တပ်သားစုဆောင်းခြင်း (၁)
Vol. 010 Ch. 945
၁၀ချီဘုရင်.. ရှီမာယူယူ၏ မျက်လုံးထဲတွင် သူသည် အမှန်တကယ်ပင် အဆင့်မမှီပေ။ သူ ဖူးယောင်ကာကြမ်းပေါ်လှဲသွားရန် အချီအနည်းငယ်သာ ကြာလိုက်သည်။
ရှီမာယူယူသည် သူ့အပေါ်ဖိပြီးမေးလိုက်သည် “အခု ပြောတော့ ကျွန်တော့်နောက်ကိုလိုက်မှာလား”
“မဖြစ်နိုင်ဘူး” ထိုလူသည် တွေဝေခြင်းမရှိပဲ သူမကိုတိုက်ရိုက်ပင် ငြင်းဆန်လိုက်သည် “သွေးလွှမ်းပြိုင်ပွဲမှာ ငါရှုံးမယ်ဆိုရင် မင်းနောက်လိုက်ရ မယ်ဆိုတဲ့ စည်းမျဉ်းမရှိဘူး”
“သေချာရဲ့လား” ရှီမာယူယူ မေးခွန်းထုတ်လေသည်။
“အင်း”
“ကျွန်တော်ခုနကပြောခဲ့တာမှတ်မိလား ကျွန်တော့်စည်းမျဉ်းအရ နိုင်ရင် ကျောက်တွေကိုလက်ခံလို့ရတယ်၊ ရှုံးရင် ကျွန်တော့်နောက်လိုက်ရမယ်၊ မလိုက်ချင်ဘူးဆိုရင် ခင်ဗျား…”
သူမ လက်များသည် ထိုလူ၏နားထင်ကိုကိုင်ပြီး တစ်ဖက်လှည့်လိုက်ရာ ချွတ်ခနဲမြည်သံနှင့်အတူ ထိုလူ၏ လည်ပင်းသည် ကျိုးသွားလေသည်။
ရှီမာယူယူ မတ်တတ်ရပ်ကာ ထိုလူ၏ အလောင်းကိုကန်ပြီး စင်အောက် ဆင်းလိုက်သည်။
သွေးလွှမ်းပြိုင်ပွဲတစ်ခုလုံးသည် တိတ်ဆိတ်သွားကြသည်။ ရှီမာယူယူ သည် ၁၀ချီဘုရင်ကိုတွေဝေခြင်းမရှိ သတ်ပစ်လိမ့်မည်ဟု သူတို့မထင်ထား ကြပေ။
သူမ စကားများသည် နောက်နေသည့်ပုံမဟုတ်ပေ။
“ဒီကိုဘယ်သူတက်လာချင်သေးလဲ” ရှီမာယူယူသည် စင်အောက်မှလူ များကိုကြည့်ပြီးမေးခွန်းမေးလေသည်။
စင်အောက်မှလူများသည် သွေးလွှမ်းပြိုင်ပွဲမှလူကြီးတစ်ယောက် ယောက် ပေါ်လာမည့်အချိန်ကို စောင့်နေကြသည်။ သူမနည်းလမ်းနှင့် သွေး လွှမ်းပြိုင်ပွဲ၏ အကျိုးအမြတ်တို့သည် ဆန့်ကျင်နေသည်။ သူတို့သည် သူမ၏ နည်းလမ်းများကို သည်းမခံနိုင်ပေ။
သို့သော် ၂မိနစ်စောင့်ပြီးနောက်တွင် သွေးလွှမ်းပြိုင်ပွဲမှ တာဝန်ရှိသူများ တက်မလာသောကြောင့် ဒီကိစ္စကို သူတို့ဂရုမစိုက်ကြောင်းကို လူထုသည် နားလည်သွားကြသည်။
“ငါသွားမယ်” တုတ်ခိုင်သောလူတစ်ယောက်သည် ခုန်တက်လာကာ ရှီမာယူယူသည် သူ့လက်မှ လက်ပတ်ကိုရေတွက်ကြည့်လိုက်သည်။
၁၀ခု..၁၀ချီဘုရင်ပဲ
“ဟူယန်း နာမည်ပြောင်မုတ်ဆိတ်ကြီး၊ မင်းရဲ့လက်စွမ်းကိုစမ်းကြည့် ချင်တယ်” ဟူယန်း ပြောလေသည်။
“ကျွန်တော့်စည်းမျဉ်းကို အသိအမှတ်ပြုလား” ရှီမာယူူယူ မေးခွန်းထုတ် လိုက်သည်။
