အခန်း (၁၀၃၁)
Vol. 70 Ch. 1031
ကျိုးဟုန်၏ တိုက်ခိုက်မှုသည် အလွန်တရာ အားကောင်းလွန်းလှသောကြောင့် အဝါရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်ရာကျော်တို့သည် သေဆုံးသွားခဲ့ကြပြီဖြစ်သည်။ ထိုအချင်းအရာသည် အားလုံးသော သူများကို ထိတ်လန့်တုန်လှုပ်စေခဲ့၏။ သို့ပေမဲ့ ဤအရာမှာ မပြီးဆုံးသေးချေ။ အဘယ်ကြောင့်ဆိုသော် ရှောင်ကျီ၊ ရီရှင်းချန်၊ လီချင်းယန်၊ ခရမ်းရောင်ဘုရင်တို့သည် အားလုံး အံ့အားသင့်စရာ နတ်ဘုရားလက်နက်များကို ထုတ်ဖော်ကာဖြင့် ဝင်ရောက်တိုက်ခိုက်နေသောကြောင့် ဖြစ်သည်။
ရွှီး ရွှီး
ဘုန်း ဘုန်း ဘုန်း ဘုန်း
“ဒီလူတွေရဲ့ လက်နက်တွေက အရမ်းကို ကောင်းတာပဲ” သိုင်းကျင့်ကြံသူများသည် ထ၍ အော်လိုက်မိကြ၏။
ရွှီး ရွှီး
ကဲ့ကျင်းနန်သည်လည်း ဆွံ့အလျက်ရှိနေကြသည်။ သတ်ဖြတ်ခြင်းကုန်းမြေထဲသို့ ဝင်ရောက်သည့်အချိန်တွင် ၎င်းတို့သည်သာ သရုပ်ဆောင်နေခြင်း မဟုတ်ဘဲ အစစ်အမှန် တိုက်ခိုက်မည်ဆိုပါက ဂိုဏ်းချုပ်ကျွင်းနှင့် သူ၏ တပည့်များ လက်ချက်နှင့် အားလုံးသေဆုံးကုန်မည်မှာ သေချာသည်။
“တောင်ကြားသခင်ကဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခံတပ်ထဲကို အရင်ဆုံး ဝင်သွားပါအုံး၊ ဒီကိစ္စကို ဒီကျွင်းရဲ့ တာဝန်ထားလိုက်တော့”
ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်နှင့် တခြားသော တိုက်ခိုက်ရေး စိတ်ဝိညာဉ် ငါးထောင်ကျော်တို့ သည် အတွေ့အကြုံအမှတ်များပင် ဖြစ်နေ၏။ ထို့ကြောင့် ကုန်းရှန့်သည် သူ၏တပည့်များ အနေဖြင့် အကောင်းဆုံး အတွေ့အကြုံရစေရန် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းကိုသာ လိုလားနေသည်။ တခြားသောသူများကို ထိုအတွေ့အကြုံများ မမျှဝေပေးချင်ပေ။
“ကောင်းပါပြီ” ကဲ့ကျင်းနန်သည် မငြင်းပယ်ချေ။ အလျင်အမြန်ပဲ အနောက်သို့ ဆုတ်သွားခဲ့၏။ အရွက်တစ်ရာ တောင်ကြားမှ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များ အားလုံးသည်လည်း တိုက်ခိုက်နေရာမှ ရပ်တန့်လိုက်ပြီး သည့်နောက် အလျင်အမြန်ပဲ ခံတပ်ထဲသို့ ဝင်ရောက်ကာ ကြမ်းတမ်းလှသည့် တိုက်ခိုက်ပွဲကြီးကို ကြည့်ရှုသည့် ပရိသတ်အဖြစ်သာ နေထိုင်နေကြတော့၏။
“တပည့်တို့... နားထောင်ကြ”
ကျွင်းချောင်ရှောင်းသည် ယုဒြာကုန်းမြေတိုက်ကြီး၏ အပြင်ဘက်တွင် မတ်မတ် ရပ်လျက်ရှိပြီး အားရပါးရ ပြောလိုက်တော့သည်။ “ဒီအမှိုက်တွေအကုန်လုံးကို ဖျက်ဆီးလိုက်ကြတော့”
“ကောင်းပါပြီ” ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် ကျန်းယန်ဝတ်စုံများကို ဝတ်ဆင်ကာဖြင့် ၎င်းတို့၏ နဂါးသွားဓားမော့၊ နဂါးသွားလှံနှင့် နဂါးသွားလေးများအားလုံးကို ထုတ်ဖော်ကာဖြင့် ဝင်ရောက်တိုက်ခိုက်ကြတော့ သည်။
ဘုန်း ဘုန်း
