← Chapters

သူမစည်းမျဉ်းများ

Vol. 010 Ch. 944

သူမစည်းမျဉ်းများ

Vol. 010 Ch. 944

ရှီမာယူယူနှင့် သူမတို့အဖွဲ့ သွေးလွှမ်းပြိုင်ပွဲသို့ပြန်ရောက်လာချိန်တွင် အားလုံး၏ အကြည့်များသည် သူတို့အပေါ်ရှိနေကြသည်။

“အဲလူတွေက မနေ့ညကလူတွေလား”

“ဟုတ်တယ်” လူတစ်ယောက်သည် အတိအကျပင်ပြန်ဖြေလေသည် “တခြားသူတွေကိုမမှတ်မိပေမဲ့ ဒီမိန်းကလေးက မူလျန်ရှင်ကို ပြန်မတိုက်နိုင် အောင်ရိုက်ခဲ့တဲ့ ကောင်မလေးပဲ”

“သူတို့တကယ်ရောက်လာပြီ”

“ဟီးဟီး သူတို့တင်မဟုတ်ဘူး ဒီနေ့ သီးသန့်နေတဲ့တခြားကျွမ်းကျင်သူ တွေလည်း ပေါ်လာတယ်၊ ဒီနေ့ပြိုင်ပွဲကတော့ အရမ်းစိတ်ဝင်စားစရာကောင်း နေပြီ”

“ငါတော့အရမ်းမျှော်လင့်နေပြီ”

“သူတို့ဝင်သွားရင် ငါတို့လည်းဝင်ရအောင်”

“လာခဲ့ ပွဲသွားကြည့်ကြမယ်”

ဧည့်ကြိုသည်မှာ မနေ့က တာဝန်ခံပင်ဖြစ်ကာ သီးသန့်အခန်းမှာလည်း အတူတူပင်။

“ဒီနေ့ကို တကယ်ပဲ လူများတာပဲ” ရှီချန်းသည် ရင်းနှီးသောမျက်နှာများ ကို တွေ့သဖြင့် ပြောလိုက်သည် “ငါတို့ဒီရောက်တော့ ၁၀ချီဘုရင်တော်တော် များများလည်းရှိနေပြီ၊ ၁၇ချီဘုရင်တောင်ရှိနေတယ်၊ ကြည့်ရတာ ဒီနေ့ည တော့ မွှေနှောက်ရှာဖို့ လွယ်မယ်မထင်ဘူး”

ရှီမာယူယူသည် မနေ့ကမှီကြည့်ခဲ့သည့်ပြတင်းပေါက်မှာပင် လှဲလှောင်း ကာ ထိုလူများ၏လက်မှ လက်ပတ်ကိုကြည့်ပြီး သူတို့၏အားကို တွက်ချက်နေ သည်။

“တကယ်ပဲ ကျွမ်းကျင်သူများတာပဲ” ရှီမာယူယူ ပြောလိုက်သည်။ “ဒါပေမဲ့ တိုက်ပွဲတွေရှိတယ်ဆိုတာက မဖြစ်မနေအားအပေါ်မူတည်တာတော့ မဟုတ်ဘူး၊ နည်းနည်းလေးအားစိုက်ပြီး အောင်မြင်တယ်ဆိုမှပဲ တိုက်ပွဲ စွမ်းရည်အမြင့်ဆုံးရောက်တာပဲ”

ဘိုင်ရှန်းသည် ရှီမာယူယူ၏ မျက်လုံးထဲမှယုံကြည်ချက်ကိုကြည့်ကာ အချိန်ကြာအောင် သူနှင့်တိုက်ခဲ့သည့်မြင်ကွင်းကိုပြန်မြင်ယောင်ကြည့်လေ သည်။ သူသည် အားကိုဖိနှိပ်ခဲ့သော်လည်း နောက်ဆုံးတွင် အကျိုးအမြတ်မရ ခဲ့ပေ။ ထို့အပြင် သူသည် အားအပြည့်သုံးခဲ့ခြင်းမဟုတ်ပေ။

ထို့အပြင် သူတို့နှစ်ယောက်တိုက်ခိုက်စဉ်က သူသည် အားကောင်း သောအကွက်များကိုထုတ်သုံးခဲ့ကာ သူမသည် အလွယ်တကူပင် အေးဆေး တည်ငြိမ်စွာ ဖြေရှင်းခဲ့သည်။

“ငါတို့တစ်ရက်လောက် နောက်ထပ်တိုက်ကြတာပေါ့ ဘယ်လိုလဲ”

“ကောင်းပါပြီ” ရှီမာယူယူသည်လည်း သူနှင့် တိုက်ပွဲကောင်းကောင်း တိုက်ချင်သည်။ အကြောင်းမှာ သူနှင့်တိုက်ခြင်းသည် အတွေ့အကြုံအသစ် များကို သင်ယူခွင့်ရသည်။

