← Chapters

အချီ၂၀ ဘုရင်ကသူပဲ

Vol. 010 Ch. 938

အချီ၂၀ ဘုရင်ကသူပဲ

Vol. 010 Ch. 938

“စိတ်မဝင်စားဘူး” ဘိုင်ရှန်းသည် နှာခေါင်းရှုံ့လေသည်။

ထိုအချိန်ပြီးနောက်တွင် လူများတစ်ယောက်ပြီးတစ်ယောက်ရောက် လာသည်။ ရှီမာယူယူသည် တခြားသူများကို အာရုံမရပဲ ဝင်လာသူများ အကြောင်း ရှီချန်းနှင့်ဖန်ခိုင်တို့ မိတ်ဆက်ပေးသည်ကိုနားထောင်နေသည်။ ပြီးခဲ့သည့်တစ်ခေါက် ၁၀ချီဘုရင်အကြောင်းများ၊ ယှဉ်ပြိုင်မှု၏ သက်ရောက်မှု မြင့်မားကြောင်းများ၊ ပြင်းထန်သောရိုက်နှက်ချက်အကြောင်းများ၊ အားနည်း ပုံပေါ်သော်လည်း အမြဲအောင်မြင်မှုရခြင်းများအကြောင်း အစရှိသဖြင့် ပြောပြ လေသည်။

“ထွက်လာတာဒီလောက်ကြာနေပြီ ရင်းနှီးနေတဲ့မျက်နှာတွေကိုမြင်ရ လိမ့်မယ်လို့ မထင်ထားဘူးပဲ” ဖန်ခိုင် သက်ပြင်းချလေသည်။

“လုံးဝတူတာတော့မဟုတ်ဘူး၊ မသိတဲ့မျက်နှာတွေလည်းရှိသလို ၁၀ချီ ဘုရင်တွေလည်းများလာတယ်” ရှီချန်း ပြောလေသည်။

“အစ်ကိုတို့က ၁၀ချီဘုရင်တွေကို တွေ့ဖူးတာလည်းမဟုတ်ပဲနဲ့ ဘယ်လိုလုပ်သိတာလဲ” ရှောင်ချီသည် ပြတင်းပေါက်ဘောင်ပေါ်တက်ပြီး အောက်မှ ထိုလူများကိုကြည့်နေသည်။ သူတို့မျက်နှာများတွင် ၁၀ချီဘုရင်ဟု မရေးထားပါပဲနှင့် သူတို့ဘယ်လိုသိတာပါလိမ့်။

ဖန်ခိုင်သည် ရှောင်ချီဆီသို့လျှောက်လာကာ ပြောလေသည် “သူတို့ လက်တွေကိုကြည့်လိုက် လူအများစုက လက်ပတ်ဝတ်ထားလိမ့်မယ် အဲဒါကို ၅ချီစိန်ခေါ်သူအထက်ပဲဝတ်ကြတာ၊ သွေးလွှမ်းပြိုင်ပွဲမှာ သူတို့ရဲ့ သရုပ်မှန်ကို ပြတာပေါ့၊ ၅ချီဘုရင်က ၅ကွင်း၊ ၁၀ချီဘုရင်က ၁၀ကွင်း၊ သူတို့လက်က လက်ပတ်ကိုကြည့်ပြီး ၁၀ချီဘုရင်ဆိုတာသိနိုင်တယ်”

“သိပြီ” ရှောင်ချီသည် သဘာဝကျကျပင် ထိုလက်ပတ်များကို ဝေ့ဝဲကြည့်လိုက်သည်။ ရုတ်တရက်ပင် သူမသည် အသစ်အဆန်းကိုတွေ့ရှိ သလိုမျိုးအော်လေသည် “ယူယူ ယူယူ ရှောင်ချီ လက်ပတ်၁၅ခုရှိတဲ့သူကို တွေ့တယ်”

