← Chapters

အခန်း (၁၀၃၇)

Vol. 70 Ch. 1037

အခန်း (၁၀၃၇)

Vol. 70 Ch. 1037

ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးသည် ရှုပ်ထွေးလျက်ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် ဂြိုဟ်တိုက်ပွဲ တည်နေရာ ထဲကို ဝင်ရောက်သွားခဲ့ကြသော ထိပ်တန်းသိုင်းကျင့်ကြံသူ ၂၀၀၀ ကျော်တို့သည် ပြန်လည် ရောက်ရှိလာခဲ့သောကြောင့် ဖြစ်၏။

ဖြောင်း

ပါးပိတ်ရိုက်သည့်အသံတစ်ခုသည် မိသားစုတစ်ခု၏ ခြံဝန်းထဲမှ ပေါ်ပေါက်လာခဲ့တော့သည်။ မူလအားဖြင့် မိသားစု ခေါင်းဆောင်နေရာကို ဆက်ခံထားသောလူငယ်သည် သူ၏ညာဘက်ပါးပြင်ကိုကိုင်ကာဖြင့် အနောက်ဘက်သို့ ဆုတ်ခွာ လိုက်မိ၏။ သူ၏ နဖူးထက်တွင် ရှိနေသော အဝတ်စသည် ပြန်လည်ဖယ်ပြီးသည့်နောက်မှာတော့ မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်ပေါက်လာခဲ့သည်။

“အဖေ … အဖေအသက်ရှိသေးရဲ့လား။”

အခန်းထဲတွင်ရှိသော ချောမောလှပသည့် အမျိုးသမီး ၁၀ ယောက်ကျော်တို့သည် တည်ရှိနေသည်။ ၎င်းတို့အားလုံးသည် လည်း လက်ရှိအခြေအနေမှာတော့ ထိတ်လန့်ကြောက်ရွံ့နေကြ၏။ မူလမိသားစုခေါင်းဆောင်သည် လက်တစ်ဖက်ကို မြှောက်ကာဖြင့် ထပ်မံရိုက်နှက်ရန် ပြင်လိုက်၏။

သူသည် ရင်ထဲတွင် နာကျင်လျက်ရှိနေ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွက် သူသည် အလုံးစုံစီစဉ်ပြီးသည့် နောက်မှာတော့ သူသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ဝင်ရောက်ခဲ့သည်။ သူသည် မိသားစုခေါင်းဆောင်နေရာ အား သူ၏သားဆီသို့ လွှဲပြောင်းပေးခဲ့၏။ သို့ပေမဲ့ ပြန်လာသည့်အချိန်တွင် သူ၏သားသည် မိသားစု၏ကောင်းကျိုးကို မည်သို့မျှပြုလုပ်ခြင်းမရှိဘဲ လှပသော မိန်းကလေးများကို အခန်းထဲခေါ်ကာဖြင့် တူတူပုန်းတမ်းကစားလျက်ရှိနေလေသည်။

“မင်း”

မူလမိသားစုခေါင်းဆောင်သည် အော်ဟစ်လိုက်၏။ “မင်းကိုငါ တကယ်စိတ်ပျက်မိတယ်။”

“အဖေ”

လူငယ်သည် မြေပေါ်တွင် ဒူးထောက်ထိုင်ကာဖြင့် နာနာကျင်ကျင်ဖြင့် ငိုကြွေးလိုက်သည်။ “ကျွန်တော်မှားပါတယ်။ ကျွန်တော်မှားပါတယ်။”

အသုံးမဝင်သည့်သားတစ်ယောက်အနေနှင့် မည်ကဲ့သို့ ဆော့ကစားရမည်ကိုသာ သိသည်ဆိုခြင်းမှာ သာမန်သာဖြစ် တော့၏။

များပြားလှသည့် မိသားစုခေါင်းဆောင်များသည်လည်း ပြန်လာပြီးသည့်နောက်မှာတော့ ထိုကဲ့သို့သော အချင်းအရာ များကို တွေ့ရှိကြ၏။ တစ်ချို့သော အကြီးအကဲများ သည် ကုလားဖန်ထိုးကာဖြင့် မိသားစုခေါင်းဆောင်နေရာများကို ရယူထားခဲ့ကြ၏။ ထိုသို့သောသူများအားလုံးသည် မူလမိသားစုခေါင်းဆောင်များ ပြန်လည်ရောက်ရှိလာသည့် အချိန်တွင်မှာတော့ အပြစ်ပေးခံရခြင်း၊ သတ်ဖြတ်ခံရခြင်းများ ဖြစ်ကုန်ကြ၏။ ထို့ကြောင့် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးသည် ရှုပ်ထွေးလျက်ရှိနေခြင်းဟု ဆိုခြင်းပင်ဖြစ်သည်။

