← Chapters

အံ့ဖွယ်အရွတ်

Vol. 010 Ch. 929

အံ့ဖွယ်အရွတ်

Vol. 010 Ch. 929

ဝူလင်းယူ သူမကိုလွှတ်လိုက်ချိန်တွင် သူမ၏ နှုတ်ခမ်းများသည် သူ့ အနမ်းကြောင့် ယောင်နေသည်။

“ဒါကိုလက်ဆောင်လို့ မသတ်မှတ်ဘူး” သူမသည် သူ့ကို မကျေနပ်စွာ ကြည့်လေသည်။

“ကိုယ်ပြောပြီးသားလေ ကိုယ်က မင်းရဲ့လက်ဆောင်ပါလို့” ဝူလင်းယူ ကြိတ်ရယ်လေသည်။

“ငြင်းတယ်” ရှီမာယူယူသည် သူ့ကိုမကြည့်တော့ပဲ ခေါင်းကိုတစ်ဖက် လှည့်သွားသည်။

“ကောင်းပြီ ဒီလက်ဆောင်ကိုမလိုချင်မှတော့ အပေါစားဆန်တဲ့ နောက် တစ်မျိုးကိုပြောင်းပေးရမှာပေါ့” ဝူလင်းယူသည် ပြောရင်းနှင့် သေတ္တာတစ်လုံး ထုတ်ကာ ဖွင့်လိုက်သည်။ သေတ္တာထဲတွင် အရည်အသွေး ကောင်းမွန်သော မီ်းတောက်ကဲ့သို့နီရဲသောရတနာဖြင့် စီခြယ်ထားသော လက်စွပ်တစ်ကွင်းရှိ လေသည်။

“စီနီယာ…”

ရှီမာယူယူ မှင်တက်သွားသည်။ ဒီလူက ဒါနဲ့ဘာလုပ်မလို့လဲ။

ဝူလင်းယူသည် လက်စွပ်ထုတ်ပြီး သူမ ဘယ်ဘက်လက်ကိုယူကာ သူမ လက်ခလယ်တွင် ဝတ်ပေးလိုက်သည်။

ထိုလက်စွပ်မှာ ကြီးလွန်းသည်။ သို့သော် သူမ လက်ချောင်းများဆီသို့ ဝင်သွားသည်နှင့် အရွယ်အစားကိုက်ညီသွားသည်။

“ကျွန်တော့်ကို လက်ထပ်ခွင့်တောင်းနေတာလား” ရှီမာယူယူသည် ဝေ့လည်ကြောင်ပတ်မလုပ်တော့ပေ “ကျွန်တော်လက်ခံမလားလို့ မမေးတော့ ဘူးလား”

“မင်းက အသိအမှတ်ပြုပြီးရင် စိတ်ပြောင်းမဲ့လူမျိုးမဟုတ်ဘူးလေ၊ ပြီးတော့ ဘာပဲဖြစ်ဖြစ် ကိုယ်က မင်းလူဖြစ်နေပြီပဲ” ဝူလင်းယူသည် မရေမရာ ပြောလေသည်။

“ကောင်းပြီ ဒီလိုတော့မရဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော် ကပဲ အစ်ကို့ကိုဒီနေ့တစ်ခုခုလုပ်တော့မလိုပြောနေတယ်”

“မဟုတ်ဘူးလား” ဝူလင်းယူသည် သူမကို ရိုးသားသလိုကြည့်လေ သည် “ကိုယ်တို့အရင်ကပြောပြီးပြီလေ ကိုယ့်ကို မင်းလူဖြစ်ခွင့်ပေးဖို့၊ မင်း သဘောတူထားမှတော့ ပြန်ရုတ်သိမ်းလို့မရတော့ဘူး၊ ပြီးတော့ မင်းတကယ် ပဲ ကိုယ့်ကိုတစ်ခုခုလုပ်ခဲ့တယ်လေ”

“ဘယ်တုန်းကလုပ်လို့လဲ” ရှီမာယူယူသည် စိတ်ဆိုးစွာ စိုက်ကြည့်လိုက် သည်။

ဒီလူကတော့ အရှက်မရှိတဲ့ လူလိမ်ကြီးပဲ။

“ကိုယ့်ကို အဝတ်မရှိအောင်အရင်ချွတ်တာမင်းပဲလေ” ဝူလင်းယူ ဆက် ပြောလေသည် “ပြောဦး ကိုယ့်အဝတ်ချွတ်တာ ဘယ်နခါလဲ”

“ကျွန်တော်…”