“အသိအမှတ်ပြုတယ် ဒါပေမဲ့ မေးစရာရှိတယ်” ဟူယန်း ပြန်ဖြေလေ သည်။
“မေးပါ”
“မင်းက သွေးမိစ္ဆာမြို့ကမဟုတ်ဘူးမလား”
“မဟုတ်ဘူး”
“ငါ မင်းနောက်လိုက်ရင် သွေးမိစ္ဆာမြို့တော်က ထွက်သွားရမှာလား”
“ဟုတ်တယ်”
“ဒီမှာရှိတဲ့ငါတို့အကုန်လုံးက အပြင်မှာရန်သူတွေရှိကြတယ်၊ မင်း နောက်လိုက်ပြီး အပြင်ထွက်မယ်ဆိုရင် ငါတို့ရဲ့လုံခြုံရေးကို မင်းအာမခံနိုင် လား”
“ဒါကတော့ ခင်ဗျားတို့လုပ်ဆောင်မှုအပေါ်မူတည်သေးတယ်၊ ကျွန်တော့် အမိန့်ကိုနာခံမယ်ဆိုရင် ခင်ဗျားအသက်ကိုစိုးရိမ်စရာမလိုဘူး” ရှီမာယူယူ ပြန်ဖြေလေသည် “အတိအကျပြောရမယ်ဆိုရင်တော့ ကျွန်တော့် နောက်လိုက်တဲ့သူတွေက ပိုသိလိမ့်မယ် အဲလောက်ဆို လုံလောက်ပြီလား”
“အင်း လာခဲ့”
ဟူယန်းသည် လက်ထဲတွင် ပုဆိန်ကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ရှီမာယူယူဆီသို့ပြေးဝင်လေသည်။ သူ လူကောင်ကြီးတာနဲ့ မတွက်လိုက်လေ နဲ့။ သူ့လှုပ်ရှားမှုတွေက အသက်ဝင်ပြီး ရှီမာယူယူဆီဝင်လာသော တိုက်ခိုက်မှု မှာ ရှင်းလင်းမြန်ဆန်ကာ ကြောက်မက်ဖွယ်ကောင်းသည်။
ရှီမာယူယူသည် ဘာလက်နက်မှမသုံးပဲနှင့် လက်သီးသက်သက်သာ ပါဝင်ကာ ပုဆိန် သူမဆီသို့ဝင်လာသောအကြိမ်တိုင်းတွင် သူမသည် လွယ်ကူ စွာပင် ရှောင်နိုင်လေသည်။
“ဟင်း” ဟူယန်းသည် အခွင့်အရေးတစ်ခုကို အမိအရဆုပ်ကိုင်ကာ ရှီမာယူယူ၏ ခေါင်းဆီသို့ ပုဆိန်မိုးရွာချရာ သူမသည် ထက်ဝက်ပိုင်းသွားမလို ဖြစ်လေသည်။ ရှီမာယူယူသည် ဒူးတစ်ဖက်ထောက်ချကာ လက်နှင့် ပုဆိန် အသွားကို ကိုင်ထားရာ ပုဆိန်သည် သူမခေါင်းနှင့် စင်တီမီတာအနည်းငယ် သာဝေးလေသည်။
ဟူယန်းသည် ပုဆိန်ကိုဖိရန်ကြိုးစားသော်လည်း ရှီမာယူယူသည် ပုဆိန် ကိုမြဲမြဲကိုင်ထားသဖြင့် ထပ်ပြီးမတွန်းနိုင်ပေ။
“ဟား”
သူမသည် ပုဆိန်ကိုတစ်ဖက်သို့တွန်းလိုက်ပြီး လက်ဖဝါးမှအားဖြင့် မိုး ပေါ်သို့ပျံတက်ကာ ဟူယန်း၏ခေါင်းကို ကန်လိုက်လေသည်။
ဟူယန်းသည် ရှီမာယူယူ၏ သန်မာသောကန်ချက်ကို လေမှတစ်ဆင့် ခံစားမိပြီး မတတ်သာပဲ နောက်ပြန်ဆုတ်ရာ တစ်ချိန်တည်းမှာပင် ပုဆိန် လည်းနောက်ဆုတ်သွားလေသည်။
“လှလိုက်တဲ့ ပြန်တိုက်ကွက်ပဲ”
အောက်မှလူအားလုံးသည် အားပေးကြလေသည်။
