← Chapters

အခန်း (၃၆၄)

Vol. 25 Ch. 364

အခန်း (၃၆၄)

Vol. 25 Ch. 364

“မစ္စတာလင်း၊ ကြိုဆိုပါတယ်!”

“ဒါက မစ္စတာလင်းလား သူကငါထင်ထားတာထက် ငယ်တာပဲ’’

“အရမ်းငယ်တယ်!”

…………

နန်းတော်ထဲမှာ အဆက်မပြတ်စကားပြောသံတွေထွက်လာသည်။

အကြောင်းအရာအားလုံးသည် လင်းဖန်နှင့်ပတ်သက်သည်။

လင်းဖန်ကတော့ ဒါကို သိပ်ဂရုမစိုက်ပေ။

သပ်သပ်ရပ်ရပ်စီစဉ်ထားသော အစားအသောက်နှင့် ဝိုင်ကို ကြည့်လိုက်ပြီးနောက် ဟန်စီဒီဝန်ထမ်းတို့အား “လူတိုင်း ဗိုက်ဆာနေပြီမလား၊ဟားကြရအောင်”

စကားပြောနေစဉ်တွင် သူသည်ကြက်ပေါင်ကိုင်ကာ ဦးဆောင်ပြီးစားလိုက်သည်။

တကယ်တော့...

ဟန်စီဒီရှိ လူတိုင်းသည် အမှန်တကယ်ပင် ဆာလောင်နေသည်။

လင်းဖန် စတင်စားပြီးနောက် သူတို့သည်လဲတုံ့ဆိုင်းမနေတော့ပဲ။ အကင်များ၊ ကြက်သားကြော်များနှင့် အခြားသော အရသာရှိသောဟင်းများကို ကောက်ယူပြီး စားသုံးကြသည်။

ထိုအချိန်တွင် မနီးမဝေးမှခြေသံတစ်ခုထွက်ပေါ်လာသည်။

ထို့နောက် လှပသော ပုံရိပ်တစ်ခုသည်ဖြည်းညှင်းစွာ ရောက်ရှိလာသည်။

“မစ္စတာလင်း မင်္ဂလာပါ။”

လင်းဖန်၏နောက်တွင် အလွန်သာယာသောအသံနှင့် ပန်းအနှစ်သာရအမွှေးရနံ့များကိုရရှိလိုက်သည်။

ထို့ကြောင့်လင်းဖန်သည် မကူညီနိုင်ဘဲ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။

မြင်တယ်...

ဖြူစင်သောအသားအရည်၊ ပြောင်မြောက်သောအသွင်အပြင်နှင့် ငွေရောင်ဆံပင်များနှင့် သူ​​မခေါင်းပေါ်တွင်ငွေရောင်သရဖူလေးကို ဆောင်ထားသူ... ခံစားချက်တစ်ခုလုံးသည် ဒဏ္ဍာရီပုံပြင်ထဲမှ ထွက်လာသော နတ်သမီးနှင့်တူသည်။

ဒါ​ပေမယ်​လင်းဖန်သည်သူမကို ပထမဆုံးအကြိမ်​​တွေ့ဖူးသည်​။

သို့သော် လင်းဖန်သည် သူမထံမှ နားမလည်နိုင်သော ရင်းနှီးမှုကို ခံစားလိုက်ရသည်။

ခဏအကြာတွင် သူက “မင်္ဂလာပါ” ဟုပြောသည်။

“ကျွန်မက ရွှေလီရဲ့ အစ်မတန်ယာပါ၊ရွှေလီကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။” တန်ယာ က ရိုးရိုးသားသားပြောလိုက်သည်။

လင်းဖန်က သူ့စိတ်ထဲမှာ ရွှေလီ ရဲ့အစ်မဖြစ်တာမို့ သူမနဲ့ နည်းနည်းရင်းနှီးတာ အံ့သြစရာမရှိပေ။ သို့သော် သူမသည် တရုတ်ဘာသာစကားကို ကျွမ်းကျင်တတ်မြောက်သည်မှာ သူအတွက်အနည်းငယ်အံ့သြမိသည်။

