၁၀နှစ်တာကတိ
Vol. 010 Ch. 933
ရှီမာယူယူ ခေါင်းမော့ပြီး သူ တဖြည်းဖြည်းလျှောက်လာသည်ကို ကြည့်လိုက်သည်။
သူ့မျက်လုံးထဲမှအကြည့်များသည် ပြောစရာမလိုအောင်ပင် သူစဉ်းစား နေသည်ကို သူမ သိသည်။
“မင်းလည်းသွားတော့မလို့လား”
“အင်း” မိုဒိဆန်း ခေါင်းညိတ်လေသည် “ငါလေ့လာနေတာအတွက် ပစ္စည်းကိုရှာမတွေ့သေးဘူး၊ အဲဒါကြောင့် ဆက်ရှာရဦးမယ်”
“ကြယ်ကိုးပွင့်သမုဒ္ဒရာထဲမှာလား”
“ငါလည်းအဲမှာလို့ထင်ခဲ့တာ၊ ပြီးမှ အဲပစ္စည်းကအဲဒီမှာမရှိဘူး” မိုဒိဆန်း ပြောလေသည်။
“ဘာရှာနေတာလဲ၊ ဘာလဲဆိုတာ ငါသိရင် ကူညီလို့ရတာပေါ့” ရှီမာယူယူ ပြောလုကိသည်။
မိုဒိဆန်း ခေါင်းရမ်းလိုက်သည် “မင်းက ကိုယ့်ကိစ္စနဲ့ကိုယ်တောင်ရှုပ်နေ ပြီ၊ ငါ့ဘာသာဖြေရှင်းပါမယ်”
“ငါ့ကိုလိုတာရှိရင် ပြောသာပြော” ရှီမာယူယူသည် သူ့ကိုကြည့်လိုက် သည်။ သူ မပြောချင်မှတော့ သူမ တွန်းအားမပေးတော့ပေ။
“အင်း ငါလိုတာရှိရင် ပြောပါမယ်” မိုဒိဆန်း ဆက်ပြောလေသည် “မင်းရဲ့ ဆေးဖော်တဲ့အတတ်ပညာကိုဆက်ပြီး လေ့ကျင့်၊ နောက်ကို ဆေးဖော်ဖို့ ငါမင်းကိုရှာရမလားဆိုတာတောင် မသိနိုင်ဘူးလေ”
“အင်း”
“အဲလူ မင်းကို ဒီလောက်လွယ်လွယ်နဲ့လိမ်နိုင်လိမ့်မယ်လို့ ငါ မထင် ထားဘူး၊ ငါ သူ့ကိုတကယ်သဘောမကျပေမဲ့ မင်းလိုတာရှိရင် သူ့ကိုလုပ်ခိုင်း ပေါ့၊ မင်းက ရဖို့လွယ်တယ်လို့ သူ့ကိုမတွေးစေနဲ့ နားလည်လား”
“အင်း”
“မင်း နောက်တစ်ချိန် သူ့ကိုလက်ထပ်မယ်ဆိုရင် ငါက သတို့သမီး မိဘ မိသားစုဘက်ကနေ တက်ချင်တယ်”
“ကောင်းပါပြီ”
မိုဒိဆန်းသည် သူမပြုံးပြီးပြောနေသော မျက်နှာကိုကြည့်ပြီး လက်ကို ဆန့်ထုတ်ကာ သူမ ခေါင်းကိုထိလိုက်ပြီး ပြောလေသည် “ငါအခုသွားပြီ တစ်ခုခုဆိုရင် ငါ့ကိုဆက်သွယ်လိုက်”
“ဂရုစိုက်”
သူ လေဟာပြင်ဝင်ပေါက်ဖွင့်ပြီးထွက်သွားသည်ကို ရှီမာယူယူ ဝမ်းနည်း စွာကြည့်နေလေသည်။
“ယူယူ”
ရှင်းမိုသည် သူ့အဖွဲ့ဝင်များကိုခေါ်လာလေသည်။
ရှီမာယူယူသည် သူ့အဖွဲ့ဝင်များကို မှတ်မိကာ ပြောလိုက်သည် “အစ်ကို ကြီးရှင်းလည်း သွားတော့မလို့လား”
“အင်း တောင်းပန်ပါတယ် ငါ မင်းကိုနောက်ထပ် ရက်နည်းနည်း လောက် အဖော်လုပ်ပေးချင်တာကို….”
