အခန်း (၃၆၇)
Vol. 25 Ch. 367
ဖြူဖျော့သောမျက်နှာ၊ ဆံပင်ကျဲကျဲကျဲနှင့် ပါးစပ်ထောင့်တွင် သွေးယိုစိမ့်နေသော မူဒန်သည်ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကိုမြင်သောအခါလင်းဖန်သည် လဲလျောင်းနေသော သူ့အဖေ လင်းတန်ကို မတွေးပဲမနေနိုင်ပေ။
ထို့နောက် သူသည်မူဇောင်ကိုစိုက်ကြည့်လိုက်သည်။
ရှင်းပါတယ်၊ ဒါက မူဇောင်ကို အပြစ်တင်နေတာပါ၊ ဘာကြောင့် စောစောက သူ့ကို မပြောတာလဲဆိုတာပင်ဖြစ်သည်။
မူဇောင်လဲ ရှက်စိတ်ဖြင့် ခေါင်းငုံ့ထားလိုက်သည်။
သူ့ဘေးမှာရပ်နေတဲ့ လီဂျန် က “မူဒန် ဒါက မူဇောင်ရဲ့အတန်းဖော် လင်းဖန်”
“မူဇောင် ရဲ့ အတန်းဖော်ဆိုတော့၊ မြန်မြန်ထိုင်... အဟွတ့် အဟွတ့် အဟွတ့်” မူဒန်သည် စကားတဝက်တပျက်နှင့် ချောင်းဆိုးပြန်သည်။
လင်းဖန်က “ဦးလေး မြန်မြန်အနားယူသင့်တယ်” လို့ ကမန်းကတန်းပြောလိုက်သည်။
ထို့နောက် မူဒန်ကို ဂရုတစိုက်ကြည့်သည်။
မကြာခင်မှာပဲ လင်းဖန် ဟာ အဆုတ်ကင်ဆာရဲ့အဆင့်မြင့်အဆင့်လို့ ကောက်ချက်ချလိုက်သည်။
လင်းဖန်သည် ဆေးပညာဘုရင်အတွေ့အကြုံရှိလျှင်ပင်မူဒန်ရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်စေပြီး လုံးဝပျောက်ကင်းအောင် ကုသဖို့ မဖြစ်နိုင်ပေ။
ထို့ကြောင့် လင်းဖန်သည် ယွမ် ၁၀ သန်း သုံးစွဲပြီး ဆေးရည်ကိုစနစ်မှဝယ်ယူခဲ့သည်။
“မူဇောင်၊ အန်ကယ်ကိုဒါတိုက်လိုက်” လင်းဖန်က ပြောသည်။
“ကောင်းပြီ။” မူဇောင်က လင်းဖန်ကို ဘယမှပြန်မမေးဘဲ၊ တိုက်လိုက်သည်။
လင်းဖန်သည် သူ့အဖေကို ဘယ်တော့မှ ဒုက္ခပေးမည်မဟုတ်ဟု သူယုံကြည်ခဲ့သည်။
“ဂရု”
ခဏအကြာတွင် မာဒန်သည် ပြင်းထန်စွာ ချောင်းဆိုးလာသည်။
သို့သော် ဆေးရေသောက်ပြီးနောက် ချောင်းဆိုးတော့မည်မဟုတ်ပေ။
တဖြည်းဖြည်း ဖြူဖပ်ဖြူရော် မျက်နှာပေါ်တွင် ပန်းနုရောင် သန်းလာသည်။
မူဒန်သည် အဆုတ်ကင်ဆာကြောင့် နာကျင်မှုကို ခံစားခဲ့ရပြီး အိပ်မပျော်ခဲ့ပေ။ ယခုအချိန်တွင် သူ့မျက်ခွံများ အနည်းငယ်လေးလာကာ မကြာမီအိပ်ပျော်သွားလေသည်။
