← Chapters

အခန်း (၁၀၂၅)

Vol. 69 Ch. 1025

အခန်း (၁၀၂၅)

Vol. 69 Ch. 1025

တိုက်ခိုက်ရေးတည်နေရာကြီးကို တည်ဆောက်သည့်အချိန်တွင် ကျွင်းချောင်ရှောင်းသည် ဉာဏ်အလင်းတစ်ခုကို ရရှိခဲ့၏။ ထို့ကြောင့် သူသည် တောဝက်ရိုင်းလေးကို ပွဲကြည့်စင်အတွက် ထိုင်ခုံများကို တည်ဆောက်ခိုင်းခဲ့တော့ သည်။ ဤအရာသည် စီးပွားရေးအခွင့်အလမ်းတစ်ခု ဖြစ်လာမည်လားဟု သူသိချင်မိခြင်းသာ ဖြစ်တော့၏။

ထင်မှတ်ထားသည့် အတိုင်းပင် မြေအဆင့်စွမ်းအားမြင့် တိုက်ခိုက်သူများ၏ တိုက်ပွဲသည် တခြား သိုင်းကျင့်ကြံသူများ အားလုံးကို ဆွဲဆောင်နေခဲ့တော့သည်။

ပွဲကို ကြည့်ရှုရန်အတွက် တစ်စုံတစ်ယောက်သည် ပွဲကြည့်စင်တွင် ဝင်ရောက် ကြည့်ရှုရမည်ဖြစ်မည်။ ထို့အပြင် ပွဲကြည့်စင်ထဲသို့ ဝင်ရောက်ရန်အတွက် ပိုက်ဆံလည်း ပေးရမှာဖြစ်၏။

ထိုအရာသည် ဓားပြတိုက်ခြင်းမဟုတ်သလို၊ ငွေညှစ်ခြင်းလည်း မဟုတ်ပေ။ ဈေးနှုန်း သတ်မှတ်ပေးခြင်းသာ ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် စီးပွားရေးကို အမှန်ပင် ပြုလုပ်နေခြင်းဖြစ်သည်။

မည်သူမှသည် ငြင်းဆန်ပြောဆို၍ မရခဲ့ချေ။ နည်းပါးလွန်းလှသော ကျောက်ရိုင်းတုံးများကို အသုံးပြု၍ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ၏ တိုက်ပွဲကို ကြည့်ရှုရသည်ဆိုခြင်းမှာ ဆုံးရှုံးမှုဟု ခေါ်ဆို၍ မရချေ။ ထို့ကြောင့် သိုင်းကျင့်ကြံသူများ အားလုံးသည် ဝင်ကြေးပေးရန် အဆင်သင့် ရှိနေကြတော့၏။ ပွဲကြည့်စင်သည် စုစုပေါင်း ပွဲကြည့်သူ တစ်သိန်းခန့် ကြည့်ရှု၍ရ၏။ အချိန်တိုအတောအတွင်းမှာပဲ ထိုတည်နေရာ တစ်ခုလုံးသည် ပြည့်လုနီးပါး ဖြစ်သွားတော့၏။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် ကျောက်ရိုင်းတုံးများ၏ စာရင်းကို ပြုစုကာဖြင့် ပြောလိုက်တော့သည်။ “ကျောက်ရိုင်းတုံး အမျိုးအစား ခြောက်ဆယ်ရှိတယ်၊ အားလုံး ပေါင်လေးဒဿမနှစ်သန်းလောက် ရှိတယ်”

ကျွင်းချောင်ရှောင်းသည် ရိုးရှင်းလှသည့် ပေါင်းခြင်း၊ မြှောက်ခြင်း ၊ နှုတ်ခြင်း၊ စားခြင်းများကို ပြုလုပ်ပြီးသည့်နောက်မှာတော့ သေသေချာချာ တွေးတောလိုက်၏။ “ဒီလောက်များပြားတဲ့ ကျောက်ရိုင်းတုံးတွေ အတွက်ဆိုရင် ငါလက်နက် သုံးမျိုးကို သန့်စင်ဖို့ အတွက် စုစုပေါင်း လက်နက် လေး၊ ငါးထောင်လောက်တော့ ရပြီနဲ့တူတယ်”

စနစ် “...”

