အခန်း (၁၀၃၀)
Vol. 70 Ch. 1030
=
တိုက်ခိုက်ပွဲအား လာရောက်ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများ အားလုံးသည် အဝေးတစ်နေရာဆီ၌ မတ်မတ်ရပ်လျက် ဆွံ့အလျက်ရှိနေကြသည်။ ကဲ့ကျင်းနန်လိုပင် ၎င်းတို့သည် ကျွင်းချောင်ရှောင်းတစ်ယောက် ရုတ်တရက် ရောက်ရှိလာပြီး တိုက်ခိုက်လိမ့်မည်ဟု မထင်မှတ်ခဲ့ကြချေ။ ထို့အပြင် လက်သီးချက်တစ်ချက်ဖြင့် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တိုက်ခိုက်လိုက်သော တံစဉ်ကြီးအား ပေါ့ပေါ့ပါးပါးဖြင့် ချိုးဖြတ်ခဲ့သည်။ ၎င်းသည် ကောင်းကင်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ဖြစ်နေသည်လား။ အားလုံးသောသူများသည် ထိုအချင်းအရာကို စဉ်းစားလျက်ရှိနေကြ၏။
စည်းဓားမော့ကြီးကို အသုံးပြုခဲ့သော ကျွင်းချောင်ရှောင်းသည် သိုင်းကျင့်ကြံသူများ၏ မျက်လုံးထဲမှာတော့ သေမင်း ကြီးတစ်ပါးလိုပင် ဖြစ်သည်။ သို့ပေမဲ့ ထိုလက်နက်မပါဘဲနှင့်ဆိုလျှင် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်သာဖြစ်သည်။ အဘယ်ကြောင့် ယနေ့တွင် ဤမျှ ကြမ်းတမ်းခက်ထန်နေရသနည်း။
ဆွစ် ဆွစ်
ထိုအချိန်မှာတော့ မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်နှစ်ကောင်တို့သည် ဘေး၊ ဘယ်ညာဆီမှ ရောက်ရှိလာ ခဲ့ကြသည်။ ၎င်းတို့၏ လက်ထဲတွင်ရှိသော လှံများသည် တလက်လက် တောက်ပနေကြသည်။
ကဲ့ကျင်းနန်သည် ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ထိတ်လန့်စွာဖြင့် သတိပေးလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ဒါက”
ဆွစ် ဆွစ်
ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်ပြီးသည့်နောက်မှာတော့ အလွန်တရာ အားကောင်းလှသော ဓားစွမ်းအင် များဖြစ်တည်လာခဲ့သည်။ ချက်ချင်းပဲ ထိုဓားစွမ်းအင်များအားလုံးသည် ကြီးမားလှသော လက်ကြီးအဖြစ်သို့ ပြောင်းလဲပြီးသည့်နောက်မှာတော့ လှံများကို ဆုပ်ကိုင်ကာဖြင့် အဝေးဆီသို့ လွင့်စင်အောင် ပစ်လိုက်တော့၏။ အားမှာ အလွန်တရာ ပြင်းထန်လွန်းသောကြောင့် မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်နှစ်ကောင်တို့၏ လက်နက်များအားလုံးသည် လက်ထဲမှ လွတ်သွားသည်သာမက အရှေ့သို့ပင် အရှိန်နှင့် ပါလာခဲ့ကြ၏။
ဘန်း ဘန်း
