လူပေလူတေနှင့် မြင်းခွာ
Vol. 010 Ch. 940
ရှီမာယူယူကြည့်လိုက်ရာ မူလျန်ရှန်သည် အမှန်တကယ်ပင် တက်သွား သည်ကို တွေ့လိုက်ရသည်။
“ဘာအင်္ကျိမှာမဝတ်တဲ့ လူပေလူတေ” ရှောင်ချီသည် ကျယ်လောင်စွာ အော်လေသည်။
“သူက အပေါ်ပိုင်းပဲမဝတ်တာပါ၊ မမြင်သလိုနေလိုက်” ရှီမာယူယူ ဆက်ပြောလေသည် “လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့လူတွေတောင် ငြိမ်သွားကြပြီ သူတို့က သူနဲ့မတိုက်ချင်တဲ့ပုံပဲ”
“ရှောင်ချီသာတက်သွားမယ်ဆိုရင် သူ့ကို ပျံပြီးတော့ကိုရိုက်လိုက်မှာ” ရှောင်ချီ ပြောလေသည်။
ရှီမာယူယူမှ ဒီနေ့ညကိုမသွားရန်ပြောထားသည်မှာ နှမြောဖို့ကောင်း သည်။ ထို့ကြောင့် သူမသည် ပွဲကြည့်စင်မှ ကြည့်ရုံသာကြည့်ရလေသည်။
“ဒီနေ့လည်းဘယ်သူမှတက်မလာဘူးလား” မူလျန်ရှင်းသည် အောက်မှ လူများကို ကြည့်လေသည်။
“ကြည့်ရတာ သူက ဗလာကျင်းနေတဲ့ စင်ကိုအသားကျနေတဲ့ပုံပဲ” ရှီချန်း ပြောလေသည်။
“ဗလာကျင်းနေတဲ့စင်ဆိုတာက စိန်ခေါ်သူမရှိတာကိုပြောတာလား” ရှောင်ချီ မေးခွန်းထုတ်လေသည်။
“ဟုတ်တယ်” ရှီချန်း ခေါင်းညိတ်လေသည်။
“ဗလာကျင်းစင်ဆိုရင် သွေးလွှမ်းပြိုင်ပွဲက သူ့ကို အဆင့်မြင့်ကျောက် တွေပေးတယ်” ရှီချန်း ရှင်းပြလေသည် “ဒါပေမဲ့ တစ်ညကို ကျောက်တစ်လုံး က မလောက်ဘူးလေ၊ ပြိုင်ပွဲမှာတိုက်တာထက်တောင် နည်းသေးတယ်”
“မရှိဘူးလို့ဘယ်သူပြောလဲ” ကြမ်းတမ်းပြီး ရဲတင်းသောအသံသည် အပြင်မှထွက်လာသဖြင့် အားလုံးသည် အသံလာရာကြည့်လိုက်ရာ ၂မီတာ အရပ်ရှိသော လူကောင်ကြီးသောလူတစ်ယောက်သည် လူအုပ်ထဲမှထွက် လာသည်။
ထိုလူကြီးသည် အထည်ကြမ်းကိုဝတ်ထားကာ သူ၏ ထူထဲကာ သန်မာ သောကြွက်သားများကိုထုတ်ဖော်ထားပြီး ရှီမာယူယူ၏ နှစ်ကိုယ်စာလောက် ရှိသည်။
“တောင့်လိုက်တဲ့လူကြီး” ရှောင်ချီသည် ထိုခန္ဓာကိုယ်တည်ဆောက်မှု ကိုကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်နေသည့် သူမအမူအရာမှာ ချစ်စရာ ကောင်းနေသည်။
“၁၁ချီဘုရင်ပဲ မူလျန်ရှင်ထက် ၄ချီလျော့တာပဲ” ရှီမာယူယူသည် သူ့ လက်ပတ်ကိုမြင်လိုက်လေသည်။
သူ့လက်ကောက်ဝတ်မှာ ကြီးလှသဖြင့် လက်ပတ်မှာမတော် သောကြောင့် ကြိုးထပ်ဖြည့်ကာ လည်ပင်းတွင် လည်ပတ်အနေနှင့် ဝတ်ဆင် ထားသည်။
“မြင်းကြီးပဲ” လူတစ်ယောက် အော်လိုက်သည်။
“မြင်းကြီးရောက်လာပြီ ဟားဟား ဒီနေ့တော့ပွဲကြီးကြည့်ရပြီပဲ”
“ဟုတ်တယ် မူလျန်ရှင်နဲ့ မြင်းကြီးတို့ ဒီနေ့တွေ့မယ်လို့ မထင်ထားဘူးပဲ”
