← Chapters

အကြံဉာဏ်ကြေညာခြင်း

Vol. 010 Ch. 936

အကြံဉာဏ်ကြေညာခြင်း

Vol. 010 Ch. 936

ရှီချန်းစကားကို ဘိုင်ရှန်းကြားပြီးနောက်တွင် သတ္တဝါကြီးတစ်ကောင်ကို ကြည့်သလိုကြည့်လေသည်။

“နောက်နေတာလား”

ရှီချန်းသည် လက်ဝေ့ရမ်းလိုက်ရာ ကျိုးပဲနေသော ထိုင်ခုံတစ်လုံးသည် သူတို့ဆီရောက်လာကာ သူ ထိုင်ချရင်း ပြောလိုက်သည် “ကျွန်တော်တို့ နောက်နေတယ်လို့ထင်နေတာလား”

ဖန်ခိုင်သည် ထိုင်ပြီးနေကာ သူတို့နှစ်ယောက်လုံးသည် သူ့ကိုစိုက် ကြည့်လိုက်သည်။ ထိုအကြည့်… နောက်နေတာနဲ့တော့မတူဘူး။

“ဒီကိုတကယ်ပဲ တပ်သားစုဆောင်းဖို့လာကြတာလား” ဘိုင်ရှန်းသည် လက်ကိုကျွမ်းကျင်စွာလှည့်လိုက်ရာ ခုံတစ်ခုံသည် ပျံထွက်လာပြီး သူထိုင် လိုက်ရာ အခုလေးတင်ပြုတ်ကျထားသဖြင့် ခါးနာသွားသည်။

ဒီကောင်လေးကတော့ သူ့တိုက်ကွက်က ညှာတာမှုကိုမရှိဘူး။

“တိတ်တိတ်လေးကြိတ်ခံမနေနဲ့ သခင်လေးရဲ့အားနဲ့ဆိုရင် အဘိုးကို တစ်စစီမချိုးပစ်တာပဲမဆိုးလှဘူး၊ နာလို့ပွတ်ချင်လည်းပွတ်လိုက်” ဖန်ခိုင် သည် မှတ်ချက်ပေးလေသည်။

“ငါ့အကြောင်းမပြောနဲ့တော့ မင်းတို့ကိုမေးရမှာ၊ မင်းတို့တကယ်ပဲ ဒီကို တပ်သားလာစုဆောင်းတာလား” ဘိုင်ရှန်း မေးလေသည်။

“ဟုတ်တယ် အဘိုးတကယ်ပဲစဉ်းစားကြည့်လိုက်၊ ဒီနေရာကနေ ထွက် ပြီးတော့ အပြင်မှာနေရမယ်” ရှီချန်းသည် စတင်ကြေညာလေသည် “အဘိုး ကဒီနေရာတင်ပိတ်မိနေတာ နှစ်တွေအများကြီးရှိနေပြီ အပြင်လောကကို မလွမ်းဘူးလား”

“ဘာလွမ်းစရာရှိလဲ၊ ဒီမှာအဆင်ပြေနေတာကို” ဘိုင်ရှန်းသည် တွေဝေ ခြင်းမရှိ ငြင်းဆန်လေသည်။

“တကယ်လား အားမတိုးလာရင်တောင် ရတယ်ပေါ့” ရှီချန်း မေးလေ သည်။

ဘိုင်ရှန်းသည် ခေတ္တမျှအေးခဲသွားပြီး ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွား ကာ ပြောလေသည် “ဘာမှမဖြစ်ဘူး”

“ဟုတ်ပြီ ကျွန်တော်တို့က အဘိုးကိုမနားမလည်နိုင်ဘူးလို့ထင်နေလား” ဖန်ခိုင် ပြောလေသည် “ဒီကနေထွက်ပြီးတော့ ဘဝအသစ်စတင်လိုက်၊ တိုင်းပြည်ကို ဂုဏ်ရှိရှိ လျှောက်သွားလိုက်ပါ”

“မင်းတို့က အဲလိုထင်တာလား” ဘိုင်ရှန်း ဆက်ပြောလေသည် “ဒီကလူ တွေအားလုံးကို သူတို့ရန်သူတွေက စောင့်ကြည့်နေကြတာ၊ ဒီကနေထွက်ကြ တာနဲ့ အလိုက်ခံရမှာပဲ၊ မင်းတို့က ဒီကိုလာပြီး တပ်သားစုဆောင်းရဲသေးတယ် ဟုတ်လား၊ ရန်သူတစ်သိုက်ကြီးရှိနေတဲ့သူတွေကို မင်းတို့ဆွဲဆောင်နိုင်မယ် ထင်နေလား၊ မင်းတို့ မရူးတာရောသေချာရဲ့လား”

