← Chapters

အခန်း (၂၃)

Vol. 2 Ch. 23

အခန်း (၂၃)

Vol. 2 Ch. 23

ဖုန့်အိုးယန်သည် ဓားကိုအားပြုကာ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူ၏ပုံရိပ်မှာ အနည်းငယ် ယိမ်းယိုင်နေသော်လည်း သူသည် အံကိုဖိကြိတ်အားတင်းကာ ဟန်ချက်ကို တည်ငြိမ်အောင်ထိန်းလိုက်ပြီး သွေးများပေကျံနေသည့် သူ၏ အိုစာသော မျက်နှာကို ပင့်မော့လိုက်၏။ သူ၏ အကြည့်မှာ နက်ရှိုင်းပြီး ထူးခြားစွာ တည်ငြိမ်နေသည်။

သူ၏အကြည့်မှာ ကျန်းနန်ဘုရင်တစ်ဦးတည်းသို့သာမဟုတ်ဘဲ သူတစ်ပါး၏နယ်မြေတွင် စည်းမဲ့ကမ်းမဲ့ ရမ်းကားနေကြသည့် ထိုနယ်ခြားကျင့်ကြံသူအားလုံးသို့ ဦးတည်နေသည်။

"ဂုဏ်သိက္ခာကို အသက်နဲ့လဲပြီးကာကွယ်ဖို့အတွက် ငါတို့မှာနောင်တမရှိဘူး ဒီအဘိုးကြီးကမင်းတို့ကို တစ်ခွန်းပဲပြောလိုက်မယ် ငါတို့ဟွမ်ကျိုးနယ်က ကျင့်ကြံသူတွေဟာ သူများလက်အောက်မှာ လက်နက်ချဖိနှိပ်ခံမယ့်လူစားမျိုးတွေမဟုတ်ဘူးကွ!!"

သူ၏ ခိုင်မာတည်ကြည်သော အသံသည် အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်ကာ လူတိုင်း၏ နှလုံးအိမ်ထဲသို့ နက်ရှိုင်းစွာ စိမ့်ဝင်သွားပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထသွားစေသည်။

"ငါတို့ဟွမ်ကျိုးနယ်က ကျင့်ကြံသူတွေဟာ လက်နက်ချဖိနှိပ်ခံမယ့်လူစားမျိုးတွေ မဟုတ်ဘူးဟေ့!!!!!"

ထိုကြွေးကြော်သံမှာ ပင်လယ်ကို ဆူနာမီလှိုင်းလုံးကြီးတစ်ခုပုတ်လိုက်သကဲ့သို့ ဟွမ်ကျိုးနယ်တစ်ပြင်လုံးအထိ ပျံ့နှံ့သက်ရောက်သွားလေသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ထိုနေရာသို့ရောက်ရှိနေသော ဟွမ်ကျိုးကျင့်ကြံသူအားလုံးမှာ ၎င်းတို့၏ဘုံရန်သူကိုတော်လှန်ရန် ဖုန့်အိုးယန်ရှေ့၌ မားမားမတ်မတ်ရပ်တည်လာကြတော့၏။

မီးထဲသို့ အုပ်လိုက်တိုးဝင်လာသော ပိုးဖလံများကဲ့သို့ အတူတကွ လောင်ကျွမ်းသေဆုံးရန် အသင့်ဖြစ်နေကြသည့်နှယ်။

"ဒါ ဒါက...."

နယ်ခြားကျင့်ကြံသူများအားလုံးလည်း လှုပ်လှုပ်လှုပ်လှုပ်ဖြစ်သွားရပြီး မျက်နှာအမူအရာများ စတင်ပျက်ယွင်းလာကြတော့၏။

အကြောင်းရင်းမယ်မယ်ရရမရှိသော်ငြား ထိုအားနည်းလှပါသည်ဆိုသော ဟွမ်ကျိုးကျင့်ကြံသူအားလုံးက ဤသို့တစ်စုတစ်စည်းတည်းပေါင်းရပ်ကာ တိုက်ခိုက်ရန်အသင့်ဖြစ်နေချိန်တွင် ကြောက်စိတ်တစ်ခုက သူတို့မသိစိတ်ကို ရိုက်ခတ်စိမ့်ဝင်လာသည်ဟု ခံစားနေရပေသည်။

