← Chapters

ဂိုဏ်းတည်ထောင်ခြင်း ၂

Vol. 010 Ch. 927

ဂိုဏ်းတည်ထောင်ခြင်း ၂

Vol. 010 Ch. 927

“လာဖို့လူရှိသေးလို့လား” ရှီမာယူယူ၏ သိချင်စိတ်ပြင်းပြသဖြင့် မေး လေသည်။

“ဟားဟားဟား ဒါပေါ့” တက်ကြွသောအသံထွက်လာသည်။

ရှီမာယူယူသည် အသံကြားသည်နှင့် မျက်လုံးပင့်ကြည့်ပြီး ပျော်ရွှင်စွာ အော်လေသည် “မွေးစားအဖေ”

“ဟားဟား မွေးစားအဖေကိုမှတ်မိလို့တော်သေးတယ်” ဝူလာမိုင်၏ အသံထပ်ထွက်လာကာ လူတစ်စုထွက်လာလေသည်။

“မွေးစားအဖေ၊ မွေးစားအမေ၊ အစ်ကိုတို့ ဒီကိုဘာလာလုပ်ကြတာလဲ” ရှီမာယူယူသည် ပျံသွားကာ နှုတ်ဆက်လေသည်။

“မင်း ဂိုဏ်းတည်ထောင်တာကဒီလောက်အရေးကြီးတဲ့ပွဲကို ဘယ်လို လုပ်ငါတို့ကိုအသိမပေးတာလဲ၊ မိုဒိဆန်းသာ ငါတို့နဲ့မရှိရင် ဒီအကြောင်းကို သိ လိုက်ရမှာမဟုတ်ဘူး” ဝူလာအာသည် ခါးသက်စွာပြောလေသည်။

“ဟုတ်တယ် ညီမလေး မင်းဒီလိုတော့မလုပ်သင့်ဘူး” ဝူလာရှုံ ပြောလေ သည်။

“ဟုတ်တယ် ဒီလိုမလုပ်သင့်ဘူး၊ ဒါပေမဲ့ ဒါကကိစ္စကြီးလည်းမဟုတ်ဘူး လေ၊ ညီမက အစ်ကိုတို့ကိုဒုက္ခခံပြီးဒီကို ပြေးမလာစေချင်လို့၊ ညီမမှားသွားပါ တယ်၊ နောက်မှ အစ်ကိုကြီးငေါက်တာကိုခံပါ့မယ် ရလား” ရှီမာယူယူသည် ရွှမ်ရှင်းမန်၏ လက်ကိုကိုင်ကာ ပြောလေသည် “မွေးစားအမေ နောက်ပိုင်း ခန္ဓာကိုယ်က ဘယ်လိုနေလဲ၊ အသားအရေက အရမ်းကောင်းတဲ့ပုံမပေါ်ဘူး ခဏနေသမီးကြည့်ပေးမယ်”

“ဟား”

ဝူလာရှုံနှင့် တခြားသူများသည် ရယ်မောရင်း ပြောလေသည် “မွေးစား အမေက နေမကောင်းတာ ထိခိုက်ထားတာမရှိဘူး၊ သူမထဲမှာ ကလေးတစ် ယောက်ရှိနေတာ”

“မွေးစားအမေက ကိုယ်ဝန်ရှိနေတာလား” ရှီမာယူယူသည် ရွှမ်ရှင်းမန် အားတအံ့တသြကြည့်လေသည်။

ရွှမ်ရှင်းမန်ခေါင်းညိတ်လေသည်။

“မွေးစားအမေက ကိုယ်ဝန်ရှိနေတာကို ကြယ်ကိုးပွင့်သမုဒ္ဒရာထဲမှာပဲ အနားယူနေရမှာလေ၊ ဘာလို့ဒီကိုလာတာလဲ သမီးကိုအပြစ်ခံစားရအောင် လုပ်ပြီ” ရှီမာယူယူသည် သူမအတွက် လျင်မြန်စွာ နေရာချပေးလေသည်။

“သတင်းကြားတာနဲ့ လာခဲ့လိုက်တာပဲ၊ သမီး အမေတို့ဆီကပြန်သွား တာလည်း အတော်ကြာနေပြီလေ သမီးကိုလွမ်းလို့ လာခဲ့တာ” ရွှမ်ရှင်းမန် ပြောလေသည် “ပြီးတော့ သမီးဘယ်လိုနေလဲကြည့်ချင်လို့”

“သမီးစမ်းကြည့်မယ်” ရှီမာယူယူသည် သူမလက်ကိုယူလိုက်သည်။ သူမ အဆင်ပြေသည်ဟု သေချာမှပင် ယူယူစိတ်အေးလေသည်။