ဖန်ခိုင်နှင့် ရှီချန်းတို့သည် သူမ တွေ့ရှိမှုတွင် မှင်တက်သွားကြကာ သူမ ညွှန်ပြသည့်နေရာကိုကြည့်လိုက်ကြသည်။ အမှန်တကယ်ပင် လက်ပတ် ၁၅ခု နှင့်လူကို တွေ့လိုက်ရလေသည်။

“တကယ်ပဲ လက်ပတ်၁၅ခုပဲ” ရှီချန်းသည် တုန်လှုပ်စွာပြောလေသည်။

“လက်ပတ်၁၅ခုရှိတဲ့လူရှိလိမ့်မယ်လို့ လုံးဝကိုထင်မထားဘူးပဲ” ဖန်ခိုင် တံတွေးမျိုချလေသည်။

“အရုပ်ကလေးနဲ့တူပေမဲ့ တကယ့်လူမိုက်ပဲ” ရှောင်ချီသည် နှှုတ်ခမ်း တွန့်လိုက်သည်။

“လူမိုက်ဟုတ်လား” ရှီမာယူယူ စုလာပြီး ရှာကြည့်ရာ နောက်ဆုံးတွင် ထိုလူအားမြင်လိုက်ရသည်။

ထိုလူသည် အသားညိုကာ ကြွက်သားများဖွံ့ဖြိုးနေသည့် ၁၀နှစ်ကျော် ကလေးသာသာရှိသည်။ ခန္ဓာကိုယ်မှာ ငယ်ရွယ်ပုံပေါ်သော်လည်း မျက်လုံး တစ်စုံမှာ အတွေ့အကြုံရှိပုံပေါ်သည်။ သူ လူများကိုကြည့်ပုံမှာ နိုးနိုးကြားကြားရှိပြီး တိုက်ခိုက်ရန်အသင့်ဖြစ်နေပုံပေါက်သည်။

သူသည် အပေါ်အင်္ကျိဝတ်မထားသဖြင့် လူမိုက်တစ်ယောက်ဟု ရှောင်ချီ၏ အမည်တပ်ခြင်းကိုခံလိုက်ရလေသည်။

“ဒီအတိုင်းကလေးတစ်ယောက်ပဲကို သူက ၁၅ချီဘုရင်တဲ့လား” သူမ သည် ဆွံ့အသွားလေသည်။

“သူကမူလျန်ရှင် သူကဝိညာဉ်သားရဲနဲ့သွေးသား ပတ်သတ်မှုရှိတယ်၊ သူ ဒီကိုဘာလို့လာတာလဲမသိဘူး” ဘိုင်ရှန်းသည် လှည့်ခုံကို မှီရင်းပြော လေသည်။

“သူဒီကိုရောက်တာဘယ်လောက်ကြာပြီလဲ” ရှီချန်း မေးလိုက်သည်။

“၅နှစ်”

“ဘယ်တုန်းက ၁၅ချီဘုရင်ဖြစ်ခဲ့တာလဲ”

“လွန်ခဲ့တဲ့၃နှစ်က” ဘိုင်ရှန်း ပြန်ဖြေလေသည် “ပြီးတာနဲ့ သူ သွေးလွှမ်း ပြိုင်ပွဲရဲ့ တိုက်ခိုက်သူကို စိန်ခေါ်လိုက်တာ ရှုံးသွားတာပဲ”

ရှီမာယူယူသည် ထိုမူလျန်ရှင်ဟုခေါ်သည့် လူကိုတလေးတစားကြည့် လိုက်သည်။ ထိုလူ၏ အဆင့်အတန်းမှာမဆိုးသည့်ပုံပင်။

“မူလျန်ရှင်က လက်ပတ်အများဆုံးထင်တယ်” သူမသည် ပြိုင်ပွဲကွင်းကို ပတ်ကြည့်ပြီး ပြောလိုက်သည် “ဒီလောက်ကြာတာကို ဘယ်သူမှ အချီ၂၀ ဘုရင်မဖြစ်ဘူးလား”