လက်ခံသူသည် တိုက်ခိုက်ရေးတည်နေရာကြီးကို ဖန်တီး၍ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်ရန် စိန်ခေါ်ခဲ့၏။ ပထမဦးဆုံး ရည်ရွယ်ချယ်သည် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို တိုင်းတာနိုင်ရန်ဖြစ်ပြီး၊ ဒုတိယအနေနှင့်ကတော့ ဟန်ထုတ်ကြွားဝါရန်ပင် ဖြစ်သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ အရင်းအမြစ်များကို ရှာဖွေရန် နည်းလမ်းလည်း ဖြစ်လို့နေသေး၏။

ဆွစ်

ကျွင်းချောင်ရှောင်းသည် သူ၏ ပခုံးကို အသာလှုပ်ခါပြီးသည့်နောက်မှာတော့ ပခုံးပေါ်တွင်ရှိသော ကုတ်အင်္ကျီ ကြီးကို အသာပစ်လွှတ်လိုက်တော့သည်။ ရှောင်ကျီသည် ရှေ့သို့ လှမ်းတက်ပြီးသည့်နောက် ထိုအရာကို ဖမ်းယူ လိုက်၏။ ပြီးသည့်နောက်မှာတော့ သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းကာ သိမ်းဆည်းလိုက်သည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ ခုန်တက်လိုက်၏။

ဟူး ဟူး

ဘေးတစ်ဖက်တစ်ချက်တွင် ရှိနေသော ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် ကျွင်းချောင်ရှောင်း၏ ဆံပင်များ လေထဲသို့ လွင့်စင်သွားစေရန် အောက်မှ ယပ်တောင်ကြီးများကို ကိုင်ကာ အသာခပ်လျက် ရှိနေတော့သည်။ ဂိုဏ်းချုပ်တစ်ယောက်၏ အလွန်တရာ ခံ့ညားထည်ဝါလွန်းသော ဟန်ပန်သည် စင်မြင့်ပေါ်တွင် ဖြစ်တည်လျက် ရှိနေတော့သည်။ သို့ပေမဲ့ လက်ခုပ်တီးမည့်လူ ဟူ၍တော့ တစ်ယောက်မှ မရှိပေ။

.................

တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ ခုန်တက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အမဲရောင်ဆံနွယ်များကို အသာ စည်းနှောင်ကာ ပြောလိုက်၏။ “မိုင်အဝေးကြီးလာပြီးတော့ တိုက်ပွဲလာကြည့်ကြတဲ့အတွက် ကြိုဆိုပါတယ်၊ ဒီကျွင်းက ဒီမှာရှိနေတဲ့ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတွေကို စိန်ခေါ်မယ်၊ အနိုင်ရရှိသူတိုင်းက ဆဋ္ဌဂံကြယ်ကျောက်တုံး တစ်သိန်းတိတိကို ရရှိမယ်လေ”

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

ပြောပြီးသည့်နောက် သူသည် လက်ခုပ်တီးလိုက်၏။ လီချင်းယန်သည် ခံတပ်ကြီးထဲမှ ကြီးမားလှသည့် သေတ္တာကြီးကို သယ်ဆောင်လာ၏။ ပြီးသည့်နောက်မှာတော့ ကြိုတင်ပြင်ဆင်ထားသော ကျောက်စင်မြင့်ကြီးပေါ်သို့ တင်လိုက်၏။ သော့ကို ဖွင့်လိုက်ပြီးသည့်နောက် အထဲတွင် ဆဋ္ဌဂံကြယ်ကျောက်တုံး အများအပြား တည်ရှိနေသည်ကို မြင်လိုက်ရ၏။

မည်သည့်ကန့်သတ်ချက်မှ မရှိသောကြောင့် သိုင်းကျင့်ကြံသူများသည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက် ကြည့်ရှုလိုက်သည့်နောက်မှာတော့ အထဲတွင် ဆဋ္ဌဂံကြယ်ကျောက်တုံးတစ်သိန်းတိတိ ရှိကြောင်းကို သိရှိလိုက်ပြီးဖြစ်၏။ ဤတန်ဖိုးကြီးမားလှသော သိုင်းပညာ အရင်းအမြစ်များကို တရားဝင်ချပြထားပြီး အနိုင်ရရှိသူ ပိုင်ဆိုင်မည်ဟု မြူစွယ်နေခြင်းသည် ကောင်းမွန်သည့် ကြော်ငြာနည်း တစ်မျိုးပင်ဖြစ်တော့သည်။

