← Chapters

ယူယူ ရှောင်ချီဓမ္မတာဖြစ်နေပြီလား

Vol. 010 Ch. 941

ယူယူ ရှောင်ချီဓမ္မတာဖြစ်နေပြီလား

Vol. 010 Ch. 941

ရှေ့လူများ သွေးမြင်ပြီးနောက်တွင် ရူးသွပ်သွားလေ့ရှိသည်ကို မူလျန်ရှင် မြင်ရသည်မှာအသားကျနေလေပြီ။ ထို့ကြောင့် သူသည် မြင်းကြီး၏ ပြောင်းလဲမှုကိုမြင်သောအခါ မအံ့သြတော့ပေ။

ယူယူသည် သူတို့နှစ်ယောက်တိုက်နေသည်ကိုကြည့်နေသည်။ မြင်းကြီးသည် သွေးများပိုထွက်လာသည်။ သူ့အကြည့်သည် ရူးသွပ်သွား သလို ဝေဝါးလာသည်။

“ခင်ဗျားတို့လည်းအရင်ကတိုက်ဖူးလား” ရှီမာယူယူသည် ဖန်ခိုင်နှင့် ရှီချန်းတို့ကိုမေးလေသည်။

“မတိုက်ဖူးဘူး၊ အဲတုန်းက ငါ့ခန္ဓာကိုယ်က မခံနိုင်ဘူး၊ အစ်ကို၂က အဲဒါ တွေကို စိတ်မဝင်စားဘူး” ရှီချန်း ပြောလေသည် “ဒါပေမဲ့ ညီ၆ကတော့ တိုက် ဖူးတယ်”

“ဘယ်လိုဖြစ်သွားလဲ”

“၅ချီကိုတော့နိုင်လိုက်တယ် ဒါပေမဲ့ ၁၀ချီဘုရင်နဲ့တွေ့တော့ ရှုံးသွား တယ်” ရှီချန်း ပြောလေသည်။

“ပြိုင်ပွဲအတွင်းမှာ ဘာတွေကွာခြားလဲဆိုတာ သူပြောပြလား၊ ဥပမာ ဆိုရင် ဒီလိုအခြေအနေမျိုးပေါ့” ရှီမာယူယူ မေးလိုက်သည်။

“တကယ်ပဲဒီလိုပုံဖြစ်သွားတယ်ဆိုတာ သူပြောတယ်၊ အစကပုံမှန်ပေမဲ့ သွေးမြင်ပြီးရင် ထိန်းချုပ်မှုကင်းမဲ့သွားတယ်တဲ့” ရှီချန်း ပြောလေသည် “ပြိုင်ပွဲ ပြီးတော့ သူပြန်အဆင်ပြေသွားတယ်”

“ဒီပြိုင်ပွဲက နည်းနည်းထူးဆန်းတဲ့ပုံပဲ” ရှီမာယူယူသည် မေးစေ့ကိုကိုင် ကာ ပြောလေသည်။

“ဘုန်း”

သူတို့စကားပြောနေချိန်တွင် မူလျန်ရှင်သည် မြင်းကြီးကို အကြိမ် အနည်းငယ်ရိုက်ပြီးလေသည်။ သူ့ရင်ဘတ်ရှေ့မှာ ကွဲထွက်နေပြီး ဒဏ်ရာမှ သွေးများစီးကျနေသည်။ သူသည် ပါးစပ်မှသွေးများလျှံထွက်ကာ ကွင်းအပြင် ဘက်သို့ အရှိန်ပြင်းစွာကျသွားလေသည်။

“ဟာ”

“မြင်းကြီးက ဒီလောက်မြန်မြန်အရှုံးပေးလိုက်ရတာလား”