“အမေအဆင်ပြေတယ်လို့ပြောပြီးသားပဲ နည်းနည်းပင်ပန်းသွားတာ နားလိုက်ရင် အဆင်ပြေသွားမှာ” ရွှမ်ရှင်းမန်သည် နူးညံ့စွာပြောလေသည်။

“ညီမ၁၀၊ မင်းဒီနေ့ဂိုဏ်းထောင်မယ်လို့လဲသိရော လက်ဆောင်တောင် သေချာမပြင်ရသေးပဲနဲ့ အမြန်ပြေးလာတာ၊ သမုဒ္ဒရာထဲက ပစ္စည်းတချို့ပဲ ယူ လာနိုင်တယ်” ဝူလာကျင်းပြောလေသည်။

ချန်းရှင်းသည် လျှောက်လာကာ ရှီမာယူယူအား မှော်ဝင်ပစ္စည်းတချို့ကို ပေးရင်း ပြောလေသည် “ဂိုဏ်းတည်ထောင်တာအတွက် ဂုဏ်ပြုပါတယ် မင်းသမီး၁၀”

“ကျေးဇူးတင်ပါတယ် မွေးစားအဖေ၊ မွေးစားအမေ၊ အစ်ကိုတို့၊ ကျေးဇူး တင်ပါတယ် ချန်းရှင်း” ရှီမာယူယူလျှောက်သွားကာ လက်ခံလေသည်။ သူမ သည် အာရုံအစွမ်းအစထုတ်လိုက်ရာ အထဲမှပစ္စည်းများကို မြင်လိုက်လေ သည်။ သူမ အော်မိလေသည် “ရတနာတွေအကုန်လုံးကို သယ်လာတာတော့ မဟုတ်လောက်ပါဘူးနော်”

“မဟုတ်ပါဘူး ငါတို့အကြီးဆုံးနှစ်ခုပဲယူလာတာ” ဝူလာရှုံ ပြောလေ သည်။

“နှစ်ခုတည်း….” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ သူမ သူတို့ ၏ ရတနာများကိုသိသည်။ အသေးဆုံးတစ်ခုသည် လူမျိုးတစ်ခုလုံး၏ ကြွယ်ဝ မှုနှင့် ညီမျှသည်။ အခု သူတို့က အကြီးနှစ်ခုပဲသယ်လာတာ….

“ဘာပဲဖြစ်ဖြစ် အဲပစ္စည်းတွေက ဒီအတိုင်းပဲရှိနေတာ၊ မင်းထောင်မယ့် ဂိုဏ်းကကြီးတယ် အဲဒါကြောင့် နည်းနည်းပေးလိုက်တာကို၊ ငါတို့စိတ်ရင်းနဲ့ ဆို နည်းတောင်နေသေးတယ်၊ စိတ်ချပြီးသာ လက်ခံလိုက်” ဝူလာကျင်း ပြော လေသည်။

“ဟုတ်တယ် မင်းက ငါတို့ရဲ့ မင်းသမီး၁၀ပဲ မင်းထောင်တဲ့ဂိုဏ်းက ပျောက်ပျက်လို့မဖြစ်ဘူးလေ” ဝူလာဘို ထပ်ပြောလေသည်။

“ဒါဆို မွေးစားအဖေ၊ မွေးစားအမေ၊ အစ်ကိုတို့ကိုကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။

သူတို့ရုတ်တရက်ပေါ်လာသဖြင့် ရှီမန်ချီနှင့် တခြားသူများသည် မှင်တက်နေကြသည်။ မင်းသမီး၁၀ဟုတ်လား။ ဘာမင်းသမီး၁၀လဲ။

“သူတို့က ကြယ်ကိုးပွင့်သမုဒ္ဒရာရဲ့ ခရမ်းရောင်ရေနဂါးဘုရင်နဲ့ ဘုရင်မ ရယ် သူတို့သားကိုးယောက်ပဲ၊ နဂါးဘုရင်က ယူယူ့ကို သူတို့မွေးစားသမီး အဖြစ် မွေးစားထားတာ အဲဒါကြောင့် သူမက သူတို့ရဲ့ မင်းသမီး၁၀ပဲ” ရှီမန်ဖန် ရှင်းပြလေသည်။

အကြီးအကဲမူသည် မယုံနိုင်စွာ အံ့သြသွားလေသည်။ သူသည် ကြယ် ကိုးပွင့်သမုဒ္ဒရာအကြောင်း၊ ခရမ်းရောင်ရေနဂါးမျိုးနွယ်အကြောင်းများကို သိ သည်။ ယူယူသည် ရေနဂါးမျိုးနွယ်၏ မင်းသမီးဖြစ်လိမ့်မည်ဟု သူ မထင်ထား ပေ။

