← Chapters

ဓားပြိုင်ပွဲ၏ ယှဉ်ပြိုင်တိုက်ပွဲများ (၂)

Vol. 45 Ch. 628

ဓားပြိုင်ပွဲ၏ ယှဉ်ပြိုင်တိုက်ပွဲများ (၂)

Vol. 45 Ch. 628

အလင်းအကာအရံအပြင်ဘက်ရှိ လူအုပ်ကြီးသည် အံ့ဩတကြီးဖြင့် ထအော်ကြသည်။

ဒိုင်ဖြစ်သူဦးခေါင်းပြောင်နှင့်လူပင် ဟန်လိကို ထူးထူးဆန်ဆန်းဟန်ပန်ဖြင့် ကြည့်နေသည်။ ခဏအကြာမှ သူသည် ကျယ်လောင်စွာ ကြေညာလိုက်၏။

“မျောလွင့်တိမ်ဂိုဏ်းရဲ့ဟန်လိ အနိုင်ရပါတယ်…”

ဟန်လိသည် ဒိုင်ကို တည်ငြိမ်သည့်ဟန်ပန်ဖြင့် ဦးညွှတ်လိုက်ပြီး အလင်းအကာအရံထဲမှ လှမ်းထွက်လာလေသည်။ ခဏအကြာတွင် ရှေးဟောင်းဓားဂိုဏ်းမှ တပည့်နှစ်ယောက်သည် စင်မြင့်ထံ အပြေးအလွှားရောက်လာကြပြီး သတိမေ့နေသော သူတို့ဂိုဏ်းဝင်ကို ထမ်းပိုးခေါ်ဆောင်သွားသည်။

ကျန်းအမည်ရအဘိုးအိုသည် စင်မြင်ပေါ်သို့ မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေသည်။ ထို့နောက် သူ့မျက်နှာမှာ ရှုံ့တွသွား၏။ သူသည် အဆင့်နိမ့်တပည့်များကြား၌ ဗျူဟာကျသည့်နည်းလမ်းအချို့ကို အသုံးပြုကြမှန်း သိသော်လည်း ဤကဲ့သို့ အဆောင် မြောက်များစွာဖြင့် တိုက်ခိုက်သည့်နည်းလမ်းကိုမူ မမျှော်လင့်ထားမိခဲ့ပေ။ သူသည် စောစောလေးကပင် သည်တပည့်အပေါ် မျှော့်လင့်ချက်မြင့်မြင့် ထားခဲ့သောကြောင့် အနီရောင်ဝတ်ရုံနှင့်အဘိုးအိုကိုပင် ထေ့လှောင်ခဲ့သေးသည်။ အခုတော့ သူသာ ပြန်ခံနေရပေပြီ။ ခဏအကြာတွင် သူ၏မျက်နှာထက်တွင် ရှက်ရွှံ့ဟန်ပေါ်လာပြီး သုန်မှုန်တိတ်ဆိတ်သွားတော့သည်။

အဘိုးအိုဖုသည် ဟန်လိ၏တိုက်ပွဲကိုကြည့်ကာ မရယ်မောမိဘဲ မနေနိုင် ဖြစ်ရလေ၏။

“အစ်ကိုသွမ်…ဒီတပည့်က အတော်လေး စိတ်ဝင်စားစရာပဲဗျို့။ သူက အဆောင်တွေအတွက် စိတ်ဝိညာဉ်ကျောက်တုံး တော်တော်များများကို အသုံးပြုခဲ့တာပဲ. ဒါက လှည့်ကွက်တစ်ခုဆိုပေမဲ့ မီးလုံးအဆောင်အများအပြားကို တစ်ပြိုင်နက်တည်း ထုတ်ဖော်တိုက်ခိုက်ဖို့အတွက် လေ့ကျင့်သားပြည့်ဝမှ ရမှာ။ သာမန်တပည့်တွေဆို ဒီလိုလုပ်နိုင်ဖို့ ခက်ခဲလိမ့်မယ်…”

အနီရောင်ဝတ်စုံနှင့်အဘိုးအိုသည် ရှေးဟောင်းဓားဂိုဏ်းမှ ကျန်းယွမ်၏အမူအရာကို ကြည့်ကာ အတော်လေးကို နှစ်ထောင်အားရ ဖြစ်နေသည်။ သို့သော် သူသည် အပြင်ပိုင်းတွင်မူ သူက သည်အောင်ပွဲအကြောင်း ဘာမျှမဟုတ်လေဟန်ဖြင့် စကားဆိုသည်။

