အဒေါ်ဖန်မှ တစ်ယောက်ပို့လိုက်ခြင်း
Vol. 010 Ch. 928
ရှီမာယူယူ ခေါင်းမော့ပြီး လှုပ်ရှားမှုလာသော နေရာသို့ကြည့်လိုက် သည်။
“တစ်ယောက်ယောက်လာနေတာလား” မိုဒိဆန်း မေးလေသည်။
ရှီမာယူယူ ခေါင်းရမ်းကာ “ဘယ်သူ့ကိုမှ မတွေ့ရဘူး”
“ဒါဆို ဘယ်သူလာတာလဲ”
“တစ်ယောက်ယောက်ဒီကိုလာတာက တိုက်ဆိုင်မှုတစ်ခုပဲလား”
“တိုက်ဆိုင်မှုကြီးလိုက်တာ”
ရှီမန်ဖန်သည် ရှီမာယူယူကိုကြည့်လိုက်ရာ သူမသည် ဗလာကျင်းနေ သော နေရာကိုကြည့်လိုက်သည်။
“နောက်တစ်ခါကို တခြားသူတွေ ဝင်ပေါက်တိုက်ရိုက်ဖွင့်လို့မရအောင် တည်ဆောက်မှုလုပ်ရမယ်လို့ထင်တယ်၊ မဟုတ်ရင် အန္တရာယ်များတယ်” သူမသည် ကိုယ့်ဘာသာတွေးနေမိလေသည်။
“လူအများစုကဒီကိုမလာရဲကြပါဘူး၊ ဒီနေရာက အဆိပ်တွေနဲ့ ဝိုင်းနေ တာ၊ သူတို့ဝင်လာမယ်ဆိုရင် ခံနိုင်ကြမှာမဟုတ်ဘူး” ရှီမန်ချီ ပြောသေလည်။
“သေချာတာတစ်ခုရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဘယ်သူလာတာလဲ တကယ်သိချင်နေပြီ”
“အဲလူဆင်းလာရင် သိရမှာပဲ သူလာနေပြီ”
ရှီမာယူယူ ပြောလိုက်ချိန်တွင် လူနှစ်ယောက်ထွက်လာသည်။ တစ်ယောက်မှာ ကြီးမားကာ တစ်ယောက်မှာ သေးငယ်သည်။
“အမလေး ဒီမှာလူများတာပဲ”
သူတို့ကို သူမမြင်သောအခါ ပြုံးလိုက်သည် “ဒီကိုဘယ်လိုလုပ်ရောက် လာကြတာလဲ”
“မင်း ဂိုဏ်းတည်ထောင်မယ်လို့ကြားတာနဲ့ ကြည့်ဖို့လာတာ၊ အချိန်မှီ သေးရဲ့လား” ရှီချူးရှောင် မေးလေသည်။
“အခုမှစတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဒီမှာ လက်ဆောင်” ရှီချန်းကျိသည် သူမအား မှော်ဝင်လက်စွပ် တစ် ကွင်းပေးလေသည် “အရင်တစ်ခေါက်က ပေးစရာရှိတာနဲ့ပေါင်းပြီးတော့”
ရှီမာယူယူသည် စစ်ဆေးကြည့်ရာ အထဲတွင် ရတနာများပေါများစွာ ပါ သည်ကိုတွေ့လိုက်ရလေသည်။ သူမ ပြုံးပြီးပြောလိုက်သည် “ခင်ဗျားတို့ လာ မှတော့ ကျွန်တော့်ဧည့်သည်ပဲပေါ့ ကျေးဇူးပြုပြီး”
သူမ ပြုမူပုံကို ရှီချူးရှောင်ကြည့်ပြီး စတင်ပြီးနေပြီကို သူမ သိလိုက် သဖြင့် ဘာမှမပြောတော့ပေ။ သူမသည် ဖန်ကျိနှင့် တခြားသူများကို နေရာချ ခိုင်းလိုက်သည်။
“ညီမ၁၀ သူတို့က ဘယ်သူတွေလဲ” ဝူလာရှုံသည် တခြားသူများရှေ့ တွင် မေးရသည်မှာ ရိုင်းသည်ဟု မထင်ပေ။
“သူတို့က အတွင်းပိုင်းဒေသက ဂိုဏ်းတစ်ခုကပဲ” ရှီမာယူယူ ပြောလိုက် သည် “ဂုဏ်ပြုဖို့လာတဲ့ ညီမသူငယ်ချင်းတွေပဲ၊ သူတို့က ဒီဖြေဆေးရဖို့ ညီမ ကိုကူညီပေးတဲ့သူတွေပဲ”
အတွင်းပိုင်းဒေသ..
