အခန်း (၁၀၃၉)
Vol. 70 Ch. 1039
အရှေ့ပင်လယ်နှင့် အရှေ့ပင်လယ်ကမ်းစပ်ကြား တွင်ရှိသော တည်နေရာကြီးတစ်ခုလုံးအား ငရဲခန်းဟူ၍ပင် ခေါ်ဆိုသမုတ်ကြ၏။
ထိုအရှေ့ပင်လယ်အတွင်းသို့ ဆက်လက်ကာ ဝင်သွားမည်ဆိုပါက သဘာဝအန္တရာယ်များ တည်ရှိနေပြီး ရေတွက်၍ မရအောင်များပြားလှသော ပင်လယ်သားရဲများသည် လည်း တည်ရှိမှာ ဖြစ်သည်။
ထို့ကြောင့်ဤနေရာ၌ နှစ်ပေါင်းများစွာ ငါးဖမ်းခြင်း အလုပ်ကိုပြုလုပ်ခဲ့သည့်များ မှလွဲလျှင် ကျန်သည့် သူများအားလုံးသည် ရွက်လွင့်သည့်ကိစ္စကို မပြုလုပ်ရဲကြချေ။
ဟုတ်ပေသည်။ဤနေရာကြီးသည် အန္တရာယ်များလေ၊ အခွင့်အရေးနှင့် အမွေအနှစ်ရတနာများ ပိုမိုကာ များပြားလေဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာကြီးသည် နှစ်ပေါင်းများစွာ မည်သူမျှခြေမချသည့်အတွက် များပြားလှသည့် အမွေအနှစ်များနှင့် ပေါကြွယ်နေသည်မှာ သဘာဝပင်ဖြစ်ပေလိမ့်မည်။ အဓိကကုန်းမြေ၏ လူသား ကျင့်ကြံသူများ အားလုံးသည် အရှေ့ပင်လယ်ဆီသို့သွားလျှင် များပြားလှသည့် အမွေအနှစ်များ တည်ရှိနေကြောင်းကို ကောင်းကောင်းသိသည်ဆိုသော်လည်း လွယ်လွယ်ကူကူနှင့်မရှာဖွေရဲကြချေ။
အဘယ့်ကြောင့်ဆိုသော် ကုန်းပေါ်တွင်သာ နေထိုင်တတ်ကြသော သူများအနေ နှင့် ရေထဲတွင် တိုက်ခိုက်မည် ဆိုပါက ကျိန်းသေပေါက် အခွင့်အရေး မှာ အားနည်းနေပေလိမ့်မည်။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ခန့် က ရေတွက်၍မရအောင် များပြားသော ကုန်းမြေတိုက်ကြီးမှာ ကျင့်ကြံသူများသည် အရှေ့ပင်လယ်ဆီသို့ လာရာလမ်း၌ သေဆုံးခဲ့ကြ၏။ သိုင်းအုပ်စိုးသူနှင့် သိုင်းနယ်မြေတစ်ပိုင်း ကဲ့သို့သော စွမ်းအားမြင့်ကျင့်ကြံသူများပင် သေဆုံးခဲ့ကြ၏။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်တုန်းက ဆိုလျှင်သိုင်းနယ်မြေ ကျင့်ကြံသူများပင်သေဆုံးခဲ့၏။ ထို့ကြောင့် ဤနေရာကြီး သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် နေရာတစ်ခုဖြစ်ကြောင်း အထူးပြောနေစရာမဟုတ်ချေ။