ကျယ်လောင်စွာ ဟောက်ဖို့တောင် မကြာလိုက်ပေ။
ဒါကိုကြည့်ရင်း
မူဇောင် နှင့် လီဂျန်တို့နှစ်ဦးစလုံးသည် သူတို့၏မျက်နှာပေါ်တွင် အံ့အားသင့်မှုကို ပြသလိုက်ကြသည်။
လင်းဖန်က တိုးတိုးလေးပြောလိုက်သည် “ဦးလေးကိုစိတ်အနှောင့်အယှက်မဖြစ်အောင်အရင်ထွက်သွားရအောင်”
“အင်း...ကောင်းပြီ” မူဇောင်ကပြောလိုက်သည်။
ခန်းမထဲသို့ရောက်ပြီးနောက် မူဇောင် က “အစ်ကို လင်း ကျေးဇူးတင်ပါတယ်”
လင်းဖန်က “ရပါတယ် ၊ နောင်မှာ တစ်ခုခုရှိရင်ငါ့ကို ပြောပါ “
မူဇောင် က အားတက်သရော ခေါင်းညိတ်ပြီး “ကောင်းပြီ” ဟုဆိုလိုက်သည်။
လင်းဖန်သည် ဧည့်ခန်းထဲတွင် အကြာကြီးမနေခဲ့ပေ။မူဇောင် နှင့် စကားစမြည်ပြောဆိုပြီးနောက် Cullinan(ကား)ဖြင့်ပန်းလုံဗီလာသို့ မောင်းနှင်ခဲ့သည်။
မူဒန်သည် ဆေးရေသောက်ထားသောကြောင့်သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေအတွက် စိတ်ပူစရာမလိုတော့ပေ။ဒါကြောင့်လင်းဖန်ကပြန်လာခြင်းဖြစ်သည်။
...
နောက်တစ်နေ့။
လင်းဖန်နိုးလာပြီးနောက်တွင် သူသည် ဖုန်းအား တစ်ချက်ကြည့်လိုက်ရာ မျက်နှာပြင်ပေါ်တွင် စာသားမက်ဆေ့ချ်တစ်ခု ပေါ်နေသည်။
“၀:၀၀ နာရီမှာ၊ တရုတ်ဘဏ်က ယွမ် ၇,၄၃၄,၉၀၀ ရရှိသည်။’’
ထို့နောက် သူသည်ဆိုင်းအင်ဝင်သည့်စနစ်ကို တိုက်ရိုက်အာရုံစိုက်ခဲ့သည်။
“ဆိုင်းအင်လုပ်မယ်!”
【ဒင်း! ဂုဏ်ယူပါတယ် မင်း ယွမ် 10 သန်း ရသည်။ 】
လင်းဖန်က ခေါင်းကို ဖြည်းညှင်းစွာခါလိုက်သည်။
ဤ ဆနုင်းအင်ရလဒ်ကို သူ မကျေနပ်သည်မှာ ထင်ရှားသည်။
နံနက်စာစားပြီးနောက် လင်းဖန်သည် ကျန်ပေ့တက္ကသိုလ်သို့ တန်းတန်းမတ်မတ်လာခဲ့သည်။
စာသင်ခန်းထဲရောက်တဲ့အခါ စာသင်ခန်းတစ်ခုလုံး လူတွေပြည့်နေပြီဖြစ်သည်။
မူဇောင်၊စုရီ၊ဇောင်ချင်းဘိုတို့လည်း ရောက်နေပြီဖြစ်သည်။
မူဇောင် သည် ယနေ့တွင်အလွန်ပျော်နေပုံရသည်။
လင်းဖန်ကို မြင်ပြီးနောက် သူ့မျက်နှာမှာ ဖုံးကွယ်လို့မရတဲ့ ပျော်ရွှင်မှုတွေ ထွက်လာပြီး “အစ်ကိုလင်း!”
