← Chapters

ဇာမဏီနိဗ္ဗာန်အံ့ဖွယ်ဆေး

Vol. 010 Ch. 930

ဇာမဏီနိဗ္ဗာန်အံ့ဖွယ်ဆေး

Vol. 010 Ch. 930

ရှီမာယူယူသည် သူ့အဖြေကိုကျေနပ်မိသည်။ သို့သော် သူမ၏ မိန်းကလေးဆိုသည့် သရုပ်မှန်ကိုကြေညာရန် အစီအစဉ်မရှိပေ။

ယောက်ျားလေးလိုဝတ်စားခြင်းသည် အချိန်ရောက်လာလျှင် လှုပ်ရှား ရန် သူမအတွက် ပိုလွယ်သည်။

“ဒီကိစ္စအတွက်ကတော့ နောက်ဆိုရင် ခံစားချက်အတိုင်းပဲသွားရမှာပေါ့” သူမ ဆက်ပြောလေသည် “အဲဒီမှာရှိတဲ့ဆေးက ဘာအံ့ဖွယ်ဆေးလဲ”

“ပြောရမယ်ဆိုရင် မင်းနဲ့လည်းဆိုင်တယ်” ဝူလင်းယူ ဆက်ပြောလေ သည် “ပင်မအဆောင်ရဲ့ အံ့ဖွယ်ဆေးက ဇာမဏီနိဗ္ဗာန်ပဲ”

“ဇာမဏီနိဗ္ဗာန်ဟုတ်လား၊ အဲဒါက ဇာမဏီမျိုးနွယ်မှာရှိရမှာမဟုတ်ဘူး လား” ရှီမာယူယူ သိချင်စိတ်ဖြင့်မေးလေသည် “ဘယ်လိုလုပ်ပညာရှိစံအိမ် တော်ရဲ့ အံ့ဖွယ်ဆေးဖြစ်လာတာလဲ”

“ဇာမဏီနိဗ္ဗာန်ကို ဇာမဏီမျိုးနွယ်ပိုင်တယ်လို့ ဘယ်သူပြောလဲ” ဝူလင်းယူသည် သူမအားကြည့်လိုက်သည် “အဲဒီအံ့ဖွယ်ဆေးက ပြီးခဲ့တဲ့ ဧကရာဇ်ကချန်သွားပေးတာ၊ ဒါပေမဲ့ ဧကရာဇ်က ဇာမဏီငှက်နဲ့စာချုပ်ရှိခဲ့ တယ်၊ ဒီအံ့ဖွယ်ဆေးကိုဖော်စပ်တော့ နောက်ဆုံးမှာ သူက ဇာမဏီငှက်ရဲ့ စွမ်းအားကိုထည့်ခဲ့တယ်၊ အဲဒါကြောင့် ဇာမဏီနိဗ္ဗာန်လို့ခေါ်တာပဲ”

“အဲဒါက ဘာပဲဖြစ်ဖြစ်ဇာမဏီနဲ့သက်ဆိုင်တယ်မဟုတ်ဘူးလား” ရှီမာယူူယူသည် သူ့ကိုမျက်လုံးလှန်ပြီးကြည့်လေသည် “အဲဒါဆို အဲဒီ ဇာမဏီနိဗ္ဗာန်ကလည်း ပျိုးထောင်ဖို့အတွက် သွေးသုံးရတာလား”

“မဟုတ်ဘူး” ဝူလင်းယူ ခေါင်းရမ်းလေသည် “အံ့ဖွယ်ဆေးအမျိုးအစား မတူတဲ့ဟာတွေမှာ မတူညီတဲ့ကြီးထွားတဲ့အခြေအနေတွေရှိကြတယ်၊ ကိုယ် လည်း ဇာမဏီနိဗ္ဗာန်ကိုတစ်ခါပဲမြင်ဖူးတာ၊ အဲဒါကြောင့် ဘယ်သူကိုင်တွယ် နေလဲတောင်မသိဘူး”

“အစ်ကိုကတစ်ခါပဲမြင်ဖူူးတာကို၊ အဲဒါကိုယူချင်ရင်ခက်မှာပဲ” ရှီမာယူယူ သည် စိတ်အားပျက်စွာပြောလေသည်။

ဝူလင်းယူသည် သူမခေါင်းကိုခေါက်ပြီး ပြောလေသည် “ပညာရှိစံအိမ် တော်ရဲ့ ပင်မအဆောင်တော်မှာက အားကောင်းတဲ့လူတွေချည်းပဲ၊ ကိုယ်တို့ အခုသွားရင် မရတဲ့အပြင် ရှင်းထုတ်ခံရလိမ့်မယ်၊ ကိုယ့်အားပြန်ပြည့်လာမှ ထပ်ပြောကြတာပေါ့”

