← Chapters

အခန်း (၃၆၅)

Vol. 25 Ch. 365

အခန်း (၃၆၅)

Vol. 25 Ch. 365

ဒီပွဲလေးမှာ လူတိုင်းက အစားအသောက်ကို ပျော်ပျော်ရွှင်ရွှင်စားသောက်ကြသည်။

ဘုရင်မကြီး ရီဘိုက ဖန်ခွက်ကို ထပ်မြှောက်လိုက်ပြီး “နောက်ဆုံးအနေနဲ့မစ္စတာလင်းကို ဝိုင်တစ်ခွက်နဲ့ဧည့်သည်အဖြစ် နန်းတော်ကနေကြိုဆိုလိုက်ကြရအောင်!”

မှူးမတ်များ အားလုံးသည် ၎င်းတို့၏ ဖန်ခွက်ကို တစ်ဖန် မြှောက်ကာ “မစ္စတာလင်းကို ကြိုဆိုပါတယ်” ဟု တညီတညွတ်တည်း ပြောကြသည်။

ဒါက ဒီနေ့ ညစာရဲ့ အဆုံးပင်ဖြစ်သည်။

ထိုအချိန်တွင် လင်းဖန်၏ စိတ်ထဲတွင် သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

【ဒင်း! လျှို့ဝှက်မစ်ရှင်ပြီးခြင်း။တော်ဝင်စားပွဲပွဲကို ပြီးအောင်လုပ်ပါ။ ရွှေရောင် အနီရောင် စာအိတ် ၁ စောင် ရမည်။】

ရွှေရောင်စာအိတ်အနီလေးရလိုက်တာလား?

လင်းဖန်သည်အနည်းငယ်ပြုံးလိုက်သည်။

လင်းဖန် နှင့် ချမ်ရီရီတို့သည် Rolls-Royce မော်တော်ယဉ်(ကား)စီးပြီး အီဂယ်ရ်ုင်ယာဟိုတယ်ဟိုတယ်သို့ ပြန်ရောက်သောအခါ ည ၁၀ နာရီ ထိုးနေပြီဖြစ်သည်။

ဇိမ်ခံအခန်းတံခါးကို ပိတ်လိုက်သည်နှင့် ချမ်ရီရီသည် လင်းဖန်၏ရင်ခွင်ထဲသို့ တိုက်ရိုက်ဝင်သွားတလသည်။

လင်းဖန် ကပြနေချိန်၌ ချမ်ရီရီ က သူ့ကို ပွေ့ဖက်ချင်နေပြီဖြစ်သည်။

ဒီအချိန်မှာတော့သည်းမခံနိုင်တော့ပေ။

( ̄ε ̄)

( ̄3)(ε ̄)

(ˉ﹃ˉ)

…………

နောက်တစ်နေ့။

နံနက်စာ အတူတူစားပြီးနောက် လင်းဖန်၊ ချမ်ရီရီနှင့် ဟန်စီဒီ မှဝန်ထမ်းများအား အီဂယ်ရိုင်ယာဟိုတယ် ၏ဥက္ကဌစမစ်ဂျက် မှ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ခဲ့ပြီး ရှဂိုလေကြောင်းလမ်းမှ စီစဉ်ပေးသည့် ဇိမ်ခံအထူးလေယာဉ်ကို လိုက်ပါစီးနင်းခဲ့ကြသည်။ .