သူတို့သခင်လေးတွင် နေရာစုံမိတ်ဆွေရှိသည်ဟု ဖန်ခိုင်နှင့်တခြားသူ များခံစားရလေသည်။
သူတို့မသိသည်မှာ ရှီမာယူယူ ဂိုဏ်းတည်ထောင်သည်ဟု သတင်းကြား သည်နှင့် ရောက်လာမည့်သူများလည်းရှိသည်။
“ဟူး ထပ်ပြီးတော့လား”
လေဟာပြင်တွင် လှုပ်ရှားမှုထပ်ဖြစ်လာသည်။ တစ်ယောက်ယောက် များထပ်ရောက်လာပြီလား။
သို့သော် လေဟာပြင်မှာ ကွဲမသွားပေ။ ထိုအစား အမျိုးသမီးတစ် ယောက်သည် လေထဲတွင် ပျံလာသည်။
“ဒါက…”
ထိုအမျိုးသမီးကို ဘယ်သူမှမသိကြပေ။ ဒီလိုပေါ်လာသည်ကိုကြည့်ရ သည်မှာ သူမ ဘယ်လောက်အောင် အားကောင်းလို့ပါလိမ့်။
ရှီမာယူယူသည် ထိုလူကို မမှတ်မိပေ။ သို့သော် သူမ၏ ပုံစံကို မှတ်မိ သည်။
“သခင်မလေး” ထိုအမျိုးသမီးသည် ရှီမာယူယူရှေ့လာကာ သူမအား အသာအယာ ခေါင်းညိတ်ပြလေသည်။
“အဒေါ် ဒါပေမဲ့ ဘာဖြစ်လို့လဲ အဒေါ်ဖန်ဘာဖြစ်လို့လဲ” ရှီမာယူယူ စိုးရိမ် တကြီးမေးလေသည်။
သူမစိတ်ထဲတွင် ဖန်ရူယန်၏ အခြေအနေသည် အမြဲရှိနေသည်။ အဲလို မဖြစ်နိုင်ပါဘူး၊ ဖန်ရူယန်၏ အခြေအနေအတွက်ကတော့ စောလွန်းနေတယ်။
အမျိုးသမီးသည် ရှီမာယူယူ၏ မျက်လုံးထဲမှ စိတ်ရင်းနှင့် စိုးရိမ်မှုကိုမြင် သောအခါ ပြောလေသည် “သခင်မကအဆင်ပြေပါတယ်၊ သခင်မလေး ဒီနေ့ ဂိုဏ်းထောင်မယ်ဆိုတာ သူမ သိလို့ ပျော်နေတာ၊ အဲဒါကြောင့် လက်ဆောင် ယူလာခိုင်းတာ”
သူမသည် သေတ္တာတစ်လုံးထုတ်ပြီး ရှီမာယူယူအားပေးရင်း ပြောလေ သည် “သခင်မကပြောလိုက်ပါတယ်၊ ဧကရာဇ်အဆင့်မရောက်ခင်ကို မဖွင့်ပါ နဲ့တဲ့”
“ဒီနေ့ပွဲကို အဒေါ်ဖန်ကဘယ်လိုသိတာလဲ” ရှီမာယူယူသည် ဂုဏ်ပြု လက်ဆောင်ကိုယူပြီး သိချင်စိတ်ဖြင့်မေးလေသည်။
“သခင်မလေးမှာ သခင်မရဲ့ ဝိညာဉ်ပုံတူရှိနေတယ်လေ၊ သခင်မ ဆန္ဒရှိ သရွေ့တော့ သခင်မလေးရဲ့ လက်ရှိအခြေအနေကို သူမ သိနိုင်တယ်” အမျိုးသမီးပြောလေသည် “သူမအဲဒါကိုလုပ်တိုင်းမှာ စွမ်းအင်အများကြီးတော့ ကုန်တာပေါ့ ဒီတစ်ခါက တိုက်ဆိုင်သွားတာပါ ဒီအတိုင်းသိသွားတာ”
သူမခန္ဓာကိုယ်တွင် ဝိညာဉ်ပုံတူထားလျှင်တောင်မှ အဲဒါကို အာရုံခံနိုင် လို့လား။
ရှီမာယူယူသည် အလွန်အံ့သြသွားလေသည်။ ဝိညာဉ်ပုံတူအများစုမှာ ပုံတူပေးသူ သို့မဟုတ် ပိုင်ရှင်သေဆုံးမှသာ ပိုင်ရှင်သည် ထိုအကြောင်းအရာ ကို အာရုံခံနိုင်ခြင်းဖြစ်သည်။ သို့သော် ဖန်ရူယန်သည် သူမကို အခုကို စောင့် ကြည့်နိုင်လေသည်။
