← Chapters

အခန်း (၂၈)

Vol. 2 Ch. 28

အခန်း (၂၈)

Vol. 2 Ch. 28

အကြီးအကဲယန်မှာ ခေါင်းတစ်ခုလုံးပေါက်ကွဲတော့မတတ် စိတ်ဖိစီးသွားရကာ သွေးရူးသွေးတန်းနှင့်အော်ဟစ်လိုက်သည်။ "မင်းတို့ အရမ်းအစွန်းရောက်လွန်းနေပြီ! ယွီဟွားဂိုဏ်းရဲ့ တန်ပြန်လက်စားချေမှုကို မကြောက်တတ်ကြဘူးလား?!"

ရုတ်တရက် သူ တစ်စုံတစ်ခုကို အတွေးပေါက်သွားပုံရသည်။ "ခဏလေး ငါ အခု နားလည်လိုက်ပြီ! အပြင်ဂိုဏ်းက အကြီးအကဲမူကို သတ်ခဲ့တာမင်းပဲ!"

"ဟုတ်တယ်လေ တစ်ဂိုဏ်းလုံးကိုလည်း ရန်စစော်ကားပြီးနေပြီဆိုမှတော့ တစ်လက်စတည်း နောက်ထပ် နှစ်ယောက် သုံးယောက်လောက် အပျော်သတ်လိုက်တော့ရော ဘာဖြစ်မှာမလို့လဲ?" ယဲ့ကျွင်းလင်က အူလှိုက်သည်းလှိုက်ရယ်လျက် ပြန်ဖြေလာသည်။

ထို့နောက် ဘုန်းခနဲအသံကြီးတစ်ခုဖြင့်...

အက်ကွဲနေသော ရွေ့လျားမျောလွင့်စေတီသည် ပြိုကွဲလုနီးပါး ဖြစ်သွားရ၏။

အကြီးအကဲယန်မှာ အရှိန်အဝါ အားနည်းသွားရပြီး ရွှေရောင်စစ်သင်္ဘောကြီးထံ လှည့်အော်ကာ အမိန့်ပေးလိုက်သည်။ "မြန်မြန် ကျင့်ကြံသူချန်ကို ခေါ်ပြေးကြတော့! မြန်မြန်သွား!!!"

"အကြီးအကဲယန်!" စစ်သင်္ဘောကြီးပေါ်မှ ချန်ရှောင်း၏ မျက်နှာမှာ သွေးဆုတ်ဖြူဖျော့လို့နေပြီး စိုးရိမ်တကြီးဖြင့် လှမ်းခေါ်လာသည်။ သူ၏ နှလုံးသားထဲတွင် မုန်တိုင်းများ တိုက်ခတ်နေသကဲ့သို့ပင်။

ဖခင်ဖြစ်သူကို သတ်ခဲ့သော လူသတ်သမားသည် ဤမျှ အင်အားကြီးနေလိမ့်မည်ဟု သူ မထင်မိခဲ့ပါ။

ထိုသို့ အံ့မခန်း အင်အားကြီးသော ကျင့်ကြံသူက ဤမျှ သေးငယ်၍ ခြောက်ကပ်ခေါင်ခိုက်သော ဟွမ်ကျိုးပြည်နယ်တွင် မည်သို့ မွေးဖွားလာနိုင်ခဲ့သနည်း?!

တရားမျှတမှုကိုမရှိဘူး!!!

"မြန်မြန် မြန်မြန် ကျင့်ကြံသူချန်ကို ခေါ်သွားကြတော့!"

ယွီဟွားဂိုဏ်းမှစေလွှတ်လိုက်သည့်အထဲ ကျန်ရှိနေသေးသော ကျင့်ကြံသူများသည်လည်း အရေးပေါ်အခြေအနေတွင် ထိတ်လန့်တကြားဖြစ်ကာ စစ်သင်္ဘောပျံ၏အရှိန်နှုန်းကို အပြည့်အဝ အသက်သွင်းရန် ပြင်ဆင်နေကြသည်။

"ထွက်ပြေးချင်တယ်ပေါ့? မရဘူးနော် မင်းတို့အားလုံး သေရမယ်!"

