← Chapters

နောက်တစ်ခုစီစဉ်ခြင်း

Vol. 010 Ch. 943

နောက်တစ်ခုစီစဉ်ခြင်း

Vol. 010 Ch. 943

နောက်နေ့မနက်တွင် မူလျန်ရှင်သည် အိပ်မောကျရာမှနိုးလာသည်။ သူ့မျက်လုံးဖွင့်လိုက်ရာ စိမ်းသက်သော ပတ်ဝန်းကျင်တစ်ခုကိုမြင်လိုက်ရ သည်။ သူရုတ်တရက် ထခုန်လိုက်သည်။

“ကျွတ်”

သူလဲနေခဲ့သော အိပ်ရာဟုခေါ်သောအရာသည် တစ်စစီကျိုးသွားလေ သည်။

“ငါ့အိပ်ရာလေး” ဘိုင်ရှန်းသည် ကောင်တာအနောက်မှ ခေါင်းဆန့် ကြည့်ရာ ကျိုးပဲ့နေသောသစ်သားများကိုတွေ့ရာ ပြောလိုက်သည် “မင်းက ငါ့ အိပ်ရာကိုချိုးပစ်တယ် အဲဒါကိုဘယ်သူပေးမှာလဲ မင်းလား သူတို့လား”

“သခင်ဘိုင်လား” မူလျန်ရှင်သည် ဘိုင်ရှန်ကိုမြင်သောအခါ အံ့သြသွား လေသည်။

သူ လှဲခဲ့သောနေရာကိုကြည့်ရာ သစ်သားများသည် ကျိုးနေကာ အိပ်ရာ မဟုတ်တော့ပေ။

သူ ရုတ်တရက် ထခုန်လိုက်ခြင်းကြောင့် သစ်သားများသည် မခံနိုင် တော့ပဲ ကျိုးသွားလေသည်။

“သခင်ဘိုင် ဘာလို့ဒီရောက်နေတာလဲ” မူလျန်ရှင်သည် အဆင့်မြင့် ကျောက်၂တုံးထုတ်ကာ ကျိုးသွားသော အိပ်ရာအတွက် ပေးလိုက်သည်။

“ငါဆွဲလာတာပေါ့… ငါပြောတာ.. ခေါ်လာတာ” ရှောင်ချီ ပြန်ဖြေလေ သည်။

“ဘယ်သူလဲ” မူလျန်ရှင်သည် လူတစ်ယောက်ကြောင့် သတိမေ့သွားခဲ့ သည်ကို ပြန်မှတ်မိသွားသည်။

“ဟင် မင်းဒေါ်လေးလေ ဘယ်သူက မင်းကိုလိုချင်မှာလဲ” ရှောင်ချီ၏ အသံသည် ဒုတိယအထပ်မှထွက်လာပြီး မူလျန်ရှင်၏ခန္ဓာကိုယ်သည် ရုတ်တရက် အေးခဲသွားလေသည်။

“မင်းပဲ” သူလှည့်ကြည့်ပြီး ဒုတိယအထပ်မှရှောင်ချီကိုကြည့်လိုက်ရာ သူ၏ တိုက်ခိုက်လိုမှုများ မြင့်တက်လာသည်။

“ဘာလဲ မင်းက နောက်ထပ်မေ့လဲချင်သေးတာလား” ရှောင်ချီသည် လက်သီးဝေ့ပြလေသည်။

“ငါ့ကိုဘာလို့ဒီကိုခေါ်လာတာလဲ”

“ဘာလို့လဲ အခု မင်းကငါ့လူဖြစ်နေပြီ၊ မင်းကိုဘာလို့ခေါ်လာတာလဲဆို တာ မေးဖို့လိုသေးလို့လား”

“ရှောင်ချီ မင်းအဲလိုပြောရင် နားလည်မှုလွဲနိုင်တယ်” ဖန်ခိုင်၏ အသံ သည် အပြင်မှထွက်လာသည်။ မူလျန်ရှင်ကြည့်လိုက်ချိန်တွင် သူသည် ဒုတိယအထပ်မှ လက်ရန်းကိုမှီထားသည်။

“ငါ့လက်ရန်းတွေကျိုးသွားရင် မင်းပြန်လျောရမယ်” ဘိုင်ရှန်းသည် ခေါင်းငုံ့ပြီး ရေရွတ်လေသည်။

