ဟွမ်ကျိုးရဲ့ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ခြင်း
Vol. 2 Ch. 22
"မင်း!" ဖုန့်အိုးယန် ၏ မျက်နှာအသွေးအရောင်သည် ဖြူတစ်လှည့်စိမ်းတလှည့် အရောင်အမျိုးအလွန်အမင်း စိတ်ပျက်အားငယ်မျိုး အလှည့်ကျ ပြောင်းလဲသွားကာ သူ၏နှလုံးသားသည် လွန်စွာစိတ်ပျက်အားငယ်သွားရပြီး တစ်ကိုယ်လုံးမှာ ဒေါသကြောင့် တုန်ရီလျက်ရှိသည်။
"ဘိုးဘေးအကြီးအကဲခင်ဗျာ"
တောင်ဖြိုဂိုဏ်းမှကျင့်ကြံသူများမှာ မယုံကြည်နိုင်စွာ မျက်ကလဲဆန်ပြာဖြစ်ကုန်ကြလေ၏။ သူတို့ဂုဏ်ယူဝင့်ကြွားရသော ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူ ဘိုးဘေးနတ်ဘုရားကြီးမှာ တစ်ပါးသောတာအိုပြည်နယ်များမှ ကျင့်ကြံသူများအမြင်တွင် ဤမျှအရေးမပါဖြစ်နေလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပါပေ။
"မျက်စိနောက်စရာကောင် မင်းဘာလို့အဲ့နားမှာဆက်ရပ်နေသေးတာလဲ ငါတို့နဲ့တစ်တန်းတည်းနေဖို့ မင်းမှာအရည်အချင်းပြည့်မီတယ်ထင်လို့လား"
ဂိုဏ်းကြီးတစ်ခုမှ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ဦးက အထင်သေးစွာနှိပ်ကွပ်လာလေသည်။
"လူသူကင်းမဲ့တဲ့ ဟွမ်ကျိုးလူရိုင်းပြည်နယ်ကလာတာဆိုတော့လည်း ယဉ်ကျေးမှုဆိုတာကို ဘယ်နားလည်လိမ့်မလဲ ဝိဉာဥ်အဆင့်တက်ခြင်းကို ရောက်သွားရင်တောင် မင်းလိုတောသားမျိုးကက နိမ့်ကျပြီး ယုတ်ညံ့တဲ့ သတ္တဝါဖြစ်နေတုန်းပဲ!"
နာမည်ကျော် ကြည်ပြာရောင်ဓားသမားဆိုသည့် ကျင့်ကြံသူတစ်ဦးသည် လှောင်ပြောင်ရိပ်အပြည့်ဖြင့်ဖြင့် ပြုံးရယ်ကာပြောလိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ လုံးဝ ယဉ်ကျေးမှုမရှိဘူး!"
"ဟွမ်ကျိုးကကောင်ဆိုတော့လည်း ဝိဉာဥ်အဆင့်တက်ခြင်းကိုရောက်ရင်တောင် အဆင့်အတန်းကတော့ အနိမ့်ဆုံးဖြစ်နေဦးမှာပဲ မင်းကိုယ်မင်းသိပ်အရေးပါလှပြီထင်နေလား"
"လူအိုကြီး မြန်မြန်ဆင်းလာခဲ့လိုက်တော့ ဆက်အရှက်ခွဲခံချင်သေးတာလား"
ကြိုကြား ကြိုကြား ထွက်ပေါ်လာသော လှောင်ပြောင်သံများမှာ ဖုန့်အိုးယန်၏မျက်ခွက်ကို တစ်ချက်ပြီးတစ်ချက် ဖြတ်ရိုက်နေသကဲ့သို့ပင်။
ဒီတစ်ကြိမ်တွင်တော့ တောင်ဖြိုဂိုဏ်းတင်မကဘဲ ဟွမ်ကျိုးမှဂိုဏ်းအားလုံး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်၊ အံကိုတင်းတင်းကြိတ်ကာ ဒေါသတကြီးဖြင့် စိုက်ကြည့်လျက်ရှိကြလေသည်။
အဘယ့်ကြောင့်ဆိုသော် ထိုနယ်ခြားကျင့်ကြံသူများမှာ ဟွမ်ကျိုးတစ်နယ်လုံးကို သိမ်းကျုံးစော်ကားနေခြင်းဖြစ်သောကြောင့်ပင်။
ဖုန့်အိုးယန်၏မျက်နှာမှာ မဲ့ရှုံ့လျက်ရှိပြီး နှလုံးသားတစ်ခုလုံးလည်း ခါးသက်နာကျည်းလျက်ရှိ၏။ ဟွမ်ကျိုးပြည်နယ်မှာ မွေးဖွားလာခဲ့တာကြောင့် ရသင့်ရထိုက်သော အပြန်အလှန်လေးစားမှုကိုပင် မရနိုင်ပါတဲ့လား?