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ဖြင့် လှံအား ဆုပ်ကိုင်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းကာ လှံအား ချိုးဖြတ်လိုက်တော့သည်။ အနီးကပ်ဆုံးတွင် ရှိနေသော ကဲ့ကျင်းနန်သည် ထိုအချင်း အရာကို မြင်သည့်အချိန်မှာတော့ အံ့အားသင့်စွာဖြင့် မျက်စိသူငယ်အိမ်မှ မျက်လုံးများပင် ထွက်ကျလုမတတ် ဖြစ်နေတော့သည်။ မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် အဆင့်မြင့်မားလှသည် မဟုတ်သော်လည်း ၎င်းတို့၏ အားအင်အဆင့်သည် သူမထက် အနည်းငယ်သာ နိမ့်ကျလှသည်။
ကျွင်းချောင်ရှောင်းသည် ထိုတိုက်ခိုက်ရေး စိတ်ဝိညာဉ်များအား လွယ်လွယ်ကူကူဖြင့် သတ်ဖြတ်လျက် ရှိနေသည်။ ဤအရာမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ ကောင်းကင်အဆင့်၊ သူသည် ကျိန်းသေပေါက် ကောင်းကင်အဆင့်သာ ဖြစ်ပေလိမ့်မည်။
ကဲ့ကျင်းနန် အပါအဝင် သိုင်းကျင့်ကြံသူများအားလုံးသည် ထိုအရာကို ချက်ချင်းပဲ နားလည်လိုက်မိကြ၏။ အမဲရောင်နှင့် စွမ်းအားမြင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်အနည်းငယ်တို့သည် အရှေ့ဆီသို့ လှမ်းတက်ကာ တိုက်ခိုက် ကြတော့သည်။
ဆွစ် ဆွစ်
အလွန်အားကောင်းလှသော စွမ်းအင်လှိုင်းများ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တည်နေရာ တစ်ခုလုံးတွင် ရောင်စုံအလင်းတန်းများ ဖြစ်တည်နေသည်။ ကဲ့ကျင်းနန်သည် ကျွင်းချောင်ရှောင်းအား သတိမပေးခဲချေ။ မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကိုပင် လက်တစ်ချောင်းတည်းဖြင့် အလွယ်တကူ သတ်ဖြတ်ပစ်နိုင်သော အစွမ်းရှိနေသော ဂိုဏ်းချုပ်ကျွင်းအား သူမသည် သတိပေးစရာ မလိုကြောင်း နားလည်မိ၏။ သို့ပေမဲ့ များပြား လှသော စွမ်းအင်လှိုင်းများ ဂိုဏ်းချုပ်ကျွင်းအား သွားရောက်ထိမှန်သည့်အချိန်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိနေသည်။ ၎င်းသည် ခုခံခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းကို မပြုလုပ်ချေ။
အစ်ကိုကြီး.. နည်းနည်းလောက်တော့ တုံ့ပြန်ပေးလိုက်အုံးလေ။
ဘုန်း ဘုန်း ဘုန်း
စွမ်းအင်လှိုင်းများ ပေါက်ကွဲပြီးသည့်နောက် တည်နေရာတစ်ခုလုံးပင်လျှင် လှုပ်ခါလျက် ရှိနေတော့သည်။ သူမသည် ဒဏ်ရာရှိနေသည်ဖြစ်သောကြောင့် များပြားလှသော အားအင်လှိုင်းများကြားတွင် မတ်မတ် မရပ်နိုင်ချေ။ ထို့ကြောင့် မျက်လုံးကို မှိတ်လိုက်ရုံသာမက အမှတ်မထင် လက်ကိုပင် မြှောက်လိုက်မိ၏။ သို့ပေမဲ့ အသံများ အားလုံး ပျောက်ကွယ်သွားပြီးသည့်နောက် သူမသည် လုံလုံခြုံခြုံဖြင့် တည်ရှိနေသည်ဖြစ်ကြောင်းကို သိရှိလိုက်မိသည်။