ဟုန်ချန်ယဲ့က တစ်ချက်ကြုံးဝါးကာ ချက်ချင်းပြေးဝင်လာသည်။ သူ၏လက်ဝါးမှာ ကြောက်မက်ဖွယ် ဒေါသမီးလျှံများဖြင့် ရစ်ပတ်ခြုံလွှမ်းလာကာ ဖီးနစ်ငှက်တစ်ကောင်၏သဏ္ဍာန်သို့ ပြောင်းလဲသွားပြီး ပျံသန်းနေသော သင်္ဘောကြီးအား တရစပ်တိုက်ခိုက်လာလေတော့၏။

"ဒီ ဆရာတပည့်က တကယ် စိတ်မူမမှန်ကြဘူးပဲ…" ဤမြင်ကွင်းကို မျက်မြင်ပွဲကြည့်နေရသော ကျင့်ကြံသူများစွာတို့သည်လည်း ချွေးအေးများစီးကျကာ ရင်တုန်ပန်းတုန်ဖြစ်လျက်ရှိကြလေသည်။

ယွီဟွားဂိုဏ်း၏ အကြီးအကဲများကို သတ်ပြီးရုံနှင့်မတော်နိုင်သေးဘဲ ယခု ယွီဟွားဂိုဏ်း၏ ဦးစားပေးခံသားတော်ကိုပါ ချေမှုန်းတော့မည်တဲ့လေ!

အရှေ့ပိုင်းစီရင်စု၏ ကောင်းကင်ယံသည်ပင် ပြိုကွဲထွက်တော့မည်လားဟု သူတို့စိုးရိမ်လာမိကြသည်!

"အော်မိထော်ဖော~"

မန္တန် ရွတ်ဖတ်သံတစ်ခု ပဲ့တင်ထပ်လာသည်။

ဟုန်ချန်ယဲ့၏ မီးလျှံဖီးနစ်ငှက်မှာ ပုတီးတစ်ကုံးကိုင်ဆောင်ထားသော သင်္ကန်းရုံ ရဟန်းအိုတစ်ပါး၏ အလင်းလက်ဝါးဖြင့် လုံးဝ ပိတ်ဆို့ခံလိုက်ရလေသည်။

ထိုရဟန်းအိုမှာ‌လေ‌ပေါ်ဘုရားကျောင်း၏ဆရာသခင် ဆရာတော်ကျင်းချန်ပင်!

တစ်ဖက်လူ၏ တုံ့ဆိုင်းသွားသော အခွင့်အရေးကို အသုံးချကာ စစ်သင်္ဘောပျံကြီးသည် အောင်မြင်စွာ ထွက်ခွာသွားနိုင်ပြီး မျက်စိတစ်မှိတ်အတွင်း လေထုကိုထွင်းဖောက်ကာ ထိတ်လန့်တကြား ထွက်ပြေးသွားလေသည်။

သားကောင် လွတ်မြောက်သွားသည်ကို မြင်သောအခါ ဟုန်ချန်ယဲ့စိတ်ပေါက်ပေါက်ဖြင့် ဝင်ပါလာသူအား အေးစက်စက်ခြိမ်းခြောက်လိုက်သည်။ "ကတုံးအိုကြီး ခင်ဗျားဝင်ပါတာ နည်းနည်းများနေပြီ မထင်ဘူးလား?"

ဆရာတော်ကျင်းချန် က လက်အုပ်အသာချီကာ မျက်နှာတော်တွင် သနားကရုဏာသက်ဟန်များဖြင့် ပြည့်နှက်နေပြီး တရားရေအေးတိုက်ကျွေးလာသည်။ "ဒကာမလေးရယ် လက်စားချေခြင်း စက်ဝန်းကြီးက ဘယ်တော့များမှ အဆုံးသတ်မှာလဲ? ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ?"

"ဒကာမလေး???"

ဟုန်ချန်ယဲ့၏ မျက်လုံးများတွင် အေးစက်စက် အရောင်အဝါတစ်ခု လင်းလက်သွားပြီး လှောင်ပြောင်သံဆိုသည်၊ "ကတုံးအိုကြီး မင်းရဲ့ ဗုဒ္ဓဘာသာဗန်းပြ လှည့်ကွက်တွေကို ငါ မမြင်နိုင်ဘူးလို့ မထင်နဲ့ ယွီဟွားဂိုဏ်းကိုမျက်နှာလုပ်ချင်လို့ ဒီလိုဝင်ပါတာမှန်း အရမ်းသိသာမနေမဘူးလား ဟန်ဆောင်ကောင်းချက်ကတော့ စက်ဆုပ်စရာပဲ!"

