← Chapters

ကောင်လေး

Vol. 45 Ch. 630

ကောင်လေး

Vol. 45 Ch. 630

သူတို့အုပ်စုသည် ကျောက်တံခါးရှေ့သို့ ရောက်သွားသည်နှင့် အဝါရောင်ဝတ်စုံဖြင့် ကျင့်ကြံသူ၏ အမိန့်ပေးတံဆိပ်ပြားသည် မှိန်ဖျော့သွားပြီး လမ်းကြောင်းမှာ လုံးဝ ပျောက်ကွယ်သွား၏။

သူက မထူးခြားနားစွာဖြင့် အမိန့်ပေး၏။

“လိုက်ကြမယ်…”

သူသည် တစ်ဖက်သို့ လှည့်၍ မန္တာန်လက်ဟန်အမျိုးမျိုးကို ထုတ်ဖော်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ကို ပင့်မြှောက်၏။ သူ့လက်နှစ်ဖက်မှ ကြက်သွေးရောင်နှင့်အဝါရောင်အလင်းတို့သည် ဧရာမကျောက်တံခါးထံ တိုးဝင်သွားသည်။

ရုတ်တရက် တင်းကျပ်စွာ ပိတ်နေသောကျောက်တံခါးပေါ်ရှိ အဆောင်သင်္ကေတများသည် စတင်လှုပ်ခတ်လာပြီး တံခါးထံမှ တိုးညင်းသည့်မြည်သံများ ဆက်တိုက်ထွက်ပေါ်သည်။ ဂိတ်တံခါးသည် ဖြည်းဖြည်းချင်း ပွင့်ဟကာ လျှောက်လမ်းရှည်တစ်ခု ပေါ်လာသည်။

အဝါရောင်ဝတ်စုံနှင့်ကျင့်ကြံသူသည် စကားမဆိုဘဲ ရှေ့သို့ လှမ်းဝင်သွားသည်။ အခြားသူများသည်လည်း တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ သူ့နောက်သို့ လိုက်ပါသွားကြသည်။

ဟန်လိသည် တပည့်များကြားတွင် ရပ်နေလျက် ရှေ့သို့ စိုက်ကြည့်နေလေသည်။ သို့ပေမည့် အမှန်တကယ်တွင်မူ သူသည် သူ့နတ်ဘုရားအာရုံဖြင့် အနီးဝန်းကျင်ရှိ အရာအားလုံးကို စောင့်ကြည့်နေခြင်းပင်။

ဤလျှောက်လမ်းသည် သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ လူပြုလုပ်ထားသောလမ်းဖြစ်ကာ တောင်၏ဗဟိုချက်ထံ ဦးတည်ထား၏။ ဥမင်လမ်း၏ နံရံများသည် ချောမွေ့နေရုံသာမက ခြေလှမ်းနှစ်လှမ်းအကွာတိုင်း၌လည်း အဆောင်သင်္ကေတများ ရှိနေ၏။ ဟန်လိသည် ၎င်းတို့ကို အချိန်ပေးကာ မလေ့လာကြည့်နိုင်သော်လည်း ဤသင်္ကေတများမှာ အလှဆင်ထားရုံ သက်သက်မဟုတ်မှန်း သူ သေချာသိ၏။

ဥမင်လျှောက်လမ်းသည် ရှည်လျားလွန်းသည်ဟု မဆိုသာပေ။ မီတာသုံးရာလောက် အကွာအဝေးထိ လျှောက်လာပြီးသည့်နောက် ဟန်လိတို့၏ဝန်းကျင်သည် အလင်းဓာတ် တောက်ပလာကာ မကြာခင်၌ မီတာနှစ်ရာမျှကျယ်ဝန်းပြီး မီတာရှစ်ဆယ်အမြင့်ရှိသည့် ခန်းမတစ်ခုထံ ရောက်လာကြ၏။