“နေအုံး”

သိုင်းကျင့်ကြံသူများသည် ရိုးရှင်းလှသည့် ပြဿနာတစ်ခုကို ရုတ်တရက် နားလည်လိုက်မိကြ၏။ စောနတုန်းက ကုတ်အင်္ကျီကို ယူဆောင်သွားခဲ့သော တပည့်သည် သတ်ဖြတ်ခြင်းကုန်းမြေထဲတွင် သေဆုံးသွားခဲ့ပြီးသား တပည့်မဟုတ်လား။ အဘယ်ကြောင့် လက်ရှိအချိန်တွင် အသက်ရှင်နေရသနည်း။

“ချီးတဲ့မှ၊ ဒီတပည့်တွေက ဘယ်လိုဖြစ်ပြီး အသက်ရှင်နေရတာလဲ၊ ဟို ကုတ်အင်္ကျီကို ယူသွားခဲ့ကောင်က သေသွားခဲ့တာ ငါရှင်းရှင်းလင်းလင်း မှတ်မိနေတယ်လေ၊ မသေဘူးဆိုရင်တောင်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေရမှာ မဟုတ်လား၊ ဘာလို့ ဆောင့်ကြွား ဆောင့်ကြွားနဲ့ လျှောက်သွားနေရတာလဲ”

လက်ရှိ ရှိနေကြသော သိုင်းကျင့်ကြံသူများမှာ သတ်ဖြတ်ခြင်းကုန်းမြေတိုက်ထဲတွင် သေဆုံးသွားခဲ့ကြသော ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ တပည့်များ အများအပြား အသက်ရှင်လျက် ရှိနေကြကြောင်းကို သိရှိလိုက်ကြ၏။ ထို့ကြောင့် တစ်ယောက်ပြီး တစ်ယောက် မျက်လုံးများကို ပွတ်သပ်ကာ သေသေချာချာ ကြည့်ရှုလိုက်သည်။ သူတို့ မြင်နေရသည့် အရာများသည် ထင်ယောင်ထင်မှား မြင်နေရခြင်း မဟုတ်ဘဲ သေသေချာချာ ဖြစ်သည်ကို မြင်ရချိန်မှာတော့ အားလုံးသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိ၏။

“ချီးတဲ့မှ၊ သောက်ကျိုးနည်းပဲ”

ကံကောင်းစွာဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများ အားလုံးသည် ကုန်းမြေတိုက်ဆီသို့ ပြန်သွားနှင့်ခဲ့ပြီဖြစ်သည်။ မဟုတ်ပါက ထိုသူများအားလုံး တစ်ယောက်မှ မသေသည်ကို မြင်ရပြီး ရှိရှိနေသမျှသော သိုင်းကျင့်ကြံသူများအား အားလုံးသည် နေရာမှာတင် ပြိုလဲသွားပေလိမ့်မည်။

သို့ပေမဲ့ ဤနေရာတွင် ရှိနေသော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများမှာတော့ ထိုအရာကို ဂရုမစိုက်ကြချေ။ သူတို့ ဂရုစိုက်ကြသည်မှာ ဆဋ္ဌဂံကြယ်ကျောက်တုံး တစ်သိန်းတိတိကို ဖြစ်၏။ သူတို့သည် ဆဋ္ဌဂံကြယ် ကျောက်တုံးများကို မြင်ရသည့်အချိန်တွင် မျက်လုံးများ လင်းလက်လျက်ရှိ၏။

ဘုံကိုးပါးကုန်းမြေတိုက်ကြီးမှ စိတ်ဝိညာဉ်ကျောက်တုံးများသည် အလွန်ကောင်းမွန်သည့်အရာများ ဖြစ်သည်။ ၎င်းတို့၏ လက်ထဲသို့ ရရှိအောင် ပြုုလပ် နိုင်မည်ဆိုပါက အချိန်အတော်ကြာ ကျင့်ကြံနိုင်သည့်ပမာဏအဖြစ် အသုံးဝင်နေမှာဖြစ်သည်။

“ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်သည်။ “ကျုပ်က ပထမဦးဆုံး ခပ်မာမာတစ်ခု ပြောချင်သေးတယ်၊ တကယ်လို့ ဒီကျွင်းကသာ ကံကောင်းပြီး အနိုင်ရရှိမယ်ဆိုရင်တော့ ရှုံးတဲ့သူက တစ်စုံတစ်ခုကို ထုတ်ပေးရလိမ့်မယ်”