“ဘယ်လိုထင်လို့လဲ”

“မင်းတို့ ပုံမှန်မဟုတ်ဘူးထင်တယ်” ဘိုင်ှရန်းသည် ခေါင်းရမ်းပြီး ပြော လေသည် “နှစ်တွေအများကြီးမှာ ဒီကိုလာတဲ့သူတွေက လက်စားချေဖို့ပဲ လာ ကြတာ၊ တပ်သားစုဆောင်းဖို့မလာကြဘူး၊ ဒါကရူးတာမဟုတ်ရင် ဘာလဲ”

“အဘိုးဘိုင် ကျွန်တော်တို့က အဘိုးကိုမိတ်ဆွေမို့လို့ပြောပြတာ၊ ဒါက နေရောင်အောက်မှာ ဂုဏ်ရှိရှိနဲ့နေရမဲ့ တစ်ခုတည်းသောအခွင့်အရေးပဲ လက် လွတ်မခံနဲ့” ဖန်ခိုင် ဖြားယောင်းလေသည်။

“ဒါဆိုရင် မင်းတို့အခုပုံမှန်အတိုင်းနေနေကြပြီလား၊ မင်းတို့မှာ ရန်သူ တွေ သိန်းချီရှိနေတာ၊ မင်းတို့ကိုသတ်ဖို့လက်လျော့လိုက်ကြပြီတဲ့လား” ဘိုင်ရှန်း မေးခွန်းပြန်မေးလေသည်။

“အခုတော့မဟုတ်သေးဘူး၊ အဲဒါက နောက်ကိုဖြစ်မလာဘူးလို့ မဆိုလို ဘူး” ရှီချန်းပြောလေသည် “ပြီးတော့ ကျွန်တော်သေချာတယ်၊ နောက်ဆိုရင် သူတို့လက်လျော့ကြမှာပဲ”

“သူ့ကြောင့်မို့လို့လား” ဘိုင်ရှန်းသည် ဒုတိယအထပ်ကိုကြည့်လိုက် သည်။

“ဟုတ်တယ်” ရှီချန်း ဝန်ခံလေသည် “သူ့ဘေးမှာနေရင် သူက ကျွန်တော်တို့မျှော်လင့်ချက်ကိုယူလာပေးမဲ့သူဆိုတာ ကျွန်တော်တို့တွေ့ခဲ့ တယ်”

“မျှော်လင့်ချက်ဟုတ်လား၊ ငါတို့လိုလူတွေက မျှော်လင့်ချက်ဆိုတာကို ထားလို့ရောရသေးရဲ့လား” ဘိုင်ရှန်းသည် နေရခက်စွာပြောလေသည် “ဒီကို လာတဲ့လူတွေက အမှောင်ထဲမှာနေသွားကြပြီး သေမှာကိုကြောက်ကြတယ်၊ အဲဒါကြောင့် သူတို့ထောင့်မှာပုန်းနေကြပြီး တစ်ရက် နေရနေရ နေကြတာ”

“ဒါပေမဲ့ ကျွန်တော်တို့ မျှော်လင့်ချက်တွေ့ခဲ့တယ်၊ တစ်နေ့တော့ ဖြစ်လာမှာလို့ ယုံတယ်၊ အဲနေ့ကြောင့်ပဲ စွန့်စားပြီးတော့ ပိတ်ပြီးမနေတော့ တာ”

“မင်းတို့၁၀ယောက်က နားပြီးမနေတတ်လို့ မဟုတ်ရင် ဒီမှာနေပြီး ထွက်သွားကြမှာမဟုတ်ဘူး” ဘိုင်ရှန်း ဆက်ပြောလေသည် “မင်းတို့တွေက ငယ်ကြသေးတယ်၊ မင်းတို့်မှာ ကိုယ့်ဘဝကိုယ်ထိန်းကျောင်းလို့ရသေးတယ် ငါ့လိုအဘိုးကြီးကိုမေ့လိုက်ပါကွာ”

“အဘိုးသာ ဆုံးဖြတ်မယ်ဆိုရင် ကျွန်တော်တို့အများကြီးမပြောဘူး၊ ကျွန်တော်တို့ ဒီမှာအချိန်တစ်ခုလောက်နေမယ်၊ ကျွန်တော်တို့ ထွက်သွားတဲ့ အချိန်ကျလို့ စိတ်ပြောင်းရင် ကျွန်တော်တို့သခင်လေးက လက်ခံပေးမှာပါ”

