နှာဘူးကောင်သွေးနတ်ဆိုး
Vol. 2 Ch. 16
သွေးနီရောင်အလင်းတိုင်ကြီးတစ်ခုပေါ်ထွက်လာကာ လေထုနှင့်တိမ်တိုက်များကို မွှေနှောက်ပြီး လှုပ်ခတ်ပြန့်ကျဲသွားစေသည်။
ဝေ့မင်းဆက်ပြည်ထောင်မှ တိုင်းသူပြည်သားများသည်လည်း ထိုကြောက်မက်ဖွယ်မြင်ကွင်းကြောင့် အားလုံးဒူးထောက်နေကြပြီး မည်သူမှတုတ်တုတ်မလှုပ်ရဲကြတော့ပါ။
"ဆရာသခင်"
မျက်လုံးတစ်ဖက်နှင့်အကြီးအကဲက မျက်ရည်များဖြင့် လှုပ်ရှားလာသည်။
အလင်းတိုင်ကြီးထဲမှ ခမ်းနားထည်ဝါသော အရပ်ရှည်ရှည်ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်းထွက်ပေါ်လာသည်။
မျက်နှာထားက တင်းမာနေပြီး သွေးနီရောင်ဆံပင်များကလည်း တဖျပ်ဖျပ်လွင့်ခါလျက်ရှိသည်။ သူခန္ဓာကိုယ်မှ ထွက်ပေါ်နေသောဖိအားမှာ ရှေးခေတ်သားရဲကြီးတစ်ကောင်ကဲ့သို့ ခံစားရစေလေသည်။
ထိုသူက မထီမဲ့မြင်အကြည့်များဖြင့် ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး ဟုန်ချန်ယဲ့ထံသို့အကြည့်ရောက်သွားသော် မျက်လုံးများမှာ စူးရှသောအလင်းတန်းနှစ်ခုကဲ့သို့ ပြူးကျယ်လာတော့လေ၏။
ပါးလွှာသောနှုတ်ခမ်းသားများမှာ အံ့သြနေသောလေသံဖြင့် တိုးတိုးလေးရေရွတ်လိုက်သည်။ "မင်းလား"
ဟုန်ချန်ယဲ့၏မျက်နှာထားသည်လည်း အနည်းငယ်ပြောင်းလဲသွားပေမယ့် မြန်မြန်ဆန်ဆန်ပင် ပြန်လည်တည်ငြိမ်သွားကာ သူကထူးမခြားနားဟန်ဖြင့်ပင်ပြောသည်။ "မတွေ့ရတာကြာပြီ သွေးနတ်ဆိုး ငါမင်းအသက်ရှင်နေလိမ့်ဦးမယ်လို့ ထင်မထားဘူး"
ရှစ်ထျန်းကြွယ်က အတိတ်ကိုပြန်သတိရသွားပုံပေါ်ကာ ခပ်ဆွေးဆွေးမျက်နှာထားဖြင့် နှိမ့်ချစွာဆိုလိုက်သည်။ "သွေးနတ်ဆိုးဆိုတဲ့နာမည်ကိုတောင် မကြားရတာကြာပြီပဲ"
မှန်ပေသည်။
ထိုသူမှာ လွန်ခဲ့သောနှစ်ပေါင်း၂၀၀ကျော်တုန်းက အလယ်ပိုင်းစီရင်စု၏ သူတော်ကောင်းဂိုဏ်းများစွာက ဝိုင်းဝန်းနှိမ်နင်းသတ်ဖြတ်ခြင်းကိုခံခဲ့ရသည် သွေးနတ်ဆိုး ရှစ်ထျန်းကြွယ်ပင်။
ဟုန်ချန်ယဲ့လိုပင် သူသည်လည်း စစ်မှန်သောမသေမျိုးကျင့်ကြံဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