ဤစကားသည် ရှိရှိနေသမျှသော လူအားလုံးအား ရေအေးနှင့်လှမ်း၍ ပက်လိုက်သလို ဖြစ်သွားစေသည်။

“ဂိုဏ်းချုပ်ကျွင်း”

မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူက ပြောလိုက်သည်။ “ဘာတွေထုတ်ပေးရမှာလဲ”

“ဒီကျွင်းကို အနိုင်တိုက်နိုင်တဲ့လူက ဆဋ္ဌဂံကြယ်ကျောက်တုံး တစ်သိန်းတိတိကို ရမယ်၊ တကယ်လို့ လုံလောက်အောင် အားမကောင်းဘဲ ရှုံးနိမ့်ခဲ့မယ်ဆိုရင် သင့်တော်တဲ့ ကျောက်ရိုင်းတုံးတွေကို ပေးရင်ရပါပြီ”

ကျွင်းချောင်ရှောင်းသည် ဘေးတစ်ဖက်ဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်သည်။ “ဘာကျောက်ရိုင်းတုံးတွေလဲ ဆိုတော့ ဒီမှာ စာရင်းပြုစုထားတယ်”

အားလုံး အသာခေါင်းလှည့်၍ ကြည့်လိုက်သည့် အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းမှ တပည့်နှစ်ယောက်သည် ကျောက်သင်ပုန်းကြီး နှစ်ခုကို သယ်ဆောင်၍ အားလုံးမြင်ရသည့်နေရာတွင် ချထားလိုက်ကြသည်။

ထိုကျောက်သင်ပုန်း၏ အပေါ်မှာတော့ လိုအပ်သည့် ကျောက်ရိုင်းတုံး အမျိုးအစားများဟု ရေးထားတော့သည်။ ထိုတင်သာမက ကျောက်ရိုင်းတုံး၏ အလေးချိန်နှင့် အသေးစိတ် ဖော်ညွှန်းချက်များကိုလည်း ရေးသား ထားသေး၏။

ကျောက်ရိုင်းတုံးများသည် မတူညီသည့်ဂြိုဟ်များတွင် နာမည်တူညီလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် နာမည်ကို ရေးထိုးထားသည့်ဆိုရုံနှင့် လိုအပ်သည့် ကျောက်ရိုင်းတုံးကို ရရှိလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ပုံပန်းသွင်ပြင်နှင့် အသေးစိတ် အချက်အလက်များကိုပါ သေသေချာချာ ရေးသားထားခြင်း ဖြစ်ပေသည်။

ပြောနေစရာပင် မလိုချေ။ သိုင်းကျင့်ကြံသူများသည် တစ်ခုပြီးတစ်ခုကို သေသေချာချာ ကြည့်ရှုလိုက်၏။ ပါဝင်နေသော ကျောက်ရိုင်းတုံး များသည် ရှားပါးလှသည့် ကျောက်ရိုင်းတုံးများ မဟုတ်ဘဲ တချို့ဆိုလျှင် အလွန်တရာ ပေါများသည် ကျောက်ရိုင်းတုံးများပင် ဖြစ်လို့နေ၏။

“ရှောင်ယန်ချီ ကျောက်ရိုင်းတုံး ငါးဆယ်ဂရမ်ဆိုတာ ဘာမှ မဟုတ်ဘူးလေ၊ ဒါက တကယ့်ကို ထိုက်တန်တာပဲ” တစ်ခုသော ဂြိုဟ်တစ်ခုဆီမှ တပည့်တစ်ယောက်သည် ကြိတ်ကာ ပြောလိုက်သည်။ “ဒါအမှန်ပဲ”

ကျွင်းချောင်ရှောင်း၏ ရည်ရွယ်ချက်သည် ရှုံးနိမ့်သူအနေနှင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းကို ပြန်လည်ပေးအပ်ရန် မဟုတ်ပေ။ လိုအပ်သည့် ကျောက်ရိုင်းတုံးများကို အစားထိုးကာ ပေးစွမ်း၍လည်း ရနေသေး၏။

