← Chapters

အခန်း (၁၀၄၂-၁၀၄၃)

Vol. 70 Ch. 1042-1043

အခန်း (၁၀၄၂-၁၀၄၃)

Vol. 70 Ch. 1042-1043

အရှေ့ပင်လယ်၏ အထက်မှာတော့ ရှေးသင်္ဘောကြီးသည် အလွန်တရာ မြန်ဆန်သည့်နှုန်းထားဖြင့် အရှေ့သို့ သွားလျက်ရှိသည်။ လီချင်းယန်နှင့် တခြားသူများ အားလုံးသည် မျက်စိမှိတ်ကာ အနားယူလျက် ရှိနေကြသည်။ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့်အချိန်မှာတော့ မဲတူးလျက်ရှိနေသော မျက်နှာနှင့် လှမ်းလျှောက်လာခဲ့သော ဂိုဏ်းချုပ်ကို မြင်လိုက်ရတော့သည်။

ဂိုဏ်းချုပ်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “ဆရာဖန်းဆိုတဲ့ကောင် ဘယ်လိုဖြစ်ပြီး ပုလင်းထဲက စာထဲမှာ ထောင်ချောက်ဆင်ထားရတာလဲ”

သူ့အနေနှင့် ဘာတစ်ခုမှ လုပ်စရာမရှိဘဲ ပျင်းနေသောကြောင့် မိုးဆွေဟောခန်းမှ ရရှိခဲ့သော ပုလင်းထဲမှ စာအား ထုတ်ယူလိုက်တော့သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်ကြည့်သည့်အချိန်တွင် ထိုအရာသည် ချက်ချင်းပဲ ပေါက်ကွဲထွက်သွားတော့သည်။

“ဂိုဏ်းချုပ်”

လီချင်းယန်က မေးလိုက်သည်။ “အဆင်ပြေရဲ့လား”

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်ကာဖြင့် သူ၏ မျက်နှာပေါ်ရှိ မဲတူးနေသော အသားအရည်များကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လိုက်သည်။ ရုတ်တရက် သူသည် စကားပြောရန် ပြင်လိုက်သည့်အချိန်မှာပဲ ကောင်းကင်ပေါ်တွင် များပြားလှသည့် တောင်တန်းများ တည်ရှိနေသည်ကို မြင်လိုက်ရ၏။ သူသည် အလန့်တကြားဖြင့် ထပြောလိုက်၏။ “ဒီနေရာမှာ လွင့်မျောနေတဲ့ တောင်တန်းတွေ ရှိနေတာလား”

လော်ကျစ်လုံသည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်၏။ “ဒါက ကပ်ဘေးကြီးလေ၊ ဘယ်လိုဖြစ်ပြီး လွင့်မျောနေတဲ့ တောင်တန်းကြီး ဖြစ်ရမှာလဲ၊ သင်္ဘောတွေ ဒီထဲကို ဝင်သွားပြီဆိုရင် ကြီးမားလှတဲ့ ကျောက်တုံးကြီးတွေက အပေါ်ကနေ ပြုတ်ကျလာလိမ့်မယ်၊ ဒါဆိုရင် သင်္ဘောတွေ အကုန်လုံး ပျက်စီးသွားလိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒါက တကယ့်ကို ဆန်းကြယ်လွန်းတာပဲ၊ ရှောင်ကျီ ... မင်း ဒီဟာတွေကို ဖြေရှင်းလိုက်တော့”

“ကောင်းပါပြီ” ရှောင်ကျီက ပြောလိုက်သည်။

“ဖယ် …. ဒါတွေကို ဖယ်ရှားမှာ ဟုတ်လား” လော်ကျစ်လုံ၏ မျက်လုံးများသည် ပြူးထွက်သွားတော့သည်။ ခဏကြာပြီးသည့်နောက်မှာတော့ ရှေးသင်္ဘောကြီးသည် ကျောက်တုံးများ ပြုတ်ကျလျက်ရှိနေသော တည်နေရာထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။