“အဘိုးဘိုင် ဒီမှာ ယူယူနဲ့ ရှောင်ချီနှစ်ယောက်ပဲ ဧည့်သည်အဖြစ် ဘာလို့ရှိလဲဆိုတာ သိသွားပြီ” ရှောင်ချီသည် လက်ရန်းကိုခေါင်းမှီရင်း “အဘိုး ကလူတွေကိုခြိမ်းခြောက်နေတော့ ပိုက်ဆံဘယ်လောက်ပဲရှိရှိ၊ ဒီမှာမနေတော့ ဘူး၊ သူတို့ဒီကထွက်သွားတာနဲ့ မွဲသွားကြမှာပဲ”

“ငါ့ဈေးတွေက သင့်တင့်ပါတယ်” ဘိုင်ရှန်း ပြောလေသည် “မဟုတ်ရင် မင်းတို့ဒီမှာဘယ်လိုလုပ်နေမလဲ မဟုတ်ဘူးလား”

“ရှောင်ချီတို့က အဲဒါကြောင့်နေနေတာမှမဟုတ်တာ” ရှောင်ချီ နှာခေါင်း ရှုံလေသည် “ဘာပဲဖြစ်ဖြစ် အဘိုး ရှောင်ချီတို့နောက်လိုက်ရင် အခန်းခက ပေးစရာမှမလိုတော့တာ”

“ဟားဟား…”

ဘိုင်ရှန်းသည် ရယ်မောလိုက်သော်လည်း ဘာမှမပြောပေ။

မူလျန်ရှင်သည် ရှောင်ချီအားကြည့်နေသည်။ သူမ စကားဆုံးသည်နှင့် သူ အပြင်ထွက်လာခဲ့သည်။

“ဒီမှာ ဒီမှာ ဒီမှာ လူပေလူတေ အဲမှာရပ်လိုက်” ရှောင်ချီသည် သူ့ကို အော်လေသည်။ သူ သူမကိုလျစ်လျူရှုသည်ကိုကြည့်ပြီး သူမ ခန္ဓာကိုယ် သည် လျှပ်တပြက်ပင် သူ့ရှေ့တွင် ပေါ်လာသည်။

“မင်း ရပ်လိုက်” ရှောင်ချီသည် လက်ကိုဆန့်တန်းကာ သူ့လမ်းကိုပိတ် ထားလိုက်သည်။

“မင်းဘာလိုချင်လို့လဲ” မူလျန်ရှင် သဘောမတွေ့လှသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“မင်းကိုငါနိုင်ရင် မင်းက ငါ့နောက်လိုက်မယ်လို့ သဘောတူခဲ့တယ်လေ အခုတော့ ကိုယ့်စကားကိုမတည်ချင်တော့ဘူးလား” ရှောင်ချီသည် လက်သီး ကိုဝေ့ရမ်းကာ ပြောလေသည် “မင်းကို သတိရအောင်လုပ်ပေးရမလား”

“ဖယ်”

“လူပေလူတေ မင်း စကားကိုမတည်တော့ဘူးလား” ရှောင်ချီ၏ အပြုံး မှာပျောက်သွားပြီး ဒေါသများနေရာယူလာသည်။

“တစ်ယောက်ယောက်ကတော့ အရိုက်ခံရတော့မယ်” ဖန်ခိုင်သည် မျက်လုံးကိုအုပ်လိုက်သည်။ ထို့နောက်တွင် ရိုက်သံများသည် သူ့နားထဲ သို့ဝင်လာလေသည်။

ဘိုင်ရှန်းသည် ပျာယာခတ်နေသည်။ ဒါတွေအကုန်လုံးက ပိုက်ဆံတွေ လေ။ ရှောင်ချီက ချိုးပစ်ရင် အဲဒါတွေကို သူမကပဲပြန်လျော်ရမယ်။

ရှီမာယူယူ အခန်းထဲမှထွက်လာချိန်တွင် မူလျန်ရှင်သည် ထပ်ပြီး သတိ မေ့သွားလေသည်။

“ရှောင်ချီ သူ့ကိုမေ့အောင်လုပ်လိုက်တာပေါ့၊ သူ့ကိုဘယ်လိုစကားပြော တော့မလဲ” သူမသည် ခေါင်းရမ်းလိုက်သည်။

“ဒီလူနဲ့ ရှောင်ချီညှိမယ်” ရှောင်ချီ ပြောလိုက်သည်။

“လုပ်နိုင်လို့လား”

“မစိုးရိမ်ပါနဲ့ နှစ်ရက်အတွင်းကို ပြီးမှာပါ” ရှောင်ချီသည် ယုံကြည်ချက် ရှိစွာဖြင့် ကြေညာလေသည်။