ထိုခန်းမ၏အလယ်တွင် တစ်မီတာမျှအမြင့်ရှိသော ကျောက်သားဖြူစင်မြင့်တစ်ခု ရှိနေသည်။ ထိုစင်ပေါ်၌ အဖြူရောင်၊အနက်ရောင် အပိုင်းများ ရှိနေ၏။ ကြည့်ရသည်မှာ ၎င်းစင်မြင့်မှာ စစ်တုရင်ခုံတစ်ခု ဖြစ်ရမည်။ ထို့အပြင် ကစားရုပ်များ၏ အနေအထားအရ စစ်တုရင်ပွဲ၏ အရေးကြီးသောအပိုင်းသို့ ရောက်နေသည့်ပုံပင်။

စင်မြင်၏ တစ်ဖက်စီတွင် အဘိုးအိုတစ်ယောက်နှင့် ကောင်လေးတစ်ယောက်တို့ တင်ပလ္လင်ခွေချိတ်ကာ ထိုင်နေကြသည်။ အဘိုးအိုသည် အသက်ငါးဆယ်ကျော်လောက် ရှိပြီး ကောင်လေးကမူ ဆယ်နှစ်ပင် မပြည့်လောက်သေးပေ။ သူ၏အပြစ်ကင်းစင်သောပုံစံအရ ပြီးပြည့်စုံစွာ ပြန်လည်မွေးဖွားလာသော ကလေးတစ်ယောက်အလား ထင်ရလေ၏။

“သိုင်းဦးလေးလန်…စီနီယာ…ဒီမှာ ဘာလုပ်နေတာလဲ…”

ကျင့်ကြံသူပိုင်သည် ထိုကလေးကို မြင်သည့်အခါ အံ့အားတသင့် ထအော်၏။ ထို့နောက်တွင် သူသည် ခပ်သွက်သွက် ဂါဝရပြုသည်။

“သိုင်းဦးလေးလန်လား…”

မီးခိုးရောင်ဝတ်စုံအဘိုးအိုနှင့် အနာဂတ်ခန့်မှန်းခြင်းခန်းမမှ ကျင့်ကြံသူတို့သည်လည်း ဤနေရာ၌ ထိုကောင်လေးရှိနေတာ မြင်သည့်အခါ စစချင်းတော့ အံ့အားသင့်သွားကြ၏။ သူတို့သည် ထိုကောင်လေး၏ မြင်းမြီးဆံပင်ပုံစံ၊ ခြေဗလာနှင့် သူ့လက်ပေါ်ရှိ ရွှေရောင်ကွင်းတို့ကို မြင်သည်နှင့် ဒဏ္ဍာရီလာ စီနီယာတစ်ယောက်၏အမည်ကို ရုတ်တရက် ပြန်စဉ်းစားမိသွားကြသည်။

“ဂျူနီယာတုပိုင်နဲ့ ယုရှန်တို့က စီနီယာလန်ကို ဂါဝရပြုပါတယ်…”

သူတို့သည် အလန့်တကြားဖြစ်ကာ ထိုကောင်လေးကို အသည်းအသန် ဂါဝရပြုလိုက်ကြသည်။

“ငြိမ်ငြိမ်နေကြစမ်း။ ငါ ဒီမှာ သိုင်းတူလေးဟုနဲ့ စစ်တုရင်ကစားနေတာ အရေးကြီးပိုင်း ရောက်နေတာ မင်းတို့ မမြင်ဘူးလား။ ဒီပွဲပြီးမှ စကားပြောကြ…”

ကောင်လေး၏အသံသည် ငယ်ပုံပေါက်နေ၏။ သို့သော် သူ့စကားတိုင်းကား အချိန်ကာလ၏အသံနေအသံထားဖြင့် ပြည့်နေသည်။

“အမိန့်အတိုင်းပါဗျ…” ကျင့်ကြံသူပိုင်နှင့် အခြားအမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်သည် ချက်ခြင်းပင် ထိုကောင်လေး၏စကားကို လိုက်နာကြပြီး အနီးအနားတွင် နှုတ်ဆိတ်၍သာ ရပ်နေကြသည်။ သူတို့သည် နည်းနည်းလေးမျှ အထွန့်မတက်ဝံ့ကြပေ။

ကောင်လေးနှင့် စစ်တုရင်ကစားနေသော အဘိုးအိုသည် မချိပြုံးပြုံး၍ ထိုသုံးယောက်ထံ လှမ်းကြည့်သည်။ သို့သော် သူသည် မည်သည့်စကားမျှ မဆိုပေ။ အဝါရောင်ဝတ်စုံနှင့်ကျင့်ကြံသူသည် ကောင်လေး၏နောက်တွင် တလေးတစား ရပ်နေ၏။

