလောင်းအစားပြုလုပ်ကာ ရွေးချယ်ခဲ့၏။ သို့ပေမဲ့ ဤကဲ့သို့ စွန့်စားခဲ့ရခြင်းသည် အကျိုးအမြတ်များ ရရှိစေခဲ့သည် ဆိုသော်လည်း အကျိုးဆက်ကို မစဉ်းစားမိခဲ့ချေ။ အချက်အလက်အားဖြင့် တစ်ခြားသော ဂြိုဟ်များမှ သိုင်းကျင့်ကြံသူများ ရှာဖွေ သိရှိသွားမည်ကို သူမသည် မစိုးရိမ်လှချေ။အထက်နယ်မြေမှ သိရှိသွားပြီး အပြစ်ပေးမည်ကိုသာ စိုးရွံ့နေမိ၏။
“တောင်ကြားသခင်”
နောက်လိုက်တစ်ယောက်သည် အလျင်အမြန်နှင့် ရောက်ရှိလာပြီး သတင်းပို့လိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူအနည်းငယ်နဲ့ တိုက်ခိုက်ပြီးတော့ တစ်ယောက်ချင်းစီတိုင်းကို တိုက်ကွက်အနည်းငယ်နဲ့ အနိုင်ရရှိခဲ့တယ်လို့ သတင်းရရှိခဲ့တယ်။”
အကြီးအကဲများ၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့သည်။ ဂိုဏ်းချုပ်ကျွင်းသည် သတ်ဖြတ်ခြင်းကုန်းမြေဆီမှ ထွက်ခွာလာခဲ့သည်မှာ တစ်ရက်တောင်မပြည့်သေးချေ။ အနည်းငယ်ပင် အနားမယူဘဲ အဘယ့်ကြောင့် တစ်ခြားသော သူများအား လိုက်လံကာ တိုက်ခိုက်နေရသနည်း။
အခြားတစ်ဖက်တွင်ရှိသော ကဲ့ကျင်းနန်မှာတော့ ထိုအချင်းအရာကို မစဉ်းစားချေ။ ထိုအစားသူမက မေးလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက သူရဲ့နတ်ဘုရားလက်နက်ကို အသုံးပြုတာလား။”
သူမသည် တစ်ခြားသောစွမ်းအားမြင့်ကျင့်ကြံသူများကဲ့သို့ပင် ကျွင်းချောင်ရှောင်းတစ်ယောက် ဤမျှအားကောင်းနေ ခြင်းသည် နတ်ဘုရားလက်နက်၏ အစွမ်းကြောင့်ဖြစ်သည်ဟု ယုံကြည်ထား၏။
ဤလက်နက်သာမရှိပါက ကျွင်းချောင်ရှောင်းနှင့်တစ်ခြားသောစွမ်းအားမြင့်ကျင့်ကြံသူတွေအကြား အားအင်အဆင့် သည် အလွန်ကွာခြားပေလိမ့်မည်။ အစစ်အမှန်ပင် ဖြစ်၏။
ဓားနှင့်သိုင်းနယ်မြေအဆင့်ကို ချိုးဖြတ်မရောက်ရှိခင်က ကုန်းရှန့်၏ အဆင့်သည် သာမန်သာဖြစ်တော့၏။ သူ့အနေနှင့် မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူချင်သည်ဆိုပါက လက်နက်ပစ္စည်းများကို ထုတ်ဖော်ကာ အသုံးပြုမှဖြစ်ပေလိမ့်မည်။
နောက်လိုက်တစ်ယောက်က ပြောလိုက်၏။ “မျက်မြင်တွေရဲ့ သတင်းပို့ချက်အရဆိုလျှင် ဂိုဏ်းချုပ်ကျွင်းက မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူကို လက်ဗလာနဲ့ တိုက်ခိုက်ခဲ့တာ။ ပြီးတော့သူက ….”