ဟန်စီဒီ ၏ဝန်ထမ်းများသည် လှပသော လေယာဉ်မယ်များ၏ စိတ်အားထက်သန်စွာ ဝန်ဆောင်မှုပေးခြင်းကိုထပ်မံကြုံတွေ့ခဲ့ကြသည်။နောက်ဆုံးတွင် လေယာဉ်သည်ဟွာရှကျန်ပေ့သို့ ရောက်ရှိခဲ့သည်။

ချမ်ရီရီနှင့် ဟန်စီဒီမှဝန်ထမ်းများသည် လေယာဉ်ဆင်းပြီးနောက်ကုမ္ပဏီသို့သွားကြသည်။

လင်းဖန်ကတော့ပန်လုံဗီလာသို့ ပြန်လာလေသည်။

သူသည် ပျော့ပျောင်းသော ဆိုဖာပေါ်တွင် ထိုင်ကာ မွှေးကြိုင်သော လက်ဖက်ရည်တစ်ခွက်ကို ပြုလုပ်ကာ လက်ဖက်ရည်သောက်ရင်းဖုန်းသုံးနေလိုက်သည်။

ခဏအကြာတွင် သူသည် ရွှေရောင်စာအိတ်ကို အာရုံစိုက်လိုက်သည်။

သူ့က “ရွှေရောင်အနီစာအိတ်၊ ဘာရနိုင်မလဲ ကြည့်ရအောင်”

【ဒင်း! ဂုဏ်ယူပါတယ် ၊ သင် ယွမ် 5 သန်း လက်ခံရရှိသည်။ 】

လင်းဖန်က “ရွှေရောင်စာအိတ်တွေတောင် အသုံးမဝင်တဲ့ အရာတွေတောင်ရနိုင်သေးတာပဲ” လို့ ပြောလိုက်သည်။

…………

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့သို့ရောက်သွားလေသည်။

လင်းဖန်သည် နံနက်စာစားပြီးနောက်၊ Cullinan(ကား)ဖြင့် ကျန်ပေ့တက္ကသိုလ်ဆီသို့ မောင်းသွားခဲ့သည်။

သိပ်မကြာခင်မှာပဲ သူ စာသင်ခန်းကို ရောက်လာသည်။

“အစ်ကို လင်း မင်း ဒီရက်ပိုင်း ဘယ်အလှတွေနဲ့ အပြင်ထွက်နေတာလဲ။” စုရီက မေးလိုက်သည်။

သူ့မျက်လုံးများသည် ရင်တွင်းစကားသံများကြားချင်သလိုမျှော်လင့်ချက်အပြည့်နှင့်ဖြစ်နေသည်။

လင်းဖန်က သူ့စိတ်ထဲ ဒီလိုပြောလိုက်သည့။ဒီကောင်၊ သူ့စိတ်ကဒါပဲတွေးနေတာပဲ။

ဒါပေမယ့် ပြန်စဉ်းစားကြည့်လိုက်တော့လဲ။

တကယ်ကို အလှလေးတွေနဲ့ အပြင်ထွက်ခဲ့ပုံရသည်။

လင်းဖန်က သူ့နှာခေါင်းကို ကိုင်လိုက်ပြီး “ငါအီဂယ်နိုင်ငံကို သွားခဲ့တာ..”

ခေတ္တနားပြီးနောက်၊ သူက “စီးပွားရေးကြောင့်...!”

စုရီက ရယ်မောပြီး “နားလည်ပါတယ်၊ နားလည်ပါတယ်!”

ထိုအချိန်တွင် လင်းဖန်သည် အတန်းထဲတွင် အမြဲတက်ကြွစွာ လှုပ်ရှားနေသော မူဇောင်သည် အတန်းထဲတွင် မရှိသဘ်က်ုရုတ်တရက် သတိပြုမိလိုက်သည်။

“မူဇောင် က ဘယ်မှာလဲ” ဟု မေးလိုက်သည်။

မူဇောငိအကြောင်းပြောရင် စုရီက သူ့အပြုံးကို ချက်ချင်းဖယ်လိုက်ပြီး “မသိဘူး... ဒီရက်ပိုင်း မူဇောင်က မကြာခဏ နောက်ကျနေပုံရတယ်။”

ဇောင်ချင်းဘိုက “ဒါ့အပြင် နေ့တိုင်း အိပ်ဆောင်ကို နောက်ကျမှ ပြန်ရောက်တယ်။ ဒါပေမယ့် ပြန်လာတိုင်းလဲချွေးတွေရွှဲနေပြီး အရမ်းပင်ပန်းနေပုံရတယ်”

