← Chapters

ဘိုင်ရှန်း၏တည်းခိုဆောင်

Vol. 010 Ch. 935

ဘိုင်ရှန်း၏တည်းခိုဆောင်

Vol. 010 Ch. 935

သူမ ဘာမှမပြောသော်လည်း ဘိုင်ရှန်းသည် သူမအတွေးကို သိသည့် ပုံနှင့် ပြောလေသည် “အခန်းတွေကသော့တော့မရှိဘူး ကိုယ့်ပစ္စည်းကိုယ် သေချာကြည့်ကြ”

“သော့မရှိဘူးလား အဘိုးကြီးရဲ့ တည်းခိုဆောင်က ထူးဆန်းတယ်” ရှောင်ချီ အော်လေသည်။

“သွေးမိစ္ဆာမြို့တော်မှာ သော့သုံးဖို့လိုလို့လား” ဘိုင်ရှန်းသည် မေးခွန်း ပြန်ထုတ်လေသည်။

“အာ… လိုတဲ့ပုံမပေါ်ပါဘူး” ရှောင်ချီ ဆက်ပြောလေသည် “ဒါပေမဲ့ စနစ်တော့ကျရမယ်လေ”

“အဲလိုပစ္စည်းတွေက ကထိကယများတယ်၊ မင်းတို့ ငါ့စည်းမျဉ်းကိုသိ တယ်မလား၊ အများကြီးရှင်းပြဖို့မလိုဘူး” ဘိုင်ရှန်းသည် စကားဆုံးသည်နှင့် သူတို့ တက်သွားသည် မသွားသည်ကို ဂရုမစိုက်ပဲလှဲချလိုက်သည်။

ရှီမာယူယူ၏ နှုတ်ခမ်းထောင့်တွန့်သွားသည်။ ဒီလူကြီးက သူ စိတ်တိုင်း ကျလုပ်နေတာပဲ။

“သူက လူပျင်းကြီးလေ သခင်လေး သူ့ကိုစိတ်ထဲမထားနဲ့” ရှီချန်း ပြော လေသည်။

သခင်လေးဟုကြားသည်နှင့် ဘိုင်ရှန်းသည် ကြောင်သွားကာ ချက်ချင်း ထလေသည်။

“သခင်လေး… မင်းတို့အပြင်သွားပြီး တခြားသူရဲ့တပည့်ခံလိုက်တာ လား” သူသည် ရှီမာယူယူကိုကြည့်လိုက်သည် “ဘာလို့အရုပ်ပုံစံဖြစ်နေတာ လဲ၊ မင်းတို့ညီအစ်ကို၁၀ယောက်က နောက်ကွယ်မှာနေနေတယ်လို့တော့ ငါ့ ကို မပြောနဲ့နော်”

“ဘာအရုပ်ကလေးလဲ၊ ဒီအရုပ်ကလေးက အဘိုးကြီးရဲ့သွားတွေကျွတ် သွားအောင်ရိုက်နိုင်တယ်” ရှောင်ချီသည် လက်သီးဝေ့ရမ်းပြကာ သဘော မတူစွာ အော်လေသည်။

“လူသားမဟုတ်ဘူးလား” ဘိုင်ရှန်းသည် ရှောင်ချီအားစိုက်ကြည့်ပြီး နောက် တစ်ခုခုကိုသိရသွားဟန်နှင့် “ရှီချန်း မင်းရောဂါပျောက်သွားပြီလား၊ ဒီကလူကမင်းကိုကုပေးတာလို့တော့မပြောနဲ့နော်၊ ပြီးတော့ သူမကို အထက် လူကြီးအနေနဲ့သတ်မှတ်လိုက်တာလား”

“အဲလိုပါပဲ” ရှီချန်းသည် မငြင်းဆန်ပေ။

ဘိုင်ရှန်းသည် ရှီမာယူယူအား စိတ်ဝင်စားပုံပြလာကာ ပြောလေသည် “မင်းတို့ ဒီတစ်ခေါက် ပြန်လာတာဘာရည်ရွယ်ချက်နဲ့လဲ၊ မင်းတို့က သူ့နောက်လိုက်ပြီး ဒီလာတာလား မဟုတ်ရင် မင်းတို့နောက် သူကလိုက်လာ တာလား”

