အနီးကပ် ရူးလောက်အောင်တိုက်ခိုက်ခြင်း
Vol. 010 Ch. 939
“သခင်လေး…”
ဖန်ခိုင်သည် သူမကို ထပ်ပြီးဖျောင်းချချင်သော်လည်း ရှီချန်းကတား လေသည်။
ရှီချန်းသည် သူ့ကိုခေါင်းရမ်းပြကာ မျက်လုံးဖြင့် အချက်ပြလိုက်သည်။ သခင်လေးမှာ သူ့အစီအစဉ်နဲ့သူရှိတယ်။ ငါတို့ဂရုစိုက်ဖို့မလိုဘူး။
ရှီမာယူယူသည် သူမ၏ အကြည့်ကို စိတ်ပိုင်းဖြတ်ထားသော အမူအရာရှိသော ထိုဆယ်ကျော်သက်အရွယ်ကိုကြည့်ပြီး တစ်ချိန်တည်းမှာ ပင် တခြားသူများကို လျင်မြန်စွာကြည့်လိုက်သည်။
ဖန်ခိုင်နှင့် ရှီချန်းတို့သည် ဘိုင်ရှန်း၏ ဘေးတွင်ထိုင်ကာ မေးလေသည် “အဘိုးခန္ဓာကိုယ်ကဘယ်လိုတွေဖြစ်ခဲ့တာလဲ”
“ဒီလိုတွေဖြစ်လာမှတော့ ဘာတွေဖြစ်ခဲ့ရမှာလဲ” ဘိုင်ရှန်းသည် မျက်လုံးမှိတ်ကာ အသေးစိတ်မရှင်းပြပေ။
“အဘိုး… အဘိုးကိုဒီလိုခံစားရအောင်လုပ်တဲ့သူတွေကို လက်စားမချေ ချင်ဘူးလား၊ ရင်ရင်အတွက် လက်စားမချေချင်ဘူးလား” ရှီချန်းမေးလေ သည်။
“မင်းကို ရင်ရင်အကြောင်းဘယ်သူပြောပြတာလဲ” ဘိုင်ရှန်းသည် ရှီချန်း ကိုစိုက်ကြည့်လိုက်သည်။
“အဘိုးမူးနေတုန်းကို ရင်ရင်အကြောင်းပြောခဲ့တာပဲလေ၊ မင်းအတွက် လက်စားချေဖို့ ငါဘာလုပ်ရမလဲဆိုပြီးတော့” ရှီချန်းရှင်းပြလေသည် “သူမက အဘိုးအတွက် အရေးကြီးတယ်မလား အဲဒါကြောင့် သူမကိုမေ့မရတာ”
“ငါနှိမ့်ချပြီးနေနေရတဲ့အကြောင်းအရင်းက ငါ နောင်တမရပဲသေရမဲ့ နေရာကိုရှာချင်လို့ပဲ” ဘိုင်ရှန်းသည် အသက်ပြင်းပြင်းရှုကာ “ဒါပေမဲ့ ငါ သိလိုက်တာက လက်စားချေတာထက် တခြားနည်းလမ်းကိုရှာမတွေ့ခဲ့ဘူး”
“ဒါဆို လက်စားသွားချေကြမယ်လေ” ဖန်ခိုင် ပြောလေသည် “သူတို့ အကုန်လုံးကိုမသတ်နိုင်ပေမဲ့ သတ်နိုင်သလောက်သတ်လို့ရတယ်”
ဘိုင်ရှန်းသည် ခေါင်းရမ်းကာ ရှီမာယူယူ၏ နောက်ကျောကိုကြည့်ပြီး “သူ ပြောသလိုပဲ ငါဒီနေရာကနေထွက်လို့မရဘူး”
“ခန္ဓာကိုယ်ထဲက အဆိပ်ကြောင့်လား”
ဘိုင်ရှန်းသည် ခေါင်းညိတ်ကာ ဆက်ပြောလေသည် “ဘာလို့လဲတော့ ငါမသိဘူး ငါဒီကိုရောက်လာတော့ အဆိပ်ကဖိနှိပ်ပြီးသားဖြစ်သွားတယ်၊ ဒီက ထွက်လိုက်တာနဲ့ ငါ့ခန္ဓာကိုယ်က နေရခက်လာပြီး ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းသွားမှာ လက်စားချေဖို့ဆိုတော ပြောစရာတောင်မလိုဘူး”
“အဲလောက်ထူးဆန်းတာလား”
