ဂိုဏ်းတည်ထောင်ခြင်း ၁
Vol. 010 Ch. 926
ရှီမာယူယူ၏ ခြံဝန်းသည် တောင်ထိပ်တွင်ရှိကာ ဘေးတွင် ရှီမန်ဖန်၏ ခြံဝန်းရှိသည်။ တောင်ကြားမှာ ‘L’ ပုံသဏ္ဍာန်ဖြစ်သည်။ သူမ ခြံဝန်းနှင့် အရှေ့ ပိုင်းတောင်ကြားအကွာအဝေးမှာ တစ်ထောင်မီတာကွာဝေးသည်။ အကွေ့ လည်းရှိသည်။
သူမ အားလုံးကိုဦးဆောင်ပြီးထွက်လာသည်နှင့် ဆူညံနေသော တောင်ကြားသည် ချက်ချင်းပင် ငြိမ်ကျသွားလေသည်။ အားလုံးသည် ဝင် ရောက်လာသောပုံရိပ်ကို ပင့်သက်ရှိုက်စွာကြည့်နေကြသည်။
“ဒါက ဒါက သခင်လေး…” ဒိုင်ယိသည် ပါးစပ်ထဲမှ ဝိုင်ကို မျိုချရင်း အသက်ရှုထုတ်လေသည်။
“တကယ်ပဲ…သခင်လေးပဲ” နီအန်းယီသည် သူ့နှလုံးသားမှာ ရင်ဘတ်မှ ပြင်းထန်စွာခုန်ထွက်လာတော့မည်ဟု ခံစားရပြီး လည်ပင်းအထိ တက်လာ သည်။
မည်သူမှ ကျယ်လောင်စွာမပြောရဲကြပေ။ ထိုလှပသောအခိုက်အတန့် ကို အနှောင့်အယှက်ဖြစ်သွားမည်ကိုစိုးရိမ်နေကြသည်။
“ကြည့်လေ သူတို့ သေချာပေါက်အံ့သြသွားမှာပါလို့ ပြောသားပဲ” ရှီမန် လီသည် ရှီမာယူယူဘေးပြေးကာ သူမ နားရွက်နားသို့ ဝမ်းမြောက်စွာပြော လေသည်။
“ယူယူရဲ့ ဆွဲဆောင်မှုကတော့ ယောက်ျားလေးအဝတ်နဲ့တောင် ဖုံးလို့ မရတာ၊ မိန်းကလေးအဝတ်နဲ့ဆို ပြောမနေနဲ့တော့” ဘေဂုံထန် ပြောလေ သည် “နင် ထပ်ကြာနေရင် သူတို့သားရည်တွေကြမ်းပေါ်ကျတော့မယ်”
ရှီမာယယူ ပြုံးလိုက်သည်။ သူမသည် မိန်းကလေးဝတ်စုံမဝတ်သည်မှာ ကြာနေပြီဖြစ်သဖြင့် အနည်းငယ် အသားမကျပေ။ သူမသည် သွားမည်အပြု တွင် လေဟာပြင်ဝင်ပေါက်ပေါ်လာပြီး ဝူလင်းယူ ထွက်လာသည်။
သူသည် ရှီမာယူယူ မိန်းကလေးအဝတ်ဝတ်ထားသည်ကို ချက်ချင်းပင် သတိထားမိလိုက်သည်။
သူ့မျက်လုံးများတွင် အံ့သြမှုဖြတ်ပြေးသွားကာ မျက်မှောင်ကြုတ်လိုက် သည်။ သူသည် အနည်းငယ် ဝမ်းနည်းသွားသည်။
“ကိစ္စတွေရှင်းပြီးပြီလား” ရှီမာယူယူသည် သူ အမူအရာပြောင်းသွား သည့်ပုံကို ကျေနပ်မှုှနှင့်အတူ သူ့ကိုကြည့်လိုက်သည်။
ဝူလင်းယူလျှောက်လာကာ သူမလက်ကိုဆုပ်ကိုင်ရင်း ပြောလေသည် “နည်းနည်းတော့ကျန်သေးတယ် ဒါပေမဲ့ အမြန်ပြန်လာတာ”