ထိုသူက ခနရပ်တန့်ကာ ဆက်၍ ပြောလိုက်တော့သည်။ “ပြိုင်ဘက်ကို လက်သီးနဲ့ တစ်ချက်ထိုးလိုက်တာ မိုင် နှစ်ဆယ် အဝေးကို လွင့်သွားတယ်တဲ့။”
“ဘာ”
ကဲ့ကျင်းနန်နှင့် အခြားသော အကြီးအကဲများအားလုံးသည် မျက်လုံးပြူးသွားမိကြ၏။
မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူများအားလုံးသည် အလွန်အားကောင်းလှသော သူများသာဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ထိုကဲ့သို့သော လူမျိုးအား လက်သီးဖြင့်ထိုး၍ မိုင် နှစ်ဆယ် အဝေးဆီသို့ ရောက်ရှိအောင် ပြုလုပ်နိုင်ခြင်းဆိုသည်မှာ အားအင်အဆင့်သည် မည်မျှကောင်းနေသနည်း။
…
ဘုန်း
ကြောက်မက်ဖွယ်ရာကောင်းလှသော ပေါက်ကွဲသံကြီးသည် တိုက်ပွဲတည်နေရာတစ်ခုဆီမှ ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်သည် အမြှောက်ဆံ ပစ်လွှတ်လိုက်သကဲ့သို့ တစ်ခြားတစ်ဖက်သို့ လွင့်စင်သွားခဲ့တော့သည်။
လူနှစ်ယောက်၏ ကြားတွင် ဆယ်မိုင် အကွာအဝေးဆီသို့ ရောက်ရှိသွား၏။
ဖြောက် ဖြောက် ဖြောက် ဖြောက် ……..။
ပေါက်ကွဲမှု၏ အရင်းအမြစ်ကြောင့် လေဟာနယ်ကြီးတစ်ခုလုံးသည် မခံစားနိုင်တော့ဘဲ တွန့်လိမ်လျက်ရှိနေတော့ သည်။ ၎င်းတို့သည် လေထဲတွင် ရပ်ကာ တိုက်ခိုက်နေကြသည် ဆိုသော်လည်း အလွန်မြင့်မားသည့်နေရာတွင် မဟုတ်သောကြောင့် မြေပြင်သို့ပါ သက်ရောက်လျက်ရှိသည်။ ထို့ကြောင့် အနားတွင်ရှိနေသော တောင်ကြီး တစ်ခုလုံး သည် ပြိုလဲလျက်ရှိနေတော့သည်။
အဆင့်နိမ့်သိုင်းကျင့်ကြံသူ များသည်သာ ထိုအချင်းအရာကို မြင်သည်ဆိုပါက ကျိန်းသေပေါက် ခြေထောက်များ ပျော့ခွေသွားပေလိမ့်မည်။
ဝေါ့
ဆယ်မိုင်အဝေးဆီသို့ လွင့်စင်သွားခဲ့သော သက်လတ်ပိုင်းလူသည် ရင်ဘက်ကို အုပ်ကိုင်ကာဖြင့် သွေးများအန်ထုတ်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် လေထဲတွင် မတ်တပ်ရပ်လျက်ရှိ၍ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အလွန်အားကောင်း လှသော အော်ရာများသည် တစ်ခြားသောသူများအနေဖြင့် တားဆီး၍မရနိုင်တော့သည့် အရှိန်အဝါမျိုး အဖြစ် ထွက်ပေါ်လျက်ရှိနေ၏။
“အရမ်းအားနည်းလွန်းတယ်။” သူသည် ခေါင်းကို ခါယမ်းလိုက်၏။
စနစ်သည် ငြိမ်ငြိမ်သက်သက်ဖြင့် နေလိုက်မိသည်ကိုပင် အလွန်တရာပျော်ရွှင်နေမိ၏။ လက်ခံသူအား မည်သူနှင့် တိုက်ခိုက်လျှင် ရှုံးနိမ့်နိုင်သည်ဟူသော သုံးသပ်ချက်မျိုးကို လျှာရှည်ကာ သွား၍ ပြောဆိုခဲ့မိသည်ဆိုပါက လက်ရှိ အချိန်တွင် ကောင်းကောင်းရင်နာနေလောက်ပြီဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် လက်ရှိ ဆယ်မိုင်အဝေးဆီသို့ လွင့်စင်သွားခဲ့သော သက်လတ်ပိုင်းလူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အဆင့်သတ်မှတ်ချက်အရဆိုလျှင် သိုင်းနယ်မြေအဆင့် ငါး နှင့် နှိုင်းယှဉ်၍ရသော လူတစ်ယောက်ပင် ဖြစ်၏။