သူတည်ထောင်ခဲ့ပါသော သွေးနတ်ဆိုးဂိုဏ်းမှာ တစ်ချိန်က ပြိုင်ဘက်ကင်းဖြစ်ခဲ့ပြီး ဟုန်ချန်ယဲ့၏ မီးလျှံနတ်ဆိုးဂိုဏ်းထက်ပင် ပိုလို့အင်အားကြီးခဲ့သေး၏။
ရှစ်ထျန်းကြွယ်၏ ကျင့်ကြံရေးလမ်းစဥ်အကြောင်း ပြောရလျှင်မူ အတော်လေးထူးဆန်းပြီး ရွံစရာကောငး်သည်ဟု ဆိုနိုင်ပေမည်။
သူ့ကိုယ်သူ အင်အားပိုတိုးလာစေဖို့အတွက် လူ့သွေးများကို အရူးအမူးစုပ်ယူစားသောက်ကာ သူ့ကိုးကွယ်သူများကိုလည်း နတ်ဆိုးကျင့်စဥ်များ သင်ပြပေးသေးသည်။ အပြစ်မဲ့သူများကို ထိခိုက်သေဆုံးစေကာ အချိန်တန်လျှင်တော့ လူ့သွေးသောက်၍ကျင့်ကြံဆင့်မြင့်လာသောတပည့်များကို သူကတစ်ဖန် ပြန်လည်စားသုံးပေလိမ့်မည်။
နှင်းလုံးမှာ လှိမ့်လေလေပိုကြီးလာလေလေ ဖြစ်တတ်သကဲ့သို့ အန္တရာယ်ပိုများလာဖို့သာရှိသော ထိုနည်းလမ်းမှာလည်း ဝေ့ပြည်ထောင်တစ်ခုလုံးကို ကူးစက်ပိုးမွှားကဲ့သို့ ပျံ့နှံ့သွားခဲ့လေပြီ။
နတ်ဆိုးကျင့်ကြံဂိုဏ်းများဖြစ်စေ၊ သူတော်ကောင်းဂိုဏ်းများဖြစ်စေ ထိုအချိန်က သွေးနတ်ဆိုးဂိုဏ်းကြောင့် အကုန်ဒုက္ခရောက်ခဲ့ရသည်သာပင်။
ထိုနည်းလမ်းက သူ့ကို ကျင့်ကြံဆင့်အမြန်တက်အောင် ကူညီထောက်ပံ့ပေးနိုင်သော်ငြား အင်မတန်မှဆိုးယုတ်လှသောနည်းလမ်းဖြစ်တာကြောင့် တစ်လောကလုံးက သူ့ကိုသည်းမခံနိုင်ခဲ့ကြတော့ပါ။
နောက်ပိုင်းတွင်တော့ ထိပ်သီးဂိုဏ်းများစုပေါင်းကာ သူ့ကိုတိုက်ခိုက်ခဲ့ကြသည်။ တသီးတသန့်ကွဲပြားကာ အကူအညီမဲ့လျက်ရှိသော သွေးနတ်ဆိုးဂိုဏ်းမှာ အမြစ်ပြတ်ချေမှုန်းခံခဲ့ရပြီး သွေးနတ်ဆိုးဟု ကျော်ကြားသော ရှစ်ထျန်းကြွယ်မှာလည်း တိုက်ပွဲကျသွားခဲ့သဖြင့် အလယ်ပိုင်းစီရင်စုလည်း အချိန်အတော်ကြာအောင် ငြိမ်းချမ်းရေးပြန်လည်ရယူနိုင်ခဲ့လေသည်။
သို့သော် မျှော်လင့်မထားစွာပင် ထိုသွေးနတ်ဆိုးမှာ သေဆုံးသွားခြင်းမဟုတ်ပါဘဲ အရှေ့ပိုင်းစီရင်စု၏ အခေါင်ခိုက်ဆုံးဖြစ်သော ဟွမ်ကျိုးပြည်နယ်တွင် ပြန်လည်ပေါ်ထွက်လာခဲ့ပေသည်။
ဤသတင်းသာ အလယ်ပိုင်းစီရင်စုတစ်ခုလုံးကို ပျံ့နှံ့သွားမည်ဆိုလျှင် လူထုတစ်ခုလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်ကုန်ကြပေတော့မည်။