တန်ယာ က “မစ္စတာလင်းမင်းကဟွာရှရဲ့ မှော်ပညာကို သုံးလိုက်တာလား။ “

သူစကားပြောနေစဉ်တွင် သူမသည် သူမ၏သော မျက်လုံးကြီးများဖြင့် ကြည့်နေသည်။

သိသာထင်ရှားသည်၊ သူမသည် ၎င်းကို အလွန်သိချင်နေတယ်ဆိုတာပင်ဖြစ်သည်။

လင်းဖန်က ပြုံးပြီး “ဒါကမှော်ပညာမဟုတ်ပါဘူး။ တရုတ်ဆေးပညာပါ”

“တရုတ်ဆေးပညာ? ဒါကတကယ်ကို အံ့သြစရာပဲ!” တန်ယာက သပ်သပ်ရပ်ရပ်ပြောသည်။

ထို့နောက် တရုတ်ဆေးပညာနှင့်ပတ်သက်၍ မေးခွန်းအချို့အားလင်းဖန်မေးဆလသည်။

ဆေးဘုရင်၏ အတွေ့အကြုံရှိသော လင်းဖန်သည် မေးခွန်းအားလုံးကို သဘာဝအတိုင်း လွယ်ကူစွာ ဖြေနိုင်သည်။

လင်းဖန်၏ ဆေးပညာကိုနားထောင်ရင်း တန်ယာသည် ဒဏ္ဍာရီပုံပြင်ကို နားထောင်ရသကဲ့သို့ စွဲလန်းသွားပုံရသည်။

“ဒင်!”

ထိုအချိန်တွင် ကျယ်ပြောလှသော ခန်းမကြီးထဲတွင် တေးဂီတသံများ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် တောက်ပနေသော မီးလုံးများလဲပျောက်ကွယ်သွားသည်။

အဲဒီအစား၊ ချိတ်ဆွဲထားတဲ့ မီးသီးကနေအလင်းများထွက်ပေါ်လာသည်။

တန်ယာက သူ့မလက်ကို ဆန့်တန်းပြီး “မစ္စတာလင်း၊ မင်း ငါနဲ့အတူတူ ကနိုင်မလား။”

ထို့နောက် သူမသည် တစ်ခုခုကို တွေးမိပုံရပြီး ချမ်ရီရီဘက်သို့ လှည့်ကာ “ဒါက မစ္စ ချမ် ဖြစ်မယ်။ခွင့်လွှတ်ပါ၊ မင်းရဲ့ မစ္စတာလင်းကို မိနစ်အနည်းငယ်လောက် ငှားပေးနိုင်မလား”

ချမ်ရီရီ ပြုံးပြီး “ရပါတယ် ပြဿနာမရှိပါဘူး”

တန်ယာ ရဲ့ စကားပြောပုံကို အကဲဖြတ်ကြည့်တော့ သူမက လင်းဖန်ကို အနည်းငယ် စိတ်ဝင်စားပုံရသည်။

ဒါပေမယ့် ဒီအကြောင်းကိုချမ်ရီရီက မနာလိုမဖြစ်ရုံသာမက ဆန့်ကျင်ဘက်သူမကအရမ်းပျော်နေခဲ့သည်။

ဘာလို့လဲဆိုတော့ လင်းဖန် က သူမကိုကြိုက်လို့လေ။(ဘာမှမဆိုင်)

တစ်ချိန်တည်းမှာပင် သူမသည် လင်းဖန်ကို တစ်ယောက်တည်းသိမ်းပိုက်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။

လင်းဖန်းကို ချစ်တဲ့သူတွေလည်း ရှိသေးတယ်လေ။ဒါက သူမကြိုက်တဲ့လူက အရမ်းကောင်းတယ်ဆိုတာ သက်သေပြတာပင်ဖြစ်သည်။

ဒါနဲ့ တန်ယာက ထပ်ပြောသည်။”မစ္စတာလင်း၊ ငါတို့ အတူတူ ကမှာလား”

