← Chapters

သွေးလွှမ်းပြိုင်ပွဲကွင်း

Vol. 010 Ch. 937

သွေးလွှမ်းပြိုင်ပွဲကွင်း

Vol. 010 Ch. 937

သွေးမိစ္ဆာမြို့တော်သည် လူသတ်ခြင်းကိုခွင့်မပြုသော်လည်း ကွင်းထဲ တွင် ရက်စက်စွာတိုက်ခိုက်ကြသဖြင့် သွေးလွှမ်းပြိုင်ပွဲဟု အမည်တွင်သည်။ သွေးလွှမ်းပြိုင်ပွဲကွင်းထဲတွင်သာ သေခြင်း ရှင်ခြင်းကိုလျစ်လျူရှုထားသည်။

သွေးလွှမ်းပြိုင်ပွဲအပြင်တွင် မဖြေရှင်းနိုင်သောပြဿနာများရှိလျှင် သွေး လွှမ်းပြိုင်ပွဲတွင် ဖြေရှင်းကြသည်။ သွေးလွှမ်းပြိုင်ပွဲတွင် နေ့စဉ် လူသေမှုများရှိ သည်ဟု သတင်းရရှိထားသည်။ အများစုမှာ သွေးအဆက်မပြတ်ထွက်ကာ သေဆုံးခြင်းများဖြစ်သည်။ သွေးလွှမ်းပြိုင်ပွဲနောက်နေ့တွင် နီရဲသောသွေးများ ရှိသဖြင့် သွေးလွှမ်းပြိုင်ပွဲဟု ခေါ်ဆိုခြင်းဖြစ်သည်။

ဖန်ခိုင်၏ ခိုင်မြဲသောဇွဲကောင်းစွာ ဆွဲသွားမှုအောက်တွင် ဘိုင်ရှန်းပါ သွေးလွှမ်းပြိုင်ပွဲကို ပါလာသည်။

လမ်းတစ်လျှောက်တွင် အများစုမှာ ယိုင်နဲ့နေသောအိမ်များနှင့် ဆိုင် နည်းနည်း၊ အများစုမှာ ဆေးဆိုင်များဖြစ်ကြသည်။ ဖန်ခိုင်ပြောပြချက်အရဆို လျှင် အများစုမှာ ဒဏ်ရာများကုသရန် ဆေးရောင်းသည့်ဆိုင်များဖြစ်ကြပြီး အရည်အသွေးမှာကောင်းလှသည်မဟုတ်ပေ။

“အဲလူတွေက သေဖို့စောင့်နေတဲ့လူတွေပဲ ဘာလို့ဆေးဝယ်နေရမှာလဲ၊ သွေးလွှမ်းပြိုင်ပွဲပြိုင်တဲ့သူတွေပဲ ဆေးဝယ်ကြမှာ” ရှီချန်း ပြောလေသည်။

သူတို့သည် သွေးလွှမ်းပြိုင်ပွဲ၏ တံစက်မြိတ်အောက်လာရာ အစောင့် များသည် ဖန်ခိုင်နှင့် ရှီချန်းကိုတွေ့သောအခါ အံ့သြသွားကြသည်။ သို့သော် အနောက်တွင်လိုက်လာသော ဘိုင်ရှန်းကိုတွေ့ရသည်ကို ပိုအံ့သြကြသည်။

“သခင်ဘိုင် ဒီနေ့ ဘယ်လိုလေမျိုးကဒီကိုရောက်အောင် ပို့လိုက်တာလဲ” တာဝန်ခံတစ်ယောက်ထွက်လာပြီး ရိုကျိုးစွာအရိုအသေပေးရင်း မေးလေ သည်။

“နတ်ဆိုးလေ” ဘိုင်ရှန်းသည် ဖြေရင်းနှင့် ဖန်ခိုင်ကိုကြည့်လိုက် ပြီးနောက် တာဝန်ခံကိုပြောလိုက်သည် “ကောင်းပြီ ဒီမှာ ထောင်းမနေနဲ့တော့ သွား ငါ့ကိုသီးသန့်အခန်းတစ်ခန်းပေး”