“ယူယူ ဒီနေ့ညကိုရှောင်ချီတက်သွားရမလား” ရှောင်ချီသည် သိမ်းငှက် အကြည့်ဖြင့်ကြည့်ကာ လက်သီးဆုပ်လေသည်။

“မသွားရဘူး” ရှီမာယူယူသည် အောက်မှလူများကိုကြည့်ကာ ပြန်ဖြေ လေသည် “ဒီနေ့ ငါသွားမယ်”

“ကောင်းပြီ ဒါဆိုရင် မနက်ဖြန်ကိုရှောင်ချီ့အလှည့်ပဲ” ရှီမာယူယူသည် အမြဲမှန်ကန်သည်ကိုလုပ်ခဲ့သည့်အတွက် ရှောင်ချီသည် ထိုအကြောင်းအရာ နှင့်ပတ်သတ်ပြီး ဒေါသမထွက်ခဲ့ပေ။

သူတို့သည် ကျွမ်းကျင်သူများ ပြိုင်ပွဲနေရာ သို့ပိုပိုရောက်လာသည်အထိ အချိန်ကြာအောင်စောင့်ပြီး ဝင်လိုက်သည်။ အားလုံးသည် သူတို့ကို တညီတညွှတ်တည်းကြည့်ကြလေသည်။

“အဲလူတွေက ငါတို့အတွက်လာကြတာထင်တယ်” ဖန်ခုင်သည် ထိုအချက်ကိုသတိထားမိပြီး ပြုံးရင်းနှင့် ပြောလေသည်။

“ပိုပြီးအတိအကျပြောရမယ်ဆိုရင် သူတို့ကရှောင်ချီအတွက်လာကြတာ ပဲ” ရှီချန်း ထောက်ပြလေသည် “ဒါပေမဲ့ ဒီနေ့တက်မဲ့သူကရှီမာယူယူဆိုတာ ကို သူတို့သိရင် ဘယ်လိုဖြစ်သွားမလဲ”

“အစတော့ သူတို့စိတ်ပျက်ကြမှာပေါ့၊ နောက်မှ အံ့သြကြလိမ့်မယ်” ဖန်ခိုင်သည် သူတို့၏ အမူအရာကိုစိတ်ထဲမှ ပုံဖော်ပြီးနေပြီ။

“သခင်လေးက အကုန်လုံးကိုဖိနှိပ်ဖို့အတွက် သူမရဲ့ အရည်အချင်းကို သုံးမှာပဲ၊ အဲအခါကျမှ အဲလူတွေ….”

ရှီချန်း၏ စကးမဆုံးခင်တွင် ဒီနေ့ပြိုင်ပွဲတရားဝင်စတင်ပြီဟု အချက်ပေး သည့် အသံထွက်လာသည်။

အနက်ရောင်ဗြောင်အထည်ကို ဝင်ဆင်ထားသော လူတစ်ယောက် သည် စင်ပေါ်သို့တက်လာကာ ရှီမာယူယူ၏ သီးသန့်အခန်းရှိရာဘက်သို့ အော်လေသည် “မနေ့က အဲဒီမိန်းကလေး ငါနဲ့တိုက်ဖို့ ဆင်းလာမလား”

ရှောင်ချီသည် ပြတင်းပေါက်ကိုမှီရင်း လူတစ်ယောက်မှ သူမနာမည်ကို ခေါ်လိုက်သည်ကို ကြားသောအခါ ခေါင်းရမ်းပြီး ပြောလိုက်သည် “ဒီနေ့ည ငါ မလာဘူး ငါတို့ရဲ့ ယူယူတက်လာလိမ့်မယ်”

ဝင်မပါဘူးလား။ သူက ဒီနေ့ညလာတာ အလကားဖြစ်သွားမှာပေါ့။

ရှီမာယူယူသည် ခြေထောက်ကာ ပြင်တင်းပေါက်မှ စင်ပေါ်သို့ပျံထွက် လိုက်သည် “ဒီနေ့ည အကုန်လုံးရဲ့စိန်ခေါ်တာကို ငါလက်ခံမယ်”

“မင်းလား မင်းက သူမရဲ့အစေခံလား” ထိုလူသသည် ရှီမာယူယူအား ကြည့်လိုက်သည်။ အားနည်းတဲ့လူငယ်လေးတစ်ယောက်က ဘယ်ချီလောက် ခံနိုင်မှာမို့လို့လဲ။