ရှောင်ကျီသည် ရှေ့သို့လှမ်းတက်သွားခဲ့သည်။ ကြည့်ရသည်မှာ ကြီးမားလှသည့် လူဘီလူးကြီးများကို ရင်ဆိုင်ရမည့် ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ပင် ဖြစ်၏။

“တောင်ရဲ့ အလေးချိန်က အရမ်းကို များတယ်လေ”

လော်ကျစ်လုံသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းသားက တကယ်ပဲ ဒီတောင်တွေကို ဖယ်ရှားနိုင်မှာလား”

ဝှစ် ဝှစ်

ထိုအချိန်မှာပဲ အလွန်တရာ အားကောင်းလှသော အော်ရာများသည် ရှောင်ကျီ၏ ခန္ဓာကိုယ်၌ ဖြစ်တည်လာခဲ့၏။ သူ၏ တောင့်တင်းခိုင်မာလွန်းလှသော ကြွက်သားများသည် အမြောင်းမြောင်း ထွက်ပေါ်လာခဲ့၏။ “မြှောက်စမ်း” ရှောင်ကျီသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့၏။

ဂျိန်း

ကြီးမားလှသော လွင့်မျောနေသည့် တောင်တန်းကြီးသည် ရုတ်တရက် တွန်းဖယ်ခံလိုက်ရပြီး အဝေးဆီသို့ ရောက်ရှိသွားသည်။

ဝှစ် ဝှစ်

ထိုအတိုင်းပဲ ရှောင်ကျီသည် တစ်ခုပြီး တစ်ခုကို တွန်းလွှတ်လျက် ရှိနေတော့၏။

ဝှစ် ဝှစ်

ရှေးရွက်လှေသင်္ဘောကြီးသည် ဆက်လက်ကာ ရှေ့သို့ တိုးသွားတော့သည်။ အဆုံးသတ်မှာတော့ ဤတည်နေရာထဲမှ လွယ်လွယ်ကူကူဖြင့် လွတ်မြောက်သွားခဲ့တော့သည်။

ဘုန်း ဘုန်း ဘုန်း

ဆွစ် ဆွစ် ဆွစ်

“ဂိုဏ်းချုပ်ကျွင်း… ကျုပ်တို့ ရှေ့လီတစ်ထောင်ဆီကို ဆက်ပြီးသွားမယ်ဆိုရင် တတိယမြောက် ကပ်ဘေး တည်နေရာထဲကို ရောက်ပြီ၊ အဲဒါက ဓားတောင်ပဲ”

အရှေ့ဘက်ပင်လယ်၏ အတွင်းဘက်ပိုင်းထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင် သူသည် အလုံးစုံ စိတ်လက် ပူပန်လျက် ရှိနေ၏။ ကပ်ဘေးကြီးနှစ်ခုကို ကျော်ဖြတ်ပြီးဖြစ်လျှင်တောင်မှ သူသည် စိတ်သက်သာမှုကို မရရှိခဲ့ချေ။ ကျွင်းချောင်ရှောင်းနှင့် တပည့်များ အားလုံးသည် တည်နေရာအား လွယ်လွယ်ကူကူနှင့် ဖြတ်သန်းလျက် ရှိနေ၏။ ထင်မှတ်ထားသည့်အတိုင်းပင် သူသည် သုံးသပ်ချက် မမှားခဲ့ချေ။ ထိုသူများသည် သူ့အား အရှေ့ပင်လယ်ဆီသို့ ခေါ်ဆောင်သွားနိုင်သည့်လူများ ဖြစ်လို့နေတော့သည်။

“ဓားတောင် ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် မျှော်လင့်တကြီးဖြင့် ပြောလိုက်၏။ “ဘယ်လိုပုံစံမျိုးလဲ”

