← Chapters

အခန်း (၁၀၄၀)

Vol. 70 Ch. 1040

အခန်း (၁၀၄၀)

Vol. 70 Ch. 1040

အဘိုးကြီးလော်၏ ဇာတ်လမ်းသည် အလွန်ရိုးရှင်းလွန်းလှ၏။ သူသည် အရှေ့ပင်လယ်သို့ လာရာလမ်းတွင် အန္တရာယ်များ နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရ၏။ ထိုအချိန်မှာပဲ သူ၏အကောင်းဆုံး သူငယ်ချင်းကို စွန့်ပစ်ကာ ထွက်ပြေးလာ၍ ယခုအချိန်အထိ အသက်ရှင်နေခြင်းဖြစ်သည်။ ဆယ်စုနှစ်ကျော်ကြာ နောင်တတရားတို့ ညင်းပန်းနှိပ်စက်ပြီးနောက် သူသည်ထိုနေရာကိုပြန်လည်သွားပြီး သေဆုံးရန်ဆုံးဖြတ်ချက်ချလိုက်တော့သည်။

အချက်လက်အားဖြင့် သူသည် သူ့အား အရှေ့ပင်လယ်သို့ ခေါ်ဆောင်သွားပေးနိုင်သည့် သူကို စောင့်မျှော်နေခြင်းဖြစ်သည်။ ဤတစ်နှစ်ပတ်လုံး သူသည်များပြားလှသော ဖိတ်ခေါ်မှုများအား ငြင်းဆိုခဲ့ရ၏။

မကြာသေးမီက အလွန်ချောမောလှပသော လူငယ်တစ်ယောက်နှင့် အမဲရောင်ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်တို့ ရောက်ရှိလာပြီး သူ့အားရေကြောင်းပြရန် ခေါ်ဆိုခဲ့၏။ ၎င်းတို့၏အားအင်အစစ်သည် မဆိုးဝါးလှချေ။ သို့သော် အဘိုးကြီးလော်မှာတော့ လုံခြုံမှု မရှိဟု တွေးကာငြင်းဆိုခဲ့လိုက်သည်။

ကျွင်းရှောင်ချောင်း ရွက်သင်္ဘောနှင့် ရောက်ရှိလာချိန်မှ သူ၏ သေချင်စိတ်များ သည် တဖန်ပြန်၍ ပိုမိုကာ အုံကြွ ပေါ်ပေါက်လာခဲ့တော့သည်။ သူသည်တစ်ခါတည်း သေချာသိရှိလိုက်ရ၏။ ဤလူသည် သူ စောင့်မျှော်နေသည့်လူပင် ဖြစ်တော့၏။

လော်ကျစ်လုံသည် လေးနက်စွာပြောလိုက်မိသည်။ "အရှေ့ပင်လယ်ဆီ လာတဲ့လမ်းကြောင်းကို ကျုပ်ကောင်းကောင်း မှတ်မိတယ် ။ ဒါပေမဲ့ အဲမှာ သဘာဝ နဲ့လူတွေ ဖန်တီးပြုလုပ်ထားတဲ့ ဘေးအန္တရာယ်တွေ အများကြီးရှိတယ်။ ဒါတွေကိုဖြေရှင်းနိုင်မလား ၊ မဖြေရှင်းနိုင်ဘူးလားဆိုတာကတော့ ဂိုဏ်းချုပ်ကျွင်းအပေါ်မှာပဲ မူတည်တယ်”

အရိုးသားဆုံးပြောရလျှင် အရှေ့ပင်လယ်ဆီသို့သွားရာလမ်းတွင် ဖြတ်လမ်းဟူ၍မရှိချေ။ ထို့ပြင် အလွန်များပြားလှသည့်အတွေအကြုံရှိသည့် ရေကြောင်းပြ သာမဟုတ်ပါက သွားလာနိုင်မည် မဟုတ်ချေ။ ရေကြောင်း ပြမှာ အလွန်တော်သည်ဆိုတောင်မှ လမ်းခရီးတွင်ရှိနေသည့် ဘေးအန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းရန်အတွက် လုံလောက်သည့်စွမ်းရည်မျိုး ကို ပိုင်ဆိုင်မှ ဖြစ်ပေလိမ့်မည်။

"သဘာဝဘေးအန္တရာယ်တွေဆိုတာက ခန့်မှန်းလို့မရဘူး။ ဒါပေမဲ ခင်များပြောတဲ့ လူလုပ် အန္တရာယ်တွေဆိုတာက ဘာကိုပြောတာလဲ" ကျွင်းရှောင်ချောင်းက မေးလိုက်သည်။