မူဇောင်က ဒီလိုမျိုးဖြစ်နေတာ အံ့သြစရာမရှိပေ။
မကြာသေးမီနှစ်များအတွင်း ဖခင်၏ကျန်းမာရေးသည် အလွန်မကောင်းဖြစ်ခဲ့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က ချောင်းဆိုးပြီး နောက်တစ်ကြိမ် အိပ့်ရာကနေမထနိုင်တော့ပေ။
နောက်ပိုင်းမှာ ဆေးစစ်ဖို့ ဆေးရုံကိုသွားခဲ့ပြီး အဲဒီမှသာ အဆုတ်ကင်ဆာအဆင့်မြင့အဆင့်ဖြစ်ကြောင်း သိလိုက်ရသည်။
မနေ့က လင်းဖန်သည် မူဇောင်၏အိမ်သို့သွားပြီးနောက် မူဇောင် ၏မိသားစုကို ယွမ်ငွေ 100,000 ပေးကာ မူဒန်အတွက် ဆေးရည်ကိုဝယ်ပေးခဲ့သည်။
ထိုညတွင် မူဒန်၏ အခြေအနေမှာ ပိုကောင်းလာသည်။
ဒီမနက်မှာတော့ အံ့ဩစရာကောင်းလောက်အောင် နိုးလာပြီး လွတ်လွတ်လပ်လပ် လမ်းလျှောက်နိုင်ခဲ့သည်။
လင်းဖန်က ပြုံးပြီးမူဇောင်ပုခုံးကို ပုတ်လိုက်သည်။
“ဒီး....”
ထိုအချိန်တွင် အတန်းတက်ခေါင်းလောင်းသံ မြည်လာသည်။
ဆရာမဟန်တီသည် ဖြည်းညှင်းစွာ လျှောက်လာသည်။
ရုတ်တရက် စာသင်ခန်းတစ်ခုလုံး မွှေးပျံ့သောရနံ့များဖြင့် ဖုံးလွှမ်းသွားသည်။
စကားစမြည်ပြောနေသောစာသင်ခန်းက ချက်ချင်း တိတ်ဆိတ်သွားလေသည်။
သူမသည် စာသင်ခန်းထဲတွင် လှည့်ပတ်ကြည့်လိုက်ပြီး လင်းဖန်ကို မြင်လိုက်သောအခါတွင် သူမ၏ လှပသော မျက်လုံးများ တောက်ပလာသည်။
ခဏအကြာတွင် သူမသည် ယနေ့ သင်ခန်းစာကို စတင်ခဲ့သည်။
ဆရာမဟန်တီ၏သင်တန်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးဆုံးသွားခဲ့သည်။
လင်းဖန်သည် ကားပါကင်သို့ရောက်ပြီးနောက် Cullinan(ကား)ပေါ်တွင် တည့်တည့်ထိုင်လိုက်သည်။
“ဗွမ်း!”
သူက အရှိန်မြှင့်စက်ကို နင်းပြီး ဆရာမဟန်တီရဲ့ အိမ်ဘက်ကို မောင်းသွားလေသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့ နေ့လည်တွင် ဆရာမဟန်တီ ထံမှ ဝီချက် မက်ဆေ့ချ်ကိုရရှိလို့ပင်ဖြစ်သည်။ဟန်တီက လင်းဖန်ကိုသမူ့အိမ်သို့ ညစာစားရန် တောင်းဆိုသောကြောင့် ဖြစ်သည်။
“ဒင်ဒေါင်!”