လင်းဖန်က “ကတာကရပါတယ်.. ဒါပေမဲ့ငါ မကတတ်ဘူး”

“အဆင်ပြေပါတယ်၊ ငါသင်ပေးမယ်။” တန်ယာ သည် လင်းဖန်စကားပြန်ပြောတာကိုမစောင့်ဘဲ လင်းဖန်၏လက်ကို တိုက်ရိုက်ကိုင်ကာ အကကြမ်းပြင်အလယ်သို့ လျှောက်သွားလိုက်သည်။

သူမသည် သူမ၏ ခန္ဓာကိုယ်ကို တေးဂီတအသံဖြင့်စီးချက်ညီစွာဖြင့်လှုပ်ခါလိုက်ပြီး တစ်ချိန်တည်းမှာပဲလင်းဖန်ကိုလဲစီးချက်ညီစွာကနိုင်အောင်သင်ပေးရန်လဲမမေ့ပေ။

သို့သော် မကြာမီတန်ယာ သည် လင်းဖန်ကို သူမသင်ပေးရန် မလိုအပ်ကြောင်း တွေ့ရှိခဲ့သည်။

ဆန့်ကျင်ဘက်အနေနဲ့ကတော့ လင်းဖန် ရဲ့ လှုပ်ရှားမှုတွေကအရမ်းကိုချောမွေ့ပြီး သူမကတောင်လင်းဖန်လိုမကတတ်ပေ။

…………

အဝေးတွင်၊ ချမ်ရီရီသည် အကကြမ်းပြင်အလယ်တွင် လင်းဖန်နှင့် တန်ယာကို တိတ်တဆိတ်ကြည့်နေသည်။

သူတို့ရဲ့ သွက်လက်ပြီးလှုပ်ရှားနေတဲ့အသွင်အပြင်ကြည့်ရင်း...

သစ်ပင်ထူထပ်သော တောအုပ်ထဲတွင် ကနေသည့် စုံတွဲတစ်တွဲကို မြင်ရသလိုမျိုး စွဲမက်ဖွယ်ကောင်းလှသည်။

ချမ်ရီရီသည် မနာလိုမဖြစ်ဘဲ သူမ၏ လှပသော မျက်လုံးများသည်တောက်ပလာရင်းပိုတောက်ပလာသည်။

လင်းဖန်သည်သာမန်လူများထက် ရေမွှေးအသိပညာ၊ သဘာဝအသံကဲ့သို့ သူ၏အသံနှင့် မှော်ဆန်သော ဆေးပညာကျွမ်းကျင်မှုတို့ကို တတ်မြောက်ထားသူဖြစ်သည်။

အခုလဲလင်းဖန်သည် အလွန်ကောင်းမွန်သော အကစွမ်းရည်ပိုင်ဆိုင်ကြောင်း သူမတွေ့ရှိခဲ့သည်။

လူတစ်ယောက်မှာဒီလောက်စွမ်းရည်ရှိတာကသိပ်ကို အထင်ကြီးစရာကောင်းသည်မဟုတ်ပါလား။

ချမ်ရီရီပင်လျှင် ဒါဟာလင်းဖန် ပိုင်ဆိုင်သော အရည်အချင်းအားလုံးမဟုတ်နိုင်ဟု ခံစားရလေသည်။

ဤအတွေးဖြင့် ချမ်ရီရီ၏နှလုံးတစ်ခုလုံးသည် အလိုအလျောက် ခုန်တက်သွားသည်။

ဒါ...ငါကြိုက်တယ်!

…………

“ဒင်!”

တေးဂီတသံသည် တဖြည်းဖြည်း ရပ်တန့်သွားကာ စင်မြင့်မှ မီးလုံးများသည် လင်းဖန် နှင့် တန်ယာတို့ထံ ရောက်ရှိလာသည်။

“ပါ့...ပါ့...ပါ့!”