ဝှစ်

ရှေးရွက်သင်္ဘောကြီးသည် အရှေ့ဆီသို့ မြန်ဆန်စွာ သွားလျက် ရှိနေ၏။ လမ်းတစ်လျှောက်မှာတော့ သူသည် ဆဋ္ဌဂံကြယ်ကျောက်တုံးများကို ထည့်သွင်းကာ မောင်းလျက်ရှိသည်။ သို့ပေမဲ့ စွမ်းအင်များကလည်း အလွန်တရာ ကုန်ခမ်းလျက်ရှိ၏။ ဆရာဖန်းသည်သာ အလွန်အလျင်လိုနေသည်ဟု ရေးသားထားသည် မဟုတ်ပါက သူသည် သာမန်စိတ်ဝိညာဉ်ကျောက်တုံးများကို ထည့်သွင်း၍ မောင်းနှင်မှာ ဖြစ်တော့သည်။ သို့ပေမဲ့ လက်ရှိအခြေအနေ မှာတော့ ဆဋ္ဌဂံကြယ်ကျောက်တုံးများကို ထည့်သွင်းကာ မောင်းနှင်လျက်ရှိ၏။

ဝှစ် ဝှစ်

လီပေါင်းတစ်ထောင်ခန့် ခရီးသွားပြီးသည့်နောက်မှာတော့ အလွန်တရာ ထူထဲလှသောတိမ်မဲများသည် အဝေးတစ်နေရာတွင် စုဝေးလျက် ရှိနေ၏။ ထိုတိမ်မဲများဆီမှ ထက်ရှလွန်းသော ဓားအော်ရာများ ထွက်ပေါ်လာလျက် ရှိသည်။

“ဂိုဏ်းချုပ်ကျွင်း”

လော်ကျစ်လုံသည် လေးလေးနက်နက် ပြောလိုက်၏။ “ဒါက ဓားတောင်တည်နေရာပဲလေ၊ ဒီထဲကို ဝင်သွားပြီ ဆိုတာနဲ့ ဓားတွေက မိုးတွေလိုပဲ ကျဆင်းလာလိမ့်မယ်”

“အားညို”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကိစ္စကို မင်းတာဝန် ထားလိုက်တော့”

ရီရှင်းချန်သည် ငြိမ်သက်လျက် ရှိနေသည်။ သူသည် အဝေးတစ်နေရာတွင် ရှိနေသော တိမ်မဲများကို လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ အထင်အမြင်သေးသည် အရိပ်အယောင်များ ထင်ပေါ်လျက် ရှိနေသည်။ သူသည် ရှေးကပ်ဘေးကြီးနှစ်ခုကတည်းက တိုက်ခိုက်ချင်စိတ် ရှိနေခဲ့သည်။ သို့ပေမဲ့ လီချင်းယန်နှင့် ရှောင်ကျီတို့သည် ကိုယ့်တာဝန်ကိုယ် ယူသွားခဲ့ကြပြီးပြီဖြစ်၏။ နောက်ဆုံးမှာတော့ သူ၏အလှည့်လို့ ရောက်ရှိလာခဲ့သည်။ “ငါ့အစွမ်းကို ပြရသေးတာပေါ့”

..................

ချလွမ်

ရီရှင်းချန်သည် ကျန်းယန်ဓားအား ဆွဲ၍ထုတ်လိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ ဓားအလင်းတန်းများသည် လေဟာနယ် တစ်ခုလုံးကို ထွင်းဖောက်သွားခဲ့၏။

ဝှစ်

ခဏလောက်ကြာပြီးသည့်နောက် ရှေးရွက်သင်္ဘောကြီးသည် ဓားတောင်တည်နေရာကြီးကို ဖြတ်သန်းထွက်ခွာ လာခဲ့တော့၏။ ရီရှင်းချန်သည် ကုန်းပတ်ရှေ့တွင် မတ်မတ်ရပ်လျက်ရှိပြီး ၎င်း၏ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလျက် ရှိနေတော့သည်။ သူသည် ဘာတစ်ခုမှ ပြင်းပြင်းထန်ထန် မကြိုးစားလိုက်ရဘဲ ဤကပ်ဘေးကြီးကို ဖြေရှင်းနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

“ထင်သလောက်လည်း မခက်ပါလား” ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်၏။ အရှေ့ပင်လယ်ဆီသို့ လာရသည့်ခရီးသည် အလွန်တရာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေမည်ဟု သူထင်မှတ်ခဲ့သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ဘာတစ်ခုမှ စိတ်လှုပ်ရှားမှု မရှိချေ။ ဘေးအန္တရာယ်များကို တပည့်များနှင့်ပင် လွှဲအပ်ထားနိုင်၏။