“ဘာကွာလို့လဲ”

“ကွာတာပေါ့” ဘိုင်ရှန်းသည် မတ်တပ်ရပ်ကာ ပြောလေသည် “မင်းတို့ သူ့နောက်လိုက်ပြီးဒီကိုလာတာဆိုရင် မင်းတို့က သူ့အလုပ်ကိစ္စကြောင့်လာ တာပဲ၊ တကယ်လို့ သူကမင်းတို့နောက်လိုက်လာတာဆိုရင် မင်းတို့ကိစ္စ ကြောင့် သူကလာတာပဲ”

“ကျွန်တော်တို့က သူ့နောက်လိုက်လာတာ” ဖန်ခိုင် ပြန်ဖြေလေသည်။

“ထူးဆန်းတယ် မင်းတို့က တပည့်ခံလိုက်ရုံတင်မကဘူး၊ သူ့နောက်ကို နေရာတကာလိုက်ပေးနေတယ်၊ ဒါက မင်းတို့အကျင့်မဟုတ်ပါဘူး” ဘိုင်ရှန်း ၏ခန္ဓာကိုယ်သည် စကားပြောရင်းနှင့် ချက်ချင်းပင် ဖြတ်ခနဲရှီမာယူယူရှေ့ပေါ် လာလေသည်။ သူသည် လက်ဖဝါးမြှောက်ပြီး သူမကိုထုလိုက်လေသည်။

ရှီမာယူယူသည် အလှည့်အပြောင်းနှင့် သူ့လက်ဖဝါးရောက်လာသည် ကိုခံစားမိပြီး သူ၏ ရုတ်တရက် တိုက်ခိုက်မှုကို နောက်ဆုတ်ကာရှောင်တိမ်း လိုက်သည်။

မြန်လိုက်တဲ့အရှိန်နှုန်း…

ဘိုင်ရှန်း မျက်လုံးများကျဉ်းသွားကာ ရှီမာယူယူ၏ တိုက်ကွက်ကိုကြည့် ပြီး လက်သီးဆုပ်ကာ အရှေ့သို့ထိုးလိုက်သည်။

ဒီလူက သူ့တိုက်ခိုက်မှုပုံစံကိုသိပြီး ပြန်တောင်တိုက်နိုင်တယ်။

“ယူယူ ရှောင်ချီ ကူပေးမယ်” ရှောင်ချီသည် အင်္ကျိလက်မပြီး ပြေးလာ ချင်သည်။

“ရှောင်ချီ သခင်လေးဘာမှဖြစ်မှာမဟုတ်ဘူး” ရှီချန်းသည် သူမအား ဆွဲ ရင်းပြောလိုက်သည်။

“ဒါပေမဲ့….”

ရှောင်ချီသည် စိုးရိမ်သည်။ ဒီရုပ်ဆိုးဆိုးတဲပလူကြီးက အားကောင်းမဲ့ ပုံပဲ။ သူက ယူယူ့ကိုဒဏ်ရာရအောင်လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။

“အဘိုးဘိုင်က သူ့အကန့်အသတ်ကိုသိပါတယ်၊ သူတို့နှစ်ယောက်လုံး ဝိညာဉ်စွမ်းအင်မသုံးသေးတာ မတွေ့ဘူးလား” ဖန်ခိုင် ပြောလေသည်။

ဝိညာဉ်စွမ်းအင်မသုံးသေးဘူး… အနီးကပ်တိုက်ခိုက်မှုပဲ။

ရှီမာယူယူသည် ထိုအရာတွင်ကျွမ်းကျင်သည်ကို ရှောင်ချီသိသည်။ ထို့ကြောင့် သူမစိတ်အေးသွားကာ ထပ်မသွားတော့သော်လည်း သူမသည် အချိန်မရွေးတိုက်နိုင်ရန် ပြင်ဆင်ထားသည်။

