အခန်း (၁၀၂၆)
Vol. 69 Ch. 1026
ဘုန်း
တိုက်ခိုက်ရေးစင်မြင့်ပေါ်မှာတော့ ကျယ်လောင်လှသော အသံကြီး ဖြစ်တည်လာ၏။ တည်နေရာအနှံဆီသို့ များပြားလှသည့် စွမ်းအင်လှိုင်းများ ပြန့်နှံ့သွားသည်။ ပွဲကြည့်ရှုသူများဆီသို့တော့ ထိုစွမ်းအင်လှိုင်းများ မသက်ရောက်ချေ။ အဘယ်ကြောင့်ဆိုသော် အတားအဆီး အစီအရင်ကြီး တစ်ခုက ကာကွယ်ပေးထား သောကြောင့်ဖြစ်၏။
“သူ ရှုံးပြီ”
မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် အဝေးဆီသို့ လွင့်စင်သွားပြီးသည့်နောက်မှာတော့ ထိုအလင်းအတားအဆီးကြီး နှင့် တိုက်ကာဖြင့် အောက်သို့ ပြုတ်ကျသွားသည်။
“သူရှုံးပြီ၊ အဲလောက် မြန်တာလား”
မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတို့ ၏ အားအင်အဆင့်သည် အလွန်အားကောင်းလွန်းလှ၏။ လက်ရည်မကွာသော ကျင့်ကြံသူများ တိုက်ခိုက်သည်ဆိုပါက ၎င်းတို့၏ ကလေးများပင် မင်္ဂလာဆောင်၍ နောက်ထပ်ကလေးများကိုပင် မွေးဖွားသည့် အခြေအနေအထိ ရောက်ရှိလျှင်တောင်မှ တိုက်ပွဲ၏ အနိုင်အရှုံးရလာဘ် သည် ပြီးဆုံးသွားလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဤနှစ်ယောက်သည် တိုက်ကွက် အနည်းငယ်ကို တိုက်ခိုက်ပြီးသည့်နောက် အဆုံးအဖြတ်အဖြစ် ဖြစ်တည်သွားခဲ့တော့၏။
မြန်ဆန်းလွန်းလှချေသည်။ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ဤနေရာသို့ ရောက်ရှိလာသည့် အဓိက အကြောင်းအရာမှာ ဆဋ္ဌဂံကြယ်ကျောက်တုံးကို လိုချင်သောကြောင့် ဖြစ်၏။ ထို့ကြောင့် တိုက်ပွဲကို အမြန်ဆန်ဆုံး အဆုံးသတ်ရန် စဉ်းစားထားခဲ့သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့သော အစစ်အမှန် တိုက်ခိုက်မှုမျိုးကို အလွန်တရာ အလေးအနက်ထားကာ တိုက်ခိုက်လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူက ကျောက်ရိုင်းတုံးများကို ပို၍ လိုအပ်လျက် ရှိနေသောကြောင့်ပင် ဖြစ်၏။
မျိုးရိုးနာမည်စွန်းနှင့် စွမ်းအားမြင့် ကျင့်ကြံသူသည် နာကျင်မှုကို အောင့်အည်းသည်းခံပြီးသည့်နောက် လက်သီးကို ဆုပ်ကာ ခက်ခက်ခဲခဲ ပြောလိုက်သည်။ “ကျေးဇူးပါပဲ၊ ဂိုဏ်းချုပ်ကျွင်း... ညှာတာပေးတဲ့အတွက်ပါ၊ ကျုပ်က ရှုံးနိမ့်တာကို လက်ခံပါတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်း ဒါမှမဟုတ် ကျောက်ရိုင်းတုံး တွေနဲ့ အစားထိုးပေးတော့၊ ဘယ်ဟာကို ပေးမလဲ”
“ကျောက်ရိုင်းတုံးပါ” ကျောက်သင်ပုန်းပေါ်တွင်ရှိသော ကျောက်ရိုင်းတုံးများ သူ့တွင် ရှိနေ၏။ ထို့ကြောင့် ထိုအရာ များကို ပေးအပ်လိုက်မည်ဆိုလျှင် စိတ်ဝိညာဉ်ကျောက်တုံးများ ကုန်ဆုံးသွားသည်ထက် ပို၍ခံသာပေ၏။
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါကာ ပြောလိုက်သည်။ “ဒါဆိုရင် ကျေးဇူးပြုပြီး အနောက်ကိုသွား၊ ကျောက်ရိုင်းတုံးတွေအတွက် ပေးနိုင်မယ့်စာရင်းကို သွားပေးပါတော့”
“အင်း...”
မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် ခေါင်းကို ခါယမ်းလိုက်၏။ သူသည် တိုက်ခိုက်ရေး တည်နေရာ၏ အနောက်ဘက် စားပွဲဆီသို့ လျှောက်သွားခဲ့၏။ ပြီးသည့်နောက် ကျောက်ရိုင်းတုံးများကို ထုတ်ဖော်ကာ ပေးလိုက်တော့သည်။ သဘောတူညီပြီးပြီ ဆိုမှတော့ သူသည် ကျိန်းသေပေါက် ရှုံးနိမ့်မှုကို လက်ခံရ တော့မှာဖြစ်၏။
ထို့ပြင် မပေးဘဲသွား၍လည်း မဖြစ်ချေ။ အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်ရေးတည်နေရာ၏ အပြင်ဘက်တွင် ခရမ်းရောင်ဘုရင်သည် ပြူးကျယ်လှသော မျက်လုံးကြီးများနှင့် စူးစိုက်ကြည့်လျက်ရှိ၏။ ထိုအကြည့်သည် သူ့အား ကြက်သီးမွှေးညှင်းများပင် ထစေသည်။
“ကောင်းပြီ၊ ကိုက်ညီသွားပါပြီ”
အဘိုးကြီးတင်းသည် ကျောက်ရိုင်းတုံးများကို သေသေချာချာ စစ်ဆေးကြည့်ရှုပြီး နောက် ပြောလိုက်သည်။ “ဆရာ... ကျေးဇူးပြုပြီး ထွက်သွားပါတော့”
မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် နာကျင်နေသည့် အမူအရာ ဖြစ်လျက်ရှိနေတော့သည်။ သူသည် ကျွင်းချောင်ရှောင်းကို အနိုင်ယူချင်မိ၏။ ထို့ပြင် ဆဋ္ဌဂံကြယ်ကျောက်တုံးတစ်သိန်းကိုလည်း လိုနေသေးသည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ကျောက်ရိုင်းတုံးများကိုသာ ပြန်၍ ပေးခဲ့ရ၏။ သူ၏ နှလုံးသားထဲ၌ ရှုပ်ထွေးသည့် ခံစားချက်များ ပြည့်နှက်နေတော့သည်။ ကံကောင်းစွာဖြင့် ကျောက်ရိုင်းတုံးများသည် အများအပြား မဟုတ်ချေ။ သူလက်ခံနိုင်သော အတိုင်းအတာအတွင်းသာ ရှိနေ၏။ မဟုတ်ပါက ကျိန်းသေပေါက် သွေးအန်နေလိမ့်မည်။
ရွှီး
နောက်ထပ် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် တိုက်ခိုက်ရေး စင်မြင့်ပေါ်သို့ ခုန်တက်လာခဲ့သည်။ ၎င်း ထုတ်ဖော်နေသော အော်ရာများကို ကြည့်ရှုမည်ဆိုပါက ပထမတစ်ယောက်ထက် ပိုမိုကာ အားကောင်းနေသည်မှာ ထင်ရှားလှ၏။
“ကျေးဇူးပြုပြီး”
“ကျေးဇူးပြုပြီး”
ဘုန်း ဘုန်း ဘုန်း
ဖြောင်း ဖြောင်း ဖြောင်း
အလွန်ကြမ်းတမ်းလွန်းလှသော တိုက်ပွဲကြီးသည် စတင်ကာ ဖြစ်တည်တော့၏။ စိတ်ဝိညာဉ်စွမ်းအင်လှိုင်း များသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများသည် ထိုကဲ့သို့ ပြင်းထန်လှသော တိုက်ပွဲကို မြင်ပြီးသည့်နောက် သွေးများပင် ပွက်ပွက်ဆူလျက် ရှိနေသည်။ ၎င်းတို့သည် အစမှအဆုံး တစ်ချက်ကလေးမှ လွှတ်မသွားစေရန် ကြည့်ရှုလျက် ရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော တိုက်ပွဲမျိုးကို ကြည့်ရှုရန်အတွက် ၎င်းတို့သည် ကျောက်ရိုင်းတုံးများကို ပေးအပ်ခဲ့ရသည် မဟုတ်ပါလား။
ဘုန်း
အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ ဒုတိယအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် အနောက်ဘက်သို့ လွင့်စင်သွားခဲ့သည်။ သူသည် ရင်ဘတ်ကို ဆုပ်ကိုင်ကာဖြင့် ချီးကျူးလိုက်မိသည်။ “ဂိုဏ်းချုပ်ကျွင်းက အရမ်း အားကောင်းတယ်၊ ဒီအဘိုးကြီးက မယှဉ်နိုင်ပါဘူး”
“စိတ်ဝိညာဉ်ကျောက်တုံးလား၊ ကျောက်ရိုင်းတုံးလား”
“ကျောက်ရိုင်းတုံးပါ”
“ဒါဆိုရင် သွားပေးပါတော့”
အဘိုးကြီးတင်းသည် ကျောက်ရိုင်းတုံးများကို သေသေချာချာ စစ်ဆေး ရယူလျက် ရှိနေတော့သည်။
ဘုန်း ဘုန်း ဘုန်း
တတိယမြောက် တစ်ယောက် ရောက်ရှိလာပြီးသည့်နောက်မှာတော့ ထိုလူသည်လည်း လွင့်စင်သွားခဲ့သည်။
“အရမ်း အားကောင်းလွန်းတာပဲ” သိုင်းကျင့်ကြံသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက် ရှိနေတော့သည်။ တစ်ယောက်ချင်းတိုက်ခိုက်ပွဲတွင် တစ်ယောက်ကို အနိုင်ရသည်ဆိုသည်မှာ သာမန်ပင်ဖြစ်သည်။ သို့ပေမဲ့ ဆက်တိုက် အနိုင်ယူ တိုက်ခိုက်နေခြင်းမှာတော့ အံ့အားသင့်စရာ ဖြစ်နေ၏။
ကျွင်းချောင်ရှောင်းသည် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ သုံးယောက်ကို ဆက်တိုက် တိုက်ခိုက်ခဲ့ချိန်တွင် တစ်ချက်ကလေးမှ အနားမယူခဲ့ချေ။ ထို့အပြင် သူ၏ တိုက်ခိုက်ချက်များသည် လန်းဆန်းတက်ကြွကာ အားအင် အပြည့် ရှိလို့နေသေး၏။ ထို့အပြင် ပြိုင်ဘက်ကို အနိုင်ယူတိုက်ခိုက်ပြီးသည့်အချိန်တိုင်းတွင် ခေါင်းကို ခါယမ်းကာ စိတ်ပျက်လက်ပျက် ရှိနေသည်။ သူသည် ဤတိုက်ခိုက်ပွဲအတွက် ပျော်ရွှင်မှုကို မရရှိပုံပင်။
“ဒီကောင်လေးရဲ့ အားအင်အဆင့်က ကောင်းကင်အဆင့်ကို မရောက်သေးဘူး ဆိုရင်တောင်မှ အနည်းဆုံး မြေအဆင့် အထက်ပိုင်းမှာ ရှိရမယ်လေ၊ ဒါပေမဲ့ သူ့ထက် အဆင့်မြင့်တဲ့ ကျင့်ကြံသူ တစ်ယောက်ယောက်နဲ့ တွေ့မယ်ဆိုရင် ကျိန်းသေပေါက် ရှုံးမှာပဲ” သိုင်းကျင့်ကြံသူတစ်ယောက်က သုံးသပ်လိုက်မိသည်။
မတူညီသည့်ဂြိုဟ်များမှ သိုင်းကျင့်ကြံသူများအားလုံးသည်လည်း သဘောတူညီလိုက်ကြ၏။ သို့ပေမဲ့ တိုက်ခိုက် ခဲ့ကြဘူးသော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများမှာတော့ သဘောမတူညီကြချေ။ ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်သည် အားကောင်းလွန်းကြောင်း ငြင်းပယ်မရချေ။ ထို့ကြောင့် ၎င်းတို့သည် ကျွင်းချောင်ရှောင်း၏ လက်စကို ကောင်းကောင်းသိရှိနေ၏။
သို့ပေမဲ့ မည်သို့ပင် ဆိုစေကာမူ တစ်စုံတစ်ယောက်၏ အားအင်အဆင့်သည် အကန့်အသတ်ရှိလို့နေခဲ့သည်။ များပြားလှသော ကျင့်ကြံသူများနှင့် တစ်ယောက်ပြီးတစ်ယောက် ရင်ဆိုင် တိုက်ခိုက်နေသည်ဆိုပါက တစ်ချိန်ချိန်တွင် ရှုံးနိမ့်သွားမှာ သေချာသည်။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကျွင်းက ပြောဖို့မေ့နေတာ တစ်ခုရှိတယ်၊ ကျုပ်ကို အနိုင်ယူနိုင်တဲ့လူတိုင်းက စိတ်ဝိညာဉ် ကျောက်တုံးတစ်သိန်းကို ရရှိမယ်ဆိုတာ သိပြီးသားနော်”
