← Chapters

ကလေးလေးအတွက် နွေးထွေးသောထောက်ပံ့မှု

Vol. 010 Ch. 932

ကလေးလေးအတွက် နွေးထွေးသောထောက်ပံ့မှု

Vol. 010 Ch. 932

ရွှမ်ရှင်းမန်သည် အချစ်များဖြင့်ပြည့်နေသောမျက်နှာနှင့် သူမ ဗိုက်ကို ထိတွေ့လိုက်သည်။

“သူ့အစ်ကိုတွေ အစ်မတွေက အားကောင်းပြီးသားပဲ သူ့ အနာဂတ် အတွက် တခြားမလိုပါဘူး သူ ဘေးကင်းရင်တော်ပါပြီ”

“မွေးစားအမေသာ အပ်စိုက်ကုတာကို ကောင်းကောင်းလုပ်မယ်ဆိုရင် သူ သေချာပေါက်အဆင်ပြေမှာပါ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့…”

“ဒါပေမဲ့ ဘာဖြစ်လဲ” ဝူလာမိုင်သည် ဝင်လာကာ မေးလေသည်။

“နောက်နှစ်လကျရင် သမီးဖြေရှင်းစရာလေးတွေရှိနေတယ်၊ ဒီမှာ ကြာကြာနေလို့မရဘူး” ရှီမာယူယူ ဆက်ပြောလေသည် “အဲဒါကြောင့် မွေးစားအမေ သမီးနဲ့နေတာက အဆင်မပြေဖြစ်လိမ့်မယ်”

“ရတယ်လေ အမေလည်း တိုင်းပြည်ကိုလှည့်ပတ်ပြီးကြည့်ချင်နေတာ” ရွှမ်ရှင်းမန် ပြောလေသည်။

“မဖြစ်နိုင်တာတော့မဟုတ်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “အချိန်အများဆိုမှာ မွေးစားအမေက အပ်စိုက်ပြီးရင် တိတ်တိတ်ဆိတ်ဆိတ် အနားယူရမှာ အဲဒါကြောင့် အများကြီးတော့လျှောက်မသွားနဲ့၊ ပြီးတော့ ဖြတ်လမ်းတည်ဆောက်မှုကိုလည်းသုံးလို့မရဘူး လေဟာနယ်ထဲက ဖိအား က ကလေးကို ထိခိုက်နိုင်တယ်”

“ဒါဆို အမေက သမီးနဲ့သွားလို့မရဘူးလား” ရွှမ်ရှင်းမန်သည် စိတ်ပျက် သွားလေသည်။

“ကလေးနဲ့ မင်းအတွက်ကိုကြည့်လိုက်ရင် ကလေးထွက်လာပြီးမှ မင်း သွားချင်တဲ့နေရာကို ငါမင်းနဲ့အတူသွားပေးမယ် ဘယ်လိုလဲ” ဝူလာမိုင်သည် သူမ၏ အမူအရာကိုမြင်ပြီးနောက်တွင် သူမအားနှစ်သိမ့်လေသည်။

“သမီးအမေ့ကို နေ့တိုင်းအပ်စိုက်ဖို့ကူညီပေးမယ်၊ သေချာပေါက် မွေးစားအမေနဲ့ ရှိနေပေးမှာပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “သမီးမှာ အကြံရှိတယ်”

“ဘာအကြံလဲ”

ရှီမာယူယူသည် တံခါးအသေးတစ်ခုထုတ်ကာ သူတို့နှစ်ယောက်လုံးကို ကြာပန်းနက်လောကအသေးဆီသို့ ခေါ်သွားလေသည်။

“ဒါကသမီးရဲ့လောကအသေးပဲ၊ ဒီနေရာက ဖွံ့ဖြိုးပြီးသားပဲ” ရှီမာယူယူ ဆက်ပြောလေသည် “မွေးစားအမေဒီမှာနေမယ်ဆိုရင် သမီးမှာ တံခါးရှိ သရွေ့တော့ သမီးဘယ်ရောက်ရောက် မွေးစားအမေလည်း သွားနိုင်တာပဲ၊ ဒီမှာ ဘယ်သူမှမရှိတော့ မွေးစားအမေလည်း အဆင်ပြောတယ်”