သူ့ထက်အဆင့်နိမ်သော ထိုနယ်ခြားကျင့်ကြံသူများပင် သူ့နှာခေါင်းတည့်တည့်ကိုလက်ညှိုးဖြင့်ထိုးကာ ပေါ်တင်လှောင်ပြောင်ရယ်မောနေကြလေပြီ။
သူ့ကိုများ ဒေါသမထွက်တတ်ဘူးလို့ ထင်နေကြလေသလား?
"တာအိုရောင်းရင်းတို့ ဒီအဘိုးကြီးက ဟွမ်ကျိုးဒေသခံပါ ဟွမ်ကျိုးမှာပဲမွေးဖွားပြီးအမြစ်တွယ်သည်အထိ နေထိုင်လာသူမှန်ပါတယ် ဒီဒေသက ကြမ်းတမ်းခေါင်ခိုက်တာမှန်ပေမယ့် ဒီဒေသခံတွေက အဆင့်အတန်းနိမ့်ကျသူတွေမဟုတ်ပါဘူး"
"ဒီအဘိုးကြီးဟာလည်း ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ဦးပါ မင်းတို့လက်ညှိုးထိုးသမျှငြိမ်ခံပြီး မင်းတို့ခြေထောက်အောက် အနင်းခံလိမ့်မယ်မထင်ကြလေနဲ့"
ဖုန့်အိုးယန်၏မျက်နှာတစ်ပြင်လုံး နီရဲလာပြီး ချက်ကျလက်ကျ ပြန်ငြင်းခုန်လာလေသည်။
"ခွေးအိုကြီး အတော်သေချင်နေတယ် ဟုတ်လား"
နယ်ခြား ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူများက အရှိန်အဝါများကိုထုတ်လွှတ်၍ ဖုန့်အိုးယန်ကိုဖိနှိပ်ကာ လက်နက်ချနာခံဖို့ ဖိအားပေးလာကြလေသည်။
သူ့ဆီကို ဦးတည်ဝင်ရောက်လာကြသော သတ်ချင်ဖြတ်ချင်စိတ် အငွေ့အသက်များမှာ ရေလှိုင်းလုံးကြီးတစ်ခုကဲ့သို့ သူ့ကို လွှမ်းခြုံသွားပြီး ဖုန့်အိုးယန်သည် တစ်ကိုယ်လုံး အေးစိမ့်သွားရကာ ရင်တစ်ခုလုံးလည်း တုန်လှုပ်သွားရလေသည်။
"မင်း မင်းတို့"
သူ့ဦးရေပြားများ ထုံကျင်သည်အထိကြောက်ရွံ့လာပြီး တံတွေးတစ်ချက်ကို ခက်ခက်ခဲခဲ မျိုချလိုက်ရ၏။
နှစ်ပေါင်းများစွာ အပင်ပန်းခံကျင့်ကြံပြီးကာမှ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ကို သူချိုးဖျက်နိုင်ခဲ့ခြင်းပင်။ နောက်ထပ် နှစ်တစ်သောင်းမျှသော ပျော်ရွှင်ဖွယ်နေ့ရက်များက သူ့ကိုစောင့်ကြိုလျက်ရှိနေသေးသည်။ ဤကဲ့သို့ အရေးပါသည့်အချိန်မျိုးတွင် ဘာကြောင့် မတော်တဆလွဲချော်မှုမျိုး အဖြစ်ခံနိုင်ရမည်နည်း?
အင်းလေ၊ အရှုံးပေးလိုက်တာ အကောင်းဆုံးပါပဲ!