“မြင်းကြီးက သူနဲ့တိုက်ချင်တယ်လို့ပြောပြောနေတာ၊ ဒီနေ့တော့ သူ မူလျန်ရှင်အတွက်ရောက်လာတာပဲ”
“သူသာ မူလျန်ရှင်ကို နိုင်ရင် သူ့ရာထူးတိုးသွားမှာပဲ”
“မြင်းကြီးက နောက်ပိုင်းကို ဘဝင်မြင့်လာတယ်၊ သူဒီကိုရောက်တာမှ မကြာသေးဘူး ၁၀ချီဘုရင်တွေကို အဆက်မပြတ်စိန်ခေါ်ခဲ့တယ်”
“ဒီနေ့ သူက ၁၅ချီဘုရင်ကိုစိန်ခေါ်တာ၊ ဟီးဟီး သူသာနိုင်ရင် သူက အချီ၂၀ဘုရင်ကိုစိန်ခေါ်မဲ့ သဘောပေါ့”
“သူက အချီ၂၀ဘုရင်ကို ရှာရဲလား၊ ဟူး အဲလောက်မကြွားနဲ့ အချီ၂၀ ဘုရင်ကို ဘယ်သူကစိန်ခေါ်ရဲလဲ၊ အဲလူက အနိုင်မယူနိုင်တဲ့သူပဲ သူသေမှာ မကြောက်ရင် သွားစမ်းကြည့်လိုက်ပေါ့”
“ဟင်း အချီ၂၀ဘုရင်ကဘာမို့လို့လဲ ဒီလောက်နှစ်ပေါင်းများစွာကြာနေ ပြီ သူတက်လာတာကိုမမြင်ဖူးဘူး၊ သူက အရင်တုန်းကသာ အချီ၂၀ဘုရင် ဖြစ်တာထင်ပါတယ် အခုဆိုရင် ၁၀ချီတောင် တောင့်ခံနိုင်ပါ့မလားမသိဘူး”
“ဟုတ်တယ် သူက ဒဏ္ဍာရီဝင်သွားတယ်လို့သာပြောတာ အခု အင်အား ကောင်းတဲ့သူတွေ အများကြီးရောက်လာတာ သူသာအရည်အချင်းရှိရင် တက်လာပြီး အကုန်လုံးနဲ့တိုက်လိုက်လေ”
“ဟင်း ၁၅ချီဘုရင်ကိုနိုင်ပြီးမှပဲ အဲစကားကိုပြော”
“….”
ရှီမာယူယူလှည့်ပြီး ဘိုင်ရှန်းအားခိုးကြည့်လိုက်သည်။ သူသည် မျက်လုံး မှိတ်ထားဆဲဖြစ်ကာ ခုံကိုလှုပ်ပြီး မကြားသလိုနေနေလေသည်။
“လူတွေက အဘိုးရဲ့ ဂုဏ်သိက္ခာကို လှုံ့ဆော်နေပြီ၊ အောက်ဆင်းပြီး ကောင်းကောင်းလေးသွားမရိုက်ချင်ဘူးလား” ရှောင်ချီပြောလိုက်သည်။
“ဘာဂရုစိုက်စရာလိုလဲ” ဘိုင်ရှန်းသည် မျက်လုံးမဖွင့်ပဲပြန်ဖြေလေ သည် “အဲလူတွေက သူတို့နာကျင်မှုကို ဖုံးကွယ်ဖို့ ပါးစပ်ကိုသုံးပြီး ပြောဆိုနေ တာ”
“ဟား” ရှောင်ချီသည် သူ့ကိုလျစ်လျူရှုပြီး ပြန်လှည့်ကာ အောက်မှပွဲကို ဆက်ကြည့်လေသည်။
“မင်းက မူလျန်ရှင်လား” မြင်းကြီးသည် ကြီးမားသောဓားရှည်ကို သယ် ဆောင်လာပြီး မေးငေါ့ကာ မူလျန်ရှင်ကို ဂုဏ်မောက်စွာ ကြည့်လေသည်။
မူလျန်ရှင်သည် လက်ပိုက်ကာ ပြောလိုက်သည် “မင်းက အခု နာမည် ကြီးနေတဲ့ ၁၁ချီဘုရင်ဖြစ်လာတဲ့ မြင်းကြီးပဲ၊ ”
“ဟုတ်တယ် ငါပဲ” မြင်းကြီးသည် ဘယ်လက်ဖြင့် နှာခေါင်းကိုတို့ရင်း ပြောလေသည် “မင်းက သိပ်မထွက်တတ်ဘူးလို့ကြားတယ်၊ မင်းထွက်လာ တိုင်း ဗလာကျင်းစင်နဲ့တွေ့တယ်၊ မင်းဘယ်လောက်အားကောင်းလဲဆိုတာ ကြည့်ချင်လို့ ဒီနေ့ငါထွက်လာတာပဲ၊ လာခဲ့ ငါနဲ့တိုက်မယ်၊ မင်းရဲ့ သမိုင်းဝင် တဲ့ ဗလာကျင်းစင်ကိုငါဖျက်ပြမယ်”