အားလုံးရှေ့တွင်ရှိသဖြင့် သူမ မစပ်စုတော့ပဲ “ပြန်လာပြီဆိုမှတော့ ပွဲ ကိုဝင်ပါသင့်တယ်”
“ဖန်အာ ပြန်မလာသေးဘူးလား”
“မကြာခင်ရောက်လာမှာပါ၊ သူ ကုန်ယိကိုမခေါ်လာနိုင်ရင်တောင် ကိုယ့်ဘာသာပြန်လာမှာပါ၊ ပွဲရှိမယ်လို့ ပြီးခဲ့တဲ့တစ်ခေါက်က သူ့ကိုပြောပြီးပြီ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆိုသွားရအောင်” ဝူလင်းယူသည် သူမလက်ကိုဆွဲပြီး ခေါ်သွားလေ သည်။ လမ်းတွင် သူတို့ပွင့်လင်းစွာလက်ကိုင်ထားသည်ကို ကြည့်နေသော လူများသည် မှိုင်သွားကြကာ သူတို့နှလုံးသားများသည် အားကျမှုများနှင့် လောင်ကျွမ်းသွားလေသည်။
ဘေဂုံထန်သည် သူတို့အနောက်မှလျှောက်လာကာ သူတို့နှစ်ယောက် အားကြည့်နေသည် “သူတို့ကိုကြည့်တိုင်း ပိုပြီးလိုက်ဖက်သလိုပဲ”
“လိုက်ဖက်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ သေချာပေါက် မြင်ရတာ ကသိကအောက်ဖြစ်နေတာကို” ရှီမာယူလီသည် သူတို့လက်များကိုမုန်းတီး စွာကြည့်လိုက်သည်။ သူတို့ကိုဆွဲခွဲပစ်ချင်သည့် သူ့စိတ်ကို ထိန်းချုပ်ထားရ သည်။
စိတ်တိုစရာပဲ ဒေါသထွက်လိုက်တာ၊ တကယ်ပဲ ဒေါသဖြစ်စရာပဲ။
“အင်း အင်း တကယ်ပဲစိတ်တိုစရာကြီး” ရှီမာယူရန် သဘောတူလေ သည် “သူမက သေချာပေါက် ငါတို့ညီမလေးဖြစ်နေတာကို ဘယ်လိုလုပ် တခြားသူရဲ့လက်ကိုကိုင်ရတာလဲ”
“ဒါကိုသည်းမခံနိုင်ဘူး” ရှီမာယူရန် ပြောလေသည်။
“ငါတို့လက်ခံလို့မရဘူး” ရှီမာယူရွှီ သဘောတူလေသည် “သူမက ငါတို့ ညီမလေးပဲ ဘယ်လိုလုပ် အလွယ်တကူလှည့်ဖြားတာခံခွင့်ပြုနိုင်မှာလဲ”
“ဟုတ်တယ် ငါတို့နည်းလမ်းစဉ်းစားရမယ်”
“သဘောတူတယ်”
သူတို့ညီအစ်ကို၄ယောက်တိုင်ပင်နေသည်ကို ကြားလိုက်သည့်လူတိုင်း သည် ဝူလင်းယူအတွက် ချွေးပျံမိသည်။
ဒီလူတော့ အဆုံးသတ်ပြီ။ တခြားသူတွေက သူ့ကို စမ်းသပ်ချင်ရင် ပျံသန်းလိုက်တာနဲ့ ပြီးသွားပြီ။ အခု သူတို့က ယူယူရဲ့ အစ်ကိုတွေလေ။ သူတို့ ဘာလုပ်လုပ် သူကြံ့ကြံ့ခံပြီး ပြန်တိုက်လို့မရဘူး။
ဟားဟား သူတို့ဒီအကြောင်းကို စဉ်းစားလိုက်တာနဲ့ ဘာလို့အကုန်လုံး ပျော်လာရတာလဲ။
သူတို့ကတော့ ဒါကိုမျှော်လင့်မိနေပြီ….
