← Chapters

အခန်း (၁၀၂၈)

Vol. 69 Ch. 1028

အခန်း (၁၀၂၈)

Vol. 69 Ch. 1028

“ယုဒြာကုန်းမြေတိုက်ကြီးက သတ်ဖြတ်ခြင်းကုန်းမြေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ် ဟုတ်လား၊ ဘာကို ဆိုလိုတာလဲ”

အလွန်လေးနက်ပြီး ကျယ်လောင်လှသော အသံကြီးသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီး တစ်ခုလုံးကို ပျံ့နှံ့သွား တော့သည်။ ဤအရာကို ကြားလိုက်ကြသော သိုင်းကျင့်ကြံသူများအားလုံးသည် ရှင်းရှင်းလင်းလင်း ကြားလိုက်ရ သည်ဆိုပေမယ့် နဝေတိမ်တောင် ဖြစ်မိနေကြသည်။

ဤကုန်းမြေတိုက်ကြီးသည် လွန်ခဲ့သည့်ရက် အနည်းငယ်က ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် တိုက်ခိုက်ခဲ့သည် မဟုတ်လား။ ထို့အပြင် သတ်ဖြတ်ခြင်းကုန်းမြေ ထဲသို့ ဝင်ရောက်သွားသည့် သိုင်းကျင့်ကြံသူ နှစ်ထောင်ကျော်တို့ အားလုံးသည် သေဆုံးသွားခဲ့ကြ၏။ အလောင်း များကို ပြန်လည် သိမ်းဆည်းသည်ကပင် အချိန်အတော်ကြာမြင့်ခဲ့၏။

လက်ရှိအခြေအနေမှာတော့ ရုတ်တရက် ဆိုသလိုပဲ အထက်နယ်မြေ၏ အပြစ်ပေးမှုကို ခံယူခဲ့ရသည်။ ဤအရာမှာ ကပ်ဘေးကြီးတစ်ခု ပြီးသည့်နောက် နောက်တစ်ခု ဖြစ်တည်လာခြင်းပင် ဖြစ်ပေလိမ့်မည်။

“သွားကြရအောင်”

“သွားပြီး ကြည့်ရအောင်” များပြားလှသော ကျင့်ကြံသူများသည် ခဏလောက်တွေးပြီးသည့်နောက် ယုဒြာ ကုန်းမြေတိုက်ကြီးဆီသို့ သွားကြတော့သည်။

အထက်နယ်မြေသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးအား အကြိမ် ပေါင်းများစွာ အပြစ်ပေးခဲ့သည်။ ထိုကဲ့သို့ အပြစ်ပေးသည့်အချိန်တွင် သူတို့သည် သွား၍ မကြည့်ရဲခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် ငွေညှစ်ခံရမည်ကို ကြောက်ရွံ့သောကြောင့်ဖြစ်၏။

လက်ရှိ ယုဒြာကုန်းမြေတိုက်ကြီးတွင် တော့ သူတို့ ကြောက်လန့်စရာ အကြောင်းမရှိချေ။ ငွေညှစ်ခြင်း ဆိုသည်မှာလည်း တစ်စုံတစ်ယောက်၏ အားအင် အဆင့်နှင့် သက်ဆိုင်လျက် ရှိနေသည်။ ဂြိုဟ်တိုက်ပွဲတွင် ရှိနေသော သိုင်းကျင့်ကြံသူများ၏ နှလုံးသားထဲမှာတော့ ယုဒြာကုန်းမြေတိုက်ကြီးဆီမှ လူများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးလောက် အားမကောင်းကြချေ။

“ဂိုဏ်းချုပ်”

အဘိုးကြီးတင်းသည် မျက်မှောင်ကို ကုတ်ကာ ပြောလိုက်မိသည်။ “ခန်းမသခင်ကဲ့နဲ့ တခြားသူတွေ အားလုံးက အပြစ်ပေးခံရမယ်တဲ့”

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်မိ၏။ “ယုဒြာကုန်းမြေတိုက်နဲ့ ငါတို့က သရုပ်ဆောင်ကြ တယ်ဆိုတာကို အထက်နယ်မြေက သိရှိသွားတာပဲ ဖြစ်မယ်”

