ကြောက်မက်ဖွယ်လပြည့်ည
Vol. 010 Ch. 942
သွေးလွှမ်းပြိုင်ပွဲမှလူများအားလုံးသည် ထိုစကားကြားသောအခါ အထူးသဖြင့် ရှောင်ချီတိုက်ပွဲဝင်ရာမှ ထိုစကားမကြားခင်အထိ အားလုံးသည် နောက်ထပ်ကမ္ဘာသစ်တစ်ခုရောက်သွားသလို အံ့အားသင့်မှုကို ခံစားရလေ သည်။
ခဏကြာပြီးမှပင် လူတစ်ယောက်သည် ပြိုင်ပွဲစင်နားကပ်လာကာ မေး လေသည် “ကာကွယ်ပေးဦးမလား”
“မပေးဘူး” ရှောင်ချီသည် သူ့ကိုကြည့်ပင်မကြည့်တော့ပဲ မူလျန်ရှင်ကို ကောက်ကာ ဒုတိယအထပ်သို့ပျံလိုက်သည်။
“ယူယူ ဘာဖြစ်နေတာလဲ” ယူယူသည် ပြတင်းပေါက်တွင် နုံးချိစွာ လှဲလျောင်းနေသည်ကို တွေ့သောအခါ ရှောင်ချီ မေးလိုက်သည်။
ရှီမာယူယူသည် ရှောင်ချီအားကြည့်လိုက်ရာ ရှောင်ချီသည် သိမ်မွေ့ သောပုံစံ၊ သင့်တင့်သော အသားအရည်နှင့် လှပသည်မှာသေချာသည်။ သို့သော် ဘာလို့များ ဆင့်ကဲဖြစ်စဉ်ပြီးတဲ့နောက် ဒီလိုပြောင်းလဲသွားတာလဲ။
သူမသည် အခုမှပင် မိုရှား၏ စကားကိုသဘောတူမိသည်။ ရှောင်ချီ သည် ဆင့်ကဲဖြစ်စဉ်ပြီးနောက်တွင် များစွာသာလွန်ခဲ့သည်။ ထိုစဉ်က သူမသည် အေးစက်ခဲ့သော်လည်း နည်းဆုံးတော့ လူများကို စကားပြောရ သည်ကို မကြိုက်ခဲ့ပေ။ သူမသည် လူများကို ရိုက်ရသည်ကို နှစ်သက် သော်လည်း လူရိုက်မည်ဟူသော စကားကို ထပ်ခါထပ်ခါမပြောခဲ့ပေ။ ပြီးတော့ ဒီလိုဆိုးရွားသောစကားများကို မပြောခဲ့ပေ။
သူမ၏ ရိုးသားသောမျက်လုံးများကိုကြည့်ပြီး သူမ၏ ဒေါသစကားများ သည် ထွက်မလာနိုင်ပေ။ သူမသည် သက်ပြင်းရှည်ချကာ သူမလက်ထဲမှ မူလျန်ရှန်ကိုကြည့်ပြီး မေးလိုက်သည် “သူ့ကိုဘာလို့ဒီကိုခေါ်လာတာလဲ”
“သူရှုံးရင် ရှောင်ချီရဲ့ လက်အောက်ငယ်သားလုပ်မယ်လို့ သဘောတူခဲ့ တာမဟုတ်ဘူးလား၊ သူ့ကိုဒီကိုခေါ်လာရမှာပေါ့” ရှောင်ချီ ပြောလေသည် “ဒီ နောက်လိုက်လေးရဲ့ တိုက်ပွဲစွမ်းအားကမဆိုးဘူးပဲ အစ်ကိုရှီချန်းနဲ့ တခြားသူ တွေထက် နည်းနည်းအားကောင်းတယ်၊ သူ့ကိုခေါ်ခဲ့ရင် နောက်ဆိုရင် တိုက်ပွဲစွမ်းအားအတွက် တစ်တပ်တစ်အားဖြစ်မှာပဲ”