ရှီမာယူယူသည် ပုဆိန်ကိုရှောင်ပြီးနောက် တိုက်ခိုက်ရန်အခွင့်အရေးယူ လိုက်ပြီး ထိုလူ၏ဘေးသို့ရောက်သောအခါ သူမ၏ ဘယ်လက်လက်သည် သူ ၏လက်မောင်းကို ဆုပ်ကိုင်ကာ တစ်ချိန်တည်းမှာပင် သူမ၏ ညာလက်သည် သူ့ခါးအပေါ်ပိုင်းသို့ အနည်းငယ် ရိုက်လိုက်လေသည်။ သူ့လက်သည် ထုံသွား ကာ ပုဆိန်သည် မြေပေါ်သို့ကျသွားလေသည်။
“အား…”
ရှီမာယူယူသည် အခွင့်အရေးယူကာ သူ့လက်ကိုချုပ်ထားရာ သူ့လက်ဖဝါးသည် အနောက်ဘက်တွင် တွန်းခံရလေသည်။ ဟူယန်းသည် ညာလက်ဖြင့်ပြန်တိုက်ခိုက်လိုသော်လည်း သူ မလှုပ်ရသေးခင်မှာပင် မိသွား ကာ အနောက်မှာပင် ပြန်အချုပ်ခံရလေသည်။
ဟူယန်း၏ လက်များသည် ရုန်းကန်သော်လည်း ထုတ်မရတော့သည်ကို သူ သိသွားလေသည်။ ရှီမာယူယူသည် လူကောင်သေးပုံပေါ်သော်လည်း သူမ၏ အားသည် အံ့သြစရာကောင်းလောက်အောင် ကြီးမားသည်။
ရှီမာယူယူသည် ဟူယန်း၏ ဒူးကောက်ကွေးနေရာသို့ ကန်လိုက်ရာ သူ သည် မြေပေါ်သို့ဒူးထောက်သွားလေသည်။ သူ မည်မျှပင် ရုန်းစေကာမူ ထိုချုပ်တည်းမှုအောက်မှ မလွတ်နိုင်ပေ။
သူ၏ လက်နက်သည် မြေပေါ်ကျနေကာ ခန္ဓာကိုယ်သည် လှုပ်မရ သဖြင့် ထိုပြိုင်ပွဲ၏ရလဒ်သည် ထင်ရှားနေသည်။
“ခင်ဗျားရှုံးသွားပြီ” ရှီမာယူယူသည် လက်တစ်ဖက်ကိုလွှတ်ပေးလိုက်ပြီး သူ့ခေါင်းကိုဆုပ်ကိုင်လိုက်သည်။ နည်းနည်းလောက်အားထည့်လိုက်ပါက သူ သည် သေလူဖြစ်သွားမည်။
ဟူယန်းသည် ခေါင်းမှအားကိုခံစားမိကာ ညှိနှိုင်းလို့မရရန်သိကာ အရှုံးကိုဝန်ခံရလေသည်။
“မင်းနိုင်ပါတယ် အခုချိန်ကစပြီး မင်းနောက်ကို ငါလိုက်မယ်”
“မတ်တတ်ရပ်လိုက်တော့” ရှီမာယူယူသည် သူ့ကိုလွှတ်ပေးလိုက်ပြီး ပုဆိန်ကိုကောက်ကာ သူ့ဆီသို့ပစ်ပေးရင်း ပြုံးပြီးပြောလေသည် “အောက်မှာ ခဏလောက်စောင့်ပေး”
ဟူယန်းသည် ဘေးမှကျောက်များကို နောင်တရစွာဖြင့်ကြည့်မိလေ သည်။ သူသာ ဒီကျောက်တွေကို မမက်ခဲ့ရင်…
သို့သော် ဒီကမ္ဘာပေါ်တွင် နောင်တအတွက်ဆေးမရှိသဖြင့် ရလဒ်ကို သာ လက်ခံရတော့မည်။
ရှီမာယူယူသည် အောက်မှတခြားလူများကိုကြည့်ကာ မေးလေသည် “တက်လာချင်တဲ့သူများရှိဦးမလား…”
၂နာရီကြာပြီးနောက်တွင် စင်ဘေးတွင် ရှီမာယူယူကို အရှုံးပေး လိုက်ရသော်လည်း သူမနောက်မလိုက်လိုသော အလောင်း၃လောင်းထပ် ပေါ်လာသည်။
ဟူယန်းဘေးတွင် ဘာရပ်သောလူများစွာရှိလာသည်။
သွေးလွှမ်းပြိုင်ပွဲ၏ တာဝန်ခံသည် ဘေးတွင်ရပ်ကာ ရှီမာယူယူကို ကြည့်ပြီး ပြောလေသည် “သခင်၃ သူက စည်းမျဉ်းတွေကို မလိုက်နာဘူး၊ အဲ ၃ယောက်ကိုသတ်တဲ့အပြင် တခြားသူတွေလည်း သွေးလက္ခဏာမပြဘူး”