“ကောင်းပြီ သူ့ကိုမင်းကိုပဲ အပ်ထားလိုက်မယ်” ရှီမာယူယူ သဘောတူ လိုက်သည်။

“ယူယူ ရှောင်ချီ့ကိုဆေးပေး ဟိုဟာလေ လူတွေကိုနိုးလာပြီး ခန္ဓာကိုယ် အားပြည့်စေတဲ့ဟာ၊ များများလေးပေး” ရှောင်ချီ ပြောလေသည်။

ရှီမာယူယူသည် သူမအတွက် ဆေးများထုတ်ပြီးပေးလိုက်သည် “ညင်ညင်သာသာလုပ် သူ့ကိုမသတ်နဲ့”

“မသတ်ပါဘူး” ရှောင်ချီသည် ဆေးယူပြီးနောက် မူလျန်ရှင်ကို အပေါ် ထပ်သို့ခေါ်သွားလေသည်။

“မင်း ငါ့စားပွဲနဲ့ခုံတွေအတွက် မလျော်ပေးရသေးဘူး” ဘိုင်ရှန်းသည် ရှောင်ချီအား အော်လေသည်။

ရှောင်ချီ လှည့်ကြည့်ပြီး “တစ်ချက်လောက်စားချင်လို့လား”

“တစ်ချက်ဆိုရင် ရပြီလား” ဘိုင်ရှန်းမေးလေသည်။

“အဘိုးကို မြော့အောင်ထိရိုက်ပြီး ယူယူ့ဆီကနေဆေးတောင်းလိုက်ရင် တန်သွားပြီလေ” ရှောင်ချီ ပြန်ဖြေလေသည်။

“…”

သင့်တော်လိုက်တဲ့ အကြောင်းပြချက်။

ဘိုင်ရှန်းအကြောင်းမပြန်သည်ကိုကြည့်ပြီး ရှောင်ချီသည် မူလျန်ရှင်ကို သူမ အခန်းသို့ခေါ်သွားလေသည်။ သိပ်မကြာခင်တွင် ရိုက်သံများ ထပ်ထွက် လာသည်။

ကံကောင်းစွာပင် အခန်းမှာ ခိုင်ခံ့နေသေးသဖြင့် အဆောက်အဦးပြိုကျ မသွားပေ။

ရှီမာယူယူသည် ကောင်တာဆီသို့လျှောက်လာပြီး ကောင်တာပေါ်သို့ လက်တင်လိုက်သည်။ သူမသည် ဘိုင်ရှန်းအားကြည့်ပြီး “ကျွန်တော်နဲ့ အပေးအယူလုပ်ချင်လား”

“ဘာအပေးအယူလဲ”

“ကျွန်တော်အဘိုးကို အသက်ရှင်ဖို့နဲ့ လက်စားချေဖို့အခွင့်အရေးပေး မယ် အဘိုးက ကျွန်တော့်ကို အသက်အပ်ထားရုံပဲ…”

နေ့တစ်ဝက်ကြာသောအခါ ဖန်ခိုင်နှင့် ရှီချန်းတို့သည် တည်းခိုဆောင်၏ ခန်းမတွင်ထိုင်ကာ အပြင်မှ သတင်းများကိုစောင့်နေလေသည်။

“သူတို့ညှိနှိုင်းတာကို ဘယ်လိုထင်လဲ” ဖန်ခိုင် မေးလိုက်သည်။

“အဘိုးဘိုင်က ငါတို့နဲ့သွားမှာပါ” ရှီချန်းသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည် “သခင်လေးမှာ အဲလိုအရည်အချင်းရှိတယ်”

“ငါလည်းအဲလိုထင်တယ်၊ ဒါပေမဲ့ ဒီလောက်ကြာပြီ ဘာလှုပ်ရှားမှုမှ ကိုမရှိဘူး၊ အထဲကအခြေအနေဘယ်လိုလဲမသိဘူး”

“သူမက အဘိုးဘိုင်ကိုအဆိပ်ဖယ်ပေးနေတာ” ရှီချန်း ခန့်မှန်းလေ သည် “ဒါပေမဲ့ သူတို့ခဏနေမှထွက်မလာရင် သွေးလွှမ်းပြိုင်ပွဲသွားဖို့ နောက်ကျလိမ့်မယ်”

“ကျွီ”

အပေါ်ထပ်မှ တံခါးဖွင့်သံကြားလိုက်ရာ နှစ်ယောက်သား ကြည့်လိုက် ကြသည်။

ရှောင်ချီသည် ပျော်ရွှင်သောမျက်နှာဖြင့် ဆင်းလာကာ သူမအနောက် တွင် သွေးလျှံနေသောနှာခေါင်းနှင့် ဖူးယောင်နေသောမျက်နှာဖြင့် မူလျန်ရှင် လိုက်လာသည်။