ဤသို့ဆိုလျှင် သတ်ဖြတ်ခြင်းကုန်းမြေ၏ စည်းမျဉ်း စည်းကမ်းများကို ချိုးဖြတ်ခဲ့ခြင်းသည် သူ၏ ဆုံးဖြတ်ချက်နှင့် သူ၏ ကြိုးစားမှုပင် ဖြစ်တော့သည်။ ယုဒြာကုန်းမြေ တိုက်ကြီးသည် ၎င်းနှင့် ပူးပေါင်းဆောင်ရွက်ရုံသာဖြစ်၏။ အဘယ်ကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို အပြစ်ပေးရမည့်အစား ယုဒြာကုန်းမြေတိုက်ကိုသွား၍ အပြစ်ပေးနေရသနည်း။

စနစ်က ပြောပြလိုက်သည်။ “လက်ခံသူက ဂြိုဟ်တိုက်ပွဲ တည်နေရာထဲကို ရောက်လာကတည်းက အထက်နယ်မြေ က ကြယ်ကြွေကုန်းမြေတိုက်ကြီးကို လုံလုံလောက်လောက် အပြစ်မပေးရသေးဘူးလို့ တွေးနေတာလား”

..................

ကျွင်းချောင်ရှောင်းသည် အမှန်ပင် စိတ်ထဲတွင် ပြန်လည်သုံးသပ်ကြည့်လိုက်မိတော့သည်။ မိုးကြိုးကပ်ဘေးများတင်မက များပြားလှသည့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်များကိုလည်း အကြိမ်ပေါင်းများစွာ စေလွှတ်ခဲ့သေး၏။ အထက်နယ်မြေအနေနှင့် သူ့အား အပြစ်ပေး၍ မရနိုင်သောကြောင့် ၎င်းတို့တွင် ရှိနေသော ဒေါသတရားများ အားလုံး ယုဒြာကုန်းမြေတိုက်ကြီးဆီသို့ ပို့လွှတ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“ဒါက ဖြစ်နိုင်တယ်”

စနစ်က ပြောလိုက်သည်။ “ချီးတဲ့မှ...”

ကျွင်းချောင်ရှောင်းက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ငါ့ရဲ့ စီးပွားဖက်ကို ဘယ်လိုဖြစ်ပြီး အနိုင်ကျင့်ရဲ့တာလဲ။ ဒါက သည်းခံလို့ မရဘူး၊ အားလုံးပဲ”

သူသည် လေပေါ်သို့ အသာခုန်တက်ပြီးသည့်နောက် ကျယ်လောင်စွာ ပြောလိုက်တော့သည်။ “စိန်ခေါ်ပွဲကြီးက ဒီနေရာမှာ ပြီးဆုံးသွားခဲ့ပါပြီ”

“အဘိုးကြီးတင်း၊ ဟောခန်းသခင်ကျိ၊ ပိုင်လျှို၊ အကြီးအကဲကုန်းစွန်း၊ အကြီးအကဲကျန့်”

ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။ “အားလုံးပဲ ယုဒြာကုန်းမြေတိုက်ဆီ သွားကြရအောင်”

“ကောင်းပါပြီ”

ဝှစ် ဝှစ်

ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများအားလုံးသည် ခရမ်းရောင်ဘုရင်၏ ဦးဆောင်မှုနှင့်အတူ ခံတပ်ဆီမှ ပျံသန်းထွက်ခွာလာခဲ့ကြသည်။ လုချင်းချင်း၊ လီချင်းယန်၊ ရှောင်ကျီ၊ ရီရှင်းချန်နှင့် တခြားသော အတွင်းစည်း တပည့်များအားလုံးသည်လည်း အနောက်မှ လိုက်ပါလာခဲ့ကြသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပဲ ပြိုင်စံရှား ဂိုဏ်း၏ လက်ရွေးစင် ဂိုဏ်းသားများအားလုံးသည် အလွန်တရာ အားကောင်းလှသော အရှိန်အဝါများနှင့်အတူ ပျံသန်းထွက်ခွာသွားခဲ့ကြ၏။

ပွဲကို လာရောက်ကြည့်ရှုနေကြသူများနှင့် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများအားလုံးသည် ကြောင်အသွား၏။ အထက်နယ်မြေဆီမှ အသံကြီး ထွက်ပေါ်လာသည့်အချိန်တွင် ကျွင်းချောင်ရှောင်းသည် ပြိုင်စံရှားဂိုဏ်းမှ လူများ အားလုံးကို ခေါ်ဆောင်ကာဖြင့် ထွက်ခွာသွားခဲ့ကြ၏။ ဘာသွားလုပ်သနည်း။