ကောင်းကင်ပြာပြာကြီး ပေါ်မှာတော့ အလွန်တရာ ခန်းနားလှသည့်အရှိန်အဝါ များကို ထုတ်ဖော်လျှက်ရှိသည့် ရှေးရွက်သင်္ဘောကြီးတစ်စီးသည် အလွန်လျင်မြန်သည့်နှုန်းထားဖြင့် ရွေ့လျားလျက်ရှိနေသည်။
အဝေးမှလှမ်း၍ ကြည့်လျှင် အလွန်တရာ ထူးခြားလှသည် ပုံပန်းသွင်ပြင်မရှိသော်လည်း အနီးကပ် သေသေချာချာ ကြည့်ရူမည်ဆိုပါက ထိုရွက်သင်္ဘောသည် မျက်စိတစ်မှိတ်အတွင်း မိုင်ဒါဇင်နှင့်ချီ၍ ခရီးသွားလာနေသည်ကိုသိရှိနိုင်ပေလိမ့်မည်။
“ခုနတုန်းက ဘာကြီးဖြတ်သွားတာလဲ”
များပြားလှသော ငါးဖမ်းသင်္ဘောများသည် အောက်ဆီမှ လှမ်း၍အပေါ်သိုကြည့်လိုက်သည့်အချိန်မှာတော့ အရိပ်ကြီးတစ်ခုသည် လှစ်ခနဲဖြတ်သန်းသွားကြောင်းကိုသာ မြင်လိုက်ကြ၏။ သို့ပေမဲ့ မည်သည့်အရာ ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်းမမြင်လိုက်ကြချေ။
“မြန်လိုက်တာ”
ရွက်တိုင်ထပ်တွင်ထိုင်လျက်ရှိနေသော ရီရှင်းချန်သည် သူ၏ ဆံပင်များကို အသာလက်ဖြင့်ဖိကာ ထိတ်လန့် တုန်လူပ်နေခဲ့သည်။ ပထမတုန်းက သူသည် ဤရွက်သင်္ဘောကြီးမှာ အထူးကောင်းမွန်သည့် အရာဖြစ်သည် ဆိုသော်လည်း မြန်ဆန်စွာမောင်းနှင်နိုင်သည့် အရာဖြစ်မည်မှန်း မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ တကယ်တမ်း မောင်းနှင်သည့်အခါတွင်တော့ အဆင့်မြင့်သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများထက်ပင် ပိုမို၍ မြန်ဆန်စွာ သွားလာနိုင်ကြောင်းကိုသိရှိလိုက်ရသည်။
စခန်းအတွင်းမှာတော့ ဒုက္ခိတအဘိုးအိုသည်မယုံကြည်စွာဖြင့်ဖြစ်နေမိ၏။ သူသည် စိတ်ကို တည်ငြိမ်အောင်ထားပြီးသည့်အချိန်မှာတော့ ကျွမ်းကျင်စွာဖြင့် သုံးသပ်ချက် တစ်ခုကိုထုတ်ဖော်လိုက်၏။ “ဒီနှုန်းတိုင်းဆို ကျုပ်တို့ အရှေ့ဘက်ပင်လယ်အတွင်းကို လဝက်အတွင်း သွားနိုင်လိမ့်မယ်”
“လဝက်ဟုတ်လား”
ကျွင်းရှောင်ချောင်း သည်ခေါင်းကိုခါရမ်းကာ ပြောလိုက်၏ “ဒါက နည်းနည်း နှေးလွန်းတယ်...”