ထပ်မံ သတိပေးပြီးပြီးချင်းမှာပဲ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ၏ မျက်လုံးများသည် လင်းလက်သွား၏။ ထို့ကြောင့် နှောင့်နှေးနေကြ သော စွမ်းအားမြင့် ကျင့်ကြံသူများသည် ဆဋ္ဌဂံကြယ်ကျောက်တုံး တစ်သိန်း မျက်နှာဖြင့် တိုက်ခိုက်မှုကို ဆက်လက် ပြုလုပ်ကြတော့၏။
ဘုန်း ဘုန်း ဘုန်း ဘုန်း
တိုက်ပွဲသည် ဆက်လက်ကာ ဖြစ်တည်နေခဲ့သည်။ စွမ်းအင်လှိုင်းများသည် ကြမ်းကြမ်းတမ်းတမ်းနှင့် ပေါက်ကွဲ ထွက်ပေါ်နေခဲ့၏။ ခဏလောက်ကြာပြီးသည့်နောက် တခြား မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ခြောက်ယောက် တို့သည် စင်မြင့်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် တက်လာခဲ့ကြသည်။ အဆုံးသတ်မှာတော့ ၎င်းတို့အားလုံး သည် ချွင်းချက်မရှိ ရှုံးနိမ့်သွားခဲ့ကြတော့သည်။
၎င်းတို့၏ အားအင်အဆင့်သည် မြေအဆင့် အထက်ပိုင်းတွင် မရှိကြဘူး ဆိုသော်လည်း ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းနယ်မြေကျင့်ကြံသူ တတိယနှင့် စတုတ္ထအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ ရနိုင်သူများ ဖြစ်ကြ၏။ သို့ပေမဲ့ မည်သူမှသည် ကျွင်းချောင်ရှောင်းနှင့် တိုက်ကွက် ငါးဆယ်ထက်ပို၍ မခုခံနိုင်ခဲ့ကြချေ။
ဘုန်း
စွမ်းအင် ပေါက်ကွဲမှုကြီးသည် တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် ထပ်မံဖြစ်တည်လာခဲ့တော့သည်။ တိုက်ခိုက်နေသည့် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် လွင့်စင်သွားပြီးသည့်နောက် အောက်ကို ပြုတ်ကျ သွား၏။
“သူ နိုင်နေတုန်းပါပဲလား”
ဆယ်ယောက်မြောက် စိန်ခေါ်သူသည် ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားသည်ကို မြင်ရပြီးသည့် နောက်မှာတော့ ကျင့်ကြံသူများသည် မတုန်လှုပ်ကြတော့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ထိုအရာနှင့် အသားကျနေကြပြီးဖြစ်၏။
ဘုန်း
ရုတ်တရက်ပဲ တိုက်ခိုက်ရေး တည်နေရာဆီမှ အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အပေါ်ပိုင်းဗလာကျင်း ၊ကြွက်သား အမြောင်းမြောင်းရှိနေသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့် လူတစ်ယောက်သည် အပေါ်သို့ တက်လာပြီးသည့်နောက် ကျယ်လောင်သော အသံဖြင့် အော်ပြောလိုက်၏။ “ကျုပ်က ဒကာတော်ကျွင်းနဲ့ တိုက်ခိုက်ချင်တယ်”
“ကျေးဇူးပြုပြီး” ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်လိုက်၏။