ထို့ကြောင့် မျက်လုံးကို အလျင်အမြန်ဖွင့်ကာဖြင့် ကြည့်ရှုလိုက်သည့်အချိန်တွင် သူမ၏ အရှေ့တွင် လူတစ်ယောက် ရှိနေသည်ကို မြင်လိုက်ရ၏။ မဟုတ်ပေ။ လူတစ်ယောက် မဟုတ်ပေ။ ထိုအရာမှာ ဒယ်အိုးကြီးတစ်ခုသာဖြစ်သည်။ အလွန်တရာ ကြီးမားလှသော ဒယ်အိုးပင် ဖြစ်၏။
“အိုးကြီးလား” အားလုံးသော ကျင့်ကြံသူများသည် ဆွံ့အသွားခဲ့ကြသည်။
ကဲ့ကျင်းနန်၏ အရှေ့တွင်ရှိသော ဒယ်အိုးကြီးသည် ချာချာလည်ပြီးသည့်နောက် အလင်းတန်းတစ်ခုကဲ့သို့ပင် ပြေးထွက်သွား၏။
ဖောင်း ဖောင်း ဖောင်း
လမ်းတလျှောက်တွင်ရှိနေသော အဝါရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် ထိုဒယ်အိုးကြီး ထိမှန်ပြီး သည့်နောက်မှာတော့ ခေါင်းတွေပင် ကျွတ်ထွက်ကုန်ကြသည်။
ဖောင်း
ဒယ်အိုးကြီးသည် ချာချာလည်ပြီးသည့်နောက် အလွန်တရာ မြန်ဆန်သည့်နှုန်းထားဖြင့် လှည့်လည်သွားလာလျက် ရှိပြီး လမ်းတလျှောက်တွင် ရှိနေသော အဝါရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ရာကျော်တို့အား အလစ် အငိုက်ဖမ်းကာ တိုက်ခိုက်ခဲ့၏။ ရှောင်ကျီသည် လက်ကို အသာမြှောက်လိုက်ပြီးသည့်နောက် သူ၏ အရှေ့တွင် ဒယ်အိုးကြီး ပြန်ပေါ်လာခဲ့သည်။ သူသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များအား တစ်ချက်လှမ်းကြည့်ကာဖြင့် ဂုဏ်ယူစွာ ပြောလိုက်၏။ “ကျုပ်က ရှောင်ကျီ... ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ၊ တိုက်ခိုက်ဖို့ တောင်းဆိုပါတယ်”
.............
ဂြိုဟ်အသီးသီးတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် မြေပေါ်သို့ လဲကျလုမတတ် ဖြစ်သွားသည်။ ၎င်းတို့၏ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးသို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်၏။ ထို့ကြောင့် များပြားလှသည့် တိုက်ခိုက်ပွဲ များကို ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသူများလည်း ဖြစ်သည်။ ထို့ကြောင့် လက်နက် အမျိုးအစား အစုံအလင်ကို မြင်ဖူးခဲ့ကြပြီ ဖြစ်သည်။ သို့သော်ငြား တစ်စုံတစ်ယောက်သည် ဟင်းချက်ရာတွင် အသုံးပြုသည့် ဒယ်အိုးကြီးကို အသုံးပြု၍ တိုက်ခိုက်နေသည်ကို မြင်ရခြင်းမှာတော့ ပထမဦးဆုံး အကြိမ်သာ ဖြစ်တော့သည်။
ကြည့်ရှုလိုက်သည် ဆိုသည်နှင့် ထိုအရာအား ဒိုင်းကဲ့သို့ ကာကွယ် အသုံးပြုနေခြင်းဖြစ်ကြောင်း သူတို့ နားလည် သိရှိမိသည်။ သို့ပေမဲ့ သူတို့အား ပိုမို၍ ထိတ်လန့်တုန်လှုပ်စေသည်မှာ ဤပြိုင်စံရှားဂိုဏ်းတပည့်၏ အားအင် အဆင့်သည် အဝါရောင် အဆင့် စဦးသိုင်ကျင့်ကြံသူ တစ်ယောက်သာဖြစ်တော့သည်။ အဘယ်ကြောင့် များပြားလှသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များအား လွယ်လွယ်ကူကူဖြင့် တိုက်ခိုက် သတ်ဖြတ်နိုင်နေသနည်း။ ဖြစ်နိုင်ဖွယ်ရာမှာ တစ်ခုတည်းသာ ရှိတော့သည်။ ဤဒယ်အိုးကြီးသည် သာမန်မဟုတ်ခြင်းပင် ဖြစ်၏။
