အခန်း (၃၆၆)
Vol. 25 Ch. 366
မူဇောင်သည် နောက်ထပ် အသက်ပြင်းပြင်းရှူလိုက်ပြီး ငြိမ်သက်သွားသည်။
ပြီးနောက်သူက ဆက်ပြောလေသည်။ “ငါ့အဖေမှာ ဆေးအာမခံလဲရှိတယ်။ ပန်းကန်ဆေးပြီးတော့ငါပိုက်ဆံနည်းနည်းရတယ်… ဆေးဖိုးဝါးခကလုံလောက်လိမ့်မယ်… နောက်ပြီး ကျူရှင်ဆရာအဖြစ်လဲအလုပ်ရှာနေတယ်”
“ငါ မင်းကို တမင်တကာ လိမ်ခဲ့တာ မဟုတ်ပါဘူး၊ ဒါပေမယ့် အခုငါက ငါ့မိသားစုက ပံ့ပိုးပေးနိုင်တုန်းပဲ။ ထောက်ပံ့ဖို့ မဖြစ်နိုင်ရင် ငါ မင်းကို သေချာပေါက်ပြောမယ်။”
ဒါက မူဇောင်ရဲ့ အစီအစဥ်ပင်ဖြစ်သည်။
သူတပါးကို ဒုက္ခပေးတာမျိုး ဘယ်တော့မှ မကြိုက်ပေ။
ပံ့ပိုးနိုင်သရွေ့ အစွမ်းကုန် ပံ့ပိုးမည်ဖြစ်သည်။
ဒါပေမယ့် သူတကယ်မထောက်ပံ့နိုင်ရင် လင်းဖန် ဆီကိုအကူအညီတောင်းလိမ့်မည်ဖြစ်သည်။
လင်းဖန်သည် ဘရိတ်ကို ဆောင့်နင်းကာ “မူဇောင်၊ မင်းက အရူးပဲ”
“မင်းက အရမ်းတော်တယ်လို့ မင်းကိုယ်မင်းထင်နေတာလား။ ငါတို့ကလဲ ဒီဒုက္ခကို ဂရုစိုက်တယ်လို့ ထင်နေတာလား။”
“ငါတို့အိမ်မှာ ဒီလိုမျိုးဖြစ်ခဲ့မယ်ဆိုရင်ငါ့ကိုပြော၊ မင်း ဒါကို လျစ်လျူရှုမှာလား”
“မင်းအဖေဘယ်လောက်ခံနိုင်ရည်ရှိမယ်ဆိုတာရောမင်းသိလား”
“သူ့တစ်ခုခုဖြစ်သွားခဲ့ရင် မင်းနောင်တရလိမ့်မယ်”
မူဇောင်သည် လင်းဖန် စကားကို နားထောင်လိုက်ရာ သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး နဖူးပေါ်မှ ချွေးများတဖြည်းဖြည်း စီးကျလာသည်။
ဟုတ်တယ်။
သူသည်ပင်ပန်းနွမ်းနယ်မှုကို မကြောက်ပေ။
အိမ်မှာ ဖခင်ဖြစ်သူ ချောင်းဆိုးပြီး အိပ်ပျော်နေတဲ့ မြင်ကွင်းကို တွေးကာ........
မူဇောင်သည် ခေါင်းကို ဖြည်းညှင်းစွာငုံ့ကာ “တောင်းပန်ပါတယ်...”
“ငါ့ကို တောင်းပန်စကား မပြောနဲ့၊ ငါ့ကို လမ်းပြပေး!” လင်းဖန်က ပြောလိုက်သည်။
“ဗွမ်း!”
လင်းဖန်သည် အရှိန်မြှင့်စက်ကို နင်းလိုက်ရာ ကားတစ်စင်းလုံးသည် သားရဲတစ်ကောင်လို အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ မောင်းသွားခဲ့သည်။
...