နတ်ဆိုးကျင့်ကြံသူတစ်ဦးအနေဖြင့် သူအမုန်းဆုံးအရာမှာ ဤကဲ့သို့သော ဘုန်းကြီးကျင့်ကြံသူများဖြစ်၏။ သူတို့ကိုယ်ရေးကိုယ်တာအကျိုးအတွက်သာ သေချာပေါက် ဦးတည်လုပ်ဆောင်နေကြသော်ငြား အမြဲတမ်း အကြောင်းပြချက်အမျိုးမျိုးပေးလျက် ကိုယ်ကျင့်တရားမြင့်မားသော၊ တရားမျှတမှုကိုသာအလိုရှိသော ပုဂ္ဂိုလ်မြတ်တစ်ဦးအဖြစ် လူအထင်ကြီးခံရစေရန် အတင်းအကြပ်ကြိုးစားလေ့ရှိ‌လေသည်။။ အတွင်းပုပ်ကျီးအာသီးများပါပေ။

"ဒကာမလေးက အမှန်တရားအပေါ် အစွန်းရောက်ဆန့်ကျင်မှုတွေအရမ်းများနေပြီး နတ်ဆိုးလမ်းကြောင်းပေါ်ဦးတည်သွားဖို့ များနေတယ် ဒီရဟန်းအိုကြီးက ဒကာမလေးကို အမျက်ဒေါသတွေ နည်းနည်းထိန်းချုပ်ဖို့ အကြံပြုချင်ပါတယ်"

ဆရာတော်ကျင်းချန်က မျက်နှာအမူအရာတစ်ခုမှမပါဘဲ အေးစက်စက်ပြောလာသော်ငြား သူ၏ အသံတွင် သတိပေးချက်တစ်ခု ပါဝင်နေသည်။

"ကတုံးအိုကြီး ငါကမင်းကိုကတုံးမလို့ သက်ညှာပေးမယ်ထင်နေတာလား? ဆုံးမပေးဖို့ လိုနေတာလား?!"

ဟုန်ချန်ယဲ့က ခပ်ရိုင်းရိုင်းပင် ဆက်လှောင်သည်။

"ခေါင်းမာလိုက်တာ"

ဆရာကျင်းချန်၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်တစ်ခု ဖျတ်ခနဲလင်းလက်သွားပြီးနောက် ပြောလာသည်။ "ဒါဆိုရင်လည်း ဒီရဟန်းအိုကြီးက မင်းကို လမ်းကြောင်းတည့်ပေးရတော့မှာပေါ့!"

ဘုန်း!

အားကောင်းသော ဖိနှိပ်မှုတစ်ခုက ချက်ချင်းဆိုသလို သူတို့ကို လွှမ်းခြုံသွားလေ၏။

ဟုန်ချန်ယဲ့၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ဒီ ကတုံးအိုကြီးက ခန္ဓာပေါင်းစည်းခြင်း အထွဋ်အထိပ်ကျင့်ကြံဆင့်မှာ ရှိနေတာကိုး!

"အား!"

စူးရှကျယ်လောင်သည့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ဝိညာဉ်လက်နက် ကွဲကြေသွားသည်နှင့် တပြိုင်နက် အကြီးအကဲယန်မှာ လက်ကြီးတစ်ခုဖြင့် ဆွဲယူခံလိုက်ရကာ လေထဲတွင် ပေါက်ကွဲထွက်သွားပြီး သူ၏ ဝိညာဉ်အမြစ်ပါ တစ်ပါတည်းပျက်စီးသွားသည်ကို တွေ့လိုက်ရလေသည်။

"မင်းကများ ငါ့တပည့်ကို အနိုင်ကျင့်ချင်တာလား?" ယဲ့ကျွင်းလင်သည် ဟုန်ချန်ယဲ့ရှေ့သို့ လျှပ်တစ်ပြက် ရောက်ရှိလာပြီး ဆရာတော်ကျင်းချန်ဆိုသူကို မနှစ်မြို့ဟန် အမူအရာဖြင့် ကြည့်လိုက်သည်။