“ဟူး အားမရှိတဲ့လူတွေက စကားကြီးစကားကျယ်ပြောတယ်” ရှောင်ချီ သည် အပေါ်ထပ်မှပြောလေသည်။
“အဓိပ္ပာယ်မရှိတာကို ဘယ်သူပြောလိုက်တာလဲ” မြင်းကြီး၏ အကြား အာရုံမှာမဆိုးလှပေ။ သူူသည် ရှောင်ချီဆီမှ အထင်သေးမှုကိုကြားလိုက် သည်။
“မင်းရဲ့ဒေါ်လေးနဲ့ အဘွားရဲ့ အဓိပ္ပာယ်မရှိတဲ့စကားကို မင်းဂရုစိုက်ဖို့ မလိုပါဘူး” ရှောင်ချီ ပြန်ပြောလေသည်။
“မင်း ဘယ်သူလဲ ငါ့လို သခင်မြင်းကို အထင်သေးရဲတယ်ဟုတ်လား” မြင်းကြီး အော်လေသည်။
“မင်းရဲ့ အဲဒီမဖြစ်နိုင်တဲ့ အရည်အချင်းနဲ့ ကိုယ့်ကိုယ်ကို သခင်လို့ခေါ် တာမရှက်ဘူးလား” ရှောင်ချီ အထင်သေးစွာပြောလေသည် “မင်းကိုမင်း မြင်းခွာလို့ခေါ်တာပိုကောင်းမယ်ထင်တယ်၊ ဒီမှာ အဲဒီလူပေလူတေ ပြီးရင် ဒီမြင်းခွာကို မညှာပဲသာရိုက်၊ မင်း သူ့ကိုနိုင်မယ်ဆိုရင် ငါဆင်းလာပြီး မင်းကို အနိုင်ယူမယ်”
“…”
ရှောင်ချီအတွက် မျက်နှာဖုံးလုပ်ခိုင်းရန် ဖက်တီးကျူကို အကူအညီ တောင်းရမည်ဟု ရှီမာယူယူခံစားရသည်။ သူမသည် မျက်နှာဖုံးမချွတ်လျှင် စကားမပြောနိုင်အောင်လုပ်ရမည်။
မူလျန်ရှင်သည် သူ့ကိုလူပေလူတေဟုခေါ်သည့်လူရှိရာဘက်ကို ကြည့် လိုက်သည်။ အဲလူက နေရာကိုငြီးငွေ့နေတဲ့ပုံပဲ။
သူသည် လူပေါ်လူကျော့အုပ်စုကိုတွေ့ရမည်ဟု ထင်ထားသော်လည်း လေးနက်ကာ တောက်ပသောမျက်လုံးတစ်စုံနှင့်သာ သွားစုံလေသည်။
ရှီမာယူယူသည် သူ့ကိုကြည့်လိုက်ရာ သူ့မျက်လုံးများသည် ကြမ်းတမ်း သည့်ပုံပေါ်သော်လည်း သန့်ရှင်းသည်။
“ထူးဆန်းလိုက်တဲ့လူပဲ” သူမ ရေရွတ်လိုက်သည်။
မူလျန်ရှင်နှင့် ရှီမာယူယူတို့သည် ခေတ္တမျှ အကြည့်ချင်းစုံသွားကြသည်။ နောက်တွင် မူလျန်ရှင်အကြည့်များပြန်ရုတ်ကာ မြင်းကြီးကိုပြောလိုက်သည် “စမယ်”
သူသည် နူးညံ့သောလူမဟုတ်ပေ။ ပြောပြီးသည်နှင့် လက်သီးဆုပ်ကာ မြင်းကြီး အဆင်သင့်ဖြစ်သည် မဖြစ်သည်ကိုဂရုစိုက်ပဲ စတင်တိုက်ခိုက်လေ သည်။
သူတို့နှစ်ယောက်လုံးသည် အပြန်အလှန်တိုက်ခိုက်ပြီး နှစ်ယောက် ကြားမှ အကန့်အသက်မရှိသော ကွာခြားချက်ကိုပြသလေသည်။
မူလျန်ရှင်း၏ ခန္ဓာကိုယ်တည်ဆောက်ပုံမှာ သေးငယ်သည့်ပုံဖြစ်ကာ ရှီမာယူယူထက် အနည်းငယ်သာထွားလေသည်။ မြင်းကြီး၏ ခန္ဓာကိုယ်မှာ သူ့ ထက်နှစ်ဆနီးပါးကြီးလေသည်။ သူ့ခန္ဓာကိုယ်မှာသေးငယ်သော်လည်း အား မနည်းပေ။ မြင်းကြီးကိုတစ်ချက်ထိုးလိုက်သည်နှင့်ပင် သူ့ကို မီတာအနည်း ငယ်ပျံသွားအောင်လုပ်နိုင်သည်။