“ဒီအတိုင်းပဲပြောတာပါ” ရှီမာယူယူ ပြောလိုက်သည်။

သူသည် သူမကို တစ်လောကလုံးပေးလိမ့်မည်ဟု သူမ မထင်ထားပေ။ သူ့တွင် ကိုယ်ပိုင်အားရှိသည်။ သို့သော် အချိန်တိုင်းတွင် သူမ လိုချင်သည့် အရာကို သူမကိုယ်ပိုင်အားနှင့် ကြိုးစားချင်သည်။

ဝူလင်းယူသည် သူမကိုကြည့်ပြီး ဘာမှမပြောပဲနှင့် ပြုံးလေသည်။

“ဒါသာရှိရင် အဒေါ်ဖန်ရဲ့ဒဏ်ရာကို လုံးဝပျောက်အောင်ကုနိုင်မယ်လို့ ကြားတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ အစေ့ကအလုပ်မဖြစ် လောက်ဘူးထင်တယ်၊ အပင်စိုက်လိုက်မှဖြစ်မှာ”

“အခု မင်းလက်ထဲမှာပဲ လုပ်ချင်တာသာလုပ်” ဝူလင်းယူသည် ဟောင်း နွယ်းနေသော စာအုပ်တစ်အုပ်ထုတ်ပေးပြီး ပြောလေသည် “ဒါလည်းမင်း အတွက်ပဲ”

“ဒါဘာလဲ” ရှီမာယူယူ ယူလိုက်သည်။ စာရွက်များသည် ဟောင်းနွမ်း လွန်းသဖြင့် ထိလိုက်လျှင် ပြဲသွားမည်ကိုပင်ကြောက်ရသည်။

“ဒါတွေက အံ့ဖွယ်အရွတ်ရဲ့ အကြောင်းတွေရေးထားတယ် အသုံးဝင် တာတွေ့ပါလိမ့်မယ်” ဝူလင်းယူ ပြောလေသည်။

“ရှေးကျတဲ့အချက်အလက်တွေပဲ ဘယ်လိုလုပ်ရလာတာလဲ” ရှီမာယူယူသည် ဂရုတစိုက်ကိုင်လိုက်သည်။ သူမ စကားလုံးများသည် ပျော်ရွှင်မှုကို ဖော်ပြနေသည်။

ရတနာများ၊ ဝိညာဉ်ကျောက်တုံးများနှင့် ဖန်ကျောက်များနှင့်ယှဉ်လျှင် ဝူလင်းယူ ပေးသောအရာများသည် သူမကိုပိုဆွဲဆောင်နိုင်သည်။

“ဒါတွေကအရင်တုန်းကပစ္စည်းတွေပဲ၊ ဒါတွေကို နတ်ဆိုးလောကမှာ မသုံးတော့ သေတ္တာအောက်ဆုံးမှာသိမ်းထားခဲ့တာ၊ ကိုယ်ပြန်မလာခင်ကို သွားကြည့်လိုက်တာ” ဝူလင်းယူ ပြောလေသည်။

“…..”

ကောင်းပြီ… သေတ္တာအောက်ဆုံးမှာသိမ်းထားတယ်ဆိုရင်တောင် တန်ဖိုးကြီးတုန်းပဲ။ သူမသည် ထိုအကြောင်းနှင့်ပတ်သတ်ပြီး သူ့ကို ဇာမချဲ့ ရန် ဆုံးဖြတ်လိုက်သည်။

“ယူယူ ဘာလုပ်နေတာလဲ မြန်မြန်ဆင်းလာပြီး သောက်ဦး” မိုဒိဆန်း သည် ရှီမာယူယူအား လက်ရမ်းပြလေသည် “ဒီနေ့က မင်းရဲ့နေ့ပဲ ငါ ဒီလူ ရှင်းမိုနဲ့သောက်မလို့လုပ်ခဲ့တာ၊ ဒါပေမဲ့ မင်းလည်းပါရမယ်လေ အဓိကဇာတ် လိုက်က ဒီမှာရှိမနေဘူး၊ ဘာအဓိပ္ပာယ်လဲ မြန်မြန်ဆင်းလာခဲ့”

ဝူလင်းယူသည် ဝိညာဉ်အတားအဆီးကိုဖယ်ရှားလိုက်ပြီး ရှီမာယူယူ မတ်တပ်ထကာ ပျံဆင်းရင်း ပြောလိုက်သည် “မင်းတို့က သစ္စာဖောက်မှ တော့ ဒီနေ့မူးတဲ့အထိသောက်မယ်”

