← Chapters

ဆွေးနွေးခြင်း

Vol. 45 Ch. 624

ဆွေးနွေးခြင်း

Vol. 45 Ch. 624

မျောလွင့်တိမ်ဂိုဏ်း၏ လူရွေးချယ်ပွဲကျင်းပသည့် ဆယ့်သုံးရက်မြောက်နေ့တွင် နောက်ဆုံးအချီကို ခုလက်ရှိတွင် ကျင်းပနေပြီ ဖြစ်သည်။

ဤအခိုက်တွင် တောင်အလယ်ရှိ အဆောက်အဦတစ်ခုထဲတွင် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ ရှစ်ယောက်သည် အကြောင်းအရာတစ်ခုခုကို ဆွေးနွေးနေကြသည်။ သူတို့ထဲမှနှစ်ယောက်သည် နွေဦးတောင်မှ တောင်သခင်များ ဖြစ်ကြသော သက်လတ်ပိုင်းလူ ရှင်းနှင့် ရက်စက်ကြမ်းကြုတ်သည့်အသွင်ဖြင့် အဘိုးအိုယုတို့ပင်။ ဝတ်စုံပြာဝတ်ထားသောမုတ်ဆိတ်ဖြူအဘိုးအိုသည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဓားပြိုင်ပွဲဆီ သွားကြမဲ့ တပည့်တွေကို ကြီးကြပ်စောင့်ရှောက်ဖို့ ငါ့ညီတို့ထဲက ဘယ်သူ လိုက်သွားချင်လဲ…”

ပျင်းရိပျင်းတွဲပုံစံနှင့်သက်လတ်ပိုင်းလူက မင်သေသေဖြင့် ပြန်ဖြေသည်။

“စီနီယာအစ်ကိုဖန်…ရှေးဟောင်းဓားဂိုဏ်းကပဲ ဓားပြိုင်ပွဲမှာ အမြဲတမ်း အသာစီးရခဲ့တာမလား။ ဒါကြောင့် ကျုပ်အနေနဲ့ အကြောင်းရင်းမရှိဘဲ အရှက်ကွဲမခံချင်ဘူး…”

မျက်နှာဝါကျင့်ကျင့်နှင့်အဘိုးအိုကလည်း ခေါင်းရမ်းကာ ဝင်ပြောသည်။

“အမှန်ပဲ။ ပြီးခဲ့တဲ့နှစ်တချို့တုန်းက ရှေးဟောင်းဓားဂိုဏ်းဟာ ဓားကိုးပါးခန္ဓာတည်ဆောက်ပုံနဲ့ တပည့်တစ်ယောက်ကို ပိုင်ဆိုင်ခဲ့တယ်လို့ ကျုပ် ကြားသိခဲ့ရတယ်။ သူတို့က အဲ့တစ်ယောက်ကို ဝင်ပြိုင်ခိုင်းမှာပဲ။ ဒါကြောင့် ဒီဓားပြိုင်ပွဲမှာ ကျုပ်တို့အတွက် အနိုင်ရဖို့ မျှော်လင့်ချက် မရှိဘူး။ ကျုပ်တို့မှာ ထူးကဲတဲ့ခန္ဓာတည်ဆောက်ပုံ ပိုင်ဆိုင်ထားကြတဲ့ တပည့်တချို့ ရှိပေမဲ့လည်း သူတို့ကို ယှဉ်လို့ မရနိုင်ဘူး။

ဆံဖြူအဘိုးအိုက ထိုစကားကို ကြားသည့်အခါ မကျေမနပ် ဖြစ်သွားသည်။ သူက သုန်မှုန်စွာ ပြော၏။