လော်ကျစ်လုံကပြောလိုက်၏။ "အရှေ့ပင်လယ် အနီးတစ်ဝိုက်မှာ ဓားပြတွေအများကြီးရှိတယ်။ တစ်ကယ်လို့ ကုန်းမြေတိုက်ကြီး ကလူတွေက သဘာဝဘေးအန္တရာယ်တွေကို ရှောင်ရှားနိုင်မယ်ဆိုရင်တောင်မှ သူတို့လက်ထဲကို ရောက်ရင်သေမှာပဲ”

“ကျုပ် သိပြီ"

ကျွင်းရှောင်ချောင်းသည် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်၍ ပိုမို၍စိုးရွံ့မိ၏။ သဘာဝမှ ဖြစ်ပေါ်လာ သော ဘေးအန္တရာယ်များမှာ အလွန်ကြောက်စရာ ကောင်းလှ၏။ လူများ ဖန်တီးထားသော ဘေးအန္တရာယ် များသည် ကိစ္စမရှိချေ။ သူ့အနေဖြင့်ကျိန်းသေပေါက်ပြန်လည်၍ တိုက်ခိုက်နိုင်စွမ်းရှိသည်။

ထို့ပြင် သူ့အား မည်သူကလာရောက်လုယက်ရဲသနည်း။ သူအနေဖြင့် ထိုသူများ၏အတွင်းခံများပင် မကျန်အောင် ပြန်လည်၍ လုယက်ပေမည်။

"အဘိုးကြီးလော် သဘာဝဘေးအန္တရာယ်တွေဆိုတာက ဘာလဲ။”

“ကျုပ်တို့က အရှေ့ပင်လယ်ထဲကို သေသေချာချာရွက်မလွင့်ရသေးဘူး။ အခုချိန်မှာ ဘာအန္တရာယ်မှ မရှိသေးဘူး ဆိုပေမဲ့ အထဲကို ရောက်တဲ့ အချိန်မှာပထမဆုံးတွေရမဲ့ အရာက …"

လော်ကျစ်လုံသည် ခနလောက် ရပ်တန့်ပြီးနောက် အဝေးဆီ လက်ညိုး ညွန်လိုက်သည်။ သူ၏ မျက်နှာတစ်ခုလုံး သည် ပျက်ယွင်းနေသည်။ "ဟာ … မုန်တိုင်းကြီးပါလား"

ကျွင်းရှောင်ချောင်းသည် အရှေ့သို့ထွက်ကာ အလောတကြီး ပင်လှမ်း၍ ကြည့်လိုက်၏။ မိုးကုတ်စက်ဝိုင်း ၏ အဆုံးဖက်တွင်တော့ မဲမှောင်နေသည့် တိမ်တိုက်များရှိနေပြီး ကြီးမားလှသောကောင်းကင်ကြီး ကို ဖုံးအုပ်လျှက်ရှိ၏။

"ဟာ တစ်ကယ်ကိုကြီးတာပဲ"

အဝေးဆုံးမှလှမ်းကြည့်မည်ဆိုပါက အလွန်ကြီးမားသည့် အရာကြီးဖြစ်နေကြောင်းကို သိသာနေတော့သည်။ သင်္ဘောသည် ထိုအတိုင်း အရှေ့သို့ တိုးသွားမည်ဆိုပါက ငရဲခန်းအတွင်းသို့ ခုန်ဆင်းလိုက်သည် နှင့်ပင် ဆင်တူ နေပေလိမ့်မည်။

ရှေးသင်္ဘော၏ အရှိန်သည် အလွန်ပင် မြန်ဆန်လွန်းလှ၏။ အချိန်ခနလေးအတွင်းမှာပင် လီတစ်ထောင် အကွာဝေးရှိသော မုန်တိုင်အတွင်းသို့ ဝင်ရောက်သွားတော့သည်။

တိမ်မဲများသည်အလွန်တရာ ကြီးမားလွန်းလှ၏။ အထဲတွင်ရှိသော တိမ်ဆိုင်များအတွင်းမှ လျှပ်စီးတန်းများ တစ်ဖျက်ဖျက်နှင့် မြင်နေရ၏။

"ဂိုဏ်းချုပ်ကျွင်း"

လော်ကျစ်လုံ သည် တည်ငြိမ်လေးနက်စွာဖြင့် ပြောလိုက်၏။ "ဒီမုန်တိုင်းကြီးက အရှေ့ပင်လယ်ကို ဝင်တဲ့အခါမှာ ကြုံရတဲ့ ပထမဆုံးဘေးအန္တရာယ်ကြီးပဲ။ သင်္ဘောတွေသာဝင်သွားမယ်ဆို မုန်တိုင်းကြောင့် ပျက်စီးနိုင်သလို အထဲက မိုးကြိုးတွေကြောင့်လည်း ပျက်စီးသွားနိုင်တယ်”

လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း ဤခရီးလမ်းကို ဖြတ်သန်းရင်း သေဆုံးခဲ့ကြသော သိုင်းကျင့်ကြံသူများသည် နည်းနည်းနောနော မဟုတ်ချေ။ သူသည်တောင်မှ အသက်အန္တရာယ်ကင်းစွာ ကျော်ဖြတ်နိုင်ခဲ့သည် ဆိုသော်လည်း ထိုအတွေ့အကြုံကို ပြန်တွေးတိုင်း ထိတ်လန့် စိုးရွံံ့မိနေတုန်းပင်။

"ဒါကပြဿနာကြီးတစ်ခုမဟုတ်ဘူး" ကျွင်းရှောင်ချောင်းကပြုံးလိုက်မိ၏။

ရှေးသင်္ဘောကြီးသည် ပုံမှန်အမြန်နှုန်းအတိုင်း မုန်တိုင်းအတွင်းသို့ တိုးဝင်သွားခဲ့သည်။

"ဖူး …. ဖူး"

ရွက်လှေကြီးသည် အထဲသို့မဝင်မှာပင် အထဲရှိလေများသည် ဓားတစ်စင်းကဲ့သို့ခုတ်ပိုင်းခြင်းကို ပြုမူလျက်ရှိပေသည်။ ဆံပင်များကို သပ်သပ်ရပ်ရပ် ဖီးတင်ထားသော ဖေးအားညိုသည် လေတိုက်ခတ်မှု ကြောင့် မထိန်သိမ်းနိုင်တော့ဘဲ ဆံပင်များ လေထဲ လွင့်လျက်ရှိနေ၏။

လီချင်းဟန် ၊ ရှောင်ကျီနှင့် အခြားသူများအားလုံးသည် သူတိုရှေ့တွင် လေနံရံ ဖန်တီးထားသည် ဆိုသော်လည်း လေ နှင့်အတူ ယိမ်းယိုင်လျက်ရှိနေကြ၏။ ကျင့်ကြံခြင်းမရှိသော သာမန်လူတစ်ယောက်ဆိုပါက ထိုနေရာတွင် တစ်ခါတည်း လွင့်ထွက်သွားမှာ သေချာသည်။

လောကကြီးတွင် သဘာဝဘေးအန္တာရယ်ဆိုသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။ သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ စွမ်းအားမြင့် ကျင့်ကြံသူများအတွက်တော့ ထိုအရာမှာ အားကောင်းလှ သည်မဟုတ်ချေ။

"ဖူး …. ဖူး"

လေများသည် ဆက်တိုက်တိုက်ခတ်လျက်ရှိနေ၏။ ရှေးသင်္ဘော၏ အမြန်နှုန်းကိုတော့ လေထုသည် သက်ရောက်နိုင်ခြင်း မရှိချေ။ ယခုအခါမှာတော့ ရှေးသင်္ဘောကြီးသည် မုန်တိုင်းအတွင်းသို့ တန်းတန်းမတ်မတ် တိုးဝင်သွားခဲ့၏။

လေတိုက်ခတ်မှု များသည် သူအပေါ်မသတ်ရောက်သော်လည်း မဲမှောင်နေသည် မုန်တိုင်း အတွင်း ဝင်ရောက်သည့် အခါမှာတော့ လော်ကျစ်လုံ၏ အသက်ရှုနှုန်းများသည် မြန်ဆန်လာခဲ့သည်။ ၎င်း၏ရင်ဘတ်ကြီးအား ကြီးမားလှသည့်ကျောက်တုံးကြီးတစ်ခုနှင့် ဖိနှိပ်နေသလိုပင် ခံစားနေရ၏။ သူ့အနေဖြင့် အစောကတည်းက ကြုံတွေ့ဖူးသောကြောင့် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ကြိုသိနေခဲ့သည်။

"နေအုံး …. ဂိုဏ်းချုပ်ကျွင်းဘယ်ရောက်သွားလဲ"

သူ့၏ ဘေးတွင်ရပ်နေသော ကျွင်းရှောင်ချောင်းသည် ရွက်လှေကြီး မုန်တိုင်းအတွင်းသို့ ဝင်ရောက်ချိန်မှာတော့ ပျောက်ကွယ်သွားခဲ့၏။ လော်ကျစ်လုံသည် အလျင်အမြန် ရှာဖွေလိုက်သည့်အချိန်မှာတော့ ရွက်တိုင်ထိပ်တွင် မတ်တပ်ရပ်နေသော ကျွင်းရှောင်ချောင်းကို တွေ့လိုက်ရ၏။

"မဖြစ်နိုင်ဘူး။ သူ ဒီလိုပဲ ရှေ့ကို ခပ်တည်တည် နဲ့ လမ်းလျှောက်သွားခဲ့တာလား။ ပြီးတော့ ရှေ့ဆုံးမှာတောင် ရပ်နေနိုင်သေးတယ်"

"ဒွီး … ဒွီး .. ဒွီး ….."