ရွှီး ရွှီး
အဝေးတစ်နေရာတွင် ရှိနေသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်ရာကျော်တို့သည် ရှောင်ကျီ၏ လှောင်ပြောင်မှုကို မခံစားနိုင်သောကြောင့် ၎င်းတို့၏ လက်နက်များကို ကိုင်ဆွဲကာဖြင့် အရှေ့သို့ လှမ်းတက်လာခဲ့ကြတော့သည်။ ၎င်းတို့၏ မျက်လုံးထဲတွင်ရှိသော အနီရောင်အလင်းတန်းများသည် ပိုမိုကာ တောက်ပလာခဲ့သည်။
ရွှီး
ဓားထုတ်သံတစ်ချက် ထွက်ပေါ်လာပြီးသည့်နောက် အားလုံးသည် အလျင်အမြန်ပဲ ထိုအသံ ထွက်ပေါ်ရာဆီသို့ လှမ်း၍ ကြည့်လိုက်မိသည်။ ဒယ်အိုးကို ကိုင်ဆောင်ထားသော ရှောင်ကျီ၏ အပေါ်မှာတော့ လူတစ်ယောက်သည် မတ်မတ်ရပ်လျက် ရှိ၏။ ထိုသူ၏ ညာလက်သည် ဓားကို စွဲမြဲစွာဖြင့် ကိုင်ဆောင်ထားခဲ့၏။ အေးစက်သည့် လေပြေ လှိုင်းများသည် ထိုသူ၏ ဆံနွယ်များအား အနောက်ဘက်သို့ လွင့်စင်နေစေပြီး ထက်မြက်လွန်းလှသော ဓားကဲ့သို့ မျက်လုံးတစ်စုံကို ပိုင်ဆိုင်သည်။
“ဓားထိန်းချုပ်မှုအဆင့်”
“ဓားပျံသန်းမှုအဆင့်”
ကျင့်ကြံသူများအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားမိကြ၏။ ၎င်းတို့၏ ဂြိုဟ်အသီးသီး၌ မတူညီသည့် နာမည် များရှိသည်ဆိုသော်လည်း ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်တော့ ဤအရာသည် ဓားအုပ်စိုးသူအဆင့်ပင် ဖြစ်၏။
“စီနီယာအစ်ကိုရှောင်”
ကျိုးဟုန်သည် ဓားကို ကိုင်ဆောင်ရင်းမှ လှမ်း၍ ပြောလိုက်သည်။ “စောနတုန်းက တိုက်ခိုက်လိုက်တာ သူတို့ရဲ့ ဟာကွက်တွေ အများကြီး ပေါ်လာတယ်၊ နောက်တစ်ကြိမ်ကျရင် သူတို့ကို ဒီလိုပဲ ထပ်ပြီးတော့ တိုက်ခိုက်မယ်”
ရှောင်ကျီသည် သူ၏ ဒယ်အိုးကြီးကို ကိုင်ဆောင်ကာဖြင့် ပြောလိုက်၏။ “ပြဿနာ မရှိဘူး”
“.........”
အားလုံးသောသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွားမိ၏။ အဝါရောင်အဆင့် သိုင်းကျင့်ကြံသူတစ်ယောက်သည် အရှေ့သို့ ပြေးတက်၍ တိုက်ခိုက်သည်ဆိုသည်မှာ ထူးခြားလှသည့် ကိစ္စတော့ မဟုတ်ချေ။
သို့ပေမဲ့ အရှေ့တွင် ရှိနေသော ရန်သူတစ်ရာလောက် ရှိနေခြင်းသည် ထူးခြားသော ကိစ္စပင် ဖြစ်လို့နေ၏။ တကယ်တမ်း ထိုသို့သော လူအုပ်ကြီးထဲသို့ ဝင်ရောက်၍ တိုက်ခိုက်မည်ဆိုလျှင် အမဲရောင်အဆင့် သိုင်းကျင့်ကြံသူပင်လျှင် ကြံ့ကြံ့ခံ ရပ်တည် နိုင်လိမ့်မည် မဟုတ်ပေ။
ဆွစ် ဆွစ်