ထိုအချိန်မှာတော့ ယုဒြာကုန်းမြေတိုက်ကြီး၏ အပြင်ဘက် ကောင်းကင်ယံထက်တွင် မီးရှုးမီးပန်းများ ဖောက်လိုက် သကဲ့သို့ပင် အလင်းတန်းများ ဖြစ်တည်လျက် ရှိနေ၏။
ဝှစ်
ရုတ်တရက် မြားကဲ့သို့သော အလင်းတန်းတစ်ခုသည် လေဟာနယ်ကို ဖြတ်သန်းပြီးသည့်နောက်မှာတော့ အဝါရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်ကောင်၏ ခေါင်းဆီသို့ ဖောက်ထွင်းသွားတော့သည်။ ပြီးသည့် နောက် တိုက်ခိုက်ရေး စိတ်ဝိညာဉ်၏ အသိစိတ်သည် ချက်ချင်း ပျောက်ကွယ်ပြီး မြေပေါ်သို့ ပြုတ်ကျသွားသည်။
“ချီးတဲ့မှ...”
နဂါးသွားလေးကို လက်ထဲတွင် ကိုင်ထားသော လီထျန်းထျန်းသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ပေးထားတဲ့ ဒီလေးက အရမ်းအားကောင်းတာပဲ”
မိုးဆွေဟောခန်း၏ တပည့်တစ်ယောက်ဖြစ်သောသူသည် စတိုးထဲတွင်ရှိနေသော သေနတ်နှင့် ရင်းနှီးပြီးသား ဖြစ်၏။ သို့ပေမဲ့ ဤသဘာဝဆန်လှသော လေးသည် ပိုမိုကာ အားကောင်းလွန်းနေခဲ့သည်။
တပည့်များထဲတွင် ရှောင်ကျီသည် အဝေးရောက်လက်နက်များကို အသုံးပြုရာတွင် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် လက်ရှိ အခြေအနေမှာတော့ သူသည် ကျောဘက်တွင် ဒယ်အိုးကြီးကို သယ်ဆောင်ထားပြီး နဂါးသွားလေးကို လက်ထဲတွင် ကိုင်ကာ အားရပါးရဖြင့် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ပစ်လွှတ်ခြင်းကို ပြုလုပ်လျက် ရှိနေ၏။
၎င်းပစ်လွှတ် တိုက်ခိုက် ခဲ့သော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ၏ ခေါင်းသည် မြားများဖောက်ထွင်းဝင်ရောက်ပြီးသည့်နောက် တစ်ကောင်ပြီး တစ်ကောင် မြေပေါ်သို့ ပြုတ်ကျကာ သေဆုံးကုန်တော့သည်။
ဘုန်း ဘုန်း ဘုန်း
လူအုပ်ကြားထဲမှာတော့ လုံကျိရန်သည် ကျန်းယန်ဝတ်စုံကို ဝတ်ဆင်ကာဖြင့် အကောင်းဆုံး အစွမ်းပြလျက် ရှိနေ၏။ လီဖေး၊ ထျန်းချီ၊ ဟုန်လင်နှင့် တခြားသောသူများ အားလုံးသည်လည်း အရှေ့သို့ ပြေးတက်လာကြပြီး အဝါရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ကြ၏။
မြေအဆင့်နှင့် အမဲရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကိုတော့ အဘိုးကြီးတင်း၊ ကျန့်ရာနှင့် တခြားသူများက တာဝန်ယူ ရင်ဆိုင်လျက် ရှိနေသည်။ ပြိုင်စံရှားဂိုဏ်းနှင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် ငါးထောင်တို့၏ တိုက်ခိုက်ပွဲသည် အလွန်တရာ ကြမ်းတမ်းလှသော တိုက်ပွဲကြီးအဖြစ် ဖြစ်တည်လျက် ရှိနေတော့သည်။
ယုဒြာကုန်းမြေတိုက်ကြီး၏ အပြင်ဘက်မှာတော့ မိုးကြိုးများ ရစ်သိုင်းလျက်ရှိသော လီချင်းယန်သည် အဝါရောင် အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် ဆယ့်နှစ်ကောင်တို့နှင့် တိုက်ခိုက်လျက်ရှိနေသည်။ သူသည် ဝိုင်းရံခံထားရသည် ဖြစ်သော်လည်း နတ်ဘုရားလက်နက်ကို လက်ထဲတွင် ကိုင်ထားသည့်အချိန်မှာတော့ မည်သည့် အန္တရာယ်မှ မရှိသည့် အပြင် အချိန်ကိုက် ပြန်လည် တုန့်ပြန်တိုက်ခိုက်မှုမျိုးကိုလည်း ပြုလုပ်လျက် ရှိနေ၏။