“ဂျူနီယာညီလေးတို့…မင်းတို့ပြောတာလည်း မမှားပါဘူး။ ဓားပြိုင်ပွဲဟာ အမြဲတမ်းလိုလို ရှေးဟောင်းဓားဂိုဏ်းအတွက် သူတို့ရဲ့ စွမ်းရည်ကို ပြသတဲ့စင်မြင့်တစ်ခု ဖြစ်ခဲ့တာ မလား။ ဒါပေမဲ့ ဒါက ကျုပ်တို့ ထိန်းချုပ်နိုင်တဲ့အရာ မဟုတ်ဘူး။ ကျုပ်တို့က အဲ့ပြိုင်ပွဲမှာ ပါဝင်ဖို့ တပည့်တွေကို မစေလွှတ်ဘူးဆို အပင်ဝတ်ရည် မရမှာကို ကျုပ်အနေနဲ့ စိုးရိမ်မိတယ်။ ဒါ့အပြင် ဒီအချက်ကြောင့် ရှေးဟောင်းဓားဂိုဏ်းကလည်း ကျုပ်တို့အပေါ် အလွယ်တကူ ရန်လိုသွားနိုင်တယ်။ ပြီးတော့ အိပ်မက်တောင်တန်းမှာ နှစ်ပေါင်းများစွာ ရှိလာခဲ့ပြီဖြစ်တဲ့ ကျုပ်တို့ဂိုဏ်းရဲ့ တိုးတက်မှုကိုလည်း ထိခိုက်နစ်နာသွားစေလိမ့်မယ်။ နောက်ထပ် ကျုပ်တို့အနေနဲ့ စိုးရိမ်ရမဲ့အရာတွေ ရှိသေးတယ်။ ဥပမာ အိပ်မက်တိမ်တောင်တန်းပေါ်က ဂိုဏ်းကြီးသုံးဂိုဏ်းအပေါ် အငမ်းမရ မျက်စိကျနေကြတဲ့ ဂိုဏ်းတွေအများကြီး ရှိနေတာမျိုးပေါ့။ သူတို့ကို ကျုပ်တို့ရဲ့ အားနည်းချက်ကို နည်းနည်းလေးတောင် ထုတ်ပြလို့ မရဘူး…”

လေးထောင့်စပ်စပ်မျက်နှာနှင့် အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုက ရုတ်တရက် ဝင်ပြောသည်။

“အစီနီယာအစ်ကိုဖန်က ခုလို ပြောမှတော့ ကျုပ်ပဲ ဒီတပည့်တွေကို လိုက်ပို့ဖို့ တာဝန်ယူပါ့မယ်။ ပြီးတော့ ကျုပ်အနေနဲ့ အနာဂတ်ခန့်မှန်းခြင်းဂိုဏ်းရဲ့ အကြီးအကဲ ချန်ကျန်းကို မတွေ့ရတာ ကြာပြီဆိုတော့ ဒီပြိုင်ပွဲကိုသွားတာဟာ ကျုပ်တို့ချင်း စကားကောင်းကောင်းပြောနိုင်ဆိုနိုင်မဲ့ အခွင့်အရေးတစ်ခုလည်း ရနိုင်တာပဲလေ…”

အဘိုးအိုဖန်က သူ့ကို ကြည့်၍ အင်တင်တင်ဖြင့် ပြောသည်။

“ဂျူနီယာညီလေးသွမ်… မီးတိမ်တောင်ရဲ့ အရှင်သခင်တစ်ယောက်အနေနဲ့ မင်းလက်အောက်မှာ တပည့်တပန်းပေါင်း အများဆုံး ရှိနေတာ။ ဒါကြောင့် မင်း ဂိုဏ်းကနေ ထွက်ခွာတာဟာ သိပ်သင့်တော်တယ်လို့တော့ ကျုပ် မထင်ဘူး…”

အနီရောင်ဝတ်စုံနှင့်အဘိုးအိုသည် ထပ်ပြောသည်။

“ကိစ္စမရှိပါဘူး။ မီးတိမ်တောင်ကို အုပ်ချုပ်ဖို့ ညီလေးလီ ကျန်ခဲ့ဦးမှာပဲ မဟုတ်လား။ ဒါ့အပြင် ဒါက ကျုပ်အနေနဲ့ အိပ်မက်တောင်တန်းကနေ ထွက်ခွာသွားတာမျိုး မဟုတ်ဘူးလေ။ ကျုပ်က အနောက်ဘက်ခြမ်းကို ခရီးတစ်ထောက် သွားရုံလောက်ပါပဲ…”

ထိုသို့ပြောလာသည့်အခါ ဆံဖြူအဘိုးအိုသည် မကန့်ကွတ်တော့ဘဲ ခေါင်းညိတ်သည်။ ထို့နောက်တွင် သူသည် သူ့ရှေ့ရှိ အခြားကျင့်ကြံသူများကို ဝေ့ခတ်ကြည့်ရှုပြီးနောက် ကြမ်းတမ်းရက်စက်မည့်ပုံပေါ်သော မီးခိုးရောင်ဝတ်စုံဖြင့်အဘိုးအိုအား စိုက်ကြည့်၍ ဖြည်းဖြည်းချင်း ပြောသည်။