“သခင်ဘိုင်ရောက်လာမှတော့ သီးသန့်အခန်းပေးရမှာပေါ့ လာပါ သခင် ဘိုင်”

ထိုတာဝန်ခံသည် သူ့ကိုဖိတ်ကြားရာ ဘိုင်ရှန်းသည် လက်ကိုနောက်ပစ် ပြီး ဟိတ်ကြီးဟန်ကြီးဖြင့်ဝင်သွားလေသည်။

သွေးမိစ္ဆာမြို့၏ သွေးလွှမ်းပြိုင်ပွဲမှာ မြို့ဝန်အိမ်နှင့် တန်းတူဖြစ်သဖြင့် သွေးလွှမ်းပြိုင်ပွဲတွင် ဘယ်သူမှ မရမ်းကားရဲဟု ကြားသိရသည်။

ရှီမာယူယူသည် ဘိုင်ရှန်းအပြုအမူကိုကြည့်ပြီး သူသည် သွေးမိစ္ဆာမြို့ တွင် နေရာတစ်ခုရှိလိမ့်မည်ဟု မထင်ခဲ့ပေ။

“သခင်လေး သွားကြမယ်” ရှီချန်းသည် ရှီမာယူယူအား ပြောလိုက် သည်။

“အင်း”

သူတို့လိုက်ဝင်ရာ တာဝန်ခံသည် သူတို့ကိုအပေါ်ထပ်ရှိ သီးသန့်အခန်း သို့ခေါ်သွားလေသည်။

ရှီမာယူယူသည် ဝင်ရင်းနှင့် ပတ်ဝန်းကျင်ကိုကြည့်ရာ သွေးလွှမ်းပြိုင်ပွဲ နေရာသည်မှောင်နေကာ ကွင်းတစ်ခုတည်းတွင်ပင် အလင်းထွန်းထားသည်။ သီးသန့်အခန်းပတ်လည်နှင့် ကြည့်ရှုသူစင်များသည် မှောင်မဲနေသည်။

“ဒီမှာဘာအလင်းမှမရှိဘူးလား” ရှောင်ချီ မေးလိုက်သည်။

“ဒီကလူတွေက တိုက်ခိုက်တာကိုအမှောင်ထဲကကြည့်ရတာကိုကြိုက် တယ်၊ အဲဒါကြောင့် မီးမဖွင့်ကြဘူး၊ ဖွင့်ချင်ရင်တော့ ကိုယ့်ဘာသာမီးအိမ်ဖွင့် ကြတယ်” ဖန်ခိုင် သူမကိုရှင်းပြလေသည်။

“ဒီနှစ်ယောက်က ထူးထူးဆန်းဆန်းနဲ့ပတ်ကြည့်နေတော့ သွေးမိစ္ဆာမြို့ ကို အခုမှရောက်ဖူးတာဖြစ်ရမယ်” တာဝန်ခံ မေးလေသည်။

“ဟုတ်တယ်” ရှီမာယူယူ ခေါင်းညိတ်လေသည်။

“ဒါဆို ဒီကိုမကြာခဏလာပါ၊ ဒီမှာစိတ်ဝင်စားဖို့ကောင်းတယ်” တာဝန်ခံ သည် အဓိပ္ပာယ်ပါပါမှတ်ချက်ပေးလေသည်။

သူတို့ သီးသန့်အခန်းသို့မလာခင်တွင် တာဝန်ခံသည် အခန်းတွင် နံပါတ်ပြားကပ်ရင်း ပြောလေသည် “သခင်ဒီမှာပါ”