“ဂိုဏ်းချုပ်ကျွင်းက ဆဋ္ဌဂံကြယ်ကျောက်တုံး တစ်သိန်းတိတိကို ထုတ်ပေးနေပြီဆိုမှတော့ ကျုပ်တို့က ရှုံးတယ်ဆိုရင် ဒါတွေကို ထုတ်ပေးဖို့ ထိုက်တန်ပါတယ်” မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က သဘောတူညီစွာ ပြောလိုက်သည်။

တခြားသော ကျင့်ကြံသူများသည်လည်း ငြင်းစရာ မရှိကြချေ။ ဆဋ္ဌဂံကြယ်ကျောက်တုံး တစ်သိန်းတိတိ၏ ဖြားယောင်းမှုသည် အလွန်တရာ ကြီးမားလှ၏။ ကျောက်ရိုင်းတုံးများ ပြန်၍ ထုတ်ပေးရန် မခက်လှချေ။

“ဒီလိုဆိုရင်”

ကျွင်းချောင်ရှောင်းက လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “အချိန်ဖြုန်း မနေတော့ဘူး၊ ဒီကျွင်းနဲ့ ဘယ်သူက အရင်ဆုံးတိုက်ခိုက်ချင်လဲ”

ဆွစ်

သူပြောပြောပြီးချင်းမှာပဲ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်သည် ပျံသန်းရောက်ရှိလာ၏။ ပြီးသည့်နောက်မှာတော့ စင်မြင့်ပေါ်သို့ ခုန်တက်ကာဖြင့် လက်သီးဆုပ်ကာ ပြောလိုက်သည်။ “ကျုပ်က အရင်ဆုံး ဂိုဏ်းချုပ်ကျွင်းဆီကနေပြီးတော့ ပညာယူပါ့မယ်၊ ဒါပေမဲ့”

ပြီးသည့်နောက်မှာတော့ လေးလေးနက်နက် ပြောလိုက်သည်။ “အရင်ဆုံး ရှင်းအောင် ပြောထားချင်တယ်၊ ဂိုဏ်းချုပ်ကျွင်းအနေနဲ့ ဟိုစာလုံးတွေ ရေးသားထားတဲ့ ဓားကို ထုတ်ပြီးသုံးလို့တော့ မဖြစ်ဘူးနော်”

တခြားသော ကျင့်ကြံသူများသည်လည်း ထိုအချင်းအရာကို သိချင်နေကြ၏။ ထို့ကြောင့် နားစွင့်ကာ ထောင်နေကြတော့သည်။ အားလုံးသောသူများ ကြောက်နေကြသည်မှာ စည်းဓားမော့ကြီးကိုသာ ဖြစ်သည်။ ကုန်းရှန့်သည် ထိုအရာကို ထုတ်ဖော်၍ အသုံးပြုမည်ဆိုပါက တခြားသောသူများ အားလုံးသည် သူ့အား စိန်ခေါ်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် စိတ်ဝိညာဉ်ကျောက်တုံး သို့မဟုတ် ကျောက်ရိုင်းများကို အလကားသက်သက် လာ၍ပေးခြင်းနှင့်ပင် ဆင်တူနေပေလိမ့်မည်။

“စိတ်မပူပါနဲ့”

ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ဒီကျွင်းက အဲလက်နက်ကို ထုတ်မသုံးပါဘူး”

“ကျေးဇူးပြုပြီး” မျိုးရိုးနာမည်စွန်းအမည်ရှိ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် လက်သီးကို ဆုပ်လိုက်၏။

“ကျေးဇူးပြုပြီး” ကျွင်းချောင်ရှောင်းသည် သူ၏လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။

ဟူး ဟူး

ပြောပြီးပြီးချင်းမှာပဲ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် အမြှောက်ဆန်ကဲ့သို့ မြန်ဆန်စွာဖြင့် ရှေ့သို့ တိုးတက်လာခဲ့၏။ သူ၏ လက်များသည် ရှုပ်ထွေးလှသော စည်းသင်္ကေတများကို ထုတ်ဖော်၍ အလွန်တရာ ကြီးမားလှသော လက်ဝါးရိုက်ချက်ကြီးကို ထုတ်ဖော်ကာ အသုံးပြုတော့သည်။ ဤတစ်ကြိမ် သူ၏ ရည်ရွယ်ချက်သည် ဆဋ္ဌဂံကြယ်ကျောက်တုံး တစ်သိန်းကို ရရှိရန် ဖြစ်သည်။ လက်ရည်စမ်းပွဲ တစ်ခုကို ဝင်ရောက် ယှဉ်ပြိုင်နေခြင်း မဟုတ်ပေ။ ထို့ကြောင့် ဖြစ်နိုင်သည်နှင့် အမြန်ဆုံး တိုက်ခိုက်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်ခြင်းပင် ဖြစ်တော့၏။