“ဂျူနီယာညီလေးယု၊ မင်းအနေနဲ့ နွေဦးတောင်မှာ တာဝန်ကြီးကြီးမားမား ရှိမနေဘူးဆိုတာ ကျုပ် သိတယ်။ ဒါကြောင့် ညီလေးသွမ်ကို ကူညီပေးမယ်ဆို အဆင်ပြေမလား။ ညီလေးရှင်းကကော ဘယ်လိုသဘောရလဲ…”

သက်လတ်ပိုင်းလူရှင်းသည် ရေးတေးတေးပြုံး၍ ပြန်ပြောသည်။

“ရတာပေါ့။ ညီလေးယုက ကျိန်းသေပေါက် သွားချင်မှန်း ကျုပ် သေချာသိပါတယ်…”

မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုသည် အေးတိအေးစက်ဟန် ဖြစ်သွား၏။ အချိန်အတော်ကြာပြီးမှ သူက တိုတိုပြတ်ပြတ် ပြောသည်။

“ကောင်းပြီ…ကျုပ် သွားလိုက်မယ်…”

ဆံဖြူအဘိုးအိုက ပြုံး၍ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဆိုတော့ ဂျူနီယာညီလေးသွမ်က တပည့်အုပ်စုကို ခေါ်သွားမှာပေါ့။ ညီလေးယုနဲ့ ဖီးနစ်ဖြူတောင်က ဂျူနီယာညီမလေးစုန့်တို့က သူနဲ့အတူ အဖော်လိုက်ပေးကြရမယ်။ နောက်ဆုံးအချီပြိုင်ပွဲပြီးတာနဲ့ ရွေးချယ်ခံတပည့်သုံးဆယ်ကို မင်းတို့သွားတွေ့ပြီး လိုအပ်တဲ့ဟာ ညွှန်ကြားပြသပေးလိုက်ကြပေါ့။ ကျုပ်တို့ဂိုဏ်းအတွက် အခွင့်အရေးတစ်ခု ရချင်ရနိုင်တာပဲ။ တကယ်တော့ ဒီတစ်ကြိမ် လူရွေးပွဲမှာ အတော်လေးအစွမ်းထက်တဲ့တပည့်အချို့ ပါနေတယ် မဟုတ်လား။ ရှေးဟောင်းဓားဂိုဏ်းနဲ့ အနာဂတ်ခန့်မှန်းခြင်းဂိုဏ်းတို့ကို အတော်အတန်တော့ ကျုပ်တို့ ယှဉ်နိုင်စွမ်း ရှိမှာပါ…”

အခန်းထောင့်တွင် ကွယ်ကွယ်ဝှက်ဝှက်ထိုင်နေသည့် ကောက်ကျစ်သောမျက်နှာပိုင်ရှင် ကျင့်ကြံသူက အံ့အားတသင့် ဝင်ပြောလာသည်။

“ဒီတစ်ခေါက်က ညီမလေးစုန့်လည်း သွားမှာလား။ ကျုပ် အဲ့လိုမှန်း မသိလို့ပေါ့။ အဲ့လိုမှန်းသာသိရင် ဂျူနီယာညီလေးယုအစား ကျုပ် လိုက်သွားမိမှာ…”

အဆောက်အဦထဲရှိ ကျန်သည့်ကျင့်ကြံသူများသည် သူ့စကားကို ကြားသည့်အခါ မကျေမချမ်း ဖြစ်သွားကြသည်။ ထိုကျင့်ကြံသူများထဲမှ သုံးယောက်ဆို စိတ်ရှုပ်ဟန်အမူအရာများပါ ဖြစ်ပေါ်ကုန်သည်။