“ဒါပေမဲ့ သူ့ကို ဒီလောက်မြန်မြန်ကြီးခေါ်လာဖို့မလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဘာလို့လဲ” ရှောင်ချီသည် ရှုပ်ထွေးစွာကြည့်လေသည်။
“ဒါက.. ဟူး ထားလိုက်တော့၊ သူ့ကို ဒီကိုခေါ်လာမှတော့ သူ့ကို တစ်ဖက်မှာထားထားလိုက်” ရှီမာယူယူ ပြောလိုက်သည်။
ဘိုင်ရှန်းသည် ရှောင်ချီအား တောက်လောင်တော့မည့် အကြည့်ဖြင့် ကြည့်လေသည်။
ရှောင်ချီသည် သူ၏ အကြည့်စူးစူးကိုခံစားမိပြီး မေးလေသည် “အဘိုး လည်း ရှောင်ချီနဲ့တိုက်ချင်လို့လား”
ဘိုင်ရှန်း ခေါင်းရမ်းကာ “ငါစဉ်းစားနေတာ မင်းက ဘယ်လို ဝိညာဉ် သားရဲကနေ အသွင်ပြောင်းထားတာလဲလို့ ဒီလိုပြင်းထန်တဲ့တိုက်ပွဲစွမ်းအင်ရှိ နေတာ”
“ဟင်း မပြောတော့ဘူး” ရှောင်ချီသည် မေးမော့ကာ သူ့ကိုလျစ်လျူရှု လိုက်ကာ မြေပေါ်တွင်လဲနေသော မူလျန်ရှင်ကိုပါ လျစ်လျူရှုပြီး ရှီမာယူယူ ဘေးသို့ပြေးသွားကာ အောက်မှပြိုင်ပွဲကိုပျင်းရိစွာ မှီကြည့်လေသည်။
ရှောင်ချီ ပြိုင်ပွဲကိုမွှေပြီးနောက်တွင် အားလုံးသည် ပြိုင်ပွဲနောက်ပိုင်းကို စိတ်ဝင်စားမှုအားနည်းလာကာ သူမကို ကြောက်သဖြင့် လူအများလည်း ဝင်မပြိုင်ကြပေ။
“ဒီနေ့ညတော့ စိတ်လှုပ်ရှားစရာပွဲမရှိတော့တဲ့ပုံပဲ” ရှီချန်း ပြောလေ သည်။
“မနက်ဖြန်တော့ နည်းနည်းရှိလောက်မှာပါ” ဖန်ခိုင် ထပ်ပြောလိုက် သည်။
“ရှောင်ချီရဲ့ သတင်းက မြန်မြန်ပြန့်သွားပြီး ၁၀ချီဘုရင်တွေကို ဆွဲဆောင်နိုင်မှာပဲ” ရှီချန်း ဆက်ပြောလေသည်။
“မလာတဲ့လူတွေလည်းရှိသေးတာလား” ရှီမာယူယူ မေးလိုက်သည်။
“ရှိတာပေါ့၊ ဒီသွေးမိစ္ဆာမြို့တော်က ဒီလောက်ကြီးတာ အနည်းဆုံးတော့ လူဦးရေ သန်းချီရှိတယ် ပြီးတော့ ဒီနေရာက သေဘေးကနေလွတ်မြောက် သွားတဲ့ ဝိညာဉ်သခင်တွေလည်း တော်တော်များများရှိတယ်၊ ဒါပေမဲ့ သူတို့ က ပြိုင်ပွဲကိုအဆက်မပြတ်ပြိုင်ခဲ့ကြတော့ ဘယ်ပြိုင်ဘက်ကိုမှမတွေ့လို့ တချို့အချိန်တွေမှာ သီးခြားနေကြတယ်၊ စိတ်ဝင်စားစရာကောင်းတဲ့လူ ပေါ် လာမှ သူတို့ထွက်လာတယ်”