ကျန်ပေ့မြို့၊ ဆင်ခြေဖုံးရပ်ကွက်၊ ရွာဟောင်းတစ်ခုတွင်။
ဆံပင်ကျဲကျဲနှင့် မူဒန်သည် ချောင်းဆိုးလိုက်တိုင်းသွေးပါသဖြင့် ကုတင်ပေါ်တွင် လဲလျောင်းနေသည်။
မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့ လီဂျန် က အသံကြားတော့ အမြန်ပြေးပြီး ‘’မူဒန် မင်း အဆင်ပြေရဲ့လား” လို့ မေးလိုရ်သည်။
မူဒန်က သူ့လက်ကို ဝှေ့ယမ်းပြီး “ရတယ်.. အဆင်ပြေပါတယ်”
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။
“အစ်ကိုကြီး၊ ခယ်မ ရှိလား။”
ထို့နောက် အော်သံတစ်ခုထွက်လာသည်။
လီဂျန်က “ငါတို့အိမ်မှာရှိတယ်”
မျက်နှာဝိုင်းဝိုင်းစုံတွဲတစ်တွဲကို သူမမြင်သောအခါ... မူဒန်၏ရောဂါကြောင့် ဝမ်းနည်းကြေကွဲရသော်လည်း သူမနှုတ်ခမ်းပေါ်တွင် ကြီးမားသောစိတ်အားထက်သန်မှုရှိနေသေးသည်။(သူမယောက်ကျားကြောင့်ဝမ်နည်းတာက်ုစိတ်အားထက်သန်တဲ့အမူအရာနဲ့ဖုံးလိုက်တာပါ)
“ဒန်ဟီ, ရှရျ, မင်းတို့ဒီမှာထိုင်၊ လက်ဖက်ရည်သောက်ကြအုံး”
ကုတင်ပေါ်တွင် လဲလျောင်းနေသော မူဒန်သည် နှစ်ယောက်သားကိုတစ်ခုခုပြောရန် ပါးစပ်ကိုဖွင့်လိုက်သည်။
သို့သော် သူသည်မကူညီနိုင်ဘဲ ပြင်းပြင်းထန်ထန် ချောင်းဆိုးပြန်သည်။
ကူးစက်ခံရမှာကို ကြောက်သလို ဝမ်ရှ လည်း မတတ်နိုင်ဘဲ နောက်ပြန်ဆုတ်သွားခဲ့သည်။
ပြီးတော့ သူမက “ငါတို့ဧည့်ခန်းပဲနေတော့မယ်”
လီဂျန်က သိပ်စဉ်းစားမနေဘဲ “ကောင်းပြီ” ဟုပြောသည်။
ဧည့်ခန်းထဲသို့ရောက်ပြီးနောက် လီဂျန် သည် တစ်ခါသုံးရေခွက်ကိုသုံးကာ သူတို့နှစ်ဦးအတွက် လက်ဖက်ရည်ဖေတာ်လာလေသည်။
ဒါပေမယ့် ဝမ်ရှ က လက်ဖက်ရည်ခွက်ကို သူနဲ့ ခပ်ဝေးဝေးမှာ တွန်းလိုက်ပြီး “ငါတို့ကား ကနေ့တိုင်းပျက်နေတာပဲ။ဒါက အဆင်မပြေဘူး။ ငါ ကားပြောင်းချင်တယ်...”
“မနှစ်က မင်းကို ချေးထားတဲ့ ယွမ်ငွေ 100,000 ကို အခု ငါတို့ဆီ ပြန်ပေးနိုင်မလား မသိဘူး”
မူဒန်သည် ဆောက်လုပ်ရေးလုပ်ငန်းခွင် အလုပ်သမားတစ်ဦးဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူ့ခန္ဓာကိုယ်သည် ရုတ်တရက် နေမကောင်းဖြစ်ခဲ့သည်။
နောက်ဆုံးအားကိုးရာအနေဖြင့် သူသည် ခဏတာအလုပ်လုပ်ပြီး ခဏအနားယူရလေသည်။
ဤနည်းအားဖြင့် သူ၏ ၀င်ငွေသည် သဘာဝအတိုင်း မရှိတော့ပေ။
သူ့သားကို ပုံမှန်ကျောင်းတက်ခွင့်ရဖို့အတွက် သူ့အစ်ကို မူဒန်ဟီ ရဲ့ မိသားစုဆီကနေ ယွမ်ငွေ တစ်သိန်း ချေးယူခဲ့ရသည်။
လီဂျန်သည်လဲဤအကြောင်းကို သိထားပြီးအကြွေးများကိုပြန်ဆပ်တာကသင့်လျော်သည်။
သို့သော်လည်းလက်ရှိအခြေအနေအရ...