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသည် ကြောက်မက်ဖွယ်ရာကောင်းသည့်နေရာတစ်ခု ဖြစ်နေသည်မဟုတ်ပါလား။ အဘယ့်ကြောင့် ဝင်ရောက်သွားခဲ့ကြသော ထိပ်တန်းကျွမ်းကျင်သူများအနည်းငယ်သည် လအနည်းငယ်အတွင်း ပြန်လည် ရောက်ရှိလာကြသနည်း။ ထို့အပြင် တစ်ယောက်မှ ဘာမှမဖြစ်ခဲ့ကြချေ။

“တပည့်”

တောင်ထွတ်တစ်ခု၏ တည်နေရာပေါ်မှာတော့ အကြီးအကဲတစ်ယောက်သည် လေးနက်သည့်အမူအရာဖြင့် ပြောလိုက်၏။ “ငါတို့က ဂိုဏ်းချုပ်ကျွင်းကို ကျေးဇူးတင်ရမယ်။ သူသာမရှိဘူးဆိုရင် ငါတို့အားလုံးက သေဆုံးနေတာကြာပြီလေ။”

“ဂိုဏ်းချုပ်ကျွင်းဟုတ်လား။” တပည့်သည် ဇဝေဇဝါနှင့်ဖြစ်မိနေ၏။

အလယ်ပိုင်းကုန်းမြေမြင့်ဒေသ၏ စောင့်ကြည့်ရေးမျှော်စင်ပေါ်မှာတော့ ခေါင်းဆောင်သည် ရှေ့နောက် လျှောက်လျက် ရှိနေ၏။ သူ၏ မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခုဖြစ်ပေါ်နေလျက်ရှိနေပြီး သူသည် အလွန်အမင်းစိတ်လှုပ်ရှားနေသည်။

ပထမအသုတ်အဖြစ် ဂြိုဟ်တိုက်ပွဲ တည်နေရာထဲသို့ ဝင်ရောက်ခဲ့ကြသော သိုင်းကျင့်ကြံသူ နှစ်ထောင်တို့သည် လုံလုံခြုံခြုံဖြင့် ပြန်လည်ရောက်ရှိလာခဲ့၏။ ဤအရာကို သူသည် လုံးဝမထင်မှတ်ခဲ့ချေ။ ထို့ကြောင့် ပျော်ရွှင်နေခဲ့ခြင်းပင်ဖြစ်၏။

“ခေါင်းဆောင်”

မြို့တော်ဝန်ဟန်က ပြောလိုက်သည်။ “တကယ်လို့ ဂိုဏ်းချုပ်ကျွင်းသာ မရှိဘူးဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီး က စင်းနှီးတုံးပေါ်ကို ရောက်တဲ့ အသားစတွေလိုပဲ တစ်ခြားသူတွေရဲ့ အပိုင်းပိုင်းခုတ်ဖြတ်ခြင်းကို ခံရမှာသေချာတယ်။”

ပြန်ရောက်လာပြီးသည့်နောက်မှာတော့ ထိပ်တန်းကျွမ်းကျင်သူများသည် ဂိုဏ်းချုပ်ကျွင်းကို ကျေးဇူးတင်နေကြောင်း သူ့အား တစ်ယောက်ပြီးတစ်ယောက် လာရောက်ပြောဆိုခဲ့ကြ၏။ ထို့ကြောင့် ခေါင်းဆောင်သည် အထဲတွင် ဘာတွေ ဖြစ်နေသည်ဆိုသည်ကို အကြမ်းမျဉ်းနားလည်သွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။

“ဂိုဏ်းချုပ်ကျွင်းရဲ့ လုပ်ဆောင်မှုတွေက ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးကို အကျိုးသက်ရောက်မှုရှိစေခဲ့တယ် ဆိုတာ ငြင်းစရာမလိုဘူး။ ဒီတော့ သူ့ကို ကောင်းကောင်းဆုချမှဖြစ်မယ်။”