အဘိုးအိုသည် မြေပေါ်သို့ လဲကျလုမတက်ပင်ဖြစ်သွား၏။ ရှေးယခင်တုန်းတည်းက အရှေ့ဘက်ပင်လယ်သို့ သွားရန်ဆိုသည်မှာ တစ်နှစ် ၊တစ်နှစ်ခွဲလောက်ကြာမြင့်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း ဆိုသူသည် လဝက်အတွင်း ရောက်ရှိမည့် ခရီးစဉ်အား အလွန်တရာနှေးကွေးသည်ဟု ပြောဆိုလျက်ရှိသည်။ ထို့ပြင်လမ်းတစ်လျှောက်၌ မည်သည့်အန္တရာယ်မှမရှိလျှင်လည်း တော်သေး၏။ တကယ်တမ်းမှာတော့ ပင်လယ်ထဲတွင် လမ်းပျောက်၍ သေဆုံးခြင်း ၊ များပြားလှသည့် အန္တရာယ်များကို ရင်ဆိုင်ရ၍ သေဆုံးခြင်း စသည့်အဖြစ်ပျက်မျိုးကိုလည်း ဖြစ်ပျက်သွားနိုင်သေးသည်။
“စီနီယာ … ခင်များရဲ့မျိုးရိုးနာမည်ကဘာလဲ”
“ကျုပ်ရဲ့မျိုးရိုးနာမည်ကလော်ပါ ၊ လော်ကျစ်လုံလို့ခေါ်ပါတယ်”
“သြော်”
ကျွင်းချောင်ရှောင်း သည်ပြောလိုက်မိသည်။ “စီနီယာလော် …. ကျုပ်ကအရှေ့ဘက်ပင်လယ်ဆီ သွားမဲ့လမ်း အတွက် ခင်များကို တာဝန် ပေးထား လိက်တော့မယ်”
လော်ကျစ်လုံသည် လက်သီးကိုကျစ်အောင်ဆုပ်ကာဖြင့်ပြောလိုက်၏။ “ဒီလော်က စီနီယာ ဂုဏ်ပုဒ်နဲ့ မထိုက်တန်ပါဘူး”
ကျွင်းချောင်ရှောင်း နှင့် ပြိုင်စံရှားဂိုဏ်းသား အားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် တကယ်ကို ကျော်ကြားလှသည့် လူများဖြစ်နေသည်။ ၎င်း၏ ကျင့်ကြံခြင်း အဆင့်သည် မမြင့်မားလှသော်လည်း ကျွင်းရှောင်ချောင်း နှင့် ပြိုင်စံရှားဂိုဏ်း အကြောင်းကိုတော့ ကောင်းကောင်းကြားဖူးသည်။
သူ့အနေဖြင့် ကောက်ချက်ချ ရမည်ဆိုလျှင် ဤလူသည် အလွန်ကြမ်းတမ်းလှသည့် လူတစ်ယောက်ဖြစ်ပြီး အလွန်ခက်ထန်ကြမ်းတမ်းလှသော သိုင်းဂိုဏ်းတစ်ခုကို ပိုင်ဆိုင်သည်ဟုဆိုရပေမည်။
ထို့ကြောင့်ပင် လော်ကျစ်လုံသည် ကျွင်းချောင်ရှောင်းအား အရှေ့ဘက်ပင်လယ် ဆီသို့ စေတနာ့ဝန်ထမ်း လုပ်ကာလိုက်ပို့ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
သူ၏ အလိုလိုသိစိတ်အရ ပြောဆိုနေသည်မှာ ဤလူသည် သူ့အား အရှေ့ဘက်ပင်လယ်ဆီသို့ေ ခါ်ဆောင်သွားနိုင်သည် ဆိုခြင်းပင်။
“ဒါဆိုလဲအဘိုးကြီးလော်လို့ခေါ်ကြတာပေါ့”
“ကောင်းပါပြီ စီနီယာလော်ခင်များခြေထောက်ကဘာဖြစ်တာလဲ”
“…....”