လီဂျန်သည် ခေါင်းကို ငုံ့ထားလိုက်ပြီး သူမ၏ ရှုံ့တွနေသော မျက်နှာပေါ်တွငိနာကျင်မှုများဖြင့် ပြည့်နှက်နေသည်။
သူ့ဘေးမှာထိုင်နေတဲ့ မူဒန်ဟီက တစ်ခုခုပြောချင်သလို ပါးစပ်ကိုဖွင့်လိုက်သည်။
သို့သော်လည်း သူ့ဘေးနားရှိဝမ်ရဗ က သူ့ကို စိုက်ကြည့်နေသောကြောင့်သူသည်ကြောက်လွန်းသောကြောင့်ပါးစပ်ပိတ်ဖို့သာရွေးချယ်လိုက်သည်။
ဝမ်ရှက “ယောင်းမ၊ နင်ပြန်မဆပ်ချင်ဘူးလား”
လီဂျန် က “ငါအဲဒါကို ပြန်မဆပ်ချင်လို့မဟုတ်ပါဘူး... နင့်အစ်ကိုအကြီးဆုံးရဲ့ လက်ရှိခန္ဓာကိုယ်ကို သိသင့်တယ်...”
ဝမ်ရှက အခန်းတွင်းကို တစ်ချက်ကြည့်လိုက်ပြီး “သိပါတယ်၊ ဒါပေမယ့် အစ်ကိုအကြီးဆုံးက အဆုတ်ကင်ဆာဖြစ်နေပြီမဟုတ်လား။ဒါကအချိန်အရွေးသေတော့မယ်မလား။ဒါကြောင့်သူ့အတွေက်ပိုက်ဆံတွေဆက်ပြီးမဖြုန်းပါနဲ့တော့”
တကယ်တော့...
အဲဒါကြောင့် ဝမ်ရှက ဒီနေ့ ပိုက်ဆံတောင်းရခြင်းဖြစ်သည်။
သူမသည် မူဒန်အကြောင်း လုံးဝ မတွေးပေ။
ဒါပေမယ့်သူမသည်မူဒန်ဟာ ဆေးကုသမှုအတွက် ပိုက်ဆံတွေ အလွန်အကျွံသုံးတာကြောင့် သူ့မကိုယ်ပိုင်ငွေကို အနာဂတ်မှာ မဆပ်နိုင်တော့မှာကို စိုးရိမ်နေခြင်းဖြစ်သည်။
ထိုအချိန်တွင် အဝေးမှ ခြေသံများထွက်ပေါ်လာသည်။
အရပ်ရှည်ရှည်နှင့် အရပ်အနည်းငယ်ပုသောကောင်လေးနှစ်ကယောက်သည် ခန်းမထဲတွင် လျင်မြန်စွာ ပေါ်လာသည်။
သူတို့ကလင်းဖန်နှင့် မူဇောင် တို့ပင်ဖြစ်သည်။
“ပါးစပ်ပိတ်ထား!” မူဇောင်က ဒေါသတကြီး အော်ပြောလိုက်သည်။
ဒီအသံက ဝမ်ရှကို ထိတ်လန့်သွားစေသည်။
သို့သော် သူမစိတ်သည့အမြန်ပြန်တည်ငြိမ်လာပြီး “ဘာလို့ အငယ်ကအခု လူကြီးကိုလာအော်နေတာလဲ’’ လို့ ပြောလိုက်သည်။
“ငွေချေးတဲ့သူတွေက ပိုက်ဆံပေးတဲ့သူတွေထက် ပိုမာနကြီးတယ်လို့ လူတွေပြောကြတာကို ငါ အမြဲကြားနေရတယ်။ဒါကိုငါကကောလဟာလလို့ပဲထင်နေတာဒီနေ့တွေ့မှပဲ အမှန်ဆိုတာယုံကြည်သွားပြီ။”