ဤအဆင့် စွမ်းအားမြင့်ကျင့်ကြံသူအား ဤမျှအကွာအဝေးထိရောက်အောင် ထိုးနှက်နိုင်ခဲ့သည်ဆိုသည်မှာ လက်ခံသူ ၏ အားအင်အဆင့်သည် အလွန်ပင် အားကောင်းလှသည်ဖြစ်ကြောင်း သိသာလွန်းလှသည်။
အကယ်၍ ဤထက်အဆင့်နိမ့်သွားသော သိုင်းကျင့်ကြံသူများနှင့် ရင်ဆိုင်မည်ဆိုပါက အရှေ့စီရင်စုမှ လှမ်း၍ထိုးလိုက်လျှင် အနောက်စီရင်စုဆီသို့ ရောက်ရှိသွားနိုင်၏။
“ကြောက်စရာပဲ။ သူက သတ်ဖြတ်ခြင်းကုန်းမြေထဲက အခုပဲ ထွက်လာတာလေ။ နားတောင်မနားရသေးဘူး။ ဘယ်လိုဖြစ်ပြီးတော့ မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူတွေကို လိုက်ပြီး အနိုင်ကျင့်နေတာလဲ။ သူ မပင်ပန်းဘူးလား။”
အနားတွင် များပြားလှသော သိုင်းကျင့်ကြံသူများရှိကြ၏။ လက်ရှိအခြေအနေမှာတော့ ၎င်းတို့သည် မျက်လုံးများ အပြူးသားဖြစ်မိနေကြ၏။ ၎င်းတို့အားလုံးသည် ကျွင်းချောင်ရှောင်းအား မွန်းစတားတစ်ကောင်ကဲ့သို့ ကြည့်ရှုလျက် ရှိသည်။
“ဂိုဏ်းချုပ်ကျွင်း”
သက်လတ်ပိုင်းလူသည် သူ၏ ဒဏ်ရာကို ဖိနှိပ်ထားလိုက်၏။ ၎င်း၏ မျက်နှာသည် ဖြူရော်လျက်ရှိ၏။
“စိတ်ကျေနပ်ပြီလား။”
“ကျေနပ်ပြီ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားအခုထွက်သွားလို့ရပြီ။”
“နှုတ်ဆက်ပါတယ်။”
သက်လတ်ပိုင်းလူသည် လက်သီးကို ဆုပ်ကာဖြင့် တစ်ချက်လေးမှ နောက်လှည့်မကြည့်ဘဲ အားလုံး၏ မျက်လုံးရှေ့မှ ပျောက်ကွယ်သွားခဲ့တော့၏။ ပြီးသည့်နောက်မှာတော့ သူသည် ခပ်ဝေးဝေးတည်နေရာဆီသို့ ရောက်ရှိရာ၌ သွေးတစ်လုံးထပ်၍ အန်ထွက်လာခဲ့သည်။ “ဒီကောင်လေးက ကြမ်းလွန်းတယ်။”
မူလအားဖြင့် သူသည် အမွေအနှစ်များကို ရှာဖွေရန် လှည့်လည်သွားလာနေခြင်းဖြစ်၏။ သို့ပေမဲ့ အမှတ်မထင် လမ်းတစ်နေရာ၌ ကျွင်းချောင်ရှောင်းသည် သူ့အား တားဆီးကာဖြင့် ထိပ်တိုက်တိုက်ခိုက်ရန် စိန်ခေါ်ခဲ့၏။
သို့ပေမဲ့ သူသည် ပထမဦးဆုံး ကံဆိုးလှသူမဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ အရှေ့တွင် များပြားလှသော ကျင့်ကြံသူများသည်လည်း ထိုကဲ့သို့သော ဆိုးဆိုးရွားရွားအခြေအနေမျိုးဖြင့် ရှုံးနိမ့်ခဲ့ကြ၏။ တစ်ချို့သော သိုင်းကျင့်ကြ သူများဆိုလျှင် လက်သီးတစ်ချက်နှင့် မိုင် ၂၀ အကွာအဝေးဆီသို့ပင် လွင့်စင်သွားခဲ့သည်။