ဆံဖြူအဘိုးအို၏မျက်စိမျက်နှာပျက်ကာ နှာခေါင်းရှုံ့၍ ပြောသည်။

“ညီလေးမန်၊ မင်း ဘာ ပြောချင်တာလဲ။ ကျုပ်တို့ စကားဝိုင်းက‌ နေ့တစ်ဝက်လောက် ရှိပြီ။ မင်း ဘာစကားတစ်ခွန်းမှ ဝင်မပြောခဲ့ဘူး။ ဒါပေမဲ့ ညီမလေးစုန့်ပါ သွားမယ်ဆိုကာမှ မင်းက အခွင့်အရေး ဝင်ယူချင်နေတယ်။ ကျုပ် အမှန်တိုင်းပဲ ပြောမယ်။ ဂျူနီယာညီမလေးစုန့်က တပည့်တွေကို သူ ဦးဆောင်ခေါ်သွားပေမယ်လို့ တောင်းဆိုထားခဲ့တာ။ ကျုပ်က သူ့ကို စသွားခိုင်းခဲ့တာ မဟုတ်ဘူး။ မဟုတ်ရင် ဖီးနစ်ဖြူတောင်ကနေ သူမက ဘယ်လိုကြောင့် ထွက်ခွာပါ့မလဲ…”

ထိုအဘိုးအိုသည် အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်သို့ ရောက်နေသူပင်။ ကောက်ကျစ်ဟန်မျက်နှာပေးဖြင့် ကျင့်ကြံသူသည် အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်တွင်သာ ရှိသေးသူဖြစ်၍ သူ့စကားကို အထွန့်မတက်ဝံ့ပေ။ သူက ခေါင်းငုံ့သွားသည်။

အခြားကျင့်ကြံသူများသည် ထိုအခြင်းအရာကိုမြင်သည့်အခါ တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိကုန်၏။ သူတို့သည် စကားဝင် မဟဝံ့ကြပေ။

ထိုအခိုက်တွင် အပြင်ဘက်မှ ခြေသံများ ကြားရသည်။ အမျိုးသားတစ်ယောက်၏အသံ ထွက်ပေါ်လာ၏။

“ဆရာနဲ့ ဆရာဦးလေးတို့ကို တင်ပြပါတယ်။ နောက်ဆုံးအချီက ခုလေးတင် ပြီးသွားပါပြီ။ ချီစုဆောင်းခြင်းအဆင့်တပည့် နှစ်ဆယ့်တစ်ယောက်နဲ့အတူ အခြေခံတည်ဆောက်ခြင်းတပည့်သုံးယောက်လည်း ပါပါတယ်။ ဒီနာမည်စာရင်းကိုလည်း တပည့်ယူလာခဲ့ပါတယ်…”

ဆံဖြူအဘိုးအို၏အမူအရာသည် ပျော့ပြောင်းသွား၏။ သူက ပြောလိုက်သည်။

“ကောင်းပြီလေ…ဒီလိုဆို…အထဲဝင်လာခဲ့ချေ။ တစ်ချက်လောက် ကြည့်ကြည့်တာပေါ့…”

“ဟုတ်ကဲ့ပါ…” ထိုအမျိုးသားသည် တလေးတစား ပြန်ဖြေသည်။ ယင်းနောက် သူက တံခါးဖွင့်ကာ ဝင်လာ၏။ သူသည် အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့်တွင် ရှိကာ အရပ်မြင့်မြင့်နှင့် ခန္ဓာကိုယ်သန်မာထွားကြိုင်းသည့်သူတစ်ယောက်ပင်။

“ရွေးချယ်ခံရတဲ့ တပည့်စာရင်းနဲ့ သူတို့နာမည်တွေပါဗျ…” ထိုသူက သူ့အင်္ကျီဝတ်ရုံထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး အဘိုးအိုထံ ကမ်းပေးသည်။

အဘိုးအိုက ခေါင်းညိတ်ပြပြီး ကျောက်စိမ်းပြားကို လက်ခံယူသည်။

“အန်…” သူ့စိတ်ဝိညာဉ်အာရုံဖြင့် ၎င်းကို စစ်ဆေးကြည့်ပြီးနောက် အံ့အားသင့်ဟန် အရိပ်အယောင် ဖြစ်ပေါ်သွား၏။ ဝတ်ရုံနီဖြင့်ကျင့်ကြံသူ၏အမူအရာမှာ လှုပ်ခတ်သွားပြီး သူက မေးလိုက်သည်။ “ဘာများဖြစ်လို့လဲဗျ။ ဒီနာမည်စာရင်းမှာ တစ်ခုခုများ မှားနေလို့လား…”

အခြားသူများသည်လည်း ထိုအဘိုးအိုကို အထူးအဆန်းဖြစ်ဟန်ဖြင့် လှမ်းကြည့်ကြသည်။

“ဘာမှ မဟုတ်ဘူး။ ဂျူနီယာညီလေးတို့ တစ်ချက်လောက် ကြည့်ကြည့်ကြ…”

