← Chapters

ဝယ်ယူခြင်း

Vol. 25 Ch. 361

ဝယ်ယူခြင်း

Vol. 25 Ch. 361

ဘုရင်မကြီး ရီဘိုသည်စကားပြောနေစဉ်တွင်ရွှေလီကို ငေးကြည့်နေမိသည်။

မူလက ဖျော့တော့သော ရွှေလီသည် ယခုအခါ သူမ၏ မျက်နှာငယ်လေးတွင် နီမြန်းသောအရောင်ရှိလာသည်ကိုသူမမြင်လိုက်သည်။

ဘုရင်မကြီး ရီဘိုကခဏလောက်စဉ်းစားပြီး “မစ္စတာလင်း၊ ဒီရေမွှေးတစ်သုတ်ဝယ်လို့ရမလား။ မသိဘူး”

သူမရဲ့ စိတ်ကူးက ရိုးရှင်းသည်။

ရွှေလီသာရောဂါလုံးဝပျောက်ကင်းသွားပါက ကျန်တာအရေးမကြီးပေ။

ဒါပေမယ့် သေချာတာတစ်ခုတော့ရှိသည်။

ဤရေမွှေးသည် ရွှေလီ၏အခြေအနေကို သေချာပေါက် ကူညီပေးလိမိ့မည်ဆိုတာပသ်ဖြစ်သည်။

ဆေးထိုးခြင်းထက် ရေမွှေးနံ့က ပိုသင့်တော်တယ်ဆိုတာ သေချာသည်။

ထို့အပြင် ဘုရင်မရီဘို သည် ပန်းအနှစ်သာရရေမွှေးအနံ့ကိုလည်း အလွန်နှစ်သက်သည်။

ချမ်ရီရီနှင့် ဟန်စီဒီရှိဝန်ထမ်းတို့သည် ယင်းကိုကြားသောအခါတွင် သူတို့၏မျက်နှာများတွင်ဖုံးကွယ်၍မရနိုင်သော စိတ်လှုပ်ရှားသေူအမူအရာများပေါ်လာလေသည်။

နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် ဟန်စီဒီ၏ ရေမွှေးကို နောက်ဆုံးတွင် ဝယ်ယူလိုသည်။

ပြီးတော့ဤလူသည် အီဂယ်နိုင်ငံ၏ဘုရင်မတစ်ယောက်လဲဖြစ်သည်။

ဒါဟာ သေချာပေါက် သတင်းကောင်းပင်ဖြစ်သည်။

ချမ်ရီရီနှင့် အခြားသူများ၏ စိတ်လှုပ်ရှားမှုနှင့် ယှဉ်လျှင် လင်းဖန်သည် များစွာ ငြိမ်သက်နေသည်။

“ရပါတယ်။ ဒီရေမွှေးရဲ့နာမည်က ပန်းအနှစ်သာရလို့ခေါ်ပါတယ်။ တကယ်တော့ ဘုရင်မ၊ ဒီမှာ ပန်းအနှစ်သာရတစ်ခုပဲ ရှိတာမဟုတ်ပါဘူး။ ပန်းအနှစ်သာရအပြင်ကွဲပြားတဲ့ ရေမွှေးတွေအများကြီးလဲရှိပါတယ်။”

စကားပြောနေစဉ်တွင် လင်းဖန်သည် စားပွဲပေါ်၌ ရေမွှေးမျိုးစုံကို ပြလိုက်သည်။

ဘုရင်မကြီး ရီဘိုက ရေမွှေးအားလုံးကို ရှူရှိုက်ရင်း ဖြည်းညှင်းစွာ ခေါင်းညိတ်ပြီး “အနံက အရမ်းကောင်းတယ်။ ငါရေမွှေးပုလင်း 100 ယူမယ်”

လင်းဖန် က “ကောင်းပါပြီ။”

ထိုအချိန်တွင် အမျိုးသမီးတစ်ဦးသည် ဘုရင်မကြီး ရီဘို နားတွင် တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သည်။