“ကြည့်ရတာ ယုဒြာကုန်းမြေတိုက်ကို သွားတာပဲ ဖြစ်မယ်”

“ငါနားလည်ပြီ၊ ကျွင်းချောင်ရှောင်းက သူ့ရဲ့လူတွေကို ခေါ်သွားတာက အခြေအနေကို အခွင့်ကောင်းယူပြီး ယုဒြာကုန်းမြေတိုက်ကြီးရဲ့ တည်နေရာ ခံတပ်ကို တစ်ခါတည်း အပြီးရှင်းလင်းပစ်ဖို့နေမယ်။”

“ဘယ်လို အမုန်းတရားနဲ့ အငြိုးတရားတွေ ရှိနေလို့များလဲ”

“တဖက်လူတွေက အထက်နယ်မြေရဲ့ အပြစ်ပေးမှုကို ခံနေရတဲ့ အချိန်မှာ သူတို့က သွားပြီးတော့ မီးလောင်ရာ လေပင့် ထပ်ပြီးတော့ တိုက်ခိုက်အုံးမလို့လား”

တခြားဂြိုဟ်အသီးသီးတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် နားလည်မှု လွဲလျက်ရှိ၏။ ၎င်းတို့သည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးနှင့် ယုဒြာကုန်းမြေတိုက်ကြီးအကြား ရန်ငြိုးမှာ အလွန်ကြီးမားသည်ဟု တွေးတောခဲ့၏။ မဟုတ်ပါက ဤကဲ့သို့ အထက်နယ်မြေမှ အပြစ်ပေးနေသည့်အချိန်တွင် ဂိုဏ်းချုပ်ကျွင်းသည် အခွင့်အရေးကို အရယူကာ သွားရောက်တိုက်ခိုက်နေလိမ့်မည် မဟုတ်ချေ။

တကယ့်တကယ်တမ်းမှာတော့ ပြိုင်စံရှားဂိုဏ်းတစ်ခုလုံး၏ ၎င်းတို့၏ အားအင်များကို စုစည်းကာဖြင့် ယုဒြာ ကုန်းမြေတိုက်ကြီးကို သွားရောက်ကယ်တင်ခြင်းပင် ဖြစ်တော့သည်။ ကျွင်းချောင်ရှောင်းသည် အရှက်မဲ့လှသည် ဆိုသည်ကို မည်သူမှ မငြင်းပယ်နိုင်ချေ။ သို့ပေမဲ့ သူ့တွင် ဤကဲ့သို့ ကောင်းမွန်လှသည့် စိတ်ထားလေးကို ပိုင်ဆိုင် ထားသေး၏။ ထို့အပြင် သူသည် သူ၏ တပည့်များနှင့် သူ၏ မိတ်ဆွေများ အနိုင်ကျင့်ခံရသည့်အချိန်တွင် ချက်ချင်းပဲ ရှိသမျှ လူများကို ခေါ်ဆောင်ကာ သွားရောက်တိုက်ခိုက်သည့် အကျင့်လည်း ရှိနေသေး၏။

ယုဒြာကုန်းမြေတိုက်မှ လူများနှင့် သူသည် ဆရာတပည့်များ မဟုတ်ကြသော်လည်း အကြိမ်ပေါင်းများစွာ အတူ တကွ အလုပ်လုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်သောကြောင့် မိတ်ဆွေကောင်းများ ဖြစ်သည်ဟု သုံးသပ်၍ ရနေသည်။ သူ၏ မိတ်ဆွေကောင်းများသည် အထက်နယ်မြေ၏ ပစ်မှတ်ထားခြင်းကို ခံရသည်ဆိုမှတော့ သူသည် ကျိန်းသေပေါက် ကူညီရပေမည်။ မကူညီဘူးဆိုမှသာ သူသည် အရှက်မဲ့သလို ဖြစ်နေပေလိမ့်မည်။

“ကျုပ်....ကျွင်းချောင်ရှောင်းက ချောမောလှတယ် ဆိုပေမယ့် ကိုယ်ပိုင် ဥပဒေသနဲ့ နေထိုင်တဲ့ လူတစ်ယောက်လေ”

..............

