မိန်းကလေးအဝတ်နှင့် ဆွဲဆောင်မှု
Vol. 010 Ch. 925
ရှောင်ချီသည် အရိပ်အမြွက်ပေးလိုပေးငြား ရှီမန်လီကိုကြည့်လေသည်။ သို့သော် သူမသည် လက်သီးကိုသာဆုပ်ပြလေသည်။ အဲဒါက ဘာအဓိပ္ပာယ် လဲ။
“ဟင်း ယူယူ ဒီနေ့အရမ်းလှနေတယ်၊ ရှောင်ချီကလည်းမိန်းကလေးလေ အဲလောက်ကြီးစိတ်အားထက်သန်ပြီး ကြည့်ဖို့မလိုပါဘူး” ရှောင်ချီသည် စကားစမ်းကြည့်ကာ ယူယူ၏ရင်ခွင်ထဲပစ်ဝင်ကာ ပြုံးပြလေသည်။
“မတွန်းနဲ့” ရှီမာယူယူ ပြောလိုက်သည် “မိန်းကလေးတစ်ယောက်က အဲလောက်မကြမ်းရဘူးလို့အရင်က ပြောခဲ့တယ်မလား၊ အကြောင်းမရှိပဲ လူ တွေကို သတ်မယ်ရိုက်မယ်ဆိုတဲ့အကြောင်းတွေ မပြောသင့်ဘူး၊ မင်းက လီအာကို တလွဲတွေသင်ပေးနေတာ သူမကို မင်းလိုလူမိုက်ဖြစ်စေချင်တာ လား”
“သင်ပေးမိလို့လား မသင်ခဲ့ပါဘူး” ရှောင်ချီ ပြောလေသည် “မိန်းကလေးဆိုတာ လက်သီးသုံးစရာမလိုရင် မသုံးသင့်ဘူးလို့ပဲ ရှောင်ချီ အမြဲပြောနေတာ ဟုတ်တယ်မလား လီအာ”
“ဟုတ်တယ် ဟုတ်တယ် သူမ ပြောခဲ့တယ်” လီအာသည် ခေါင်းညိတ် ကာ တိုးတိုးရေရွတ်မိလေသည်။ အချိန်ကျရင် လက်သီးကိုသုံးရမယ်လို့ပဲ ပြောတာပါ။
“ရှောင်ချီက သူမကိုသိုင်းပညာသင်ပေးတယ်ဟုတ်လား”
“မိန်းကလလေးတစ်ယောက်က ဓားပြနဲ့သွားတွေ့ရင် ဘယ်လိုလုပ်မလဲ သူမကိုယ်သူမ ကာကွယ်ဖို့ပဲသင်ပေးတာပါ” ရှောင်ချီ ရှောင်ဖြေလေသည်။
“လီအာက လူသားခန္ဓာကိုယ်လေ၊ မင်းနည်းလမ်းက သူမနဲ့မလိုက်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါကြောင့် သူမကို ကျပန်းသင်မပေးပါဘူး၊ သူမနဲ့ သင့်တော်မဲ့ဟာ ကိုပဲ ရွေးတာပါ” ရှောင်ချီ ပြောလေသည်။
“မင်းရဲ့နည်းလမ်းကိုသင်ပေးဖို့ကြိုးစားတုန်းပဲလေ” ရှီမာယူယသည် လက်ဆန့်ထုတ်ကာ သူမပါးပြင်ကိုဆိတ်လိုက်သည်။
“ဟူး ငါအခုလေးတင်ရောက်တာကို သူများကို ဆူသံကြားနေရပြီ” ဘေဂုံထန် ပြောလေသည် “ရှောင်ချီ့ကိုဆူနေတာလား၊ ကိုယ့်ကိုယ်ကို ကြည့် ဦး၊ အကြောင်းမရှိပဲ အနိုင်ကျင့်နေတယ်”
“ဘေဂုံပြောတာမှန်တယ်၊ ယူယူ ပန်းသီးက သစ်ပင်ပေါ်က ဝေးဝေး မကျဘူး၊ တကယ်တော့ ယူယူကပဲ ရှောင်ချီ့ကိုဒီလိုဖြစ်အောင်လုပ်တာပဲ” ရှောင်ချီသည် သူမ၏ ကယ်တင်ရှင်အတွက် ကျေးဇူးတင်မိသည်။ မည်သူမှ မလာလျှင် ယူယူသည် သူမကို ထပ်ငေါက်နေမည်။