“မင်းညီမကသာ အစေခံ၊ သူက ငါ့အစ်ကိုပဲ” ရှောင်ချီ အော်လေသည်။

ထိုလူသည် မယဉ်ကျေးသောအပြုအမူနှင့် ပခုံးတွန့်ကာ ပြောလေသည် “ငါက မင်းနဲ့ပဲတိုက်ချင်တာ တခြားသူတွေကို စိတ်မဝင်စားဘူး၊ ဒါပေမဲ့ သူက စင်ပေါ်ကိုရောက်နေပြီးသားဆိုတော့ ရွေးစရာမရှိတော့ပဲ တိုက်ရတော့မှာပေါ့ မိန်းကလေး ငါသူ့ကိုနိုင်ရင် မင်းဆင်းလာပြီး ငါနဲ့လိုက်မလား”

“ယူယူ့ကိုအရင်နိုင်တဲ့အထိ စောင့်လိုက်” ရှောင်ချီသည် သူ့စကားများ ကို စိတ်ထဲမထားပေ။

“ကျေးဇူးပြုပြီးတော့” ထိုလူသည် အစကတည်းက သူ့နာမည်ကို ထုတ်ဖော်ပြောရန် အစီအစဉ်အရှိပေ။

ရှီမာယူယူသည် ထိုလူ၏ အထင်သေးသော အပြုအမူကိုစိတ်ထဲမထား ပဲ ပြောလိုက်သည် “ပြိုင်ပွဲမစခင်ကို ကျွန်တော်ပြောစရာရှိတယ်”

“အေးဆေးပေါ့၊ ငါမင်းကို ကိုယ်အင်္ဂါချို့တဲ့အောင်မလုပ်ပါဘူး၊ ငါ မင်းကို ဆိုးဆိုးရွားရွားရိုက်လိုက်မိရင် သူမက ငါနဲ့ မတိုက်ရင် ဘယ်လိုလုပ်မလဲ”

ရှီမာယူယူသည် ပြုံးပြီးခေါင်းရမ်းလိုက်သည် “ကျွန်တော်ပြောချင်တာ အဲဒါမဟုတ်ဘူး”

“ဒါဆို ဘာလဲ”

ရှီမာယူယူသည် လှည့်ပတ်ကြည့်ပြီး ပြောလိုက်သည် “ကျွန်တော်က ရှီမာယူယူ ဒီကိုလာတာ လာရှာဖို့ပဲ”

“လူရှာဖို့ဟုတ်လား”

“ဟုတ်တယ် ကျွန်တော့်နောက်ကိုလိုက်ချင်တဲ့သူတွေ” ရှီမာယူယူ ပြော လိုက်သည် “လက်ပတ်၁၀ခုနဲ့အထက် ကျွန်တော့်ကိုနိုင်ရင် ထိပ်တန်းအဆင့် ကျောက် ၁ထောင်ပေးမယ်၊ ရှုံးရင်တော့ ခင်ဗျားတို့ ရင်ထဲကနေကိုပါပြီး ကျွန်တော့်နောက်လိုက်ရမယ်”

“ဟားဟားဟား…”

ပွဲကြည့်သူများသည် သူမစကားကိုကြားပြီးနောက်တွင် ရယ်မောကြ လေသည်။

“ဒါက ငါသွေးမိစ္ဆာမြို့မှာနေနေတဲ့ကာလပတ်လုံးမှာ ကြားဖူးတဲ့ အရယ်ရဆုံးဟာသပဲ”

“အဲဒါပြောတာ ဒီလူရဲ့ခေါင်းကတစ်ခုခုများမှားနေသလား၊ သေချာတာ တော့ သူတစ်ခုခုနဲ့တိုက်မိပြီး ရူးသွားတာထင်တယ်”

“သူက အရိုက်မှမခံရသေးတာ ဘယ်လိုလုပ်ရူးမှာလဲ”

“…..”

ရှီမာယူယူသည် ထိုလူများ၏ တုန့်ပြန်မှုကိုမြင်သောအခါ စိတ်မဆိုး သည့်အပြင် ပြုံးပြီးစကားဆက်ပြောလေသည် “ကျွန်တော့်ကမ်းလှမ်းချက် နှစ်ခုကို လိုက်နာမဲ့သူတွေတက်ခဲ့လို့ရတယ်၊ ဒါပေမဲ့ အဲလူကရှုံးသွားပြီး ကျွန်တော့်နောက်မလိုက်ချင်ဘူးဆိုရင် ငရဲကိုတိုက်ရိုက်ပို့ပေးမယ်”