"မင်းဘယ်လိုလွတ်မြောက်လာခဲ့တာလဲ ပေတစ်သောင်းရှိတဲ့ မင်းခန္ဓာကိုယ်ကြီး နတ်ဘုရားမှော်လက်နက်တွေများစွာလက်အောက်မှာ ပြိုလဲသွားခဲ့ပြီး မင်းကိုယ်ထဲသွေးတွေအားလုံးအငွေ့ပျံသွားတာကို လူတွေအများကြီး မျက်မြင်တွေ့ခဲ့ရတာလေ အသက်ရှင်နိုင်ချေ လုံးဝမှမရှိတာ"
ဟုန်ချန်ယဲ့က အလေးအနက်မေးလာလေသည်။
"ဟားဟား သူတို့ကိုယ်သူတို့ သူတော်ကောင်းလို့ထင်နေတဲ့ကောင်တွေက ဘာသိမှာလဲ ငါ့မွေးရာပါသွေးတစ်စက်ကို လျှို့ဝှက်နေရာတစ်ခုမှာ မှော်ပညာနဲ့ဝှက်ထားခဲ့တာကြာပြီ ငါသေသွားရင်တောင် အဲ့သွေးတစ်စက်က ငါ့ကို ပြန်လည်ရှင်သန်ခွင့်ပေးလိမ့်မယ်"
"ငါ့ကျင့်ကြံဆင့်တွေအကုန်လုံး အစကနေပြန်စခဲ့ရပြီး မသေမျိုးခန္ဓာကိုလည်း ပြန်လည်တည်ဆောက်ခဲ့ရတာတော့ နာတာပေါ့"
ရှစ်ထျန်းကြွယ်၏မျက်လုံးများက ပိုလို့မှောင်မိုက်လာသည်။ "လူတွေရဲ့အမြင်ကနေ ပုန်းကွယ်ဖို့အတွက် ငါအရှေ့ပိုင်းဒေသကို တိတ်တဆိတ်ထွက်ပြေးခဲ့ရတယ် ဒါပေမယ့် သိပ်မကြာခင်မှာပဲ အရှေ့ပိုင်းဒေသကကျင့်ကြံသူတွေရဲ့သတိကို သွားပြီးနှိုးဆွလိုက်မိတဲ့အတွက် မတတ်သာတော့ဘဲ ဒီခြောက်ကပ်နေတဲ့နယ်မြေကိုလာခဲ့ရတာ ကျင့်ကြံဆင့်တက်ဖို့တော့နှေးပေမယ့် ဘေးကင်းဖို့တော့ စိတ်ချရပါတယ်"
"ငါသိပြီ"
ဟုန်ချန်ယဲ့တုံ့ပြန်လိုက်သည်။
ဟုန်ချန်ယဲ့ တိတ်တိတ်လေးသက်ပြင်းချလိုက်သည်။ ဆိုးရွားကောက်ကျစ်သောနည်းလမ်းများကိုသာ အသုံးပြုတတ်သည့် သွေးနတ်ဆိုးပီသပါပေသည်။ တစ်လောကလုံးကိုလှည့်စားရန် သေချင်ယောင်ဆောင်ခဲ့ကာ အခုတော့ ပြန်လည်ရှင်သန်ပြီး ပြန်လည်ဒုက္ခပေးနေလေပြီ။
သွေးနတ်ဆိုးအား တိုက်ခိုက်ချေမှုန်းကြရာတွင် သူတော်ကောင်းဂိုဏ်းများသာမက နတ်ဆိုးဂိုဏ်းများလည်း ပါဝင်ခဲ့လေသည်။ အဓိပ္ပာယ်မှာ သူတော်ကောင်းများရော၊ လူသားများရော နတ်ဆိုးများပါ ထိုသူ့ကို ရွံရှာမုန်းတီးကြသည်ဟုပင်။
သူနှင့်ယှဥ်လျှင် ရှစ်ထျန်းကြွယ်က ပိုလို့ခက်ခဲခဲ့ရပုံပင်။
သူ့နေရာမှာ ဟုန်ချန်ယဲ့သာဆိုလျှင်တော့ မည်မျှပင်ကြိုးစားစေကာမူ သေပွဲဝင်ကိုဝင်ရလိမ့်မည်ဟု ခံစားမိလေသည်။