အဓိကအချက်မှာ…

အခြေအနေက ဤအဆင့်အထိ ရောက်ရှိသွားပါက အားနည်းသူများကို စုပေါင်းအနိုင်ကျင့်ခြင်းဟု အမည်ထွက်သွားမည်ဖြစ်ပြီး ၎င်းသတင်း ပျံ့နှံ့သွားပါက သူတို့အတွက် ဂုဏ်သိက္ခာလွန်စွာကျဆင်းစေမည်ဖြစ်ပြီး သက်ဆိုင်ရာ အင်အားစုများ၏ ဂုဏ်သတင်းကိုလည်း ထိခိုက်စေမည်ဖြစ်သည်။

ကျန်းနန်ဘုရင်လည်း မျက်နှာပျက်သွားပြီးမှ မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။ "ပုရွက်ဆိတ်အုပ်လေးက ဆင်ကိုသတ်ဖို့ကြိုးစားနေတယ်ပေါ့လေ အိပ်မက်ကထကြစမ်းပါ ပုရွက်ဆိတ်က ပုရွက်ဆိတ်ပဲကို"

ထိုသို့ပြောပြီးနောက် သူသည် သူ၏ ခွန်အားကို စုစည်းကာ ဟွမ်ယွင်တူကို ရိုက်ချရန် ပြင်လိုက်သည်။

"ဘိုးဘေးကို ကာကွယ်ကြ!!”

တောင်ဖြိုဂိုဏ်းချုပ်က အော်ဟစ်အမိန့်ပေးလိုက်သည်။

"ဟွမ်ကျိုးပြည်နယ်ရဲ့ ကျင့်ကြံသူအပေါင်းတို့ တိုက်ပွဲအတွက်ပြင်ဆင်ကြ!!” ဂိုဏ်းပေါင်းစုံမှကျင့်ကြံသူများ၊ မိသားစုအလိုက်ကျင့်ကြံသူများနှင့် အလွတ်တမ်းကျင့်ကြံသူများအားလုံးသည် လမ်းစဥ်မှန်သို့ဦးတည်သော ဒေါသအမျက်များဖြင့် ကောင်းကင်ယံထက်သို့ ဦးတည်ဟစ်ကြွေးလိုက်ကြသည်။

ထိုအချိန်မှာပင်....

ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းပြီး အားကောင်းသော အရိပ်အယောင်များစွာသည် တဟုန်ထိုး ပေါ်ပေါက်လာခြင်းပင်။

“ဒါ…ဒါက ဘာလဲ?!” လူအများသည် ဦးခေါင်းပေါက်ထွက်တော့မတတ် တင်းမာ‌သောအရှိန်အဝါကြောင့် တွန့်ဆုတ်သွားရပြီး သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့ရိုသေမှုများ ပြည့်နှက်လို့သွားသည်။

“‌အော်မိထော်ဖော~”

ရွှေကြာပွင့်များကို နင်းကာ ဗုဒ္ဓဘာသာကျမ်းဂန်များကို ရွတ်ဆိုလျက်ရှိသော သင်္ကန်းဝတ် ရဟန်းတော်အုပ်စုတစ်စုသည် ကောင်းကင်ယံမှ လျှောက်လှမ်းလာကြလေသည်။

"ဒါ ဗုဒ္ဓပြည်နယ်က လေပေါ်ဘုရားကျောင်းပဲ"

တစ်ယောက်က ရေရွတ်လိုက်သည်။

"ဟဲဟဲ ဒီနေ့အတော်လေးအသက်ဝင်နေတာပဲ" ခရမ်းရင့်ရောင်ဆံနွယ်များကို ကျောထက်ဖြန့်ချထားသော လူယုတ်မာဆန်ဆန်မျက်နာထားဖြင့်လူတစ်ဦးက အဖြူရောင်ယပ်တောင်ကို လက်ထဲကိုင်တာတဖျပ်ဖျပ်ခတ်ရင်း အလွန်ကြည်နူးသာယာနေသောအသံဖြင့် ပြောလိုက်လေသည်။

ထိုသူသည် အပြာနှင့်ရွှေ‌ရောင်နှောသော ရထားလုံးတစ်ခုပေါ်တွင်ထိုင်လျက်ရှိပြီး ထိုရထားကို ကြောက်မက်ဖွယ်သွင်ပြင်အရှိန်အဝါဖြင့် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ရှိ နဂါးကြီးကိုးကောင်က ဆွဲလာခြင်းဖြစ်၏။

ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ရှိ နဂါးများကို မြင်းအဖြစ်အသုံးပြုနေသည်ကို ကြည့်ခြင်းဖြင့် သူ၏မိသားစု၏ တန်ခိုးအင်အားကို သိနိုင်ပေသည်။

သူ့‌‌ဘေးပတ်လည်တွင်မူ သူ့အားကာကွယ်ရန် မိသားစုမှစေလွှတ်ပေးထားသော အားကောင်းသည့်ကျွမ်းကျင်ကျင့်ကြံသူများရှိပြီး လျှပ်စီးလက်သကဲ့သို့လျင်သောမျက်လုံးများဖြင့် ပြင်းထန်သောအရှိန်အဝါတို့ကို လွှတ်ထုတ်နေကြသည်။

ထိုအစောင့်တပ်တွင် အစောင့်ခေါင်းဆောင်သုံးဦးရှိပြီး ထိုသုံးဦးထဲမှ အားအကောင်းဆုံးတစ်ဦးမှာ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူများကို ခွေးတစ်ကောင်ကဲ့သို့ အသာလေးရှင်းထုတ်နိုင်သည်အထိ စွမ်းအားကြီးလှသည်ဟူ၏။

"ဒါ...ဒါက ဝိဉာဥ်ပြည်နယ်ရဲ့ ကျင့်ကြံရေးနံပါတ်တစ်လို့ နာမည်ကြီးတဲ့ ရွှယ်မိသားစုရဲ့သခင်လေး ရွှယ်ထျန်းယီပဲဟ"

တစ်ယောက်က အလန့်တကြားဆိုလိုက်သည်။

ထိုအချိန်တွင် နောက်ဆုံးရောက်လာသောအဖွဲ့သည် ရှေ့က ထိုအဖွဲ့နှစ်ဖွဲ့ကိုပင် ဖိနှိပ်ထားနိုင်သော ကြောက်မက်ဖွယ် အငွေ့အသက်ကို မဖုံးကွယ်ဘဲ ဝုန်းခနဲရောက်လာပြီး ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော အံ့အားတသင့် အကြည့်များအား ဆွဲဆောင်နိုင်လိုက်သည်။

လေပေါ်ဘုရားကျောင်းအဖွဲ့ကို ဦးဆောင်လာသော ဆရာတော် ကျင်းချန်သည်၏မျက်လုံးများတွင် ကြောက်ရွံ့မှုအနည်းငယ်ဖြတ်သန်းသွားပြီးနောက် လက်အုပ်အသာချီကာ ဗုဒ္ဓဘာသာကျမ်းဂန်များကို တိတ်တဆိတ် ရွတ်ဆိုနေလိုက်သည်။

ရွှယ်မိသားစု၏ သခင်လေး ရွှယ်ထျန်းယီသည် စိတ်မချမ်းမသာဖြစ်သွားပုံရသော်လည်း သူသည် အတင်းအကြပ်သည်းခံကာ မျက်နှာကိုဇွတ်ပြန်ထိန်းသိမ်းလိုက်သည်။

"ဘုရားရေ!! ကောင်းကင်ပြာပြည်နယ်ရဲ့ ယွီဟွားဂိုဏ်းကတောင် လူတွေလွှတ်လိုက်တာပဲ"

လူတိုင်းမှာ တသောသောအာမေဋိတ်ပြုနေရလေပြီ။

ယွီဟွားဂိုဏ်းမှာ အရှေ့ပိုင်းစီရင်စု၏ ထိပ်တန်းအင်အားစုများထဲမှတစ်ခုဖြစ်လေသည်။ နှစ်သန်း‌ပေါင်းများစွာအကြာ ၎င်း၏နေရာကို မယိမ်းယိုင်အောင်ထိန်းသိမ်းနိုင်ခဲ့ပြီး အမှန်တကယ်လည်း ထိပ်တန်းနေရာနှင့်ထိုက်တန်သော သူတော်စင်ကျင့်ကြံရေးနယ်မြေတစ်ခုဖြစ်လေသည်။