ဝှစ်

ရှေးသင်္ဘောကြီးသည် ကောင်းကင်၌ ပျံသန်းလျက်ရှိနေ၏။ ရက်အနည်းငယ်ကြာပြီးသည့်နောက် သဘာဝဘေးအန္တရာယ်များ သည် တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့ကြသည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းကိုတော့ ထိုဘေးအန္တရာယ်များသည် မစိန်ခေါ်နိုင်ခဲ့ချေ။ လီချင်းယန်နှင့် တခြားသောသူ သုံးယောက်တို့သည် ထိုအရာများကို လွယ်လွယ်ကူကူ ဖြေရှင်းခဲ့ကြသည်။

...............

လောက်ကျစ်လုံသည် မီးပင်လယ်ကြီးကို ဖြတ်သန်းသွားလာပြီးသည့်နောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဂိုဏ်းချုပ်ကျွင်းအား ကြည့်လိုက်မိသည်။ “ဒီခရီးက အရမ်းကို လွယ်လွန်းနေတယ်”

“အဘိုးကြီးလော်”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “သဘာဝဘေးအန္တရာယ်တွေ ဘယ်လောက်ကျန် သေးလဲ”

လော်ကျစ်လုံက ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ကျုပ်တို့က သဘာဝဘေး အန္တရာယ်တော်တော်များများကို ဖြတ်ကျော်ပြီးခဲ့ပြီလေ၊ ဒီတော့ ဖုံးကွယ်ထားတဲ့ သဘာဝအန္တရာယ်တွေကိုပဲ ကြုံရမှာ စိုးရတယ်”

“ဖုံးကွယ်ထားတဲ့ ဘေးအန္တရာယ်တွေ ဟုတ်လား”

“အရှေ့ပင်လယ်ရဲ့ အတွင်းပိုင်းထဲမှာ ထူးဆန်းတဲ့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေ ရှိတယ်လေ၊ ဥပမာအားဖြင့် အရှေ့ဘက်ပင်လယ်ထဲကို သွားတဲ့အချိန်မှာ မြူတွေဆိုင်းတဲ့ တည်နေရာကြီးထဲကို ဝင်ရောက်ပြီးတော့ လမ်းလွဲသွားတာမျိုးပေါ့၊ ဒါမျိုးကိုမှ တကယ့်ကို ဖုံးကွယ်ထားတဲ့ ထောင်ချောက် သဘာဝကပ်ဘေးလို့ ဆိုရမယ်၊ ရာသီဥတုနဲ့ အချိန်ပေါ် မူတည်ပြီးတော့မှ ဒါကို ရင်ဆိုင်လို့ရတာ”

“မြူတည်နေရာကြီး ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် အဝေး တစ်နေရာဆီသို့ လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။ “ခင်ဗျားပြောတာ အဲတာကြီးလား”

လော်ကျစ်လုံသည် အလျင်အမြန်ဖြင့် စက်ခန်းထဲမှ ထွက်ကာ ကြည့်ရှုလိုက်သည်။ အပြင်ဘက်တွင်တော့ ဖြူဖွေးနေသည့်မြူများ အလိပ်လိုက် ဖြစ်တည်နေသည်ကို မြင်လိုက်ရ၏။ ဤမြူများသည် ဖြူဖွေးလျက်ရှိနေပြီး အလွန် ကြီးမားလှသည့် တစ္ဆေကြီးတစ်ကောင်ကဲ့သို့ပင် ဖြစ်နေသည်။

“မဟုတ်သေးပါဘူး”

သူသည် ခေါင်းကိုဆုပ်ကိုင်ကာ ပြောလိုက်မိသည်။ “ဒါအခုပဲ ပြောရသေးတယ်၊ အခု ရောက်လာတာလား”

“ခင်ဗျား ပါးစပ်ကတော့ ရွှေချထားဖို့ ကောင်းနေပြီ”

...........