ရုတ်တရက် ကြီးကျယ်ခမ်းနားသော နန်းတော်ထဲတွင် အလွန်နွေးထွေးသော လက်ခုပ်သံများ ထွက်ပေါ်လာသည်။

အရင်တုန်းကတော့ အများစုက ယဉ်ကျေးမှမရသာ ချီးကျူးကြခြင်းဖြစ်သည်။

ဒါပေမယ့် ဒီတစ်ခါတော့ လူတိုင်းက နှလုံးသားထဲကလာတဲ့အတိုင်းချီးကျူးတာပင်ဖြစ်သည်။

ဘာလို့လဲဆိုတော့ လင်းဖန် နဲ့ တန်ယာ တို့ရဲ့ အကက အရမ်းကောင်းလို့ပင်ဖြစ်သည်။

တန်ယာ က ပြုံးပြီး “မစ္စတာလင်း၊ မင်းမကတတ်ဘူးလဲပြောတယ်၊ကတာကငါ့ထက်တောင်ကောင်းသေးတယ်” လို့ပြောလိုက်သည်။

ဒါကိုကြားတော့လင်းဖန်သည်ကူကယ်ရာမဲ့ပြုံးလိုက်သည်။

တကယ်တော့ သူ လိမ်တာ မဟုတ်ပေ။ တကယ်လည်းသူမကတတ်ပေ။

သို့သော်လည်း လင်းဖန် သည် ယခင်က ကျွမ်းကျင်သော အကစွမ်းရည်ကို ရရှိထားပြီး အကကို လုံးဝ တတ်မြောက်ရန် မလိုအပ်ဘဲ ၎င်း၏ ခန္ဓာကိုယ် ဗီဇသည် ကောင်းမွန်သော ကခုန်သည့် ကိုယ်ဟန်ကို ပြသနိုင်သည်။

ဒါတွေကို... သူ လုံး၀ ရှင်းပြလို့ မရပေ။

ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ ခြေသံများ ထွက်ပေါ်လာသည်။

ထို့နောက် ဘုရင်မကြီးနှင့် မှူးမတ်အုပ်စုတစ်စုသည် ဖြည်းညှင်းစွာ လျှောက်သွားကြသည်။

ခန်းမတွင်းရှိလူတိုင်းက “ဘုရင်မကြီးကိုကြိုဆိုပါတယ်” ဟု တညီတညွတ်တည်း ပြောကြသည်။

ဘုရင်မကြီး ရီဘိုက ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူမ၏မျက်လုံးတစ်စုံဖြင့် ခန်းမကို စကင်န်ဖတ်လိုက်သည်။

နောက်ဆုံးတော့ သူ့မအကြည့်တွေက လင်းဖန်အပေါ်ကို ရောက်သွားလေသည်။

“မစ္စတာလင်း၊ ဧည့်သည်အနေနဲ့ အီဂယ်နိုင်ငံတော်နန်းတော်ကို လာရောက်လည်ပတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်”

လင်းဖန်က “ရပါတယ်ဘုရင်မ”

ဘုရင်မကြီး ရိဘ်ုက “ငါ့ရဲ့ ရွှေလီလေးကို ကယ်ခဲ့တဲ့အတွက်လဲငါမင်းကို ကျေးဇူးတင်ရမယ်”

သူမ၏စကားများသည် အလွန်ရိုးသားသည်။

ယနေ့တွင် ဆရာဝန်သည် ရွှေလီ ကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးခဲ့ရာ သူမ၏ ခန္ဓာကိုယ်သည် လုံးဝ ပြန်လည်ကောင်းမွန်လာကြောင်း တွေ့ရှိခဲ့သည်။

ရွှေလီသည် ဘုရင်မကြီး ရီဘို၏ အသည်းနှလုံးဖြစ်သည်။

ထို့နောက် ဘုရင်မကြီး ရီဘိုက ဒေါက်ပါဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး “မစ္စတာလင်း

ကမ်းပေ့”

တစ်ချိန်တည်းမှာပင် နန်းတော်ရှိလူတိုင်း ဝိုင်ခွက်ကို မြှောက်ကာ “မစ္စတာလင်းကမ်းပေ့!”

All Chapters