"ကြည့်ရတာ မင်းလည်း ငါနဲ့ဘဝတူပဲဖြစ်ပုံရတယ်" ဟုန်ချန်ယဲ့တွင်လည်း စစ်မှန်သောမသေမျိုးကျင့်ကြံဆင့်မရှိတော့ကြောင်း သတိထားမိသော် ရှစ်ထျန်းကြွယ်၏မျက်လုံးများ တောက်ပလာတော့၏။
"ဟင်းဟင်း"
ဟုန်ချန်ယဲ့ အသေးစိတ်ပြောမပြလိုက်သော်ငြား အဓိပ္ပာယ်မှာတော့ ထင်ရှားနေလေပြီ။
"ဆရာသခင် ကျွန်တော့်ကိုကယ်ပါဦး အဲ့မိန်းမက ကျွန်တော့်ကိုသတ်တော့မယ်" ပထမမင်းသားက ရှစ်ထျန်းကြွယ်ကိုမြင်သော အဖေရင်းကိုမြင်လိုက်ရသည်ထက်ပင် ပိုပျော်သွားပုံရပြီး အားကုန်အော်ဟစ်ငိုကြွေးလေတော့သည်။
"မင်းသေတွင်းကို မင်းတူးနေတာပဲ"
ဟုန်ချန်ယဲ့က အေးစက်စက်မျက်လုံးများဖြင့် ပြောလိုက်သည်။
သူစကားပြောလို့ပြီးသွားသည်နှင့် ပထမမင်းသား၏ခန္ဓာကိုယ်မှာ သွေးမှုန်များအဖြင့် ဘန်းခနဲလွင့်စင်ပေါက်ကွဲသွားပြီး မီးခိုးမျှင်တန်းများအဖြစ်ပြောင်းလဲကာ ရှစ်ထျန်းကြွယ်၏နှာခေါင်းထဲသို့ စုပ်ယူခံလိုက်ရလေသည်။
"အစ်ကိုကြီး"
မင်းသမီးလေးမှာ ကြောက်လန့်စွာအော်ဟစ်လိုက်ပြီး မျက်နှာလှလှလေးမှာလည်း ဖြူဖျော့ကျန်ရစ်လေ၏။
"ဟောက်အာ..." ဧကရာဇ်ကြီးမှာ ချက်ချင်းလက်ငင်းပင် အိုစနာကျသွားပုံပေါ်ကာ မျှော်လင့်ချက်မဲ့စွာဖြင့် သက်ပြင်းချလိုက်ရလေတော့သည်။
"သူက မင်းတပည့်မဟုတ်ဘူးလား"
ဟုန်ချန်ယဲ့က မျက်ခုံးတစ်ဖက်ပင့်လျက်မေးလိုက်သည်။
"ပုရွက်ဆိတ်လေးတစ်ကောင်ပါပဲ သူက ငါ့တပည့်ဖြစ်ဖို့ ဘာအရည်အချင်းများရှိလို့လဲ နောက်ပြီး မင်းသာသေစေချင်တယ်ဆိုရင် ငါသူ့ကိုချက်ချင်းသတ်ပစ်လိုက်နိုင်တာပေါ့ အခုချိန်ထိ မင်းအပေါ်ထားတဲ့ ငါခံစားချက်တွေကို ကွဲကွဲပြားပြားမသိသေးဘူးလား"
ရှစ်ထျန်းကြွယ်သည် လက်နှစ်ဖက်ကိုနောက်ပစ်ကာရပ်လျက် သွေးနီရောင်ဆံပင်များမှာလည်း လေနှင့်အတွင် တလွင့်လွင့်ဖြစ်လျက်။ ဟုန်ချန်ယဲ့ကိုကြည့်နေသော ထိုသူ၏အကြည့်များမှာ နူးညံ့သက်ဝင်လျက်ရှိလေ၏။
သွေးနတ်ဆိုး၏ ရန်သူဟောင်းများသာ ထိုမြင်ကွင်းကို မြင်ရလျင်တော့ မယုံကြည်နိုင်ဖြစ်ကာ တုန်လှုပ်နေရပေတော့မည်။
ဒီရူးသွပ်နေတဲ့ သွေးနတ်ဆိုးမှာလည်း အချစ်ဆိုတာ ရှိသေးတယ်ပေါ့?