“လွန်ခဲ့တဲ့ နှစ်၂၀၀ကတော့ရှိခဲ့တယ်” ဖန်ခိုင် ပြောလိုက်သည်။

“ဘယ်သူလဲ” ရှီမာယူယူသည် အချီ၁၀ဘုရင်အကြောင်းကို အမှန် တကယ်သိချင်မိသည်။

ဖန်ခိုင်နှင့် ရှီချန်းတို့သည် လှည့်လိုက်ပြီး ဘိုင်ရှန်းအားကြည့်လိုက်သည် “သူလေ”

ရှီမာယူယူနှင့် ရှောင်ချီတို့၏ မေးရိုးများသည် အံ့သြသဖြင့် ကျသွားကာ မယုံကြည်စွာဖြင့် ပြောလေသည် “အဘိုးဘိုင်က အချီ၂၀ဘုရင်လား”

“ဟုတ်တယ်”

“အဲဒါကြောင့် တာဝန်ခံက အဘိုးကိုတလေးတစားဆက်ဆံတာကိုး၊ အဘိုးကို အချီ၂၀ဘုရင်လို့ မထင်မိဘူး” ရှီမာယူယူ သက်ပြင်းချလိုက်သည်။

အနှစ်၂၀၀မှာ အချီ၂၀ဘုရင်ကတစ်ယောက်တည်း… ဘယ်လောက် တောင် အားကောင်းလို့ပါလိမ့်။ ပြီးတော့ သူတို့က ခန္ဓာကိုယ်ချင်းတိုက်တာပဲ ရှိသေးတယ်၊ စွမ်းရည်အပြည့်အဝမပြရသေးဘူးလေ။

ဒီလိုလူမျိုးကိုသာ ဂိုဏ်းကိုဆွဲသွင်းလိုက်ရရင်တော့…

“ငါ့ကိုအဲလိုမျိုးမကြည့်နဲ့ မင်းငါ့ကိုစိတ်ဝင်စားနေတယ်လို့ ငါ အထင်မှား သွားလိမ့်မယ်” ဘိုင်ရှန်း ပြောလေသည် “ငါဒီကနေထွက်မသွားချင်ဘူး”

“ထွက်မသွားချင်တာလား ထွက်မသွားရဲတာလား” ရှီမာယူယူ သူ့ကို ကြည့်လိုက်သည် “အဘိုးက အဘိုးရန်သူတွေလက်ထဲကနေ ပုန်းချင်လို့ဒီကို ရောက်နေတာပဲ၊ ဒါပေမဲ့ နေရာတစ်နေရာပြောင်းပြီး ရှောင်လို့သာရမယ်ဆိုရင် ဒီမှာ ဒီလိုတစ်သက်လုံးပုန်းနေဦးမလား မဟုတ်ရင် ကိုယ့်အတွက်ကိုယ် လက်စားမချေချင်ဘူးလား”

ဘိုင်ရှန်း၏ လေးကန်သောမျက်အိမ်သည် ရုတ်တရက် ရှီမာယူယူအား သတ်လိုသည့်အကြည့်ဖြင့်ကြည့်လေသည်။ သူ ဖျတ်လတ်စွာပင် ရှီမာယူယူ ရှိရာသို့ ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ရှီမာယူယူသည် အခန်း၏နောက်တစ်နေရာတွင် ရောက်သွားသည်။

ဘိုင်ရှန်း သူမဘေးသို့သွားသည်နှင့် သူမသည် မူလနေရာသို့ ပြန်သွား လေသည်။

“မင်းဘယ်သူလဲ ငါ့အတိတ်ကိုမင်းသိနေတာလား” ဘိုင်ရှန်းသည် ရှီမာယူယူအား သတ်တော့မည့်အကြည့်ဖြင့်ကြည့်ကာ အမှန်တကယ်ပင် တိုက်ခိုက်တော့မည့်ပုံဖြစ်နေသည်။