ယဲ့ကျွင်းလင်ရောက်လာသည်ကို မြင်သော် ဆရာတော်ကျင်းချန်သည် အရှိန်အဝါကို ထိန်းချုပ်လိုက်ပြီး ကြင်နာသော အပြုံးတစ်ခုဖြင့် ကာပြောလိုက်သည်။ "ဒကာတော်ယဲ့ အထင်မလွဲလိုက်ပါနဲ့ ဒီဘုန်းကြီးက လူငယ်လေးကို နည်းနည်းပါးပါး လမ်းညွှန်ပေးချင်ရုံသက်သက်ပါ"

"လမ်းညွှန်ပေးမယ်? မင်းက လမ်းညွှန်ပေးဖို့တန်လို့လား?"

ယဲ့ကျွင်းလင်က မထီမဲ့မြင်အကြည့်ဖြင့် အထက်စီးမှဆိုသည်။ စစ်မှန်သောမသေမျိုးတစ်ဦးက ၎င်း၏ပလ္လင်ထက်သို့ ပြန်လည်တွားတက်နေသည့်လမ်းတွင် ဘယ်ကတုံး၏အကူအညီကိုမှ လိုအပ်မနေပါ။

ဟုန်ချန်ယဲ့က သူ့ဆရာသခင်ကို လက်သီးဆုပ်အရိုအသေပြုကာ ပြန်လည်တိုင်တန်းသည်။ "ဆရာသခင် ဒီတပည့်က ယွီဟွားရဲ့စစ်သင်္ဘောပျံကို တားဆီးချင်ခဲ့တာ ဒါပေမဲ့ ဒီကတုံးအိုကြီး ဝင်ပါလာလို့ မတားနိုင်လိုက်ဘဲ ပြေးလို့လွတ်သွားခဲ့ပါတယ်"

"အော်မိထော်ဖော ကောင်းပြီ ကောင်းပြီ ဒီရဟန်းအိုကြီးက လူအကုန်ရှင်းမယ့်ကိစ္စကိုတော့ အရမ်းလွန်သွားပြီလို့ ခံစားရလို့ အခြေအနေအရမ်းဆိုးရွားမသွားအောင် ကူညီချင်ခဲ့တာပါ ဒကာမလေးက ဒီလိုအပြစ်တင်ချင်တယ်ဆိုရင်လည်း ဒီရဟန်းအိုကြီးမှာ ပြောစရာမရှိတော့ပါဘူး စိတ်ကြိုဆိုပါလေ အခုတော့ ခွင့်ပြုပါဦး"

ထိုသို့ပြောပြီးနောက် ဆရာတော်ကျင်းချန်လည်း လှည့်ထွက်သွားရန် ပြင်လိုက်သည်။

"အံမယ် အိုက်တင်လေးနည်းနည်းပါးပါးလုပ်ပြီး ထွက်ပြေးချင်တယ်ပေါ့လေ?"

"အခုချက်ချင်း အဲ့ဒီနေရာမှာ ရပ်လိုက်စမ်း!"

ယဲ့ကျွင်းလင်က ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။

ဆရာတော်ကျင်းချန်က မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး "ဒကာယဲ့ ဒါ ဘာအဓိပ္ပာယ်လဲ?" ဟု မေးလိုက်သည်။

"ဟဲဟဲ ပြောရရင် ခင်ဗျားလိုကတုံးကြီးက လှည့်ကွက်တွေတော့ တော်တော်များတာပဲ အခုတော့ ခင်ဗျားက လူကောင်း ကျွန်တော်က လူဆိုးပေါ့လေ ကြံစည်တွက်ချက်တဲ့နေရာမှာ အရမ်းတော်တာပဲ ခင်ဗျား ဘယ်တော့ သေမလဲဆိုတာကိုရော တွက်ချက်ကြည့်လိုက်ဦးလေ?"

ယဲ့ကျွင်းလင်က မဲ့ပြုံးဖြင့်လှောင်သည်။

ဆရာတော်ကျင်းခန်၏ မျက်နှာမှာ မည်းမှောင်သွားပြီး သူကတုံ့ပြန်လာသည်။ "ဒကာယဲ့ စကားတွေက လွန်လွန်းလာပြီ!"

