← Chapters

တောက်ပမြင်ကွင်း စိတ်ဝိညာဉ်ရေ

Vol. 45 Ch. 619

တောက်ပမြင်ကွင်း စိတ်ဝိညာဉ်ရေ

Vol. 45 Ch. 619

ဟန်လိက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“အဆင့်နိမ့်တပည့်တွေဆိုတော့… ချီစုဆောင်းခြင်းနှင့် အခြေခံတည်ဆောက်ခြင်းတပည့်တွေကပဲ ပါဝင်နိုင်တယ်လို့ ဆိုလိုတာလား…”

အစ်ကိုဝမ်က ခေါင်းညိတ်၍ ပြောသည်။

“အမှန်ပဲ။ ဓားပြိုင်ပွဲဟာ ချီစုဆောင်းကျင့်ကြံသူတွေနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကြားမှာ ခွဲခြားထားတာမျိုး မရှိဘူး။ သူတို့အားလုံး ပြိုင်ပွဲမှာ အတူတကွ ပါဝင်ရတာမျိုးပါ…”

ဟန်လိက သံသယဖြင့် မေးသည်။

“ဒါဆို ချီစုဆောင်းခြင်းကျင့်ကြံသူတွေအတွက် တရားမျှတမှု ဘယ်ရှိပါတော့မလဲ…”

အစ်ကိုဝမ်က ပြုံးယောင်သမ်း၍ အလေးအနက်ဆိုသည်။

“မူလတုန်းက ဓားပြိုင်ပွဲဟာ ဂိုဏ်းတွေကြားက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကြားက ပြိုင်ပွဲဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဆင့်နိမ့်တပည့်တွေကြားမှာ အားမာန်တက်စေဖို့ သူတို့ဟာ ပြင်ပတပည့်တွေ ပါဝင်မှာကိုလည်း မကန့်သတ်ထားဘူး။ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတွေက ပထမနေရာကို လုံးဝ ရနိုင်စွမ်းမရှိပေမဲ့ ချီစုဆောင်းခြင်းအဆင့်တွေကို အနိုင်ယူပြီး ထိပ်ဆုံးဆယ်ယောက်ထိ တက်လှမ်းနိုင်ခဲ့တဲ့ သူတွေလည်း ရှိခဲ့တာပဲလေ…”

“ချီစုဆောင်းခြင်းကျင့်ကြံသူတွေက ထိပ်ဆုံးဆယ်နေရာထိ ရောက်နိုင်ခဲ့တာလား။ သူတို့ရဲ့ မှော်ပစ္စည်းတွေက အင်မတန်အစွမ်းထက်တာကြောင့်များလား…”

ကိုင်ဟွမ်က ခေါင်းရမ်းကာ ပြောသည်။

“ဟားဟား…ညီလေးဟန်က တကယ်ပါးနပ်တာပဲ။ ချက်ဆို နခွက်က မီးတောက်ပြီးသားလူမျိုးပဲ။ ဆိုလိုရင်းကို တန်းသိတာ။ ဂိုဏ်းရဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့်် စီနီယာတွေမှာ သူတို့ရဲ့ကိုယ်ပိုင်မျိုးဆက်သစ်တွေ ရှိကြတဲ့အတွက် သူတို့ဟာ အဆင့်မြင့်တဲ့ အစွမ်းထက်တဲ့ မှော်ရတနာတွေကို ပေးထားလေ့ရှိတယ်။ ဒါကြောင့် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတွေကို အနိုင်ယူနိုင်တဲ့ ချီစုဆောင်းခြင်းကျင့်ကြံသူတွေ ရှိတာ အံ့အားသင့်စရာတော့ မရှိပါဘူးလေ…”

ထိုသို့ပြောလာသည့်အခါ ဟန်လိ၏မျက်နှာထက်ရှိ သံသယမှာ ပို၍ လေးနက်လာသည်။ ခဏစဉ်းစားပြီးနောက် သူက မေးသည်။

“အစ်ကို ပြောသလိုသာဆို…ထိပ်ဆုံးအဆင့်တွေအတွက် ဆုလဒ်ချီးမြှင့်ရုံတင် မကနိုင်လောက်တော့ဘူး။ ဆုလဒ်က မှော်ပစ္စည်းတွေအတွက်သက်သက်ဆို ဒီပြိုင်ပွဲမှာ အဲ့လောက်အားစိုက်ထုတ်စရာ အကြောင်းမှ မရှိတာ…”