သူတို့၏သိုင်းဘိုးဘေးများက ဤကောင်လေးကို သိုင်းဦးလေးဟု ခေါ်ဝေါ်ကြသည့်အခါ သူတို့အနေဖြင့် ဂနာမငြိမ် ဖြစ်နေကြလေပြီ။ ချက်ခြင်းပင် ထိုကောင်လေး၏ အဆင့်အတန်းကို သူတို့သည် သဘောပေါက်သွားကာ စိတ်ထဲ၌ ဂနာမငြိမ်ဖြစ်ကာ ပူပန်မှုများ ပြည့်နှက်ကုန်သည်။

ဟန်လိသည် ထိုကောင်လေးကို မြင်သည့်အခါ စိတ်နှလုံးလှုပ်ရှားသွား၏။ ထိုကောင်လေးမှာ အစောပိုင်းစဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်။ သူသည် ဤနေရာတွင် မည်သည့်အတွက်ကြောင့် ပေါ်လာရသနည်း။

သို့ပေမည့် ဟန်လိသည် မကြာခင် တည်ငြိမ်မှု ပြန်ရသွား၏။ ခုလက်ရှိတွင် သူသည် အစောပိုင်းစဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို မယှဉ်နိုင်သေးသော်ငြား သူ့လက်မှ လွတ်မြောက်အောင် လုပ်ရန်မှာ သူ့အဖို့ ပြဿနာ မဟုတ်ပေ။ ထို့အပြင် သူသည် ထိုစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူသည် သူ့ကြောင့် ဤနေရာတွင် ရှိနေခြင်း မဟုတ်ဟု သူ ယုံသည်။

ထိုသို့တွေးကာ ဟန်လိသည် ဖြစ်လာနိုင်သော ကိစ္စများအတွက် မည်သို့စီစဉ်ရမလဲဟု ကြံဆနေသည်။

အဆုံးသတ်တွင်မူ ကောင်လေးနှင့် အဘိုးအိုတို့သည် ဆယ့်ငါးမိနစ်ခန့်ကြာသည့်အခါ စစ်တုရင်ပွဲ အပြီးသတ်သွားလေပြီ။ အဘိုးအိုသည် စစ်တုရင်ခုံပေါ်မှ နောက်သို့ ပြန်ဆုတ်ပြီး တလေးတစား ပြောသည်။

“စီနီယာလန်ရဲ့ စစ်တုရင်ကျွမ်းကျင်မှုက ထူးချွန်လှပါပေတယ်။ ဒီတပည့်…အရှုံးကို ဝန်ခံပါတယ်…”

ကောင်လေး၏မျက်နှာထက်တွင် ပျော်ရွှင်ဟန် ပေါ်လာ၏။ သို့သော် မကြာခင်တွင် သူက သံသယဝင်ဟန်ဖြင့် ပြောသည်။

“သိုင်းတူလေးဟု…မင်းက ငါ့ကို တမင်များ အရှုံးပေးခဲ့တာလား။ မင်း ငါ့ကို မညှာဖို့ ငါတို့ သဘောတူထားတယ်နော်…”

အဘိုးအိုက ထိုစကားကို ကြားသည့်အခါ သူက ခပ်မြန်မြန် ပြန်တုံ့ပြန်၏။

“ဒီဂျူနီယာက စီနီယာ့ကို မလှည့်စားဝံ့ပါဘူး။ စီနီယာရဲ့ စစ်တုရင်ကျွမ်းကျင်မှုက တကယ်ပဲ အတော်လေး တိုးတက်လာခဲ့တာပါ…”

ကောင်လေးက ပြုံး၍ ပြော၏။

“ဟားဟား…ကျုပ်လည်း အရင်ကထက်စာရင်တော့ စစ်တုရင်မှာ ပိုကျွမ်းကျင်လာတယ်လို့ ခံစားမိပါတယ်လေ။ ကြည့်ရတာ သေမျိုးစစ်တုရင်ပညာရှင်တွေနဲ့ ကစားကြည့်တာက တကယ်လက်ရည်တက်လာစေပုံ ရတယ်…”