မိုးကြိုးများ ပစ်ခတ်ချိန်မှာတော့ မူလကမဲမှောင်နေသော ကောင်းကင်ကြီးသည် လျှပ်စီးများဖြင့် လင်းလက်သွား ခဲ့၏။

လျှပ်စီးများ ကျရောက်လာချိန်မှာတော့ ကျွင်းရှောင်ချောင်း၏ အလွန်တရာ ချောမောလှပသော မျက်နှာမှာ ထင်း၍ ပေါ်လာခဲ့သည်။

ဤမုန်တိုင်းကြီးသည် တချို့သော သာမာန် မုန်တိုင်းများထက် ပိုမို၍ အားကောင်းသည်မှာ ငြင်းဆန်၍မရချေ။ သို့ပေမဲ့ မျက်နှာနှင့် အထက်နယ်မြေမှ လက်ဝါးရိုက်ချက်ကြီးကိုပင် ခုခံခဲ့သော ဂိုဏ်းချုပ်ကျွင်းသည် မည်သည့်အရာကိုမှ ကြောက်ရွံနေမည် မဟုတ်ချေ။

ထိုအချိန်တွင် မိုးကြိုးနှင့် လျှပ်စီးများအောက်ရှိ ကျွင်းရှောင်ချောင်းမှာတော့ ရွက်တိုင်ထိပ်တွင် မတ်မတ်ရပ် လျက်ရှိသည်။ ၎င်းအား ကြည့်ရှုရသည်မှာ လောကမှ သေားတော်တစ်ပါးကဲ့သို့ ကြောက်ရွံ့ထိတ်လန့်မှု ကင်းမဲ့နေ၏။

"ဘုန်း"

ရုတ်တရက် ဆိုသလိုပင် မြေကွဲလောက်အောင် ကျယ်လောင်လှသော အသံကြီးတစ်ခုသည် ကောင်းကင်ယံထက်မှ ထွက်ပေါ်လာလေသည်။ မိုးကြိုးနှင့်လျပ်စီးများသည် ကောင်းကင်၌ ဖြစ်တည်လာပြီး နောက်မှာတော့ ရှေးရွက်သင်္ဘောဆီသို့ တန်းတန်းကြီးတိုး၍ ဝင်လာကြသည် ။

သေသေချာချာကြည့်ရှုမည်ဆိုပါက ကောင်းကင်ယံမှ ဓားကြီးတစ်စင်း ထိုးဆင်းလာသကဲ့သို့ပင် ဖြစ်တော့၏။

လောကျစ်လုံ၏ မျက်လုံးများသည် ပြူးထွက်သွားခဲ့၏။ သူတို့သည်အားကောင်းလှသည့် မုန်တိုင်းအတွင်းသို့ တိုးဝင်လာခြင်း ဖြစ်သည်။ ထို့အပြင် မိုးကြိုးသည် သူကြုံတွေ့ဖူးသော မုန်းတိုင်းများအားလုံးထက် ပိုမို၍ အားကောင်းလွန်းနေသည်။

သူသည် အထူးမုန်တိုင်းကြီးအတွင်းသို့ ဝင်ရောက်ခဲ့ဖူး သူလည်းဖြစ်သည် ။ သူသည် မုန်တိုင်းကြီး၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိရှိပြီးလည်း ဖြစ်သည်။ သို့ပေမဲ့ သူကြုံတွေ့ခဲ့ဖူးသော မုန်တိုင်းသည် ဤမျှအားမကောင်းလှချေ။ ဖြစ်နိုင်သည်မှာ ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာမောက်မာလွန်းသောကြောင့် ရေနတ်ဘုရားအားဒေါသထွက်စေခြင်းပင်။