“သခင်မလေးအများကြီးမတွေးပါနဲ့လို့ သခင်မကမှာလိုက်ပါတယ်၊ သူမ က သခင်မလေးကိုအာရုံစိုက်တာချည်းလဲမဟုတ်ဘူး ပြီးတော့ သခင်မလေး ဘဝကိုလည်း ဝင်စွက်ဖက်မှာမဟုတ်ပါဘူး” အမျိုးသမီးပြောလေသည်။
“နားလည်ပါပြီ” ရှီမာယူယူ ခေါင်းညိတ်လေသည် “အဒေါ် အဒေါ်ဖန်ကို လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်လို့ ကျေးဇူးပြုပြီး ကူညီပြီး ပြောပေး ပါ”
သူမကိုယ်တိုင်နှင့် ဖန်ရူယန်တို့အတွက် များစွာစဉ်းစားနေရန်မလိုပေ။ အဒေါ်ဖန်သာ တကယ်သူမအပေါ် စစ်ဆေးလိုပါက သူမကိုပြောပြန်ရန်ပင် မလိုပေ။
“သခင်မက ပြောလိုက်ပါတယ် သခင်မလေးတစ်ခုခုလုပ်မယ်ဆိုရင် လုပ်ပါ၊ သခင်မလေးက ကောင်းကင်ကိုဖျက်ဆီးမယ်ဆိုရင်တောင် ဖန်မျိုးနွယ် က အနောက်မှာရှိနေပေးပါမယ်” ထိုအမျိုးသမီးသည် ပြုံးပြီးပြောလေသည်။
သူမ အဘက်ဘက်မှ ဝန်းရံခံခဲ့ရသော အချိန်ကို ဖန်ရူယန် ပြောခြင်းဖြစ် သည်။
“သိပါပြီ” ရှီမာယူယူ ပြောလိုက်သည် “အဒေါ် ကျေးဇူးပြုပြီးထိုင်ပါ မုန်နဲ့ ဝိုင် သုံးဆောင်ပါဦး”
“မလိုတော့ပါဘူး သခင်မက ကျွန်မပြန်လာပြီး သတင်းပို့တာကိုစောင့် နေမှာ” အဒေါ် ပြောလေသည်။
“ဒါဆို အဒေါ်ဖန်ဆီ့ကို ပစ္စည်းတချို့ပြန်ယူသွားပေးဖို့ အဒေါ့်ကိုပဲ ဒုက္ခ ပေးရတော့မှာပဲ” ရှီမာယူယူသည် ကျောက်စိမ်းပုလင်းတစ်ခုကိုထုတ်လိုက် သည် “အထဲကပစ္စည်းတွေကတော့ အံ့ဖွယ်အဆင့်ဆိုရင် တစ်ခါကို တစ်စက် ချပေးရမယ် ဧကရာဇ်အဆင့်ဆိုရင် တစ်ခါကို သုံးစက်ချပေးရမယ်၊ အဒေါ်ဖန် ရဲ့ အားကဘယ်လောက်ရှိလဲ ကျွန်တော်မသိဘူး၊ ဒါပေမဲ့ သူမကိုတော့ သက်ရောက်မှုဖြစ်စေမှာပါ”
အဒေါ် ပစ္စည်းကိုယူလိုက်ချိန်တွင် ထိုအရာကိုမြင်သည့်ပုံမပေါ်ပေ။ သူမ ရှီမာယူယူအား ခေါင်းညိတ်ပြကာ အားလုံးရှေ့တွင်ပင် ပျောက်သွားလေ သည်။
သူမ ထွက်သွားသည်ဟု သူတို့သိလိုက်ချိန်တွင် အားကောင်းသော ဖိအားမှ အားလုံး ပြန်သတိဝင်လာလေသည်။
“အဲလူကအားကောင်းလိုက်တာ” ယူရှီ သက်ပြင်းချလေသည်။
ပြီးခဲ့သည့်တစ်ခေါက် သူတို့အမှောင်တောသို့သွားခဲ့စဉ်က ဖန်ရူယန် သည် ဝိညာဉ်ပုံတူထားခဲ့သည်ကို သူတို့မြင်ခဲ့သည်။ ထိုစဉ်က ရှီမာယူယူသည် အဒေါ်ဖန်၏ နာမည်ကို ခေါ်ခဲ့သည်။ ထိုအချိန်က သူမပြောခဲ့သောပိုင်ရှင် သည် သူမပင်ဖြစ်နိုင်သည်။
သူမဘေးမှလူများသည် အလွန်အားကောင်းကြသည်။
ရှီချူးရှောင်နှင့် ရှီချန်းကျိတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ အခုပေါ်လာတဲ့လူက…