“ဝါး သမီးမှာ လောကအသေးတောင်ရှိတယ် မဆိုးဘူး၊ ဒီမှာနေတာက အဆင်မပြေဖြစ်စရာလည်းမရှိဘူး၊ ဘာမှလည်းထည့်တွက်စရာမလိုဘူး” ရွှမ်ရှင်းမန်သည် ပြုံးပြီးပြောရင်းကနေ ရှီမာယူယူအား အချစ်ပိုသောမျက်နှာ ဖြင့် ကြည့်လေသည်။

ထိုကဲ့သို့လောကအသေးမျိုးကို အပြင်လူများကို ပြောပြလေ့မရှိကြပေ။ သို့သော် သူမသည် သူတို့ကို တွန့်ဆုတ်ခြင်းမရှိပြောပြခဲ့သည်။ ထိုအတွေး သည် သူမကိုပျော်ရွှင်စေသည်။

“ဒီမှာ ရေဧရိယာလုပ်လိုက်မယ်၊ အဲဒါဆိုရင် ရေထဲမှာနေလို့ရပြီ” ရှီမာယူယူ ပြောလိုက်သည်။

“ဖြစ်နိုင်ရဲ့လား” ဝူလာမိုင်သည် နားမလည်စွာမေးလေသည်။

“ရပါတယ် ဒါကသမီးရဲ့လောကအသေးပဲ နေရာကိုဖွံ့ဖြိုးအောင်လုပ်လို့ ရတယ်၊ မြူခိုးဖြူတွေရှိနေတဲ့နေရာကိုတော့ ဝင်လို့လည်းမရ သုံးလို့လည်းမရ သေးဘူး” ရှီမာယူယူ ပြောလေသည်။

“ဒါဆို သမီးဘယ်လိုလုပ်မလဲ အမေတို့ကြည့်မယ်” ရွှမ်ရှင်းမန်သည် သူမအား စပ်စုစွာကြည့်လေသည်။

ရှီမာယူယူ ပြုံးပြီးနောက် စိတ်ဖြင့်ထိန်းချုပ်နည်းကိုသုံးကာ မြေအလွတ် ပေါ်တွင် ၁၀ကီလိုမီတာရှည်သော ရွှံ့အိုင်ငယ်တူးလိုက်သည်။

“ဒီလောက်အရှည်ဆိုအဆင်ပြေလား”

“ပြေတယ်” ရွှမ်ရှင်းမန် ပြောလိုက်သည်။ မဟုတ်လည်း သူတို့သည် ကျယ်ပြန့်သောနေရာကို သုံးလေ့မရှိပေ။

“ရေကရော”

“အပြင်ကယူလာရမှာ၊ ဒီနားမှာ ရေကန်ရှိတာ မှတ်မိတယ်”

ရှီမာယူယူ ပြုံးပြီးထွက်သွားသည်။ ခဏအကြာတွင် ကောင်းကင်မှ ရေများကျလာကာ အားလုံးသည် ကန်ထဲသို့စီးဝင်သွားသည်ကို ရွှမ်ရှင်းမန် တွေ့လိုက်ရသည်။ ရေနှင့်အတူ ရေသတ္တဝါလေးများလည်း ပါလာသည်။

ထိုရေသတ္တဝါလေးများသည်  ဘာဖြစ်မှန်းမသိလိုက်ရသေးခင်မှာပင် နေရာရွေ့ပြောင်းခံလိုက်ရခြင်းဖြစ်သည်။

ရှီမာယူယူ ရယ်ရင်းပေါ်လာကာ ပြောလေသည် “မွေးစားအမေ ဘယ်လိုလဲ”