ထို့ကြောင့်ပင် အလွန်အားကောင်းလှသောမိုးကြိုးများ ပစ်လွတ်ခြင်းပင် ဖြစ်ပေလိမ့်မည်။ အရှေ့ပင်လယ်တွင် ကျက်စားကြသောလူများ အားလုံးသည် ရေနတ်ဘုရားကို ကိုးကွယ်ကြရ၏ ။ နှစ်စဉ်နှစ်တိုင်း ရေထဲသို့ ငါးများလွတ်ကာ စတေးခြင်းကို ပြုလုပ်၏။ ထိုမှသာ ယုံကြည်စိတ်ချရသော ခရီးကိုသွားလာနိုင်မည်ဟု ယုံကြည်ကြ၏။

"ဝှစ်ဝှစ် ထွီးထီွံး"

လေလှိုင်းများတိုက်ခတ်ပြီးချိန်မှာတော့ မိုးကြိုးများသည် အောက်သို့ ကျဆင်းလာကြတော့၏။ ကျွင်းရှောင်ချောင်းသည် ရွက်တိုင်ရှေ့တွင် ရပ်လျှက်ရှိပြီး မိုးကြိုးနှင့် မုန်တိုင်းများကို ကြည့်တောင်မကြည့်ချေ။

"ဂိုဏ်းချုပ်ကျွင်း သတိထားပါအုံး" လော်ကျစ်လုံသည် အော်ဟစ်လိုက်၏။

ရုတ်တရက် ရှေးသင်္ဘောကြီးသည် ရပ်တန့်သွားခဲ့၏.....။

အဘယ့်ကြောင့်ရပ်တန့်သွားရသနည်း။ လော်ကျစ်လုံ၏ မျက်လုံးများသည် စိတ်ပျက်မှုများနှင့်ပြည့်သွားခဲ့၏။ ရွက်လှေကြီးသည် ဤအမြန်နှုန်းအတိုင်း ဆက်လက်၍သွားမည် ဆိုပါက မိုးကြိုးများကိုရှောင်တိမ်း၍ သွားနိုင်ပေလိမ့်မည်။ သို့ပေမဲ့ ရှေးသင်္ဘောကြီးသည် အဘယ်ကြောင့်ရပ်တန့်သွားရသနည်း။

"ဆွစ်"

ရုတ်တရက် လီချင်းယန်သည်ရှေးသို့ပြေးထွက်လာပြီး မိုးကြိုးများကျဆင်းရာ အောက်တွင် ခပ်မတ်မတ်ရပ်လိုက်၏။ သူ၏ဆံနွယ်များသည် လေထဲတွင်လွင့်လျှက်ရှိနေတော့၏။ မျက်နှာပေါ်တွင်တော့ ထင်ရှားသည့်အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

"ဂျိန်း … ဂျိန်း …."

ဤနေရာကြီးသည် အနည်းငယ်တုန်ခါပြီးသည့်နောက်မှာတော့ မိုးကြိုးဓားသည် သူ၏ရှေတွင် ပေါ်လာခဲ့၏။ လီချင်းယန်၏ ညာဘက်လက်သည် ဓားပေါ်သို့ရောက်ရှိသွားခဲ့သည်။

"ရွှမ်"

မိုးကြိုးဓားပေါ်ရှိ မန္တာန်နှင့် သင်္ကေတများ အားလုံးသည် အသက်ဝင်သွားပြီးနောက် တလက်လက် တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ထိုအရာသည် ကျဆင်းလာသော မိုးကြိုးနှင့် လျှပ်စီးများကို ကြိုဆိုလျက် ရှိနေ၏။

"ဝုန်း"

မိုးကြိုးနှင့်လျပ်စီးစွမ်းအင်များသည် ကျဆင်းလာပြီးနောက်မှာတော့ဓားအတွင်းသို့တိုးဝင်လျက် ရှိနေတော့သည်။

လီချင်းယန်သည် မိုးကြိုးဓားကို ကိုင်ဆောင်ပြီးနောက်မှာတော့ မိုးကြိုးနှင့်လျပ်စီးများ ဝင်ရောက်လာသည်ကို ပျော်ရွှင်စွာခံစားမိ၍ ပြောလိုက်လေသည်။ "ဂိုဏ်းချုပ် …. လက်နက်သန့်စင်ဖို့အတွက် တကယ်သုံးလို့ရတာပဲ"

ကျွင်းရှောင်ချောင်းသည်ပြုံးလိုက်မိ၏။ "ဒါဆို မင်းတာဝန်ထားလိုက်တော့မယ်"

"ကောင်းပါပြီ"

လီချင်းယန်သည် မိုးကြိုးဓားကို တင်းကြပ်စွာဆုပ်ကိုင်၍ ကောင်ကင်ရှိ မိုးကြိုးနှင့်လျပ်စီးများကို ကြည့်ကာ ပြုံးလိုက်သည်။ "လာကြစမ်း လာကြစမ်း"

All Chapters