“သူတို့က အဆင့်မြင့်ကျောက်လိုချင်လို့ ပြိုင်ပွဲဝင်ကြတယ်လို့ ပြောခဲ့ တယ်မလား” ရှီမာယူယူ မေးလေသည်။
“ပြိုင်ပွဲပြိုင်တာက ကျောက်လိုချင်တာလည်း တစ်စိတ်တစ်ပိုင်းပါပေမဲ့ အလုံးစုံတော့မဟုတ်ဘူး ပြီးတော့ အချိန်တစ်ခုလောက်ပြိုင်ခဲ့တဲ့သူတွေက နားဖို့နဲ့ တခြားလုပ်စရာရှိတာတွေလုပ်ကြတယ်၊ ဥပမာဆိုရင် ဒီကအဘိုးဘိုင် လိုပေါ့၊ တည်းခိုဆောင်ဖွင့်တာ မဟုတ်ရင် စားသောက်ဆိုင်ဖွင့်တာ မဟုတ်ရင် အဲလိုပေါ့”
“သြော် ဒါဆိုရင် နောက်ရက်တွေကို လာတဲ့လူတွေက မဆိုးလောက်ဘူး” ရှီမာယူယူ ပြောလေသည်။
ဒီနေ့လူတစ်စုကိုကြည့်ပြီးနောက် မူလျန်ရှင်မှလွဲ၍ သူမ စိတ်ကြိုက် တစ်ယောက်မှမတွေ့ပေ။ ပိုကောင်းသော သင့်တော်သူတွေ့လျှင် သူမ ရွေးချယ်ဖို့အတွက် ပြန်စဉ်းစားရမည်။
“ဒါဆိုရင် မနက်ဖြန်မှပြန်စကြတာပေါ့” ဘိုင်ရှန်းသည် နိုးနေသော်လည်း ထုံထိုင်းမှုကို ခံစားနေရတုန်းပင်။
“အင်း ဒီနေ့ညတော့ ပြန်ရမယ်လို့ထင်တယ်၊ ရှောင်ချီရဲ့သတင်းက ဒီနေ့ ညကို ထွက်သွားပြီး မနက်ဖြန်ကို အဲလူတွေရောက်လာလောက်တယ်” ရှီမာယူယူ ဆက်ပြောလေသည်။
သူတို့သည် သီးသန့်အခန်းမှထွက်ရာ ချက်ချင်းပင် လူတစ်ယောက် သည် သူတို့ဆီသို့လာလေသည်။
“သခင်ဘိုင် သွားတော့မလို့လား” ထိုသူမှာ အစောက လိုက်ပို့ခဲ့သော တာဝန်ခံဖြစ်ကာ သူသည်ပြောရင်းနှင့် ရှောင်ချီကို ကြည့်ပြီး အရိပ်အမြွက်ရှာ ရန်ကြိုးစားလေသည်။
“အင်း ဒီနေ့ည ပြိုင်ဘက်တွေက အဲလောက်မဟုတ်ကြဘူး” ဘိုင်ရှန်း ပြန်ဖြေလေသည်။
“သခင်ဘိုင်သာဝင်ပြိုင်မယ်ဆိုရင် ပြိုင်ပွဲက မြန်မြန်စိတ်ဝင်စားစရာ ကောင်းလာမှာပဲ” တာဝန်ခံ ထပ်ပြောလေသည်။
“ဒီအိုနေတဲ့အရိုးတွေက အပျော်ဝင်ပြိုင်လို့မရတော့ပါဘူး” ဘိုင်ရှန်း သည် အဆင့်မြင့်ကျောက်ထုတ်ကာ သူ့ဆီသို့ပစ်ပြီး ပြောလိုက်သည် “မနက် ဖြန်ညကို ငါ့အတွက်သီးသန့်အခန်းချန်ထား”