ရွှေရောင်အဆင်းရှိသော စစ်သင်္ဘောပျံပေါ်တွင် ယွီဟွားဂိုဏ်းမှ ကျင့်ကြံသူအုပ်စုတစ်စု ရပ်လို့နေကြပြီး ၎င်းတို့ဆီမှထုတ်လွှတ်နေသော ထူထဲသိပ်သည်းကာ အလွန်အားကောင်းသည့် အငွေ့အသက်များစွာမှာ အတွင်းဂိုဏ်းအကြီးအကဲကိုးဦးဆီမှဖြစ်လေသည်။

"မြင့်မြတ်သောကျင့်ကြံသူ ကျွန်တော်တို့ရောက်ပါပြီ"

အကြီးအကဲယန်သည် ထိုလူငယ်ကိုလျစ်လျူရှုဖို့မရဲစွာ လက်သီးဆုပ်အရိုအသေပြုလျက် အလေးအနက်တင်လျှောက်လိုက်သည်။

ထိုလူငယ်၏ ပါးစပ်နှင့်နှာခေါင်းကြားရှိ ဝင်သက်ထွက်သက်မှာ ကြွယ်ဝသိပ်သည်းသော စွမ်းအင်အငွေ့အသက်တို့ ပြည့်နှက်လျက်ရှိ၏။ သူ၏တစ်ကိုယ်လုံးမှာ လျှို့ဝှက်ဆန်းကြယ်သော ဝိုးတဝါးအရိပ်အငွေ့များဖြင့် ဖုံးလွှမ်းလို့နေက ချွေးပေါက်များမှပင် တောက်ပသော နေမင်း၏အဆီအနှစ်စွမ်းအင်များ ထွက်ပေါ်နေသည်။

ယွီဟွားဂိုဏ်း၏အသန်မာဆုံး တပည့်ဂိုဏ်းသားဖြစ်သော ကျင့်ကြံသူတစ်ဦးပင်။

အဆင့်အတန်းမှာ လွန်စွာရိုသေလေးစားရမည့်အနေအထားတစ်ခုဖြစ်ပြီး အတွင်းဂိုဏ်းအကြီးအကဲများကပင် ဘေးမှခြံရံလိုက်ပါရသည့် ပုဂ္ဂိုလ်မျိုးဖြစ်လေသည်။

"ဟွမ်ကျိုးပြည်နယ်‌ပေါ့လေ..." ချန်ရှောင်းသည် မမြင်မတွေ့ရတာကြာလွန်လေပြီဖြစ်သော သူ၏မွေးရပ်မြေကိုကြည့်ရင်း တိုးတိုးရေရွတ်သည်။

ဇာတိချက်မြှုပ် ကြီးပြင်းနေထိုင်ခဲ့ရာ မွေးရပ်မြေဖြစ်သော်ငြား ယခုတော့ စကားထဲတောင်ထည့်ပြောချင်စရာမရှိတော့လေပြီ။

ယွီဟွားဂိုဏ်းကို စတင်ဝင်ရောက်ချိန်မှစပြီး သူ၏အတွေးအမြင်များစွာ ပြောင်းလဲသွားခဲ့ရခြင်းဖြစ်၏။

ဂိုဏ်းမှ အခြားသော ရောင်းရင်းတပည့်သားများသည် အင်အားကြီးမားသော ကျင့်ကြံရေးမျိုးဆက်မိသားစုများ သို့မဟုတ် မသေမျိုးမင်းဆက်များမှ ဆင်းသက်လာကြသူများဖြစ်သည်။ ၎င်းတို့နေထိုင်သော ပြည်နယ်များတွင် သယံဇာတများ လွန်စွာပေါများပြီး ဝိညာဉ်စွမ်းအင် အလွန်ကြွယ်ဝသည်။

သူကတော့ လူသူခေါင်းပါးသော ခြောက်ကပ်ကပ်ရွာငယ်လေးတစ်ခုမှ တောသားကျင့်ကြံသူလေးတစ်ဦး ဖြစ်သည်လေ။

ကံကောင်းစွာဖြင့် သူသည် နေမင်းမသေမျိုးခန္ဓာကို နိုးထစေခဲ့ပြီး ထိုအချိန်မှစ၍ သူ၏ကံကြမ္မာသည် ကောင်းကင်၏အလိုတော်ကို ပြောင်းလဲတော်လှန်ကာ ယွီဟွားဂိုဏ်း၏ အတောက်ပဆုံးသော ပါရမီရှင်တစ်ဦးအဖြစ် တစ်ဆင့်ချင်း တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်လေသည်။

သို့ပေမယ့်...