အလွန်အားကောင်းလှသော ဗုဒ္ဓချီများသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသည်ကို ကြည့်ရှုပြီးသည့် နောက်မှာတော့ သူက သုံးသပ်လိုက်၏။ “ဒီလူက ခန္ဓာကိုယ်သီးသန့် လေ့ကျင့်ပြီးတော့ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ အဖြစ်ကို ရောက်ရှိနေတဲ့ ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်”
“ကျုပ်က မဟာကုန်းမြေတိုက်ကြီးရဲ့ သဟူပဲ ဖြစ်ပါတယ်”
“သူက ခန္ဓာကိုယ်အပြင်ပိုင်းကို ကျင့်ကြံရင်း မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ အဆင့်ကို ရောက်ရှိခဲ့တာပေါ့၊ ကြောက်စရာ ကောင်းလိုက်တာ” သိုင်းကျင့်ကြံသူများသည် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြ၏။
တခြားသော ဂြိုဟ်များတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် လောကကြီးတွင် ရှိနေသော ဓာတ်သဘာဝများ မပါဘဲနှင့် ဤကဲ့သို့ ပြုလုပ်၍ မရနိုင်ချေ။ သို့ပေမဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ရင်း မြေအဆင့်သို့ ရောက်ရှိအောင် ပြုလုပ်နိုင်သည် ဆိုသည်မှာတော့ အစစ်အမှန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
အဝေးတစ်နေရာတွင် ရှိနေသော ရှောင်ကျီ၏ မျက်လုံးများသည် တောက်ပလာသည်။ သူ့အနေနှင့် လက်ရှိ အားအင် အဆင့်အရ ထိုသူနှင့် ယှဉ်ပြိုင်၍ မရနိုင်ဟု ဆိုသော်လည်း တစ်ဖက်သူသည် ခန္ဓာကိုယ်အားအင်ဖြင့် မြေအဆင့်ကို ရောက်ရှိအောင် ပြုလုပ်နိုင်သူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သံသယဖြစ်စရာပင် မလိုဘဲ သူ့အနေနှင့် ဥပမာပြုကာ ကြိုးစားရမည့် စံပြပုဂ္ဂိုလ်အဖြစ် သဘောထားမိတော့သည်။ သူသည်လည်း ဤအရာကို ကျိန်းသေပေါက် ပြုလုပ်နိုင်ရမည်။ ခိုင်မာလွန်းသော မိမိကိုယ်ကိုယ် ယုံကြည်မှုများသည် ရှောင်ကျီ၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်ပေါ်လာခဲ့တော့၏။
“ရှောင်ကျီ”
ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်သည်။ “ဒီလူက မင်းရဲ့ စံပြပုဂ္ဂိုလ်ပဲ၊ ဒါပေမဲ့ အနာဂတ်မှာ ဒီထက်ပိုပြီး အားကောင်းဖို့ ငါမျှော်လင့်မိတယ်”
ရှောင်ကျီသည် ခေါင်းကို မော့ကာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး”
ထိုအချိန်မှာတော့ သဟူ သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့သည်။ အလွန်အားကောင်းလှသော ဗုဒ္ဓစွမ်းအင်များ အားလုံးသည် သူ၏ ခန္ဓာကိုယ်ဆီမှ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းကို ဖိနှိပ်လိုက်၏။
ဆွစ် ဆွစ်
အားကောင်းလွန်းသော ရွှေရောင်လှိုင်းများ ဖြစ်တည်လာပြီးသည့်နောက် တည်နေရာကြီး တစ်ခုလုံးကို လှုပ်ခါ သွားစေခဲ့၏။ ဗုဒ္ဓ၏ စွမ်းအင်သည် သက်ရှိသက်မဲ့ အားလုံးကို တုန်လှုပ်စေသည်။