“ဘယ်သူက ဒီကျွင်းနဲ့ တိုက်ခိုက်ချင်သေးလဲ။”
ကျွင်းချောင်ရှောင်းသည် အသာလှည့်ကြည့်ပြီးသည့်နောက်မှာတော့ အဝေးတစ်နေရာရှိ ထိတ်လန့်တုန်လှုပ်နေသော သိုင်းကျင့်ကြံသူများ ကို လှမ်း၍ကြည့်လိုက်၏။
အားလုံးသည် သူနှင့်အကြည့်ချင်းဆုံပြီးသည့်နောက်မှာတော့ချက်ချင်းပဲ ထိတ်လန့်တုန်လှုပ်သွားမိကြ၏။ အလောတကြီး ပြောလိုက်ကြသည်။ “ဂိုဏ်းချုပ်ကျွင်းက အရမ်းပဲအားကောင်းတယ်။ ကျုပ်တို့က မယှဉ်နိုင်ပါဘူး။”
“အင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “သွားကြတော့။ တစ်ခြားသူတွေအကုန်လုံးကိုပြောလိုက်။ သဘက်ခါကျရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ခံတပ် အပြင်ဘက်မှာ စင်မြင့်တစ်ခု ကို ကျုပ်တည်ဆောက်ထားမယ်။ ကျုပ်ကို တိုက်ခိုက်အနိုင်ယူနိုင်တဲ့ မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ ဘယ်သူမဆို ဆဋ္ဌဂံကြယ်ကျောက်တုံး တစ်သိန်းတိတိကို ရရှိမယ်လို့၊ အဲ့သတင်းကို ဖြန့်ပေးကြ။”
ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် သူ့အတွက် ပြိုင်ဖက်တစ်ယောက်ကို ရှာဖွေရန်ဆိုသည်မှာ အလွန်တရာ ခက်ခဲနေ၏။ ထို့ကြောင့် သူသည် စိတ်ဝိညာဉ်ကျောက်တုံးများနှင့် မျှားကာ တိုက်ခိုက်မှုအတွေ့အကြုံ ရရှိအောင် ပြုလုပ်ချင်နေမိသည်။
“ဆဋ္ဌဂံကြယ်ကျောက်တုံး တစ်သိန်းဟုတ်လား။”
သိုင်းကျင့်ကြံသူများသည် မျက်လုံးအပြူးသားဖြစ်သွားမိကြ၏။ ဘုံကိုးပါးကုန်းမြေတိုက်ဆီမှ သိုင်းပညာ၊ အရင်းအမြစ်၊ စိတ်ဝိညာဉ်ကျောက်တုံးသည် အလွန်တရာအားကောင်းလွန်းလှ၏။ ၎င်းတို့သာ ရရှိမည်ဆိုပါက ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်သည် ကျိန်းသေပေါက် တိုးပွားလာပေလိမ့်မည်။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် သူ၏အားအင်အဆင့်အား အလုံးစုံယုံကြည်လျက်ရှိနေသေး၏။ မဟုတ်ပါက ဆဋ္ဌဂံကြယ်ကျောက်တုံးများ အကုန်ခံ၍ ဖြုန်းတီးနေလိမ့်မည်မဟုတ်ချေ။
“နှုတ်ဆက်ပါတယ်။”
“နှုတ်ဆက်ပါတယ်။”
တစ်ခြားသောသူများအားလုံးသည် ဤနေရာတွင် ကြာကြာမနေနိုင်ကြချေ။ အလျင်အမြန်ပဲ ထွက်ခွာသွားခဲ့ကြ၏။ ကျွင်းချောင်ရှောင်းတစ်ယောက် ခံတပ်၏အပြင်ဖက်တွင် စင်မြင့်ဆောက်ကာ စိန်ခေါ်လျက်ရှိနေသည်ဆိုသည့် သတင်း သည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ လျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့၏။
လုံလောက်အောင် အားမကောင်းလှသော သိုင်းကျင့်ကြံသူများအားလုံးသည် ဝင်ရောက်ဆွေးနွေးမှုကိုသာ ပြုလုပ်နိုင်ခဲ့ကြ၏။