ထိုအချိန်မှာတော့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်ရာကျော်တို့ အားလုံးသည် ၎င်းတို့၏ စွမ်းအင်များကို ထုတ်ဖော်၍ အရှေ့သို့ လှမ်းတက်လာကြ၏။ ၎င်းတို့သည် ဓားချီ၊ ဓားမော့ချီ၊ လှံချီ စသည့်အရာများ အားလုံးကို ထုတ်ဖော်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။ ကောင်းကင်ယံအထက်၊ အလယ်ပိုင်းနှင့် အောက်ပိုင်းတစ်ခုလုံးသည် စွမ်းအင် လှိုင်းများ ပြည့်နှက်လျက်ရှိပြီး ရှောင်တိမ်းနိုင်စွမ်း ရှိသည့်နေရာဟူ၍ပင် မရှိတော့ချေ။
“လာစမ်း” ရှောင်ကျီ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။ ဘန်း ဟူသော အသံနှင့်အတူ သူသည် လေဟာနယ်ထဲသို့ လှမ်းတက်လိုက်တော့သည်။
ရွှီး
သူ၏ ရှေ့တွင်ရှိနေသော ဒယ်အိုးကြီးသည် အရှေ့ဆီသို့ ပျံသန်းထွက်ခွာသွားပြီးသည့်နောက်မှာတော့ သူသည် အားရပါးရ အော်ဟစ်လိုက်၏။ “မြှောက်စမ်း”
ဝှစ်
ရွှေရောင်အလင်းတန်းများ ဖြစ်သန်းသွားပြီးသည့်နောက် ကောင်းကင်ယံထက်တွင် အလင်းတန်းများ တဖျတ်ဖျတ် နှင့် လင်းလက်လာခဲ့သည်။
“ချီးတဲ့မှ” သိုင်းကျင့်ကြံသူများသည် တည်နေရာမှာတင် ကြက်သေသေသွားမိ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မြင်ကွင်း တစ်ခုလုံးတွင် အလင်းတန်းများ ဖြစ်တည်လျက်ရှိပြီး အလွန်တရာ ကြီးမားလှသည့် ခေါင်းလောင်းကဲ့သို့သော အကာအကွယ်ကြီးတစ်ခုသည် ပေါ်လာခဲ့တော့သည်။ ထိုခေါင်းလောင်းကြီးသည် ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးကို ဖုံးလွှမ်းကာ ကာကွယ်ပေးလျက် ရှိနေ၏။
“ဗုဒ္ဓကျင့်ကြံသူလား” တစ်စုံတစ်ယောက်က ခန့်မှန်းလိုက်မိသည်။ ဤအရာမှာ ဗုဒ္ဓကျင့်ကြံနည်းစနစ် မဟုတ်ချေ။ ဒယ်အိုးကြီး၏ တခြားသော လုပ်ဆောင်နိုင်မှုပင် ဖြစ်သည်။ ဤအရာသည် အဆုံးမဲ့ တိုက်ခိုက်မှုလောက် အားမကောင်းလှဘူးဆိုသော်လည်း တခြားသူများ၏ တိုက်ခိုက်မှုကို ခိုင်မာစွာဖြင့် ကာကွယ်ပေးထားနိုင်၏။ ထို့ကြောင့် ရွှေအိုး အကာအကွယ်ဟုလည်း ခေါ်ဆိုသည်။
ဝုန်း ဝုန်း ဝုန်း
ထိုအချိန်မှာတော့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်ရာကျော်တို့၏ တိုက်ခိုက်ရေး နည်းလမ်းသည် ရောက်ရှိလာခဲ့ သည်။ သို့ပေမဲ့ ရွှေအိုးအကာအကွယ်သည် ထိုအရာများအားလုံးကို တားဆီးကာကွယ်ထားခဲ့၏။ အားလုံး၏ အရှေ့တွင် မတ်မတ်ရပ်လျက်ရှိနေသော ရှောင်ကျီသည် အနည်းငယ် မျက်နှာဖြူလျော်သွားခဲ့သည် ဆိုသော်လည်း ကြီးမားသော အိုးကြီးကို ကိုင်ဆောင်ပြီးသည့်နောက် ရွှေရောင်အတားအဆီးကို ထောက်ပံ့ပေးထားနိုင်သေး၏။ သူက ကြုံးဝါးလိုက်သည်။ “ဂျူနီယာညီလေးကျိုး.... ဆက်ပြီးတော့ ကြာကြာမခံနိုင်တော့ဘူး”
