← Chapters

တန်းစီစောင့်ဆိုင်းခြင်း

Vol. 25 Ch. 363

တန်းစီစောင့်ဆိုင်းခြင်း

Vol. 25 Ch. 363

အစာစားပြီးနောက် လင်းဖန်သည် အီဂယ်ရိုင်ယာဟိုတယ်တွင် အကြာကြီးမနေခဲ့ပေ။

သူသည် Ferrari 812 ကို တစ်ယောက်တည်း မောင်းနှင်ပြီး ကွန်ဗင်းရှင်းစင်တာဆီသို့မောင်းလာခဲ့သည်။

ရေမွှေးပြပွဲနောက်ဆုံးနေ့ဖြစ်နာကြောင့်လားမသိပေ။ယနေ့ကွန်ဗင်းရှင်းစင်တာတွင် ယခင်နှစ်ရက်ကထက် လူပိုများနေပုံရပြီး ဂိတ်ပေါက်ရှိ လူများ လည်ပတ်မှုသည် ယခင်နှစ်ရက်ထက် အနည်းဆုံး နှစ်ဆပိုများသည်။

သို့သော် လင်းဖန်သည် ပြပွဲစင်တာသို့ လျှောက်သွားသောအခါ ဝန်ထမ်းအနည်းစုကလွဲရင်၊ ဆိုင်တိုင်းမှာ ဖောက်သည်လုံးဝမရှိကြပေ။

ဘာတွေဖြစ်နေတာလဲ?

လင်းဖန်သည် သံသယစိတ်ဖြင့် ရှေ့သို့ ဆက်ပြီးလျှောက်သွားလိုက်သည်။

နောက်အခိုက်အတန့်တွင် သူ အနည်းငယ် အံ့အားသင့်သွားသည်။

အဘယ်ကြောင့်ဆိုသော် မနီးမဝေးတွင် လူဖြူ၊ လူမည်းများတို့သည်ထူထပ်စွာ တန်းစီပြီး ရပ်နေသောကြောင့်ပင်ဖြစ်သည်။

ဒီလူဘယ်နှစ်ယောက်လဲ။

၅၀၀?

၁၀၀၀?

ထောင်ပေါင်းများစွာ သို့မဟုတ် သောင်းချီ?

ပြပွဲစင်တာကလူတွေအားလုံး ဒီမှာတန်းစီနေကြမှာကို ကြောက်သည်။

လင်းဖန်သည် ရှေ့သို့ လှမ်းကာ အဝေးကို လှမ်းကြည့်လိုက်သည်သည်။

အဆုံးတွင်၊ သူသည် လူတန်းကြီး၏အဆုံးတွင်ဟန်စီဒီ ရေမွှေးတဲကို လှမ်းတွေ့လိုက်သည်။

ဒီလူတွေအကုန်လုံး ပန်းအနှစ်သာရမှာ တန်းစီနေကြသည်။သူတို့အားလုံး ပန်းအနှစ်သာရရေမွှေးကို ဝယ်နေကြတာလား။

တကယ်တော့ လင်းဖန်မျှော်လင့်ထားသလိုပင်ဖြစ်သည်။

လူတန်းကြီးသည်ပန်းအနှစ်သာရရေမွှေးကို အမှန်ပင်ဝယ်ယူနေကြသည်။

“ရေမွှေးပုလင်း 1000 ပေးပါ” လူဖြူတယောက်က ပြောလိုက်သည်။

“တောင်းပန်ပါတယ် ကျွန်တော်တို့ရဲ့ ဟန်စီဒီရေမွှေးကို လူတစ်ဦးလျှင် 5 ပုလင်းသာ ဂယ်ဖို့ကိုကန့်သတ်ထားပါတယ်။” ဟန်စီဒီဝန်ထမ်းက ပြောလိုက်သည်။

“ဘာ? ငါးပုလင်းတည်းလား? ငါ့အတွက် ပုလင်း ၁၀၀၀ ထုတ်ပေး!” လူဖြူက အော်ဟစ်လိုက်ပြီး တစ်ချိန်တည်းမှာပင် စားပွဲကို ပြင်းပြင်းထန်ထန် ပုတ်လိုက်သည် ။