ထိုသို့ တွေးတောပြီးနောက် ဖုန့်အိုးယန်သည် အံကိုတင်းတင်းကြိတ်ကာ စိတ်ပျက်လက်ပျက်ဖြင့် အောက်သို့ ဆင်းသက်ဆုတ်ခွာသွားလေသည်။
"ဟားဟားဟား ဟွမ်ကျိုးကကျင့်ကြံသူတွေက သေရမှာတော့ကြောက်တတ်ကြသားပဲ အသက်လေးကိုတော့ တန်ဖိုးထားကြပုံပဲနော် အမှိုက်ကတော့အမှိုက်ပါပဲကွာ"
ဖုန့်အိုးယန်၏ ဆုတ်ခွာသွားသောမြင်ကွင်းကြောင့် နယ်ခြားကျင့်ကြံသူများ လှောင်ပြောင်အော်ဟစ်ရယ်မောလာကြပြီး မထီမဲ့မြင်ပြုမှုက ပို၍ပေါ်လွင်လာတော့၏။
ဖုန့်အိုးယန်မှာလည်း ရှက်စိတ်ဖြင့်ပူလောင်လို့နေပြီး သူ့ဘဝမှာ အမှန်တကယ်ကိုသနားစရာကောင်းလွန်းလှပေသည်ဟု ခံစားနေရသော်ငြား အသက်ရှင်ဖို့အတွက်ဆိုလျှင် သူတို့အလိုကိုလိုက်လျောရုံသာ တတ်နိုင်ပေမည်။
ထိုတစ်ခဏတွင် ဖုန့်အိုးယန်၏နှလုံးသားမှာလည်း ပူပင်ကြောင့်ကြမှုများအပြည့်ဖြင့်။
အောက်ဘက်ရှိ ဟွမ်ကျိုးပြည်နယ်ကျင့်ကြံသူလေးများမှာ အကုန်တိတ်ဆိတ်ငြိမ်သက်လျက်သာရှိကြပြီး အတော်လေးစိတ်ပျက်လက်ပျက်ဖြစ်နေကြဟန်လည်းပေါ်သည်။ ရေတွက်မရနိုင်အောင်များပြားသော မျက်လုံးအစုံတို့မှာ မှိန်ဖျော့အားနည်းနေသော်လည်း ဖုန့်အိုးယန်ကိုစိုက်ကြည့်လာလျှင်တော့ ရင်ကိုပိုင်းဖြတ်နေသော ဓားသွားထက်ထက်ကဲ့သို့ ရန်လိုစူးရှလျက်ရှိ၏။
အထူးသဖြင့် တောင်ဖြိုဂိုဏ်းမှကျင့်ကြံသူများမှာ သူတို့ဘိုးဘေးဖြစ်သူ၏သတ္တိကြောင်ပုံကို မြင်လိုက်ရပြီးနောက် ကောင်းကင်ပြိုသကဲ့သို့ခံစားရကာ မျှော်လင့်ချက်များအားလုံး ပျက်သုဥ်းသွားသကဲ့သို့ အားလျော့ကုန်ကြလေသည်။
ဖုန့်အိုးယန် နှလုံးသားသည် အလွန်အမင်း မသက်မသာဖြစ်နေရပြီး သန်းပေါင်းများစွာသော ပုရွက်ဆိတ်များက သူ့ရင်တစ်ခုလုံးကို စုပြုံကိုက်ခဲနေသကဲ့သို့ စူးရှထုံထိုင်းသော နာကျင်မှုကို ခံစားနေရသည်။ သူ၏စိတ်ထဲတွင် မဖြစ်ဘူးဆိုသည့်စကားက ဆက်တိုက် ပဲ့တင်ထပ်နေပြီး အသက်ရှူသံမှာ တဖြည်းဖြည်း လေးလံလာတော့သည်။
"မဖြစ်ဘူး"
"ဒီအဘိုးကြီးက ဟွမ်ကျိုးရဲ့ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူပဲကွ ဟွမ်ကျိုးတစ်နယ်လုံးရဲ့ နံပါတ်တစ်ကျင့်ကြံသူပဲ!"
