သွေးမိစ္ဆာမြို့တော်
Vol. 010 Ch. 934
ရက်အနည်းငယ်ကြာပြီးနောက်တွင် ရှီမာယူယူသည် ဖန်ခိုင်နှင့် ရှီချန်းတို့နှင့်အတူ ရှောင်ချီကို ဦးဆောင်ခေါ်သွားကာ မြို့တစ်မြို့၏ ဝင်ပေါက် တွင်ရပ်လိုက်သည်။
သူမ ထွက်မလာခင်တွင် ဖန်မိသားစုကိုယ်ရံတော်များသည် သူမ သွားချင်သည့်နေရာကို လိုက်မည်ဟုပြောပြီး သူမလုံခြုံရေးအတွက် ကာကွယ်ရန်ထွက်လာလေသည်။
ရှီမာယူယူသည် သူတို့၏ခေါင်းမာမှုနှင့် အငြင်းမပွားတော့ပဲ သူတို့ကို လောကအသေးတွင်ထည့်ထားပြီး အပြင်တစ်ခါထွက်လျှင် ဖန်၁သို့မဟုတ် ဖန်၂ကို သူမဘေးတွင်ထားလေသည်။
“သခင်လေး ဒါကသွေးမိစ္ဆာမြို့တော်ပဲ” ရှီချန်းပြောလေသည် “ဒီဂိတ် ပေါက်ကိုခြေချလိုက်တာနဲ့ ဒီကစည်းမျဉ်းတွေကိုလိုက်နာရမယ်”
“ဒါကသွေးမိစ္ဆာမြို့တော်ရဲ့ မြို့ဝန်ကချထားတဲ့စည်းမျဉ်းတွေလား” ရှီမာယူယူမေးလိုက်သည်။
“မဟုတ်ဘူး ဒီစည်းမျဉ်းတွေက အားလုံးကအသိအမှတ်ပြုထားတာ၊ စည်းမျဉ်းကိုငြင်းဆန်တဲ့ဘယ်သူမဆို ဒီမှာနေခွင့်မရှိဘူး” ရှီချန်း ရှင်းပြလေ သည်။
“သွေးမိစ္ဆာမြို့တော်ဆိုတဲ့နာမည်က သွေးဆာတယ်၊ ဒါပေမဲ့ အထဲမှာ သတ်ဖြတ်ခွင့်မပြုဘူး၊ ဒီစည်းမျဉ်းကထူးဆန်းတယ်” ရှောင်ချီ ပြောလိုက် သည်။
“သွေးမိစ္ဆာမြို့တော်က ဘယ်သူ့ရဲ့လွှမ်းမိုးမှုမှမရှိပဲ ရပ်တည်လာတာ အတော်ကြာပြီ၊ သူ့ကို ဘယ်အင်အားကြီးကမှ ချုပ်နှောင်လို့မရဘူး၊ အမဲလိုက် ခံရတဲ့သူတွေတောင် ဒီကိုလာရင် ကာကွယ်ခံရတယ်၊ သူတို့မြို့အပြင်ကို ခြေမချသရွေ့ ရန်သူတွေရဲ့ အမဲလိုက်တာကိုခံရမှာမဟုတ်ဘူး” ဖန်ကျိ ပြော လေသည် “ဆိုတော့ အခြေခံအရပြောရရင် ဒီကလူအများစုကရန်သူတွေရှိ ကြတယ်”
“အဲရန်သူတွေက ဘာလို့ဒီကိုလာပြီး သူတို့ကိုသတ်လို့မရတာလဲ” ရှောင်ချီသည် နားမလည်ပေ “ရှောင်ချီသာဆိုရင် သူပြေးသွားရင်တောင် လိုက်သတ်မှာပဲ”
“သွေးမိစ္ဆာမြို့ရဲ့ မြို့ဝန်ရဲ့ နောက်ခံက အရမ်းဆန်းပြားတယ်၊ သူတို့ကို အရင်က တစ်ခါမှမမြင်ဖူကြဘူး၊ ဒါပေမဲ့ သူတို့အင်အားက သန်မာကြတယ်၊ တစ်ယောက်ယောက်က သူတို့ရန်သူကိုဒီမှာသတ်လိုက်ပြီး ဒီကစည်းမျဉ်း တွေချိုးဖောက်ပြီးတော့ ရန်သူကို သွေးမိစ္ဆာမြို့ကိုလက်လွှဲမပေးဘူးဆိုရင် အင်အားကြီးဖြစ်ပါစေဦးတော့ တိုက်ခိုက်ခံရပြီး ဖနောင့်နဲ့တင်ပါးတစ်သား တည်းကျအောင် ပြေးရတာပဲ” ဖန်ခိုင် ပြောလေသည်။