ဝှစ်
ရုတ်တရက်ဆိုသလိုပဲ ကောင်းကင်ယံထက်၌ တစ်လက်လက် တောက်ပနေသော အလင်းတန်းများ ဖြစ်တည်လာ ပြီးသည့်နောက်မှာတော့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ အပေါ်သို့ ကျဆင်းလာခဲ့တော့၏။ ဤအားအဟုန်များ သည် ချောင်းများ၊ မြစ်များကိုပင် ထိုးခွင်းဖျက်ဆီးနိုင်စွမ်းရှိသည့် အားအဟုန်များ ပါဝင်လျက်ရှိသည်။
ဤအရာသည် ကျိုးဟုန်တစ်ယောက် တိုက်ခိုက်ခြင်းပင်ဖြစ်သည်။ ဤဓားတိုက်ခိုက်ချက်သည် ကြောက်မက် ဖွယ်ရာ ကောင်းလွန်းလှ၏။ ကြည့်ရှုနေကြသောသူများ၏ မျက်လုံးထဲ၌ တည်နေရာပတ်ဝန်းကျင်တစ်ခုလုံးတွင် ဓားများ ဖုံးလွှမ်းလျက် ရှိနေသည်ကိုသာ မြင်နေရ၏။
ချလွမ်
ကျိုးဟုန်သည် ဓားအား ဓားအိမ်ထဲသို့ ပြန်၍ ထည့်လိုက်တော့သည်။ အေးစက်သည့် လေအေးများသည် သူ့အား ဖြတ်၍ တိုက်ခိုက်လျက်ရှိသည်။
ရွှီး ရွှီး
ခဏလောက် ကြာပြီးသည့်နောက် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ရာကျော်တို့သည် ဦးခေါင်းနှင့် ခန္ဓာကိုယ် တခြားစီဖြစ်သွားခဲ့ကြ၏။
ဘုတ် ဘုတ် ဘုတ်
ချပ်ဝတ်များ၊ ခေါင်းဆောင်းများ၊ လက်နက်များ အားလုံးသည် မြေပေါ်သို့ တဘုတ်ဘုတ်ဖြင့် ကျဆင်းလာကြ၏။
ကြည့်ရှုနေကြသူများသည် ဤကဲ့သို့အဆင့် ဓားတာအိုကို ကျွမ်းကျင်ပိုင်နိုင်သောလူများနှင့် တွေ့ဆုံခဲ့ကြ၏။ သို့ပေမဲ့ တိုက်ခိုက်ချက် တစ်ချက်တည်းနှင့် အဝါရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်ရာကျော်တို့အား သတ်ဖြတ်ခြင်းဆိုသည်မှာတော့ အလွန်တရာ အားကောင်းလို့နေသည်။ ထို့အပြင် တစ်ဖက်လူ တိုက်ခိုက်လိုက် သည့် ပုံပန်းသွင်ပြင်ကို ကြည့်ရသည်မှာ အလွန် သက်တောင့်သက်သာ ပုံပန်းသွင်ပြင်မျိုး ဖြစ်လို့နေ၏။
ကျွတ် ကျွတ်
ကျွင်းချောင်ရှောင်းက ရေရွတ်လိုက်သည်။ “ငါ့တပည့်က ဓားကို ထုတ်ပြီး တိုက်ခိုက်လိုက်တဲ့အချိန်မှာ တကယ့်ကို ပြိုင်စံရှားလောက်တဲ့ ဓားအားအင်တွေကို ထုတ်ဖော်အသုံးပြုနိုင်ခဲ့တာပဲ၊ အဆင့်ချိုးဖြတ်ပြီးတဲ့နောက်မှာ သူက လင်းကျန့်ဓားသိုင်းရဲ့ ဒုတိယတိုက်ကွက်ကို နက်နက်နဲနဲ နားလည်သွားခဲ့ တာပဲ ဖြစ်ရမယ်”
“ပေါက်ကရတွေ”
စနစ်က ပြောလိုက်သည်။ “သူက တကယ့်ကို ပါရမီရှင် ဓားကျင့်ကြံသူတစ်ယောက်လေ၊ နေ့စဉ် နေ့တိုင်း ဓားလမ်းစဉ်ကို နားလည်ဖို့အတွက် အလွန်အမင်း ကြိုးစားနေခဲ့တဲ့လူပဲ၊ လက်ခံသူလိုမျိုး....”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘာဖြစ်လဲ၊ ငါ ဆေးသောက်ခဲ့တာလေ”