"ဒီအဘိုးကြီးကသာ ဒီလိုအလွယ်တကူအညံ့ခံလိုက်မယ်ဆိုရင် ဟွမ်ကျိုးရဲ့အနာဂတ်ကို ဘယ်လိုရှေ့ဆက်ကြရမှာလဲ"
"ဒီလူအိုကြီးက တိုက်ပွဲကိုရှောင်တိမ်းနိုင်ပြီး အသက်ဆက်ရှင်နိုင်ရင်တောင် သေတာထက်ဆိုးတဲ့ဝေဒနာက နှလုံးသားမှာသေရာပါစွဲကျန်နေခဲ့လိမ့်မယ်"
ဖုန့်အိုးယန်၏အတွေးများ ရုတ်တရတ်ရှင်းလင်းပြတ်သားသွားခဲ့သည်။ သူဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာချလိုက်ပြီး မျက်လုံးများက ကြည်လင်လာကာ ဒေါသလှိုင်းလုံးများက တစ်ကိုယ်လုံးအနှံ့ တဝုန်းဝုန်းထိုးတက်လာတော့၏။ သွေးများက ချော်ရည်ပူကဲ့သို့ ဆူပွက်ပူလောင်နေပေတော့သည်။
အောက်ဘက်သို့ဆင်းသက်နေသော သူ့ပုံရိပ်မှာ ကြယ်တံခွန်တစ်စင်းကဲ့သို့ ပြန်လည်မြင့်တက်သွားလေသည်။
မရေမတွက်နိုင်သော အံ့သြမင်သက်နေသည့်အကြည့်များအောက်တွင် ဖုန့်အိုးယန်၏ဆံပင်များသည် တလွင့်လွင့်ခါလျက် မျက်လုံးအစုံမှ လေထုကိုဖြတ်ပိုင်းတော့မတတ်အေးစက်ထက်ရှသော အလင်းတန်းများထုတ်လွှတ်နေကာ ကောင်းကင်ယံထက်သို့မော့လျက် တစ်ချက်ဟိန်းဟောက်ကြွေးကြော်လိုက်သည်။ ကျားတစ်ကောင်၏ဟိန်းသံ၊ နဂါးတစ်ကောင်၏ဟစ်ကြွေးသံကဲ့သို့ သွေးစီးကြောင်းများကိုဆူပွက်စေကာ စိတ်အားထက်သန်မှုများအား နိုးထဆောင်ကျဥ်းလာစေသည်။
"ငါတို့ ဟွမ်ကျိုးကျင့်ကြံသူတွေက တိုက်ပွဲကိုကြောက်စရာ ဘာအကြောင်းရင်းများရှိနေသလဲ?
"မပါဝင်ချင်တဲ့သူ တစ်ယောက်လောက်များရှိရင် ဒီလူအိုကြီးရှေ့ ထွက်ရပ်ပြစမ်းပါ"
တည်ကြည်သော အသံသည် ခိုင်မာသော ဆုံးဖြတ်ချက်အပြည့်ရှိပြီး သုသာန်ကို နေအိမ်ကဲ့သို့ သဘောထားသော အဓိပ္ပာယ်ကိုဆောင်ကာ ကျယ်ပြောသော ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်နေသည်။
ထိုအချိန်တွင် ဓားသွားကို ဓားအိမ်မှဆွဲထုတ်လိုက်သံ ရွှစ်ခနဲတစ်ချက်သည် ကောင်းကင်နှင့်မြေကြီးသို့ ရိုက်ခတ်လွင့်ပျံသွားဟန် ထွက်ပေါ်လာလေသည်။
ဖုန့်အိုးယန်၏ လက်ထဲတွင် ရှေးကျသည့်ပုံသဏ္ဌာန်ရှိသော အလေးချိန်စီးသည့် ဓားတစ်လက် ပေါ်လာပြီး ဓားကိုယ်ထည်တွင် တောင်တန်းပုံစံများ ဆက်တိုက် ထွင်းထုထားကာ နေမင်းငယ်လေးတစ်ခုကဲ့သို့ တောက်ပြောင်သော အဝါရောင် အလင်းတန်းအား ထုတ်လွှတ်လျက်ရှိသည်။
ထို့နောက် သူသည် လေးလံသော ဓားကို လက်ထဲတွင် ကိုင်ကာ ရှေ့သို့ ဦးတည်ညွှန်ပြလိုက်သည်။ ကောင်းကင်ရှိ ကျင့်ကြံသူအပေါင်း၏ ပုံရိပ်များအကြားတွင် သူ၏ပုံရိပ်မှာ အလွန်ပိန်လှီကာ အထီးကျန်ဆန်နေပုံပေါ်သော်လည်း အလွန်တောက်ပနေသည်ကို ငြင်းမရနိုင်ပါ!
"ဘိုးဘေးအကြီးအကဲ!!"
တောင်ဖြိုဂိုဏ်းမှ ဂိုဏ်းသားလေးများမှာ နီရဲနေသောမျက်လုံးများဖြင့် အားကုန်အော်ဟစ်အားပေးလာကြသည်။
"ထုတ်လိုက်ပြီဟေ့ တောင်ဖြိုဂိုဏ်းရဲ့ အားအကောင်းဆုံး မှော်လက်နက်၊ အဆင့်ရှစ်ရတနာလက်နက် ခွင်းတောင်ဓားပဲ!" ဂိုဏ်းချုပ်၏ မျက်နှာသည် ဂုဏ်ယူဝင့်ကြွားလျက်ရှိပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
မည်သည့်လက်နက်နှင့်မှ ချိုးဖျက်၍မရနိုင်သော ခွင်းတောင်ဓား။
တောင်ဖြိုဂိုဏ်း၏ အဖိုးထိုက်ဆုံးသော ရတနာပစ္စည်းပင်။
"ဆရာကြီး..." ဟွမ်ကျိုးမှကျင့်ကြံသူအဖွဲ့သည်လည်း ထိုသို့သောအပြောင်းအလဲကို မျှော်လင့်မထားခဲ့သည်ဖြစ်၍ မှိန်ဖျော့နေသောမျက်လုံးအရောင်များ တစ်ဖန်ပြန်လည်လင်းလက်လာကာ အံ့သြတုန်လှုပ်နေကြတော့၏။
"အတင့်ရဲလို့!"