“ဒီကိစ္စက ဘာမှတော့ မထူးခြားပါဘူး။ ကျုပ်တို့ဂိုဏ်းရဲ့ ဒီတပည့်ဟာ အဆောင်သန့်စင်ခြင်းမှာ ကျွမ်းတယ်လေ။ အဆောင်တွေနဲ့ တိုက်ခိုက်တာဟာ သူ့အတွက် ပုံမှန်ပါပဲ။ ဒါပေမဲ့ ကျုပ်ကိုတောင် အံ့အားသင့်သွားစေခဲ့တာက အဆောင်အများအပြားကို သူ့အနေနဲ့ တစ်ပြိုင်နက်တည်း အသုံးပြုနိုင်တာပဲ…”

ကျန်းယွမ်သည် မကျေမနပ်ဖြင့် တီးတိုးရေရွတ်လိုက်၏။

“ဟက်…အဆောင်အများအပြားကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်စွမ်း ရှိတာပဲမလား။ အခု တခြားသူတွေ သူ့လှည့်ကွက်ကို သိသွားကြပြီ။ နောက်ပိုင်းအချီတွေကျရင် ခင်ဗျားရဲ့ ဒီတပည့်က ကျိန်းသေပေါက် ရှုံးမှာပဲ…”

အနီရောင်ဝတ်စုံနှင့်အဘိုးအိုသည် ရယ်မော၍ ပြန်ပြောသည်။

“အဲ့လိုလား…”

မိုးပြာဝတ်ရုံနှင့် ပညာတတ်လူကြီးကမူ အောက်သို့ငုံ့၍ ဟန်လိကို တစ်ချက်လှမ်းကြည့်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒါပေမဲ့လို့…ဒီတပည့်ရဲ့ လှုပ်ရှားမှုပညာရပ်တွေဟာ သေမျိုးသိုင်းလောကရဲ့ လျှပ်စီးသိုင်းပညာရပ်ဖြစ်မယ်လို့ ကျုပ် ထင်တယ်။ မဟုတ်ရင် သူက သိုင်းတူလေးယောင် သတိမထားနိုင်ခင် မြန်မြန်ဆန်ဆန်နဲ့ ဘယ်တိုက်ခိုက်နိုင်ပါ့မလဲ…”

“ရောင်းရင်းပိုင်က သေချာမြင်နိုင်စွမ်းရှိတာပဲ။ ကျုပ်တို့ဂိုဏ်းရဲ့ အဲ့တပည့်ဟာ လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး ပညာရပ်ပေါင်းစုံကို သင်ယူခဲ့တဲ့သူပါ။ ုါက ကျုပ်တို့ဂိုဏ်းကို အတော်လေး အရှက်ရစေတဲ့ကိစ္စပဲဗျ…”

ပညာတတ်လူကမူ ပြုံး၍ ပြောလိုက်သည်။ “အဲ့လိုလည်း မဟုတ်ပါဘူး။ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ကျုပ်လည်း သေမျိုးသိုင်းပညာရပ်တွေကို စိတ်ဝင်စားလို့ လေ့လာခဲ့ဖူးသေးတယ်။ ဒီသိုင်းပညာရပ်တွေဟာ အဆင့်မြင့်ကျင့်ကြံသူတွေအတွက် အသုံးမတည့်လှပေမဲ့ ကျွမ်းကျင်တဲ့ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ထဲမှာဆိုရင်တော့ သူတို့ရဲ့ စွမ်းအားကို ပိုကောင်းမွန်သွားစေနိုင်တယ်။ဒါ့အပြင် ဒီတပည့်ဟာ အဲ့ပညာရပ်ကို သေချာလေ့လကျင့်ထားပြီး တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝတဲ့ပုံပဲ။ ကျုပ်တို့ဂိုဏ်းရဲ့ တပည့်က သူ့ကို ရှုံးသွားတာ မမျှတတာမျိုးတော့ မဟုတ်ပါဘူးလေ…”

ဂိုဏ်းသုံးဂိုဏ်းမှ ကျွမ်းကျင်သူများသည် ဆက်၍ ဆွေးနွေးနေကြစဉ် ဒိုင်နေရာ၌ အနာဂတ်ခန့်မှန်းခြင်းခန်းမမှ ဦးခေါင်းပြောင်လူအစား မျောလွင့်တိမ်ဂိုဏ်းမှ အဘိုးအိုတစ်ယောက်က လူစားဝင်လာသည်။ သူက အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။