“မင်းအလုပ်များနေတာ သိပါတယ် ရပါတယ်” ရှီမာယူယူ ဆက်ပြော လေသည် “မင်းအလုပ်ပြီးလို့ ငါတို့မှာအချိန်ရှိရင် ထပ်ပြီးစုကြတာပေါ့”
“အင်း ဒါဆို ငါအရင်သွားနှင့်မယ်”
ရှင်းမိုဘေးမှ အကြီးအကဲသည် လေဟာပြင်ဝင်ပေါက်ဖွင့်လိုက်သည်။ ရှင်းမိုသည် ဝင်မည်အပြုတွင် တစ်စုံတစ်ခုကိုစဉ်းစားမိရာ ပြန်လှည့်ပြီး ပြော လေသည် “သူမင်းကို အနိုင်ကျင့်ရင် ငါ့ကိုပြော ငါမင်းအတွက် သူ့ကိုရိုက်ပေး မယ်”
“အင်း” ရှီမာယူယူ ပြုံးပြီး ခေါင်းညိတ်လိုက်သ်ည။
သူမ ခေါင်းညိတ်သည်ကိုမြင်ပြီးနောက် သူသည် သူ့အဖွဲ့ဝင်များနှင့် ထွက်သွားလေသည်။
“သူတို့အားလုံးသွားကြပြီလား” ရှီမန်လီသည် ရှီမာယူယူ ပြန်လာသည် ကိုမြင်သောအခါ မေးလေသည်။
“အင်း သွားကြပြီ” ရှီမာယူယူ မေးလေသည် “စီနီယာမူရော”
“အစ်ကို၂နဲ့ ယောက်မလောင်းတို့က သူ့ကို မနက်စောစောကပဲ လိုက်ပို့ ပြီးသွားပြီ” ရှီမန်လီ ပြန်ဖြေလေသည် “ဆိုတော့ အခုက ဧည့်သည်တွေအကုန် ပြန်သွားပြီပဲ”
“အဲတော့ ငါတို့ဘာလုပ်ကြမလဲ”
ဂိုဏ်းတစ်ခုအတွက် သေချာပေါက်လုပ်ရမည့်ကိစ္စများရှိသည်။ သို့သော် အားလုံးသည် သူမ ကိစ္စအကြောင်းကိုမပြောရသေးပေ။
“ညီမလေးရဲ့ လက်ရှိမစ်ရှင်က စွမ်းအင်စုပ်ယူခြင်းပဲ အဲဒါမှ အလုံးလေး က စောစောကြီးလာနိုင်မှာ” ရှီမာယူယူ ဆက်ပြောလေသည် “ငါတို့ တခြားကိစ္စတွေကိုဖြေရှင်းပါ့မယ်”
“ဒါပေမဲ့ အစ်မကြီးကအရမ်းအလုပ်ရှုပ်မှာ”
“မနေ့ညက သဘောတူထားပြီးသားမလား၊ ဖန်အာ၊ ဦးလေးချီ၊ အဒေါ်ယိ၊ အဒေါ်၂နဲ့ ကျန်တဲ့သူတွေက ကိုယ့်အလုပ်ကိုယ်လုပ်သွားကြလိမ့် မယ်၊ ညီမလေးက အေးအေးဆေးဆေး ကျင့်ကြံရုံပဲ၊ ညီမလေး အားသန်မာ လာတာနဲ့ ပိုပြီးမြင့်တဲ့လောကကိုသွားလို့ရပြီ” ရှီမာယူယူ ရှင်းပြလေသည်။
“အင်း ညီမလေး ပိုကြိုးစားတယ်”
“ဒီနေ့ အစ်မ ဆေးဖော်တဲ့အခန်းမှာရှိနေမယ်၊ အစ်မကိုမနှောင့်ယှက်နဲ့ လို့သူတို့ကိုပြောထားလိုက်”
“အင်း အားလုံးကို သတင်းပေးထားလိုက်မယ်”
ရှီမန်လီထွက်သွားသည်နှင့် ရှီမာယူယူသည် အိမ်တွင် ဝိညာဉ်အတား အဆီးလုပ်ကာ ဝိညာဉ်စေတီအတွင်းဝင်လိုက်သည်။
သူမသည် ရွှမ်ရှင်းမန်အတွက်လိုအပ်သည့် ဆေးများကို ဖော်ပြီးနောက် ကြာပန်းနက်လောကအသေးသို့သွားကာ ဆေးများပေးလိုက်သည်။
သူမ ထွက်လာပြီးနောက်တွင် ကောင်းကင်မှာမှောင်နေလေပြီ။