အစ်ကိုဝမ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ညီလေးဟန်ကသာ အဲ့လိုမပြောလာရင်တောင်မှ ဘာပဲဖြစ်ဖြစ်ကျုပ်ကလည်း ပြောပြတော့မှာ။ တကယ်တော့ ဓားပြိုင်ပွဲကို ပိုပြီးစွဲဆောင်မှု ရှိစေတာက လူတစ်ယောက်ဟာ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်နိုင်ခဲ့ရင် သူတို့ရဲ့ မျက်လုံးကို စိတ်ဝိညာဉ်ရေနဲ့ သန့်စင်နိုင်လို့ပဲ ဖြစ်တယ်။ အကြိမ်တိုင်းမှာ ပထမဆုံးအရည်စက်ဟာ အထူးတန်ဖိုးရှိပြီး ဒဏ္ဍာရီလာ တောက်ပမြင်ကွင်းရေကိုလည်း ဖော်စပ်နိုင်တယ်။ ဒီအရည်က လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်ကို တိုးမြှင့်မပေးနိုင်ပေမဲ့ မြူတွေ၊ ကျောက်တုံးတွေကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိစေဖို့တော့ အာမခံပေးနိုင်တယ်။ ဒါကြောင့်လည်း ထိပ်ဆုံးဆယ်နေရာကို ဝင်ရောက်နိုင်ဖို့ အသည်းအသန် ကြိုးစားခဲ့ကြတဲ့သူတွေ ရှိတာပေါ့။ တကယ်တော့ စိတ်ဝိညာဉ်မြှင့်တင်ခြင်းဆေးလုံးဟာလည်း တန်ဖိုးရှိတဲ့ ဆုတစ်ခုဖြစ်ပြီး အကျိုးအမြတ်တွေထဲမှာ ပါဝင်နိုင်တဲ့ တစ်ခုပေါ့။

ဟန်လိသည် မျက်ခုံးပင့်ကာ ခပ်တိုးတိုး ရေရွတ်သည်။

“တောက်ပမြင်ကွင်းရေတဲ့လား…”

ထိုစိတ်ဝိညာဉ်ရေ၏ အမည်ကို ဟန်လိသည် မှတ်တမ်းများထဲတွင် မြင်ဖူးခဲ့တာ ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် ဤအိပ်မက်တိမ်တောင်တန်းမှ ဂိုဏ်းသုံးဂိုဏ်းမှာ ၎င်းရေကို သန့်စင်နိုင်လိမ့်မည်ဟု ဟန်လိသည် မမျှော်လင့်ထားခဲ့ပေ။ ဤအချက်က သူ့ကို လိုချင်စိတ် ပိုဖြစ်စေသည်။

ကိုင်ဟွမ်ကလည်း ထပ်ဖြည့်ပြောသည်။

“အထွတ်အမြတ်သစ်ပင်ရဲ့ ဦးဆုံးအရည်စက်ကို မပြောနဲ့ဦး…တောက်ပမြင်ကွင်းရေကို ဖန်တီးဖို့ အသုံးပြုရမဲ့ အခြားသတ္တုအမယ်ပစ္စည်းတွေကလည်း အလွန်တရာ ရှားပါးလွန်းတယ်။ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ စိတ်ဝိညာဉ်ဆေးဝါးမျိုးတွေကို အသုံးပြုရမှာ။ တောက်ပမြင်ကွင်းရေဟာ ချီစုဆောင်းခြင်းနှင့် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေအတွက်တင် အကျိုးရှိတာမဟုတ်ဘူး ဂိုဏ်းရဲ့ စီနီယာတွေအနေနဲ့လည်း လိုချင်နေတဲ့အရာပဲ…”

သည့်နောက်တွင် ဟန်လိသည် ဓားပြိုင်ပွဲအကြောင်း အကြမ်းဖျဉ်းတော့ နားလည်သွားခဲ့ပေပြီ။ အသေးစိတ်အချက်များကို ထပ်စုံစမ်းပြီးလျှင် ကိုယ်တိုင်ဝင်ပြိုင်ရန် အစီအစဉ်ချမည် ဖြစ်၏။ တကယ်တော့ စိတ်ဝိညာဉ်မြှင့်တင်ခြင်းနှင့် တောက်ပမြင်ကွင်းရေတို့ ပါဝင်နေသည့်ကိစ္စဖြစ်နေ၍ ဟန်လိအနေဖြင့် ဤအခွင့်အရေးကို လက်မလွှတ်နိုင်ပေ။