“အရှင်”

နန်းတော်ကြီးတစ်ခုထဲမှာတော့ ခါးကုန်းကုန်းနှင့် အဘိုးအိုသည် ဇဝေဇဝါနှင့် ဖြစ်မိနေသည်။ “ကြယ်ကြွေ ကုန်းမြေတိုက်ကြီးကလည်း စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်ခဲ့တာပဲလေ၊ ဘာလို့ ယုဒြာကုန်းမြေတိုက်ကိုပဲ အပြစ်ပေးရတာလဲ”

တိမ်များ၊ မြူများနှင့် လွှမ်းခြုံလျက်ရှိနေသော အမျိုးသမီးသည် ပြောလိုက်မိ၏။ “သူတို့ကို လက်ရှိမှာ အကြိမ်ပေါင်း များစွာ အပြစ်ပေးခဲ့ပြီးပြီလေ၊ ဒါပေမဲ့ ဘာမှ လုပ်လို့မရတာ”

ခါးကုန်းကုန်းနှင့် အဘိုးအိုက တိတ်ဆိတ်ငြိမ်သက်သွား၏။ အရှင်သည် တကယ်တမ်း ကြယ်ကြွေကုန်းမြေ တိုက်ကြီးကို အပြစ်ပေးချင်သည်ဆိုပါက ကောင်းကင်အဆင့် စိတ်ဝိညာဉ်သားရဲအများအပြားအား စေလွှတ်လိုက် ရုံသာ ရှိ၏။ ထိုသို့ဆိုလျှင် တစ်စက္ကန့်အတွင်း ခံတပ်တည်နေရာကြီးသည် ပျက်ဆီးသွားမှာ သေချာ၏။

ဤအတွေးကို ကုန်းရှန့်သာ ကြားသည်ဆိုပါက ကျိန်းသေပေါက် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီးနှင့် ၎င်း၏ လောကလက်ချောင်းလက်နက်များကို ထုတ်ကိုင်ကာ အော်ဟစ်နေပေလိမ့်မည်။ “လာကြစမ်း”

..................

ဝမ် ဝမ်

ယုဒြာကုန်းမြေတိုက်၏ ခံတပ်အပြင်ဘက်မှာတော့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် လေထုထဲ၌ တစ်ကောင်ပြီး တစ်ကောင် ပေါ်လာခဲ့ကြ၏။ ၎င်းတို့သည် အစီအရီဖြင့် မတ်တပ်ရပ်နေကြ၏။

မည်မျှ များပြားလိုက်သနည်း။ ငါးထောင်၊ ငါးထောင်တိတိပင် ဖြစ်တော့သည်။ ၎င်းတို့၏ အားအင်အဆင့်မှာတော့ ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ် နှစ်ကောင်၊ မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ရာ၊ အမဲရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ငါးရာနှင့် ကျန်သည့်အားလုံးသည် အဝါရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များပင် ဖြစ်သည်။ ဤလူစာရင်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

ယုဒြာကုန်းမြေတိုက်ကြီးတွင်ရှိသော ပထမအဆင့် အကြီးအကဲများပင်လျှင် ထိုအချင်းအရာကို မြင်သည့်အချိန်မှ တော့ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် တုန်ယင်သွားမိကြသည်။

“တောင်ကြားသခင်”

အကြီးအကဲတစ်ယောက်သည် စိုးရိမ်ကြောက်လန့်စွာဖြင့် ပြေးဝင်လာပြီး ပြောလိုက်တော့ သည်။ “အပြင်မှာ တိုက်ခိုက်ရေး စိတ်ဝိညာဉ် ငါးထောင်ကျော်တောင် ရှိနေတယ်”

သူပြော၍ မပြီးခင်မှာပဲ ကဲ့ကျင်းနန်သည် ရုတ်တရက် ခုံပေါ်သို့ ပက်လက်လန်ကာ ကျသွားတော့၏။ လူအရေ အတွက်ကို ခဏထားဦး၊ ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် နှစ်ကောင်ထဲနှင့်တင် သူတို့သည် ယှဉ်ပြိုင်၍ ရလိမ့်မည် မဟုတ်ချေ။ ယုဒြာကုန်းမြေတိုက်ကြီးတွင် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ ရှိနေ၏။ သို့ပေမဲ့ ၎င်းတို့သည် လက်ရှိအခြေအနေမှာတော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် မရှိကြချေ။ သွား၍ ခေါ်ဆောင်မည် ဆိုလျှင်လည်း နောက်ကျသွားပေပြီ။

“သွားပြီပဲ”

ကဲ့ကျင်းနန်သည် မျက်နှာပျက်ယွင်းစွာဖြင့် ပြောလိုက်မိသည်။ “လုံးဝကို သွားပြီပဲ”