“သွေးမိစ္ဆာမြို့မှာက အဆိပ်ဆိုတာမရှိတဲ့ပုံပဲ” ဘိုင်ရှန်း ဆက်ပြောလေ သည် “အဲဒါကြောင့် ငါဒီကထွက်သွားလို့မရဘူး ဒါပေမဲ့…”
သို့သော် သူ ဒီအတိုင်းအသေမခံနိုင်ပေ။ သူ အသက်ရှင်ပြီး လက်စား ချေချင်သည်။
“ကျန်းမာရေးကပိုဆိုးလာတာလား” ရှီချန်း မေးလေသည်။
“ဆိုးလာတာမဟုတ်ဘူး၊ ဒါပေမဲ့ တစ်ခါတစ်လေ မူးဝေသွားတယ် တစ်ခါတစ်လေ အားနည်းတယ်လို့ခံစားရတယ်…” ဘိုင်ရှန်း၏အသံသည် တိုးတိုးသွားကာ မျက်လုံးများပိတ်သွားပြီး အိပ်မောကျလေသည်။
“အဘိုးဘိုင်”
“အဘိုးဘိုင်”
သူတို့နှစ်ယောက်လုံးအော်လိုက်သော်လည်း ပြန်မတုန့်ပြန်ပေ။
“သူ မေ့လဲသွားတာလား” ဖန်ခိုင်သည် သူ့ခန္ဓာကိုယ်ကို တွန်းကြည့် သော်လည်း ဘာမှမတုန့်ပြန်ပေ။
“အဲဒါကြောင့် သူ ဒီနေ့ငါတို့နဲ့မလိုက်ချင်တာကိုး ဒီနေ့ညကို သူ မေ့လဲ သွားမယ်ဆိုတာကို သူသိနေတယ်” ရှီချန်း ပြောလေသည်။
“သူက ခင်ဗျားတို့ကို တော်တော်လေးယုံတဲ့ပုံပဲ” ရှီမာယူယူသည် လျှောက်လာရင်း သက်ပြင်းချကာ ခုံပေါ်တွင်အိပ်ပျော်သွားသော လူအား ကြည့်လိုက်သည်။
သူရင်းနှီးတဲ့သူကြောင့်သာမဟုတ်ရင် စိတ်အေးလက်အေး အိပ်ပျော်ပါ့ မလား။
“သခင်လေး သူ့ကိုကြည့်ပေးလို့ရမလား” ဖန်ခိုင် မေးလိုက်သည်။
“ကြည့်ပေးတာလား ကြည့်ပေးရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “သူ့ကို ခေါ်သွားချင်သေးတယ်”
“ဒါပေမဲ့ ယူယူ ခုနကသူ့ကိုမကုပေးဘူးလို့ ပြောခဲ့တယ်မလား” ရှောင်ချီ သည် ပြေးလာလေသည်။
“ခုနက သူနိုးနေတာမလား” ရှီမာယူယူ ပြောလိုက်သည် “မာနကြီးတဲ့ လူကြီးပဲ သူ့ကိုဒုက္ခပေးရင် သေချာပေါက် ပျော်မှာမဟုတ်ဘူး၊ သူ့ကို ကောင်းကောင်းလေး ကြိတ်ပေးရမယ်”
“ဒါဆို သူ့ကိုဘာလို့ကုပေးချင်တာလဲ”
“သူကအခု သတိမေ့နေတာမလား” ရှီမာယူယူသည် ရှီချန်း၏ပခုံးကို ပုတ်လိုက်သည်။ ရှီချန်းသည် ချက်ချင်းမတ်တတ်ရပ်ကာ သူမကိုနေရာပေး လိုက်သည်။
ရှီမာယူယူသည် အကျအနထိုင်ကာ သူ့လက်ကိုဆွဲယူပြီး ပြောလိုက် သည် “ဒီလက်တွေက လှမယ်လို့မထင်ဘူးပဲ”
“ယူယူက တခြားသူတွေကိုနောက်နေတာပဲ” ရှောင်ချီ ပြောလေသည်။
“ငါက အဆင်ပြေတဲ့အရာတစ်ခုကို ချီးကျူးတာပါ” ရှီမာယူယူသည် သူ့ လက်ကောက်ဝတ်ကိုမပြီး ခန္ဓာကိုယ်အခြေအနေကို စမ်းသပ်လေသည်။
“ယူယူ ဘယ်လိုလဲ သူ့ကိုကယ်လို့ရမလား” ရှောင်ချီ မေးခွန်းထုတ်လေ သည်။
သူ့ကိုကယ်လို့မရရင် အား အလကားအကုန်မခံနဲ့။