လော်ကျစ်လုံသည် သူ့အားစီနီယာလော် ဟု ထပ်မံ ခေါ်ဆိုသည်ကို စိတ်အနှောက်အယှက်မဖြစ်ချေ။
“လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကပေါ့။ ကျုပ်အရှေ့ဘက်ပင်လယ်ဆီကနေ ပြန်လာတုန်း ပင်လယ်သားရဲ တွေရှိတဲ့နေရာဆီ သွားမိခဲ့တယ်။ ကံကောင်းလို့ အသက်မသေပေမဲ့ ခြေထောက်တော့ ကိုက်ဖြတ်ခံလိုက်ရ တယ်”
ဤအရာမှာ အမှန်ပင်ဖြစ်သည်။ သူ၏ညာဘက်ခြေထောက်သည်အ တုသာဖြစ်၏။ ထို့ကြောင့်ထော့နဲ့ထော့နဲ့ြ ဖစ်နေခြင်းပင်။
လီချင်းယန် ၊ ရှောင်ကျီနှင့် အခြားသူများအားလုံးသည် စိတ်ဝိညာဉ် စွမ်းအားများကို ဖြန့်ကျက်ပြီးသည့်နောက် လော်ကျစ်လုံ၏ အခြေအနေ ကို သိရှိပြီးသားဖြစ်သည်။ သို့ပေမဲ့ ၎င်းတို့သည် မေးမြန်းရန် အားနာနေကြသည်။ သို့သော်ငြား ဂိုဏ်းချုပ်မှာတော့ တိုက်ရိုက်ပင်မေးမြန်းလို့နေ၏။
“ကြည့်ရတာအရှေ့ဖက်ပင်လယိဆီသွားတဲ့လမ်းကအန္တရာယ်များတဲ့ပုံပဲ”
“အန္တရာယ်များတာထက်ပိုတာပေါ့”
လော်ကျစ်လုံသည် သူ၏အတွေ့ကြုံများကို ပြန်လည်စဉ်းစားကြည့်လိုက်ချိန်မှာတော့ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လွင်လာသည်။
“ဒါဟာငရဲလိုပဲ”
“ငရဲဆို ခင်များက ဘာလို့ပြန်သွားချင်ရတာလဲ …. စီနီယာ”
“ဘာလို့လဲဆိုတော့…”
အနည်းငယ် တုံ့ဆိုင်းပြီးနောက် လော်ကျစ်လုံသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်သည် “ကျုပ်ရဲ့ သူငယ်ချင်းတွေရှာဖို့လေ”
ဤအရာမှာဇာတ်လမ်းဖြစ်သည်။ ကျိန်းသေပေါက်ဇာတ်လမ်းကြီးတစ်ပုဒ်ဖြစ်သည်။
အရှေ့ဘက်ပင်လယ်သို့ သွားနေကြသည့်အချိန်ဖြစ်သည်။ သို့သော်လည်း လုပ်စရာ မရှိသည်မို့ ကျွင်းချောင်ရှောင်းသည် ထိုင်ပြီး စီနီယာလော် အား မေးခွန်းများ မေးမြန်းလျက်ရှိနေ၏။
“ခင်များရဲ့ဇာတ်လမ်းကို ပြောပြလို့ရမလား”
လော်ကျစ်လုံ သည် ခံစားချက်များ ထိန်းချုပ်၍မရတော့ချေ။ မျက်နှာသည် ခက်ထန်နေရာမှ ဖြူလျော်သွားသည် ထို့နောက် ခေါင်းကိုမော့၍ အားတင်းကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း တစ်ကယ်လို့ ခင်များရဲ့သူငယ်ချင်းတစ်ယောက် က အန္တရာယ်ကျရောက်နေတယ်ဆိုရင် ထွက်ပြေးဖို့နည်းလမ်းကို စဉ်းစားမလား”