ဘိုင်ရှန်းပြုံးလိုက်သော်လည်း ထိုစကားများကို စိတ်ထဲမထားတော့ပေ။

တစ္ဆေလေးတစ်ကောင်နဲ့ အတူသွားရမယ်… သူဒီလိုဘဝမျိုးကို ဘယ်တုန်းကမှမလိုချင်ခဲ့ဘူး။ ပြီးတော့ သူလိုချင်တဲ့ဘဝမျိုးကို ဒီကလေး တစ်ယောက်က ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူး။

“ဒီနေ့ည သွေးလွှမ်းပြိုင်ပွဲကိုသွားကြမှာလား”

“အင်း ဒီနေ့ကစပြီး တပ်သားစုတာစတော့မယ်၊ ဒါပေမဲ့ ဒီသတင်းကို မပျံ့အောင်လုပ်ရမယ် မဟုတ်ရင် ရှုပ်ကုန်မယ်”

“ငါသိပါတယ် အကန့်အသက်ကိုငါသိပါတယ်”

“…”

ရှီမာယူယူသည် အိမ်အနောက်သို့လာကာ သာမန်ဝိညာဉ်အတားအဆီး ကိုလုပ်ပြီး ရှောင်ချီကို ကြာပန်းနက်လောကအသေးဆီသို့ခေါ်သွားလိုက် သည်။

သူမဝင်သွားသည်နှင့် နဂါးနှစ်ကောင်သည် ရေထဲမှပေါ်လာသည်။

“မွေးစားအဖေ မွေးစားအမေ” ရှီမာယူယူ သူတို့ကိုနှုတ်ဆက်လေသည် “ဒီနေ့ မွေးစားအမေရဲ့ အခြေအနေဘယ်လိုလဲ”

“အခုပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်လာတာကို ခံစားမိတယ်” ရွှမ်ရှင်းမန် ပြန်ဖြေလေသည် “သမီးတို့ရော သွေးမိစ္ဆာမြို့ကိုရောက်လာကြပြီလား”

“အင်း အခုလေးတင်ရောက်တယ် အခုကစောသေးလို့ တပ်သားမစုရ သေးဘူး” ရှီမာယူယူ ဆက်ပြောလေသည် “သမီး ဝိညာဉ်စွမ်းအင်ထည့်ပေး မယ်”

ရွှမ်ရှင်းမန်သည် ခေါင်းညိတ်ကာ ဗိုက်ကိုပင့်ပေးလိုက်သည်။

ရှီမာယူယူသည် သန္ဓေသားရှိသည့်နေရာကိုထိလိုက်ရာ သန္ဓေသား သည် ပိုပြီးသန်မာလာသည်ကို ခံစားမိလေသည်။

ရွှမ်ရှင်းမန်ကိုကုသပြီးနောက်တွင် သူမ ပြောလိုက်သည် “မွေးစားအမေ ဒီနှစ်ရက်ကို အပ်စိုက်တာကောင်းကောင်းလုပ်ခဲ့တော့ ကျန်းမာရေးက ပို ကောင်းလာပြီ၊ ခန္ဓာကိုယ်က စွမ်းအင်တွေများလာတာကို ခံစားမိလား”

“အင်း” ရွှမ်ရှင်းမန် ခေါင်းညိတ်လေသည် “အမေ ကိုယ်ဝန်ဆောင် အစပိုင်းတုန်းက ခန္ဓာကိုယ်က သိပ်မကောင်းခဲ့ဘူး၊ ဒဏ်ရာရထားတော့ ပုံမှန် ပဲလို့ထင်နေတာ၊ အဲလောက်အန္တရာယ်များမယ်လို့ မထင်ထားဘူး၊ သမီးကို ဒီတစ်ခေါက်သာလာမတွေ့ရင် နောက်တစ်ခါကိုဘယ်လိုဖြစ်မလဲဆိုတာ မသိ နိုင်ဘူး၊ ကလေးရော အမေရော အသက်မရှင်နိုင်တာလည်းဖြစ်နိုင်တယ်”

“ဒီတစ်ခေါက်က ငါတို့်ကံကောင်းသွားတာ” ဝူလာမိုင် ပြောလေသည်။

အစပိုင်းတွင် သူမ လိုက်လာသည်ကို သူတို့သဘောမတူခဲ့ကြပေ။ သူမ သာ ခေါင်းမာပြီးလိုက်လာခြင်းဖြစ်သည်။ သူမကိုမငြင်းဆန်ရဲသဖြင့် သူတို့ သဘောတူခဲ့ခြင်းဖြစ်သည်။