ထို့နောက်တွင် ကောင်လေး၏အပြုံးသည် ပျောက်ကွယ်သွားပြီး အခြားအကြောင်းအရာတစ်ခုကို ပြောလာသည်။

“ကောင်းပြီလေ…။ ဒီစစ်တုရင်ကစားရုပ်တွေကို သိမ်းလိုက်တော့။ ပြောစရာ ရှိတာ ပြောကြရအောင်…”

သူသည် သူ့ကို စောင့်နေသော ကျင့်ကြံသူများဘက်သို့ လှည့်၍ ဝေ့ခတ်ကြည့်ရှုလိုက်ပြီး သူ့အကြည့်သည် ပညာရှိဟန်ပန်နှင့်လူ၏မျက်နှာပေါ်သို့ ကျရောက်သွားသည်။

ထိုကောင်လေးက ပျင်းရိပျင်းတွဲလေသံဖြင့် မေးလိုက်သည်။

သို”င်းတူလေးပိုင်….မင်း ရှေးဟောင်းဓားဂိုဏ်းထဲ ဝင်တာ ဘယ်လောက်ကြာခဲ့ပြီလဲ…”

ကျင့်ကြံသူပိုင်သည် ထိုအမေးကြောင့် စဉ်းစားသည့်ဟန်ပေါက်သွားသည်။ သို့သော် သူက ရိုးသားစွာ ပြန်ဖြေသည်။

“ကျနော်…ဂိုဏ်းထဲ ဝင်ခဲ့တာ…လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်လောက်ကပါ…”

ကောင်လေး၏မျက်လုံးထဲတွင် ထူးခြားသည့်ဟန်ပန် ဖြတ်ပြေးသွားပြီး သူက သက်ပြင်းချ၍ ဆိုသည်။

“နှစ်ပေါင်းတစ်ရာလား။ မင်းအတွက် အတော်လေး ခက်ခဲခဲ့မှာပဲ…”

ပညာရှိလူကြီး၏အမူအရာသည် ပြောင်းလဲသွား၏။ သူက အားတင်းပြုံးကာ ပြန်မေးသည်။

“သိုင်းဦးလေးက ဘာကို ဆိုလိုချင်တာလဲဗျ…”

ကောင်လေးက ပညာရှိဟန်ပန်နှင့်လူကို စိုက်ကြည့်ပြီး ရေခဲတမျှ အေးစက်သောလေသံဖြင့် မေးလိုက်သည်။

“ငါ ဘာကို ဆိုလိုတာလဲ…ဟုတ်လား။ လမ်းမှန်တာအိုရဲ့ လွှမ်းမိုးခြင်းအဆောက်အဦဂိုဏ်းသခင်ရဲ့ အလားအလာရှိတဲ့ တပည့်တစ်ယောက်အနေနဲ့ မင်းဟာ ရှေးဟောင်းဓားဂိုဏ်းမှာ ကိုယ့်ကိုယ်ကိုယ် ချုပ်တီးထားခဲ့ရတာမလား။ မင်းအနေနဲ့ မင်းရဲ့ဆရာဆီ သွားရောက်လည်ပတ်ချင်စိတ် မဖြစ်မိဘူးလား…”

ကျင့်ကြံသူပိုင်သည် ကောင်လေး၏ထိုစကားကို ကြားသည့်အခါ သူ့အသားအရေသည် ချက်ခြင်း ဖြူရော်သွား၏။

အမြုတေဖွဲ့စည်းခြင်းအဆင့် အခြားကျင့်ကြံသူနှစ်ယောက်၏မျက်လုံးထဲတွင်လည်း အံ့အားသင့်တုန်လှုပ်ဟန်များ ဖြစ်ပေါ်ကာ သူတို့သည် ကျင့်ကြံသူပိုင်နှင့် ခပ်လှမ်းလှမ်းသို့ အလိုလို နောက်ဆုတ်လိုက်ကြ၏။

“ရောင်းရင်းပိုင်…စီနီယာလန်ပြောတာ…အမှန်ပဲလား…”