မူလအားဖြင့် သူသည် ပြိုင်စံရှားဂိုဏ်းမှ ကျွင်းချောင်ရှောင်းအကြောင်းကို ကြားသိခဲ့ပြီးပြီဖြစ်သည်။ သို့ပေမဲ့ ဤလူ သည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ အရင်ဆုံးဝင်ရောက်ပြီးသည့်နောက် ကြီးမားလှသည့် တည်နေရာခံတပ်ကြီး ကို တည်ဆောက်ထားလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

ထို့အပြင် အားလုံးသောသူများထိတ်လန့်ကြောက်ရွံ့ရသည်အထိ များပြားလှသော ကျွမ်းကျင်သူများကိုပင် သတ်ဖြတ်ခဲ့သေး၏။

မြို့တော်ဝန်ဟန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းအပေါ် ကျုပ်ရဲ့နားလည်မှုအရဆိုရင် သူက ဂုဏ်ပြုစာတမ်းတွေဘာတွေထက် စိတ်ဝိညာဉ်ကျောက်တုံး တွေကို ပိုပြီးတော့ နှစ်သက်တယ်။”

ကျွင်းချောင်ရှောင်းသည်သာ ဤနေရာတွင် ရှိသည်ဆိုပါက မြို့တော်ဝန်ဟန်အား ကျိန်းသေပေါက်ဖက်ကာ ပြောလိမ့် မည်။ “အစ်ကိုကြီး ခင်ဗျားက ကျုပ်ကို နားအလည်ဆုံးပဲ။”

“ဒီလိုပဲလုပ်ကြတာပေါ့။”

ခေါင်းဆောင်ကပြောလိုက်၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ ဂြိုဟ်တိုက်ပွဲတည်နေရာဆီသို့ ဝင်ရောက်သွားခဲ့ကြ သော သိုင်းကျင့်ကြံသူများထဲတွင် မည်သူမျှ မသေဆုံးခဲ့ကြချေ။ ထို့အပြင် အထက်နယ်မြေမှ ပေးအပ်ခဲ့သော တာဝန်ကိုလည်း အောင်မြင်စွာ ပြည့်စုံစေခဲ့၏။

ထို့ကြောင့် ၎င်းတို့ကုန်းမြေတိုက်ကြီး၏ အလုံးစုံသောအားအင်အဆင့်သည် နိမ့်ကျမသွားခဲ့ချေ။ ထို့ကြောင့် သဘာဝ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ဆုပေးခြင်းဆိုသည်မှာ သင့်တော်လှသည့်ကိစ္စပင် ဖြစ်တော့သည်။

“ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို နတ်ဘုရားတစ်ပါးလိုပဲ။ သူက ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ကယ်တင်ခဲ့ တာလေ။ သူကသူရဲကောင်းပဲ။ သူရဲကောင်းပဲ။ တကယ့်သူရဲကောင်းပဲ။”

ပြန်လည်ရောက်ရှိလာခဲ့သော သိုင်းကျင့်ကြံသူများဆီမှ သတင်းများကို ရရှိပြီးသည့်နောက်မှာတော့ ကုန်းမြေတိုက်ကြီး တစ်ခုလုံးသည် ဂိုဏ်းချုပ်ကျွင်းတစ်ယောက် မည်မျှကြမ်းတမ်းစွာဖြင့် ကြိုးစားနေထိုင်ရသည်ဆိုသည့်အကြောင်းကို သိရှိခဲ့ရပြီးဖြစ်သည်။

ထို့ကြောင့် ၎င်းတို့အားလုံးသည် အပူတပြင်းဆွေးနွေးလျက်ရှိနေ၏။ လက်ရှိအခြေအနေမှာတော့ သိုသိုသိပ်သိပ် နေလျက်ရှိနေသော ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးသည် အားလုံး၏ ဆွေးနွေးချင်စရာအဖြစ်သို့ ဖြစ်တည်လာခဲ့တော့၏။

ထိုနေ့မှာပဲ လီလိုရှုသည် သတင်းကို ရရှိခဲ့၏။ ထို့ကြောင့် ပြန်လည်ကာ သတင်းပေးပို့တော့သည်။ “ကုန်းမြေတိုက်ကြီးတစ်ခုလုံးက ဂိုဏ်းချုပ်နဲ့ ဂိုဏ်းအကြောင်းကို ချီးကျူးနေကြတယ်လေ။ သူတို့က လောကကြီး တစ်ခုလုံးကို ကယ်တင်တဲ့ သူရဲကောင်းလို့ပဲ ဆက်ဆံနေကြတယ်။”