“ဒုတိယတိုက်ပွဲကို ယှဉ်ပြိုင်ရမှာကတော့ အနာဂတ်ခန့်မှန်းခြင်းခန်းမရဲ့ ထျန်စီနဲ့ ရှေးဟောင်းဓားဂိုဏ်းက ကျိုးရှုတို့ပဲ ဖြစ်တယ်…”

တအောင့်အကြာတွင် သက်ဆိုင်ရာဂိုဏ်းမှ လူငယ်တို့ စင်မြင့်ပေါ်သို့ တက်လာကြပြီး တစ်ယောက်နှင့်တစ်ယောက် လေးစားသမှုပြကာ နှုတ်ဆက်ကြသည်။ ဒိုင်အဘိုးအိုက တိုက်ပွဲစရန် ကြေညာလိုက်သည်နှင့် သူတို့သည် မန္တာန်ချိပ်ဟန်များ ဖန်တီးကာ သူတို့၏မှော်လက်နက်များကို အသုံးပြုကြသည်။

ဂိုဏ်းသုံးဂိုဏ်းမှ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည်လည်း ပြီးခဲ့သောတိုက်ပွဲအကြောင်း ပြောဆိုနေခြင်းကို ရပ်ကာ လာမည့်တိုက်ပွဲအသစ်ကို ကြည့်ရှုကြသည်။ အစောပိုင်းတုန်းက ဟန်လိ၏တိုက်ပွဲကြောင့် ခုလက်ရှိ သတိထားကာ ယှဉ်ပြိုင်နေကြသော တိုက်ပွဲသည် ပွဲကြည့်သူများကို ပျင်းရိလာစေသည်။

တိုက်ပွဲစတင်ပြီး အရှိန်ရလာသည်နှင့်အမျှ ရှေးဟောင်းဓားဂိုဏ်းမှ တပည့်သည် သူ့မှော်ဓားကို အသုံးပြု၍ ရန်သူ၏ခံစစ်ကို ချိုးဖျက်ကာ တည်တည်ငြိမ်ငြိမ် အနိုင်ယူသွားသည်။

ထို့နောက်တွင်မူ ပထမအချီထိ တိုက်ပွဲများကို နောက်နှစ်ရက် ကြာသည့်အထိ ဆက်လက်ကျင်းပသည်။

ရှေးဟောင်းဓားဂိုဏ်းမှ ကျင့်ကြံသူများ၏ ခွန်အားသည် နာမည်ကျော်ကြားသည့်အတိုင်း ကောင်းမွန်လှပေ၏။ ဟန်လိနှင့်အချို့သူများကလွဲ၍ ပြိုင်ပွဲအချီအများစု၌ ရှေးဟောင်းဓားဂိုဏ်းမှ တပည့်များကသာ လွှမ်းမိုးထားသည်။

ထိုမြင်ကွင်းကိုကြည့်ကာ ကျွန်းယွမ်သည် ပြုံးဖြီးပျော်ရွှင်နေ၏။ အစောပိုင်းတုန်းက သူ၏သုန်မှုန်မှုများလည်း လျော့ပါးသွားခဲ့လေပြီ။ အမှန်တွင်မူ မျောလွင့်တိမ်ဂိုဏ်းနှင့် အနာဂတ်ခန့်မှန်းခြင်းဂိုဏ်းတို့သည်လည်း ဤရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်၏။ သူတို့သည် အရှက်ရမိသော်ငြား မျက်နှာပေါ်တွင် မပေါ်စေဘဲ ဂရုမစိုက်သည့်အမူအရာ ဟန်ဆောင်ထားကြသည်။ သူတို့၏အမူအရာ သက်သက်ကိုသာ ကြည့်ပါက သူတို့သည် အနိုင်ရနေသည့်ဘက်ကအလား ထင်မှတ်ရသည်။

ပြိုင်ပွဲဒုတိယအချီတွင် ဟန်လိ၏ရန်သူသည် အနာဂတ်ခန့်မှန်းခြင်းခန်းမမှ အမျိုးသမီးကျင့်ကြံသူတစ်ယောက်ပင်။ သူမက ဟန်လိနှင့် မျက်နှာချင်းဆိုင်သည်နှင့် မှော်ပစ္စည်းကိုအသုံးပြုကာ လေထဲသို့ ခုန်တက်သွားသည်။