ဟုန်ချန်ယဲ့မှာတော့ အကူအညီမဲ့ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားရတော့သည်။
အလယ်ပိုင်းစီရင်စုမှာကတည်းက ထိုသူမှာ သူ့ကိုမေတ္တာသက်ဝင်နေခဲ့ကာ သူ့ဘက်က ယောက်ျားစစ်စစ်ဖြစ်ပါကြောင်း အခိုင်အမာဖော်ပြကာ ငြင်းဆိုပါသော်ငြား တစ်ဖက်လူကတော့ လုံးဝအလျှော့မပေးခဲ့။
(ကြည့်ရတာ ငါ့တပည့်ကတော့ ကြေးစားအသဲခွဲလူမိုက်ကြီးပဲ ဒီနှစ်တွေထဲမှာ ယောက်ျားစစ်စစ်ဘယ်နှစ်ယောက်လောက်ကို ကွေးအောင်လုပ်ခဲ့ပြီးပြီလဲမသိဘူး)
ယဲ့ကျွင်းလင်က မေးစေ့ကိုပွတ်သပ်ကာ စဥ်းစားလိုက်ပြီး လျှာတစ်ချက်ခေါက်လိုက်သည်။
သူ့လက်ထဲတွင်တော့ သကြားအရသာ ဖရဲစေ့လှော်တစ်ထုပ် ပါလာသည်။
ထိုဖရဲစေ့များကို တကျွတ်ကျွတ်ခွာစားရင်း သူက အချစ်ဇာတ်လမ်းကို ပွဲကြည့်ပရိတ်သတ်လုပ်နေလိုက်တော့၏။
ထိုအချိန်တွင် ဟုန်ချန်ယဲ့ကတော့ အရပ်ရှည်ရှည်ပုံရိပ်ကိုကြည့်ကာ ခေါင်းသာယမ်းပြလိုက်ရတော့သည်။ "မင်းနဲ့ငါက မဖြစ်နိုင်ပါဘူးဆိုကွာ"
"ကဲ ထပ်အငြင်းခံရပြန်ပြီပေါ့"
ရှစ်ထျန်းကြွယ်က သက်ပြင်းတစ်ချက်ချလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက မျိုးဆက်သစ်နတ်ဆိုးအရှင်တွေထဲမှာ ငါမင်းကိုအလေးစားဆုံး အမြတ်နိုးဆုံးပဲ ဒါပေမယ့် မင်းကတော့ငါ့ကို အခွင့်အရေးလေးတစ်ခုတောင် မပေးခဲ့ဘူး"
"အရင်ကလည်း မင်းငြင်းခဲ့တယ် အခုတစ်ခေါက်လည်းဒီလိုပဲ ငါဒီ့ထက်ပိုပြီး စိတ်မရှည်နိုင်တော့ဘူး..."