“အဲတုန်းက ကိုယ်သတိမေ့နေတာ၊ မင်း ကိုယ့်ကို ဘာမှမလုပ်ပါဘူးလို့ ဘယ်လိုလုပ်သိမလဲ၊ တစ်ခုခုလုပ်ခဲ့ရင်တောင် ကိုယ်ကသိမှာမဟုတ်ဘူး” ဝူလင်းယူ ဆက်ပြောလေသည် “ကိုယ် သတိမေ့နေတယ်ဆိုပြီး ငြင်းဦးမှာ လား”

“ကျွန်တော်…”

သူ၏ ရိုးသားသော်လည်း ညို့ယူနေသောမျက်လုံးများကိုကြည့်ပြီး သူမ မရှင်းပြနိုင်သလိုခံစားရလေသည်။

သူမ ရှင်းအောင် မရှင်းပြနိုင်သဖြင့် မရှင်းပြတော့ပဲ ရိုက်လိုက်လေသည်။

“ဖြန်း”

ရှီမာယူယူ မှင်တက်သွားပြီး သူ့ကိုကြည့်လိုက်သည် “ဘာလို့မရှောင် တာလဲ”

“ကိုယ်ရှောင်ရင် မရိုက်တော့ဘူးလား” ဝူလင်းယူ ပြန်ဖြေလေသည်။

“….”

ရှီမာယူယူ သူ့ကိုကြည့်လိုက်သည်။ သူမ အရှုံးပေးလိုက်ပြီ။

“ကောင်းပြီ” ဝူလင်းယူသည် သူမလက်ကိုကိုင်ပြီး ပြောလေသည် “ဒီလက်စွပ်ကိုကြည့်ကြည့်ဦး”

ရှီမာယူယူသည် သံသယကိုခံစားမိကာ လက်စွပ်အားကြည့်လိုက် သော်လည်း ဘာမှမတွေ့ပေ။

“ထင်ယောင်ထင်မှားလက်စွပ်လား မဟုတ်သေးပါဘူး” သူမ ထပ်ကြည့် သော်လည်း ထူးခြားမှုကိုမတွေ့ပေ။

“ကျောက်ကိုကြည့်ကြည့်” ဝူလင်းယူ ပြောလေသည်။

ရှီမာယူယူ ခဏကြာအောင်ကြည့်သော်လည်း ဘာမှမတွေ့ပေ။ ထို့ကြောင့် သူမသည် အံ့ဖွယ်အာရုံသုံးပြီး ရှာဖွေကြည့်သည်။ အနီရောင် ကျောက်အတွင်းတွင် အနီရောင်သွေးအစက်ရှိနေသည်။

“ဒါဘာလဲ” ရှီမာယူယူ ထွက်ပြီး အံ့အားသင့်စွာမေးလေသည်။

အပြင်ကဆိုလျှင် အထဲကိုမမြင်ရပေ။ အနီရောင်ကျောက်သည် အစေ့၏ ရောင်ဝါဖြင့် ဖုံးနေသည်။ ထပ်ပေါင်းပြောရလျှင် အရောင်တူနေသဖြင့် ဝူလင်းယူသာ သူမကိုမကြည့်ခိုင်းလျှင် သူမ သတိထားမိမည်မဟုတ်ပေ။

ဝူလင်းယူသည် သူတို့နှစ်ယောက်ကိုလွှမ်းခြုံသည် ဝိညာဉ်အတားအဆီး တစ်ခုလုပ်ပြီး ပြောလိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက်က ပင်မမြို့တော်က လေလံပွဲကိုမှတ်မိသေးလား”

ပင်မမြို့တော်က လေလံပွဲလား။

ရှီမာယူယူသည် ကြောင်ကြည့်နေပြီးနောက် ခေါင်းညိတ်လေသည် “မှတ်မိတယ်”

ထိုအချိန်က သူမသည် အံ့ဖွယ်မျက်ရည်ကိုရှာဖွေချင်ခဲ့သည်။ သို့သော် ရှာမတွေ့ခဲ့ပဲ ဖန်ရူယန်နှင့် သိကျွမ်းခဲ့သည်။

“အဲတုန်းက အံ့ဖွယ်မျက်ရည်နဲ့လဲချင်ရင် တစ်ဖက်က ဘာလိုချင် တယ်လို့ တောင်းတာလဲ” ဝူလင်းယူ မေးလေသည်။

“အံ့ဖွယ်အရွတ်” ရှီမာယူယူ ပြောလိုက်သည်။ သူမ ရုတ်တရက် တွေးမိကာ ဝူလင်းယူအား မယုံကြည်စွာကြည့်ပြီး ပြောလေသည် “ဒါက ဒီအစေ့လေးက အံ့ဖွယ်အရွတ်လို့ပြောလိုက်တာလား”