ဘုရင်မရီဘိုက ဖျတ်ခနဲ မျက်နှာအမူအယာပြောင်းပြီး “မစ္စတာလင်း၊ ရွှေလီ ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အခု နန်းတော်ထဲမှာ ကိစ္စရှိလို့အရင်သွားတော့မယ်။ နောက်နှစ်ရက်ကြာရင် ငါ ဧည့်ခံကျွေးမွေးပါ့မယ်။”

“ဟုတ်ကဲ့ပါဘုရင်မ” လင်းဖန်က ပြောသည်။

နှစ်ယောက်သား စကားအနည်းငယ်ပြောပြီး ဘုရင်မကြီး ရီဘိုလှည့်ထွက်သွားသည်။

ဘုရင်မကြီး ရီဘိုကတော့ ထွက်သွားခဲ့သည်သို့သော်လည်း ယခင်က ကြည့်ရှုခဲ့ကြသူအားလုံးသည် ဟန်စီဒီတဲကို အာရုံစိုက်နေကြဆဲဖြစ်သည်။

အီဂယ်နစ်ရှင်နယ်၏ ဥက္ကဌ ​ဂျေလန် သည် လင်းဖန်အား မနာလိုမှုအပြည့်ဖြင့် ကြည့်နေလိုက်သည်။

“မစ္စတာလင်း၊ မင်းက အံ့သြစရာကောင်းတာပဲ၊ မင်း ငါတို့ရဲ့ မင်းသမီး ရွှေလီ ကို နိုးထဖို့ ရေမွှေးကိုသုံးခဲ့တယ်၊ အနာဂတ်မှာ မင်းရဲ့ ရေမွှေးဟာ ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားလာလိမ့်မယ်။”

လင်းဖန် က “တစ်ကမ္ဘာလုံးမှာ နာမည်ကြီးတာလား။ အဲဒါက ခက်မယ်ထင်တယ်။”

ထို့နောက် သူသည် ဘလူဒတ့် ကို လက်ညှိုးထိုးပြပြီး “မစ္စတာ ဘလူဒတ့်၏ ဦးလေးကအီဂယ်နစ်ရှင်နယ်မှာဒါရိုက်တာတဲ့” ဟုဆိုလိုက်သည်။

“ပြီးတော့ သူကိုယ်တိုင်ကလဲအီဂယ်နစ်ရှင်နယ်မှာအလုပ်ဝင်လိုက်တာနဲ့ စီမံခန့်ခွဲရေးမှူး ဖြစ်လာလိမ့်မယ်တဲ့။သူက ဖောက်သည်တွေကို ဆွဲဆောင်ရာမှာ ကူညီပေးမယတဲ့။အခြေအနေတစ်ခုအနေနဲ့ ငါ့ကောင်မလေးနဲ့ချိန်းတွေ့ဖို့ တောင်းဆိုဖို့ ဒီအထောက်အထားတွေကို ထပ်ခါတလဲလဲ အသုံးပြုခဲ့တယ်။’’’

သူ့ဘေးက ဘာသာပြန်သူက လင်းဖန်၏ စကားအားလုံးကို အမြန်ပြန်ဆိုလိုက်သည်။

မစ္စတာလင်း၏ ချစ်သူရည်းစားကို ချိန်းတွေ့ဖိူ့အထောက်အထားကို အသုံးပြုတယ်။

ဒါရိုက်တာတစ်ယောက်ရဲ့တူ၊ စီမံခန့်ခွဲမှုးဖြစ်လာတော့မယ့်လူလား။

မင်းဘယ်လိုတောင်သတ္တိရှိလဲ။

လင်းဖန်သည် အီဂယ်နစ်ရှင်နယ်၏ ဒုတိယအကြီးဆုံးရှယ်ယာရှင်ဖြစ်သည်။

လင်းဖန်သည် သူ စော်ကားနိုင်သော အရာမဟုတ်ပေ။

နောက်ဆုံးတွင် ဂျေလန်က “သတ္တိကောင်းလိုက်တာ၊ ငါပြောမယ် ဒါရိုက်တာအဆင့်ရှိတဲ့ က မင်းဦးလေးသာဆိုရင်၊ ထိုက်ထိုက်တန်တန် အပြစ်ပေးခံရလိမ့်မယ်။ နောက်ပြီး မင်းဘဝတစ်​လျှာက်လုံးအီဂယ်နစ်ရှင်နယ် ကုမ္ပဏီကို ဝင်လို့မရ​စေရဘူး။”