"မာန်တက်နေတဲ့ကောင်!"
"လူအိုကြီး အတော်သေချင်နေတာပဲ!"
ဒေါသတကြီး ခြိမ်းခြောက်ဆဲဆိုသံများမှာ မုန်တိုင်းတစ်ခုကဲ့သို့ တလုံးလုံးတက်လာလေသည်။
နယ်ခြားကျင့်ကြံသူများမှာ ဒေါသအမျက်ချောင်းချောင်းထွက်လာကြကာ သူတို့ကိုစော်ကားသည်ဟုယူဆ၍ ဖုန့်အိုးယန်အားတိုက်ခိုက်ဖို့ အသင့်ပြင်ပြီးသားဖြစ်နေကြလေပြီ။
သူ့ကိုလွှမ်းမိုးလာသော ကြောက်မက်ဖွယ်ဖိအားကြီးများကို တောင့်ခံရင်ဆိုင်ရင်း ဖုန့်အိုးယန်၏နောက်ကျောမှာ ပို၍ပင်ဖြောင့်မတ်ဆန့်တန်းလာတော့၏။
သူ့မျက်လုံးများမှာ တောက်ပလင်းလက်လျက်ရှိကာ မျက်ခုံးနှစ်ခုကြားတွင် အကြောက်အလန့်ကင်းသည့်ယုံကြည်မှုပျိုးပင်တစ်ပင်ကို စိုက်ပျိုးထားသကဲ့သို့ လေးနက်ခိုင်မာလျက်ရှိလေသည်။
"လာလေ တိုက်ကြစမ်းပါ"
ဖုန့်အိုးယန် အားကုန်အော်ဟစ်လေသည်။
"အားလုံးချီတက်ပြီး ဒီခွေးအိုကြီးကိုသတ်ပစ်ကြစို့"
ထိုအချိန်တွင် အဖွဲ့ထဲမှ မာန်အပြည့်ဖြင့်အသံတစ်သံထွက်လာပြီးဆိုသည်။ "အားလုံးပဲ ခဏနေကြပါဦး"
ထိုသူမှာ ခရမ်းနှင့်ရွှေရောင်စပ်သရဖူတစ်ခုကို ဦးထက်ဆောင်းထားပြီး နဂါးဝတ်ရုံကိုဆင်မြန်းထားကာ ခမ်းနားသောရထားလုံးတစ်ခုထက်ထိုနေသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးပင်။ ထိုရထားလုံးကို ကြောက်စရာအသွင်အပြင်ဖြင့် သွေးနံ့လှိုင်လှိုင်ထွက်နေသည့် သားရဲကြီးများကဆွဲလာခြင်းဖြစ်ကာ အရှိန်အဝါမှာ ဝိဉာဥ်လွင့်စေတော့မတတ်ပင်။
"အဲ့ဒီလူက ဝူပြည်နယ် ရွှင်းထျန်းမင်းဆက်ရဲ့ ကျန်းနန်ဘုရင်ပဲ ဝိဉာဥ်အဆင့်တက်ခြင်း နှောင်းပိုင်းအဆင့်ရှိတဲ့ စွမ်းအားရှင်တစ်ယောက်ပေါ့"
ကျင့်ကြံသူတစ်ဦးက ကြောက်ရွံ့စွာပြောပြသည်။
ကျန်းနန်ဘုရင်က ရယ်ချင်ပက်ကျိဟန်ဖြင့်ဆိုသည်။ "ဒီအဘိုးကြီးက ဟွမ်ကျိုးကကျင့်ကြံသူလေးတစ်ယောက်တင်ပါကွာ သူ့ကိုတိုက်ဖို့ ငါတို့အကုန်ထွက်ရမယ်ဆိုတာကြီးကတော့ ရယ်စရာတောင်ကောင်းနေသေးတယ်"
"ဒီလိုဆိုရင်ရော ငါကိုယ်တော်မြတ်က သူ့ကိုလက်တစ်ဖက်တည်းနဲ့အနိုင်ယူပြီး သူအားနည်းကြောင်း ချပြပေးမယ်လေ"
ထိုစကားကိုကြားသော် အားလုံးက အဓိပ္ပာယ်ရှိသည်ဟုယူဆလိုက်ကြကာ အေးအေးဆေးဆေးထိုင်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်ကြတော့၏။
"ကဲ ခွေးအိုကြီးရေ မင်းနဲ့ငါကြား ဘယ်လောက်ကွာခြားမှန်း ပြပေးမယ်" ကျန်းနန်ဘုရင်က လက်တစ်ဖက်ကိုမြှောက်ကာ လျှပ်စီးကြောင်းများကို စမ်းသပ်သလိုထုတ်လွှတ်နေရင်းဆိုသည်။
ထို့နောက် ဘုန်းခနဲအသံတစ်ချက်ဖြင့် ထိုလက်ဝါးကြီးမှာ ကောင်းကင်ယံကိုပင်အုပ်မိုးတော့မတတ် ကြီးမားသွားကာ စွမ်းအားအဟုန်ဖြင့် ဖုန့်အိုးယန်အားဦးတည်လျက် ရိုက်ချလိုက်တော့သည်။
"သတ်ဟေ့!"