မြင်းကြီးသည် ကြွားဝါခြင်းကိုကြိုက်သော်လည်း သူ့အားမှာလည်း မသေးလှပေ။ မဟုတ်လျှင် သူသည် ၁၁ချီဘုရင်ဖြစ်လာမည်မဟုတ်ပေ။
သူ၏ ညဘက်ခြေထောက်သည်နောက်ပြန်ဆုတ်ကာ မူလျန်ရှင်အား ပြန်တွန်းရန် ခန္ဓာကိုယ်အားကို သုံးလေသည်။ သူသည် တုန့်ပြန်ရန် အခွင့်အရေးမပေးပဲ ဓားကြီးဖြင့်ကာထားလေသည်။
တိုက်လိုက်ရှောင်လိုက်ဖြင့် သူတို့နှစ်ယောက်သည် မီတာအနည်းငယ် ရွေ့လျားသွားကြသော်လည်း မူလျန်ရှင်ကို မခိုက်မိပေ။
“ဟင်း…”
မူလျန်ရှင်သည် ဓားကြီးပေါ်တက်ပြီး အားကိုသုံးကာ လှည့်လိုက်ပြီး မြင်းကြီး၏ခေါင်းပေါ်တက်လိုက်လေသည်။
မြင်းကြီးသည် ဓားကိုဝေ့ရမ်းကာ သူ့ခေါင်းပေါ်ကိုတိုက်ခိုက်လေသည်။ မူလျန်ရှင်၏ခြေထောက်သည် လေပေါ်တွင်ပျံနေကာ တိုက်ခိုက်မှုကို ရှောင် လေသည်။
မြင်းကြီးသည် မညှာမတာခုတ်ရာ မျက်စိများဝေဝါးလာပြီး သူ့ခေါင်းသူ ပြန်ခုတ်မိမလိုဖြစ်သွားလေသည်။
မူလျန်ရှန်သည် ထိုအခွင့်အရေးကိုယူကာ ခန္ဓာကိုယ်အားလှည့်ပြီး ဆင်းသက်လိုက်သည်။ သူသည် ညာဘက်လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကာ မြင်းကြီး၏ခေါင်းကို ရိုက်လိုက်သည်။
မြင်းကြီးသည် အန္တရာယ်ကိုခံစားမိပြီး ချက်ချင်းပင်ဓားဖြင့် ကာလိုက် သော်လည်း သူ၏ အားကောင်းမှုကို မတားနိုင်ပေ။
“ဖူး…”
မြင်းကြီးသည် သွေးများအန်ထွက်လာသည်။
မူလျန်ရှင်သည် ခန္ဓာကိုယ်လည်ကာ သူ့ရင်ဘတ်ကို တွန်းလိုက်ရာ မြင်းကြီး၏ သန်မာသောခန္ဓာကိုယ်သည် ကွင်းအဆုံးသို့ စက္ကူတစ်ရွက်ကဲ့သို့ လွင့်သွားလေသည်။
“အိုး…”
မြင်းကြီး ကွင်းအပြင်မထွက်ခင်တွင် သူသည် ခြေထောက်ကိုသုံးကာ ကွင်း၏ ဘေးကိုချိတ်ထားပြီး ဓားထောက်ထားလေသည်။ ဓားကို ကွေးပြီး နောက် တွန်းကန်လိုက်ရာ သူသည် ကွင်းထဲသို့ပြန်ရောက်လာသည်။
သူသည် ကွင်းအပြင်သို့လုံးဝထွက်သွားသည်မဟုတ်သောကြောင့် အရှုံး ဟုမသတ်မှတ်ပေ။
“သူ ရူးသွားပြီ” ရှီမာယူယူသည် သူ၏ နီရဲသောမျက်လုံးများကိုမြင် သောအခါ ပြောလိုက်သည်။
အမှန်တကယ်ပင် မြင်းကြီးသည် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ပြီး သူ့မျက်နှာတွင် ကြီးမားသောအပြုံးတစ်ခုဖြစ်လာကာ မူလျန်ရှင်အား တိုက်ခိုက်လေသည်။ အရှိန်နှုန်းဖြစ်စေ အားဖြစ်စေ၊ သူတို့နှစ်ယောက်လုံး သည် သန်မာကြသည်။
“သွေးမြင်ပြီးတော့ သူတို့ရဲ့တိုက်ပွဲသက်ရောက်မှုက ပေါက်ကွဲထွက် လာတာကိုကြည့်ရတာ ထူးဆန်းတယ်” ရှီမာယူယူသည် ထိုစိတ်ကောင်း ပျောက်နေသော မျက်လုံးများကိုကြည့်ပြီး ပြောလိုက်သည်။
***