ထို့နောက် သူတို့လေးယောက်သားသည် ဟန်လိနှင့်အတူ ဓားပြိုင်ပွဲအကြောင်း နည်းနည်းပါးပါး ဆက်ပြောကြပြီး ထွက်သွားကြလေသည်။

ဟန်လိသည် ထိုလေးယောက် ပျံသန်းနိုင်သော မှော်ပစ္စည်းများသုံး၍ ကောင်းကင်ထက်သို့ ပျောက်ကွယ်သွားကြတာကို စောင့်ကြည့်နေ၏။ ထို့နောက်တွင် သူသည် နေရာတွင်သာ ရပ်၍ အလေးအနက် စဉ်းစားနေသည်။ ထိုစဉ် သူ့အင်္ကျီလက်ခေါက်ထဲမှ မြေခွေးဖြူ၏ ညင်သောသောအသံကို ရုတ်တရက် ကြားလိုက်ရသည်။

“ဘာလဲ…အစ်ကိုဟန်က လောဘတက်နေပြီလား။ စိတ်ဝိညာဉ်မြှင့်တင်ခြင်းဆေးလုံးနဲ့ တောက်ပမြင်ကွင်းရေတို့ကို အစ်ကိုဟန် မျက်စိကျနေပြီ မလား…”

ဟန်လိက ခေါင်းမော့ပြီး ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။

“ဟုတ်တယ်…ငါက အဲ့နှစ်ခုလုံးကို လိုချင်တာ…”

ဟန်လိက သူ့အင်္ကျီလက်အိုးကို ခါယမ်းလိုက်၏။ မြေခွေးဖြူသည် ခုန်ထွက်လာသည်။

မြေခွေးဖြူသည် ၎င်း၏မူလအရွယ်အစားသို့ မြန်မြန်ဆန်ဆန် ပြန်ရောက်သွားပြီး ခေါင်းမော့ကာ ကြည့်သည်။ ၎င်းက ညင်သာတိုးဖွစွာ တခစ်ခစ်ရယ်မောပြီး ပြောလိုက်သည်။

“ရောင်းရင်းဟန်က တကယ်ပဲ လောဘကြီးလှပါလား။ ဒါပေမဲ့ ဒါက အဆင်ပြေတယ်။ စိတ်ဝိညာဉ်မြှင့်တင်ခြင်းဆေးလုံးပဲဖြစ်ဖြစ်၊ တောက်ပမြင်ကွင်းရေပဲဖြစ်ဖြစ် ဒါတွေက လက်တွေ့ကျကျ တန်ဖိုးရှိတဲ့အရာတွေပဲ။ ဒီအခွင့်အရေးကိုသာ လွဲချော်သွားမယ် ဒါတွေကို ရဖို့ ရှင့်အနေနဲ့ အတော်လေး ခက်ခဲလိမ့်မယ်…”

“ကျုပ် ကောင်းကောင်းသိတယ်။ အခုကစပြီး…နင် လှိုဏ်ဂူနေအိမ်ကို လိုက်ခဲ့ချေ။ နင်နဲ့ပတ်သက်တဲ့ ကိစ္စကို အရင်ဆုံး ဖြေရှင်းပြီးမှပဲ ဓားပြိုင်ပွဲအကြောင်း ပြောကြတာပေါ့…”

ဟန်လိသည် ထိုသို့ ပြောလာ၏။ ထို့နောက် ဟန်လိသည် ဘေးပတ်ပတ်လည်သို့ ကြည့်ပြီး သူ့လှိုဏ်ဂူနေအိမ်ထံ ဦးတည်သည်။

မြေခွေးဖြူ၏မျက်လုံးထဲတွင် မျှော်လင့်သည့်အရိပ်အယောင်တစ်ခု ဖြစ်ပေါ်ပြီး ဟန်လိ၏နောက်သို့ မည်သည့်စကားမျှမဆိုဘဲ လိုက်ပါလာသည်။ ဟန်လိသည် ဂူထဲသို့ ဝင်လာပြီးသည်နှင့် ဝါးတိမ်အုပ်ဓားများထံ ရတနာစိတ်ဝိညာဉ်ကူးပြောင်းခြင်းဖြစ်စဉ်ကို ချက်ခြင်းစတင်သည်။ ဟန်လိလည်း အနည်းနှင့်အများတော့ စိတ်လှုပ်ရှားမိသည်ပင်။ ရတနာစိတ်ဝိညာဉ်သာ သူ၏မှော်ရတနာများထဲ ထည့်ပေါင်းနိုင်ခဲ့ပါက စွမ်းအားအရာ၌ တိုးတက်လာနိုင်မည် မဟုတ်ပေလော။