အခု သူမကို လာခွင့်ပေးခြင်းကပင် ကံကောင်းလှသည်ဟု မှတ်ယူရ မည်…

“ရက်နည်းနည်းလောက်ထပ်ပြီး အပ်စိုက်ပြီးရင် အမေ့ကျန်းမာရေးကို ကုဖို့ ဆေးစသုံးလို့ရပြီ” ရှီမာယူယူ ရှင်းပြလေသည် “သန္ဓေသားငြိမ်သွားပြီ ဆိုရင် ရက်နည်းနည်းလောက်ဆေးဖော်ပြီး နောက်တစ်နည်းစပြောင်းကြမယ်”

“ဒီရက်ပိုင်းကို တပ်သားစုဖို့အတွက် အလုပ်များနေတာမဟုတ်ဘူးလား”

“ဒါနဲ့ကတော့ မဆိုင်ပါဘူး” ရှီမာယူယူ အာမခံလေသည် “သန္ဓေသားကို ကုတာက ရက်မှာလုပ်ပြီး တပ်သားစုတာကို ညမှာလုပ်မှာ၊ ပြီးတော့ နေ့တိုင်း လုပ်ရမဲ့ ကိစ္စလည်းမဟုတ်ဘူး”

“အဲဒါဆိုပိုကောင်းတယ်”

“အပြင်သွားရမဲ့အချိန်ရောက်ပြီ သမီးသွားလိုက်ဦးမယ် မနက်ဖြန်တွေ့ မယ်”

“အင်း သွားလိုက်”

“ဟုတ်”

ရှီမာယူယူသည် ရှောင်ချီကိုဦးဆောင်ပြီး ဒုတိယအထပ်မှဆင်းလာရာ သူတို့သုံးယောက်သည် မူလနေရာတွင်ပင် စကားပြောနေသည်ကိုတွေ့လိုက် ရသည်။

ရှီမာယူယူ ဆင်းလာသည်ကိုကြည့်ပြီး ဘိုင်ရှန်းသည် မျက်လုံးအနည်း ငယ် ကျဉ်းလိုက်ကာ သူမနှင့် ထပ်မံတိုက်ခိုက်ရန် စဉ်းစားနေသည်။

“နောက်ဆယ်မိနစ်နေလို့မှ ကျွန်တော်ရှုံးအောင်မလုပ်နိုင်ရင် အဘိုး ကျွန်တော့်နောက်လိုက်ရမယ်၊ မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်နဲ့တိုက်ဖို့ မစဉ်းစားနဲ့တော့” ရှီမာယူယူသည် သူမပြောခင်ပြောလိုက်လေသည်။

ဘိုင်ရှန်း၏ ဒေါသသည် ချက်ချင်းပင် ပျောက်သွားလေသည်။ ဒီကောင် လေးက လူတွေရဲ့အားနည်းချက်ကို ဘယ်လိုဖမ်းရမလဲဆိုတာ တကယ်သိ တာပဲ။

“အချိန်ရောက်တော့မယ် သွားကြမယ်” ဖန်ခိုင်သည် မတ်တပ်ရပ်ပြီး ပြောလေသည်။

“မင်းတို့ သွေးလွှမ်းပြိုင်ပွဲကိုသွားကြမလို့လား” ဘိုင်ရှန်း ထပ်မေးလေ သည်။

“ဒါပေမဲ့ ဒီအတွက်လာတာပဲ” ရှီချန်းမတ်တတ်ရပ်လိုက်ရာ သူထိုင်နေ သောထိုင်ခုံသည် အသံမြည်ကာ ကျိုးသွားလေသည်။ သူခေါင်းရမ်းပြီး ပြော လိုက်သည် “အဘိုးကို ကျွန်တော် ပြောတာအကြိမ်မနည်းတော့ဘူး၊ မပျင်းပါ နဲ့လို့ ဒီလိုပစ္စည်းတွေက အချိန်ကြာရင် အသစ်လဲပေးရမယ်”

“ငါ့ဘာသာငါလုပ်ပါမယ်” ဘိုင်ရှန်းသည် ငြင်းဆန်လေသည် “ပြီးတော့ မင်က ငါ့ခုံကိုချိုးပစ်တာလေ အဲဒါအတွက် လျော်ပေးရမယ်”

“…”

ဒီလူကြီးက ပရိဘောဂတွေကို ပစ်ထားပြီးတော့ တခြားလူရဲ့ပိုက်ဆံ လိမ်စားလို့ရအောင်လို့ မလဲတာလား။

***

All Chapters