ရှီမာယူယူနှင့် ဘိုင်ရှန်းတို့သည် ၁၀မိနစ်ကျော်တိုက်ခိုက်ပြီးနောက်တွင် နှစ်ယောက်လုံး အညံ့ခံရန်ရည်ရွယ်ချက်မရှိသည်မှာ ဖန်ခိုင်နှင့် ရှီချန်းတို့ကို အံ့သြသွားစေသည်။

“အဘိုးဘိုင်ရဲ့ ခန္ဓာကိုယ်တိုက်ခိုက်မှုက သန်မာတယ်၊ ဒီလောက်ကြာ တဲ့အထိ သခင်လေးကိုရှုံးအောင်မလုပ်နိုင်ဘူးလို့ မထင်ထားဘူးပဲ” ဖန်ခိုင် သက်ပြင်းချလေသည်။

“အဘိုးဘိုင်က သူ့ကိုယ်ပိုင်အားကိုပဲသုံးတာ ဝိညာဉ်စွမ်းအင်လည်း မသုံးဘူး” ရှီချန်း ရှင်းပြလေသည်။

“ဟုတ်သားပဲ အဘိုးဘိုင်ရဲ့ ကျွမ်းကျင်မှုက ဝိညာဉ်စွမ်းအင်နဲ့ ခန္ဓာကိုယ် ကိုပေါင်းစပ်တာပဲ၊ တိုက်ခိုက်မှုအားက ပေါက်ကွဲမှုတွေပြည့်နေလိမ့်မယ်” ဖန်ခိုင် ဆက်ပြောလေသည် “ဒါပေမဲ့ သခင်လေးက အကြာကြီးတိုက်ခိုက်လာ တော့ သန်မာတယ်လို့ပြောလို့ရတယ်၊ မင်းနဲ့ ငါတောင် မနိုင်ဘူးလေ”

“အင်း သဘောတူတယ်” ရှီချန်းသည် ရှီမာယူယူအားကြည့်ပြီး “တစ်ခါလေ သခင်လေးကို နတ်ဆိုးတစ်ကောင်လို့တောင်ထင်မိတယ်”

“ဖြစ်နိုင်တယ် ဒါပေမဲ့ နတ်ဆိုးတွေက သူ့လိုပါရမီမပါနိုင်ဘူး” ဖန်ခိုင် သဘောတူလေသည် “သူက နတ်ဆိုးထဲက နတ်ဆိုးပဲ”

“ဟား..”

ဘိုင်ရှန်းသည် အော်လိုက်သည်။ သူတို့နှစ်ယောက်လုံးသည် ခွဲလိုက် ကြကာ တစ်ယောက်နှင့်တစ်ယောက် သတိနှင့်ကြည့်လိုက်ကြသည်။

“တော်ပြီ အဘိုးဘိုင် အဘိုးက အသက်ကြီးနေပြီ ကျွန်တော်တို့ သခင် လေးကိုအနိုင်မကျင့်နဲ့” ရှီချန်း အော်သေလည် “ဆက်တိုက်နေမယ်ဆိုရင် ဒီလှုပ်နေတဲ့အိမ်က ပြိုတော့မယ်”

“တကယ်သာပြိုသွားမယ်ဆိုရင် ငါလည်းပျော်တာပဲ” ဘိုင်ရှန်းသည် ရှီမာယူယူအား တိုက်ခိုက်မည်ဟု ဆုံးဖြတ်ထားသည့်ပုံဖြင့်ကြည့်လေသည်။

သို့သော် ရှီမာယူယူသည် လက်ဖဝါးကိုပြန်သိမ်းကာ ပြောလိုက်သည် “ကျွန်တော် အဘိုးနဲ့ကစားဖို့ရည်ရွယ်ချက်မရှိဘူး”

“မတိုက်တော့ဘူးလား” ဘိုင်ရှန်းသည် တိုက်ခိုက်ရသည်ကိုပျော်ရွှင် သည်။ သူက ဘယ်လိုလုပ်တစ်ဝက်တစ်ပျက် ရပ်နိုင်ရတာလဲ။