လင်းဖန်သည်ထိုစကားကိုကြားသောအခါမျက်မှောင်ကြုတ်လိုက်လေသည်။

ထိုအချိန်တွင် အတန်းတက်ခေါင်းလောင်းသံ မြည်လာသည်။

မကြာမီပါမောက္ခဟောင်းသည် ဖြည်းညှင်းစွာ ဝင်လာသည်။

အရင်တုန်းကတော့ လင်းဖန်ဟာပါမောက္ခဟောင်းအတန်းချိန်ဆိုအမြဲတန်းအိပ်ပျော်နေကျပင်ဖြစ်သည်။

ဒါပေမယ့် ဒီနေ့တော့ စားပွဲပေါ်မှာ လှဲလျောင်းနေတာတောင်အိပ်မပျော်ပေ။

“ဒီး....’’

စာသင်ခန်းထဲက ခေါင်းလောင်းသံမြည်ပြီး နောက်ပါမောက္ခဟောင်းက စာသင်ခန်းထဲက ထွက်သွားတဲ့အခါ ချွေးရွှဲနေတဲ့လူတစ်ယောက်ကတံခါးဝမှာ တဖြည်းဖြည်း ပေါ်လာသည်။

သူကတော့မူဇောင်ပင်ဖြစ်သည်။

လင်းဖန်က “မူဇောငိမင်း ဘာလုပ်နေလဲ” လို့မမေးဘဲမနေနိုင်ပေ။

မူဇောင် က တုံ့ဆိုင်းစွာ ပြုံးလိုက်ပြီး “မကြာသေးမီက ငါကျူရှင်ဆရာအဖြစ် အလုပ်ဝင်ခဲ့တယ်။ အခြေခံ အသိပညာကို ပြန်လည်သုံးသပ်ရင်းငွေရှာတာပေါ့”

ဒါကိုကြားတော့ဇောင်ချင်းဘို နှင့် စုရီ တို့သည် အံ့အားသင့်သွားကြသည်။

လင်းဖန်က ခေါင်းညိတ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ တစ်နေ့တာသင်တန်းပြီးသွားလေသည်။

မူဇောင်သည် စာအုပ်များကို သိမ်းပြီးနောက် သူ့တွင် အရေးကြီးသည့် အရာတစ်ခု ရှိနေပုံရကာသူသည်လင်းဖန်တို့ကိုမစောင့်တော့ပဲအပြင်သို့ ပြေးထွက်သွားသည်။

သို့သော်လည်း သူ ဝေးဝေးမရောက်ခင်မှာလင်းဖန် “မူဇောင်၊ ဒါက ကျူရှင်ဆရာလုပ်နေတာမလား။”

မူဇောင်”ဟုတ်တယ်။”

“ဘယ်မှာလဲ?” လင်းဖန်က မေးလိုက်သည်။

“ဝမ်ကျင်းဟန်ဖူ....အစ်ကို လင်း မိဘတွေက သူတို့ကလေးတွေရဲ့ ပညာရေးကို ဂရုစိုက်တယ်။ပြီးတော့ဝမ်ကျင်းဟန်ဖူကကျန်ပေ့ မှာရှိတဲ့ အကောင်းဆုံးကျောင်းခရိုင်ဆိုတာ မင်းသိထားသင့်တယ်။” မူဇောင်ကတုံ့ဆိုင်းစွာပြောလိုက်သည်။

လင်းဖန်က “တကယ်လား ဟုတ်သားဘဲ။ ငါ့မှာလဲအဲ့မှာအိမ်ရှိတယ်၊ အဲ့တော့ မင်းကိုလဲအဲဒီကို ခေါ်သွားပေးမယ်။”