“စီနီယာသိလား”
“အထဲက သတင်းတော့ကြားရလောက်ပါတယ်”
“အရမ်းအားကောင်းတယ်”
“အနောက်ကလူကလည်း အားမနည်းဘူးပဲ အနည်းဆုံးတော့ ညီမတို့ ထက်အားကောင်းတယ်”
“အင်း”
“ဒီဂိုဏ်းကတော့ နောက်ကို သေချာပေါက်တိုးတက်လာမဲ့ပုံပဲ” ရှီချန်းကျိ ပြောလေသည်။
အများကြီးပင်ပြောရန်မလိုပေ။ ဒီနေ့ တက်ရောက်သောလူများနှင့် သူမ ကိုပေးသောလက်ဆောင်များကို အခြေခံကြည့်လျှင် သာမာန်လူများ လုပ်နိုင် သည့်အရာများမဟုတ်ပေ။
အင်အားစုတစ်ခုတည်ထောင်ချင်းသည် တစ်ခါတစ်လေတွင် လူတစ်ယောက်၏ အသိအကျွမ်းများ၏ အထောက်အပံ့တွင် မှီခိုရသည်။ အထူးသဖြင့် ထိုနေရာတွင်ရှိနေသော အသိအကျွမ်းများကဲ့သို့ပင်။
ရှီမာယူယူသည် ဖန်ရူယန် သူမကိုပေးသော သေတ္တာကိုယူပြီး ဝိညာဉ် လေးကို သိမ်းခိုင်းလိုက်သည်။ ထို့နောက်တွင် သူမ အားလုံးကိုလှည့်ပြီး ပြော လေသည် “ဆက်ရအောင်…”
ပွဲအစမှအဆုံးထိ အားလုံးသည် ထိုနေ့၏ အံ့သြမှုကို ပြန်မနိုးထနိုင်ပေ။ တက်ရောက်သူမှာ နည်းသော်လည်း သူတို့တွင် အဖွဲ့ဝင်နည်းသေး သော်လည်း အင်အားချဲ့နိုင်မည်ဟု အားလုံးယုံကြည်ကြသည်။
ဂိုဏ်းတည်ထောင်သည့်ပွဲသည် ညဉ့်နက်သည်အထိ ကျင်းပလေသည်။ နောက်ဆုံးတွင် သူတို့သည် မူးကာ ကြမ်းပေါ်လှဲပြီး အိပ်ကြလေသည်။ တောင်ကြား၏ ကြမ်းပြင်ပေါ်တွင် လှဲနေကြသည်မှာ ရှုပ်ယှက်ခတ်နေသည်။
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် တောင်ထိပ်တွင်ထိုင်ကာ ကြမ်းပေါ် တွင်မူးနေကြသော လူများကိုကြည့်နေသည်။ ဆက်သောက်နေသူများလည်း ရှိကာ သူတို့နှုတ်ခမ်းများတွင် ကျေနပ်သောအပြုံးများရှိကြလေသည်။
“ဂိုဏ်းကနောက်ဆုံးတော့ တည်ထောင်ပြီးသွားပြီ” ရှီမာယူယူသည် သက်ပြင်းရှည်ချလိုက်သည် “လူတွေဆက်စုပြီး သန်မာလာဖို့လိုသေးတယ် ဘာပဲဖြစ်ဖြစ် စီနီယာလည်း ဧည့်သည်ပဲဆိုတော့ ဘာလို့ကျွန်တော့်ကို လက်ဆောင်မပေးတာလဲ”
သူမသည် ဒီနေ့ဆုများစွာရခဲ့သည်။ နောက်ဆုံးတွင် ဒီလူမှ သူမကို ဘာမှမပေးရသေးသည်ကို သတိရသွားသည်။
ဝူလင်းယူသည် သူမကိုကြည့်ပြီး မျက်တောင်ခတ်လိုက်သည် “ကိုယ့် ကိုယ်ကို လက်ဆောင်အဖြစ်ပေးလို့မရဘူးလား”
“ဟူး စိတ်ရင်းလည်းမပါဘူး”
ရှီမာယူယူသည် ပြောရုံရှိသေးသည် နှုတ်ခမ်းတစ်စုံသည် သူမ နှုတ်ခမ်းများပေါ်ကျရောက်လာသည်။
“ကိုယ် တကယ်ပြောတာ….”
***