“ကျွန်တော်က ဘာလို့အဘိုးနဲ့တိုက်ရမှာလဲ” ရှီမာယူယူသည် သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည် “အဘိုးက ကျွန်တော့်ကိုအကြောင်း အရင်း မရှိတိုက်ခိုက်တာကို ဖြေရှင်းရဦးမယ်”

“ဒါဆို ငါနဲ့လာရှင်းလေ” ဘိုင်ရှန်း ပြောလေသည်။

“စိတ်မဝင်စားဘူး” ရှီမာယူယူ လှည့်ထွက်ပြီးနောက် လှေကားပေါ် လျှောက်သွားရင်း ပြောလေသည် “ရှောင်ချီ သွားမယ် နားကြမယ်”

“အင်း” ရှောင်ချီသည် တိုက်ခိုက်ချင်သော်လည်း မတိုက်ခိုက်ရသည့် ဘိုင်ရှန်း၏ခံစားချက်ကိုသိလေသည်။ တန်းလန်းဖြစ်နေသောခံစားချက်သည် သည်းခံနိုင်စရာမရှိပေ။ ယူယူ၏ နည်းလမ်းသည် ကောင်းသည်။

ဘိုင်ရှန်းသည် ရှီမာယူယူ တကယ်ထွက်သွားသည်ကိုကြည့်ပြီး သဘော မတူနိုင်ဖြစ်ကာ ရှီမာယူယူ၏ အနောက်မှရုတ်တရက်တိုက်လေသည်။

“အိုး…”

ရှီမာယူယူ လှည့်ပြီးသူ့အားစိုက်ကြည့်လိုက်သည်။ ရုတ်တရက်ပင် သူ သည် လေထဲတွင်ရပ်နေပြီး လှုပ်မရတော့ပေ။ သူ့ပါးစပ်သည် တစ်စုံတစ်ရာ ကိုရေရွတ်သည့်ပုံပေါ်နေသော်လည်း စကားလုံးများထွက်မလာပေ။

“ဟားဟားဟား” ရှောင်ချီသည် သူ၏ပုံစံကိုကြည့်ပြီး ကသောင်းကနင်း ရယ်မောလေသည်။

“သွားမယ် ရှောင်ချီ” ရှီမာယူယူ ပြောလိုက်သည်။

သူမ ကြည့်လိက်ရာ နင်းလိုက်သောလှေကားများသည် ပြိုကျမလိုဖြစ် နေသောကြောင့် လက်လျော့ကာ ပျံပြီးဒုတိယအထပ်သို့တက်သွားသည်နှင့် ရှောင်ချီနောက်မှလိုက်လာလေသည်။

ဒုတိယအထပ်ထောင့်ရောက်သောအခါ သူမ “ဖျက်လိုက်” ဟုရေရွတ် လိုက်သည်နှင့် ဘိုင်ရှန်းသည် လေထဲမှပြုတ်ကျလေသည်။

ဘိုင်ရှန်းပြုတ်ကျပြီးနောက် မတ်တပ်ရပ်ကာ ခေါင်းထောင်ကြည့်လိုက် ချိန်တွင် ရှီမာယူယူသည် ထွက်သွားလေပြီ။

“….. ဒီကောင်လေးက တကယ်ပဲတည်ဆောက်မှုသခင်ပဲဘာလို့ငါ့ကို မပြောတာလဲ” သူသည် ဖန်ခိုင်တို့ကိုအော်လေသည်။

“အဘိုးပဲ ဘာမှမမေးပဲ ကျွန်တော်တို့သခင်လေးကိုတိုက်ခိုက်တာလေ” ဖန်ခိုင်သည် စောင်းကြည့်ပြီးပြောလေသည် “ကျွန်တော်တို့သခင်လေးက ဒီကိစ္စကို အဘိုးနဲ့ဆက်မလုပ်ချင်လို့ တော်ရုံသင့်ရုံပဲလုပ်ပေးလိုက်တာ”