ဖုန့်အိုးယန်သည် တစ်ချက်ဟိန်းဟောက်လိုက်ကာ ခွင်းတောင်ဓားကို လွှဲယမ်းပြီး ခုတ်လိုက်ရာ အလွန်ထူထဲသိပ်သည်းသော မြေဝါရောင် ဓားအလင်းသည် လေဟာနယ်ကိုဖြိုခွဲထွက်လာတော့သည်။ ၎င်း၏ အရှိန်အဟုန်မှာ ပြင်းထန်လှသည်ပင်။
တဝုန်းဝုန်းတဒိုင်းဒိုင်းသော ပေါက်ကွဲသံများမှာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားတော့လေ၏။
မီးခိုးများလွင့်ပျယ်သွားချိန်တွင် ဖုန့်အိုးယန်မှာ လေးလံသောဓားကြီးကိုဆုပ်ကိုင်ထားကာ မတ်မတ်ရပ်နေဆဲပင်။
ပါးစပ်ထောင့်တွင်တော့ သွေးတစ်ကြောင်း စီးကျလျက်ရှိလေပြီ။
"ဒါကိုခံနိုင်တယ်ပေါ့" ကျန်းနန်ဘုရင်၏အပြုံးပျောက်ကွယ်သွားကာ တစ်ဖက်လူကို ဝါးမျိုတော့မတတ်စိုက်ကြည့်ပြီး သူ့ခန္ဓာကိုယ်မှာ ရထားလုံးထက်မှ ဖြုတ်ခနဲပျောက်ကွယ်သွားလေသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ဖုန့်အိုးယန်၏ရှေ့၌ပြန်ပေါ်လာကာ လက်ဝါးတစ်ဖက်ကို နဂါးလက်သည်းကဲ့သို့ ကွေးထားသည်။
မြေကမ္ဘာအဆင့် ထိပ်တန်းအဆင့်မြင့်စွမ်းအားဖြစ်သော ခန်းလုံလက်သည်းပါပေ။
ရုတ်တရတ် ကြောက်မက်ဖွယ်ဖိအားတစ်ခုက အုပ်မိုးသက်ရောက်လာသည်။
ဖုန့်အိုးယန်က အံကိုတစ်ချက်ကြိတ်ကာ ခွင်းတောင်ဓားကိုဝင့်လျက် တိုက်ကွက်ကိုကာကွယ်ရန်ပြင်ဆင်သည်။ ခန္ဓာကိုယ်အတွင်းရှိမှော်စွမ်းအင်မှာ အရှိန်အဟုန်နှင့် ဓားထဲသို့စီးဝင်သွားတော့၏။
ချွမ်!!!