ဝူလင်းယူသည် သူမ၏ အံ့သြနေသောမျက်နှာကိုကြည့်ပြီး ခေါင်းညိတ် လိုက်သည်။

“ဘုရားရေ” သူဘာကြောင့် ဝိညာဉ်အတားအဆီးလုပ်ခဲ့သည်ကို ရှီမာယူယူနားလည်သွားပြီ “ဒါက ဒဏ္ဍာရီထဲကပစ္စည်းမလား ဘယ်လိုရလာ တာလဲ”

သူမသည် ထိုပစ္စည်းရှိနေသည်ကိုပင် မယုံနိုင်ဖြစ်ခဲ့သည်။ အခု သူမ လက်ထဲရောက်နေလေပြီ။

“ပြီးခဲ့တဲ့တစ်ခေါက်က ရခဲ့တာ၊ ပေါင်းစပ်ပြီးတော့ ကိုယ်ပြန်သွားသေး တယ်လေ” ဝူလင်းယူ ပြောလိုက်သည်။

သူ့တွင် ရတနာများထားရာ ကိုယ်ပိုင်နေရာရှိခဲ့သည်။ သို့သော် ဝိညာဉ် ပုံစံဖြင့် ဖွင့်မရပေ။ ဝူလင်းယူတွင် ထိုမှတ်ဉာဏ်မရှိသဖြင့် သူ မသိခဲ့ပေ။

ရှီမာယူယူသည် သူမလက်ထဲမှ လက်စွပ်ကိုကြည့်ပြီး အသက်ရှုရန်ပင် မေ့ကာ သူမနှလုံးသားသည် ထိုပစ္စည်းသေးသေးလေးကြောင့် စူးနင့်စွာခံစား ရလေသည်။

“စိတ်မလှုပ်ရှားနဲ့ဦး” ဝူလင်းယူ ဆက်ပြောလေသည် “ဒီပစ္စည်း မင်းမှာ ရှိတာကို ဘယ်သူမှမသိကြဘူး၊ ပြီးတော့ ဒါက အံ့ဖွယ်ဆေးတောင်မဟုတ် သေးဘူး အစေ့ပဲရှိသေးတယ်”

“ဒီအစေ့ကအသက်ဝင်သေးတာလား” ရှီမာယူယူသည် ခေါင်းမော့ပြီး ပြောလေသည်။

“ဖြစ်လောက်တယ်၊ သူ့ကိုအနီးကပ်ခံစားကြည့်ရင် သူ့မှာ အသက်ရှိ သေးတယ်ဆိုတာ ခံစားလို့ရတယ်” ဝူလင်းယူ ဆက်ပြောလေသည် “အပြင်က ကျောက်ကြောင့်မို့လို့ထင်တယ်၊ အဲဒါကြောင့်အခုထိရှိနေတာ”

“အင်း” ရှီမာယူယူလည်း ထိုသို့ထင်သည် “ဒါကို အသက်သွင်းလို့ရ မလားလို့ ဝိညာဉ်လေးကိုစမ်းခိုင်းကြည်ံရမယ်၊ ဝိညာဉ်လေးကလည်း စိတ်ဝင် စားမယ်လို့ထင်တယ်”

“ဒီအစေ့က နတ်ဆိုးဉာဉ်ရှိတယ်လို့ကြားဖူးတယ်၊ သူ့ကိုပျော့ပြောင်း အောင်လို့ သွေးစွတ်ပြီးမှ မြေပေါ်ကိုစိုက်ပြီး သွေးကိုနေ့တိုင်းလောင်းပေးရမှာ” ဝူလင်းယူ ဆက်ပြောလေသည် “အဲဒါမှပဲ သူက မှည့်လာရင် ပျံမသွားမှာ”

“ပျံသွားတယ်ဟုတ်လား” ရှီမာယူယူ မယုံနိုင်ပေ။ ဒီပစ္စည်းက ပျံနိုင်တာ လား။

“အံ့ဖွယ်အရွတ်က အံ့ဖွယ်ဆေးတစ်မျိုးပဲ၊ အံ့ဖွယ်ဆေးဆိုမှတော့ ကြီးလာရင် ဝိညာဉ်အသိစိတ်ရှိလိမ့်မယ်၊ လူသားတွေက သူတို့ကို ဆေးအဖြစ် သုံးမယ်ဆိုတာ သူတို့သိပြီး မှည့်လာရင် ပျံပြေးကြတယ်” ဝူလင်းယူ ရှင်းပြ လေသည် “အစကတည်းက သွေးလောင်းထားမှ မင်းနဲ့ ဆက်သွယ်မှုရှိပြီး မတော်လှန်မှာ”