မူလတုန်းက အပြင်းအထန် ခုခံမည့် နတ်ဆိုးသားရဲ၏စိတ်ဝိညာဉ်ကို ရတနာစိတ်ဝိညာဉ်အဖြစ် သူ့မှော်ရတနာတွင် ထည့်သွင်းနိုင်ရန်မှာ သေးငယ်လှသော အခွင့်အရေးတစ်ခုသာ ဖြစ်ခဲ့ပေသည်။ သို့ပေမည့် ငွေရောင်လကသာ ဟန်လိ၏မှော်ရတနာထဲ ဝင်ရောက်ချင်ပါက ဤသည်မှာ ပြဿနာ မဟုတ်လေတော့ပေ။

ကျောက်စိမ်းတောင်ဝှေးထံမှ ငွေရောင်လ၏ ပင်မစိတ်ဝိညာဉ်ကို ဖယ်ရှားခြင်းကသာ သူ့အတွက် အခက်အခဲရှိမည်ဟု ဟန်လိ ထင်သည်။ သို့ပေမည့် သူမက အတော်လေး ယုံကြည်မှုရှိကာ သေချာနေ၏။ သူမကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားပြီး ဤကိစ္စကို ကိုင်တွယ်နိုင်သည့်ပုံပင်။

ထို့အတွက်ကြောင့် ဟန်လိသည် အနည်းနှင့်အများ စိတ်ဖိစီးမှု လျော့ရလေသည်။ သူသည် မြေခွေးဖြူ၏ ညွှန်ကြားချက်များအတိုင်း ဤဆိတ်ငြိမ်လှသော အခန်းထဲတွင် ထူးခြားသော မန္တာန်အစီအရင်တစ်ခုကို ရေးဆွဲလိုက်သည်။ ထို့နောက်တွင် ကျောက်စိမ်းတောင်ဝှေးကို နေရာချပြီး အစီအရင်ထဲသို့ မြေခွေးဖြူကို ဝင်ရောက်စေပြီး ထွက်လာသည်။

ဤအခန်းသည် အသံကာအတားအဆီး၏ အစွမ်းသတ္တိအောက်တွင် ရှိနေသည်။ ကျောက်စိမ်းတောင်ဝှေးထံမှ ငွေရောင်လ ခွဲထွက်လာချိန်တွင် ထွက်ပေါ်လာနိုင်မည့် အသံများကို ဟန်လိသည် လုံးဝ လစ်လျူရှုထားနိုင်ပေသည်။ သူ့အနေဖြင့် ဆုတောင်းနေရန်သာ ရှိ၏။ အကြောင်းကား သူမ၏စိတ်ဝိညာဉ်ကို ဖယ်ရှာခြင်းတွင် သူ့ကဏ္ဍမရှိတာ သူ သိသောကြောင့်ပင်။

ထို့နောက် ဟန်လိသည် အကြောင်သား မနေနေပေ။ သူက သည်အခန်းဘေးနားမှ အခန်းတစ်ခုထံ လျှောက်သွားပြီး သူ့မှော်ရတနာထဲသို့ ရတနာစိတ်ဝိညာဉ်တစ်ခု လက်ခံနိုင်ရန် ကြိုတင်ပြင်ဆင်ထားသည်။

နေ့ဝက်လောက်ကြာပြီးနောက် ဟန်လိသည် ပြင်ဆင်မှုများ အပြီးသတ်ကာ ငွေရောင်လ၏အခန်းထံ ပြန်လာခဲ့သည်။ သို့ပေမည့် အခန်းထဲ ဝင်လာသည်နှင့် သူ့အမူအရာမှာ လှုပ်ရှားသွားလေသည်။ ကျောက်စိမ်းတောင်ဝှေးနှင့် မြေခွေးဖြူတို့သည် အခန်း၏အစီအရင်မန္တာန်အတွင်း၌ သူ မျှော်လင့်ထားသည့်အတိုင်း ထိုင်နေသည်။ သို့သော် ကျောက်စိမ်းတောင်ဝှေး၏ ရောင်ဝါကမူ သိသိသာသာ မှိန်ဖျော့သွားပြီး မြေခွေးဖြူ၏ အမွှေးအမျှင်များမှာလည်း ရှုပ်ပွနေသည်။ မြေခွေးဖြူ၏ မျက်ဝန်းထဲတွင်လည်း မောပမ်းမှုတို့ ပြည့်နေသည်။