အားလုံး သက်ပြင်းချကြသည်။

“မဆိုးဘူး သူက တကယ်ပဲအားကောင်းတာပဲ” ရှီမာယူယူ ပြောလိုက် သည်။

“ဒီမြင်းခွာကတော့ ခန္ဓာကိုယ်သာကြီးသာ ရိုက်တာကိုတောင် မခံနိုင် ဘူး၊ ဒီလူပေလူတေက လူကောင်သာသေးတာ ဒီလောက်သန်မာမယ်လို့ ဘယ်သူထင်မိမှာလဲ” ရှောင်ချီ စဉ်းစားလေသည်။

မူလျန်ရှင်သည် စင်အောက်မှလူကိုကြည့်လိုက်ရာ အားလုံးသည် စကား ပြောရာမှရပ်သွားလေသည်။

အစောက သူ မြင်းကြီးကို မနိုင်ဟုပြောခဲ့ကြသည်။ ဒီလောက်မြန်မြန် အနိုင်ရလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ။

“မင်း ဆင်းခဲ့” မူလျန်ရှင်၏ အကြည့်သည် အပေါ်ထပ်တွင်ရှိနေသော ရှောင်ချီဆီရောက်လာသည်။

“လူပေလူတေ ဘာလုပ်ချင်လို့လဲ၊ ငါနဲ့ တိုက်ချင်လို့လား” ရှောင်ချီသည် ပြတင်းပေါက်ကိုမှီပြီး သူ့ကိုကြည့်လိုက်သည်။ သို့သော် သူမ ဆင်းမသွားပေ။

“မင်းက ငါ့ကိုလူပေလူတေလို့ ခေါ်ရဲတယ်ဟုတ်လား ဆင်းခဲ့” မူလျန်ရှင် ပြောလေသည်။

“ယူယူက ဒီနေ့ညရှောင်ချီ့ကို တိုက်ခွင့်မရှိဘူးလို့ပြောထားတယ် အဲဒါ ကြောင့် ငါ ဆင်းလာလို့မရဘူး” ရှောင်ချီ ပြောလေသည်။

“မင်းက ငါ့ကို လူပေလူတေလို့သာခေါ်ရဲတာ ဆင်းလာပြီး ငါနဲ့မတိုက်ရဲ ဘူးလား” မူလျန်ရှင် ပြန်ပြောလေသည်။

“မင်းက အဝတ်တောင်မဝတ်တာ၊ လူပေလူတေမဟုတ်ရင် ဘာလဲ” ရှောင်ချီ ပြောလေသည် “ဘာပဲဖြစ်ဖြစ် ငါက မင်းနဲ့ဘာလို့တိုက်ရမှာလဲ ငါ့ အတွက် ဘာအကျိုးရှိမှာလဲ ငါ မင်းကိုနိုင်ရင် ငါ့ကိုအလုပ်အကျွေးပြုမှာလား”

“ဟားဟား”

ရှောင်ချီပြောလိုက်သည့်စကားကို အောက်မှလူများကြားသောအခါ ရယ်မောကြလေသည်။ ဒီကောင်မလေးက ဒီလိုမျိုးပြောရဲတာပဲ။ သူမက မူလျန်ရှင်ကို ကျိန်ဆဲသည်မဟုတ်သော်ငြား သူမ အနိုင်ရလျှင် သူမကို အလုပ်အကျွေးပြုရမည်ဟူသော စကားကို ပြောရဲသေးတယ်။

“ဟင်း”

မူလျန်ရှင်သည် အေးစက်စွာနှာမှုတ်ကာ ကြာပွတ်ထုတ်ပြီး အပေါ်သို့ တိုက်ခိုက်လေသည်။

“လျှပ်တပြက်ခြေလှမ်းဝိညာဉ်သိုင်း” ရှီမာယူယူ အသက်ပြင်းပြင်းရှု လိုက်သည်။

ကြာပွတ်သည် ရှောင်ချီဆီသို့ တိုက်ရိုက်လာရာ သူမသည် ဒေါသထွက် ကာ ကြာပွတ်အားဆုပ်ကိုင်လိုက်သည် “ဒီလူက ဒီအတိုင်း လူပေလူတေ မဟုတ်ဘူးပဲ၊ အရှက်လည်းမရှိဘူး၊ ငါ ဆင်းမလာတာကို ငါ့ကိုတိုက်ခိုက်တယ်”