“ရှုပ်ထွေးတဲ့ပုံပဲ” ရှီမာယူယူ မှတ်ချက်ပေးလေသည် “ဒီနေ့ညတော့ အချိန်မလောက်ဘူး နောက်မှသေချာစမ်းလိုက်မယ်”
သူမသည် ငွေအပ်ထုတ်ကာ သူ၏ ရင်ဘတ်ကိုနှစ်ကြိမ်စိုက်လိုက်ရာ အိပ်မောကျနေရာမှ နိုးလာသည်။
“သူ မေ့လဲတာမကြာဘူး ကျွန်တော့်ကို ဆေးကုခပေးဖို့ သတိပေးလိုက် ဦး ဈေးကြီးတယ်လို့” ရှီမာယူယူသည် အပ်ဖြုတ်သိမ်းကာ ရှီချန်းကိုပြောလိုက် သည်။
“ငါဘယ်လောက်ကြာအောင်အိပ်သွားတာလဲ” ဘိုင်ရှန်းမေးလေသည်။
“မိနစ်နည်းနည်းလောက်ပဲ”
“ငါ…”
ရုတ်တရက်ဆိုသလိုပင် အောက်မှ အားပေးသံများလျှံထွက်လာသည်။ သွေးလွှမ်းပြိုင်ပွဲသည် စတော့မည့်ပုံပင်။
“စပြီလား” ရှီမာယူယူသည် ငွေအပ်ကိုသိမ်းပြီး ပြတင်းပေါက်ဆီသွား ကာ ရှောင်ချီနှင့်အတူကြည့်လေသည်။
သူမသည် ဒီနေ့ကြည့်ရန်လာခြင်းဖြစ်ကာ ဆင်းသွားရန်ရည်ရွယ်ချက် မရှိပေ။
“ကွင်းထဲမှာတင်းကြပ်မှုတွေရှိပြီးတော့ တက်သွားရင် လူတွေရဲ့အားကို ဖိနှိပ်ထားတယ်” ရှီမာယူယူသည် အောက်မှ ကွင်းအခြေအနေကိုကြည့်ပြီး ပြောလေသည်။
“တင်းကြပ်မှုကတော့အမြဲတမ်းရှိကြတာပဲ” ရှီချန်း ပြောလေသည် “ပြီးတော့ ဘာက ဝိညာဉ်စွမ်းအင်ကိုဖိနှိပ်ထားတာလဲမသိဘူး လူ တစ်ယောက်ရဲ့အားကိုတော့ ခွင့်ပြုထားတယ်၊ အဲတော့ ကွင်းထဲမှာဆိုရင် လူတွေက ပြိုင်ဖို့အတွက် ခန္ဓာကိုယ်အားကိုပဲသုံးရတယ်”
“ခန္ဓာကိုယ်အားကိုမသုံးပဲ သွေးထွက်ရင်ရော” ရှီမာယူယူသည် မပီသ စွာမေးလေသည်။
“ဘာလဲ” ရှောင်ချီ မေးလေသည်။
“ဘာမှမဟုတ်တော့ဘူး ဆက်ကြည့်ရအောင်” ရှီမာယူယူ ပြောလိုက် သည်။
“အာ…”
ကွင်းထဲမှလူသည် ပြိုင်ဘက်၏လက်မောင်းကို ချိုးပစ်ရာ သွေးများ သည် အဆက်မပြတ်ကျပြီး သွေးများသည် ကွင်းထဲတွင်စီးရာ ကွင်းသည် စုပ်ယူသွားသဖြင့် အနီကြောင်းသာကျန်လေသည်။
လက်မောင်းပြုတ်သွားသောလူသည် အရှုံးကိုလက်မခံပဲ သွေးတိတ်ရန် ဆေးသောက်ပြီး လက်တစ်ဖက်ဖြင့် ဓားရည်ကိုင်ကာ ပြိုင်ဘက်ဆီသို့ တဟုန်ထိုးပြေးလေသည်။
လက်မောင်းပြုတ်သွားခြင်းကြောင့် ရူးသွားခြင်းလား မဟုတ်ရင် သွေးမြင်ပြီးနောက် ရူးသွပ်သွားခြင်းလားမသိပေ.. ထိုလူ၏ မျက်လုံးများ နီရဲ လာကာ သူ့အပြုအမူသည် ပိုကြမ်းတမ်းလာသည်။
“ပြိုင်ပွဲသက်ရောက်မှုက ချက်ချင်းပေါက်ထွက်တာပဲ” ရှောင်ချီ ဆွံ့အ သွားလေသည်။