ငွေရောင်လသည် ဟန်လိ ဝင်လာတာ မြင်သော်ငြား မည်သည့်စကားမျှ မဆိုသလို လှုပ်ရှားခြင်းလည်း မရှိပေ။ သူမထံ၌ စွမ်းအင်ကုန်ခမ်း နေသည့်အလား။ ဟန်လိက စိတ်သက်သာရာ ရသွားပြီး ညင်သာစွာ မေးလိုက်သည်။

“အခြေအနေ ဘယ်လိုလဲ။ အောင်မြင်ခဲ့ရဲ့လား…”

ငွေရောင်လသည် အားတင်းကာ ပြောလိုက်သည်။

“ဒါက ငါ့ကို သေလောက်အောင် နာကျင်စေခဲ့ပေမဲ့ ငါ တောင့်ခံနိုင်ခဲ့ပါတယ်။ ရှင့်ဘက်ကလည်း ပြင်ဆင်လို့ ပြီးပြီမလား။ ကျမမှာ ခိုအောင်းရမဲ့ ရတနာမရှိတော့တဲ့အတွက် ဒီမြေခွေးဖြူရဲ့ ခန္ဓာကိုယ်ထဲမှာ ကြာကြာဆက်မနေနိုင်တော့ဘူး။ ရှင့်ရဲ့ မှော်ရတနာနဲ့ ချက်ခြင်း ပေါင်းစည်းမှ ဖြစ်တော့မှာ။ မဟုတ်ရင် ကျမရဲ့ စိတ်ဝိညာဉ် တစစီလွင့်ပြယ်သွားလိမ့်မယ်…”

ဟန်လိက ခေါင်းညိတ်ပြီး မြေခွေးဖြူကို ချက်ခြင်း ကောက်ယူခေါ်ဆောင်ပြီး ဘေးအခန်းသို့ ဦးတည်လာသည်။ သူ အခန်းထဲ ဝင်လာပြီးသည်နှင့် အခန်းကို ချိပ်ပိတ်လိုက်သည်။ ဤသို့ဖြင့် သည်လှိုဏ်ဂူမှာ တစ်ဖန်ပြန်ပြီး တိတ်ဆိတ်သွားသည်။

သုံးရက်ကြာပြီးနောက် ဆေးဥယျာဉ်၏ အပြင်ဘက်ရှိ မီးတောက်များထဲသို့ အသံလွှင့်အဆောင်တစ်ခု တိုးဝင်လာပြီး အကာအကွယ်မြူထဲ ဝင်ရောက်ကာ ၎င်းသည် မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ နောက်နှစ်နာရီအကြာတွင် မြူသည် မိုးပြာအလင်းလင်းလက်ကာ ဟန်လိကို တွေ့မြင်ရသည်။

ဟန်လိသည် ကောင်းကင်ထက်သို့ မော့ကြည့်ပြီး သူ့မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားဟန် ပြုသည်။ ထို့နောက် သူက ပျံသန်းနိုင်သော မှော်ပစ္စည်းတစ်ခုကို ထုတ်ပြီး နွေဦးတောင်ထံသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းသွားသည်။

ဟန်လိ၏ခေါင်းထဲတွင် ငွေရောင်လ၏ နာပျော်ဖွယ်အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

“အစ်ကိုဟန်…စောစောတုန်းက သတင်းစကားပို့လွှတ်မှုဟာ နွေဦးတောင်က တပည့်တွေကို စုဝေးခိုင်းတာမလား။ ဒါက ဓားပြိုင်ပွဲနဲ့များ ပတ်သက်မှု ရှိနေလောက်လား…”

ဟန်လိက သူ့စိတ်ဝိညာဉ်အာရုံဖြင့် တည်ငြိမ်စွာ ပြန်ဖြေသည်။

“ကျုပ်လည်း သေချာ မသိဘူး။ ဒါပေမဲ့ တောင်သခင်ရဲ့ ဆင့်ခေါ်မှုကို ခံရမှတော့ ဓားပြိုင်ပွဲနဲ့ မသက်ခဲ့ရင်တောင် အရေးကြီးကိစ္စရှိလို့ပဲ ဖြစ်လိမ့်မယ်…”