ဟမ်စီဒီဝန်ထမ်းကမျက်မှောင်ကြုတ်ပြီး “မင်းဆက်ပြီး ပြဿနာရှာမေရင် ငါတို့ ဟန်စီဒီက မင်းကို နာမည်ပျက်စာရင်းသွင်းပြီး မင်းကို ကုန်ပစ္စည်းတွေ မရောင်းတော့ဘူး” လို့ပြောလိုက်သည်။

လူဖြူသည် နောက်ထပ် စကားအနည်းငယ်ပြောတော့မည်ဖြစ်ကာ ထိုစကားများကို ကြားသောအခါ တိတ်ဆိတ်သွားခဲ့သည်။

“ဒါဆို 5 ပုလင်းပဲပေးပါ”

ငွေပေးချေပြီးသည်နှင့် ချက်ခြင်းထွက်မသွားသေးပေ။

အဲဒီအစား သူ ထပ်​ပြီးတော့တန်းစီပြန်သည်။

ဒါကိုကြည့်ပြီးလင်းဖန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်တစ်ခု ရှိနေသည်။

ထိုအချိန်တွင်၊ ဟန်စီဒီဝန်ထမ်းသည် လင်းဖမ်ကိုမြင်သွားပြီး “မစ္စတာလင်း၊ မင်းဒီမှာလား”

ချမ်ရီရီ နှင့် တစ်ချိန်လုံး အလုပ်များနေသော အခြားသူများမှာ သူတို့လုပ်နေတာတွေကို မရပ်တန့်ဘဲ အားလုံးက လင်းဖန်ကို အာရုံစိုက်နေကြသည်။

လင်းဖန်က ပြုံးပြပြီး ခေါင်းညိတ်ကာ “ငါလည်း ကူညီပါရစေ”

ချမ်ရီရီ က “ရတယ် သူတို့က တန်းစီပြီး ဖြည်းဖြည်းချင်း စာရင်းသွင်းကြလိမ့်မယ်။ နင်ခဏလောက်ထိုင်ပြီး အနားယူလို့ရတယ်။”

လင်းဖန် က ပြုံးပြီး “ဒီကိစ္စမှာ ... ငါက အဓိက ရှယ်ယာရှင်ပါ ၊တစ်ခုခု လုပ်ပါရစေ၊ အနားယူနေရင် ငါပျင်းနေလိမ့်မယ် “

ချမ်ရီရီကခဏလောက်စဉ်းစားပြီး “ဒါဆို မင်း ဒီစာရင်းတွေနဲ့ လိပ်စာတွေကို အီလက်ထရွန်းနစ်ဗားရှင်းအဖြစ် ဖန်တီးပြီး အဲဒါတွေကို အမျိုးအစားခွဲပြီး အကျဉ်းချုပ်လုပ်ပေးလို့ရတယ်။”

“ကောင်းပြီ။” လင်းဖန်က ပြန်ဖြေသည်။

လင်းဖန်သည် သူ၏လက်များကို ကီးဘုတ်ပေါ်တင်ကာ အမည်များ၊ လိပ်စာများနှင့် နံပါတ်များကို ကွန်ပျူတာထဲသို့ လျင်မြန်စွာ ထည့်သွင်းကာ ဧရိယာများ၊ နံပါတ်များ၊ အမျိုးအစားများနှင့် အခြားအရာများကို အကျဉ်းချုံ့လိုက်သည်။

ဤမြင်ကွင်းကိုကြည့်ရင်းချမ်ရီရီ ၏ မျက်လုံးများ သည်တောက်ပလာပြန်သည်။

လင်းဖန်သည် သာမာန်လူများထက် သာလွန်သော ရေမွှေးကို ပထမဆုံးပြသခဲ့ပြီး သီဆိုသည်မှာလဲအလွန်ကောင်းလှသည်။

ထို့နောက် ချက်ချင်းပင်ရွှေလီကို ရေမွှေးဖြင့် နိုးကြားစေသည့် မယုံနိုင်စရာ ဆေးဘက်ဆိုင်ရာ နည်းပညာတစ်ခု ကိုလဲပြသခဲ့သည်။