ရွှေနှင့်သံမဏိတို့၏ထိခတ်သံက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။
လူအိုကြီးတစ်ယောက် ကောင်းကင်ထက်မှပြုတ်ကျသွားပြီး မြေပြင်ထက်မှ ဒုန်းခနဲအသံထွက်လာသည်။ သူ၏ ဆံပင်များ ဖရိုဖရဲဖြစ်လို့နေပြီး ပါးစပ်ထောင့်များမှ သွေးများ စီးကျနေကာ ခွင်းတောင်ဓားကို ခက်ခက်ခဲခဲ ဆုပ်ကိုင်လျက် မရဲတရဲ ထရပ်လိုက်ပြီး မျက်လုံးများတွင် ဆန့်ကျင်ခုခံလိုမှုများ အပြည့်ရှိနေသည်။
"ဟမ့် အမှိုက်တစ်စလောက်ကများ!" ကျန်းနန်ဘုရင်က ဘာမှမဖြစ်သလိုဟန်ဖြင့် တစ်ချက်နှိမ်လိုက်သော်ငြား အမှန်မှာတော့ သူအတော်လေးစိတ်ရှုပ်နေရပြီပင်။
သူ၏ကျင့်ကြံဆင့်နှင့် စွမ်းအားကုန်ကို ထုတ်သုံးနေသည့်အချိန်မှာတောင် ထိုတောသားကို တစ်ချက်တည်းဖြင့် အသေမသတ်နိုင်သေးပေ။ ရှက်ဖွယ်လိလိပင်။
"လာလေ ထပ်တိုက်လိုက်ဦး" ဖုန့်အိုးယန်က ထပ်ကြွေးကြော်သည်။
တစ်ဖက်လူ၏အင်အားမှာ အတော်လေးတော့မြင့်မားသည်သာ။ သူ၏အကောင်းဆုံး ရတနာဓားကိုသာ ထုတ်မသုံးမိလျှင် သူ့ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းကွဲပြတ်သွားမည်ကိုပင် စိုးရပေမည်။
"ဒီအဘိုးကြီးမှာ တစ်ခုခုတော့ရှိနေတယ်" အခြား ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ဦးက တိတ်တိတ်လေးပြောလာသည်။
ကျန်းနန်ဘုရင်မှာ ဒေါသထွက်ထွက်ဖြင့် နောက်သို့လှန်ကာ ရယ်မောပစ်လိုက်သည်။ သူ့ကိုရန်စရဲသေးတယ်ဟုတ်?
ထို့နောက် သူသည် မည်သည့် စွမ်းအားချန်လှပ်မှုကိုမှ မပြုတော့ဘဲ ဖုန့်အိုးယန်ကို သတ်ရန်အတွက် မှော်တန်ခိုး အမျိုးမျိုးကို အားကုန်အသုံးပြုတော့လေသည်။
ဖုန့်အိုးယန်သည်လည်း သူ၏ အခြေအနေကို ပြန်လည်ချိန်ညှိကာ လက်ထဲရှိ ခွင်းတောင်ဓားဖြင့် ဆက်လက် တိုက်ခိုက်သည်။
ဓား၏အလင်းရောင်မှာ ထွန်းလင်းတောက်ပသော နေမင်းတစ်စင်းကဲ့သို့ ကောင်းကင်ကိုရောင်ပြန်ဟပ်လျက်ရှိ၏။
တောင်ဖြိုဂိုဏ်း၏ ဘိုးဘေးအကြီးအကဲတစ်ဦးအနေဖြင့် သူ၏ဓားသိုင်းပညာကို ဆရာစားမချန်ဘဲ အားကုန်သုံးတိုက်ခိုက်လေသည်။ မှော်လက်နက်၏အကူအညီကလည်း ပါဝင်သေးသောကြောင့် သူသည် ကျန်းနန်ဘုရင်နှင့်ပင် လက်ရည်ညီသည်ဆိုရပေမည်။
ကျန်းနန်ဘုရင်မှာ ဒေါသပိုထွက်လာကာ စည်းမျဥ်းများကိုပင် ချိုးဖျက်တိုက်ခိုက်တော့သည်။ သူ့ရင်ဘတ်တွင်လည်း ဒဏ်ရာတစ်ခုရှိနေကာ သွေးများစီးကျလျက်ပင်။
ကျန်းနန်ဘုရင်သည် အနိုင်မရခြင်းကြောင့် စိတ်ရှုပ်လာကာ သူကိုယ်ပိုင်ပေးထားခဲ့သော လက်တစ်ဖက်သာသုံးမည့်ကတိကို သူကိုယ်တိုင်ချိုးဖျက်လျက် အဆင့်ကိုး မှော်လက်နက်တစ်ခုဖြစ်သည့် ဟွင်းယွမ်တူကို စတင်ဆင့်ခေါ်လိုက်တော့၏။