“အထက်နယ်မြေက ဒီလောက်များပြားတဲ့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်တွေ စေလွှတ်ခဲ့တယ်၊ ကြည့်ရတာ သူတို့က ယုဒြာကုန်းမြေ တိုက်ကြီးကို ပြင်းပြင်းထန်ထန် အပြစ်ပေးချင်တာပဲ ဖြစ်မယ်၊ တကယ်တမ်းသာ တိုက်ခိုက်ရေး စိတ်ဝိညာဉ်တွေ တိုက်ခိုက်မယ်ဆိုရင် ခံတပ် တည်နေရာကြီးကတော့ မြန်မြန်ဆန်ဆန်နဲ့ ပျက်စီး သွားတော့မှာပဲ”

ထိုအခိုက်မှာတော့ ကဲ့ကျင်းနန်သည် ငိုချင်စိတ်ပင် ပေါက်နေ၏။ သို့ပေမဲ့ မျက်ရည်များ ထွက်ကျမလာချေ။ သူမသည် အလွန်အမင်း နောင်တရလျက်ရှိနေ၏။ ဆဋ္ဌဂံကြယ်ကျောက်တုံး တစ်သိန်းကို လောဘမတက်ခဲ့ဘဲ ကျွင်းချောင်ရှောင်းနှင့်အတူ သရုပ်ဆောင်ရန် သဘောမတူညီမိခဲ့ပါက ဤကဲ့သို့ အခြေအနေမျိုးကို ရောက်ရှိလိမ့် မည် မဟုတ်ချေ။

“အပြစ်ရှိတယ်၊ ငါက အပြစ်ရှိတဲ့လူပဲ”

ကဲ့ကျင်းနန်သည် သူ၏ နှလုံးသားထဲတွင် အကြိမ်ကြိမ် အော်ဟစ်လျက် ရှိနေသည်။ အထက်နယ်မြေသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကို စေလွှတ်လိုက်ခြင်းမှာ ရည်ရွှယ်ချက် တစ်ခု တည်းသာရှိသည်။ ဤအရာမှာ ခံတပ် တည်နေရာကြီးကို ဖျက်ဆီးရန်ပင် ဖြစ်တော့၏။ အပြစ်ပေးခံရသော ဂြိုဟ်သည် ခုခံကာကွယ်ခြင်းကို မလုပ်နိုင်ပါက ခံတပ်ကြီး တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် တည်ရှိနေသော ရှေးနှစ်ပေါင်းများစွာကတည်းက ကြိုးစားခဲ့သမျှ အရာအားလုံး သည် ပျောက်ကွယ်သွားတော့မှာ ဖြစ်၏။

ယုဒြာကုန်းမြေတိုက်ကြီးသည် ဤကဲ့သို့သော အခြေအနေမျိုးရောက်အောင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရခြင်း ဖြစ်၏။ ဤတစ်ကြိမ် အရွက်တရာတောင်ကြားသခင် ဖြစ်သော သူမ .. ကဲ့ကျင်းနန်၏ လက်ထက်တွင်မှ ဤကဲ့သို့ ဆိုးရွားစွာ ပျက်စီးရသည့် အခြေအနေမျိုးနှင့် ကြုံရပေတော့မည်။ သူမသည် သူမ၏ အကြီးအကဲများကို မျက်နှာပြရန်ပင် ရှက်ရွံ့နေမိသည်။

“တောင်ကြားသခင်”

အကြီးအကဲတစ်ယောက်သည် လေးနက်စွာဖြင့် ပြောလိုက်၏။ “အခု ဘာလုပ်ရမလဲ”

ကဲ့ကျင်းနန်သည် မတ်တပ်ထရပ်ကာဖြင့် စိတ်ဆုံးဖြတ်ပြီးသည့် အမူအရာဖြင့် ပြောလိုက်တော့၏။ “တည်နေရာ ခံတပ်ကြီးအတွက် သေတဲ့အထိ တိုက်ခိုက်ကြတာပေါ့”

သူ့အနေနှင့် သူ၏ ဂိုဏ်းသားများအားလုံးကို ယုဒြာကုန်းမြေတိုက်ကြီးသို့ ပြန်ရန် အမိန့်ပေးလိုက်၏။ ထိုမှသာလျှင် ထိခိုက်နာကျင်မှုမျိုး မဖြစ်ပေါ်မှာဖြစ်သည်။ သို့ပေမဲ့ သူမ သည်ကတော့ ခံတပ်ကြီး၏ ခေါင်းဆောင်ဖြစ်သည်မို့ ဤနေရာတွင် နေထိုင်၍ ဤနေရာတွင် သေဆုံးရပေမည်။