ရီရှင်းချန်၊ ရှောင်ကျီနှင့် တခြားသောသူများ အားလုံးသည်လည်း အတူတူပင် ဖြစ်သည်။ သို့ပေမဲ့ ယုဒြာကုန်းမြေ တိုက်ကို အပြစ်ပေးရန် ရောက်ရှိလာခဲ့ကြသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များမှာ ငါးထောင်ကျော် ရှိပြီး အလွန်တရာ များပြားလွန်းလှ၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့်များမှာတော့ လေးဆယ်၊ ငါးဆယ်ခန့်သာ ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် လူတစ်ယောက်လျှင် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ရာလောက်နီးပါးနှင့် ယှဉ်ပြိုင် တိုက်ခိုက်နေရသည်ဟု ဆိုရမည်။
ဘုန်း ဘုန်း
ကောင်းကင်ယံထက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ စက်အတောင်ပံကို အသက်သွင်းကာဖြင့် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်ကောင်နှင့် ရင်ဆိုင်ယှဉ်ပြိုင်လျက်ရှိနေသည်။ အချိန်တိုင်းမှာပင် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာဖြင့် တပည့်များကို ကြည့်ရှုလျက် ရှိနေသည်။
“ယုဒြာကုန်းမြေတိုက်ကို အပြစ်ပေးဖို့ ရောက်လာတဲ့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်တွေက မများလွန်းဘူးလား”
အကြိမ်ပေါင်းများစွာ အပြစ်ပေးခြင်းခံရသော ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာတော့ လာရောက် အပြစ်ပေးခြင်းကို ရံဖန်ရံခါ ခံနေရသည်ဆိုသော်လည်း ရောက်လာသည့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ၏ အားအင်နှင့် အရေ အတွက်သည် အကန့်အသတ်ဖြင့် ရှိလို့နေ၏။
ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။ “ငါ့ရဲ့ သေလမ်းရှာတဲ့ အပြုအမူတွေက သိပ်ပြီး မလုံလောက်သေးလို့ အထက်နယ်မြေက သိပ်ဂရုမစိုက်တာ ဖြစ်လိမ့်မယ်”
“.........” စနစ် က ငြိမ်သက်သွားသည်။
အမွေအနှစ်ဥကြီးတစ်ခုအတွက် တခြားသော ဂြိုဟ်အသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူ နှစ်သောင်းကျော်ကို သတ်ဖြတ်ပြီးသည့်အပြင် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင်ရှိသော အမွေအနှစ်များ အားလုံးကို ရူးရူးမူးမူးနှင့် လုယူ ခိုးယူလျက်ရှိနေသည်။ ထို့ကြောင့် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီး ထဲတွင် မြေအဆင့် ရတနာများ ဆိုသည်မှာ သိပ်တာင် မကျန်တော့ချေ။ အလွန်တရာ အန္တရာယ်များလှသော သေလမ်းရှာ ခြင်းကိစ္စကို ပြုလုပ်နေသည့်သူတစ်ယောက်အနေဖြင့် မလုံလောက်သေးဟု ဆိုနေချေသည်။