ဟန်လိ၏အဆောင်များဖြင့် တိုက်ခိုက်မှုကို လေထဲတွင်ဆို ရှောင်နိုင်မည်၊ သူ့လျင်မြန်လှသော ပညာရပ်ထံမှ လွတ်နိုင်မည်ဟု သူမက နားလည်ထားသည်။ ထိုမြင်ကွင်းကို မြင်သည့်အခါ ဟန်လိက သက်ပြင်းချကာ မီးလုံးအဆောင်များအား စကားတစ်ခွန်းမှ မဆိုဘဲ ပစ်လွှတ်လိုက်သည်။

အမျိုးသမီးက တိုးဝင်လာသောမီးလုံးများကို ရှောင်မည်ဟု တွေးမိစဉ် ဟန်လိသည် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ မီးလုံးများကို တောက်ပလင်းထိန်သွားစေ၏။ မီးလုံးများကား မီးငှက်များအဖြစ်သို့ ပြောင်းလဲသွားလေပြီ။ ထိုအခါ ထိုအမျိုးသမီးသည် အကြီးအကျယ် လန့်ဖျန့်သွားပြီး သူမ၏မှော်လက်နက်ကို အသုံးပြု၍ ကာကွယ်ရန် ဟန်ပြင်သည်။ သို့ရာတွင် ဟန်လိသည် ဤသို့သောအခွင့်အရေးမျိုးကို ဘယ်ပေးပါ့မည်နည်း။ ဟန်လိက မန္တာန်ရေရွတ်ကာ မီးငှက်များကို အမျိုးသမီးထံ ဘက်ပေါင်းစုံမှ ချက်ခြင်း တိုးဝင်သွားစေသည်။

ထိုအမျိုးသမီးသည် အဆောင်တစ်ခုဖြင့် ရေဓာတ်အရံအတားတစ်ခုကို ထုတ်ဖော်ကာ သူမကိုယ်သူမ ခြုံလွှမ်းနိုင်လိုက်သော်ငြား ဟန်လိ၏ ကြမ်းတမ်းသောတိုက်ခိုက်မှုကို တောင့်ခံနိုင်စွမ်းမရှိချေ။ သူမ၏အရံအတားမှာ တအောင့်သာ ခုခံနိုင်ပြီး တစစီပျက်စီးသွားသည်။

အကူအညီမဲ့စွာဖြင့် ထိုအမျိုးသမီးသည် အရှုံးပေးလိုက်ရတော့သည်။

ဤတိုက်ပွဲပြီးသည့်နောက် အခြားဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များသည် အကြီးအကျယ် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြ၏။ သူတို့သည် ဟန်လိသည် အဆောင်များကို ပေါပေါသီသီသုံးနိုင်ရုံကလွဲ၍ မည်သည့်အရည်အချင်းမျှ မရှိဟု ယုံကြည်ခဲ့ကြသည် မဟုတ်လား။ သို့ပေမည့် အဆုံးသတ်တွင်မူ…။

အိပ်မက်တိမ်တောင်တန်း၏ အလယ်တွင် လူသူကင်းမဲ့လှသော တောင်ကြားတစ်ခု ရှိနေသည်။ ထိုတောင်ကြားကို ယင်မြူလှိုင်းများ ခြုံလွှမ်းထားခဲ့တာ နှစ်ပရိစ္ဆေဒကြာမြင့်ခဲ့လေပြီ။ လူတစ်ယောက်သည် ထိုတောင်ကြားထဲသို့ ဝင်ရောက်လာပါက သူ့လက်ကိုယ်ပင် သူ မမြင်နိုင်လောက်သည့်အထိ ဤနေရာတွင် အမှောင်ထုက ကြီးစိုးလျက် ရှိသည်။ ထို့အပြင် မြွေကြီးများ၊အင်းဆက်များကလည်း မရေမတွက်နိုင်အောင်ပင်။ တောင်ကြား၏ အရွယ်အစားသေးငယ်မှုကြောင့် ၎င်းသတ္တဝါများသည် တောင်ကြားထဲ ဖြတ်သွားဖြတ်လာ ကျင့်ကြံသူတိုင်းကို အလွယ်တကူ မြင်နိုင်စွမ်း ရှိကြသည်။

သို့ပေမည့် ယနေ့တွင်မူ တောင်ကြား၏မြူများက ခါတိုင်းထက် ပို၍ သိပ်သည်းလာခဲ့သည်။ သို့သော် ထိုတောင်ကြား၏အနက်ရှုံးဆုံးအပိုင်းရှိ မြူများကမူ သိသိသာသာ ဗရမ်းဗတာဖြစ်နေကြသည်။ အဖြူရောင်အလင်းလင်းလက်သွားခြင်းနှင့်အတူ ပုံရိပ်နှစ်ခုသည် ထူးခြားဆန်းကြယ်သည့် ကျောက်တုံးပုံတစ်ခုဘေးတွင် ရုတ်တရက် ပေါ်လာကြသည်။