ဟွင်းယွမ်တူသည် ဥက္ကာပျံတစ်စင်းကဲ့သို့ လေပြင်းတစ်သုတ်ဖြင့် အဟုန်ပြင်းစွာဆိုက်ရောက်လာရာ ကျင့်ကြံသူအများမှာ မတ်မတ်ပင်မရပ်နိုင်တော့လောက်အောင် ယိမ်းယိုင်သွားခဲ့ရပြီး ကြောက်လန့်တုန်လှုပ်လျက်ရှိကြတော့သည်။
ဖုန့်အိုးယန်၏လက်ထဲမှ ခွင်းတောင်ဓားလည်း လွတ်ကျတော့မတတ်ပင်။
ခန္ဓာကိုယ်မှာလည်း တုန်ယင်သွားပြီး သွေးစီးကြောင်းများ ရုန်းရင်းဆန်ခတ်ဖြစ်လာတော့သည်။ သူလှောင်ပြုံးတစ်ချက်ပြုံးကာ တစ်ဖက်ကိုဆွလိုက်သည်။ "ခုနတုန်းကဘာပြောခဲ့လဲ မမှတ်မိတော့ဘူးလား မရှက်တတ်ဘူးထင်တယ်"
ကျန်းနန်ဘုရင်လည်း သူ့မျက်နှာကို အဖတ်ဆယ်လို့မရတော့ပြီမှန်းသိထားသဖြင့် ရက်စက်ကြမ်းကြုတ်သောမျက်လုံးများဖြင့် ထွင်းဖောက်တော့မတတ်စိုက်ကြည့်ကာ ဟစ်ကြွေးသည်။ "အဘိုးကြီး ကိုယ်တော်မြတ်လက်ထဲမှာ သေပေရော့"
ထိုစကားအဆုံးတွင် ဟွင်ယွမ်တူ၏အရှိန်အဟုန်မှာ မုန်တိုင်းကြီးတစ်ခုကဲ့သို့ ပြင်းထန်လာတော့၏။
ဆက်တိုက် ခုခံပြီးနောက် ဖုန့်အိုးယန်သည် နောက်ဆုံးတွင်တော့ မခံနိုင်တော့ဘဲ ဟွင်ယွမ်တူဖြင့် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရကာ သွေးများအန်ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ ကောင်းကင်အမြင့်ထက်မှ ထိုးချခံလိုက်ရခြင်းဖြစ်သဖြင့် မြေမှုန့်များ ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွင့်ပျံသွားတော့သည်။
"မင်းတောင်းပန်မယ်ဆိုရင်တော့ ကိုယ်တော်မြတ်က ဖြစ်ပြီးသမျှကိုမေ့ပျောက်ပေးပြီး နိမ့်ကျတဲ့အသက်ကို ချမ်းသာပေးနိုင်တယ်"
ကျန်းနန်ဘုရင်သည် ဧရာမတူကြီးကိုကိုင်လျက် မောက်မာစွာရပ်နေသည်။
ဖုန့်အိုးယန်၏သိက္ခာကို အမှုန့်ကျေသွားအောင်နင်းချေပစ်ချင်ကာ ဟွမ်ကျိုးတစ်နယ်လုံးက ကျင့်ကြံသူများ၏ ကျောရိုးကို ရိုက်ချိုးပစ်ချင်လှ၏။
ဖုန့်အိုးယန်သည် သွေးများဖြင့်ရွှဲနစ်နေကာ မြေပြင်ထက် ဟောဟဲလိုက်လို့ လှဲလျောင်းနေပြီး အားနည်းပျော့ညံ့နေသောပုံစံမှာ အရင်ကလွတ်လပ်ပေါ့ပါးပြီး ရည်မှန်းကြီးသည့် နတ်ဘုရားသွင်ပြင်ဖြင့် လားလားမျှမဆိုင်တော့သည့်နှယ်။
သို့သော် ဟွမ်ကျိုးနယ်ခံ ကျင့်ကြံသူများ၏အမြင်တွင် ဖုန့်အိုးယန်မှာ နံပါတ်၁နတ်ဘုရားဟူသောအမည်ဖြင့် အထိုက်တန်ဆုံးပါပေ။
"ဆရာကြီး...တော်လောက်ပါပြီခင်ဗျာ"
လူတိုင်း၏မျက်လုံးများမှာ နီရဲလျက်ရှိပြီး ရင်ထဲတွင် ဆို့နင့်လျက်ရှိကြသည်။
"ဘိုးဘေးအကြီးအကဲ!!"
တောင်ဖြိုဂိုဏ်းမှ ဂိုဏ်းသားများမှာတော့ သူတို့ဘိုးဘေး၏အဖြစ်ကိုကြည့်ကာ ဝမ်းနည်းပက်လက် ငိုကြွေးနေကြလေပြီ။
းကကောင်တွေရှေ့မှာ အရှက်ခွဲခံရတော့မယ်ထင်တယ်"