“မဆိုးဘူး” ရွှမ်ရှင်းမန်သည် ရေကန်အား ကျေနပ်မှုအပြည့်ဖြင့်ကြည့် လေသည်။

“ကြယ်ကိုးပွင်းသမုဒ္ဒရာရဲ့ ပတ်ဝန်းကျင်နဲ့မယှဉ်နိုင်ပေမဲ့ ဒီမှာ တိတ်ဆိတ်တယ် အမေ့ကိုကုဖို့ ပိုလွယ်လိမ့်မယ်” ရှီမာယူယူ ဆက်ပြောလေ သည် “မွေးစားအမေ အချိန်တစ်ခုလောက်တော့ ဒီမှာနေရမယ်”

“အခုကိုမဆိုးလှပါဘူး” ရွှမ်ရှင်းမန်သည် သူမလက်အားကိုင်လိုက် သည် “ဒါအတွက်ကို သမီးအများကြီးစဉ်းစားပေးနေရပြီ”

“ဒီမှာဆိုရင် သမီးအလုပ်လုပ်ရတာပိုလွယ်သွားတယ် တခြားသူကြောင့် အနှောင့်အယှက်မဖြစ်တော့ဘူး” ရှီမာယူယူသည် ရွှမ်ရှင်းမန်၏ ဗိုက်ကလေး ကိုထိကာ “အခုကအရမ်းအားနည်းနေတော့ ဘာဖိအားမှယူလို့မရဘူး၊ ကုသ နေတုန်း အနှောင့်အယှက်ဖြစ်သွားရင် သူ့ကိုခိုက်မိလိမ့်မယ်”

“သူ့မှာ သမီးလို အစ်မကောင်းတစ်ယောက်ရှိတာ သေချာပေါက် သူ သိလောက်မှာပါ”

“ဟား သမီးမှာလည်း လိမ္မာတဲ့အငယ်လေးတစ်ယောက်ရှိလာတော့မှာ လေ” ရှီမာယူယူ ဆက်ပြောလေသည် “မွေးစားအမေ အပြင်မှာ တခြားကိစ္စ မရှိရင် ဒီမှာပဲနေလိုက်ပါလား”

“ကောင်းပြီ ဘုရင်ကြီး တခြားလုပ်စရာရှိသေးလား”

ဝူလာမိုင်သည် ခေါင်းရမ်းလိုက်သည်။ သူ့အလုပ်မှာ သူမအား အဖော်ပြု ပေးခြင်းဖြစ်သဖြင့် တခြားကိစ္စများမရှိပေ။

“ဒါဆို နှစ်ယောက်လုံးဒီမှာပဲနေလိုက်ကြပါ၊ ဒီနေ့ ကလေးအတွက် ဝိညာဉ်စွမ်းအင်ကို သမီးသွားဖြည့်ရမယ် ပြီးတာနဲ့ ဆေးသွားဖော်ရမယ်”

“ကောင်းပါပြီ”

ရှီမာယူယူသည် ရွှမ်ရှင်းမန်ကို ရေထဲသို့ဝင်ခိုင်းလိုက်ပြီး သူမ၏ မူလ အသွင်ကိုပြောင်းပြီးသည်နှင့် သူမ၏ ဝမ်းဗိုက်ရှိရာသို့သွားရာ သန္ဓေသား နေရာကိုတွေကလေသည်။ သူမသည် လက်နှင့်ကာပြီး ရွှမ်ရှင်းမန်၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်ထည့်လိုက်ရာ သန္ဓေသားသည် လှုပ်နေပြီး ခွေနေသည်ကိုတွေ့လိုက်ရသည်။

ထိုသန္ဓေသားလေးသည် သူမ၏ဝိညာဉ်စွမ်းအင်နှင့် ထိတွေ့သည်နှင့် သက်တောင့်သက်သာဖြစ်စွာ လှုပ်လေသည်။