သူသည် အရှေ့ပိုင်းစီရင်စုရှိ ထိပ်တန်း အင်အားစုဖြစ်သော လေပေါ်ဘုရားကျောင်း၏ ကိုယ်စားပြုတစ်ဦးပင်။ ထိုယဲ့ကျွင်းလင်သည် ယွီဟွားဂိုဏ်းကိုလည်း စော်ကားခဲ့ပြီးလေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် လေပေါ်ဘုရားကျောင်းကိုတော့ ထပ်မံ စော်ကားရဲမည်မဟုတ်လောက်ဟု သူ ထင်ခဲ့၏။

ဘုန်း!

ကြောက်မက်ဖွယ် လက်သီးချက်တစ်ချက် လွင့်စင်ခုန်ထွက်လာလေသည်။

"မင်း!"

ဆရာတော်ကျင်းချန်လည်း အံ့အားသင့်ရသလိုလည်း ဒေါသလည်းထွက်သွားရပြီး လက်သင်္ကေတဖြင့် ခုခံဖို့ပြင်ဆင်လိုက်လေသည်။

ထိုလက်သင်္ကေတမှတစ်ဆင့် သာယာကွဲပြားသော ဂါထာတော်ရွတ်ဆိုသံများ အပြည့်ညံနေသည့် ရွှေရောင်ခေါင်းလောင်းဒိုင်းတစ်ခု ပေါ်ထွက်လာသည်။

ဘန်းခနဲအသံတစ်ချက်ကြားလိုက်ရကာ....

ရွှေရောင်ခေါင်းလောင်းဒိုင်းသည် ကွဲကြေသွားလေသည်။ ဆရာတော်ကျင်းချန် ၏ ပုံရိပ်မှာလည်း ဆယ်ကျန်းကျော်လောက် အနောက်သို့ လွင့်စင်သွား၏။ သူ့ကိုယ်သူ တည်ငြိမ်အောင်ပြန်ထိန်းချုပ်လိုက်ပြီးနောက် ပါးစပ်ထောင့်မှ သွေးများ ယိုစီးထွက်လာကာ မခံချင်စွာအော်ဟစ်လိုက်သည်။ "နိုင့်ထက်စီးနင်းလုပ်တတ်တဲ့ လူယုတ်မာကောင်ပဲ! မင်း တကယ်ပဲ ငါတို့လေပေါ်ဘုရားကျောင်းကို အားနည်းလိမ့်မယ်လို့ ထင်နေတာလား?"

ဝှစ် ဝှစ် ဝှစ် ~

ရဟန်းအုပ်စုတစ်ခုက သူ့နောက်သို့ ရောက်လာကြပြီး တစ်ဦးစီသည် မတူညီသော မှော်ရတနာများကို ကိုင်ဆောင်ကာ ယဲ့ကျွင်းလင်ကို ဒေါသတကြီး စိုက်ကြည့်လျက်ရှိကြသည်။ သူတို့၏ အရှိန်အဝါမှာ နဂါးများကဲ့သို့ ကြီးမြတ်လှလေသည်။

ဝှစ်ဟူသော အသံနှင့်အတူ ရွှေရောင်သံကွင်းကိုးကွင်းပါ သံတောင်ဝှေးတံတစ်ခုသည် ဆရာတော်ကျင်းချန်၏ လက်ထဲတွင် ပေါ်လာသည်။ ရွှေရောင်လက်နေသော ထိုတောင်ဝှေးတံမှာ နေမင်းကဲ့သို့ တောက်ပသော အလင်းရောင်များဖြင့် ပေါက်ကွဲထွက်တော့မတတ် လင်းချင်းလျက်ရှိ၏။

တစ်ချိန်တည်းတွင် ရဟန်းအုပ်စုတစ်ခုသည် ကျမ်းစာများကို ရွတ်ဆိုနေကြပြီး သူတို့အားလုံးသည် သူတို့၏ မန္တန်စွမ်းအားကို ဆရာကျင်းချန်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးနေကြသည်။

ချက်ချင်းဆိုသလို ကြောက်မက်ဖွယ် စွမ်းအင်အရှိန်အဝါတစ်ခုက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်!