ထိုသို့ပြောပြီး အဘိုးအိုက ကျောက်စိမ်းပြားကို သူ့ဘေးရှိ အသားဝါဝါနှင့်အဘိုးအိုထံ လှမ်းပစ်ပေးလိုက်သည်။

ကျောက်စိမ်းပြားကို ကြည့်ပြီးနောက် ထိုအဘိုးအိုလည်း အံ့အားသင့်သွားပြီး အခြားတစ်ယောက်ထံ လှမ်းပေးသည်။ ခဏအကြာတွင် လူတိုင်းသည် ကျောက်စိမ်းပြားကို ကြည့်ပြီးသွားကြလေပြီ။ သူတို့အားလုံး၏အမူအရာတွင် အံ့အားသင့်ဟန် ဖြစ်ပေါ်နေကြသည်။ နွေဦးတောင်သခင်ရှင်းက ထိုကျောက်စိမ်းပြားကို ဖတ်ကြည့်ပြီးနောက် အတော်လေး အံ့အားတသင့် ဖြစ်သွားသည့်ပုံပင်။

နှုတ်ခမ်းမွှေးစစနှင့်သက်လတ်ပိုင်းလူက သက်ပြင်းချကာ ဖြည်းဖြည်းချင်း ပြော၏။

နွေ”ဦးတောင်က တပည့်ခြောက်ယောက်တောင် ရွေးချယ်ခံရလိမ့်မယ်လို့ ကျုပ် မထင်ထားမိတာ အမှန်ပဲ။ ကြည့်ရတာ ဂျူနီယာညီလေးရှင်းက သူ့တပည့်တွေအပေါ် ကောင်းကောင်း သင်ပြပေးခဲ့ပုံရတယ်…”

ကောက်ကျစ်သည့်မျက်နှာပိုင်ရှင်ကျင့်ကြံသူက ရွှဲ့တည့်တည့်ဖြင့် ဝင်ပြော၏။

“ညီလေးရှင်းက ဒီဓားပြိုင်ပွဲမှာ အနိုင်ရဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ။ ဒီတပည့်တွေကို လေ့ကျင့်ပေးဖို့ မင်း အတော်လေး အားစိုက်ထုတ်ခဲ့ရမှာပဲ…”

သူ၏လျှို့ဝှက်ဓားတောင်မှ တပည့်သုံးယောက်သာ ဤရွေးချယ်ခံစာရင်းထဲတွင် ပါဝင်နေခြင်းသည် သူ့ကို အတော်လေး အရှက်ရသွားစေခဲ့ပေသည်။

“မဟုတ်တာ။ ကျုပ် အဲ့လို မလုပ်ပေးခဲ့တာ သေချာတယ်။ နွေဦးတောင်က ဒီလောက် တပည့်အရေအတွက် ခပ်များများ ရွေးချယ်ခံခဲ့ရတဲ့အပေါ် ကျုပ်ကိုယ်တိုင်လည်း အံ့အားသင့်မိရတာပဲ။ သူတို့ထဲက နှစ်ယောက်ဆို ချီစုဆောင်းခြင်းအဆင့်တစ်ဆယ်ပဲ ရှိသေးတဲ့ ဟန်လိနဲ့ တုတုံတို့တောင် ပါနေသေးတယ်။ ကျုပ်သာ အမှတ်မမှားရင် အဲ့နှစ်ယောက်က ပြီးခဲ့တဲ့နှစ်ကမှ ဂိုဏ်းထဲ ဝင်လာခဲ့ကြတာ ဖြစ်မယ်။ သူတို့က ဘယ်လိုများ ဒီရွေးချယ်ခံစာရင်းထဲ ပါလာနိုင်ရလဲဆိုတာ မစဉ်းစားတတ်အောင်ပဲ…”

ရှင်းမျိုးရိုးနှင့်သက်လတ်ပိုင်းလူသည် တစ်ကိုယ်တည်း တီးတိုးရေရွတ်နေပြီးနောက် တည်ငြိမ်စွာ ပြောသည်။

“သိုင်းတူလေးကော…သူတို့က ဘယ်လိုပုံစံနဲ့ ဒီပြိုင်ပွဲမှာ အနိုင်ရခဲ့တာလဲ…”