ရှီမာယူယူ အားလုံးရှေ့ရောက်သည်နှင့် နီအန်းယီသည် အရင်ဆုံး ပြေး လာသည်။
“အိုး သေစမ်း ဆရာကြီး လှလိုက်တာ၊ သခင်လေးက မိန်းကလေးမှန်း စောစောကသိခဲ့ရင် ငါ သေချာပေါက် သခင်လေးကို ဆွဲဆောင်ခဲ့မှာ”
ထိုစကားကိုကြားသည်နှင့် ဝူလင်းယူမျက်မှောင်ကြုတ်သွားကာ သူ့ အစ်ကိုများသည် မျက်နှာပူသွားကြသည်။
သွားပြီ၊ ဒီတစ်ခေါက်တော့ ဒီကောင် မရှောင်နိုင်တော့ဘူး။
ရှီချန်းသည် သွားကာ သူ့ကိုပြန်ဆွဲရင်း ပြောလေသည် “မင်း စောစော ကသိလည်း အသုံးမဝင်ဘူး၊ အခုမြန်မြန်ပြန်တော့”
“အာ… ငါ သခင်လေးကိုစကားပြောနေတုန်းလေ” နီအန်းယီ အော် လေသည် “သခင်လေး မင်း…”
ရှီချန်းသည် သူ့ပါးစပ်ကို လက်ဖဝါးဖြင့်ပိတ်လိုက်သည်။ ကောင်းလိုက် တဲ့ညီလေး ဒါက မင်းကောင်းဖို့အတွက် ငါလုပ်ပေးတာ၊ သူမ ဘေးကလူရဲ့ အမူအရာက သတ်နိုင်လောက်တဲ့အန္တရာယ်ဖြစ်နေတာမတွေ့ဘူးလား။
ရှီမာယူယူသည် ရှီချန်းပြုမူနေပုံကိုကြည့်ပြီး ရယ်လိုက်သည်။ ထိုအပြုံး တစ်ချက်နှင့်ပင် ကောင်းကင်ကြီးအရောင်ပြောင်းသွားသလို အားလုံးသည် သူမ အပြုံးကို ဆွဲမက်သွားလေသည်။
ကောင်းကင်သည် ခွဲသွားကာ လူသုံးယောက်ထွက်လာသည်။
သူတို့သည် အောက်မှလူများ၏ အကြည့်ကိုမြင်သောအခါ ကုန်ရှန်ယိ သည် ရှီမန်ဖန်ဘက်သို့လှည့်ကြည့်လိုက်သည်။
သူတို့မမှားနိုင်ဘူးမလား။ သူတို့မှားများနေသလား။
“သွားမယ်” ရှီမန်ဖန်သည် သူမလက်ကိုဆွဲပြီး ရှီမာယူယူဘေးသို့ ပျံသွား လိုက်သည်။
“ပြန်လာပြီလား ငါတို့မင်းကိုစောင့်နေကြတာ” ရှီမာယူယူ သူတို့အတွဲ အားပြုံးပြလိုက်သည်။
“ဝါး ယူယူ မိန်းကလေးအဝတ်ဝတ်ထားတော့ လှလိုက်တာ၊ ငါသာ ယောက်ျားလေးဆိုရင် သေချာပေါက် မင်းကို လိုက်မှာပဲ” ကုန်ရှန်ယိသည် ရှီမာယူယူ၏ လက်မောင်းကိုဆွဲလေသည်။ သူမသည် ပါးမို့များတက်အောင် ပြုံးလေသည်။
ဝူလင်းယူ ပြောလိုက်ချင်သော်လည်း ထိုစကားကိုမိန်းကလေး တစ်ယောက်မှ ပြောသဖြင့် တွက်ကပ်၍မရပေ။ သို့သော် သူတကယ်ပဲ စိတ်ဆိုးတယ် ဟုတ်ပြီလား တကယ်စိတ်ဆိုးတယ်။
“ဒါဆို မင်းယောက်ျားလေးပြောင်းဖို့ ငါဆေးဖော်ပေးရမလား” ရှီမာယူယူသည် ပြုံးပြီးပြောပြီးနောက် အဘိုးအိုတစ်ယောက်ဘက်လှည့်ကာ “ဒါက”
“သူက ကျွန်မဆရာ၊ သူက ကုန်တောင်ကြားကမဟုတ်ဘူး၊ ကျွန်မတို့ အခြေအနေကိုလည်း ပြောမှာမဟုတ်ပါဘူး၊ ဆရာက ကျွန်မကိုစိုးရိမ်လို့…” ကုန်ရှန်ယိသည် ရှီမာယူယူခွင့်ပြုမည်ဟု ခံစားရသည်။
“မင်းလုပ်သမျှကို ဘာမှမပြောပါဘူးလို့ ဒီအဘိုးအိုက ကတိပေးပါတယ် ကောင်းကင်ကိုတိုင်တည်ပြီး သစ္စာဆိုပါတယ်” စီနီယာပြောလေသည်။
ကောင်းကင်သစ္စာဟုတ်လား။ ရှီမာယူယူ အံ့သြသွားသည်။
“ဆရာ့မှာ သစ္စာရှိ…” ကုန်ရှန်ယိ ပြေားလေသည်။