စနစ်က ပြောလိုက်၏။ “တကယ်တော့ အထက်နယ်မြေဆီကနေ ရောက်ရှိလာတဲ့ အပြစ်ပေးမှုက ကြယ်ကြွေ ကုန်းမြေတိုက်ကြီးအပေါ်မှာ ပေါ့ပါးနေတယ်လေ၊ ဒါကြောင့် လက်ခံသူက ရဲရဲဝံ့ဝံ့ သေလမ်းရှာနေရဲတာပဲ ဖြစ်ရမယ်”
“ဒီနေရာမှာ တစ်စုံတစ်ခု ထူးခြားနေတယ်လို့ ထင်မိတယ်၊ ဟုတ်တယ်မလား” ကျွင်းချောင်ရှောင်းက မေးလိုက် သည်။
စနစ်က ပြောလိုက်၏။ “လက်ခံသူကလည်း သတ်ဖြတ်ခြင်းကုန်းမြေထဲမှာ သေချင်ဟန်ဆောင်နေခဲ့တာပဲ၊ အပြစ် ပေးရမယ်ဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးကိုလည်း အပြစ်ပေးရမှာပေါ့၊ ဘာလို့ ယုဒြာကုန်းမြေတိုက်ကြီးကိုပဲ အရင်ဆုံး အပြစ်ပေးရတာလဲ”
ဘုန်း
ကျွင်းချောင်ရှောင်းသည် သူ့ဆီသို့ ရောက်ရှိလာသော တံစဉ်ကြီးအား လက်သီးဖြင့် ထိုးကာ လွင့်စင်အောင် ပြုလုပ် ပြီးနောက် ပြောလိုက်သည်။ “အထက်နယ်မြေက မမြင်ချင်ယောင် ဆောင်ထားလို့ပေါ့”
“သိပ်မှန်တာပေါ့၊ ဒါက မမြင်ချင်ယောင် ဆောင်ထားတာပဲ”
စနစ်က ပြောလိုက်သည်။ “ဒါပေမဲ့ ယုဒြာကုန်းမြေ တိုက်ကို အပြစ်ပေးဖို့အတွက်ကတော့ ငရဲခန်းတစ်ခုလို ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်ရေး စိတ်ဝိညာဉ် တွေ အများအပြားကို စေလွှတ်လိုက်တယ်လေ၊ ဒါက ဒီအထဲမှာ ရှင်းပြလို့ မရနိုင်တဲ့ တချို့သော အကြောင်းအရာ တွေ ပါလိမ့်မယ်”
............
ဝှစ် ဝှစ်
ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ သူ၏ လက်ထဲတွင်ရှိသော တံစဉ်ကြီးသည် ကြီးမားသည့်အလင်းတန်းကြီးကို ဖြစ်ပေါ်စေပြီးသည့်နောက်မှာတော့ လေဟာနယ်ကို ထိုးခွင်းကာ ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိလာ၏။ ကျွင်းချောင်ရှောင်းမှာ စနစ်နှင့် ပြောဆိုနေသည်ကို ချက်ချင်းရပ်တန့်ပြီး သည့်နောက်မှာတော့ အေးစက်သည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ငါ ဖြစ်နိုင်သမျှ ဒီကောင်တွေကို အရင်ဆုံး ရှင်းပစ်ရမယ်၊ ဒါမှ ငါ့တပည့်တွေ အန္တရာယ် မများမှာ”
ကြည့်ရသည်မှာ ပြိုင်စံရှားဂိုဏ်းသည် အထက်စည်းမှ ရှိမနေပေ။ အချိန်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်ထောင်ကျော်တို့၏ ဖိအားပေးမှုကိုပင် ခံနေရ၏။ ထို့ကြောင့် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များအား အမြန်လက်စသတ် ဖြေရှင်းရန် လိုအပ်နေ၏။ ထိုမှသာလျှင် သူ၏ တပည့်များကို ပိုမိုကာ ကူညီနိုင်မှာ ဖြစ်၏။
ပြောရမည်ဆိုလျှင် အဘိုးကြီးတင်း၊ ကျန့်ရာနှင့် တခြားသောသူများပင်လျှင် ကြာရှည်ခံလိမ့်မည် မဟုတ်ချေ။ မြေအဆင့်နှင့် အမဲရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် လေး၊ ငါးရာကျော်ရှိနေ၏။ ထို့ကြောင့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသော လူအရေအတွက်ဟုပင် ဆိုရမည် ဖြစ်၏။ အချိန်ကြာရှည်စွာ တိုက်ခိုက်နေမည်ဆိုပါက အားလုံး သေဆုံးကုန်မှာ သေချာသည်။