“ဒါက သာမန်ပဲလေ။”

ကျွင်းချောင်ရှောင်းသည် အံ့အားမသင့်ချေ။

သူသည်သာမပါပါက ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူ နှစ်ထောင်ကျော်တို့သည် သေဆုံးနှင့် နေတာကြာပြီဖြစ်၏။ ဒုတိယနှင့်တတိယအသုတ် သိုင်းကျင့်ကြံသူများကို ထပ်မံစေလွှတ်လိုက်မည် ဆိုလျှင်လည်း တူတူပင် ဖြစ်ပေလိမ့်မည်။

ထိုကဲ့သို့သော ကိစ္စကြီးတစ်ခုလုံးကို သူသည် ကူညီကာ ဖြေရှင်းပေးခဲ့ပြီးပြီဖြစ်သောကြောင့် သူ့အား ကျေးဇူးမတင် လျှင် မည်သူ့ကို သွား၍ ကျေးဇူးတင်ကြမည်နည်း။

“အင်း”

ကျွင်းချောင်ရှောင်းသည် သုန်မှုန်စွာဖြင့် ပြောလိုက်၏။

“ငါရဲ့အိပ်မက်က တကယ့်ကို လောကကြီးရဲ့ ဗီလိန်တစ်ယောက်ဖြစ်လာဖို့လေ။ ဘယ်လိုဖြစ်ပြီးတော့ လောကကြီးကို ကယ်တင်ရတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာရတာလဲ။”

“…….”

လီလိုရှုသည် တိတ်ဆိတ်ငြိမ်သက်သွား၏။

ဝှစ်

ကျွင်းချောင်ရှောင်းသည် အတွေးတစ်ချက်နှင့် စနစ်၏စတိုးထဲသို့ ဝင်ရောက်လိုက်သည်။ ယုဒြာကုန်းမြေတိုက်ကြီး၏ အခက်အခဲကို ကူညီဖြေရှင်းပြီးသည့်နောက်မှာတော့ သူသည် ဖုံးကွယ်ထားသည့်တာဝန်များကို ပြည့်စုံစေခဲ့သည်။ ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ် ၄၀၀၀၀ သည် ၂၄ နာရီအတွင်း သုံးရမည့်အရာများပင် ဖြစ်လာခဲ့တော့သည်။

ကုန်းရှန့်သည် သူ၏လက်များကို ပွတ်သပ်ပြီးနောက် ပြောလိုက်၏။ “ငါ စနစ်ရဲ့ စတိုးထဲကို မဝင်တာ တော်တော်ကြာနေပြီ။ နည်းနည်းတောင် စိုးရွံ့မိတယ်။”

သူသည် အတွေးတစ်ချက်နှင့်ပင် အလယ်အလတ်အဆင့်စတိုးအား ဖွင့်ကာဝင်လိုက်၏။ အထဲတွင်တော့ ပစ္စည်းအသစ် များပေါ်နေသည်ကို မြင်လိုက်ရတော့သည်။

လောကကြီးတစ်ခုလုံးကို ကယ်တင်ပြီးပြီဖြစ်သောကြောင့် သူ၏ ကံတရားသည် ကောင်းမွန်နေခဲ့၏။ ထို့ကြောင့် သူသည် သိုင်းကျင့်ကြံခြင်းနည်းစနစ် တော်တော်များများကို ရရှိခဲ့၏။ ထိုအရာများကို ဝယ်ယူပြီးသည့်နောက်မှာတော့ ထိုအရာများသည် ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်ခန်းမဆောင်နှင့် လိုက်ဖက်ညီသွားတော့၏။

ဂိုဏ်းတွင် စွမ်းအားမြင့်တိုက်ခိုက်ရေးနည်းစနစ်ကျမ်းများ ရှိနေသည်သာမက မတူညီသည့် အဆင့်အနေအထားဖြင့် တိုက်ခိုက်ရေးနည်းစနစ်များလည်း တော်တော်များများရှိလို့နေပြီဖြစ်၏။ ထို့ကြောင့် တပည့်များအနေနှင့် လုံလုံ လောက်လောက် ကျင့်ကြံနိုင်ပြီဖြစ်သည်။