“သိပြီ” ရှီမာယူယူသည် အနီရောင်ကျောက်ကိုကြည့်လိုက်သည် “အံ့ဖွယ်ဆေး ဟီးဟီး…”

ဝူလင်းယူသည် သူမခေါင်းကိုတောက်ကာ ပြောလေသည် “အဲလို ပြောင်ချော်ချော်မရယ်နဲ့”

“ဘယ်မှာပြောင်ချော်ချော်ဖြစ်လို့လဲ” ရှီမာယူယူသည် သူမ ခေါင်းကို ကိုင်လိုက်သည် “ကျွန်တော်က ပျော်တာပါ၊ ဒါကအံ့ဖွယ်ဆေးလေ၊ အံ့ဖွယ် ဆေးတစ်ခုက အသက်ကယ်နိုင်တယ်၊ အသီးနှစ်လုံးဆိုရင် နှစ်သက်ကယ်နိုင် တယ်၊ ပြောရင်းနဲ့ ဒါကအသီးဘယ်လောက်သီးနိုင်လဲ”

“အံ့ဖွယ်ဆေးကတော့ အသီးတစ်လုံးပဲသီးနိုင်တယ်၊ အခုလက်ရှိ ရှိနေ တဲ့ အံ့ဖွယ်ဆေးအကုန်လုံးက အသီး၂လုံးမသီးနိုင်ဘူး” ဝူလင်းယူ ပြောလေ သည်။

“အံ့ဖွယ်ဆေးတွေက အများကြီးရှိတာလား”

“မများပါဘူး” ဝူလင်းယူ ပြောလေသည် “အားလုံးပေါင်းမှ နည်းနည်းရှိ တာ၊ အကုန်လုံးက အင်အားကြီးဂိုဏ်းတွေချည်းမှာပဲ၊ မင်းမျိုးမင်းနွယ်တွေနဲ့ မိသားစုကြီးတွေတောင် မသေချာဘူး”

“ပညာရှိစံအိမ်တော်မှာရော ရှိလား”

“ရှိတယ် ပင်မအဆောင်မှာရှိတယ်” ဝူလင်းယူ ပြောလေသည်။

“ပင်မအဆောင်ကဘယ်မှာလဲ၊ အစ်ကို့ခန္ဓာကိုယ်ကိုလိုချင်နေတဲ့ အဘိုးကြီးနေတဲ့နေရာလား”

“မဟုတ်ဘူး အဲဒါက အလယ်ပိုင်းဒေသကအုပ်ချုပ်ရုံးနဲ့ အပြင်ပိုင်းဒေသ က ပင်မအဆောင်ပဲ၊ တကယ့်ပင်မအဆောင်က အတွင်းပိုင်းဒေသမှာရှိတယ် သူတို့အမိန့်ကြောင့်ပဲ မင်းမိန်းကလေးအဝတ်ဝတ်လို့မရတာ” ဝူလင်းယူ ဆက် ပြောလေသည် “ဒါပေမဲ့ မင်းရဲ့ လက်ရှိအားနဲ့ဆိုရင် အဲဒါကိုဂရုစိုက်ဖို့မလို တော့ဘူး”

“ကျွန်တော် မိန်းကလေးအဝတ်ပြန်ဝတ်လို့ရပြီလို့ပြောတာလား” ရှီမာယူယူ၏ မျက်လုံးများ တောက်ပလာသည်။

တခြားသူများ သူမကို ကြည့်မည်ကို ဝူလင်းယူတွေးပြီး ငြင်းချင် သော်လည်း သူမ၏ တောက်ပသောမျက်လုံးများကိုမြင်သောအခါ ခေါင်း ညိတ်လိုက်သည် “မင်းဝတ်ချင်တယ်ဆို ဘာမှမရှိရင် ကိုယ်မင်းအတွက် ဖြေရှင်းပေးမယ်”

“အစ်ကိုက လုပ်နိုင်တယ်ပေါ့” ရှီမာယူယူသည် သူ့ကိုမယုံပေ။

“မမေ့နဲ့နော် ကိုယ်က နတ်ဆိုးဘုရင်ဖြစ်ခဲ့တာ၊ ကိုယ့်မိန်းကလေးက လိုချင်တာဆို ဘာလို့တခြားသူတွေကို ဂရုစိုက်ဖို့လိုမှာလဲ” ဝူလင်းယူသည် သူမ ခေါင်းကိုပွတ်သပ်ရင်း ကြင်နာစွာပြောလေသည်။

***

All Chapters