ခဏအကြာတွင် ရှီမာယူယူသည် လက်ကိုပြန်ရုတ်ပြီး ပြောလိုက်သည် “သူ့အတွက် ဝိညာဉ်စွမ်းအင်ကိုချည်နှောင်ပေးခဲ့တယ်၊ မနက်ဖြန်ထိ ဆက်သုံး လို့ရလိမ့်မယ်”

ဝူလာမိုင်သည် သူမ၏ ပင်ပန်းနေသောအမူအရာကိုတွေ့သည်နှင့် သူမ လုပ်စရာရှိသည်ဟု ပြောခဲ့သည်ကို သတိရကာ အကြံပေးလေသည် “နေ့တိုင်း ဝိညာဉ်စွမ်းအင်ထည့်တာကို အဖေ့တာဝန်ထားလိုက်ပါ”

ရှီမာယူယူသည် ခေါင်းရမ်းပြီးပြောလိုက်သည် “မွေးစားအဖေရဲ့ ဝိညာဉ် စွမ်းအင်က သမီးနဲ့မတူဘူး၊ သမီးဝိညာဉ်စွမ်းအင်က ကုသမှုသက်ရောက်မှုက နေလာတာ၊ မွေးစားအဖေရဲ့ ဝိညာဉ်စွမ်းအင်က အားသန်တယ်၊ အဲဒါကြောင့် ဝိညာဉ်အဖေက သန္ဓေသားအတွက် ဝိညာဉ်စွမ်းအင်ထည့်ပေးဖို့ မသင့်တော် ဘူး၊ ဒါပေမဲ့ မွေးစားအမေကို ဝိညာဉ်စွမ်းအင်ထည့်ပေးလို့ရတယ်၊ သူမ ခန္ဓာကိုယ်ကို နေ့တိုင်းဝိညာဉ်စွမ်းအင်ထည့်ပေးပါ အဲဒါက သူမအတွက် အား ဖြစ်လိမ့်မယ်”

ထိုသို့ပြုလုပ်ခြင်းသည် လူကြီးများသည် လူကြီးကိုဂရုစိုက်ကာ လူငယ် များသည် လူငယ်များကို ဂရုစိုက်ခြင်းဖြစ်သည်။

“ရတာပေါ့” ဝူလာမိုင် ပြောလေသည်။

“ကိုယ့်ကိုယ်ကို ပင်ပန်းအောင်မလုပ်ပါနဲ့” ရွှမ်ရှင်းမန် အားနာနေလေ သည်။

“မစိုးရိမ်ပါနဲ့ မွေးစားအမေ၊ သမီး ရှုပ်ယှက်ခတ်အောင်မလုပ်ပါဘူး၊ ပြီးတော့ ဒါကရေရှည်ကိစ္စတစ်ခုလေ၊ ဒီနေ့ပင်ပန်းတာကိုညည်းနေရင် ဘယ်လိုလုပ်ဆက်လုပ်မလဲ” ရှီမာယူယူ ရယ်မောလေသည် “အခုက မွေးစား အမေကကောင်းကောင်းနားဖို့လိုနေတာ၊ အဲဒါမှ သန္ဓေသားကပိုပြီး သက်တောင့်သက်သာခံစားရမှာ၊ အရင်ဆုံး သမီးဆေးသွားဖော်လိုက်ဦးမယ်၊ အပြင်မှာ သမီးကို လူတစ်ယောက်ရှာနေတယ် ခဏတော့ အပြင်သွားလိုက် ဦးမယ်”

“ကောင်းပြီ သမီးလုပ်စရာရှိတာလုပ်ပါ” ရွှမ်ရှင်းမန် ပြောလေသည်။

“အင်း”

ရှီမာယူယူထွက်လာရာ ရှီမန်လီ သူမကိုခေါ်နေသည်ကို တွေ့လိုက်ရ သည်။

“လီအာ”