ထို့နောက် ဝုန်းခနဲသက်ရောက်လာသော ဖိအားကြီးကြောင့် ဟုန်ချန်ယဲ့မှာ နောက်ကျောတွင် တောင်ကြီးတစ်လုံးထမ်းထားရသကဲ့သို့ လေးလံသွားရလေသည်။ ပတ်ဝန်းကျင်ရှိမြေပြင်မှာလည်း မခံနိုင်စွာ အက်ကွဲသွားရ၏။
ဟုန်ချန်ယဲ့က အေးစက်စက်အသံဖြင့် မေးခွန်းထုတ်လိုက်သည်။ "သွေးနတ်ဆိုး မင်းဘာအဓိပ္ပာယ်လဲ"
"အခု ငါ့ကျင့်ကြံဆင့်ကို အမြန်တိုးမြှင့်ဖို့ အရေးတကြီးလိုအပ်နေတာ တစ်ချိန်ကမသေမျိုးဖြစ်ခဲ့တဲ့ မိတ်ဆွေဟောင်းကိုပြန်တွေ့ရတဲ့အခါ သေချာပေါက်အထူးဂရုစိုက်ပေးရမှာပေါ့ ဒါပေမယ့် မင်းကငါ့ကြင်နာမှုကို ထပ်ခါထပ်ခါငြင်းပယ်ခဲ့တယ် ဒါကြောင့်ငါလည်းမင်းကို မတတ်သာဘဲ သတ်ရပါတော့မယ် မင်းသွေးတွေ ငါ့ခန္ဓာကိုယ်ထဲကို စီးဝင်သွားရင် ငါတို့တစ်သက်လုံး အတူတူနေသွားရတော့မှာပေါ့ကွာ"
ရှစ်ထျန်းကြွယ်၏နှုတ်ခမ်းများက ရူးသွပ်စွာကွေးညွှတ်သွားကြပြီး မျက်နှာအမူအရာမှာလည်း ရူးသွပ်နေသည့်ပုံပင်။
(နှာဘူးကောင်) ဟုန်ချန်ယဲ့က တိတ်တိတ်လေးကြိတ်ဆဲလိုက်သည်။
သို့သော် တစ်ဖက်လူ၏ကျင့်ကြံဆင့်က သူ့လိုပင် ဝိဉာဥ်အဆင့်တက်ခြင်း ကျင့်ကြံဆင့်တွင်ရှိကြောင်း သူမြင်နိုင်လေသည်။
ဟုန်ချန်ယဲ့က မဲ့ပြုံးတစ်ချက်ဖြင့်ဆိုသည်။ "အရူးကောင် မင်းငါ့ကိုအနိုင်တိုက်မယ်လို့ထင်နေတာလား"
အုန်း!
စွမ်းအားကြီးအရှိန်အဝါတစ်ခုက သူ့ကိုယ်တွင်းမှ ပေါက်ထွက်လာလေသည်။
သွေးနတ်ဆိုး၏တစ်ကိုယ်လုံးဟာ အနီရင့်ရောင်ကြယ်တံခွန်တစ်စင်းကဲ့သို့ လေထဲသို့ မြင့်တက်သွားပြီး ပတ္တမြားရောင် မျက်လုံးတွေထဲမှာလည်း ရွှေရောင် နတ်ဘုရားမီးလျှံ နှစ်ခု တောက်လောင်နေတယ်။
ခန္ဓာကိုယ်တစ်ခုလုံးမှာ မရေမတွက်နိုင်သော ကြက်သွေးရောင်မီးတောက်များစွာဖြင့် ဝန်းရံခံထားရပြီး လေဟာနယ်တစ်ခုလုံးကို အဆက်မပြတ် လောင်ကျွမ်းစေလေသည်။
"ခုခံလည်း အချည်းနှီးပဲ မင်းကျင့်ကြံဆင့်က ငါ့လောက်မမြင့်ဘူးကွ" ရှစ်ထျန်းကြွယ်က အေးအေးဆေးဆေးပြောလာသည်။
ဟုန်ချန်ယဲ့မှာ ဝိဉာဥ်အဆင့်တက်ခြင်း အစောပိုင်းအဆင့်တွင်သာရှိသေးပြီး သူ့လို ဝိဉာဥ်အဆင့်တက်ခြင်း အထွဋ်အထိပ်အဆင့်မှာရှိသော သူ့နောက်တွင် အဆင့်နှစ်ဆင့်မျှ ပြတ်ကျန်နေခဲ့ကြောင်း သိနိုင်ပေသည်။