ဘိုင်ရှန်းသည် ထိပ်တန်းအဆင့်ကျောက်တစ်တုံးထုတ်ကာ ပြောလေ သည် “မင်းသွားလို့ရပြီ လိုတာရှိရင် ခေါ်လိုက်မယ်”

“ဟုတ်ကဲ့ပါ သခင်ဘိုင် ဒါဆို သွားလိုက်ပါဦးမယ်” တာဝန်ခံသည် လက်ထဲတွင် ပျော်ရွှင်စွာဖြင့် ကျောက်ကိုကိုင်ကာ ထွက်သွားလေသည်။

“ဒီမှာဘာလို့ ဖန်ကျောက်တွေနဲ့ပဲအကုန်လုံးကို ပေးတာလဲ” ရှီမာယူယူ သည် တာဝန်ခံ၏ နောက်ကျောကိုကြည့်ရင်း မေးလေသည်။

“သွေးလွှမ်းမြို့မှာ ဝိညာဉ်စွမ်းအင်တွေစုပ်ယူတာက အားမဖြစ်နိုင်ဘူး၊ အဆင့်မြင့်ဖန်ကျောက်တွေကို စုပ်ယူတာကပဲအားရနိုင်တယ်၊ အဲဒါကြောင့် ဒီမှာ ကျောက်တွေသုံးပြီးပဲ တွက်ချက်ကြတယ်” ရှီချန်း ရှင်းပြလေသည် “အဲဒါကြောင့် သွေးမိစ္ဆာမြို့ကို မလာခင်ကို အားလုံးက အလယ်အလတ် ကျောက်တွေနဲ့ အဆင့်နိမ့်ကျောက်တွေကို ထိပ်တန်းအဆင့်ကျောက်တွေနဲ့ လဲကြတယ်”

“မလဲပဲနဲ့လာရင် ဘာဖြစ်မလဲ” ရှောင်ချီ မေးလိုက်သည်။

“ရတယ်၊ သွေးမိစ္ဆာမြို့တော်မှာ ငွေလဲရှိတယ်၊ အဲဒီမှာလဲလို့ရတယ်”

“ဒါဆို ငွေလဲတဲ့အချိုးက သေချာပေါက် ကွာမှာပဲ” ရှီမာယူယူ ပြောလိုက် သည်။

“ဟုတ်တယ် အပြင်မှာရတာထက် ၈၀ရာခိုင်နှုန်းပဲရတယ်”

“၂၀ရာခိုင်နှုန်းတောင်နည်းတာပဲ၊ ဒီငွေလဲနှုန်းက တုန်လှုပ်စရာပဲ” ရှောင်ချီ ပြောလေသည်။

“ဒီကငွေလဲက တုန်လှုပ်စရာကောင်းတာမဟုတ်ဘူး၊ ငွေလဲတဲ့လူတွေ က အပြင်မှာစွန့်စားပြီး သွားလဲရတာ”

ဘိုင်ရှန်းသည် ကလေးခေါင်းအရွယ်အစားရှိသော ညလင်းပုလဲကို ထုတ်လိုက်ရာ တစ်ခန်းလုံးသည် ချက်ချင်းလင်းသွားသည်။ သို့သော် အလင်းမှာ စူးရှခြင်းမရှိပေ။

“ဝါး ကြီးလိုက်တဲ့ ညလင်းမီးပုလဲပဲ” ရှောင်ချီသည် ယှဉ်ကြည့်ရန် အရှေ့ တိုးလာလေသည်။ ညလင်းပုလဲသည် သူမခေါင်းလောက်ကြီးသည်။

“ကြိုက်လား ဖန်ကျောက်နဲ့အလဲအလှယ်လုပ်လို့ရတယ်” ဘိုင်ရှန်း သွား ဖြဲလေသည်။

ရှောင်ချီ ခေါင်းရမ်းကာ “ကြိုက်တယ် ချက်ချင်းပဲလုယူမှာ၊ လဲတာကို စိတ်မဝင်စားဘူး”