“တိုက်ခိုက်မယ်”

“တိုက်ခိုက်မယ်”

ကျယ်လောင်သော အသံကြီးတစ်ခုသည် ခံတပ်ကြီးတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိ၏။ အရွက်တစ်ရာတောင်ကြားမှ တပည့်များအားလုံးနှင့် ယုဒြာကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူတချို့တို့သည် ၎င်းတို့၏ မျက်စိထဲ၌ တိုက်ခိုက် လိုခြင်းဆန္ဒများနှင့် ပြည့်နှက်လျက်ရှိနေတော့သည်။

ဆွစ် ဆွစ် ဆွစ်

အားလုံးသော သူများသည် ပျံသန်း၍ ထွက်ခွာလာကြ၏။

“သူတို့ ထွက်လာပြီပဲ”

“ယုဒြာကုန်းမြေတိုက်က တကယ့်ကို ရဲရင့်တာပဲ၊ သူတို့ကတောင် စပြီးတော့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်တွေကို တိုက်ခိုက်ဖို့ စဉ်းစားနေကြတယ်”

“နေအုံး... အခုထွက်လာတဲ့ လူတချို့က သတ်ဖြတ်ခြင်းကုန်းမြေထဲမှာ သေဆုံးခဲ့ကြတဲ့ လူတွေ မဟုတ်လား၊ ဘယ်လိုဖြစ်ပြီး အသက်ရှင်နေတာလဲ”

အလျင်စလိုနဲ့ ရောက်ရှိလာပြီး ပွဲလာကြည့်ကြသော သိုင်းကျင့်ကြံသူများသည် သတ်ဖြတ်ခြင်းကုန်းမြေထဲတွင် သေဆုံးသွားခဲ့ကြသော ယုဒြာကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူများကို မြင်ရသည့်အချိန်မှာတော့ မျက်လုံး များ ပြူးထွက်သွားခဲ့ကြသည်။

ပိုမို၍ မယုံကြည်နိုင်စရာ ဖြစ်နေသူမှာ တောင်ကြားသခင် ကဲ့ကျင်းနန်ပင် ဖြစ်သည်။ ၎င်းသည် ရင်ဘတ်ကို ဓားနှင့် ထိုးသွင်းခံရပြီး သေဆုံးသွားခဲ့သည်ကို သူတို့ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရ၏။ ယခု အဘယ်ကြောင့် အသက်ရှင်လျက် ရှိနေသေးသည့်အပြင် ဒေါင်ဒေါင်မြည် ပျံသန်း၍ ထွက်လာရသနည်း။

“ချီးတဲ့မှ... ဘာတွေဖြစ်နေတာလဲ”

“ကြည့်ရတာ၊ ယုဒြာကုန်းမြေတိုက်က သေချင်ယောင်ဆောင်တာကြောင့် အထက်နယ်မြေရဲ့ အပြစ်ပေးမှုကို ခံရတာနဲ့ တူတယ်”

“ဒီလိုပဲ ဖြစ်နိုင်တယ်”

ဂြိုဟ်အသီးသီးတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် အမှန်တရားကို ခပ်ရေးရေး ခန့်မှန်းလိုက်မိကြ၏။ သို့ပေမဲ့ ဤအရာသည် အရေးမကြီးချေ။ အရေးကြီးသည်မှာ ယုဒြာကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူများ အပြင်ဘက်သို့ ထွက်လာသည့်အချိန်တွင် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ထောင်ကျော်တို့၏ မျက်လုံးများသည် လင်းကနဲ လက်သွားတော့သည်။ ၎င်းတို့အားလုံးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရာမှ နိုးထလာသည့် လူများ ကဲ့သို့ပင် ဖြစ်သည်။

ဝှစ် ဝှစ်

အလွန်တရာ အားကောင်းလှသော လေလှိုင်းများ ဖြစ်တည်လာပြီးသည့်နောက် ပတ်ဝန်းကျင် တစ်ခုလုံးသည် သတ်ဖြတ်လိုခြင်း အော်ရာများနှင့် ပြည့်နှက်သွားတော့၏။

All Chapters