“အဲလောက် အားကောင်းလား”
“အဲဒါတွေက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကဖြစ်ခဲ့တာ ဒါပေမဲ့အဲကတည်း ကစပြီးတော့ ဘယ်သူမှဒီကိုလာပြီး ပြဿနာမရှာရဲတော့ဘူး ဒီကိုလာပြီး ကိုယ်ယောင်ဖျောက်တဲ့သူတွေကလည်း ကြံ့ခိုင်တဲ့လှောင်အိမ်တစ်ခုထဲ ဝင် လိုက်တာနဲ့အတူတူပဲ” ရှီချန်း ပြောလေသည်။
“ကြံ့ခိုင်တဲ့လှောင်အိမ်ဟုတ်လား” ရှီမာယူယူသည် သူ့ကိုပြောလိုက် သည် “ခင်ဗျားတို့ဘာလို့ ဒီကိုမလာခဲ့ကြတာလဲ”
“ငါတို့ ဒီကိုလာပြီး အချိန်တစ်ခုလောက်နေခဲ့ကြတယ်၊ ပြီးတော့ ထွက် လာကြတာပဲ” ရှီချန်း ရှင်းပြလေသည်။
“ဘာလို့ထွက်လာတာလဲ”
“ဒီမှာ လွတ်လပ်မှုမရှိဘူး” ရှီချန်း ပြောလေသည် “အခြံစားချက် ဒီမှာ တစ်သက်လုံးအပိတ်ခံရတာ သက်တောင့်သက်သာမဖြစ်လှဘူး ပြီးတော့…”
“ပြီးတော့ဘာလဲ”
“ဒီမှာ အားမတိုးနိုင်ဘူး”
“အားမတိုးနိုင်ဘူးဟုတ်လား”
“ဟုတ်တယ် ဘယ်လောက်ပဲကျင့်ကြံကျင့်ကြံ ငါတို့အားတွေ မတိုးလာ ဘူး၊ ဒီကိုလာတဲ့အချိန်မှာ အားဘယ်လောက်ပဲရှိရှိ နှစ်တစ်ရာကြာသွားရင် တောင် မင်းရဲ့အားက အတူတူပဲဖြစ်လိမ့်မယ် မတိုးလာဘူး”
“အဲလိုထူးဆန်းတာရှိသေးတာလား ဘာလို့လဲ”
“ငါလည်းမသိဘူး၊ ဒီကလူတွေ နေဖို့အတွက် တန်ရာတန်ကြေးပေးရ တာနေမှာပေါ့၊ သူတို့အားတွေ တစ်သက်လုံးမတိုးတော့တာလေ” ဖန်ခိုင် ခန့်မှန်းလေသည်။
“ဒီလိုကိုး…” ရှီမာယူယူသည် စိတ်ဝင်စားစရာအပြုံးတစ်ခုပြုံးလိုက် သည် “သွားကြမယ် သွားပြီး သွေးမိစ္ဆာမြို့ကဘယ်လိုလဲဆိုတာကြည့်ကြမယ်”
သူတို့လေးယောက်မြို့ဂိတ်သို့လျှောက်သွားကြသည်။ အဝင်ပေါက်တွင် စောင့်ကြည့်သည့် အစောင့်မရှိသော်လည်း တံခါးမှာတင်းကြပ်စွာပိတ်ထား သည်။
ရှီချန်းသည် အဆင့်မြင့်ကျောက်၁၀လုံးထုတ်ကာ မြို့တံတိုင်း၏ အပေါက်တစ်ခုထဲသို့ထည့်လိုက်သည်။ ထည့်လိုက်ပြီးနောက်တွင် မြို့ဂိတ်မှာ ပွင့်လာသည်။
“နက်နဲလိုက်တာ” ရှောင်ချီသည် ကြီးမားသောတံခါးကိုမော့ကြည့်ပြီး သူမ၏ မျက်လုံးများသည် အံ့သြသဖြင့် ကျယ်လာသည်။
“ဒီနေရာကို ဘယ်သူမှမစီမံထားဘူး၊ မင်းတို့ဝင်ချင်ရင် အဆင့်မြင့် ကျောက်၁၀လုံးပေးဖို့ပဲလိုတယ်” ရှီချန်း ရှင်းပြလေသည်။