ဘိုင်ရှန်း၏ နောက်ပြောမည့်စကားများသည် သူမကြောင့် ထွက်မလာ နိုင်တော့ပေ။

“ဒီမှာလူမများသေးဘူးပဲ နှစ်ယောက်ပွဲကဘယ်တော့လဲ” ရှီမာယူယူ သည် သူမခုံတွင်ထိုင်ကာ မေးလေသည်။

“နာရီဝက်ကြာရင်”

“အမြဲတမ်းဒီလိုပဲလူနည်းတာလား”

အဲလိုဆိုရင် တပ်သားစုဆောင်းဖို့အတွက် လူမှန်ကိုရွေးဖို့မဖြစ်နိုင်တော့ ပေ။

“ပုံမှန်ဆိုရင် ပြိုင်ပွဲမစခင် မိနစ်ပိုင်းအလိုမှာ လူတွေရောက်လာတယ်” ရှီချန်း ရှင်းပြလေသည် “ငါတို့ကလူရွေးချင်လို့ အခြေအနေကိုအကဲခတ်ဖို့ စောစောလာလိုက်တာ”

“အစ်ကိုရှီချန်း ဒီမှာဘယ်လိုလူတွေ ပြိုင်ကြလဲ၊ သူတို့က ဘာလို့ဒီကို လာကြတာလဲ” ရှောင်ချီသည် သိချင်သဖြင့်မေးလေသည်။

“တချို့ကရန်ငြိုးရှိုလို့ တချို့ကကျ ကွင်းထဲမှာတိုက်ခိုက်ချင်လို့” ရှီချန်း ပြန်ဖြေလေသည်။

“ကွင်းထဲမှာ တိုက်ခိုက်မယ်… ဘာအကျိုးအမြတ်ရှိလို့လဲ”

“ဇွဲမလျော့ပဲတိုက်ရင်တော့ သွေးလွှမ်းပြိုင်ပွဲကနေ ဆုပေးတယ်၊ တစ်ည ကို ပွဲ၂၀နဲ့ သူတို့ ပွဲ၂၀လုံး တောင့်ခံနိုင်ရင် ဆုအနေနဲ့ အဆင့်မြင့်ကျောက် ၅၀ ရတယ်”

“အဆင့်မြင့်ကျောက်တစ်လုံးက အလယ်အလတ်ကျောက် ၁ထောင်နဲ့ ညီမျှတယ် အဲဒါကြောင့် အဆင့်မြင့်ကျောက်၅၀က အလယ်အလတ်ကျောက် ၅သောင်း၊ အဆင့်နိမ့်ကျောက် ၅သိန်းပဲ၊ တစ်ညတည်းနဲ့အဲလောက်ရှာနိုင်တာ မဆိုးဘူးပဲ” ရှောင်ချီသည် လက်ချောင်းများဖြင့် တွက်ချက်လေသည်။

“မဟုတ်ဘူး ဘယ်သူမှအဲလောက်ကြာအောင် တောင့်မခံနိုင်ကြဘူး၊ ၁၀ချီတောင့်ခံနိုင်တဲ့သူက မဆိုးလှဘူးပဲ” ဖန်ခိုင် ပြောလေသည် “အဲလိုလူ တွေကို ၁၀ချီဘုရင်လို့ခေါ်ကြတယ်၊ ပုံမှန်ဆိုရင် ၃ချီကနေ ၅ချီအများဆုံး တောင့်ခံနိုင်ကြတာပဲ”

“၁၀ချီဘုရင်ဖြစ်ရင် အရမ်းအားကောင်းတာပေါ့” ရှောင်ချီ မေးလေသည်  “ရှောင်ချီသာသွားရင် ၂၀ချီဘုရင်တော့ သေချာပေါက်ဖြစ်မှာပဲ”