“စိတ်ခံစားချက်ကို တိုးမြှင့်စေတဲ့ဆေးဟုတ်လား။”

ကျွင်းချောင်ရှောင်းသည် နောက်ဆုံးတန်းတွင်ရှိသော ဆေးလုံးတစ်ခုကို မြင်လိုက်ရ၏။ ထိုအရာမှာ စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်စေသည့် အကျိုးသက်ရောက်မှုကို ပေးစွမ်းနိုင်သော ဆေးလုံးပင် ဖြစ်သည်။ ဂိုဏ်းစုဆောင်းမှတ်မှာ ၁၀၀၀ ကျသင့်၏။

“ဒါက ဉာဏ်ပညာကို တိုးတက်စေနိုင်တယ်ဆိုရင် တစ်ချက်လေးမှ မနှောင့်နှေးဘဲ ဝယ်လိုက်ပါတယ်။ စိတ်ခံစားချက် ကို တိုးမြှင့်စေတယ်ဆိုတာ ငါလိုလူအတွက် ဘာမှ အဓိပ္ပာယ်မရှိဘူး။”

ဝှစ်

ပြီးသည့်နောက်မှာတော့ သူသည် ချက်ချင်းပဲ Refresh လုပ်လိုက်တော့သည်။

စနစ် “……”

သူသည် စိတ်ခံစားချက်ကို တိုးမြှင့်စေနိုင်သည့် ဆေးလုံးအား ဝယ်ယူရန် ပြောဆိုဖို့ စဉ်းစားနေခဲ့ခြင်းပင်ဖြစ်၏။ သို့ပေမဲ့ လက်ခံသူသည် အလွန်လျင်မြန်စွာဖြင့် Refresh လုပ်လိုက်ပြီဖြစ်သည်။ သူ့အနေနှင့် ပြောဖို့အချိန်တောင် မရခဲ့ချေ။

စနစ်က ပြောလိုက်သည်။ “ထားလိုက်ပါတော့။”

“ဟာသပဲ။”

ကျွင်းချောင်ရှောင်းသည် မပျော်ရွှင်စွာဖြင့် ပြောလိုက်၏။ “ငါလို စိတ်ခံစားချက်အရမ်းကောင်းတဲ့လူမျိုးက ဘာတွေထပ်ပြီး တိုးတက်ဖို့လိုနေသေးလို့လဲ။”

စနစ် “……”

နာရီဝက်လောက်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပိုလျှံနေသော ဂိုဏ်းစုဆောင်းမှတ် ၄၀၀၀၀ ကို အသုံးပြုခဲ့ပြီးပြီဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ သူ၏ ဂိုဏ်းစုဆောင်းမှတ်သည် ၇၀၀၀၀/၇၀၀၀၀ အဖြစ်သို့ ကွက်တိဖြစ်နေပြီဖြစ်သည်။

အလွန်ချေးများပြီး ဇီဇာကြောင်လှသော လူတစ်ယောက်အနေဖြင့် သူသည် ထိုကဲ့သို့ ဂိုဏ်းစုဆောင်းမှတ်များကို အတိအကျထားရခြင်းအား ခုံမင်နေပြီဖြစ်၏။ နည်းနည်းလေးပိုလျှံနေသည် သို့မဟုတ် လိုအပ်နေသည်ဆိုသည်နှင့် မနေတတ်မထိုင်တတ်သလို ဖြစ်နေတော့၏။

ဂိုဏ်းစုဆောင်းမှတ် ၄၀၀၀၀ ကို လဲလှယ်ပြီးတော့ မတူညီတဲ့အဆင့် ဓား၊ ဓားမော့၊ လှံ၊ လက်ဝါး၊ လက်သီး၊ ခြေထောက်စတဲ့ သိုင်းကျင့်ကြံခြင်းနည်းစနစ် တော်တော်များများကို သူရရှိခဲ့ပြီးပြီဖြစ်သည်။ ထို့အပြင် တစ်ခြားသော ဆေးရည်၊ လက်နက်ပစ္စည်း တော်တော်များများကိုလည်း ရရှိခဲ့ပြီးပြီဖြစ်၏။ ပစ္စည်းများမှာ များပြားလွန်းသောကြောင့် စာရေးသူသည် ထည့်၍ မရေးတော့ချေ။