တိုက်ခိုက်မှုအလယ်တွင် ရောက်နေသော ကုန်းစွန်းဟောင်ဟိုင်သည် အလစ်အငိုက်မိပြီးသည့်နောက်မှာတော့ အမဲရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ဒါဇင်ကျော်၏ တိုက်ခိုက်ချက်များကို ခံယူခဲ့ရတော့၏။
“ချီးတဲ့မှ...” ကျွင်းချောင်ရှောင်းသည် ကျန်းယန်မျက်နှာဖုံးကို ကောက်တပ်ကာဖြင့် ကျန်းယန်ဓားကို ဘယ်ဘက် လက်တွင်ကိုင်၏။ နဂါးသွားဓားမော့ကို ညာဘက်လက်တွင် မြဲမြဲကိုင်လိုက်သည်။
ဟူး ဟူး
သူ၏ လက်နက်ပစ္စည်းများ၏ ထောက်ပံ့မှုနှင့်အတူ အလွန်တရာ အားကောင်းလှသော ထုတ်ဖော်တိုက်ခိုက်ချက် များကို ပြုလုပ်နိုင်နေပြီဖြစ်၏။
“ချိုးဖြတ်စမ်း၊ ချိုးဖြတ်စမ်း”
ဘုန်း ဘုန်း ဘုန်း
တိုက်ခိုက်ရေးစွမ်းအင်နှစ်ခုသည် လေထုထဲတွင် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တည်နေရာ ပတ်ဝန်းကျင် တွင် ဖုန်များပင် အလိပ်လိပ် ဖြစ်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် ရှေ့သို့ တိုးသွားပြီးသည့်နောက်မှာတော့ သူ၏ လက်ကို မြှောက်ကာဖြင့် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်အား ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
“သေစမ်း”
ဝှစ် ဝှစ်
ဓားအလင်းတန်းများနှင့် ဓားမော့အလင်းတန်းများသည် ကောင်းကင်ယံတွင် ဖြစ်တည်လာ၏။ ပြီးသည့်နောက် မှာတော့ အလွန်တရာ ထူထဲလှပါသည်ဆိုသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်၏ ချပ်ဝတ်ကြီးကို ခုတ်ဖြတ်သွား တော့သည်။
ဒွီး ဒွီး
ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်သည် လျှပ်စီးလက်သကဲ့သို့ ဟိုမှဒီ ပြေးလွှားတိုက်ခိုက်ခြင်းကို ပြုမူလျက် ရှိနေ၏။ သူ၏လက်ထဲတွင်ရှိနေသော ဓားနှင့် ဓားမော့တို့ နှစ်ခုလုံးသည် အလွန်မြန်ဆန်စွာဖြင့် လှုပ်ရှားလျက် ရှိနေ၏။
ပြိုင်စံရှားဂိုဏ်းတပည့်များ၏ တိုက်ခိုက်မှုကို ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် အလွန် စိတ်အားတက်ကြွမှုကိုပင် ခံယူနေကြရ၏။ ခဏအကြာမှာတော့ ကျွင်းချောင်ရှောင်းနှင့် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် သည် လေထုထဲတွင် ငြိမ်ကနဲ ရပ်တန့်သွားခဲ့ကြသည်။
အားလုံးသောသူများသည် မျက်လုံးအပြူးသားဖြင့် စဉ်းစားလိုက်မိကြ၏။ အဘယ်ကြောင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်နှင့် ကျွင်းချောင်ရှောင်းသည် တည်နေရာထဲတွင် ရပ်လျက် ရှိနေသနည်း။
ကျွီ ကျွီ
တိုက်ခိုက်ရေး စိတ်ဝိညာဉ်၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်သည် ပဲ့ကျသွားပြီးသည့်နောက်မှာတော့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် အပိုင်းပိုင်း ပြတ်ကာ မြေပေါ်သို့ ပြုတ်ကျသွားခဲ့တော့သည်။