သက်လတ်ပိုင်းလူကျင့်ကြံသူပိုင်သည် မယုံကြည်နိုင်ဟန်ဖြင့် မေး၏။

ကျင့်ကြံသူပိုင်၏မျက်နှာသည် နီတစ်လှည့်၊ဖြူတစ်လှည့်ဖြစ်နေ၏။ သူသည် ဆင်ခြင်တစ်ခုပင် ပေးနိုင်စွမ်းမရှိ ဖြစ်နေ၏။ မျက်စိမျက်နှာပျက်ကာ ကျင့်ကြံသူပိုင်က ပြော၏။

“သိုင်းဦးလေးက ကျုပ်အကြောင်း အသေအချာ စုံစမ်းပြီးပြီးဆိုမှတော့ ငြင်းဆန်နေလည်း ဘာမှ အသုံးမဝင်တော့ဘူး။ ဒါပေမဲ့ ကျုပ်က ဒီတိုင်းထိုင်ပြီး အဖမ်းခံဖို့ စောင့်နေမှာတော့ မဟုတ်ဘူး…”

ထိုသို့ပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်သည် လှစ်ခနဲ လှုပ်ရှားကာ သူ့နောက်ဘက်မှ တပည့်များထံ ပြေးဝင်လာသည်။ သူ၏တောက်ပနေသော အဖြူရောင်လက်က ဓားကိုးသွယ်စိတ်ဝိညာဉ်တည်ဆောက်ပုံ ပိုင်ရှင်ဖြစ်သည့် ဝတ်ရုံနက်နှင့်လူငယ်ထံ ရောက်ရှိလာ၏။

“ခင်ဗျား…ဘာလုပ်တာလဲ…” အခြားအမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူနှစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်၏။ သူတို့၏ခန္ဓာကိုယ်များက လင်းဖြာထွက်ကာ မန်တိကို ကယ်တင်ရန် လှုပ်ရှားလိုက်သည်။ သို့ပေမည့် သူတို့သည် သိသိသာသာ နောက်ကျသွားခဲ့လေပြီ။

မန်တိကိုယ်တိုင်လည်း အလန့်တကြားဖြင့် သူ့အပေါ် တိုက်ခိုက်လာမှုကို တုံ့ပြန်သေး၏။ သူက သိပ်သည်းလှသောဓားချီကို ထုတ်ဖော်သည်။ ကံဆိုးသည်မှာ သူနှင့် ကျင့်ကြံသူပိုင်တို့ကြား ကျင့်ကြံခြင်းအဆင့်ကွာဟချက်က ကြီးမားလွန်းနေ၏။ ဓားချီက ကျင့်ကြံသူပိုင်ကို နည်းနည်းလေးမျှ မထိခိုက်စေဘဲ ချက်ခြင်း ကွယ်ပျောက်သွားရ၏။ သို့ပေမည့် မန်တိကို မဖမ်းမိခင် ကျင့်ကြံသူပိုင်၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားကာ အောက်သို့ ပြုတ်ကျသွားလေသည်။ သူ့လက်မှ တောက်ပနေသောအလင်းမှာလည်း သဲလွန်စမရှိ ပျောက်ကွယ်သွား၏။

မန်တိသည် နေရာတွင် အကြောင်သား ရပ်နေမိ၏။ သူ ကြက်သေသေနေသည်။

ကောင်လေးက သူ့လက်လေးများကို ပွတ်သပ်ကာ နှာမှုတ်၍ ပြော၏။

“မင်းတို့ဂိုဏ်းရဲ့ မဟာချီလက်က စွမ်းပေသားပဲ။ ဒါပေမဲ့ ငါက ဒီကို စစ်တုရင်ကစားရုံသက်သက် လာခဲ့ရုံ မဟုတ်တာကို မင်း မေ့သွားခဲ့တာလား…”