ပါရမီရှင်ကျင့်ကြံသူများက သာမန်ကျင့်ကြံသူများကို တိုက်ခိုက်လျှင်သာ အဆင့်ကျော်ပြီး အနိုင်ယူလို့ရတာပင်။
သို့သော် ပြဿနာမှာ ရှစ်ထျန်းကြွယ်ကိုယ်တိုင်က ပါရမီရှင်တစ်ဦးဖြစ်သောကြောင့် ဤမျှကွာခြားသောကျင့်ကြံဆင့်နှင့်ဆိုလျှင် ဟုန်ချန်ယဲ့ကို သေချာပေါက်အနိုင်ပိုင်းနိုင်ပေသည်။
"ဟားဟား မတိုက်ကြည့်သေးဘဲ ဘယ်လိုလုပ်သိမှာလဲ"
ဟုန်ချန်ယဲ့၏မျက်လုံးများမှာ တိုက်ခိုက်ချင်စိတ်အပြည့်ဖြင့် တောက်ပလာသည်။ ယင်ယန်သုံးထောင်ဂါထာကိုလည်း တိတ်တဆိတ်လည်ပတ်ထားစေလိုက်၏။ သူ့ခန္ဓာကိုယ်မှအရှိန်အဝါမှာ ပို၍ကြောက်စရာကောင်းလာသည်။
သူလက်သင်္ကေတစ်ခုကို ပြုလုပ်လိုက်ကာ လက်ဝါးပေါ်တွင်ပေါ်လာသော ငါးရောင်စပ်နတ်ဘုရားမီးတောက်ကို ရှစ်ထျန်းကြွယ်ထံ ပစ်လွှတ်လိုက်သည်။
စိတ်ကူးထားသည်ထက် များစွာကျော်လွန်သောစွမ်းအားကိုခံစားမိလိုက်သဖြင့် ရှစ်ထျန်းကြွယ်မျက်နှာထားပြောင်းလဲသွားပြီး လေးနက်လာသည်။ "ဒါက..."
သူပေါ့ပေါ့ဆဆမနေရဲတော့ဘဲ စွမ်းအားများကိုစုစည်းကာ လက်ဝါးဖြင့် ပစ်လွှတ်ပေါက်ကွဲစေလိုက်သည်။
လက်ဖဝါးမှာထွက်လာသော သွေးနီရောင်အလင်းတန်းကြီးကို ကြောက်မက်ဖွယ်သွေးလှိုင်းကြီးများဖြင့် ရစ်ပတ်ထားပြီး ထိုသွေးလှိုင်းများထဲတွင် တုန်လှုပ်ခြောက်ခြားဖွယ်အော်သံများကို ပြုလုပ်နေသော တစ္တေမျက်နှာများစွာ ပါဝင်လာလေသည်။
သွေးဘီလူးလက်ဖဝါးပင်။
သွေးဘီလူးလက်ဖဝါးဟာ ငါးရောင်ခြယ်နတ်မီးလျှံကို ထိတွေ့ပြီးနောက်မှာတော့ လေထဲတွင်ပင် တိုက်ရိုက် ပြာကျပျက်စီးသွားခဲ့လေသည်။
ကျန်နေသေးသော မီးလျှံတွေဟာ ပြန့်ကျဲသွားရပြီး ရှစ်ထျန်းကြွယ်မှာလည်း အနည်းငယ်ရှက်ရွံ့သွားရကာ မီးကို ငြှိမ်းသတ်ဖို့ အတော်လေး ကြိုးစားလိုက်ရလေသည်။
သူ့နဖူးထက်တွင် ပဲစေ့အရွယ်ချွေးလုံးကြီးများ စီးကျနေပြီး တုန်လှုပ်စွာပြောလာသည်။ "ဒါဘယ်လိုမီးတောက်ကြီးလဲ အရမ်းလွှမ်းမိုးနိုင်စွမ်းရှိတာပဲ ငါ့ရဲ့သွေးဘီလူးလက်ဖဝါးကိုတောင် ဖျက်ဆီးပစ်နိုင်တယ်ပေါ့"