“ညီမလေး၁၀ ဒါဘာဝိုင်လဲ တခြားနေရာကဝိုင်တွေက ဘာလို့ပိုကောင်း နေတာလဲ” ဝူလာရှုံသည် ဘေးသို့ရောက်လာပြီး သူ့ခေါင်းကို ရှီမာယူယူ၏ ပခုံးပေါ်တွင် နေရာယူရန်ပြင်လိုက်သည်။

သူမ ပခုံးများနှင့် ၂မီလီမီတာလောက်အဝေးအရောက်တွင် ရှီမာယူယူ သည် အဆွဲခံလိုက်ရကာ ဝူလာရှုံသည် ကြမ်းပြင်ပေါ်ကျသွားလုနီးပါးဖြစ် သွားသည်။ ကံကောင်းစွာပင် ဝူလင်းယူ သူ့ကိုကိုင်ထားလိုက်သည်။

“အစ်ကို၉ မင်းမူးနေပြီ” ရှီမာယူယူ ဆက်ပြောလေသည် “အစ်ကို အနား ယူဖို့ တစ်ယောက်ယောက်ကိုပို့ခိုင်းရမလား”

“မမူးဘူး မမူးဘူး ခေါင်းမူးရုံတင်” ဝူလာရှုံ ပြောလေသည်။

“အစ်ကို၉ မွေးစားအဖေသာမြင်ရင် အစ်ကို့ကိုဒေါသထွက်လိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“မွေးစားအဖေက မွေးစားအမေအနားယူတာကို အဖော်လုပ်ပေးနေ တယ် သူမမြင်ပါဘူး” ဝူလာရှုံသည် မကြောက်ပေ “ဟီးဟီး မင်းတို့သောက် ကြမလို့လား၊ ငါ့ကိုပါခေါ်ပါလား”

“မင်းတို့သောက်မှာကို ငါတို့ကိုဘယ်လိုလုပ်ဖယ်ထားနိုင်တာလဲ” ရှီချန်းကျိ ဝင်လာသည်။

ရှီမာယူယူ လှည့်ပတ်ကြည့်လိုက်ရာ ရှီချူးရှောင်သည် သူမနေရာတွင် တိတ်တဆိတ်ထိုင်နေကာ သောက်ထားခြင်းမရှိပေ။

ရှီချန်းကျိသည်လည်း လှည့်ကြည့်ပြီးနောက် ပြောလိုက်သည် “သူမက မင်းစကားကိုနားထောင်တယ် တစ်ငုံတောင်မသောက်ဘူး မင်းလုပ်ထားတဲ့ ဖျော်ရည်ပဲသောက်တယ်”

“သူမ ခန္ဓာကိုယ်က အားနည်းနေသေးတယ် သောက်လို့မရဘူး” ရှီမာယူယူ ပြောလေသည်။

“အဲဒါကြောင့် မပျော်မရွှင်ဖြစ်နေတာလေ” ရှီချန်းကျိ ဆက်ပြောလေ သည် “သြော် ဟုတ်သားပဲ မင်းအစ်ကိုက မင်းကိုဂုဏ်ပြုလက်ဆောင်ပေး လိုက်တယ်”

သူသည် အနက်ရောင်သတ္တုသေတ္တာတစ်လုံးထုတ်ပြီး သူမလက်ထဲ ထည့်ပေးလိုက်သည်။

ရှီမာယူယူ ကြောင်စီစွာကြည့်ကာ လက်ဆောင်ကိုလက်ခံလိုက်သည် “သူသိတယ်”

ရှီချန်းကျိသည် သူမလက်ဆောင်လက်ခံသည့် အမူအရာကိုကြည့်ပြီး ပြောလေသည် “မင်း လက်မခံဘူးလို့ငါထင်နေတာ”

“ဆရာက သူ့ကိုမထုတ်ရမချင်း သူက ကျွန်တော့်စီနီယာအစ်ကိုပဲ၊ အဲတော့ သူပေးတာကို ကျွန်တော်လက်ခံမှာပဲ”

“မင်းဒီလိုပြောတာကို သူကြားရင် ပျော်မှာပဲ” ရှီချန်းကျိသည် ကျန်းကျူရှန့်အတွက်ပျော်မိသည်။

ရှီမာယူယူသည် ခွက်ကိုကိုင်ပြီး တခြားသူများ၏ ခွက်နှင့် တိုက်ကာ ပြောလေသည် “ဂုဏ်ပြုပါတယ်”