ဆရာတော်ကျင်းချန်၏ ကျင့်ကြံဆင့်သည် ခန္ဓာပေါင်းစည်းခြင်းကျင့်ကြံဆင့်၏ အထွဋ်အထိပ်သို့ မြင့်တက်သွားပြီး သူ၏ မျက်လုံးများထဲတွင် ရွှေရောင်အလင်းတန်းများ တောက်လောင်လာကာ ဒေါသအမျက်ကင်းရှင်းစွာဖြင့် အေးချမ်းတည်ကြည်လို့နေသည်။

ဘုန်း…

ကျန်းငါးရာခန့်မြင့်သော ဗုဒ္ဓကိုယ်ပွားပုံရိပ်တစ်ခုက ကောင်းကင်ယံ၌ ထင်ပေါ်လာပြီး တည်ကြည်လေးနက်ကာ မြင့်မြတ်ပြီး မထိပါးနိုင်သော အသွင်အပြင်ဖြင့် တည်ရှိလို့နေ၏။

"ဒါက လေပေါ်ဘုရားကျောင်းရဲ့ ဓမ္မပုံရိပ် နတ်ဘုရားစွမ်းအားပဲ!!"

လူတိုင်း အထင်တကြီးဖြင့် အံ့အားသင့်သွားရတော့သည်။

ရွှယ်ထျန်းယိက လှောင်ပြောင်ရယ်မောလိုက်ကာ "အဲ့ဒီ ယဲ့ဆိုတဲ့ကောင်ရဲ့ဦးနှောက်က ဝက်ဆီဖတ်နဲ့ လုပ်ထားတာလား? သူ တကယ်ပဲ လေပေါ်ဘုရားကျောင်းကို စော်ကားရဲတယ်ပေါ့? ကြာကြာအသက်မရှင်ချင်တော့ဘူးနဲ့တူပါတယ်"

သူသည် ယဲ့ကျွင်းလင်၏စွမ်းအားအဟုန်ကို မနာလိုစိတ်ဖြင့် ရန်ငြိုးထားနေခြင်းပြီး ထိုသူ အကြီးအကျယ် ကျရှုံးသွားဖို့ကို လွန်စွာတောင့်တမျှော်လင့်နေသည်ပင်။

"ဒကာယဲ့ ဒီရဟန်းအိုကြီးက မင်းကို အခွင့်အရေးပေးခဲ့ပါတယ်!"

ဆရာတော်ကျင်းခန် က အေးစက်စွာ ပြောလာသည်။

ဗုဒ္ဓလမ်းစဥ်၏ ပေါင်းစပ်တိုက်ခိုက်ရေးဖွဲ့စည်းမှုနှင့် တတိယတန်း ဝိညာဉ်လက်နက်၏ စုပေါင်းကောင်းချီးများကြောင့် သူ၏ အင်အားသည် ချဲ့ကားပြောဆိုရန်ပင် ခက်ခဲသော အတိုင်းအတာအထိ စုစည်းရောက်ရှိနေပြီဖြစ်သည်။

ဤအခြေအနေတွင် ယဲ့ကျွင်းလင်တစ်ယောက် သူ့ကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်လိမ့်ဦးမည်ဟု သူ မထင်ပါ!

"နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းသားပဲ"

ယဲ့ကျွင်းလင်တွေးရင်း မေးစေ့ကို ပွတ်သပ်လိုက်သည်။

ဟုန်ချန်ယဲ့ကတော့ ဘေးတွင်သာ တိတ်တဆိတ် ရပ်နေပြီး ဤငွေရောင်ဆံပင်နှင့်လူငယ်လေး၏ စွမ်းအားအကန့်အသတ်ကို ကြည့်ဖို့အတွက် အသင့်ဖြစ်နေလေပြီ။

"အခု ဒီရဟန်းအိုကြီးက မင်းကို အသိတရားရအောင် ကယ်တင်ပေးမယ်!"