“ဒါဆို ဆင်းခဲ့”

“ငါပြောတာကိုသဘောတူရင် ဆင်းခဲ့မယ်”

“မင်းက သေချင်နေတာပဲ”

မူလျန်ရှန်သည် စဉ်းစားလိုက်ရာ ကြာပွတ်သည် သုံးပိုင်းခွဲသွားသည်။ ရှောင်ချီဆုပ်ကိုင်ထားသည့် တစ်ခုအပြင် နောက်ကြိုး၂ထောင်းသည် သူမကို ရစ်ပတ်လိုက်သည်။ တစ်ချက်ဆွဲလိုက်သည်နှင့် ရှောင်ချီ ပါသွားလေသည်။

“ဟင်း ကျားကို နေမကောင်းတဲ့ကြောင်လို့ အထင်မမှားလိုက်နဲ့ ဒီအတိုင်းဒေါသထွက်တာမဟုတ်ဘူး” ရှောင်ချီသည် ထပ်ခါထပ်ခါ ရန်စခံရ ပြီးနောက်တွင် ဒေါသထွက်လာသည်။ သူမသည် အားသုံးပြီး ပျံတက်လိုက် သည်။

“တကယ်ပဲ ကလေးလေးပဲ”

“သူမအသံကိုကြားတော ငယ်ချင်ယောင်ဆောင်ထားတဲ့ အမျိုးသမီး တစ်ယောက်ထင်နေတာ”

“အမှန်ပဲ အခုတော့ ကလေးတစ်ယောက်ကတောင် သွေးလွှမ်းပြိုင်ပွဲကို ဝင်ပြိုင်ရဲနေပြီလား”

“သူမကို ဘယ်သူကများခေါ်လာတာပါလိမ့်”

“အဲဒါ သာမန်ကလေးမဟုတ်ဘူး ကြည့်လိုက်”

ရှောင်ချီသည် လေပေါ်ပျံတက်ပြီး လက်နှစ်ဖက်ဖြင့် ချိပ်ပိတ်လိုက် သည်။ သူမသည် ကြာပွတ်ကိုဖျက်စီးကာ ဝိညာဉ်စွမ်းအင်ထုတ်လိုက်ရာ ကြာပွတ်သည် မြင်ကွင်းမှပျောက်သွားလေသည်။

“သူမ တကယ်ပဲမူလျန်ရှင်ရဲ့ ကြာပွတ်ကို တစ်စစီဖြစ်အောင်လုပ်လိုက် တာပဲ”

“ဘုရားရေ သူမက ဘယ်လိုသတ္တဝါပါလိမ့်”

ရှောင်ချီသည် လှည့်ပြီးကြည့်လိုက်ရာ ထိုလူသည် ကြောက်သဖြင့် တိတ်သွားလေသည်။

“ဟင်း” ရှောင်ချီ နှာမှုတ်လိုက်သည်။ ထို့နောက်တွင် သူမ လှည့်ပြီး သူမ လက်ကို တင်ပါးတွင်ထောက်လိုက်သည်။ နောက်လက်တစ်ဖက်ဖြင့် မူလျန်ရှင်ကို လက်ညိုးထိုးပြီး ကျိန်ဆဲလေသည်။ “မင်း တကယ့်လူညစ် အရူး လူပေလူတေ၊ မင်းကို ကြိမ်းမောင်းတယ် ဘာဖြစ်ချင်လဲ ငါနဲ့တိုက်ချင်တာ လား ဒီဒေါ်လေးက မင်း အဖေအမေတ,ပြီး ငိုပြီးအိမ်ပြန်ရအောင်အထိ ရိုက် ပေးမယ် မဟုတ်ရင် ငါ့ကို ရှောင်ချီလို့မခေါ်တော့ဘူး”