သူမ လှည့်ကြည့်ပြီး ဝိညာဉ်အတားအဆီးကိုဖျက်ကာ အားလုံးကို တွေ့ ရန်ထွက်ခဲ့လိုက်သည်။
ဖက်တီးကျူနှင့် တခြားသူများသည် စားသောက်ရန် စုဝေးနေကြသည်။ တစ်နေ့တာအနားယူပြီးနောက်တွင် သူတို့အမူးပြေသွားကြကာ တက်ကြွနေ ကြသည်။
“ယူယူ လာခဲ့ ငါတို့စားတော့မလို့ပဲ” ဖက်တီးကျူသည် သူမအား ဝေ့ရမ်း ပြလေသည်။
ရှီမာယူယူ လျှောက်လာပြီး ဘေဂုံထန်ဘေးထိုင်ကာ ပြောလိုက်သည် “ကံကောင်းလို့ ငါအချိန်မှီရောက်တာပေါ့ မဟုတ်ရင် ဒီလိုအစားအသောက် ကောင်းတွေလွတ်တော့မလို့”
ဘေဂုံထန်သည် သူမအား အသားကင်တံဆို့ပေးပြီး ပြောလိုက်သည် “ဟင်းတွေက နင်ချက်တာကအကောင်းဆုံးပဲ ဘယ်လိုလုပ်လွမ်းမလဲ”
“မင်းတို့ချက်တာတွေလည်း မတူဘူးပဲ” ရှီမာယူယူ ကိုက်လိုက်ရာ စိတ်ကျေနပ်သွားသည်။
“ယူယူ ငါ မနေ့ကအလုပ်များသွားတယ် ငါမင်းကိုမပြောရသေးတာရှိ တယ်” ဝေကျိရွှီ ရှင်းပြလေသည်။
“ဘာလဲ” ရှီမာယူယူသည် သူတို့၏ လေးနက်သောပုံစံကို စမ်းစစ်ရင်း မေးလိုက်သည်။
“ဂိုဏ်းကပြောတယ် လောကအသေးကမကြာခင်ဖွင့်တော့မယ်၊ ထိပ်တန်းအဆင့်၅၀၀အတွင်းဝင်တဲ့သူတွေက သွားရမယ်” ဝေကျိရွှီ ရှင်းပြ လေသည် “ငါတို့သွားရမယ်”
“ကောင်းတာပေါ့” ရှီမာယူယူသည် တစ်ခုခုလွဲနေသည်ကို မခံစားမိပေ “လောကအသေးမှာဆိုရင် ဝိညာဉ်စွမ်းအင်များပြီး အခွင့်အရေးလည်းများ တယ်၊ မင်းတို့အထဲမှာကျင့်ကြံရင် အကျိုးရှိမှာပဲ၊ မင်းတို့အားလုံးသွားရမှာပေါ့၊ ဒါပေမဲ့ လောကအသေးအတွက်က ဘာတွေလိုတာလဲ”
“အံ့ဖွယ်သူတော်စင်အောက်ပဲသွားလို့ရတယ်” ဝေကျိရွှီ ဆက်ပြောလေ သည် “အဲဒါကြောင့် မင်းသွားလို့မရတော့ဘူး”
“မင်းတို့အားလုံးသွားကြမှာလား” ရှီမာယူယူသည် သူတို့ကိုအကဲခတ် လိုက်သည်။ “ဒါဆို မင်းတို့ထွက်လာတဲ့အထိ ငါ မင်းတို့ကိုစောင့်မယ်လေ၊ မင်းတို့ ဂိုဏ်းကိစ္စကိုဂရုစိုက်ဖို့မလိုသေးပါဘူး၊ အရေးကြီးတာက မင်းတို့ အား ကိုတက်အောင်လုပ်ဖို့ပဲ၊ ပြီးတော့ ငါတို့ဂိုဏ်းကိုတိုးတက်အောင်လုပ်ချင်ရင် တစ်ညတည်းနဲ့လုပ်လို့ရတာလည်းမဟုတ်ဘူး၊ တရားဝင်ထောင်ပြီးပြီဆိုပေမဲ့ နောက်ထပ် ဖွံ့ဖြိုးအောင်လုပ်ဖို့က အချိန်လိုသေးတယ်၊ သြော်ဟုတ်သား မင်းတို့သွားမှာဘယ်လောက်ကြာမှာလဲ”
“လောကအသေးက ၁၀နှစ်ဖွင့်မယ်လို့ကြားတယ်”