ဝှစ်ဟူသော အသံနှင့်အတူ ဆရာတော်ကျင်းချန်သည် သူ၏ လက်ထဲရှိ သံကွင်းကိုးကွင်းပါ သံတောင်ဝှေးတံကို ဝှေ့ယမ်းလိုက်ရာ လှိုင်းထန်သော စွမ်းအင်ဂယက်သည် ကောင်းကင်နှင့် မြေကြီးကိုပင် ထိုးဖောက်တော့မည့်အလား တိုက်ခတ်ပျံ့နှံ့သွားလေသည်။

ယဲ့ကျွင်းလင်လည်း လက်ကိုမြှောက်ကာ ဆင့်ခေါ်လိုက်သည်။ "ခေါင်းတလား လာခဲ့တော့!!"

ဘုန်းခနဲ အသံကြီးတစ်သံနှင့်အတူ လေဟာနယ်ကြီး ပြိုကွဲလုနီးပါးပင်တုန်ခါသွားကာ ရှေးဟောင်း ကြေးဝါခေါင်းတလားတစ်ခုသည် ကျယ်ပြန့်ရှည်လျားသော အရှိန်အဝါထုကြီးကို ထုတ်လွှတ်ကာ ပျံသန်းလာလေသည်။

ထိုရှေးဟောင်းခေါင်းတလားသည် အမြင့်ငါးရာကျန်း၊ အလျားကိုးရာကျန်းအထိရှိပြီး ငါးပေကိုးပေ ခေါင်းတလားအချိုးဖြင့် တည်ဆောက်ထားခြင်းဖြစ်၏။

ဤသည်မှာ ကောင်းကင်သင်္ချိုင်းခေါင်းတလားပင်!

ယခင်က ကောင်းကင်သင်္ချိုင်းခေါင်းတလားသည် တတိယတန်း ဝိညာဉ်လက်နက်တစ်ခုသာ ဖြစ်သော်လည်း ယခု ယဲ့ကျွင်းလင်တစ်ယောက် ပေါင်းစပ်ခြင်းနယ်ပယ်သို့ တိုးတက်လာသောကြောင့် ဤအရာသည် ဆဋ္ဌမတန်း ဝိညာဉ်လက်နက်အမျိုးအစားသို့ ရောက်ရှိသွားပြီဖြစ်၏။

ကောင်းကင်သင်္ချိုင်းခေါင်းတလားသည် ဤအားကောင်းသော တိုက်ခိုက်မှုကို မျက်စိတစ်မှိတ်အတွင်း ပိတ်ဆို့လိုက်သည်။

"ဒါက!"

ဆရာတော်ကျင်းချန်း မျက်နှာပျက်သွားသည်။

"မင်းတို့အားလုံး အထဲဝင်ကြတော့လေ!" ယဲ့ကျွင်းလင် ပြောင်စပ်စပ်ဖြင့်ဆွလိုက်သည်။

သခင်ဖြစ်သူ၏ ခွင့်ပြုသံအဆုံးတွင် ကောင်းကင်သင်္ချိုင်းခေါင်းတလားသည် ရုတ်တရက် ပွင့်ဟသွားပြီး ရုန်းမထွက်နိုင်လောက်အောင် ကြောက်မက်ဖွယ်အားပြင်းသော စုပ်ယူအားတစ်ခု ပေါက်ကွဲထွက်လာတော့သည်။

"မကောင်းတော့ဘူး!"

ဆရာတော်ကျင်းချန်လည်း ဦးရေပြားတို့ထုံကျင်သည်အထိ ပျာယာခတ်သွားရကာ ဤစုပ်ယူအားကို ပိတ်ဆို့ရန် သူ၏ အားအင်အလုံးစုံကို စုစည်းပြင်ဆင်လိုက်သည်။

"အား…"

ထင်မှတ်မထားစွာပင် သူ့နောက်က ရဟန်းတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် စုပ်ယူအားကြောင့် လွင့်ထွက်သွားကြပြီး ကြောက်လန့်တကြား အော်ဟစ်ကြကုန်ကြလေသည်။ "ဆရာတော် ကယ်ပါဦး!!"

ထို့နောက် ခေါင်းတလားထဲသို့ စုပ်ယူထည့်သွင်းခံလိုက်ရပြီး မည်သည့်လှုပ်ရှားမှုမှ ရှိမလာတော့ပါချေ။

"နတ်ဆိုးပစ္စည်းကြီးပဲ မင်းတို့ရွှယ်ထျန်းဂိုဏ်းမှာ အဟုတ်ကို နတ်ဆိုးအသုံးအ‌ဆောင်တွေ ရှိနေတာပဲကိုး" ဆရာတော်ကျင်းချန် သည် ဒေါသနှင့်အတူ တစ်ဖက်လူ၏စွမ်းအားကိုလည်း ကြောက်ရသေးသောကြောင့် တစ်ကိုယ်လုံး သိသိသာသာ တုန်လှုပ်လျက်ရှိ၏။

ဘန်း!