လင်းဖန်က တံခါးခေါက်သည်။
ခဏအကြာတွင် ဆရာမဟန်တီသည်တံခါးကို ဖွင့်လိုက်သည်။
ဆရာမဟန်တီကဟင်းချက်၀တ်စုံကို ၀တ်ထားသောကြောင့်သာမသည် ဟင်းချက်နေပုံရသည်။
ယခုအခါသူမသည် ဟင်းချက် ခါးစည်းဝတ်ထားပြီး သူမသည် ခင်ပွန်းဖြစ်သူ အိမ်ပြန်ရန် စောင့်နေသည့် ဇနီးတစ်ယောက်နှင့်တူနေသည်။
ဆရာမဟန်တီ က “မင်းဘာလို့ တံခါးမှာ ရပ်နေတာလဲ၊ ဝင်လာလေ”
လင်းဖန်က တုံ့ပြန်ပြီး “အင်း...ကောင်းပြီ”
ဒီအချိန်မှာဂဏန်းစပ်ဟင်း၊ ဂေါ်ဖီထုပ်ကြော်၊ ပုစွန်စွပ်ပြုတ်၊ အမဲသား၊ ငါးကြော်တွေ နဲ့ ဝက်သားလေးကင်တွေက မွှေးကြိုင်ပြီး အရောင်တောက်တောက်ရှိတာစားလိုက်ရင်အရမ်းစားကောင်းမဲ့ပုံရသည်။
ဆရာမဟန်တီ ကပင်လယ်စာဟင်းရည်ကို အိုးထဲက ထုတ်လိုက်ပြီး’’ ညစာအတွက် အဆင်သင့်ဖြစ်နေပြီ!”လို့ပြောလိုက်သည်ါ
ထို့နောက် မီးဖိုချောင်သို့ လျှောက်သွားကာ ကြက်စွပ်ပြုတ်နဲ့မှိုဟင်းကို ယူလာခဲ့သည်။
လင်းဖန်က ပြုံးပြီး “ဟင်းက ရောက်ပြီဆိုတော့ညစာ စားချိန်ရောက်ပြီပေါ့”
စကားပြောနေစဉ်တွင် တူများကို ကောက်ကိုင်ကာ အသားတစ်ပိုင်းကို ပါးစပ်ထဲသို့ ထည့်ပြီး လက်မထောင်ကာ “အနံ့ကလဲကောင်းပေမဲ့အရသာကပိုရှိတယ်!”
“မင်း၊ မင်းပါးစပ်က အရမ်းချိုတာပဲ...” ဆရာမဟန်တီကကျေနပ်တဲ့လေသံနဲ့ပြောလိုက်သည်။
လင်းဖန်ကဟန်တီကိုတိုက်ရိုက်နမ်းလိုက်သည်။
( ̄ε ̄)
( ̄3)(ε ̄)
ခဏအကြာတွင် လင်းဖန်က “ချိုးတာလား ဆရာမဟန်တီ ရဲ့ ပါးစပ်က ပိုချိုတယ်လို့ ခံစားရတယ်။”
ဆရာဟန်တီ၏ လှပသော မျက်နှာသည် နီမြန်းလို့သွားသည်။
ပြီးနောက်သူမက “မင်း ဝိုင် ကြိုက်လား” လို့ မေးလိုက်သည်။
“ကြိုက်တယ်!” လင်းဖန်က ပြောသည်။
ဒါနဲ့ ဆရာမဟန်တီက ဝိုင်နီကိုခွက်နှစ်ခွက်ထဲသို့လောင်းထည့်လိုက်သည်။
လင်းဖန်သည် ဝိုင်နီဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး နှာခေါင်းနားတွင် ထားပြီး အနံ့ခံကာ ဝိုင်ဖန်ခွက်ကို ညင်သာစွာ ယမ်းလိုက်သည်။
နောက်ဆုံးတော့ သူ့ပါးစပ်ထဲကို ဖြည်းဖြည်းချင်း လောင်းထည့်လိုက်သည်။
ထိုအချိန်တွင် သူမသည် အမဲသား၊ ကြက်စွပ်ပြုတ်မှို၊ ငရုတ်သီးစိမ်းပါးပါးလှီးထားသော ဝက်သားနှင့် အခြားဟင်းလျာများကို လင်းဖန်ဆီသို့ အဆက်မပြတ်ထည့်ပေးနေသည်။
နောက်ဆုံးတွင် လင်းဖန်က သူ့လက်ကို အထပ်ထပ်အခါခါ ဝှေ့ယမ်းလိုက်ပြီး “ပြည့်ပြီ၊ ငါဗိုက်ပြည့်ပြီ”
ဟန်တီက သူပြောတာကိုကြားတော့ “ကောင်းပြီ” ဟု တိုးတိုးလေးပြောလိုက်သည်။
ထို့နောက် လင်းဖန်၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ထိုးဆင်းသွားလေသည်။
ဟန်တီ သည် လင်ဖန်းကို ရက်အတော်ကြာ မတွေ့ရသောကြောင့်သူ့အကြောင်း အတွေးများ လွန်ကဲလာခဲ့သည်။