ရှီမာယူယူသည် အပေါ်ထပ်တွင်ထိုင်ရင်းနှဖူးကို လက်ဖြင့်ရိုက်မိသည်။ ခုနက သူတို့ သဘောတူထားခဲ့တဲ့ အနေအထိုင်ပိရိဖို့ရောင်ဝါကဘယ်ရောက် သွားတာလဲ။ ရှောင်ချီက သူမနောက်လိုက်တာသေချာပါလျက်နဲ့ ဘယ်လို လုပ် ဟိန်းသံလေးရဲ့ လွှမ်းမိုးမှုကို ဆိုးဆိုးဝါးဝါးခံနေရတာလဲ။

“ငါ ဒေါသထွက်တယ် မင်းက ငါ့ကိုထပ်ခါထပ်ခါ ရန်စတယ်၊ မင်း လက်လျော့လိုက်ရင်တောင် အခုတော့ ငါလက်သီးအရသာကို မင်းကိုပြရ တော့မှာပေါ့”

ပြောပြီးနောက်တွင် သူမသည် သူရှိရာနေရာသို့ လက်သီးပျံသွားလေ သည်။

မူလျန်ရှန်သည် သူမအပြုအမူကိုမြင်သောအခါ နာကျင်မှုကြောင့် ရှုံ့မဲ့ သွားလေသည်။ သန်မာလိုက်တဲ့ ရောင်ဝါပဲ။

“မင်းမှာ အရည်အချင်းရှိ မရှိကိုကြည့်ကြတာပေါ့”

မူလျန်ရှင်သည် ခုန်လိုက်သည်။ အောက်မှလူများသည် ပြင်းထန်သော တိုက်ပွဲကိုမြင်ရမည်ထင်ထားသော်လည်း…

“တစ်ချက် ငါ့ကို ဘယ်သူကဆွဲချခိုင်းလို့ မင်းကလုပ်ရတာလဲ”

“နောက်တစ်ချက် မင်းကို ငါလူပေလူတေလို့ခေါ်ချင်တော့ဘာဖြစ်လဲ”

“မင်း အဖေအမေခေါ်ပြီး ငိုပြီးအိမ်ပြန်မသွားရင် ငါ့နာမည်ရှောင်ချီ မဟုတ်တော့ဘူး”

“ငါ့ကိုသတ်ချင်တယ်လို့ပြောခဲ့တယ်မလား ဟင်းဟင်း မင်းဒေါ်လေးက သတ်ဖို့အဲလောက်လွယ်လား”

“လူပေလူတေ လူပေလူတေ”

ရှောင်ချီသည် မူလျန်ရှင်၏ခန္ဓာကိုယ်ကို ခိုစီးထားကာ လက်သီးများ သည် သူ့ခေါင်းပေါ်သို့ မိုးရွာသိလိုရွာလေသည်။ သူသည် ပြန်ပင်မတိုက်ခိုက် နိုင်ပေ။

ဒီဟာက စိတ်လှုပ်ရှားစရာကောင်းတဲ့တိုက်ပွဲဆိုတာလား။ ဒါက တစ်ဖက်သတ်ပွဲကြီးပဲ။

အောက်မှလူများသည် ဖရိုဖရဲဖြစ်သွားလေသည်။ ဒီထူးဆန်းတဲ့ သတ္တဝါ လေးကဘယ်ကရောက်လာတာလဲ။ မူလျန်ရှင်သည် ပန်ကိတ်လိုကို ပြားသွား မတတ်ဖြစ်ကာ အသက်မျှင်းမျှင်းသာရှုနိုင်လေသည်။

သူမက လူသားရောဟုတ်ရဲ့လား။

ပွဲကြည့်သူများသည် တည်ငြိမ်မှုများမရှိနိုင်တော့ပေ။ သူတို့သည် ပြတင်းပေါက်နားလာကာ ရှောင်ချီ သူ့ကိုရိုက်နေသည်ကို မျက်လုံးအပြူးသား ဖြင့်ကြည့်ကြလေသည်။