ဒါကိုကြားတော့ဘလူဒတ့်၏ မျက်နှာတစ်ခုလုံး ချက်ချင်းဖြူစင်သွားသည်။

အီဂယ်နစ်ရှင်နယ်ရေနံကုမ္ပဏီသည် အီဂယ်နိုင်ငံရှိ လစာအကောင်းဆုံး ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။

ဝင်ရောက်နိုင်စေရန်အတွက် မည်မျှကြိုးစားခဲ့ရသည်ကို သူမသိပေ။

အခုမရှိတော့ဘူးလား?

နောက်ပြီး သူ့ဦးလေးလဲသူ့ကြောင့် အပြစ်ပေးခံရမှာလား?

သူ့ဦးလေးကိုယ်တိုင် သူ့သတ်မဘ်မှာသေချာသည်။

ဒါကိုစဉ်းစားရင်း ဘလူဒတ့်က ထိတ်လန့်တကြားအော်ပြောလိုက်သည်။ “မဟုတ်ဘူး...မဟုတ်ဘူး.....မစ္စတာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ...”

သို့သော်လည်း ဂျေလန်သည် ၎င်းကို မကြားပုံရပြီးမည်သည့်အရာကိုမျှ အာရုံစိုက်ရန် မရည်ရွယ်ပေ။

ထို့ကြောင့်ဘလူဒတ့်မှလင်းဖန် အား ထပ်မံတောင်းပန်ခဲ့သည်- “မစ္စတာလင်း၊ တောင်းပန်ပါတယ်.... ကျွန်တော် ကစုံလုံးကန်ပြီးမပြစ်မှားသင့်တဲ့သူက်ုပစ်မှားခဲ့တာပါ.. ကျေးဇူးပြုပြီး ...ခွင့်လွှတ်ပေးပါ....ကျေးဇူးပြုပြီး...”

“ထွက်သွား” လင်းဖန်သည် အေးစက်စက် စကားတစ်ခွန်းကို သာပြောလိုက်သည်။

စကားတစ်ခွန်းသာရှိသည်။

သို့သော် ဘလူဒတ့်၏နှလုံးတုန်လှုပ်ချောက်ချားသွားသည်။

သူ့သွားတွေ အံကြိတ်ပြီး ထပ်တောင်းပန်ခဖို့လုပ်တဲ့အခါဂျေလန်က တိုက်ရိုက်ပြောလိုက်သည်။ “မင်းမကြားဘူးလား မစ္စတာလင်းက မင်းကို ထွက်သွားဖို့ ပြောနေတယ်”

သန်မာသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် လူမည်းနှစ်ဦးသည် သားရဲနှစ်ကောင်ကဲ့သို့ ရှေ့သို့ တိုးလာကာ ဘလူဒတ့်ကို ဆွဲကာခေါ်ထုတ်သွားခဲ့သည်။

ဂျေလန်က “မစ္စတာလင်း၊ တောင်းပန်ပါတယ်၊ ဒီလိုမျိုး အဆင်မပြေဖြစ်သွားခဲ့တဲ့အတွက်...”

လင်းဖန် က “ကုမ္ပဏီတိုင်းမှာ ပိုးလောက်လန်းလိုကောင်တွေ ရှိပါတယ်။ဒါပေမယ့်လဲစီမံခန့်ခွဲမှုကပိုပြီးလိုအပ်နေသေးတယ်”

“ဟုတ်...မစ္စတာလင်း စိတ်ချပါ၊နောက်တစ်ခါအခုလိုမျိုးမဖြစ်စေရဘူး” ဂျေလန် က ကမန်းကတန်းပြောလိုက်သည်။

ထို့နောက် ၎င်းက ဆက်လက်၍ “မစ္စတာလင်း အခု အား မသိဘူး၊ အီဂယ်နစ်ရှင်နယ်ရဲ့ မနှစ်က အခြေအနေနဲ့ နောက်နှစ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းညွှန်ချက်နဲ့ ပတ်သက်ပြီး အတိုချုံး တင်ပြပါ့မယ်။ တခြား အကြံပြုချက်တွေကိုလည်း ပြောနိုင်ပါတယ်...”

လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “ပြောစရာမလိုဘူး ၊ ငါ ဒါကို စိတ်မ၀င်စားဘူး။ မင်းချမှတ်ထားတဲ့ လမ်းကြောင်းအတိုင်း သာလုပ်ပါ”

ဂျေလန် သည် ဤစကားကိုကြားသောအခါ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

လင်းဖန်သည် အသက်ငယ်လွန်းသော်လည်း ကုမ္ပဏီတွင် အစုရှယ်ယာများလွန်းသည်။

ကုမ္ပဏီ၏ အချို့သော နည်းဗျူဟာများကို သူထင်သလို ညွှန်ပြနေပါက၊ ၎င်းသည် အလွန်ဒုက္ခပေးသည့် ကိစ္စတစ်ခုဖြစ်သည်။

ဂျေလန်က ဒါကို စိတ်ထဲကနေ တွေးပြီး “ဒါပဲလား။ ကောင်းပြီ... မင်းမှာ ကုမ္ပဏီအတွက် အကြံဉာဏ်တွေ ရှိရင် မင်းငါ့ကို အမြဲပြောလို့ရတယ်။”

သူတို့နှစ်ယောက် စကားစမြည်ပြောကြတဲ့အခါ ဟန်စီဒီရဲ့ တဲမှာ လူတွေပြည့်နေပြီဖြစ်သည်။

“ဟယ်လို ရေမွှေး ၀ယ်ချင်လို့”

“ပုလင်း 100 လိုချင်တယ်”

“ပုလင်း ၂၀၀ လိုချင်တယ်”

…………

ကောင်းကင်ကြီးက မှောင်လာပြီ​ြဧ်သည်။

ချမ်ရီရီ၊ လင်းဖန် နှင့် ဟန်စီဒီရှိ ဝန်ထမ်းများသည် နောက်ဆုံးတွင် အီဂယ်ရိုင်ယာဟိုတယ်သို့ ပြန်လာကြသည်။

ဒီနေ့နေ့လည်ခင်းမှာ လူတိုင်းက အရမ်းအလုပ်များသည်။

သို့သော် သူတို့၏ မျက်နှာများသည် အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။

ဟန်စီဒီရှိဝန်ထမ်းအမျိုးသမီးက စိတ်လှုပ်ရှားစွာနဲ့ “ဒီနေ့၊ ရောင်းချမှုကို ငါတို့နိုင်ငံရဲ့ လူကြိုက်များမှုနဲ့ နှိုင်းယှဉ်လို့ရတယ်။”

“ဟုတ်တယ်၊ ပိတ်ဖို့အချိန်သာမဟုတ်ရင် ဒီလူတွေ လုံးဝထွက်သွားချင်မှာမဟုတ်ဘူး။” အခြားဝန်ထမ်းတစ်ဦးက ပြောလိုက်သည်။

“အရင်က လူတွေက နိုင်ငံခြားသားတွေက တန်းစီမတက်ဖူးကြဘူးလို့ လူတွေက ပြောကြတယ်။ နေ့ခင်းဘက်မှာတော့ ကျွန်တော်တို့ရဲ့ ဟန်စီဒီ ရေမွှေးဝယ်ဖို့ တန်းစီနေတဲ့ နိုင်ငံခြားသား တော်တော်များများကို တွေ့ခဲ့တယ်” အဖြူရောင်ရှပ်အင်္ကျီဝတ်လူက ပြောသည်။

ဝန်ထမ်းအမျိုးသမီးက “ဒါကိုမင်းတန်းစီခိုင်းလိုက်တာလား။”

“ဟုတ်တယ်!” ရှပ်အင်္ကျီဝတ်ထားတဲ့လူကြီးက “သူတို့ကို တန်းစီခိုင်းလိုက်တယ်။တန်းစီတဲ့သူမဟုတ်ရင်သူ့တျု့ကို ရောင်းမှာ မဟုတ်ဘူးလို့ပြောလိုက်တာ။အဲ့ဒါနဲ့သူတို့ကတန်းစီကြရရော!”

“တော်တယ်!” ဝန်ထမ်းအမျိုးသမီးကပြောလိုက်သည်။

All Chapters