“မလုပ်ဘူး။ ဘယ်တော့မှထွက်ပြေးမှာမဟုတ်ဘူး”
ကျွင်းရှောင်ချောင်းက ပြန်ပြောလိုက်သည်။ သူ၏အမူအကျင့်အရ သူငယ်ချင်းတစ်ယောက် ဒုက္ခရောက်နေလျှင် ကျိန်းသေပေါက် ထွက်ပြေးမည် မဟုတ်ချေ။ ထိုအစား လက်နက်ကိုင်ဆွဲကာ အဆုံးထိ ရန်သူနှင့် ရင်ဆိုင်မည်ဖြစ်သည်။ အကယ်၍ ရန်သူကိုအနိုင်မတိုက်နိုင်တောင်မှ နည်းလမ်းရှာကာ သူ၏သူငယ်ချင်းကို လွတ်အောင် ဆောင်ရွက်ပေးပေလိမ့်မည်ဖြစ်သည်။
“ကျုပ်ထွက်ပြေးခဲ့တယ်”
လော်ကျစ်လုံသည် ခေါင်းကိုငုံ့ကာ ထပ်ပြောလိုက်၏။ သူ၏ လက်မှာကျစ်ကျစ်ပါအောင် ဆုပ်ထားသောကြောင့် သွေးများပင်စီးကျလာခဲ့၏။
အရှေဘက် ပင်လယ်ဆီသို့သွားရာလမ်းတွင် သူသည် ပင်လယ် မွန်စတားများကြားတွင် ပိတ်မိနေခဲ့သည်။ သို့ပေမဲ့ ထိုအခြေနေမျိုးတွင် သူသည်သူ၏အကောင်းဆုံးသူငယ်ချင်း ကိုစွန့်ပစ်ကာ ထွက်ပြေးခဲ့မိ၏။ ဤကဲ့သို့သော ဖြစ်ရပ်ကြီးသည် သူ၏နှလုံးသားတွင် အရိပ်မဲကြီးအဖြစ်စိုးမိုးလျှက်ရှိနေတော့၏ နေ့စဉ်နေ့တိုင်း ကြီးမားသည့် နောင်တတရားကြီးဖြင့်ရှင်သန်နေစေခဲ့သည်။
“ခင်များ ရန်သူကို အနိုင်မယူနိုင်ဘူး မဟုတ်လား”
ကျွင်းချောင်ရှောင်း ကမေးလိုက်၏ “ရန်သူက အရမ်းကို အားကောင်းလွန်းတယ်။ ကျုပ်တောင် ပြေးတာနှေးမယ်ဆို အခုချိန်သေနေလောက်ပြီ လော်ကျစ်လုံကပြောလိုက်၏။
ကျွင်းချောင်ရှောင်း က ပြောလိုက်သည် “တကယ်လို့ ခင်များရှိနေရင်လည်း ဖြစ်သွားနိုင်တာ ကနှစ်ယောက်လုံးသေသွားတာပဲ။ ထွက်ပြေးတာ ကောင်းတယ်။ ပြီးတော့ အသက်ရှင်နေသေးရင် မျှော်လင့်ချက်ရှိသေးတာပဲ မဟုတ်လား”
“အင်း”
လော်ကျစ်လုံသည် ခေါင်းကို ခါရမ်းကာပြောလိုက်မိ၏ “ကျုပ်လည်း အရင်တုန်းက အဲလိုတွေးမိခဲ့တယ်။ ဒါပေမဲ့ ပြန်ရောက်လာတဲ့အချိန်မှာတော့ ကျုပ်ရဲ့သူငယ်ချင်း ကျုပ်ကြောင့် အန္တရာယ် ကျရောက်ခဲ့တာကို ရင်ထဲမှာ နာကျင်နေမိတယ်”
ကျွင်းချောင်ရှောင်း ပြောလိုက်၏
“ကြည့်ရတာ ခင်များနဲ့ ခင်များရဲ့အကောင်းဆုံးသူငယ်ချင်း ဆိုတာ တစ်ကယ့်ကို ရင်းနီးတဲ့ သူငယ်ချင်းတွေ ဖြစ်ရမယ်”