မူလျန်ရှင်သည် ရှောင်ချီအား စိတ်မပါစွာကြည့်သော်လည်း သူမနောက် သို့ ကျိုးကျိုးနွံနွံပင်လိုက်လေသည်။

“သဘောတူပြီးပြီလား” ဖန်ခိုင်သည် မျက်ခုံးပင့်လိုက်သည်။

“ဒါပေါ့ ရှောင်ချီနဲ့ဆိုရင် အပေးအယူမဖြစ်စရာအကြောင်းမရှိဘူး” ရှောင်ချီသည် ဂုဏ်ယူစွာဖြင့် မေးမော့လေသည်။

“မူလျန်ရှင် မင်း ငါတို့်နဲ့တကယ်ပဲ လိုက်ချင်လား” ရှီချန်း မေးလိုက် သည်။

“မင်းတို့နဲ့လိုက်မှာ သူမကို နိုင်မဲ့အခွင့်အရေးရှိမှာလေ” မူလျန်ရှင် ပြန် ဖြေလေသည်။

“ဒီရည်မှန်းချက်ကကောင်းတယ် ကြိုးစားရင် တစ်နေ့တော့ သူမကို မင်း နိုင်မှာပါ” ဖန်ခိုင်သည် မတတ်သာပဲရယ်လိုက်သည်။

“ငါ သူမကိုနိုင်မှာ” မူလျန်ရှင်သည် သေချာစွာပြောလေသည်။

“ငါစောင့်နေမယ်” ရှောင်ချီ သွားဖြဲလေသည် “ငါပြောတာက မင်း ငါ့ကို နိုင်ရင် မင်းကို အတင်းအကြပ်မနေခိုင်းတော့ဘူး အဲအချိန်ကျရင် မင်း လွတ်လပ်သွားပြီ”

မူလျန်ရှင်သည် မျက်မှောင်ကြုတ်ကာ ရှောင်ချီအား တိုက်ခိုက်လိုသည့် အကြည့်ဖြင့်ကြည့်လေသည်။

“ကျွီ…”

တံခါးဖွင့်သံ ထပ်ထွက်လာသည်။ ပြောစရာပင်မလိုပေ.. ယူယူနှင့် ဘိုင်ရှန်းတို့ဖြစ်ကြသည်။

ရှီမာယူယူ ထိုစကားများပြောပြီးနောက်တွင် သူတို့နှစ်ယောက်သည် အခန်းထဲတွင် စကားပြောကာ အခုထွက်လာခြင်းဖြစ်သည်။

ရှီချန်းတို့သည် ကြည့်လိုက်ပြီး ရှီမာယူယူ ရလဒ်ကိုကြေညာမည်ကို စောင့်နေကြသည်။

ရှီမာယူယူနှင့် ဘိုင်ရှန်းတို့သည် လှေကားမှဆင်းလာကာ “သွားမယ် သွေးလွှမ်းပြိုင်ပွဲကိုသွားရဦးမယ်”

“သခင်လေး အဘိုးဘိုင် နှစ်ယောက်လုံး သဘောတူလိုက်ပြီလား” ဖန်ခိုင်မေးလေသည်။

“အင်း ဟုတ်တယ် ကျွန်တော်တို့ထွက်မသွားခင် သူ့ကိုအဆိပ်ဖြေပေး မယ်၊ သူ ကျွန်တော်တို့နဲ့လိုက်လိမ့်မယ် နောက်ဆိုရင် ခင်ဗျားတို့လိုပဲ မဟာမိတ်ဖြစ်သွားပြီ” ရှီမာယူယူသည် သူတို့ပြောခဲ့သည့်အကြောင်းအရာ များကို ထုတ်ဖော်မပြောပေ။

အခြေအနေအားစဉ်းစားကြည့်ပြီး ရှီမာယူယူသည် စိတ်ထဲမှ သက်ပြင်း လိုက်သည်။ အနာဂတ်လျှောက်ရမည့်လမ်းမှာ လွယ်ကူမည်မဟုတ်သဖြင့် သက်ပြင်းချမိသည်။

သို့သော် ဘိုင်ရှန်းသည် အမှန်တကယ်ပင် အားကောင်းသည်။ သူမ သည် ထိုလူကိုခေါ်လာနိုင်လေပြီ။

“သွားမယ်၊ မကြာခင်ကို သွေးလွှမ်းပြိုင်ပွဲဖွင့်တော့မယ်၊ ဒီနေ့ညတော့ သွေးလွှမ်းပြိုင်ပွဲရဲ့ အမှတ်တရတွေက တစ်သက်လုံးဖြစ်သွားမယ်လို့ ယုံတယ် ….”

***

All Chapters