ထိုအသံကြီးအဆုံးတွင် ဓမ္မပုံရိပ်ကြီး ပျောက်ကွယ်သွားလေသည်။

ဆရာတော်ကျင်းချန်၏ မျက်နှာမှာ ဖြူဖျော့လို့နေလေပြီ။ နီးကပ်လာသော သေခြင်းတရားကို ခံစားမိသောကြောင့် အကူအညီကို အလျင်အမြန် တောင်းခံလိုက်သည်။ "အားလုံးပဲ! ဒီလူဟာ အသိသာကြီးကို နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီ! လမ်းမှားကိုရောက်နေပြီ! အမြန်ရှင်းထုတ်ဖို့ဆောင်ရွက်ကြပေတော့!"

သွက်လိုက်တဲ့ကောင်၊ ငါ့ကိုများနတ်ဆိုးကျင့်ကြံသူတဲ့။

အားလုံးက ကူညီမည့်အစား တိတ်တဆိတ် ကဲ့ရဲ့ရှုတ်ချလာကြသည်။ အလိုလေး! ဒီအချိန်မှာ ဘယ်သူက ဝင်ကူညီရဲမှာတဲ့လဲ?

"မင်းအခုထိ ခေါင်းတလားထဲမဝင်သေးဘူးလား?!" ယဲ့ကျွင်းလင် အမိန့်သံဖြင့် တစ်ချက်အော်ကာ သူ၏ မှော်စွမ်းအားကို အသုံးပြု၍ ဤကြေးဝါခေါင်းတလားကို လှုံ့ဆော်လိုက်သည်။

ပိုမိုကြီးမားသော ဆွဲငင်အားကြောင့် ဆရာတော်ကျင်းချန်မှာ ကျဥ်းထဲကျပ်ထဲရောက်လို့နေလေပြီ။

"မဖြစ်ဘူး!" ဆရာတော်ကျင်းချန်မှာ သည်းမခံနိုင်တော့ဘဲ စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်ငိုယိုလို့နေပြီး နောက်ဆုံးတွင်တော့ ကောင်းကင်သင်္ချိုင်းခေါင်းတလားထဲသို့ စုပ်ယူခံလိုက်ရ‌တော့လေသည်။

ခေါင်းတလား ပိတ်ဆို့သွားပြီးနောက် အရာအားလုံး တိတ်ဆိတ်သွားသည်။

လူတိုင်း၏ မယုံကြည်နိုင်သော အံ့သြတကြီး အကြည့်များအောက်တွင် ယဲ့ကျွင်းလင်သည် လေကြောင်းအလိုက် ရမ်းခါနေသော ငွေရောင်ဆံပင်များဖြင့် ကောင်းကင်၊ လမင်း၊ ကြယ်တံခွန်များနှင့် မြစ်မင်းအသွယ်သွယ်ကို ဖိနှိပ်ချုပ်ကိုင်ထားနိုင်သော အမြင့်မြတ်ဆုံး အရှိန်အဝါကို ဖြန့်ကျက်လွှင့်ထုတ်လျက်ရှိကာ ပတ်ဝန်းကျင်ကို အထက်စီးမှ ကြည့်နေပြီး သူ၏ အသံသည်လည်း မိုးခြိမ်းသံ ဟိန်းသကဲ့သို့ ကောင်းကင်သို့ ပဲ့တင်ထပ်လျက် ထွက်ပေါ်လာသည်။

စကားတစ်ခွန်းကို မြွက်ဟပြီး ထိုသူသည် မည်သူမျှ မယှဉ်နိုင်သော ယုံကြည်မှုကို ထုတ်ဖော်ပြသခဲ့ပေသည်။

"နောက်ထပ်ဘယ်သူ စမ်းကြည့်ချင်သေးသလဲ?!"

စာစဉ်ပြီး၏

All Chapters