“ဘယ်သူ ဒီကလေးက ဘယ်သူလဲ” သူတို့သည် တံတွေးမျိုချမိလေ သည်။

သူမ အားကောင်းပုံကိုကြည့်ပြီး သူတို့သာ တက်သွားပါက အမှုန့်ပင်ဖြစ် သွားနိုင်လေသည်။

မူလျန်ရှင်သည် ညိုမည်းများစွဲအောင် အရိုက်ခံရပြီး သွေးများသည် ပါးစပ်ထောင့်နှင့် နှာခေါင်းများတွင် သွေးများ အဆက်မပြတ်ထွက်လာလေ သည်။ သူ့မျက်လုံးများသည် နီရဲသွားကာ ခန္ဓာကိုယ်သည် ထိန်းမရသိမ်းမရ ဖြစ်လာသည်။

“မင်းရဲ့ လူရိုင်းအဆင့်ကိုပြောင်းချင်တာလား အဲဒီမှာတင်ရပ်လိုက်”

ရှောင်ချီသည် သူ့မျက်လုံးအရောက်လက်လာသည်နှင့် ထိုးလိုက်ရာ နောက်ဆုံးတွင်…သူမေ့လဲသွားလေသည်။

နီရဲလာသော သူ့မျက်လုံးများသည် နောက်ဆုံးတွင် ပိတ်သွားသည်။ ထိန်းမရသောရောင်ဝါလည်း ပျောက်ကွယ်သွားလေသည်။

“ဟင်း ဒီကောင်မလေးနဲ့လာမရှုပ်နဲ့လို့ပြောပြီးသားပဲ ဒါပေမဲ့ ငါ့ကိုမယုံ ဘူး၊ မင်းအဖေနဲ့ အမေမမှတ်မိလောက်အောင် ရိုက်ပြမယ်လို့ပြောသားပဲ အခုတော့ မယုံလို့ဒီလိုဖြစ်ပြီလေ” ရှောင်ချီ မတ်တတ်ရပ်ကာ စကတ်ကို ဖုန်ခါ လေသည်။

သူမ စကတ်တွင် သွေးစွန်းနေသည်ကိုမြင်သောအခါ သူမအော်လိုက် သည် “ယူယူ ရှောင်ချီ ရာသီလာနေပြီလား”

“….”

သူမနားမှ အားလုံးသည် သူမပြောလိုက်သောစကားကြောင့် ချက်ချင်း ပင် ဖရိုဖရဲဖြစ်သွားကြသည်။

ရှီမာယူယူ၏ မျက်နှာမှာ အမည်းကြောင်းများပေါ်လာသည်။ သူမသည် နှဖူးပေါ်လက်တင်ကာ သေချင်ယောင်ဆောင်လိုက်သည်။ သူမသည် ဒီကောင်မလေးနဲ့ သိကျွမ်းတယ်ဆိုတာကို ဝန်မခံချင်ဘူး။

ပြီးခဲ့သည့်တစ်ခေါက် သူမ စကတ်မှာ သွေးစွန်းခဲ့တုန်းက ရှောင်ချီ သူမ ကိုမေးခဲ့တုန်းက သူမ ရာသီသွေးဆင်းသည်ဟု ပြောပြခဲ့သည်။ ဓမ္မတာ အကြောင်းကိုလည်း အနည်းငယ်ရှင်းပြခဲ့သည်။ သူမ မှတ်မိလိမ့်မည်ဟု မထင်ထားပေ။

မင်းက ကမ္ဘာကြီးမျက်လုံးလေ ဟုတ်ပြီလား လူသားမိန်းကလေးမှ မဟုတ်တာ။ ဘယ်လိုလုပ် ရာသီသွေးဆင်းမလဲ။

“ဟားဟားဟား…”

ရှီချန်းနှင့် ဖန်ခိုင်တို့သည် သူမ ပုံစံကိုမြင်ပြီးနောက် မအောင့်နိုင်တော့ပဲ ရယ်လိုက်ကြသည်။

ဒီကောင်မလေးက ဘယ်လိုလုပ်ဒီလိုတွေးလိုက်တာလဲ။

***

All Chapters