ဝှစ်

ကျွင်းချောင်ရှောင်းသည် အပျင်းကြောဆန့်ပြီးသည့်နောက်မှာတော့ အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲသို့ သွားလိုက်တော့သည်။ ၃ရက်ကြာပြီးသည့်နောက်မှာတော့ သူသည် အင်ပြည့်အားပြည့်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့၏။

“ငါ့ဆီမှာ အတွေ့အကြုံအဆောင် ၄ ခု ကျန်သေးတာပဲ။ ဒါက ငါ့ကို အဆင့် ၂ ခု၊ ၃ ခု လောက် တိုးစေဖို့ မျှော်လင့်မိတယ်။”

“အိပ်မက်သာ မက်နေတော့။”

ဖောက် ဖောက် ဖောက် ဖောက်

အတွေ့အကြုံအဆောင် ၄ ခုကို ချိုးခြေပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်အမြုတေ ၂ခု ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များ ပိုမိုတိုးပွားလာသည်ကို ခံစားလိုက်မိ၏။ သို့ပေမဲ့ သူ၏ အဆင့်မှာတော့ ဓားနှင့် သိုင်းနယ်မြေ ပထမအဆင့်တွင် တန့်လျက်ရှိနေ၏။

“မဖြစ်နိုင်ဘူး။”

သူသည် ပြိုလဲတော့မလိုပင် ဖြစ်နေ၏။ “အတွေ့အကြုံအဆောင်တွေက သိုင်းအုပ်စိုးသူအဆင့်တုန်းက အဆင့်တက်ပါတယ်။ အခု သိုင်းနယ်မြေအဆင့်ကို ရောက်မှ အဆင့်သေးလေး တစ်ခုတောင် မတက်တော့ပါလား။”

စနစ်က ပြောလိုက်သည်။ “ဘာပဲပြောပြော စိတ်ဝိညာဉ်စွမ်းအင်တွေ တိုးလာတာပဲ မဟုတ်လား။”

“…….”

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ဖြစ်မိနေ၏။

“ဂိုဏ်းချုပ်”

လီလိုရှုသည် အသာလျှောက်ဝင်လာပြီးသည့်နောက်မှာတော့ လေးနက်တည်ကြည်စွာ ပြောလိုက်တော့သည်။ “ဆရာဖန်း သတင်းစကားပါတဲ့ ပုလင်းတွေထပ်ပြီးရောက်လာပြန်ပြီ။ သူကအကူအညီတောင်းတာပဲ။ အရမ်း အလျင်လိုတယ်။”

“ကောင်းပြီ။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလိုအလျင်လိုနေပြီဆိုမှတော့ ငါတို့ အရှေ့ပင်လယ်ဆီကို မနက်ဖြန်သွားကြတာပေါ့။”

“……..”

လီလိုရှုက ဆွံ့အသွားမိ၏။ အရှေ့ပင်လယ်ဆိုသည်မှာ အပျင်းပြေရုတ်တရက်ထပြီးသွားနိုင်သည့် အရာမျိုးမဟုတ်ပေ။ ဂိုဏ်းချုပ်သည် မည်ကဲ့သို့သော စကားမျိုးကို ပြောဆိုနေသနည်း။

“ဂိုဏ်းချုပ်”

လီလိုရှုသည် လေးလေးနက်နက် ပြောလိုက်၏။ “အရှေ့ပင်လယ်ဆိုတာ ကုန်းမြေတိုက်ကြီးနဲ့ အရမ်းဝေးတဲ့နေရာမှာရှိတယ်လေ။ ပြီးတော့ အဆုံးအစမဲ့တဲ့ ပင်လယ် ကြီးကို ဖြတ်သွားရမှာ။ အဲ့ကို အလျင်စလိုနဲ့သွားမယ်ဆိုရင် အန္တရာယ်တွေဖြစ်လာမှာစိုးရိမ်မိတယ်။”

ကျွင်းချောင်ရှောင်းသည် အိတ်ကပ်တစ်ခုအရွယ်အစားရှိနေသော ရှေးရွက်သင်္ဘောကြီးကို ထုတ်ယူကာဖြင့် ပြုံးကာ ပြောလိုက်၏။ “ဒါရှိနေရင် ဘယ်လိုသွားသွားစိုးရိမ်စရာမရှိတော့ဘူးလေ။”

All Chapters