ကောင်လေးက ကျင့်ကြံသူပိုင်ကို မည်သို့ထိန်းချုပ်ခဲ့သလဲကို ဟန်လိကလွဲ၍ အခန်းထဲရှိ မည်သူကမျှ သတိမပြုမိကြပေ။ ဟန်လိသည် အောက်သို့ ပြုတ်ကျသွားသော ကျင့်ကြံသူပိုင်ကို ကြည့်နေရင်း မျက်မှောင်ကြုတ်သွား၏။ ထို့နောက်တွင် သူက ကောင်လေးထံ အကြည့်ရောက်သွားသည်။ သူ၏မျက်လုံးထဲ၌ ထူးဆန်းဟန် ဖြစ်ပေါ်နေသည်။

ကျင့်ကြံသူပိုင် လှုပ်ရှားလိုက်သည့်အခိုက်တွင် ကောင်လေးထံမှ အနီရောင်အမျှင်တန်းတစ်ခု ရုတ်ချည်းထွက်ပေါ်လာတာ တွေ့မြင်ခဲ့ရ၍ ဟန်လိသည် အံ့အားတသင့် ဖြစ်ခဲ့ရ၏။ ထိုအမျှင်တန်းက ကျင့်ကြံသူပိုင်ကို ထိမှန်ကာ အောက်သို့ လဲကျသွားစေခဲ့တာပင်။ စစချင်း ဟန်လိသည် ၎င်းမှာ အပ်ပျံမှော်ရတနာဖြစ်မည်ဟု ထင်ထားခဲ့၏။ သို့သော် သူ၏စိတ်ဝိညာဉ်အာရုံအောက်တွင် ထိုအနီရောင်အမျှင်တန်းသည် သိပ်သည်းအေးစက်လှသောချီဖြင့် ပြုလုပ်ထားကြောင်း သတိပြုမိခဲ့သည်။ သည့်အတွက် ဟန်လိသည် များစွာအံ့အားသင့်သွားရ၏။ ထိုအမျှင်တန်းသည် အမှန်တကယ်ပင် ဓားချီမှ သန့်စင်ထားခြင်း ဖြစ်နေသည် မဟုတ်လား။

သူသည် ဓားပညာရပ်ကို ကျင့်ကြံသူများသည် ကျင့်ကြံခြင်းအဆင့်တစ်ခု ရောက်သည်နှင့် ဓားချီကို သူတို့ဆန္ဒရှိသလို အမျှင်တန်းအဖြစ်သို့ ပြောင်းနိုင်စွမ်းရှိကြသည်ဟု ကြားဖူး၏။ ဤဓားချီသည် တိုက်ပွဲကိုပင် အဆုံးအဖြတ်ပေးနိုင်စွမ်း ရှိပေသည်။ အခု ထိုအခြင်းအရာကို သူ့အနေဖြင့် ပထမဆုံးအကြိမ် မျက်မြင်တွေ့ကြုံရလေပြီ။

ကောင်လေးက သူနှင့် စစ်တုရင်ကစားနေသော အဘိုးအိုဘက်သို့ ပြန်လှည့်၍ စကားဆိုသည်။

“သိုင်းတူလေးဟု…သူ့ကို နဂါးလှိုဏ်ဂူမှာ ချုပ်နှောင်ထားလိုက်။ အသက်ရှင်လျက်ထား။ မင်းရဲ့ စီနီယာတွေက သူ့ကို အသုံးပြုစရာ ရှိသေးတယ်…”

အဘိုးအိုက ကောင်လေး၏စကားများကို နာခံ၏။ သူသည် အောက်တွင် လဲနေသော ကျင့်ကြံသူပိုင်ထံ လျှောက်လှမ်းသွားပြီး သူ့အား အခြားအခန်းတစ်ခုသို့ ခေါ်ဆောင်ကာ ပျောက်ကွယ်သွားလေသည်။

ထို့နောက်တွင် ဟန်လိ၏အကြည့်က တုတုံပေါ်သို့ ကျရောက်သွားသည်။ တုတုံ၏အမူအရာသည် တည်ငြိမ်လျက်ရှိနေသော်ငြား လက်သီးတင်းတင်းစုပ်ထားမှန်း ဟန်လိ သတိပြုမိ၏။ ထိုအဖြစ်ကို မြင်သည့်အခါ ဟန်လိက ခပ်ရေးရေးပြုံး၍ သူ့ကို ထပ်မံ၍ အာရုံစိုက်မနေတော့ပေ။

All Chapters