ထိုပုံရိပ်နှစ်ခုထဲမှတစ်ခုသည် မီးခိုးရောင်ဝတ်ရုံဖြင့် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူ၏ပုံစံက ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါ်နေသည်။ အခြားတစ်ယောက်ကမူ မိုးပြာရောင်ဝတ်ရုံကို ကျောက်စိမ်းခါးစည်းဖြင့် ပတ်ချည်ကာ ဝတ်ဆင်ထားပြီး ပညာရှိဟန်ပေါ်သော အမျိုးသားတစ်ယောက်ပင်။

ကျောက်တုံးပုံဘေးတွင် မည်သူမျှမရှိတာ ရှင်းနေသော်ငြား အမျိုးသားတစ်ဦး၏ ခပ်ဩဩစကားသံ ထွက်ပေါ်လာသည်။

“ရှေးဟောင်းဓားဂိုဏ်းက အစ်ကိုပိုင်နဲ့ မျောလွင့်တိမ်ဂိုဏ်းက ရောင်းရင်းယုတို့ မဟုတ်လား။ ဓားပြိုင်ပွဲက ပြီးသွားပြီလား…”

ပညာရှိဟန်ပန်ပေါက်နေသော အစ်ကိုပိုင်ဆိုင်သူက ပြန်တုံ့ပြန်လိုက်သည်။

“ဆိုတော့ အစ်ကိုယွဲ့က ဒီနေ့ တာဝန်ယူထားတဲ့သူပေါ့။ ဟုတ်ပါတယ်…ဓားပြိုင်ပွဲက ပြီးသွားပြီ။ ပြင်ဆင်ထားတဲ့ တောက်ပမြင်ကွင်းရေ ရှိ၊မရှိ တွေ့မြင်ရဖို့ ကျုပ်တို့ လာကြည့်ကြတာ။ တောက်ပမြင်ကွင်းရေအဆင်သင့်ဖြစ်ပြီဆိုမှ မထင်မှတ်တာတစ်ခုခု မဖြစ်ရအောင် ကျုပ်တို့တွေ တပည့်ဆယ်ယောက်ကို ဒီနေရာဆီ တိုက်ရိုက် တည်နေရာရွှေ့ပြောင်းကြမလို့ပါ…”

သူ့ဘေးရှိ မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုကမူ မထူးခြားနားဟန်ပန်ဖြင့် နှုတ်ဆိတ်၍သာ ရှိနေသည်။

အစောပိုင်းတုန်းက စကားစပြောခဲ့သောသူကမူ လက်မခံသည့်သဘောဖြင့် ပြောလာသည်။

“မထင်မှတ်တာ တစ်ခုခု ဖြစ်နိုင်မယ်တဲ့လား။ ဒီနေရာကို အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူသုံးယောက်က အချိန်ပြည့် စောင့်ကြပ်နေတာလေ။ အဆင့်နိမ့်ကျင့်ကြံသူတွေကို ခင်ဗျားနဲ့အတူတူ ဘာကြောင့် တစ်ခါတည်း မခေါ်လာခဲ့ရတာလဲ။ သူတို့က ပြဿနာရှာမှာ ခင်ဗျား ကြောက်နေလို့လား…”

ကျင့်ကြံသူပိုင်က ခေါင်းရမ်းကာ ပြော၏။

“စိတ်ဝိညာဉ်စိမ့်တွင်းသစ်ပင်ဟာ အလွန်အရေးကြီးတဲ့ကိစ္စ။ ဒါကြောင့် ဂရုစိုက်တာ ပိုကောင်းတယ်။ ဒါ့အပြင် တောက်ပမြင်ကွင်းရေထဲ စိမ့်ကျနေတဲ့ အပင်ဝတ်ရည်ဟာလည်း အရေးကြီးဆုံးအဆင့်မှာ။ ဒီအဆင့်ပြီးမှ စိတ်ဝိညာဉ်ရေကို သူတို့ရဲ့ အမြင်အာရုံတွေ သန့်စင်စေဖို့အတွက် အသုံးပြုနိုင်မှာ ဖြစ်တယ်။ မဟုတ်ရင် ၎င်းရဲ့ အာနိသင်က အများကြီး လျော့ပါးသွားလိမ့်မယ်။ အဲ့လိုသာဖြစ်ခဲ့မယ်ဆို ကျုပ်တို့က တပည့်ဆယ်ယောက်ကို ဒီနေရာဆီ ခေါ်လာဖို့ ဘာလို့ လိုအပ်နေဦးမလဲ…”