ဝှစ်

ရှေးသင်္ဘောကြီးသည် မြူထဲသို့ ထိပ်တိုက်ပင် ဝင်သွားတော့၏။

သူတို့သည် ဝင်ရောက်ပြီးသည်နှင့် တပြိုင်နက် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှု့လိုက်၏။ သို့ပေမဲ့ ကန့်သတ်ခြင်းကို ခံထားရတော့သည်။ ရှာဖွေရန် အလွန်ခက်ခဲသည်မို့ ၎င်းတို့သည် မည်သည့်နေရာကို သွားရမှန်း မသိဘဲ လမ်းပျောက်လျက် ရှိသည်။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်၏။ “ ဘယ်နေရာက အရှေ့၊ ဘယ်နေရာက အနောက်လည်း မသိတော့ဘူး”

ဟယ်ဝူတီသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒီမြူတွေက စည်းတစ်ခုနဲ့ ဆင်တူတယ်လေ၊ စိတ်ဝိညာဉ်အာရုံဖြန့်ကျက်နိုင်မှုနဲ့ တည်နေရာ ရှာဖွေနိုင်မှုကို ကန့်သတ်ထားတာပဲ”

“ဒါက အစီအရင်ရဲ့ အော်ရာမျိုးလည်း မရှိဘူး၊ သဘာဝတရားကြီးက တကယ့်ကို ဆန်းကြယ်တာပဲ” ကျွင်းချောင်ရှောင်းသည် သက်ပြင်းချလိုက်မိသည်။

“ဂိုဏ်းချုပ်ကျွင်း”

လော်ကျစ်လုံသည် ဘယ်ဘက်တည်နေရာကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “အဲဘက် တည်နေရာကို သွားမယ်”

သူတို့အနေနှင့် လမ်းပျောက်သွားခဲ့သည်ဆိုသော်လည်း အလွန်ကျွမ်းကျင်လှသော ရေကြောင်းပြတစ်ယောက် ပါနေ၏။ ထို့ကြောင့် သူသည် အချိန်ကိုက်ပင် မည်သို့သွားရမည်ဖြစ်ကြောင်းကို ကောင်းကောင်းနားလည်နေ တော့သည်။ နှစ်ပေါင်းများစွာ ဖြစ်တည်ခဲ့သော သူ၏ အတွေ့အကြုံများကို အခြေခံကာဖြင့် အဘိုးကြီးလော်သည် ကောင်းမွန်သော တည်နေရာကို ရွေးချယ်ကာ သွားလာနေတော့၏။

ကျွင်းချောင်ရှောင်းသည် ရွက်လှေကြီး၏ ပင်မပဲ့ကို ကိုင်ကာဖြင့် အဘိုးကြီးလော် ညွှန်ပြသည့်နေရာများကို မောင်းနှင်လျက် ရှိနေသည်။ တစ်နေ့လုံးလုံး ရေတွက်လို့မရသောလမ်းကြောင်းများကို ရွေ့ပြောင်း သွားလာပြီးသည့်နောက် ၎င်းတို့သည် မြူတည်နေရာ၏ အပြင်ဘက်သို့ ထွက်ခွာလာနိုင်ခဲ့ကြသည်။

ဖူး

လော်ကျစ်လုံသည် စိတ်သက်သာရာ ရမိသွား၏။ တစ်နေကုန် အာရုံစိုက်၍ ကြည့်ရှုခဲ့ရသည်မှာ အလွန်မောပန်းလွန်းလှသည်။

“ဂိုဏ်းချုပ်ကျွင်း”

လော်ကျစ်လုံက ပြောလိုက်သည်။ “ကျုပ်တို့ အရှေ့ပင်လယ် တည်နေရာကြီးထဲကို ရောက်သွားပြီလေ၊ တခြား သဘာဝအန္တရာယ်တွေ မတွေ့ဘူးဆိုရင် ခုနှစ်ရက်အတွင်း ကျုပ်တို့ သွားချင်တဲ့နေရာကို ရောက်ပြီပဲ”