“နင် မိန်းကလေးအဝတ်မဝတ်တာ အတော်ကြာနေပြီ၊ တကယ်ပဲ အရင် တစ်ခေါက်ကလို ဆွဲဆောင်မှုရှိတုန်းပဲ” ဘေဂုံထန်သည် လျှောက်လာကာ သူမအား ချီးကျူးပြီး သက်ပြင်းချကာ အဆုံးသတ်လေသည်။
ပြီးခဲ့သည့်တစ်ခေါက် သူမ မိန်းကလေးအဝတ်ဝတ်စဉ်က သူတို့သည် မှီခိုကင်းတိုင်းပြည်တွင်ဖြစ်သည်။ အခုနှင့်ယှဉ်ကြည့်လျှင် များစွာတွေ့ကြုံခဲ့ပြီး ကာ လွှမ်းမိုးမှုများလည်း ရှိလာပြီဖြစ်သည်။ သူမမျက်လုံးများသည် ရင့်ကျက် သည့် အရိပ်အယောင်ထွက်နေသည်။
“ဂိုဏ်းမှာကိစ္စတွေဘယ်လိုလဲ” ရှီမာယူယူသည် ရှောင်ချီကို ချရင်းမေး လေသည်။
“အဆင့်ပြိုင်ပွဲပြီးသွားတော့ အကုန်လုံးက ဂိုဏ်းမှာကျင့်ကြံနေကြတယ်၊ ဘာမှထူးထူးခြားခြားမဖြစ်ပါဘူး” ဘေဂုံထန် ပြောလေသည် “နင်နဲ့ ရှောင်ချီပဲ ပြိုင်ပွဲပြီးကတည်းကပျောက်သွားတာ၊ နင့်ကိုရှာတွေ့မတွေ့ကို ဂိုဏ်းက ကျောင်းသားတွေ အမြဲအတင်းပြောနေတာပဲ”
“ငါ့ကိုစိန်ခေါ်မလို့လား” ရှီမာယူယူ ပြောလိုက်သည်။
“နင့်ကိုစိန်ခေါ်မလို့မဟုတ်ဘူး၊ ပြိုင်ပွဲပြီးတာနဲ့ ရှောင်ချီက နင့်ကိုစိန်ခေါ် ချင်ရင် ဒုတိယရထားတဲ့သူ့ကိုအရင်နိုင်အောင်လုပ်ပြီးမှ စိန်ခေါ်လို့ သတင်း လွှင့်ထားတာ၊ သူမပြောထားတော့ နင့်ကိုဘယ်သူမှမရှာရဲဘူး” ဘေဂုံထန် ပြောလေသည် “နင့်ကိုရှာပြီး နင့်ရဲ့တင့်တယ်တဲ့အမူအရာတွေကိုကြည့်ချင် နေကြတာ၊ အဖွဲ့ထဲလဲဝင်ချင်တဲ့သူတွေလည်းရှိတယ်၊ အဲအကြောင်းကြောင့် ပဲ ခေါင်းဆောင်နှစ်ယောက် ပြဿနာတက်နေတယ်၊ နောက်ကျ အဲလူတွေကို ရှောင်ဖို့အတွက် တံခါးပိတ်ကျင့်ကြံဖို့ရွေးလိုက်ကြတယ်၊ ဒီတစ်ခါ နင်သာ ထွက်မလာခိုင်းရင် သူတို့က တံခါးပိတ်ကျင့်ကြံနေဦးမှာပဲ”
“တခြားသူတွေရော ဘယ်မှာလဲ”
“အပြင်မှာစောင့်နေကြတယ်” ဘေဂုံထန် ပြောလေသည် “သူတို့က အထဲဝင်လာချင်နေကြတာ၊ ဒါပေမဲ့ သူတို့တောင်ကိုရောက်တာနဲ့ နင်နဲ့ စီနီယာအစ်ကိုတို့အတူရှိနေတယ်လို့ကြားလိုက်တယ်၊ ပြီးတော့ နင်အဝတ်လဲ နေတယ်ကြားတာနဲ့ ဝင်မလာရဲကြဘူး”
“ယူယူထွက်လာတာနဲ့ အကုန်လုံး အံ့သြကုန်ကြမှာပဲ” ရှောင်ချီ ရယ်ရင်း ပြောလေသည်။
“မဖြစ်နိုင်တာ၊ ငါအရင်ကမသိခဲ့ဘူး၊ ဒါပေမဲ့ နင်ကအလှလေးဆိုတာ သိပြီးသား၊ နင့်စီနီယာအစ်ကိုက လမ်းတစ်ဝက်မှာ ရှုပ်အောင်လုပ်လိမ့်မယ် ငါနဲ့သွားရင် ဘယ်လိုလဲ” ဘေဂုံထန် ပြောလေသည်။
“ကောင်းတယ်” ယူယူ ပြန်ဖြေလေသည်။