“မိုက်လိုက်တာ” ရှောင်ချီသည် တံခါးကိုလက်ဖြင့်ခံစားကြည့် သော်လည်း ထူးခြားမှုကိုမတွေ့ပေ။
“ဝင်ရအောင်” ဖန်ခိုင်သည် ကြောင်ကြည့်နေသော ရှီမာယူယူကို ပြော လိုက်သည်။
ရှီမာယူယူသည် တံခါးမှအကြည့်လွှဲပြီး ဖန်ခိုင်ကို ခေါင်းညိတ်ပြပြီး ပြော လိုက်သည် “ကောင်းပြီ”
သူတို့မြို့ထဲသို့ဝင်ရာ ခြေချပြီးသည်နှင့် မြို့တံခါးပိတ်သွားသည်နှင့် အသံစူးစူးထွက်လာရာ ရှီမာယူယူသည် မသိစိတ်မှ မျက်မှောင်ကြုတ်မိလိုက် သည်။
“အစ်ကိုဖန်ခိုင် ရှောင်ချီတို့ တပ်သားစုဖို့ တိုက်ရိုက်သွားကြမှာလား” ရှောင်ချီ မေးလေသည်။
“အခုမှမနက်ပဲရှိသေးတယ် ဘယ်သူမှမထွက်ကြသေးဘူး တည်းခိုဆောင်ရှာပြီး နားရမယ်” ဖန်ခိုင် ပြန်ဖြေလေသည်
“ဒါဆိုရင် ရှောင်ချီတို့ ညကျပြန်ထွက်ရမှာလား တပ်သားစုတာဘယ်လို သွားလုပ်ရမှာလဲ”
“ညရောက်ရင်သိလိမ့်မယ်” ဖန်ခိုင်ပြုံးပြီး ပြောလိုက်သည် “ဒီမှာ ဒါကို ဆွေးနွေးလို့မရဘူး အရိုက်ခံရမယ်”
“တစ်ယောက်ယောက်က ရှောင်ချီ့ကိုရိုက်မလို့လား ကောင်းတယ် ရိုက်ပါစေ”
“….”
ဖန်ခိုင်၏ မျက်နှာသည်ရှုံ့မဲ့သွားသည်။ သူသည် သူမကို မနိုင်သည့်ပုံ ပင်။
ရှီမာယူယူသည် ခေါင်းရမ်းပြီးနောက် ရှောင်ချီ၏ လက်ကိုဆွဲကာ ပြော လိုက်သည် “သွားရအောင် နေဖို့တည်းခိုဆောင်သွားရှာကြမယ်”
“အင်း”
သူတို့သည် မြို့ကိုနှစ်နာရီကြအောင်ပတ်ပြီးနောက်တွင် တည်းခိုဆောင် သို့ဝင်ကြလေသည်။
“ဒီမှာလူအများစုနေကြတော့ တည်းခိုဆောင်နည်းတယ်၊ အခုသွားတဲ့ နေရာက နည်းနည်းစုတ်တယ်ဆိုပေမဲ့ ဒီနဲ့အနီးဆုံးပဲ” ဖန်ခိုင် ရှင်းပြလေသည် “တည်းခိုဆောင်ပိုင်ရှင်က နည်းနည်းကြောက်ဖို့ကောင်းတယ် အကျင့်က တော့မဆိုးပါဘူး ဒါပေမဲ့ သူ သခင်လေးကို အသိအမှတ်ပြုတာနဲ့ သူ့စိတ်ထဲ ကနေ စိတ်ရင်းနဲ့ဆက်ဆံပေးတယ်၊ ရောက်ပြီ”
ရှီမာယူယူသည် တည်းခိုဆောင်ဟုခေါ်သောနေရာကိုကြည့်လိုက် သည်။ တစ်အိမ်လုံးကို သစ်သားဖြင့်ဆောက်လုပ်ထားကာ လေပြင်းတိုက် လိုက်ပါက တည်းခိုဆောင်တံခါးဘောင်မှာ ပြုတ်ကျမလိုဖြစ်နေသည်။ တံခါးသည် ပင်မတံခါးနှင့် ကွေးကောက်စွာချိတ်နေသည်။ တံခါးတစ်ခုမှာ အပေါက်ဖြစ်နေကာ နောက်တစ်ခုမှာ လေကြောင့်အစိတ်စိတ်အမွှာမွှာဖြစ်ပြီး ကြမ်းပေါ်ကျနေသည်။
ဒါက… နည်းနည်းစုတ်တာလား။