လင်းဖန်၏ပြောစကားသည် အမှန်တရားတစ်ဝက်နှင့် အမှားတစ်ဝက်ဖြစ်သည်။

သူ့မှာ ဝမ်ကျင်းဟန်ဖူမှာ အိမ်ရှိသည်။

ထို့အပြင်၊ ၎င်းသည် အဆောက်အအုံတစ်ခုလုံး ဖြစ်နေဆဲပင်ဖြစ်သည်။

မူဇောင် က တုံ့ဆိုင်းသွားပြီး “ဒါ... ကျေးဇူးတင်ပါတယ် အစ်ကိုလင်း”

လင်းဖန်က “ငါ့တို့ကညီအစ်ကိုတွေပဲလေ ဒီအသေးအမွှားလေးအတွက် နဲ့ကျေးဇူးတင်စရာမလိုဘူး”

သူစကားပြောနေစဉ်တွင် မူဇောင်၏ပခုံးကိုကိုင်ကာ ကားရပ်နားရာဆီသို့ လျှောက်လာသည်။

Cullinanကားတွင်အချိန်တိုင်း လတ်ဆတ်ပြီး မွှေးကြိုင်နေစေသည့် လေသန့်စင်မှုစနစ်ပါရှိသည်။

ကားထိုင်ခုံမှထိုင်ရတာ စိတ်အေးလက်အေး သက်တောင့်သက်သာ ရှိလှသည်။

တစ်ချိန်တည်းမှာပဲ သူ့နဖူးမှာ ချွေးတွေထွက်နေတဲ့ မူဇောင်လည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။

ဒီအချိန်မှာ လင်းဖန်က “မူဇောင်၊ ငါတို့က အခန်းဖော်တွေ ညီအကိုတွေ ပဲ... ဒုက္ခရောက်ရင် ငါတို့ကိုပြောပြလို့ရတယ်။အဲဒါမှ ဘယ်လို ဖြေရှင်းရမယ်ဆိုတာ သိလိမ့်မယ် “

“မဟုတ်ရင် ငါတို့ကို ညီအစ်ကိုလို့မမှတ်ထားတာပဲ”

မူ​ဇောင်က ကမန်းကတန်းပြောလိုက်သည် “မဟုတ်ဘူး၊ ငါ မင်းတို့ကို ညီအကိုတွေလို အမြဲမှတ်ထားပါတယ်”

မူဇောင် က သူ့သွားတွေကို အံကြိတ်ပြီး “ငါကျူရှင်ဆရာလုပ်နေတာ မဟုတ်ဘူး၊ ငါပန်းကန်ဆေးဖို့ ကူညီပေးနေတာ’’ လို့ ပြောလိုက်သည်။

ယင်းနှင့်ပတ်သက်၍...

လင်းဖန်သည် သူ့မျက်နှာတွင် ဘာအမူအရာမှမပြသပေ။

သိရန်……

သူ့တွင် အနံ့တစ်မျိုးတည်းဖြင့် အရာအားလုံးကို သိနိုင်သော ရေမွှေးပညာရှင်၏ အရည်အချင်းရှိသည်။

ဒီနေ့ မူဇောင် စာသင်ခန်းကို ရောက်ပြီးနောက် ချွေးနံ့အပြင် မီးဖိုချောင်အငွေ့နံ့တွေကိုအလွယ်တကူ အနံ့ခံနိုင်သည်။

မူဇောင် က ဆက်ပြောသည်။”ငါ့အဖေကအရမ်းချောင်းဆိုးနေပြီးချောင်းဆိုးတိုင်းသွေးပါနေတယ်”

ဒါကိုပြောပြီးနောက် မူဇောင်ဟာ ​​သူ့ခွန်အားတွေ ကုန်ဆုံးသွားပုံရပြီး သူ့မျက်နှာတစ်ခုလုံးမှာ နာကျင်မှုတွေနဲ့ ပြည့်နှက်နေသည်။

All Chapters