“ကျွန်တော် အဘိုးရဲ့ကိစ္စတွေကိုမသိပါဘူး ဒါပေမဲ့ မျက်လုံးတွေကို ဖတ်နိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “အဘိုးက တခြားသူတွေကို ပျင်းရိ သလိုမျိုးထင်အောင်လုပ်ထားပေမဲ့ အလေးအနက်ထားကြည့်လိုက်တော့ အဘိုးမျက်လုံးတွေက အမုန်းတွေနဲ့ စိတ်မပါမှုတွေပြည့်နေတာကို မြင်ဖို့မခက် ပါဘူး၊ အဘိုးကသတ်ချင်ပေမဲ့ မသတ်နိုင်ဘူးဖြစ်နေတယ်၊ မျိုးနွယ်တစ်ခု လည်းဖြစ်နိုင်သလို အင်အားကြီးဂိုဏ်းတစ်ခုလည်းဖြစ်နိုင်တယ် ဒါပေမဲ့ ပြိုင်ဘက်ကို မသတ်နိုင်ဘူး၊ ဘာပဲဖြစ်ဖြစ် အဘိုးတစ်ယောက်တည်းတော့ လုပ်လို့မရဘူး ကျွန်တော်ပြောတာမှန်လား”

ဖန်ခိုင်နှင့် ရှီချန်းတို့သည် မှင်တက်သွားကြသည်။ သူတို့သည် ဘိုင်ရှန်း ကိုသိလာသည်မှာ နှစ်ပေါင်းများစွာရှီပြီဖြစ်ကာ သူ့အကြည့်ကိုကြည့်ရသည် မှာ ရှီမာယူယူ ပြောသည်မှာမှန်သည့်ပုံပင်။

“ဟင်း ဒီကလူတွေက ရန်သူအလိုက်မခံရတဲ့ သူရှိလို့လား” ဘိုင်ရှန်း သည် အေးစက်စွာ ညည်းညူလေသည်။

“ဆိုလိုတာက ကျွန်တော်ပြောတာမှားတယ်ပေါ့” ရှီမာယူယူ ပြောလိုက် သည် “ဒါပေမဲ့ အဘိုးကတခြားသူတွေနဲ့မတူဘူး”

“ဘာမတူတာလဲ”

“တခြားသူတွေက အပြင်ထွက်ဖို့အခွင့်အရေးရှိရင်ရှိမယ် ဒါပေမဲ့ အဘိုး ကတော့…မရှိဘူး” ရှီမာယူယူ ကြေညာလေသည်။

“မင်း ငါ့ကိုနားလည်သလိုပြောမနေနဲ့”

“ကျွန်တော်မပြောပါဘူး” ရှီမာယူယူ ငြင်းဆန်လေသည်။

“သခင်လေး သူ့မှာအခွင့်အရေးမရှိဘူးလို့ဘာလို့ပြောတာလဲ” ဖန်ခိုင် သည် ကြောင်သွားသည်။ သူတို့သည် ဘိုင်ရှန်းကိုနှစ်ပေါင်းများစွာသိလာကာ သူ့ကို သူတစ်ရက်လောက်သိတာလောက်ကို သူတို့ဘာလို့မသိခဲ့တာလဲ။

“သူ့မှာနေရဖို့ မကျန်တော့ဘူး” ရှီမာယူယူသည် ထိုစကားများကို ကြားရရုံသာပြောလိုက်ရာ ဘိုင်ရှန်းနှင့် ရှီချန်းတို့သည် အတွေးမဲ့စွာကြည့်မိ လေသည်။

သူတို့သည် ဘိုင်ရှန်းအားကြည့်ပြီး မေးလေသည် “သခင်လေးပြောတာ အမှန်ပဲလား”