“အစ်မက အစ်မကြီးဘေဂုံနဲ့သွားသင့်တယ်” ရှီမန်လီသည် ဘေဂုံထန် အားကြည့်ပြီးပြောလိုက်သည် “အစ်မကြီး ပြောတာမှန်တယ် သူမက တကယ် လှတာပဲ”
ဘေဂုံထန်သည် ရှီမန်လီအား မေးခွန်းထုတ်သောမျက်လုံးများဖြင့် ကြည့်လေသည်။
“ဒါက ငါ့ညီမလေး ရှီမန်လီ၊ သူမသေပြီလို့ထင်လို့ အရင်က မပြောခဲ့တာ” ရှီမာယူယူ ပြောလိုက်သည် “အဲဒါတွေဖြစ်တဲ့နှစ်က သူမက ၁၅နှစ်ပဲရှိသေး တာ၊ အဲဒါကြောင့် အခု ငါတို့နဲ့ ရွယ်တူလောက်ပဲ”
“အစ်မကြီးပြောတာ အဖွဲ့ထဲမှာ အရမ်းလှတဲ့အစ်မကြီးတစ်ယောက်ရှိ တယ်တဲ့၊ အစ်မက သူမပဲဖြစ်ရမယ်” ရှီမန်လီ ပြောလေသည် “အရင်က အစ်မကြီးကို အဖော်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အစ်မတို့ ကြောင့်သာမဟုတ်ရင် သူမ ဘယ်လိုဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး”
“ငါတို့က အတူဖြတ်သန်းလာကြတာပါ သူမကိုအဖော်ပြုပေးတာမဟုတ် ဘူး၊ သူမလည်း ငါတို့ကို အဖော်ပြုပေးတာပဲ” ဘေဂုံထန် ပြောလေသည်။
“သွားမယ်၊ အကုန်လုံးရောက်နေပြီဆိုတော့ သူတို့ကိုသွားတွေ့သင့် တယ်၊ သူတို့ကိုအကြာကြီးစောင့်ခိုင်းလိုက်ရင် ငါ့ကိုစလိမ့်မယ်” ရှီမာယူယူ ပြောလိုကသည်။
“ဘာပဲဖြစ်ဖြစ် နင်အခုထွက်ရင်တောင် နင့်ပုံစံကိုကြည့်ပြီး သူတို့က စနောက်ကြမှာပဲ”
ဘေဂုံထန်သည် ရှီမာယူယူအား အရှေ့သို့ဆွဲသွားလေသည်။ သူမ တံခါးဖွင့်လိုက်ရာ အားလုံးသည် အိမ်ထဲတွင်စောင့်နေကြသည်ကိုတွေ့လိုက် ရသည်။
အိမ်ထဲတွင် ရှီမာယူလင်းသည် စကားပြောနေရင်းနှင့် လှုပ်ရှားသံကြား လိုက်ရလေသည်။ အားလုံးလှည့်ကြည့်လိုက်ရာ ရှီမာယူယူထွက်လာသည်ကို မြင်သောအခါ မတ်တတ်ရပ်ရင်း မှင်တက်နေကြလေသည်။
“တစ်ယောက်လောက် ငါ့ကိုဆိတ်လိုက်ပါဦး အဲဒါယူယူလား” ဖက်တီးကျူသည် ရှီမာယူယူအာူး ကြည့်ပြီး အံ့သြလွန်းသဖြင့် မေးစေ့နှင့် ကြမ်းပြင်ထိမတတ်ပင်။
“ဘေဂုံထန်ကိုလှတယ်လို့ အမြဲတွေးနေတာ၊ ယူယူလည်း မိန်းကလေး အဝတ်ယတ်လိုက်တာနဲ့ ရေပန်းစားမယ်လို့ဘယ်သူထင်မှာလဲ” ဝေကျိရွှီသည် သူမကို ချီးကျူးလေသည်။
“ဟားဟား ညီ၅ အယ်… ညီမလေး၅ တကယ်ပဲ မိန်းကလေးအဝတ်နဲ့ အံ့သြလောက်စရာပဲ”
ရှီမာယူယူသည် သူတို့တုန့်ပြန်မှုကိုကြည့်ပြီး “အရင်က ဒီလိုဝတ်စုံနဲ့ မမြင်ဖူးတာကျနေတာပဲ၊ အဲလောက်အံ့သြဖို့လိုလို့လား”