မျက်နှာဘယ်ဘက်အခြမ်းတွင် မီးလောင်ထားကာ လျှော်အဝတ် ဝတ်ဆင်ထားသော လူတစ်ယောက်သည် အထဲမှထွက်လာပြီး သစ်သား တချို့ကိုကောက်ပြီးနောက် ဘေးသို့ပစ်ရင်း ပြောလိုက်သည် “တကယ်ပဲ မနက်အစောကြီးကို ဘယ်လိုနတ်ဆိုးလေတွေတိုက်လာတာပါလိမ့်”
“တံခါးလဲပါလို့ ပြောလာတာကြာနေပြီ အဘိုးကအပျင်းကြီးလိုက်တာ၊ ခု လေကလဲဖို့ကူညီပေးလိုက်တာလား” ဖန်ခိုင်သည် သူ့လက်နှစ်ဖက်လုံးကို ကိုင်ကာ ထိုလူအားကြည့်ရင်း ပြောလေသည်။
ထိုလူသည် ဖန်ခိုင်နှင့် တခြားသူများကိုတွေ့သောအခါ အနည်းငယ် အံ့သြသွားပုံပေါ်ကာ မျက်ခုံးပင့်ကာ ပြောလေသည် “ငါသိချင်တာပါ ဘာလို့ တံခါးကပြုတ်ကျတာလဲလို့ မင်းတို့လုပ်လိုက်တာကိုး၊ မင်းတို့ ထွက်သွားတာ ကြာပြီဘာလို့ပြန်လာတာလဲ”
“အလုပ်ကိစ္စရှိလို့ပြန်လာတာ” ရှီချန်း ပြန်ဖြေလေသည် “အဘိုးဘိုင် ဒီမှာ အခန်းရှိသေးလား”
ဘိုင်ရှန်းသည် ရှီမာယူယူအား တစ်ချက်ကြည့်ပြီး ပြောလိုက်သည် “ဒီမှာ ဘယ်တုန်းက အခန်းမရှိဖူးလို့လဲ လာခဲ့”
ရှီမာယူယူနှင့် ရှောင်ချီတို့ဝင်သွားရာ လျော့တိလျော့ရဲနိုင်သော တည်းဆိုဆောင်ကိုမြင်ရမည်ဟု ထင်ခဲ့သည်။ ပစ္စည်းများသည် အိုဟောင်းနေ သော်လည်း သန့်ရှင်းနေမည်ဟု မထင်ထားခဲ့ပေ။
“ဘာလို့မင်းတို့နှစ်ယောက်တည်းလဲ မင်းတို့မိသားစုက ကျန်တဲ့ ညီအစ်ကိုတွေရော” ဘိုင်ရှန်းသည် ကောင်တာအနောက်သို့သွားကာ စာအုပ် ဟောင်းတစ်အုပ်ထုတ်လာကာ ခေါင်းမမော့ပဲ မေးလေသည်။
“သူတို့က အပြင်မှာ” ရှီချန်းပြန်ဖြေလေသည်။
ဘိုင်ရှန်းသည် သူ့စာအုပ်ကိုကြည့်ပြီး ခေါင်းမော့ကာ မေးလေသည် “မင်းတို့ဘယ်နယောက်နေမှာလဲ”
“၄ယောက် ၂ခန်းဆိုရတယ်” ဖန်ခိုင် ပြန်ဖြေလေသည်။
“၄ယောက်ကို ဘယ်လိုလုပ် ၂ခန်းက လောက်မလဲ”
“အဘိုးအခန်းတွေက အရမ်းဈေးကြီးတယ် နောက်၂ခန်းယူလိုက်ရင် ကျွန်တော့်ပိုက်ဆံတွေ ညှစ်ဖို့အခွင့်အရေးပေးလိုက်တာမဟုတ်ဘူးလား” ဖန်ခိုငသည် မျက်ခုံးများပင့်လိုက်သည် “အလကားပေးရင်တော့ မပြောတတ်”
“ဒါဆိုလည်း မင်းတို့်အခန်း၂ခန်းသာယူလိုက်” ဘိုင်ရှန်း ဆက်ပြောလေ သည် “ဒုတိယထပ်အဆုံးက ၂ခန်းပဲ ကိုယ့်ဘာသာသွားလိုက်တော့”
သူစာအုပ်ပိတ်လိုက်ကာ တန်းလျားခုံတွင် ပျင်းရိစွာလှဲ ရန်ပြင်နေသည် ကို ရှီမာယူယူကြည့်ပြီး ဖန်ခိုင်အား နားမလည်စွာ ကြည့်လေသည်။
ဆိုင်ရှင်က အထက်စီးဆန်တာလား ဘာလား။
***