“မင်းတို့နှစ်ယောက်လုံး… မင်းတို့်ကို သေအောင်ရိုက်မယ် ကြည့်နေ”

“အရင်တစ်ခေါက်က ကျွန်တော်တို့ကိုမသတ်နိုင်ဘူးလေ ဒီတစ်ခေါက် လည်းအတူတူပဲ” ရှီချန်းမှတ်ချက်ပေးလေသည်။

“အရင်တစ်ခေါက်က မင်းတို့က ၁၀ယောက်လေ၊ အခုနှစ်ယောက် တည်း၊ မင်းတို့နှစ်ယောက်လုံးကိုအရင်သတ်ပြီး နောက်မှစဉ်းစားမယ်”

“အခု ကျွန်တော်တို့မှာ သခင်လေးရှိနေပြီ” ဖန်ခိုင်သည် ရှီမာယူယူ့ကို ဆွဲထည့်ရန် ဝန်မလေးပေ။

“မင်း…မင်းတို့ သတ္တိရှိလှချည်လား”

“အဘိုးဘိုင် ကျွန်တော်တို့သခင်လေးကိုဘယ်လိုထင်လဲ” ဖန်ခိုင် မေး လိုက်သည်။

“မဆိုးပါဘူး စွမ်းရည်တချို့ကိုပြသွားတယ်” ဘိုင်ရှန်း ဆက်ပြောလေ သည် “ငါ ဝိညာဉ်စွမ်းအင်မသုံးလိုက်ပေမဲ့ သူက ဒီလောက်ကြာအောင် ငါနဲ့ တိုက်နိုင်တဲ့ ပထမဆုံးလူပဲ၊ အမြန်နှုန်း၊ ချွတ်ယွင်းမှုနဲ့ တိကျမှုတွေ သူ့မှာ တစ်ခုမှလစ်ဟင်းတာမရှိဘူး၊ အဲဒါက သူက တိုက်ခိုက်မှုအတွေ့အကြုံများတဲ့ လူတစ်ယောက်ဆိုတာကို ပြနေတာပဲ၊ သူသာ သွေးလွှမ်းပြိုင်ပွဲကိုဝင်မယ် ဆိုရင် သေချာပေါက် အဆင့်၅၀၀အတွင်းရောက်တဲ့အထိတိုက်နိုင်မှာပဲ”

“အဆင့်၅၀၀အတွင်းဟုတ်လား” ရှီချန်း ခေါင်းရမ်းလိုက်သည် “သူသာ တိုက်ချင်ရင် အံဆုံးထိတိုက်နိုင်တယ်”

“မင်းတို့ သွေးလွှမ်းပြိုင်ပွဲကလူတွေကို လျော့မတွက်နဲ့၊ သူတို့တိုက်ပြီ ဆိုတာနဲ့ အသက်ပေးပြီးတိုက်တော့တာ” ဘိုင်ရှန်း ဆက်ပြောလေသည် “ဒါပေမဲ့ မင်းတို့က တခြားသူကိုဦးမညွှတ်ဖူးပါဘူး၊ ဘာလို့သူ့အောက် တပည့် ခံလိုက်တာလဲ၊ ရှီချန်း မင်းခန္ဓာကိုယ်က တကယ်ပြန်ကောင်းသွားပြီလား”

“အင်း လုံးဝပြန်ကောင်းသွားပြီ” ရှီချန်း ခေါင်းညိတ်လေသည်။

“ဒါဆို ဒီတစ်ခေါက် ပြန်လာတာဘာရည်ရွယ်ချက်နဲ့လဲ” အခုလေးတင် တိုက်ခိုက်ရာမှဖြစ်သွားသော စားပွဲ၊ ခုံအကျိုးအပဲ့များသည် ဘိုင်ရှန်းလက်ဝေ့ ရမ်းလိုက်သည်နှင့် ပျောက်သွားလေသည်။

“တပ်သားစုဖို့” ရှီချန်း ပြောလိုက်သည် “ဘယ်လိုလဲ ကျွန်တော်တို့နဲ့ ပေါင်းချင်လား”

***

All Chapters