“ကျုပ်တို့က အတူတူ ကြီးပျင်းလာကြတာ။ ပြီးတော့ အတူတူ ပင်လယ်ထဲ သွားခဲ့ကြတာ။ ညီအကိုအရင်း ထက်တောင် ပိုပြီး ရင်းနီးကြတယ”
“အခု ခင်များ ကျုပ်တို့နဲ့ ပင်လယ်ရေကြောင်းပြ အဖြစ် လိုက်လာတာ ခင်များသူငယ်ချင်းအတွက် လက်စားချေ ဖို့အတွက်လား”
“ဟုတ်ပါတယ်”
“ဒါဆိုခင်များသူ့ကိုအနိုင်ယူနိုင်ပြီလား”
“အနိုင်မယူနိုငိပါဘူး
“အနိုင်မယူနိုင်ဘဲ နဲ့ ဘာလို့ပင်လယ်ထဲသွားချင်ရတာလဲ”
“အရင်တုန်းက ကျုပ်သူငယ်ချင်းကို ထားပြီးထွက်ပြေးခဲ့တယ်လေ။ အခုအရှေ့ ပင်လယ်ဆီ ပြန်သွားနိုင်တဲ့ အခွင့်အရေး ကိုရခဲ့ပြီ။ သေသွားတောင်ကိစ္စမရှိပါဘူး”
ကျွင်းချောင်ရှောင်း တိတ်ဆိတ် ငြိမ်သက်သွား၏။
အဘိုးကြီး ၏ မျက်လုံးထဲတွင် အချိန်မရွေးသေရဲသည့် အရိပ်အယောင်များ ထင်ရှားနေသည်။
“ကျုပ်သာ ခင်များကို ရေကြောင်းပြအဖြစ် မငှားရင် အရှေ့ပင်လယ်ဆီ သွားအုံးမှာလား”
“မသွားဘူး”
“ဘာလို့လဲ”
“ကျုပ်ရဲ့လက်ရှိ ကျင့်ကြံခြင်းအခြေအနေနဲ့ တန်းသေသွားမှာပေါ့”
“ဒါဆို ခင်များ သေရမှာကို ကြောက်တာပဲ”
လော်ကျစ်လုံသည်စိတ်ပျက်စွာပြောလိုက်၏ “ကျုပ်က ပင်လယ်ထဲ သေချင်တာမဟုတ်ဘူး”
“ကျုပ်က ကျုပ်ရဲ့အကောင်းဆုံး သူငယ်ချင်းကိုတွေ့လို့ရအောင် အရှေ့ပင်လယ်နယ်မြေမှာသေချင်တာ”
အကိုကြီး ပြန်လည်ရှင်သန်ခြင်းသာ တကယ်ရှိတယ် ဆိုရင် ခင်ဗျား သူငယ်ချင်းက အိမ်ထောင်ကျပြီး နောက်ဘဝမှာ ကလေးတွေပါ မွေးနေလောက်ပြီလေ။
“အဖိုးကြီးလော် … ခင်များ အရှေ့ဘက် ပင်လယ်ကို ရောက်အောင် ပို့ပေးနိုင်ရင် ခင်များကို …. ကျုပ်....”
ခနလောက် ငြိမ်သက်ပြီးသည့်နောက် လေးနက်စွာပြောလိုက်၏။ “ခင်များကိုကျုပ် ထိုက်ထိုက်တန်တန်နဲ့ သေဆုံးလို့ရအောင် ကူညီပေးမယ်...”
စခန်း၏ အပြင်ဖက်တွင်ရှိသော လီချင်းယန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ယင်လျက်ရှိ၏။
အဘိုးအိုသည် အလွန်ကြီးမားသော နောင်တကြောင့် သေဆုံးရန် ဆုံးဖြတ်ချက်ချလိုက်သည် ဆိုသော်လည်း ဂိုဏ်းချုပ်သည် အဘယ်ကြောင့် အသက်ရှင်ချင်စိတ်ပေါက်အောင် ဆွဲဆောင်ခြင်း မပြုလုပ်ဘဲ တစ်ခါတည်း သေဆုံးအောင် ကူညီပေးမည့်အကြောင်း ပြောဆိုနေရသနည်း။ ထူူးဆန်းလှပေစွ။