“သေသွားပြီလား၊ ကျွင်းချောင်ရှောင်းက ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကို သတ်ဖြတ်ပစ်လိုက် တာလား”
“ကောင်းကင်ဘုံ… ဒါက အရမ်းမြန်လွန်းတယ်”
အားလုံးသောသူများ ထိတ်လန့်တုန်လှုပ်နေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ကျန့်ရာအနားဆီသို့ ရောက်ရှိသွား၏။ ပြီးသည့်နောက်မှာတော့ ကျန့်ရာကို တိုက်ခိုက်လျက် ရှိနေသော အမဲရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များအားလုံးကို သတ်ဖြတ်ပစ်ခဲ့တော့သည်။ “အားလုံး သေစမ်း”
ဘုန်း ဘုန်း ဘုန်း ဘုန်း
ကျင့်ကြံသူများ အားလုံးသည် သက်ပြင်းရှည်ကြီးပင် ချလိုက်မိကြ၏။ ဤကဲ့သို့ ဆက်တိုက် တိုက်ခိုက်ခြင်းမျိုးနှင့် ဆက်တိုက် သတ်ဖြတ်ခြင်းမျိုးကို သူတို့သည် အသားကျနေကြပြီး ဖြစ်သည်။ ထိုကဲ့သို့သော အရာမျိုးကို ပြုလုပ် နိုင်စွမ်းရှိသူသည် ၎င်းတို့၏ ရှေ့တွင်ရှိသော ကျွင်းချောင်ရှောင်းဆိုသည့်လူပင် ဖြစ်တော့၏။
ပထမတစ်ခေါက်တုန်း လူပေါင်းနှစ်သောင်းကျော်ကို တစ်ခါတည်း သတ်ဖြတ်ပစ်ခဲ့သော နတ်ဆိုးသည် လက်ရှိအချိန်မှာတော့ တိုက်ခိုက်ရေး စိတ်ဝိညာဉ် အများအပြားကို တစ်ယောက်တည်း သတ်ဖြတ်လို့ နေသည်။
ဆွစ် ဆွစ်
ကျွင်းချောင်ရှောင်း အလွန်တရာ အားကောင်းလှသည်ကို သိရှိပြီးသည့်နောက် ပတ်ဝန်းကျင်တွင် ရှိနေကြသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ အားလုံးသည် လီချင်းယန်နှင့် တခြားသောသူများကို တိုက်ခိုက်ခြင်းမှ ရပ်တန့်ပြီး သည့်နောက်မှာတော့ အားအင်များကို စုစည်းကာဖြင့် ကျွင်းချောင်ရှောင်းဆီသို့ တိုးလာကြ၏။
ကျွင်းချောင်ရှောင်း သည် တည်နေရာထဲတွင် မတ်မတ်ရပ်နေသည်။ တစ်ဖက်လူများ၏ တိုက်ခိုက်မှုကို ရှောင်ရှားခြင်းမလုပ်ပေ။ ထိုအစား သူသည် နဂါးသွားဓားမော့ကြီးကို သိမ်းဆည်းလိုက်၏။ ရုတ်တရက် အလွန်အားကောင်းလှသော ဓားအော်ရာများသည် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။
ကျိုးဟုန်သည် ထိုအော်ရာများကို ခံစားပြီးသည့်နောက်မှာတော့ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားသည်။ “ဘယ်လောက် အားကောင်းလိုက်တဲ့ ဓားအော်ရာတွေလဲ”
“ဒီကောင်၊ ဒီကောင်က ဓားကျင့်ကြံသူပဲလား”
ဝှစ် ဝှစ်
ထိုအချိန်မှာပဲ ဓားအော်ရာများသည် ပျံ့နှံ့သွားပြီးသည့်နောက်မှာတော့ ချပ်ဝတ် အပိုင်းအစများ၊ ကျောက်တုံးများ၊ အမှိုက်များ၊ သစ်ကိုင်းများ၊ သစ်ရွက်များ အားလုံးသော အရာများသည် လေထဲသို့ မြောက်တက်လာခဲ့ကြသည်။ ထိုအရာများအားလုံး၏ ကိုယ်ပေါ်၌ အလွန်တရာ ထက်မြလှသည့် အရှိန်အဝါများ ထွက်ပေါ်လာသည်။