တစ်ဖက်သူသည် ရယ်မောကာ ယုံကြည်မှုရှိစွာ ပြန်ပြောသည်။

“ကောင်းပြီ…တောက်ပမြင်ကွင်းရေလည်း ပြင်ဆင်ပြီး။ သူတို့ရဲ့ အမြင်အာရုံကို သန့်စင်ပြီးတာနဲ့ သူတို့က ချက်ခြင်းလက်ငင်း ထွက်သွားကြမှာလား။ ဒီနေရာမှာ အတားအဆီးတွေ အများကြီး ရှိနေတာမို့ မင်းက သူတို့ကို ဒီနေရာဆီ တည်နေရာရွှေ့ပြောင်း ခေါ်လာခဲ့မယ်ဆိုရင်တောင် သူတို့အနေနဲ့ ဒီနေရာကို ဘယ်နေရာမှန်း သိကြမှာ မဟုတ်ဘူး…”

ကျင့်ကြံသူပိုင်သည် ခေါင်းညိတ်ကာ ပြော၏။

“ဒါဆိုလည်း အကောင်းဆုံးပေါ့။ အစ်ကိုယုက တစ်ချိန်လုံး နောက်ကွယ်မှာ ရှိနေတာပဲကို။ ကျုပ်တို့ဂိုဏ်းက တာအိုရောင်းရင်းတွေဆီ တပည့်တွေကို ဒီနေရာဆီ တည်နေရာရွှေ့ပြောင်းပေးဖို့ ကျုပ် အကြောင်းကြားလိုက်ပါမယ်…”

ထိုစဉ် တစ်ဖက်သူသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး‌ မေးလိုက်သည်။

“အို…ဟုတ်သားပဲ။ ဒီတစ်ခေါက် ဓားပြိုင်ပွဲရဲ့ အနိုင်ရသူကလည်း ခင်ဗျားတို့ ရှေးဟောင်းဓားဂိုဏ်းကပဲမလား…”

မိုးပြာဝတ်စုံနှင့်လူကြီး ပြုံး၍ ပြန်ပြောသည်။

“အဟုတ်ပဲ။ အနိုင်ရသူက ကျုပ်တို့ရှေးဟောင်းဓားဂိုဏ်းက သိုင်းတူလေးမန်းတိပဲ…”

တစ်ဖက်သူ၏အသံသည် ထပ်မံထွက်ပေါ်လာသည်။

“ဟားဟား…ခင်ဗျားတို့ရှေးဟောင်းဓားဂိုဏ်းရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက ကျုပ်တို့ဂိုဏ်းထက် ပိုအားကောင်းတာ အံ့အားသင့်စရာ မရှိပါဘူး။ ဒါပေမဲ့ အမြုတေအဆင့်ကို ရောက်သွားတယ်ဆိုရင်တော့ ဘယ်သူက ပိုသန်မာမလဲဆိုတာ ပြောဖို့ခက်တယ်နော်။ အခွင့်အရေးသာရမယ်ဆို ခင်ဗျားတို့ရဲ့ စီနီယာအစ်ကိုစန်နဲ့ တွေ့ချင်သေးတယ်။ ကျုပ်က သူနဲ့ ပညာစမ်းကြည့်ချင်တာပါ…”

ကျင့်ကြံသူပိုင်သည် ခဏ ငြိမ်သွားသည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါး ပြုံး၍ ပြောလာသည်။

“ကြည့်ရတာ အစ်ကိုယွဲ့က ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက စီနီယာအစ်ကိုစန်လုံကို ရှုံးခဲ့တဲ့အပေါ် အခဲမကြေသေးတာ ထင်တာ။ ဒါပေမဲ့ ကျုပ်အနေနဲ့ အစ်ကိုယွဲ့ကို စိတ်ပျက်စေမှာ စိုးမိတယ်။ ဘာလို့ဆို စီနီယာအစ်ကိုစန်ဟာ အမြုတေနောက်ဆုံးအဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့ တံခါးပိတ်ကျင့်ကြံနေပြီလေ…”

All Chapters