ထိုစကားကိုပြောပြီးနောက် ဝမ်ရှသည် လီဂျန်ကို မျက်လုံးထောင့်မှ ကြည့်ရုံမှတစ်ပါး မနေနိုင်ပေ။
ဒါကိုကြားတော့လီဂျန် ၏ ရှုံ့တွနေသော မျက်နှာသည် နာကျင်မှုများဖြင့် ပြည့်နေသည်။
စကားမပြောရသေးသော လင်းဖန် က အေးစက်စွာပြောလိုက်သည် “ ယွမ် 100,000 ပဲမဟုတ်လား ၊ ငါမင်းကို အခုပေးလိုက်မယ် “
ဝမ်ရှသည် လင်းဖန်ကို ဦးစွာ ကြည့်ပြီးနောက် “တကယ်လား? ဒါဆို မြန်မြန်ပေး”
လင်းဖန်က ဘယ်သူလဲဆိုတာသူမဂရုမစိုက်ပေ။
သာမကိုယ်ပိုင်ပိုက်ဆံကိုပြန်ပေးသရွေ့ အကုန်အဆက်ပြေသည်။
လင်းဖန်သည် တုံ့ဆိုင်းမနေဘဲ သူ့လက်ကိုင်ဖုန်းကို တိုက်ရိုက်ထုတ်ကာ ယွမ်ငွေ 100,000 ကျော် လွှဲပေးလိုက်သည်။
မူဇောင် က “အခု မင်းကို ပိုက်ဆံပေးပြီးပြီ ငါ့အိမ်ထဲက ထွက်သွား!”
ဝမ်ရှသည် အပြောင်းအရွှေ့ပမာဏကို အကြိမ်ပေါင်းများစွာ ဂရုတစိုက်ရေတွက်ခဲ့ပြီးမှ ကျေနပ်မှုတစ်ခုပြသခဲ့သည်။
မူဇောငိ ၏ စကားကို သူမ ဂရုမစိုက်ဘဲ နှုတ်ခမ်းတွန့်ကာ “သွား မှာပေါ့!”
စကားစမြည်ပြောရင်း အပြင်သို့ လျှောက်သွားလိုက်သည်။
ဝမ်ရှနှင့် မူဒန်ဟီထွက်ခွာသွားပြီးနောက် ခန်းမအတွင်းရှိ လေထုသည် ပိုမိုလန်းဆန်းလာပုံရသည်။
မူဇောင်က “အစ်ကို လင်းကျေးဇူးတင်ပါတယ်” ဟု ရိုးရိုးသားသားပြောလိုက်သည်။
ထို့နောက် လီဂျန်နှင့် မိတ်ဆက်ပေးလိုက်သည်။”အမေ၊ ဒါက ကျွန်တော့်အခန်းဖော် လင်းဖန်”
လီဂျန် က “လင်းဖန်၊ စိတ်မပူပါနဲ့၊ ငါတို့ မင်းကို ယွမ် ၁၀၀၀၀၀ အမြန်ဆုံး ပြန်ပေးပါ့မယ်”
လင်းဖန်က “အန်တီ၊ မင်းက သိပ်ယဉ်ကျေးနေစရာ မလိုဘူး။ မူဇောင် နဲ့ ငါက အခန်းဖော်တွေသာမက ညီအစ်ကိုတွေပါ”
“အဟွတ့် အဟွတ့် အဟွတ့်!”
ထိုအချိန်တွင် အခန်းထဲတွင် နောက်ထပ် ချောင်းဆိုးသံထွက်ပေါ်လာသည်။
လင်းဖန်က “ဦးလေးကိုအရင်သွားတွေ့ကြရအောင်” လို့ ကမန်းကတန်း ပြောလိုက်သည်။