အခန်းထဲဝင်လာသောသူက ချက်ခြင်း ပြန်ဖြေသည်။

“သူတို့ရဲ့ နည်းလမ်းတွေက မထူးဆန်းပါဘူး။ သိုင်းတူလေးတုမှာက အလွန်အစွမ်းထက်တဲ့ ထိပ်တန်းအဆင့် ရေခဲဓာတ် လက်နက်တစ်ခု ပိုင်ဆိုင်ထားတယ်။ ဒီလက်နက်က တိုက်ခိုက်မှုကော၊ခုခံမှုကောမှာ အစွမ်းထက်တဲ့ပုံပဲဗျ။ ပြီးတော့ ဒီလက်နက်က သူ အသုံးပြုတဲ့ ပညာရပ်တွေနဲ့လည်း အတော်လေး ကိုက်ညီမှု ရှိတယ်။ ဒါကြောင့် သူဟာ သူ့မှော်ပစ္စည်းနဲ့ ပြိုင်ပွဲကွင်းကြမ်းပြင်ကို ခဲပစ်ပြီးတာနဲ့ ရန်သူအားလုံးဟာ သူ့ကို မယှဉ်သာအောင် ဖြစ်ကုန်ကြတာ…”

မုတ်ဆိတ်နှင့်သက်လတ်ပိုင်းလူက ကြားဖြတ်ကာ ဝင်မေးသည်။

“အို…ဘယ်လို မှော်ပစ္စည်းမျိုးမို့လဲ။ မင်း ကျုပ်တို့ကို သေချာရှင်းပြပေးလို့ ရလား…”

“အဲ့တာက ဘီးအသွင် မှော်ပစ္စည်းတစ်ခုပါ။ အချင်းဝက်က တစ်ပေသာသာလောက်ပဲ။ လခြမ်းကွေးတစ်ခုလည်း အဲ့ဘီးအပေါ်မှာ ရေးထွင်းထားတယ်။ ဒီမှော်ဘီးက အသက်ဝင်တာနဲ့ အဖြူရောင်လင်းလက်ပြီး ချက်ခြင်းပဲ ရေခဲအရံအတားကို အသက်သွင်းပေးနိုင်သလို ချီစွမ်းအားကို အေးခဲစေတဲ့ မြူနဲ့လည်း တိုက်ခိုက်နိုင်တယ်…”

ထိုသက်လတ်ပိုင်းလူ၏မျက်လုံးမှာ အရောင်လက်သွား၏။ သူက အံ့အားသင့်ဟန်ဖြင့် ပြောသည်။

“ကြည့်ရတာ…ဒါက တုဂိုဏ်းက လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ရေခဲလဘီးနဲ့ အတော်လေး ဆင်တူတာပဲ။ တုဂိုဏ်းဟာ လွန်ခဲ့တဲ့နှစ်နှစ်ရာလောက်တည်းက ပျက်သုဉ်းသွားခဲ့ပြီးပြီ။ ဒီတုတုံက အဲ့ဂိုဏ်းရဲ့ မျိုးဆက်တစ်ယောက်များ ဖြစ်နေမလား…”

ဆံဖြူအဘိုးအိုက သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်ပြီး ဖြေးဖြေးမှန်မှန်လေသံဖြင့် ပြောလာသည်။

“အင်း…အဲ့လို ဖြစ်နိုင်ခြေများတယ်။ တကယ်တော့…တုဂိုဏ်းဟာ ဂိုဏ်းငယ်လေးတစ်ခု မဟုတ်ခဲ့ဘူး။ အဲ့တုန်းက ကပ်ဘေးကနေ လွတ်မြောက်ခဲ့ပြီး ဇာတ်မြှုပ်ပုန်းကွယ်နေခဲ့တဲ့ တပည့်တချို့တော့ ရှိနေခဲ့မှာ သေချာတယ်။ သူတို့ဟာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးတဲ့နောက် သူတို့ရဲ့ ရန်သူတွေက သူတို့အပေါ် အာရုံမစိုက်လောက်တော့ဘူးလို့ ယုံကြည်သွားတာ ဖြစ်မယ်။ ဒါကြောင့် သူတို့ ပြန်ထွက်ပေါ်လာတာပဲ…”

းလုံးအချို့ တိုက်ကျွေးပြီး သူမ၏ကျင့်ကြံမှုကို ပို၍ မြန်ဆန်အောင် ပြုလုပ်ပေးခဲ့သည်။

All Chapters