“အဲတုန်းက ညီမလေးဘယ်နနှစ်ပဲရှိသေးတာလဲ၊ ညီမလေးမျက်နှာ ဖွဲ့စည်းပုံလည်း ရင့်ကျက်လာပြီ ပြီးတော့ ရောင်ဝါလည်းမတူတော့ဘူး၊ ပြီးတော့ နှစ်ပေါင်းများစွာ ယောက်ျားလေးအဝတ်နဲ့ မြင်ခဲ့တော့ ညီမလေး စကတ်ဝတ်ခဲ့တာကိုတောင် မေ့နေပြီ” ရီမာယူရန် ပြောလေသည် “အခု ညီမလေးကအရွယ်ရောက်လာတော့ ကြည့်ရတာမတူတော့ဘူး”
“အစ်ကို၃က ညီမကိုစနေပြန်ပြီ” ရှီမာယူယူ သူ့ကိုစိုက်ကြည့်လိုက် သည်။ “စီနီယာအစ်ကိုကိုဘာလို့မမြင်တာလဲ”
“ငါတို့ကိုပို့ပြီးတော့ လုပ်စရာရှိတယ်လို့ပြောပြီး ထပ်ထွက်သွားတာပဲ” ရှီမာယူလင်း ပြောလေသည်။
ဟုတ်သားပဲ သူက ပညာရှိစံအိမ်တော်ကိစ္စမဟုတ်ရင် နတ်ဆိုးလောက ကကိစ္စတွေဖြေရှင်းစရာရှိလားမှ မသိတာ။ မမေးတာကောင်းမယ်။
“မိတ်ဆက်ပေးရမယ် ဒါက ညီမလေးလီအာတဲ့ ဒါက အစ်ကိုကြီး အစ်ကို၂…” ရှီမာယူယူ တစ်လှည့်စီ မိတ်ဆက်ပေးလေသည်။
“ယူယူ နင့်မှာ ညီမလေးတစ်ယောက်ရှိတာကို တစ်ခါမှတောင်မပြောဖူး ဘူး” ဖက်တီးကျူ ပြောလေသည် “မင်္ဂလာပါ ညီမလေးလီ၊ ငါက အစ်ကိုကြီး ဖက်တီးပါ၊ နောက်ကို မင်းကိုအနိုင်ကျင့်တဲ့သူရှိရင် အစ်ကိုကြီးဖက်တီးကိုသာ ပြောလိုက်၊ သူတို့ကိုကူရိုက်ပေးမယ်”
“…..”
ရှီမာယူယူ၏ အမူအရာသည် မည်းနက်သွားကာ အနောက်မှ အဒေါ်၃ နှင့် ဝူလေးတို့သည် ဗိုက်ကိုနှိပ်ပြီးရယ်လေသည်။
ထိုစကားများသည် အခုလေးတင် လီအာမှ ဝူလေးကိုပြောခဲ့သည့် စကားများနှင့် တူလေသည်။ ထို့ကြောင့်ပင် ယူယူမှ သူတို့ကို ငေါက်ခဲ့သည် မဟုတ်ပါလား။ အခု ဖက်တီးကျူကလည်း လုပ်ပြန်ပြီ။ ယူယူ၏ အမူအရာကို ကြည့်ပြီး သူမသည် ရိုက်တော့မည့်ပုံပေါက်နေသည်။
“လီအာက ညီမလေး၅ရဲ့ ညီမလေးဆိုမှတော့ ငါတို့ရဲ့ညီမလေးပဲ၊ အစ်ကိုတွေက နောက်ကိုကာကွယ်ပေးရမှာပေါ့” ရှီမာယူလီ ပြုံးပြီးပြောလေ သည်။
“ကောင်းပါပြီ” ရှီမန်လီသည် ပြုံးပြီးပြန်ဖြေလေသည်။
“အစ်ကိုကြီး၊ အစ်ကို၂၊ အစ်ကို၃၊ အစ်ကို၄ အဘိုးကိုတွေ့ပြီးပြီလား” ရှီမာယူယူ မေးလေသည်။
“မတွေ့ရသေးဘူး၊ ရောက်တာနဲ့ ဒီကိုလာလိုက်တာ” ရှီမာယူမင် ပြော လေသည်။
“ဒါဆို အဲဒီကိုအတူသွားကြတာပေါ့၊ သူတို့ တောင်ကြားအရှေ့မှာ ရောက်နေလောက်ပြီ၊ ဖန်လေးပြန်လာတာနဲ့ ဒီနေ့ပွဲစလို့ရပြီ” ရှီမာယူယူ ပြော လိုက်သည်။
ရှောင်ချီသည် ပါးစပ်ပိတ်ကာ ကြိတ်ရယ်နေလသည်။ အောက်မှာ အားလုံးက စောင့်နေတာကြာနေပြီ။ သူမ သွားလိုက်သည်နှင့် သေချာပေါက် ရုန့်ရင်းဆန်ခတ်ဖြစ်သွားမှာပဲ။
***