ဤတစ်ကြိမ်မှာတော့ သူ၏ ပါးစပ်သည် ကောင်းမွန်သည့်အရာ တစ်ခုဖြစ်၍ လာခဲ့တော့သည်။ အဘယ်ကြောင့်ဆိုသော် လေးရက်တိတိ ထပ်မံကာ ရွက်လွှင့်ခဲ့ပြီးသည့်နောက် မည်သည့် သဘာဝအန္တရာယ်ကိုမှ ထပ်မံ မတွေ့ခဲ့ရတော့ပေ။ သို့ပေမဲ့ မုန်တိုင်းသေးလေးများ၊ ပင်လယ်သားရဲများ၏ တိုက်ခိုက်မှုကိုတော့ ကြုံခဲ့ရသည်။ သို့ပေမဲ့ အဆင့်နိမ့်သားရဲနှင့် အဆင့်နိမ့် ဘေးအန္တရာယ်များ ဖြစ်သည်မို့ ထည့်သွင်းပြောဆိုရန်ပင် မသင့်တော့ချေ။

အရှေ့ဘက်ပင်လယ်၏ တည်နေရာထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ သင်္ဘော အနည်းငယ်တို့ ဖြတ်သွားဖြတ်လာ ပြုလုပ်နေသည်ကို မြင်ခဲ့ရသည်။ ကျွင်းချောင်ရှောင်းနှင့် တခြားသူများ အားလုံးသည် ဤအရာများမှာ ဖြတ်သန်းသွားလာနေသောသင်္ဘောများ မဟုတ်ဘဲ သေဆုံးပြီး ပဲ့ကိုင်သူမရှိဘဲ လွင့်မျောနေသောသင်္ဘောများဖြစ်ကြောင်း သိရှိလိုက်ကြရ၏။

ဂလု

လော်ကျစ်လုံသည် အရက်ကြမ်းတစ်ခွက်ကို ကောက်မော့ပြီးနောက် ပြောလိုက်တော့သည်။ “ဂိုဏ်းချုပ်ကျွင်း... အရှေ့ပင်လယ်ထဲကို ခရီးထွက်လာရတာ ဒီလောက်လွယ်လိမ့်မယ်လို့ ကျုပ်ဘယ်တုန်းကမှ မထင်မိခဲ့ဘူး”

“ကျုပ်လည်း မထင်ပါဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ လီချင်းယန်၊ ရှောင်ကျီနှင့် ဟယ်ဝူတီတို့ အားလုံးသည် သူ၏ဘေးနားတွင် ထိုင်လျက်ရှိပြီး ပင်လယ်စာများကို စားသုံးလျက်ရှိနေကြသည်။ အရက်များကိုလည်း သောက်နေတော့သည်။

လော်ကျစ်လုံသည် အပြင်ဘက် ပဲ့တည်နေရာတွင် မတ်တပ်ရပ်နေသော ရီရှင်းချန်ကို လှမ်းကြည့်ကာဖြင့် ဇဝေဇဝါ မေးလိုက်သည်။ “ခင်ဗျားရဲ့တပည့်က အရက်မသောက်ဘူးလား”

“သူက အရက်သောက်ပြီးရင် အိပ်ပျော်သွားတတ်တယ်လေ၊ ဒီတော့ အရက်ကို မထိတွေ့ဘူး။” ကျွင်းချောင်ရှောင်းက ရှင်းပြ လိုက်သည်။

“.........”

ထိုအရာကိုကြားတော့ ရီရှင်းချန်၏ မျက်နှာသည် ပျက်ယွင်းသွားတော့သည်။ ပြန်လည်မွေးဖွားလာသော သိုင်းအင်ပါယာတစ်ယောက် အနေနှင့် သူ၏ ဘဝတွင် အကြီးမားဆုံးသော နောင်တတရားသည် အရက်နှင့် မိန်းမပင် ဖြစ်တော့သည်။

.................