ဘိုင်ရှန်းသည် ရှီမာယူယူ၏ ယုံကြည်ချက်ရှိနေသာပုံစံကိုကြည့်ပြီး ဘာမှမပြောပေ။ သူသည် ဘာမှမပြောပဲ သူ့ခုံးဆီသို့ပြန်သွားလေသည်။

“ဘာတွေဖြစ်ခဲ့တာလဲ” ရှီချန်းသည် ရှီမာယူယူကို ရှင်းပြန်ရန် မျှော်လင့် တကြီးကြည့်လေသည်။

“သူအဆိပ်မိခဲ့တယ် ဟင်း ကြည့်ရတာ နှစ်ပေါင်း ၁၀၀ ၂၀၀လောက်ရှိပြီ” ရှီမာယူယူ ပြောလေသည် “အကြောင်းအရင်းကိုတော့မသိဘူး ဒါပေမဲ့ သူက အဆိပ်ကိုဒီမှာပဲ ဖိနှိပ်လို့ရတယ်၊ သူထွက်လိုက်တာနဲ့ ချက်ချင်းပဲသေသွား မှာပဲ၊ ဒါပေမဲ့ ဒီလောက်ကြာအောင် ဖိနှိပ်ထားတဲ့အတွက် ခန္ဓာကိုယ်က ထပ် ပြီးတောင့်မခံနိုင်တော့ဘူး”

“အဘိုးဘိုင် သခင်လေးပြောတာအမှန်ပဲလား”

ဘိုင်ရှန်းသည် မျက်လုံးပိတ်ကာ ကွဲအက်သောအသံဖြင့် “ဟုတ်တယ် သူပြောတာမှန်တယ်”

“ဘယ်လိုဖြစ်ပြီး… အဘိုး.. သခင်လေး သူ့ကိုကယ်နိုင်လား” ဖန်ခိုင် သည် စိုးရိမ်တကြီးကြည့်လေသည်။

“သူ့အခြေအနေကိုစမ်းတောင်မကြည့်ရသေးဘူး သူ့ကိုကယ်လို့ရမလား မရဘူးလားဘယ်လိုလုပ်သိမှာလဲ” ရှီမာယူယူ ပခုံးတွန့်လေသည်။ သူမသည် လူတစ်ယောက်၏ အခြေအနေကို ကြည့်လိုက်ရုံနှင့် မြင်နိုင်သည့်အဆင့်ဖြစ် သည်။

“သူ့ကိုစမ်းကြည့်လိုက်ပါဦး” ရှီချန်းသည် သူမကို သနားခံသလိုကြည့် လေသည်။

“ခင်ဗျားတို့က သူ့ကိုအများကြီးဂရုစိုက်ပေးတာပဲ” ရှီမာယူယူ မှတ်ချက် ပေးလေသည်။

“ငါတို့ဒီကိုလာတုန်းက တခြားသူတွေရဲ့သတ်တာခံရမလိုပဲ၊ သူကပဲ ငါတို့ကိုကယ်ပေးခဲ့တာ” ဖန်ခိုင် ပြောလေသည်။

“ကယ်ပေးခဲ့တယ်ဟတု်လား သွေးလွှမ်းပြိုင်ပွဲအပြင်မှာဆို လူသတ်တာ ကိုခွင့်မပြုထားဘူးဆို”

“အသက်မရှင်ချင်တဲ့သူတချို့ရှိတယ်” ရှီချန်း ပြောပြလေသည် “သခင်လေး အဘိုးဘိုင်…”

“ကျွန်တော် သူ့ကိုကယ်ရင်လည်း သူလိုက်လာချင်မှာမဟုတ်ဘူး အဲတော့… ကျွန်တော်က ဘာလို့ကယ်ရမှာလဲ” ရှီမာယူယူသည် ပွင့်လင်းစွာ ငြင်းဆန်လေသည်။

***

All Chapters