“၁၀နှစ်… မဆိုးပါဘူး၊ မင်းတို့ကျင့်ကြံရင်းနဲ့ပဲ အချိန်ကမြန်မြန်ကုန်သွား မှာ” ရှီမာယူယူ အကြံပေးလေသည် “နောက်၁၀နှစ်ကြာရင် မင်းတို့ဘယ်လို ဖြစ်မလဲလို့ ငါမျှော်နေမယ်”
“ငါတို့လည်း အဲဒါကိုမျှော်နေတာပဲ”
“မင်းတို့ ဘယ်တော့သွားမလဲ”
“နောက်၁၀ရက်ကြာရင်သွားရမယ်လို့ ဂိုဏ်းကပြောတယ်”
“မင်းတို့ဂိုဏ်းကိုပြန်ပြီး ပြင်ဆင်သင့်တယ်၊ ပြန်မယ်ဆို မနက်ဖြန် ပြန်တာကောင်းလိမ့်မယ်” ရှီမာယူယူ အကြံပေးလေသည်။
“အင်း ငါတိုပလည်း မနက်ဖြန်သွားမလို့ပဲ”
“ကောင်းပြီ မင်းတို့ အခွင့်အရေးကောင်းကောင်းရပြီး အဆင့်တက်လာ ဖို့ ဆုတောင်းပေးတယ်၊ ထွက်လာပြီးရင် အံ့ဖွယ်သူတော်စင်အဆင့်ကို ဖြတ်ရ မယ် ဂုဏ်ပြုပါတယ်”
“ဂုဏ်ပြုပါတယ်”
“…..”
နောက်တစ်နေ့သူတို့ထွက်သွားသည်အထိ ဝူလင်းယူ ပြန်မလာသေး ပေ။ သူတို့သည် ဖြတ်လမ်းတည်ဆောက်မှုကိုသုံးကြလေသည်။ သူတို့ အလယ်ပိုင်းဒေသကိုသွားမည်ဟု မုန့်ဆန်းချွယ်သိသည်နှင့် ဂိုဏ်းကို တိုက်ရိုက်ပြန်လာနိုင်ရန် သူတို့ကို ယာယီ ဖြတ်လမ်းတည်ဆောက်မှုကို ပေး လိုက်လေသည်။
“နှစ်ရက်ပဲရှိသေးတယ် အဲလူတွေပြန်သွားကြပြီ” ရှောင်ချီ ဆက်ပြော လေသည် “သူတို့ကိုမတွေ့တာကြတော့ နည်းနည်းထူးဆန်းသလိုပဲ”
“သူတို့နဲ့မခွဲချင်ဘူးလား” ရှီမာယူယူသည် သူမ ပခုံးကိုကိုင်လိုက်သည် “၁၀နှစ်က မြန်မြန်ကုန်သွားမှာပါ တံခါးပိတ်ကျင့်တာ နည်းနည်းလောက်လုပ် လိုက်ရင် သူတို့ပြန်လာကြမှာ”
“ရှောင်ချီတို့ တံခါးပိတ်ကျင့်ကြံဖို့အချိန်မရှိဘူး” ရှောင်ချီ ကြေညာလေ သည် “ရှောင်ချီ တပ်သားစုချင်တယ်၊ ယူယူ့မှာ အချိန်နှစ်လပဲရှိတော့တယ်”
“တပ်သားစုတာကလွယ်ပါတယ်” ရှီမာယူယူ ထပ်ပြောလေသည် “ဒီက ကိစ္စတွေအခြေချပြီးရင် လူစုလို့ရပြီ”
“တခြားကိစ္စတွေကျန်သေးတာလား” ရှောင်ချီ မေးလေသည်။
“ရှိတာပေါ့၊ အခု သတ္တုကြောထုတ်ဖို့နေရာရွေးရမယ်၊ သွားမယ် နေရာ သွားရွေးကြမယ်”
“ကောင်းတယ်၊ သတ္တုကြောထုတ်ပြီးရင် တပ်သားစုဖို့သွားမှာလား၊ တပ်သားစုဖို့ ဘယ်တော့သွားမှာလဲ၊ သူတို့ကိုခေါ်ဖို့အားသုံးရမှာလား၊ ယူယူ မစိုးရိမ်နဲ့ သူတို့ အရှုံပေးပါပြီလို့ သီချင်းမဆိုမချင်း ရှောင်ချီ ရိုက်ပေးမယ် ဟားဟားဟား…”
“…. ရှောင်ချီ မိန်းကလေးတစ်ယောက်အနေနဲ့ သိမ်မွေ့ဖို့လိုတယ်…”
***