ယနေ့တွင်လဲကွန်ပြူတာနည်းပညာသည် အလွန်ကောင်းမွန်ကြောင်းကိုလဲပြသခဲ့သည်။

လင်းဖန်...သူမလုပ်တတ်တာဘာရှိသေးလဲ။

နေဝင်သည်နှင့်အမျှ အဝေးကတိမ်များသည် ဤရေမွှေးပြပွဲ၏အဆုံးသတ်ကို ဂုဏ်ပြုလိုသလိုမျိုး အနီရောင်ဆိုးထားသည်။

ဟန်စီဒီတဲတွင် လူတန်းစီရှည်ကြီး ရှိသေးသည်။ ပြပွဲစင်တာပိတ်ချိန်ရောက်နေပြီဖြစ်သော်လည်းလူများသည်မထွက်သွားလိုကြပေ။ထို့ကြောင့်လုံခြုံရေးအစောင့်များ၏အကြိမ်ကြိမ် သတိပေးပြီးနောက် လူတိုင်းက ထွက်ခွာသွားကြသည်။

ယနေ့တွင် ဟန်စီဒီရှိ လူတိုင်းသည် အလွန်အလုပ်များနေ့ကြသည်။

သို့သော် သူတို့သည် ပင်ပန်းသည့်သဘောထားကို လုံးဝ မပြကြပေ။

ဆန့်ကျင်ဘက်အားဖြင့် သူတို့၏မျက်နှာများသည် ရွှင်လန်းမှုနှင့်ပြည့်နေသည်။

ဒီအချိန်မှာ လင်းဖန်က “ဒီရက်တွေမှာ အားလုံးက အလုပ်ကြိုးစားကြတယ်။ ညနေစောင်းရင် နန်းတော်မှာ အနားယူကြရအောင်”

နေ့ခင်းဘက်တွင် လင်းဖန်သည် တော်ဝင်မိသားစုထံမှ ဖိတ်ခေါ်ချက်ကို လက်ခံရရှိကာ ရီဘိုကရွှေလီကို ကယ်တင်ခဲ့သည့်အတွက် သူ့ကို ကျေးဇူးတင်ရန်ညစာစားရန် နန်းတော်သို့ လာစေလိုသည်။

ထိုအချိန်တွင် လင်းဖန်က အခြားလူများကို ခေါ်ဆောင်လာလို့ရလားဟုမေးလိုက်သည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ... တော်ဝင်မိသားစုက တိုက်ရိုက် အပြုသဘောဆောင်တဲ့ အဖြေကို ပေးခဲ့သည်။

ဒါကိုပြားပြီးနောက်ဟန်စီဒီ၏ဝန်ထမ်းအားလုံးသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

.........

မကြာမီတွင် လင်းဖန်နှင့် အခြားသူများ၏ အာရုံထဲတွင် မြင့်မားပြီး ရိုးရှင်းသော နန်းတော်တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။

အထဲကို လမ်းလျှောက်ပြီးနောက်ပုံသဏ္ဍာန်အမျိုးမျိုးရှိတဲ့ စိမ်းလန်းတဲ့အပင်တွေ၊ အနည်းငယ်ကြီးတဲ့တောင်ကုန်းတွေကို တွေ့နိုင်တယ်။

ခပ်ဝေးဝေးတွင် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးက တရုတ်စကားကို ကျွမ်းကျင်စွာဖြင့်ပြောလိုက်သည်။ “မစ္စတာလင်း၊ တွေ့ရတာ ဝမ်းသာပါတယ်”

မနေ့က ဒီလူသည်ဘုရင်မကြီး ရီဘို နဲ့ တခြားသူတွေနဲ့အတူကွန်ဗင်းရှင်း ပြပွဲစင်တာရှိဟန်စီဒီတဲကိုရောက်လာခဲ့သည်။

သို့ပေမယ့် လင်းဖန်နဲ့တစ်ခါမှစကားမပြောဖူးပေ။

သို့သော် လင်းဖန်သည် သူ့ကို မှတ်မိနိုင်စွမ်းရှိသောကြောင့်ထိုလူကို အလွယ်တကူ မှတ်မိနေသည်။