သူမသည် ဘာပြောရမှန်းမသိတော့သောကြောင့် ရှီချန်းကျိနှင့် စကား မဆက်လိုပေ။

ကျန်းကျူရှန့်မှ ရှောင်ချီ၏ သရုပ်မှန်ကိုသိပြီးနောက်တွင် သူမကို မဖမ်း ခဲ့ပေ။ ကြာပန်းနက်လောကတွင် သူတို့နှင့်မတိုက်ခိုက်ချင်သောကြောင့် သူတို့ ကို အဆိပ်ခတ်ခဲ့သည်မှာ သူသည် သူတို့၏ သံယောဇဉ်ကို တန်ဖိုးထားသည် ကိုပြသနေသည်။

စဉ်းစားကြည့်လျှင် သူမ ရင်ထဲထိမိသည်။

သို့သော် ထိုစဉ်က သူသည် ခေါင်းမာကာ ကောင်းကင်ခွဲနတ်ဆိုးဓားကို ယူသွားသည်ကို စဉ်းစားမိလျှင် သူမအတွက် သက်တောင့်သက်သာမဖြစ်ပေ။

ရှီချန်းကျိသည်ပြုံးပြီး သူမနှင့် ဝိုင်သောက်လေသည်။

“လာခဲ့ သောက်မယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က မင်းသောက်နိုင်တာ ငါမှတ်မိတယ်” မိုဒိဆန်းသည် ရှီမာယူယူကိုသူ့နားဆွဲလိုက်သည်။ သူသည် ခွက်ကိုင်ကာ သူမနှင့် စတင်သောက်တော့သည်။

“ငါ့အခုသောက်နိုင်စွမ်းကလည်း မဆိုးပါဘူး မင်းနဲ့တော့မယှဉ်နိုင်ဘူး ဒါပေမဲ့ အစ်ကိုကြီးရှင်းနဲ့တော့ယှဉ်နိုင်တယ် မြန်မြန်လာခဲ့”

ထိုညတွင် ရှီမာယူယူနှင့် တခြားသူများသည် ဖြူဖျော့သည်အထိ သောက်ကြလေသည်။

ရွှမ်ရှင်းမန်သည် နေမကောင်းသဖြင့် စောစောပြန်နားလေသည်။ ဝူလာမိုင်သည် ခင်ပွန်းကောင်းတစ်ယောက်အနေနှင့် အနီးကပ်စောင့်ရှောက် ပေးလေသည်။

နောက်နေ့မနက် သူတို့နိုးချိန်တွင် တောင်ကြားတစ်ခုလုံးသည် ဝိုင်ကရားများကိုင်ကာ အိပ်နေသောလူများဖြင့် ပြည့်နေလေသည်။

“မွေးစားအဖေ မွေးစားအမေ” သူတို့ထွက်လာသည်ကို ရှီမာယူယူ မြင်သောအခါ အရက်နာကျပျောက်ဆေးဝေပေးနေရင်းနှင့် ရှီမာယူယူခေါ် လိုက်သည်။

“သမီးစီနီယာအစ်ကိုရောဘယ်ရောက်နေလဲ” ရွှမ်ရှင်းမန်သည် သူမကို မြင်သောအခါ မေးလေသည်။

“စီနီယာအစ်ကိုက လုပ်စရာရှိလို့ မနေ့ညကညဉ့်နက်တော့ ထွက်သွား တယ်၊ မွေးစားအမေ ကိစ္စရှိလို့လား” ရှီမာယူယူ မေးလိုက်သ်ည။

“ဘာမှမဟုတ်ပါဘူး အမေတို့ မနေ့က သူနဲ့ သမီးကြားကဆက်ဆံရေး ကို မသိခဲ့ဘူးလေ၊ သူ့ကို သမီးအတွက်ကြည့်ပေးမလို့” ရွှမ်ရှင်းမန် ဆက်ပြော လေသည် “သူဒီလောက်စောစောထွက်သွားမယ်လို့ မထင်ထားဘူး”

ဒါက သမီးမိန်းကလေးရဲ့ မိဘတွေက စစ်ဆေးတယ်ဆိုတာလား။ ရှီမာယူယူ စဉ်းစားရုံအပြင်မတတ်နိုင်ပေ။

“မွေးစားအမေ၊ မနေ့ညက သူ့ကိုတွေ့ခဲ့တယ်မလား နောက်တစ်ခါမှပဲ သင်ခန်းစာပို့ချပါ” သူမ ပြုံးပြီးပြောလေသည် “မနေ့က သမီးအမေ့သွေးကြော စမ်းသပ်တော့ ကလေးက အားနည်းနေတာကို သိလိုက်တယ်၊ ကိုယ်ဝန် ဆောင်နေတုန်းကို ဒုက္ခခံရမှာကို စိုးတယ်၊ ဒီနေ့တော့ သေချာလေး စမ်းသပ် ခွင့်ပေးနော်”

***

All Chapters