သူမ၏ စကားလုံးများသည် နူးညံ့သော်လည်း သွေးညှီနံ့ကိုရလိုက်လေ သည်။

“ငါတို့က မင်းနောက်ကိုဘာလို့လိုက်ရမှာလဲ” လူတစ်ယောက်သည် သံသယဖြင့် အော်လေသည်။

“ဟုတ်တယ် ပြိုင်ပွဲတစ်ခုပဲလေ၊ မင်းက ငါတို့ကိုမင်းနောက်လိုက်စေချင် နေတယ်၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ကျွန်တော့်နောက်လိုက်ရင် ခင်ဗျားတို့အလိုရှိတာကို ပေးမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဟားဟား… မင်းတို့ ကလေးနှစ်ကောင်တော့ ဘယ်လိုလုပ် ငါတို့က မင်းကိုရှုံးမှာလဲ၊ ဒါပေမဲ့ မင်းပေးမဲ့ ထိပ်တန်းအဆင့်ကျောက်ကိုတော့ စိတ်ဝင် စားတယ်”

“ငါရောပဲ သူ့စကားတည်မယ်ဆိုရင် ငါတော့ ထိပ်တန်းအဆင့်ကျောက် ရအောင်လုပ်ရမှာပဲ”

ရှီမာယူယူသည် စင်ပေါ်တက်ကာ လက်ဝေ့လိုက်သည်နှင့် သူမဘေး တွင် ထိပ်တန်းအဆင့်ကျောက်တစ်ထောင်ပေါ်လာသည်။ သူမသည် လူများ ကို လှည့်ပတ်ကြည့်ကာ ပြောလိုက်သည် “ကျောက်တွေကတော့ ရောက်နေ ပြီ လိုချင်ရင်တက်ခဲ့လေ ဒါပေမဲ့ မတက်ခင်ကို သေချာစဉ်းစားသင့်တယ် ဒီ ကျောက်တွေက ကျွန်တော့်ဟာတွေပဲ ရဖို့မလွယ်ဘူး”

“ဟားဟား ငါ့ကံကကောင်းတဲ့ပုံပဲ” စင်ပေါ်မှလူသည် ရယ်မောလေ သည်။

ရှီမာယူယူသည် သူ့ကိုကြည့်ပြီး ပြောလိုက်သည် “၁၀ချီဘုရင် ကျွန်တော့်သတ်မှတ်ချက်နဲ့ ကိုက်ညီရုံလေးတင်ပဲ”

“ခဏလေး” မိန်းကလေးဆန်သော လူတစ်ယောက်သည် ရှီမာယူယူ၏ စကားကိုဖြတ်ပြောလိုက်သည် “မင်းရဲ့ ကျောက်တစ်ထောင်ကို သူယူသွားရင် နောက်ကို ပျော်စရာဘယ်ရှိတော့မလဲ”

ဒီလူသာနိုင်သွားရင် နောက်လူက ထိပ်တန်းအဆင့်ကျောက်တစ် ထောင်ကို ရတော့မှာမဟုတ်ဘူးပဲ။ အဲလိုဆိုရင် တခြားသူတွေက ဘာလို့နေ နေဦးမှာလဲ။

“အဲဒါအတွက် စိတ်ပူဖို့မလိုပါဘူး” ရှီမာယူယူ လက်ဝေ့ရမ်းကာ နောက် ထပ် ကျောက်တစ်ထောင်ကို ပြသလိုက်သည်။ “ဒီလိုကျောက်တွေ အများကြီး ရှိတယ်၊ ခင်ဗျားတို့လိုချင်ရင် တက်လာပြီးယူလိုက်”

“စကြမယ်” ထိုလူသည် နှုတ်ခမ်းတွန့်ကာ မျက်လုံးများသည် ကျောက် များကို အရည်လဲ့စွာကြည့်လေသည်။

“အရင်ရှင်းအောင်လုပ်ကြတာပေါ့၊ ခင်ဗျားရှုံးရင် ကျွန်တော့်နောက် လိုက်ရမယ်၊ ပြီးတော့ ကျွန်တော့်ကိုသခင်တစ်ယောက်အနေနဲ့ သတ်မှတ်ရ မယ်နော်”

“မင်းနိုင်ပြီးမှပြော” ထိုလူသည် စကားဆုံးသည်နှင့် မစောင့်နိုင်တော့ပဲ ရှီမာယူယူဆီသို့ ပြေးလေသည်။

သွေးလွှမ်းပြိုင်ပွဲ၏စင်အနောက်ရှိ အိမ်မှ တာဝန်ခံတချို့သည် ပင်မခုံ တွင်ထိုင်နေသော လူအိုကြီးကိုကြည့်ပြီး မေးလိုက်သည် “သခင်၃ ဒါကို ထိန်းချုပ်သင့်သလား”

ထိုသခင်၃သည် လက်ထဲတွင် အလုံးသေး၂လုံးဖြင့် ကစားကာ တိုးညှင်း စွာပြောလေသည် “စင်ပေါ်ကပြောနေတယ်ဆိုတော့ ငါတို့နှောင့်ယှက်ဖို့မလို ဘူး၊ သူတို့ကြိုက်သလိုကစားခွင့်ပေးလိုက်”

“ဟုတ်ကဲ့ပါ….”

***

All Chapters