အရှေ့ပင်လယ်ထဲတွင်ရှိသော ပင်လယ်စာများသည် အလွန် အရသာရှိလှ၏။ စိတ်လိုလက်ရ စားသောက်ပြီးသည့်နောက် ၎င်းတို့ အားလုံးသည် သင်္ဘော၏ ရှေ့ဘက်တည်နေရာတွင် ပက်လက်လှန်ကာဖြင့် နေအလင်းရောင်ကို ကြည့်ရှုခံစားလျက် ရှိသည်။ တစ်ခါတစ်ရံ တိုက်ခတ်လာသော လေထဲတွင်တော့ ပင်လယ်၏ အနံ့အရသာများ ပါဝင်လျက် ရှိနေပြီး ၎င်းတို့ အားလုံးကို လန်းဆန်းတတ်ကြွစေခဲ့၏။

ကျွင်းချောင်ရှောင်းသည် လှုပ်ကုလားထိုင်ပေါ်တွင် အသာမှီထိုင်ပြီးနောက် တွေးလိုက်သည်။ ဒါက ငါလိုချင်တဲ့ ဘဝမျိုးပဲ။

သူ့အနေနှင့် အဓိကတာဝန်ကြီး၏ အချိန်ကန့်သတ်ချက်သာမရှိဘူး ဆိုပါက ဤကဲ့သို့ လောကကြီးတစ်ခုလုံး လွတ်လွတ်လပ်လပ်ဖြင့် ခရီးသွားလာချင်စိတ်များ ရှိသည်။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်၏။ “အဝေးမှာ သင်္ဘောတွေ ရှိတာပဲ”

“ဟမ်” ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်၍ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ပင်လယ်၏ရှေ့မိုင်တစ်ရာခန့် အကွာအဝေးတွင် သင်္ဘောတစ်ဒါဇင်ကျော်ခန့် ရှိနေကြောင်း တွေ့ရှိလိုက်ရ၏။ ထိုသင်္ဘောများအားလုံးသည် သေးငယ်လှသည့် သင်္ဘောလေးတစ်စင်းကို ဝိုင်းပတ်ထားလျက်ရှိ၏။ အလွန် ပြင်းထန်လှသော တိုက်ပွဲကြီး ဖြစ်မယ့်ပုံပင်။

“ဒါ ဓားပြတွေပဲ” အနီးသို့ ကပ်လာပြီးသည့်နောက်မှာတော့ လော်ကျစ်လုံသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် သင်္ဘောသေးလေးကို အသာငုံ့ကြည့်လိုက်သည့်အချိန်တွင် ပုံပန်းသွင်ပြင်သည် ၎င်းတို့ အရှေ့တောင်ဘက်မှ ပုံပန်းသွင်ပြင်မျိုးဖြစ်ကြောင်း သိရှိလိုက်ရ၏။ ဤမျှ များပြားလှသော ဘေးအန္တရာယ်များ ကြားတွင် အသက်ရှင်သန်နိုင်ရန် မလွယ်ကူသည့် ဤနေရာဆီသို့ ရောက်ရှိလာခြင်းဆိုသည်မှာ အလွန်ကောင်းမွန်လှသည့် ရည်မှန်းချက်နှင့် စွမ်းဆောင်ရည်ကောင်းသည့်လူများသာ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ သဘာဝဘေး အန္တရာယ်ကို ရှောင်ရှားပြီးသည့်နောက်မှာတော့ လူများဖန်တီးထားသည့် ဘေးအန္တရာယ်ကို မရှောင်ရှားနိုင်ခဲ့ပေ။ ကံဆိုးလှချေသည်။

“နေအုံး၊ သင်္ဘောပေါ်ကလူကို ငါနည်းနည်း ရင်းနှီးနေတာပဲ”

...............