“ဒီဆုအတွက် သွေးလွှမ်းပြိုင်ပွဲရဲ့ရည်ရွယ်ချက်ကဘာလဲ” ရှီမာယူယူ နားမလည်ပေ။

“အဲဒီဘဝမဲ့ပြီးနေရတဲ့သူတွေကို အသက်ဝင်အောင်လည်းဖြစ်နိုင်တယ် ဘယ်သူသိနိုင်မလဲ” ဘိုင်ရှန်း ဟင်းခနဲချလေသည်။

“ပြိုင်ပွဲဝင်ဖို့ဘာတွေလိုမလဲ” ရှီမာယူယူ မေးလိုက်သည်။

“သွေးမြင်ရမယ်” ဖန်ခိုင်ပြန်ဖြေလေသည် “သွေးမမြင်ရရင် အဲတစ်ချီကို ထည့်မတွက်ဘူး သွေးလွှမ်းပြိုင်ပွဲက ဆုမပေးဘူး”

ဘာကြောင့်မှန်းမသိပေ။ သွေးမြင်ရမည်ဟု ကြားသည်နှင့် ရှီမာယူယူ ထူးဆန်းစွာခံစားလိုက်ရသည်။

“ကိုယ့်ဘာသာဝင်ပြိုင်တဲ့သူအပြင် သွေးလွှမ်းပြိုင်ပွဲက တိုက်ခိုက်သူ တွေကိုပျိုးထောင်ထားတယ်၊ အဲတိုက်ခိုက်သူတွေကို စိန်ခေါ်တာကဆုပိုရ တယ်” ရှီချန်း ပြောလေသည် “ဒါပေမဲ့ အဲဒီတိုက်ခိုက်သူတွေက အသက် ဆက်ဖို့အတွက် တိုက်ခိုက်ရတာ၊ သူတို့တိုက်ခိုက်နိုင်အားက တခြားသူတွေ ထက်သာတယ်၊ သူတို့ကိုနိုင်ဖို့မလွယ်ဘူး”

“ဒီသွေးလွှမ်းပြိုင်ပွဲက… ထူးဆန်းလိုက်တာ” ရှီမာယူယူ ရေရွတ်လေ သည်။

“သွေးမိစ္ဆာမြို့မှာတော့ လူတွေကထူးဆန်းလား မထူးဆန်းဘူးလားဆို တာဂရုမစိုက်ဘူး၊ သူတို့က သူတို့ဘဝမှာအလှည့်အပြောင်းကြုံချင်ကြတာပဲ ရှိတာ” ဘိုင်ချန်းသည် တစ်စုံတစ်ခုကိုသိသည့်သဘောဖြင့် ဖျော့တော့စွာ ပြောလေသည် “ဒီမှာအသက်ရှင်နေရတာ ပျင်းစရာကောင်းတယ် ကျင့်ကြံလို့ မရ၊ ထွက်လည်းမသွားရဲ၊ ဒီလိုတိုက်ခိုက်တာကပဲ စိတ်လှုပ်ရှားမှုရတာ၊ အဲဒါ ကြောင့် ဒါကလူတိုင်းရဲ့ဝါသနာဖြစ်လာတာပဲ”

“အဘိုးဘိုင် တစ်ခုခုများသိနေတာလား” ရှီမာယူယူ မေးလေသည်။

“ငါသိတယ် မင်းသိချင်လို့လား ငါနဲ့တိုက်မယ် ဒါဆိုရင်ပြောပြမယ်” ဘိုင်ရှန်းသည် သူမကိုကြည့်လိုက်ရာ သူ့မျက်လုံးများသည် တိုက်ခိုက်ရန် ရည်ရွယ်ချက်အပြည့်နှင့်ဖြစ်သည်။

“ကောင်းပြီ အဲဒီအချက်နဲ့လုပ်မယ်၊ ၁၀မိနစ်အတွင်း ကျွန်တော့်ကိုဆွဲ မချနိုင်ရင် ကျွန်တော်နဲ့ အဘိုးလိုက်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။

***

All Chapters