“ဒီမှာ သူမကိုဘာလို့လက်ဆောင်တွေ အဲလောက်အလောတကြီးပေး နေတာလဲ” မိုဒိဆန်းအော်လေသည် “မင်းတို့လက်ဆောင်တွေကကြီးနေတာ ငါကဘယ်လိုသွားပေးမလဲ”

“တော်ပြီ ငါအရင်ပေးမယ်၊ မဟုတ်ရင် မင်းတို့ဟာတွေပေးရင် ငါ ခေါင်း ဖော်နိုင်မှာကိုမဟုတ်ဘူး” ရှင်းမို ပြောလေသည်။

“မရဘူး မင်းမိသားစုကခမ်းသာတယ်၊ ငါပေးပြီးမှ မင်းပေးလည်း ကိစ္စ မရှိဘူး” မိုဒိဆန်းသည် သေတ္တာတစ်လုံးထုတ်ရင်း ရှီမာယူယူအား ပေးလေ သည် “ဒီမှာ မင်းအတွက်လက်ဆောင်၊ ဂိုဏ်းထောင်တဲ့အတွက် ဂုဏ်ပြုပါ တယ်၊ ငါမဝင်နိုင်တာတော့ နှမြောစရာပဲ မဟုတ်ရင် ဒုခေါင်းဆောင်ရာထူးပေး လည်း မဆိုးပါဘူး”

ရှီမာယူယူသည် သေတ္တာကိုဖွင့်ကြည့်လိုက်သည်။ အထဲတွင် မြေပုံ အသေးတစ်ခုကိုတွေ့လိုက်လေသည်။ အပေါ်တွင် အနီကြောင်းတစ်ကြောင်း ရှိလေသည်။ သူမ ထုတ်ပြီးကြည့်လိုက်ချိန်တွင် အံ့သြသွြးသည်။

“ဒါဘာလဲ” ဝူလာလီသည် ပြေးလာကာ မြေပုံကိုနားမလည်သဖြင့် မေး လေသည်။

“ဒါက သတ္တုကြောပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒီလူကတော့ သတ္တု ကြောရှာရတာကို သဘောတွေ့နေတာလား၊ သတ္တုကြောတစ်ခုလုံးကို ဒီအတိုင်းပေးရအောင်က”

ကျွတ်

သတ္တုကြောတစ်ခု

အားလုံးသည် ပွက်လောရိုက်သွားသည်။ သတ္တုကြောတစ်ခုကို ဘယ်လိုလုပ်ပေးနိုင်ရတာလဲ။ ဂိုဏ်းထောင်တဲ့ ရှီမာယူယူတောင်မှ တစ်ခု တည်းသာရှိသည်။ ဒီလူက သူမကို တစ်ခုလုံးပေးလိုက်တာလား။

“အဲလောက်အံ့သြဖို့မလိုပါဘူး၊ မင်းမပြောနိုင်တာလည်းမဟုတ်ဘူး ဒီ သတ္တုကြောက ကြီးတာလည်းမဟုတ်ဘူး” မိုဒိဆန်းပြောလေသည် “ဒါက ငါ အရင်ကရှာတွေ့တဲ့တစ်ခုပဲ၊ ငါအမှတ်အသားလုပ်ပြီးပြီ မင်းသွားပြီး စိတ်ပူဖို့ မလိုပဲ တူးရုံပဲ”

“ဒါဆို မင်းကိုကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် မြေပုံကိုသိမ်းရင်း အားရပါးရပြုံးလေသည်။

ရှင်းမိုသည် မိုဒိဆန်းအား ကြည့်လေသည် “မင်းကိုအရင်မပေးခိုင်းသင့် ဘူးဆိုတာ ငါသိတယ် ဒီလူကတော့”

“ဟီးဟီး မင်းဘာမှမပြောရင် ယူယူကဘာမှမပြောပါဘူး” မိုဒိဆန်း သည် ဘေးမှထိုင်ခုံဝင်ထိုင်ပြီး အားရပါးရပြုံးလေသည်။

“ငါပြင်ဆင်ထားတာကို မထုတ်ရဲတော့ဘူး၊ ဒါဆို ငါ့စိတ်ရင်းကိုပဲ နည်းနည်းလက်ခံပေးပါ” ရှင်းမိုသည် သေတ္တာတစ်လုံးထုတ်ပြီး သူမကို ပေး လိုက်သည်။

မိုဒိဆန်းသည် အံ့သြမှုဖြင့် မျက်တောင်ခတ်လေသည်။ ဒီလောက်သေး တဲ့သေတ္တာမှာ လက်ဆောင်ရော ဝင်ဆံ့ရဲ့လား။ ဒီလူက သူမကို စာရွက် တစ်ရွက်ပဲပေးတာ မဖြစ်နိုင်ပါဘူးနော် ဟုတ်တယ်မလား။