“အစ်မကြီး” လီအာသည် ရှီမာယူယူလျှောက်ထွက်လာသည်ကို မြင် သောအခါ သူမသည် လောအသေးသို့မဟုတ် ဝိညာဉ်စေတီသို့သွားခဲ့သည် ကိုသိလိုက်သည်။ ထို့ကြောင့် သူမ မအံ့သြတော့ပေ။

“ဘာဖြစ်လို့လဲ” ရှီမာယူယူ မေးလိုက်သည်။

“စီနီယာရှီချန်းကျိနဲ့ သူ့ညီမက တစ်ခုခုဖြစ်လို့ ပြန်သွားရမယ်လို့ပြော တယ် အစ်မကြီးကို သူတို့နှှုတ်ဆက်ချင်လို့တဲ့” ရှီမန်လီ ပြောလေသည်။

“သူတို့သွားတော့မှာလား သူတို့ရော”

“အပြင်မှာ”

ရှီမာယူယူထွက်လာချိန်တွင် ရှီချူးရှောင်နှင့် ရှီချန်းကျိတို့သည် တောင်ကြားတွင် စကားပြောနေကြသည်။ သူမ ခြံဝန်းမှထွက်လာသည်ကို သူတို့ခံစားရပြီး ကြည့်လိုက်ကြသည်။

“ခင်ဗျားတို့ပြန်သွားကြမလို့လား” ရှီမာယူယူ လျှောက်လာရင်း မေးလေ သည်။

“အင်း အစတုန်းကတော့ ဆရာပြန်လာတဲ့အထိ ဒီမှာနေမလို့ပဲ၊ ငါတို့ ထွက်လာတာကြာရင် ဟိုမှာ ပြဿနာဖြစ်လိမ့်မယ်” ရှီချန်းကျိ ဆက်ပြောလေ သည် “ပြီးခဲ့တဲ့တစ်ခေါက်က မင်းက ငါတို့အဆိပ်သခင်သေအောင်လုပ်ထား တာဆိုတော့ ဂိုဏ်းမှာ အချိန်တစ်ခုလောက်တော့ ရှုပ်နေတယ်”

“အဲဒါအတွက် ကျွန်တော့်ကို အပြစ်တင်လို့မရဘူးလေ” ရှီမာယူယူသည် သူမနှာခေါင်းကိုထိတွေ့လိုက်သည် “အဲလူကို မကောင်းတဲ့အတွေးဘယ်သူ က တွေးခိုင်းလို့လဲ”

“ဟီးဟီး” ရှီချူးရှောင်တို့အားလုံးရယ်မောလိုက်ကြသည်။ ဟုတ်တယ် လေ သူက သူ့သေတွင်းသူတူးခဲ့တာပဲ။

“ချူးရှောင်ရဲ့ခန္ဓာကိုယ်က ပိုပြီးကျင့်ကြံဖို့လိုသေးတယ်၊ အဲဆေးတွေ မသောက်ပဲမနေနဲ့၊ သေချာလည်းဂရုစိုက်ပေးရမယ်” ရှီမာယူယူ တတွတ်တွတ်မှာလေသည်။

“အင်း သိပါပြီ” ရှီချူးရှောင် ခေါင်းညိတ်လေသည် “ဒီတစ်ခေါက်ပြန်တာ က အတော်ကြာတဲ့အထိ ဒီကိုမလာနိုင်လောက်ဘူး၊ အတွင်းပိုင်းဒေသကိုသာ စောစောသွား ငါမင်းကိုအဲဒီမှာစောင့်နေမယ်”

“အင်း”

ရှီချန်းကျိသည် လေဟာပြင်ဝင်ပေါက်ဖွင့်လိုက်ရာ သူတို့နှစ်ယောက်လုံး သည် လက်ရမ်းပြကာ လှည့်ထွက်ပြီး လျှောက်ဝင်သွားလေသည်။

ရှီမာယူယူ လှည့်လိုက်သောအခါ မိုဒိဆန်းသည် သူမကို တောင်ပေါ်မှ ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

***

All Chapters