“ဟုတ်ကဲ့ သေချာတာပေါ့” တာဝန်ခံသည် ပျော်ရွှင်စွာ တုန့်ပြန်လေ သည်။
တစ်ညတည်းနှင့်ပင် သူသည် အဆင့်မြင့်ကျောက်၂တုံးရလေရာ မဆိုး လှပေ။
ဘိုင်ရှန်းနှင့်အဖွဲ့ သွေးလွှမ်းပြိုင်ပွဲမှထွက်သွားချိန်တွင် ရှီမာယူယူသည် လည်ပြန်ကြည့်ပြီး သွေးလွှမ်းပြိုင်ပွဲသို့ရောက်သည့်အချိန်တွင် သူမ ခံစားချက် မှာ ဘာကြောင့် ထူးဆန်းသည်ကို နားမလည်နိုင်ပေ။
“ဟင်း”
ဘိုင်ရှန်းသည် မိုးပေါ်မှလကိုကြည့်ပြီး ပြောလိုက်သည် “၁၅ရက်ပြည့် တော့မှာလား”
ရှီမာယူယူသည်လည်း ကြည့်လိုက်ရာ လုံးဝန်းနေသော လပြည့်ကို တွေ့လိုက်ရလေသည်။
“တကယ်ပဲ ၁၅ရက်ရောက်တော့မှာပဲ၊ သေစမ်း ဒီကိစ္စကိုဘယ်လိုလုပ် မေ့ရတာလဲ” ရှီချန်းနှင့် ဖန်ခိုင်တို့သည် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
“၁၅ရက်ကဘာလို့လဲ” ရှီမာယူယူ မေးလိုက်သည်။
“ဒီနေ့ ဘယ်နရက်နေ့လဲ” ဘိုင်ရှန်းမေးလိုက်သည်။
“၁၁ရက် ဘာလို့လဲ” ရှီမာယူယူသည် သူတို့ပုံစံကိုကြည့်ပြီး နားမလည် နိုင်ဖြစ်နေလေသည်။
“လရဲ့၁၅ရက်ပြည့်တိုင်းမှာ လကကြက်သွေးရောင်ပြောင်းသွားပြီး မြို့ မှာတစ်ခုခုဖြစ်တတ်တယ်” ရှီချန်း ပြောလေသည်။
“တစ်ခုခုဖြစ်တယ် ဘာဖြစ်တာလဲ”
“လတိုင်းရဲ့ ၁၅ရက်နေ့မှာ သွေးလွှမ်းပြိုင်ပွဲက တံခါးပိတ်ပြီး လူတိုင်းက ကိုယ့်အိမ်မှာပဲကိုယ်နေပြီး ထွက်မာလရဘူး၊ သူတို့အိမ်ကထွက်မယ်ဆိုရင် ပျောက်ပျောက်သွားကြတယ်” ရှီချန်း ရှင်းပြလေသည် “မဟုတ်ရင်… သူတို့က အသွေးရောအသားရောမရှိတော့ပဲ အရိုးပဲကျန်ခဲ့တယ်၊ အဲဒါကြောင့် ပုံမှန် အားဖြင့် ၁၅ရက်ရောက်ပြီဆိုရင် အားလုံးက ပိုစိတ်တိုလာကြပြီး ၁၅ရက်နေ့နဲ့ ၁၆ရက်နေ့တွေမှာ အိမ်အပြင်မထွက်ကြဘူး”
“ခြုံပြောရရင် အဲ၂ရက်လုံးမှာ တစ်မြို့လုံးက ထူးဆန်းသွားတယ်” ဖန်ခိုင် နိဂုံးချုပ်လေသည်။
“လတိုင်းကအဲလိုပဲလား”
“ဟုတ်တယ်” ရှီချန်း ပြန်ဖြေလေသည် “ငါတို့ဒီကိုမရောက်ခင်က အဲ၂ရက်ကို ရှောင်ဖို့စိတ်ကူးမရှိခဲ့ဘူး”