“မြေပေါ်မှာရှိတဲ့ပစ္စည်းတွေက ဘာလို့ ကောင်းကင်ပေါ်ကို တက်လာတာလဲ”
“ဒါက ဘာလုပ်ချင်တာလဲ” ကျင့်ကြံသူများအားလုံးသည် ဆွံ့အသွားခဲ့ကြသည်။
ဓားတာအိုကို ကျင့်ကြံကြသော ဓားကျင့်ကြံသူများမှာတော့ ထိုအရာကို ကောင်းကောင်းသိနေကြသည်။ အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်တွင် ရှိနေကြသော မြက်ပင်၊ သစ်ပင်နှင့် ရှိရှိသမျှသော အရာအားလုံးသည် ထက်မြလှသော ဓားများအဖြစ်သို့ ပြောင်းလဲလျက် ရှိနေ၏။
ကျွင်းချောင်ရှောင်းသည် ကျန်းယန်ဓားအား အသာမြှောက်လိုက်သည့် လေထဲတွင် အသာ မျောလွင့်လျက်ရှိနေသော ချပ်ဝတ်အပိုင်းအစများ၊ ကျောက်တုံးများနှင့် တခြားသောအရာများ အားလုံးသည် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေကြပြီဖြစ်သည်။
ကျိုးဟုန်က ပြောလိုက်သည်။ “ဓားတစ်သောင်းကျမ်းရဲ့ ဒုတိယအကွက် - အရာအားလုံး ဓားဖြစ်ခြင်း”
ပြိုင်စံရှားဂိုဏ်းတွင် ဓားနည်းစနစ် အများအပြား မရှိပေ။ သို့ပေမဲ့ အလွန်အားကောင်းလှသော ဓားနည်းစနစ် နှစ်ခု သာရှိတော့သည်။ တစ်ခုသည် လင်းကျန့်ဓားသိုင်းဖြစ်ပြီး တစ်ခုမှာတော့ ဓားတစ်သောင်းကျမ်း ဖြစ်သည်။ ကျိုးဟုန်သည် လင်းကျန့်ဓားသိုင်းကို အစဉ်အမြဲလေ့ကျင့်နေခဲ့ပြီး ဓားတစ်သောင်းကျမ်းကိုမူ ရံဖန်ရံခါမှသာ လေ့ကျင့်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် အလွန်တရာ နက်နဲလှသော ဓားနည်းစနစ်များ ပါဝင်သောကြောင့် ကျင့်ကြံရန် အလွန်တရာ ခက်ခဲလွန်းလှ၏။ ထို့ကြောင့် နှစ်ခုလုံးကို ပြိုင်တူ လေ့ကျင့်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။
ဆွစ် ဆွစ်
များပြားလှသော ဓားအလင်းတန်းများသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ ကို ပစ်မှတ်ထားတော့သည်။ တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် ဤဓားအလင်းတန်းများ မည်မျှ ကြောက်ဖို့ ကောင်းလှသည်ကို မသိရှိကြချေ။ ထို့ကြောင့် ရှေ့ကို တိုး၍ တိုက်ခိုက်ရန် ပြင်ဆင်ကြ၏။
ကျွင်းချောင်ရှောင်းက အေးစက်စက် နှင့် ပြောလိုက်သည်။ “ဒီနေ့၊ ဒီအချိန်မှာ ဒီဓားကွက်ကို ပထမဦးဆုံး ထုတ်ဖော် အသုံးပြုတာပဲ၊ မင်းတို့အားလုံးကို စတေးပြီးတော့ ကောင်းကင်ကြီးကို ယစ်ပူဇော်ရမယ်”
ဆွစ် ဆွစ်
ချက်ချင်းပဲ ရေတွက်လို့မရအောင် များပြားသော ဓားအလင်းတန်းများသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ်အားလုံး ထိုးဖောက်ဖြတ်သန်းပြီးသည်နောက်မှာတော့ အားလုံးကို သတ်ဖြတ်ပစ်လိုက်တော့သည်။
တိုက်ခိုက်ရေး တည်နေရာထဲတွင် ရှိနေသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ အားလုံးသည် တစ်ကောင်ပြီးတစ်ကောင် မြေပေါ်သို့ ပြုတ်ကျကာ သေဆုံးကုန်ကြတော့၏။
“ချီးတဲ့မှ.... ဒါက ကြောက်ဖို့ကောင်းလိုက်တာ”