“ပြိုင်ပွဲသက်ရောက်မှု ဟုတ်လား” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက် သည်။ တစ်စုံတစ်ရာလွဲမှားနေသလို သူမ ဘာလို့ခံစားနေရတာလဲ။
သူ၏ ဒေါသထွက်မှုကြောင့် တိုက်ခိုက်မှုအားမြင့်လာကာ ပြိုင်ဘက် သည် အဆက်မပြတ်တိုက်ခိုက်ခံရကာ သွေးများလည်းထွက်လေသည်။
ထို့နောက်ပြိုင်ဘက်မှာလည်း ရူးသွပ်သွားသည်။
သို့သော် နာရီဝက်အကြာတွင် ပြိုင်ပွဲသည် နှစ်ဖက်လုံးအနိုင်မရှိဖြင့် အဆုံးသတ်လေသည်။ နှစ်ယောက်လုံးသည် သွေးများစွာထွက်ထားပြီး အား များလည်းသုံးထားသဖြင့် အားအင်မှာအနည်းဆုံးသာကျန်လေသည်။
သွေးလွှမ်းပြိုင်ပွဲမှ ဒိုင်လူကြီးသည် ဘေးမှနာရီကိုခေါက်လိုက်ရာ လူ တချို့တက်ာပြီး သူတို့နှစ်ယောက်ကို ဆွဲသလေားသည်။ သွေးကြောင်းများ သည် သူတို့ခန္ဓာကိုယ် ဆွဲခံရသည့်တစ်လျှောက် ကျန်ခဲ့လေသည်။
“ရလဒ်က ဒီလိုပဲလား ဘယ်သူနိုင်သွားတာလဲ”
“အနိုင်မရှိ” ဖန်ခိုင် ပြောလေသည် “သွေးလွှမ်းပြိုင်ပွဲက သူတို့အသက် ကိုကယ်ဖို့အတွက် ဆေးတစ်လုံးစီပေးလိမ့်မယ်”
“နောက်ဆိုရင်ဘာဖြစ်မှာလဲ”
“သူတို့အဆင်ပြေပြီဆိုတာနဲ့ ကွင်းမှာဆက်တိုက်လို့ရတယ်”
“ဆက်ပြီးတော့လား”
“ဒီမှာနေတဲ့သူတွေက အဲလိုပဲနေရတာပဲ မနက်ဖြန်ဆိုတာမရှိတော့ဘူး ညတစ်ညကိုပဲ စိတ်လှုပ်ရှားစရာအဖြစ်နဲ့ဖြတ်သန်းကြတယ်၊ အချိန်ကိုကုသဖို့ ထက် နွံတောထဲခေါင်းစိုက်နေကြတယ်” ရှီချန်း ဆက်ပြောလေသည် “ငါတို့ က အဲဒါကို မခံနိုင်တော့လို့ ထွက်လာတာပဲ”
ရှီမာယူယူသည် သူတို့၏အတွေးကို နားလည်သည့်ပုံပေါက်လာသည်။ ထိုနေရာမှာနေခြင်းသည် မည်မျှပင် ကျင့်ကြံစေကာမူ အားများတိုးမလာပေ။ ထို့ကြောင့် လူများသည် ကျင့်ကြံရာတွင် အချိန်မသုံးတော့ပေ။ သို့သော် သူတို့ မကျင့်ကြံနိုင်ပါက လုပ်စရာမရှိပေ။ သူတို့သည် ထွက်သွားရန်အတွက်လည်း အလိုမရှိသဖြင့် စိတ်ရှုပ်စရာများနှင့်သာ နေရုံသာရှိတော့သည်။
ထိုကဲ့သို့သော ခံစားချက်သည် ဝိညာဉ်သခင်တစ်ယောက်အနေနှင့် မကောင်းလှပေ။
ဖန်ခိုင်နှင့် တခြားသူများသည် လူများကာ အသက်ရှင်နေထိုင်ရန် ဖြစ်နိုင်ချေရှိသောကြောင့် ထွက်လာခြင်းဖြစ်သည်။ သို့သော် တခြားသူများ သည် သတ္တိမရှိကြပေ။ ထို့ကြောင့် သူတို့သည် ထိုနေရာတွင်နေကြကာ အနာဂတ်မရှိပဲ နေကြရုံသာရှိလေသည်။
“အဲဒီမူလျန်ရှင် တက်သွားပြီ” ရှောင်ချီသည် ကွင်းထဲရှိလူကို ညွှတ်ပြ ကာအော်လေသည်။
***