လင်းဖန်နှင့် အခြားသူများ ချဉ်းကပ်လာသောအခါ အနက်ရောင်ဝတ်ထားသော အမျိုးသားက “ကျွန်တော် ကိုယ့်ကိုယ်ကို မိတ်ဆက်ဖို့ မေ့သွားတယ်။ ကျွန်တော့်နာမည်က မာရီဗန်ပါ။”

သူတို့နဲ့လာပြီးနောက်တွင် လူတိုင်းသည် သူ့ခန္ဓာကိုယ်မှ ရင်းနှီးသော ရေမွှေးနံ့တစ်မျိုးကို ရလိုက်သည်။အဲ့ဒါကတော့ပန်းအနှစ်သာရရေမွှေး၏ အနံ့ပင်ဖြစ်သည်။

‘’မစ္စတာမာရီဗန်နဲ့ တွေ့ရတာ အရမ်းဝမ်းသာပါတယ်။’’လင်းဖန်က ပြောသည်။

မာရီဗန်က “မစ္စတာလင်းရဲ့ ရေမွှေးက တကယ်ကို အံ့သြစရာကောင်းပါတယ်။ အံ့သြစရာကောင်းတဲ့ အနံ့က ကျွန်တော့်ကို အရမ်းတောင်ပစေသလိုခံစားးရတယ်”

ရွှေလီ ကိုကယ်တင်ရန် ပန်းအနှစ်သာရကိုအသုံးပြုသည်ကိုမြင်သောအခါမာရီဗန် ၏စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုဖြစ်သည်။

နာတာရှည်ဖျားနာနေတဲ့ မင်းသမီးလေးတောင်မှ ပျောက်ကင်းအောင် ကုသနိုင်တယ်ဆိုရင်သူ့ခန္ဓာကိုယ်အတွက်လဲအကျိုးကျေးဇူးအများကြီးရှိတယ်လ်ု့ဆိကလိုတာမဟုတ်ဘူးလား။

တကယ်တော့ ဒါက လူတော်တော်များများပန်းအနှစ်သာရကို အပြေးအလွှားဝယ်ကြရတဲ့ အကြောင်းရင်းတစ်ခုပင်ဖြစ်သည်။

တရုတ်လူမျိုးများသည် မသိနားမလည်ဘဲ နိုင်ငံခြားသားများသည်ထက်မြက်သည်ဟု ထင်မြင်ကြသည်။

ဒါပေမယ့် တကယ်တော့?

နိုင်ငံခြားသား အများစုသည် တရုတ်ထက် နိမ့်ကျလေသည်။

လင်းဖန်သည် မာရီဗန်၏စကားများကို မှတ်ချက်မပေးဘဲ “မစ္စတာမာရီဗန် သဘောကျလား” ဟု စိတ်အေးလက်အေးပြောသည်။

“ဟုတ်တယ် ငါကြိုက်တယ်၊ ငါက ပန်းအနှစ်သာရမဟုတ်တဲ့ ရေမွှေးတွေကို အနာဂတ်မှာ ဘယ်တော့မှမသုံးတော့ဘူး!” မာရီဗန်က ချက်ချင်းပြောလိုက်သည်။

နှစ်ယောက်သား လမ်းလျှောက်ရင်း စကားစမြည်ပြောနေကြသည်။

သိပ်မကြာခင်မှာပဲ ကြီးကျယ်ခမ်းနားတဲ့ နန်းတော်ဆီ ရောက်လာသည်။

ဤအချိန်တွင် နန်းတော်ထဲတွင် အလွန်ဇိမ်ကျကျကျ၀တ်ဆင်ထားသော အမျိုးသား၊ အမျိုးသမီး သုံးဦး တို့သည်အုပ်စုဖွဲ့၍ တီးတိုး ပြောနေကြကာလေထုသည် အလွန်သာယာနေပါသည်။

တစ်စုံတစ်ယောက်က လင်းဖန်ကို သတိပြုမိသွားပုံရပြီး “မစ္စတာလင်း၊ ကြိုဆိုပါတယ်” လို့ ပြောလိုက်သည်။

ရုတ်တရတ် စကားပြောနေကြတဲ့ လူတွေ ကဒီနေ့ရဲ့ ဇာတ်ဆောင်ဖြစ်တဲ့လင်းဖန်ကို လှည့်ကြည့်လိုက်ကြသည်။

All Chapters