ရှီမာယူယူ ဖွင့်ကြည့်ရာ အမှန်တကယ်ပင် အထဲတွင် စာရွက်တစ်ရွက် သာတွေ့ရလေသည်။ သို့သော် မိုဒိဆန်းထင်ထားသလိုမဟုတ်ပေ။ ထိုအစား ထူထဲစွာခေါက်ထားသည်။

ရှီမာယူယူသည် စာရွက်ယူပြီးကြည့်ပြီးနောက် မိုဒိဆန်းဘက် တအံ့တသြကြည့်လေသည်။

“ဒါက ငါ့အားထုတ်မှုတွေပဲ၊ ငါ့မျိုးနွယ်နဲ့ ဘာမှမဆိုင်ဘူး” ရှင်းမို ပြော လေသည်။

မိုဒိဆန်းသည် အလောတကြီးလာပြီး စာရွက်ကိုကြည့်ပြီး ပြောလိုက် သည် “ဝါး ဒီလူတော့ မင်းတကယ်ပဲ ယူယူ့ကို အမှတ်တရစားသောက်ဆိုင် တစ်ခုလုံးကိုပေးလိုက်တာလား၊ ဒီမှာ တစ်ဆိုင်၊ နောက်တစ်ဆိုင်၊ နောက်တစ် ဆိုင်၊ ဆိုင်အကုန်လုံးပဲ၊ ဒီမှာ ရှင်းကောင်ဟုတ်၊ မင်းမှာ ဆိုင်ထောင်ချီရှိတာကို အကုန်ပေးလိုက်တာလား”

ရှင်းမိုသည် စာရွက်ကိုယူကာ သေတ္တာထဲထည့်လိုက်သည် “မင်း ဂိုဏ်း ထောင်မယ်ဆိုရင် ဒါတွေသုံးရမှာပဲ”

“ကျေးဇူးပဲ” ရှီမာယူယူသည် ကျေးဇူးတင်စွာပြောလေသည်။

သူတို့ သူမကိုပေးသောလက်ဆောင်များသည် အသုံးဝင်သည်။ သူမ လူအင်အားစုဆောင်းရန်အတွက်လည်း ပိုမြန်စေသည်။ ထိုအရာများကို သူမ ကိုယ်ပိုင်လုပ်ရပါက မဖြစ်နိုင်သည်မဟုတ်သော်လည်း စွမ်းအင်နှင့် အရင်း အမြစ်များကို များစွာစိုက်ထုတ်ရမည်။

ထို့အပြင် ကုန်ကျမည့်ငွေပမာဏလည်း တုန်လှုပ်စရာပင်။ သတ္တုကြော တစ်ခုလုံးနဲ့ ဆိုင်ထောင်ချီလောက်ကို ဘယ်သူက လူတစ်ယောက်ကို လက်ဆောင်ပေးမှာလဲ။

သေစမ်း သူတို့နှလုံးသားတွေ ရင်ဘတ်ကတောင်ထွက်လာတော့မယ်။

သူတို့ကြည့်လေလေ သိလာသည်မှာ ယူယူ၏သူငယ်ချင်း တစ်ယောက် ချင်းစီသည် ကြောက်မက်ဖွယ်ကောင်းလေသည်။

“ကောင်းပြီ ဒါဆိုစမယ်လေ” ရှီမာယူယူ ပြောလေသည် “ဒီနေ့ အကုန် လုံးက ပွဲလမ်းလုပ်ဖို့စုဝေးနေကြတာပဲ၊ ငါတို့ဂိုဏ်းတစ်ခုလုံး စုတယ်လို့ သတ်မှတ်လို့ရပြီ ခေါင်းဆောင်က ဖန်အာပဲ၊ ပြီးတော့ အခွဲတွေရှိလိမ့်မယ်၊ အဂ္ဂိရတ်အဖွဲ့၊ လက်နက်အဖွဲ့၊ သားရဲထိန်းကျောင်းသူအဖွဲ့နဲ့ တည်ဆောက် မှုသခင်များအဖွဲ့တို့ရှိမယ်၊ ငါတို့ပြန်ရောက်ရင် အားလုံးက တစ်ခုစီရွေးချယ်ရ မယ်၊ ဘာအတတ်ပညာမှမရှိရင် လေပြင်းခန်းမရဲ့ တပည့်ဖြစ်လာမယ်၊ ငါတို့…”

ရုတ်တရက်ပင် ရှီမာယူယူကို နှောင့်ယှက်သော တစ်စုံတစ်ခုပေါ်လာ လေသည်…

***

All Chapters