ရှီမာယူယူသည် ထိုအဖြစ်အပျက်ကို စိတ်မဝင်စားသလိုဖြစ်ကာ “ကြက်သွေးရောင်လ… ဝတ္ထုဆန်လိုက်တာ၊ နောက်ထပ်၅ရက်ရှိသေးတယ်၊ ကြည့်ရတာ ဒါကို ပထမဆုံးအတွေ့အကြုံရမယ်ထင်တယ်”
“ယူယူ တကယ်ပဲ ကြက်သွေးရောင်လာရှိတာလား” ရှောင်ချီသည် ရှီမာယူယူ၏ လက်ကိုဆွဲပြီး သိချင်စိတ်ဖြင့်မေးလေသည်။
“ငါလည်းမမြင်ဖူးဘူး ဒါပေမဲ့ ရှီချန်းနဲ့တခြားသူတွေမြင်ဖူးတယ်ဆိုတော့ တကယ်ဖြစ်လောက်တယ်” ရှီမာယူယူ ပြန်ဖြေလေသည်။
“ရှောင်ချီလည်း အရင်ကမမြင်ဖူးဘူး ဒါဆိုရင် ကောင်းကောင်းကြည်ရ မှာပေါ့” ရှောင်ချီသည်စိတ်လှုပ်ရှားစွာပြောလေသည်။
“ကောင်းတယ်”
ရှောင်ချီ၏ အသံဆုံးပြီးသွားသည်နှင့် သူတို့၅ယောက်အဖွဲ့သည် မူလျန်ရှင်အားဆွဲသွားပြီး သွေးလွှမ်းပြိုင်ပွဲ အပြင်ဘက်ရှိ လမ်းများတွင် တဖြည်းတဖြည်းပျောက်ကွယ်သွားလေသည်။
သွေးမိစ္ဆာမြို့၏ထောင့်တွင် လူတစ်ယောက်သည် သူ့အိမ်မှထွက်လာပြီး ခြံထဲမှ သစ်ပင်ကြီးကိုကြည့်ပြီး ပြောလေသည် “အာရုံခံမိလား”
“အာရုံခံလို့ရတယ်…. ရွှတ် ရွှတ်… ချိုသာလိုက်တဲ့အနံ့လေး” ထိုအသံ လာရာနေရာမှာ သစ်ပင် ပင်စည်မှဖြစ်သည်။
“ထူးခြားတဲ့ရတနာလေးရောက်လာပြီ… ပျော်လား” ထိုလူမေးလေ သည်။
“ပျော်တယ်… ဖြစ်နိုင်လောက်မြန်မြန်လေးစားချင်တယ်…” အရွက်များ သည် တရွှတ်ရွှတ်ပြန်ဖြေလေသည်။
ထိုလူသည် ခေါင်းမော့ပြီး ကောင်းကင်အားကြည့်လိုက်ရာ လသည် မနေ့ညကထက် ပိုလုံးဝန်းနေသည်။
“မကြာခင်ကို ညပြည့်ညပြန်ရောက်တော့မယ်၊ ကြက်သွေးရောင်လ ပြန်ဖြစ်လာမယ်၊ အဲကျရင် ဒီရတနာလေးကို မင်းရနိုင်မယ်….”
“ကြက်သွေးရောင်လ လပြည့်…”
သစ်ရွက်များသည် အရင်ကထက် လှုပ်လှုပ်ရှားရှားဖြစ်လာသည်…
လမ်းလျှောက်နေသော ရှီမာယူယူသည် ရုတ်တရက်လှည့်ကြည့်လိုက် ရာ သူမ နှဖူးမှာ အနည်းငယ်ကျုံ့သွားလေသည်။
ဘာမှမရှိဘူးပဲ။
“ယူယူ ဘာဖြစ်လို့လဲ”
“ဘာမှမဟုတ်ဘူး သွားကြမယ်…”
***