အလွန်အားကောင်းလှသော မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူများမှာတော့ ထိုအချင်းအရာကို ကြားသည့်နောက်မှာ တော့ စိတ်အားတက်ကြွ လျက်ရှိကြသည်။
၎င်းတို့၏ အားအင်အဆင့်အရဆိုလျှင် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် အမွေအနှစ်တစ်စုံတစ်ခုကို ရရှိရန်ပင် တော်တော်ကြိုးစားရမှာဖြစ်၏။ ထို့အပြင် သိုင်းပညာ၏ အရင်းအမြစ်များဆိုသည်မှာ ရှာဖွေလျှင် ခက်ခဲလွန်းလှသည်။ အကယ်၍ ကျွင်းချောင်ရှောင်း ကိုသာ အနိုင်ယူနိုင်မည်ဆိုပါက ဆဋ္ဌဂံကြယ်ကျောက်တုံး တစ်သိန်းတိတိကို ရရှိမှာဖြစ်သည်။ ဤအရာသည် အမှန်ပင် စိတ်ကျေနပ်စရာဖြစ်ပေတော့၏။
“ကျုပ်ဆုံးဖြတ်လိုက်ပြီ။”
မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူသည် ခနလောက်စဉ်းစားပြီးသည့်နောက်တော့ ပြောလိုက်တော့၏။ “သဘက်ခါကျရင် ကျုပ်တို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီကို သွားကြရအောင်။ ဆဋ္ဌဂံကြယ်ကျောက်တုံး တစ်သိန်း အတွက်နဲ့ ကျုပ်တို့က ဘာကိုပဲဖြစ်ဖြစ် စမ်းကြည့်ရမယ်လေ။ ကျုပ် ဒီလိုမျိုးစိတ်မလှုပ်ရှားခဲ့ရတာ ကြာပြီလေ။ ငယ်ငယ်တုန်းက နေ့ရက်တွေကို ပြန်လည်ရောက်ရှိလာသလိုတောင် ခံစားမိတယ်။”
“ဂိုဏ်းချုပ်ကျွင်းက မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူတွေကို စိန်ခေါ်ဖို့အတွက် စင်မြင့်တောင်မှ တည်ဆောက်ထား သေးတယ်ဆိုတော့ အရမ်းမောက်မာနေမှာ သေချာတယ်။ ငါသူ့ကို ကျိန်းသေပေါက်စိတ်မပျက်စေရဘူး။”
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်အပြင်ဖက်သို့ သွားရောက်ရန် စဉ်းစားဆုံးဖြတ်ခဲ့သော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများသည် တဖြည်းဖြည်းပိုမို များပြားလာခဲ့ကြ၏။ ၎င်းတို့အားလုံးသည် ဆဋ္ဌဂံကြယ်ကျောက်တုံးများကို လိုချင်မိ၏။ ထို့အပြင် တစ်ဖက်လူသည် မည်မျှအားကောင်းသည်ဆိုသည်ကိုလည်း သိချင်မိ၏။
ယုဒြာကုန်းမြေတိုက်ကြီးသည် ထိုအချင်းအရာကို ရှာဖွေသိရှိပြီးသည့်နောက်မှာတော့ ချီးကျူးသလို ပြောလိုက်မိတော့ ၏။
“ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို ရဲရင့်လွန်းတာပဲ။”
ဘုံကိုးပါးကုန်းမြေတိုက်ကြီးသည် ထိုအချင်းအရာကို သိရှိပြီးသည့်နောက်မှာတော့ …….
မိုရှန်ရှမ်း၏ မျက်နှာအမူအရာသည် အလွန်ပင်စိတ်ဝင်စားလျက်ရှိနေတော့၏။ ထို့အပြင် တစ်ဖက်လူပြောဆိုနေသည့် ဆဋ္ဌဂံကြယ်ကျောက်တုံး တစ်သိန်း ဆိုသည်မှာ သူပိုင်ဆိုင်ဖူးသည့်အရာများ ဖြစ်နေသည်မဟုတ်ပါလား။