ထိုနိမ့်ကျသော ဘဝနောက်ခံဇာတ်လမ်းကား ချန်ရှောင်းကို လွန်စွာအရှက်ရစေဆဲပင်။

ယခုလို အချိန်အကြာကြီးကွဲကွာခဲ့ရသော မွေးရပ်မြေသို့ ပြန်ရောက်သောအခါတွင်လည်း စိတ်လှုပ်ရှားခြင်း၊ လွမ်းဆွတ်တမ်းတခြင်းတို့ကို တစ်ခုမှမခံစားရဘဲ စိတ်မသက်မသာဖြစ်ကာ ရွံရှာစက်ဆုပ်သည့်ခံစားချက်ကိုသာ ခံစားနေရလေသည်။

"ဘုရားရေ အဲ့ဒါ ယွီဟွားဂိုဏ်းရဲ့ တပည့်သားကျင့်ကြံသူချန်ရှောင်းပဲ ငါသူ့အကြောင်းကြားဖူးတဲ့ သူ့မှာနေမင်းမသေမျိုးခန္ဓာရှိပြီး တပည့်သားတွေကြားထဲမှာ ပြိုင်ဘက်ကင်းစွမ်းအားရှင်ပဲတဲ့"

ကျင့်ကြံသူအများမှာ အံ့သြဘနန်းဖြစ်သွားရတော့၏။

ယွီဟွားဂိုဏ်းသည် အရှေ့ပိုင်းဒေသ၏ ထိပ်တန်းအင်အားစုဖြစ်သည်။ ၎င်း၏ မည်သည့်လှုပ်ရှားမှုမဆို ပြင်ပ‌လောတစ်ခုလုံး၏ စိတ်ဝင်စားစရာ သတင်းအချက်အလက်ပင်။

ဂိုဏ်းတွင် ချန်ရှောင်းဟူ‌သောတပည့်သားတစ်ဦးရှိပြီး ဂိုဏ်း၏စွမ်းအားကြီးတပည့်သားများအားလုံးကို လွှမ်မိုးအနိုင်ယူကာ လက်ရှိအချိန်၌ ယွီဟွား၏ အထူးတလည်ဦးစားပေးခံ သားတော်တစ်ဦးအဖြစ် ရပ်တည်လျက်ရှိကြောင်း သူတို့သိထားပေသည်။

ဤသူသည် အနာဂတ်တွင် အရှေ့ပိုင်းစီရင်စု၏ အတောက်ပဆုံးသော ထွန်းသစ်စကြယ်ပွင့်တစ်ပွင်း ဖြစ်လာလိမ့်မည်မလွဲပေ!

ဤသူသည် နောက်လာမည့် နှစ်ပေါင်း ၁၀၀,၀၀၀ အတွင်း ထင်ရှားစွာကျန်ရစ်မည့် ဒဏ္ဍာရီအသစ်တစ်ခုကို ရေးထိုးလိမ့်မည်!

ဤကျင့်ကြံသူလေးသည် မသေမျိုးတစ်ပါး ဖြစ်လာနိုင်သော အလားအလာရှိနေသည်မဟုတ်လော။

ရုတ်တရတ်ဆိုသလိုပင် ဟွမ်ကျိုးမှကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် အံ့အားသင့်စွာတုံ့ပြန်လာကြသည်။ "ချန်ရှောင်းဟုတ်လား? အဲ့ဒါဖုန့်လဲ့ဂိုဏ်းရဲ့သခင်ငယ်လေးမဟုတ်လား ဒါဆိုရင်ဟွမ်ကျိုးကလူ ကိုယ့်လူပဲ‌ပေါ့"

ထိုစကားကိုကြားလိုက်သည်နှင့် လူအုပ်ကြီးတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားရလေသည်။

"ဘာရယ်? ယွီဟွားရဲ့ ဦးစားပေးခံသားတော်လေးက ဒီလောက်ခေါင်ခိုက်နေတဲ့ဟွမ်ကျိုးလိုတောက တက်လာတာတဲ့လား"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒီလိုမွဲတေစုတ်ပြတ်နေတဲ့နေရာက ထိပ်တန်းပါရမီရှင်တစ်ဦးကို ဘယ်လိုမွေးထုတ်ပေးနိုင်မှာလဲ"

"ငါတို့တော့ဒုက္ခပဲဟေ့ ဟွမ်ကျို

All Chapters