ငွေရောင်လသည် တိုးညှင်းညင်သာစွာ ပြောလိုက်သည်။

“အစ်ကိုဟန်ရဲ့ ကျင့်ကြံမှုအဆင့်ကို မထုတ်ဖော်ရင်တောင် ဒီပြိုင်ပွဲမှာ ပထမရဖို့ဟာ အစ်ကိုဟန်အတွက် အလွန်တရာ လွယ်ကူမှာပါ။ ပြီးတော့ ဂိုဏ်းသုံးဂိုဏ်းလုံးရဲ့ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေရဲ့ အာရုံစိုက်မှုကိုတောင် ရနိုင်လောက်တယ်။ အဲ့လိုသာဖြစ်လာခဲ့ရင် အကျိုးအမြတ်ထက် ပြန်ပေးရတာက မကာမိ ဖြစ်သွားနိုင်ခြေများတယ်လေ…”

ဟန်လိက မျက်နှာသေဖြင့် တုံ့ပြန်သည်။

“ကျုပ် ကောင်းကောင်း သိပါတယ်။ ဒီပြိုင်ပွဲကို ကျိန်းသေပေါက် ဝင်ပြိုင်ပါ့မယ်လို့ ဘယ်တုန်းကများ ကျုပ် ပြောမိခဲ့လို့လဲ။ ပြီးတော့ ကျုပ်သာ ပြိုင်ခဲ့ရင်လည်း ပထမနေရာရအောင် လုပ်မှာ မဟုတ်ဘူး။ ကျုပ် စဦးစိတ်ဝိညာဉ် မဖွဲ့စည်းနိုင်ခင်မှာ အာရုံစိုက်မှု ခံရမဲ့ အရာ ဘာတစ်ခုမှ လုပ်မှာ မဟုတ်ဘူး…”

ငွေရောင်လက တဟားဟား အော်ရယ်၏။

“ကျမ ပြောတာ လွန်သွားတဲ့ပုံပဲ။ အစ်ကိုဟန်က အတွေ့အကြုံများပြီးသား ဖြစ်တဲ့အတွက် ဒီလို အသေးအမွှားကိစ္စအတွက် ကျမအနေနဲ့ သတိပေးစရာ လိုမယ် မထင်ပါဘူး…”

သူမ၏စကားသံမှာ သာမန်ကာလျှံကာ ဆိုလိုက်သော်ငြား စွဲညှို့နိုင်စွမ်း အားကောင်းစွာ ပါဝင်နေလေသည်။ ထိုသည်ကို ခံစားမိသည့်အခါ ဟန်လိသည် သက်ပြင်းမချမိဘဲ မနေနိုင် ဖြစ်ရ၏။

ငွေရောင်လသည် သူမကိုယ်သူမ ဝံပုလွေတစ်ကောင်ဟု ညွှန်းဆိုသော်ငြား ဟန်လိကမူ သူမသည် စွဲဆောင်မှုရှိလှသော မြေခွေးတစ်ကောင်ဟုသာ ခံစားမိပေသည်။ ထို့အပြင် သူမသည် သူ၏ရတနာစိတ်ဝိညာဉ် ဖြစ်လာပြီးနောက် ဟန်လိအနေဖြင့် သူမကို မည်သည့်အရာမျှ ပြုလုပ်မည် မဟုတ်မှန်းလည်း သိထားသေးသည်။ မြေခွေးအသွင်ကို ပိုင်စိုးပြီး ကျင့်ကြံနိုင်စွမ်း ရှိသည့် ကံကောင်းမှုတစ်ခု ရလာသော ငွေရောင်လသည် ဟန်လိ၏ဓားများ၏ ရတနာစိတ်ဝိညာဉ် ဖြစ်လာသည်နှင့် သူမသည် သူ့ကို ချက်ခြင်း စကားဆိုလာခဲ့ပေသည်။ သူမ၏အရင်ခိုးအောင်းရာ ကျောက်စိမ်းတောင်ဝှေးသည် အတော်လေး အထီးကျန်စရာကောင်းသည့်အလား။ အခုအခါတွင် သူမ၏ခံစားချက်များက ပေါက်ကွဲထွက်လာခဲ့လေပြီ။သည့်အတွက် ဟန်လိသည် ခေါင်းကိုက်ရလေ၏။ ကံကောင်းသည်မှာ သူမ၏အသံသည် ညင်သာနူးညံ့ပြီး ကြားရတာ သာယာနာပျော်ဖွယ် ရှိနေခြင်းသာ။ အချိန်တစ်ခုကြာလျှင် သူမ၏စိတ်နေစိတ်ထားမှာ တဖြည်းဖြည်း ပို၍ ရင့်ကျက်လာနိုင်ခြေလည်း ရှိသည်။

All Chapters