ဤကဲ့သို့ အားကောင်းလှသော စွမ်းအင်လှိုင်းများ ကျဆင်းလာသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ စိတ်ထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။ သူသည် လေးစားမှုကို ပြသသည့်အနေဖြင့် အရှေ့သို့ လှမ်းတက်လိုက်ပြီးနောက် ညာဘက် လက်သီး၌ စွမ်းအင်များကို စုစည်းကာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်၏။
ဗုဒ္ဓသိုင်းကျင့်ကြံခြင်း နည်းစနစ်သည် အလွန် ရိုးရှင်းလွန်းလှ၏။ ကျွင်းချောင်ရှောင်းသည်လည်း ကျိန်းသေပေါက် ရိုးရိုးရှင်းရှင်းနှင့် ပြန်လည် တိုက်ခိုက်ရပေလိမ့်မည်။
ဘုန်း
လက်သီးချက်ကြီးနှစ်ခုသည် ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက်မှာတော့ နောက်ကို ဆယ်လှမ်းဆုတ်ခွာသွားခဲ့ကြ သည်။ လေဟာနယ်ထဲတွင် မိုးခြိမ်းသံကြီးပင် ဖြစ်တည်လာခဲ့သည်။
ဝှစ် ဝှစ်
ပြီးသည့်နောက်မှာတော့ နှစ်ယောက်သားသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတော့သည်။ အားအင်အဟုန်အရ ကြည့်ရှုမည်ဆိုလျှင် အလွန်ပင် အားကောင်းလွန်းကြောင်း သိသာလွန်းလှ၏။ သဟူ သည် သူ၏ ခြေထောက်ကို မကာဖြင့် မြေပေါ်သို့ ဆောင့်နင်းလိုက်၏။
ဝှစ် ဝှစ်
ရွှေရောင်အလင်းတန်းများ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ သူ၏ ညာဘက်လက်ကို လွှမ်းခြုံသွားတော့ သည်။ ထိုမှတဆင့် စွမ်းအင်လှိုင်းများအားလုံးသည် ညာဘက်လက်သီးသို့ လာရောက်စုဝေးသည်။ သဟူ၏ အားအင်အဆင့်သည် ချက်ချင်းပဲ တိုးတက်သွားခဲ့သည်။
ကျွင်းချောင်ရှောင်းမှာတော့ တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ သူ၏ ညာဘက်အင်္ကျီလက်သည် ဘန်းကနဲ ပေါက်ကွဲထွက်သွားတော့သည်။
စနစ်က ပြောလိုက်သည်။ “ဒီလူက ခန္ဓာကိုယ်အားအင်ကို အဓိက လေ့ကျင့်တာပဲလေ၊ လက်ခံသူအနေနဲ့ ဒီအတိုင်း တိုက်ခိုက်တာ မကောင်းဘူးနဲ့တူတယ်”
“ငါ့ရဲ့ ခန္ဓာကိုယ်အားအင်ကလည်း အားမနည်းပါဘူး” ကျွင်းချောင်ရှောင်းသည် သဟူ ၏ လှုပ်ရှားမှုအတိုင်း ခြေကို ဆောင့်နင်းကာဖြင့် အရှေ့ဆီသို့ လှမ်းတက်လိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိသော စွမ်းအင်လှိုင်းများ သည် ညာဘက်လက်သီးဆီသို့ လာရောက်စုဝေး၏။
“ကောင်းကင်ဘုံ” အလွန်အားကောင်းလှသော အားအင်လှိုင်းများကို မြင်ရသည့်အချိန်မှာတော့ ပွဲကြည့်ပရိသတ် များအားလုံးသည် မျက်လုံးပြူးသွားကြ၏။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း သို့မဟုတ် သဟူ နှစ်ယောက်လုံးသည် မည်သည့်စိတ်ဝိညာဉ်စွမ်းအင် တိုက်ကွက်မှုမျိုးကိုမှ ထုတ်ဖော်အသုံးမပြုကြချေ။ ၎င်းတို့၏ ခန္ဓာကိုယ်အားအင် သီးသန့်ဖြင့် ထိုးနှက်ကန်ကျောက်ခြင်းကို ပြုမူနေကြတော့၏။ ဤအရာမှာ အလွန်ပင် ကြည့်လို့ ကောင်းလွန်းလှသည်။
လူသားဆန်သော တိုက်ခိုက်မှုဆိုသည်မှာ ဤအရာပင် ဖြစ်ပေတော့၏။