ဘုန်း ဘုန်း

ကျွင်းချောင်ရှောင်းမှာ အကြောက်အလန့် ကင်းလွန်း၏။ လက်ဝါးရိုက်ချက်ကြီး ကျဆင်းလာသည့်အချိန်မှာတော့ သူသည် လက်ကို ယမ်းခါကာဖြင့် လွယ်လွယ်ကူကူ ချိုးဖြတ်လိုက်သည်။

ဘုတ် ဘုတ် ဘုတ် ဘုတ်

တိုက်ခိုက်ချက်များကို ချိုးဖြတ်ခဲ့သည့် တိုက်ကွက်သည် အလွန်ပင် ရိုးရှင်းလွန်း၏။ သို့သော်ငြား လေဟာနယ်တစ်ခုလုံးသည် ထိုတိုက်ခိုက်မှု အဟုန်ကို မခံနိုင်ဘဲ တွန့်လိမ်ကုန်၏။ တိုက်ခိုက်ရေး စင်မြင့်သည် အစီအရင်ပေါင်းများစွာနှင့် ပံ့ပိုးထားသည် ဖြစ်သောကြောင့် ကျိုးပျက်မှုတော့ မရှိချေ။

ဘုန်း ဘုန်း

ချက်ချင်းပဲ ကျွင်းချောင်ရှောင်းနှင့် မြေအဆင့်စွမ်းအားမြင့် ကျင့်ကြံသူတို့၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းများသည် လေထုထဲတွင် ပျံ့နှံ့လျက် ရှိနေတော့၏။

ဒွီး ဒွီး

တိုက်ခိုက်ရေး စင်မြင့်၏ အနားပတ်ဝန်းကျင်မှာတော့ မပျက်စီးနိုင်အောင် ထောက်ပံ့ပေးထားသော အစီအရင်၏ အတားအဆီးများသည် တလက်လက်တောက်ပကာ ဖြစ်ပေါ်လာတော့၏။ ထိုအရာများသည် အပြင်ဘက်ရှိ ပွဲကြည့်သူများဆီသို့ စွမ်းအင်လှိုင်းများ သက်ရောက်လာမှုကို ကာကွယ်ပေးထားခြင်းပင် ဖြစ်၏။ အကာအကွယ်စနစ်သည် ပြည့်စုံစွာ ဖြစ်ပေါ်လာ၏။

“မြန်လိုက်တာ၊ ဘယ်လို တိုက်ခိုက်သွားလဲဆိုတာကို ငါမမြင်ရဘူး၊ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတွေက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ” ပွဲကြည့်သူများ အားလုံးသည်လည်း ထိတ်လန့်တုန်လှုပ်နေကြသည်။

၎င်းတို့ကို စွမ်းအင်လှိုင်းများ မသက်ရောက်သည်ကို အတည်ပြုပြီးသည့်နောက် ဤပွဲကို ကြည့်ရှုရန်အတွက် ကျောက်ရိုင်းတုံး အနည်းငယ် အသုံးပြုခဲ့ရသည်ဆိုသည်မှာ ထိုက်တန်လှကြောင်း ခံစားမိလိုက်ကြသည်။

ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် မည်ကဲ့သို့ စီးပွားရေး လုပ်ရမည်ကို ကောင်းကောင်းနားလည်နေ၏။ ပွဲကို လာရောက် ကြည့်ရှုနေကြသော ပွဲကြည့်ပရိသတ်များသည် ၎င်းတို့ ပေးအပ်လိုက်ရသော ကျောက်ရိုင်းတုံးများနှင့် ထိုက်တန်သည့် အရာကို ရရှိနေသည်ဖြစ်သောကြောင့် အလွန်ပင် စိတ်ကျေနပ်လျက် ရှိနေသည်ကို ၎င်းတို့၏ မျက်နှာများကို ကြည့်ရှုလိုက်ရုံနှင့် သိရှိနိုင်နေ၏။

All Chapters