ထိုစီနီယာမှာ ပြတ်သားလိမ့်မည်ဟု ရှီမာယူယူမထင်ထားပေ။ သူမ ပြုံးပြီးပြောလိုက်သည် “မင်းရဲ့ဆရာဆိုမှတော့ ငါတို့ရဲ့စီနီယာပဲပေါ့ ဖန်ကျိ ဧည့်သည်တွေကို ဂုဏ်သရေရှိတဲ့ ခုံကိုခေါ်သွားပေးလိုက်ပါ”
ဖန်ကျိသည် ရှေ့တိုးကာ လက်အုပ်ချီပြီး စီနီယာကိုအရိုအသေပေးရင်း ပြောလိုက်သည် “စီနီယာမူ ကျေးဇူးပြုပြီး”
သူအရှေ့ထွက်သည်နှင့် သူ့နာမည်ကိုပြောခဲ့သည်။ ဒါသည် ဖန်ကျိ သည် သူ့ကိုသိသည်ကိုပြသနေသည်။
“လူဆိုးကြီး၁၀ယောက်” စီနီယာမူသည် မျက်လုံးကျဉ်းကာ ဖန်ကျိအား ကြည့်လိုက်သည်။
ဖန်ကျိသည် ပြုံးရုံပြုံးလိုက်ကာ မငြင်းပဲ သူ့ကိုဖိတ်ကြားလိုက်သည်။
စီနီယာမူသည် အံ့သြမှုကိုမျိုသိပ်ကာ ခုံဆီသို့လိုက်လာခဲ့သည်။
ရှီမန်ဖန်သည် ကုန်ရှန်ယိကို ရှီမန်လီရှေ့ခေါ်သွားလေသည်။ သူ ဘာမှမပြောရသေးခင်မှာပင် ရှီမန်လီသည် ရှေ့တိုးလာပြီး ကုန်ရှန်ယိ၏ လက် ကိုကိုင်ကာ ပြောလေသည် “ယောက်မလောင်းလေး၊ ဒီနေ့မလာဘူးထင်နေ တာ၊ အစ်မက လှလိုက်တာ”
ကုန်ရှန်ယိသည် ပွင့်လင်းသောအကျင့်စရိုက်ရှိသည်။ အခု သူမ ရှီမန်လီ ကိုမြင်ကာ သူမကို ယောင်းမလောင်းဟု ခေါ်သောအခါ သူမ၏ မျက်နှာမှာ ရဲ သွားလေသည်။
“ညီမက လီဖြစ်ရမယ် ဟုတ်လား၊ ညီမ အစ်ကိုပြောတာကြားခဲ့တယ်၊ ညီမအသက်ရှင်နေတာကို သူပြောတာကြားခဲ့တယ်၊ ဒါကညီမအတွက် လက်ဆောင်၊ အစ်မအလောတကြီးပြင်ခဲ့ရတာ မငြင်းပါနဲ့နော်” ကုန်ရှန်ယိ သည် သေတ္တာတစ်လုံးထုတ်ပြီး ရှီမန်လီ အားပေးလေသည်။
“ဝါး တကယ်ပဲ လက်ဆောင်ရတာပဲ” ရှီမန်လီသည် သေတ္တာကို ပျော်ရွှင်စွာယူပြီးဖွင့်ရာ အထဲတွင် လက်ပတ်တစ်ခုတွေ့လေသည်။
“ဒီလက်ပတ်က ကာကွယ်ဖို့အတွက် အထောက်အကူဖြစ်တယ်၊ ဧကရာဇ်အဆင့်ကျွမ်းကျင်သူတိုက်ခိုက်မှုကနေ သုံးဆရှောင်နိုင်တယ်” ရှီမန်ဖန်သည် ဘေးမှရှင်းပြလေသည်။
ရှီမန်လီသည် အခုချိန်တွင် အားနည်းနေသဖြင့် သူမအတွက် အသုံးဝင် သည်။
သူမသည် သေတ္တာအားသိမ်းလိုက်ပြီး ပျော်ရွှင်စွာ ပြောလေသည် “ကျေးဇူးတင်ပါတယ် ယောက်မလောင်းလေး”
“ဂိုဏ်းခေါင်းဆောင် ယူ ပွဲစတော့မယ်” ရှီမန်ချီသည် လျှောက်လာကာ ပြောလေသည် “ယူအာ သမီးသူငယ်ချင်းတွေဘယ်တော့လာမှာလဲ”
“တစ်ယောက်ကတော့ရောက်တော့မယ်၊ တခြားသူတွေလာပါ့မလား တော့မသေချာဘူး” ရှီမာယူယူ ပြောလိုက်သည် “သူ ဘယ်နေရာရောက်နေ လဲမသိတော့ သူ့ကိုဆက်သွယ်လို့ရပါ့မလားမသိဘူး”
“ယူယူ မင်းအဲလိုပြောတော့ ငါဝမ်းနည်းသွားတယ် မင်းကဂိုဏ်းထောင် တာကို သေချာပေါက် ငါလာရမှာပေါ့”
လေဟာပြင်ကွဲသွားကာ ရှင်းမိုနှင့်အတူ အချိန်အတော်ကြာ ပျောက် နေသော မိုဒိဆန်းပါ ပေါ်လာသည်။ သူတို့ထွက်လာပြီးနောက်တွင် ဝင်ပေါက် သည် ပွင့်နေဆဲဖြစ်ကာ တစ်စုံတစ်ယောက်သည် အထဲတွင်ရှိနေကာ ထွက်လာရန် စောင့်နေသည်။
***