ဘုန်း ဘုန်း

သင်္ဘောတစ်ဒါဇင်ကျော်တို့သည် ရေထဲတွင် ရပ်တန့်လျက်ရှိပြီး အလွန် အားကောင်းလှသော စိတ်ဝိညာဉ် စွမ်းအင်များသည် ပေါက်ကွဲထွက်ပေါ်နေ၏။ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်သည် အားကောင်းလွန်းလှသော ကျွမ်းကျင်သူ ငါးယောက်တို့နှင့် တိုက်ခိုက်လျက်ရှိနေသည်။ သို့ပေမဲ့ သူသည် အောက်စည်းသို့ ရောက်ရှိနေသည်။

“သခင်လေး”

ထိုသူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “မြန်မြန် ထွက်သွားတော့”

“ထွက်သွားမယ် ဟုတ်လား”

ဖြောင်း ဖြောင်း ဖြောင်း

အဝေးတစ်နေရာ၏ သင်္ဘောပေါ်မှာတော့ မျက်လုံးတစ်ဖက်ကမ်း သက်လတ်ပိုင်းလူတစ်ယောက်သည် အလွန်ဆိုးဝါးစွာ ရယ်မောလိုက်၏။ ပြီးသည့်နောက်မှာတော့ ပြောလိုက်တော့သည်။ “ကျုပ်တို့ နဂါးဓားမြအဖွဲ့က နောက်လိုက်တွေကို သတ်ဖြတ်ပြီးတဲ့နောက်မှာ ဒီနေ့ အားလုံး သေရတော့မယ်”

“ချီးတဲ့မှ”

ပန်းပွင့်ပုံများ ရေးထိုးထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်မိ၏။ “ဒါက ဓားပြအဖွဲ့လေးတစ်ခုပဲလေ၊ ဘာလို့ ဒီထဲမှာ များပြားလှတဲ့ သိုင်းနယ်မြေ ကျင့်ကြံသူတွေ ပါနေရတာလဲ”

ဘုန်း

ထိုအချိန်မှာပဲ ကောင်းကင်ယံထက်တွင် နောက်ထပ် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုသည် မခုခံနိုင်ခဲ့တော့ချေ။ တိုက်ရိုက်ဆိုသလိုပဲ အနောက်ဘက်သို့ လွင့်စင်သွား၏။ အဆုံးသတ်မှာတော့ သူသည် ပင်လယ်ထဲသို့ ကျဆင်းသွားပြီးသည့်နောက်မှာတော့ သွေးတွေ အန်ထွက်လာခဲ့တော့သည်။

“အကြီးအကဲလင်း” လူငယ်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။

ဝှစ် ဝှစ်

ဓားပြများဘက်မှ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် ကောင်းကင်ယံထက်မှ ပျံသန်းလာပြီးသည့်နောက် ၎င်း၏လက်ထဲတွင် အားကောင်းလှသော စွမ်းအင်များကို စုစည်းလိုက်၏။ ပြီးသည့်နောက်မှာတော့ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သို့ပေမဲ့ ထိုအချိန်မှာပဲ ရုတ်တရက် ကောင်းကင်ကြီးသည် မဲမှောင်သွားခဲ့သည်။

“အမ်” အားလုံးသည် ခေါင်းမော့၍ ကြည့်ရှုလိုက်သည့်နောက်မှာတော့ ကြီးမားလှသည့် သင်္ဘောကြီးတစ်စင်းသည် ကောင်းကင်ယံထက်၌ ပေါ်လာသည်ကို မြင်လိုက်ရ၏။

“ယွမ်သခင်လေး”

ကျွင်းချောင်ရှောင်းသည် ပဲ့ပိုင်းမှ အသာခေါင်းငုံ့ကြည့်ကာဖြင့် လှမ်း၍ ပြောလိုက်တော့သည်။ “ဒီလို ပင်လယ်ထဲမှာ လာပြီးတွေ့ရမယ်လို့ မမျှော်လင့်ထားဘူး”

ရုတ်တရက် ရင်းနှီးနေသည့်အသံကို ကြားလိုက်ရသည့်နောက်မှာတော့ ယွမ်သခင်လေးသည် တည်နေရာမှာတင် မိုးကြိုးပစ်ခံလိုက်ရသလို ကြောင်အအနှင့် ရပ်လျက် ရှိနေတော့သည်။ ပြီးသည့်နောက်မှာတော့ စိတ်ထဲမှာ စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်တော့၏။

သူ ဘာလို့ ဒီကို ရောက်လာရပြန်တာလဲ။

All Chapters