“ကိစ္စမရှိဘူး” သခင်၃သည် ထူးခြားစွာ ပြန်ဖြေလေသည်။
အခုသွေးမထွက်ပေမဲ့ နောက်ထွက်မှာပဲ၊ သွေးတွေအများကြီးရှိသေး တယ်။
“ငါ့အလှည့်ပဲ”
နောက်တစ်ယောက်သည် စင်ပေါ်ခုန်တက်လာသည်။
“၁၇ချီဘုရင်ပဲ” ရှီမာယူူယူသည် သူ့လက်မှ လက်ပတ်ကိုကြည့်လိုက် သည်။
“ဝမ်မုံ့ မင်းအကြံအတိုင်းလက်ခံမယ်” ဝမ်မုံ့စကားဆုံးသည်နှင့် သူ့လက် များသည် ဓားသွားသဖွယ်ပြောင်းသွားကာ ရှီမာယူယူဆီသို့ ပြေးဝင်လေ သည်။
လေကဲ့သို့လှုပ်ရှားခြင်း… ထိုစကားစုသည် ဝမ်မုံ့ကိုဖော်ပြရာတွင် အလွန်သင့်တော်သည်။ သူ၏ လှုပ်ရှားမငဥည် လေထက်ပင်မြန်ဆန်ကာ သူ လျှပ်တပြက်သွားလိုက်ပြီးနောက်တွင် ကြည့်ရှုသူများသည် သူ၏ အရိပ်ကို သာမြင်ရလေသည်။
သို့သော် ရှီမာယူယူသည် သူ၏တိုက်ခိုက်မှုကို အတိအကျပင်ရှောင်နိုင် သည်။ မိနစ်အနည်းငယ်အကြာတွင် သူမသည် သူ့လှုပ်ရှားမှုစနစ်ကို တွေ့ သွားကာ သူ၏ လှုပ်ရှားမှုကိုအရင်ဆုံးထိန်းချုပ်ကာ တိုက်ကွက်များကို ကန့်သတ်လိုက်သည်။
“သခင်လေးရဲ့ လှုပ်ရှားမှုတွေက အရမ်းပေါ့ပါးတယ်၊ ပြီးတော့ သူ့အား ကိုဘယ်လိုသုံးရမလဲဆိုတာ ကောင်းကောင်းသိတယ်၊ အချိန်တိုင်းကို သူ အား အများကြီးမသုံးပေဲ့ အဲလူတွေကို ထိန်းချုပ်နိုင်တယ်” ဖန်ခိုင် လေ့လာ လေသည်။
“ဖြစ်နိုင်တာက သူပြောတဲ့ နည်းနည်းလောက်အားထုတ်ပြီး အောင်မြင် မှုရတယ်ဆိုတာပဲ” ဘိုင်ရှန်းသည် ရှီမာယူယူ၏ တိုက်ပွဲများစွာကိုကြည့်ပြီး နောက် သူမနှင့် တိုက်ပါက သူ မနိုင်နိုင်သည်ကို ခံစားမိလေသည်။
မူလျန်ရှင်သည် တိုက်ပွဲတွင် အားမာန်အပြည့်ဖြင့် တိုက်နေသော ရှီမာယူယူအား ကြည့်နေလေသည်။
“ယူယူက အရမ်းတော်ပါတယ်လို့ ပြောပြီးသားမလား” ရှောင်ချီသည် မူလျန်ရှင်၏ တောက်ပသောမျက်လုံးများကိုတွေ့သောအခါ ပြုံးရင်းနှင့် ပြော လေသည် “မင်း ယူယူ့ကိုမနိုင်နိုင်ဘူး၊ အဲတော့ စဉ်းတောင်မစဉ်းစားနဲ့၊ မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းကို ဘယ်လိုသန်မာအောင်လုပ်ပြီး ငါ့ကိုနိုင်အောင် ဘယ်လိုတိုက်မလဲဆိုတာကို အရင်စဉ်းစားပါလား”
“လုပ်မှာပါ” မူလျန်ရှင်သည် အေးစက်စွာပြန်ဖြေလေသည်။
သူ သူမကိုနိုင်အောင်ကြိုးစားပြီး ဖြစ်နိုင်သမျှ မြန်မြန်ထွက်သွားနိုင်ရန် ကြိုးစားမည်။
“ဝမ်မုံ့လည်းရှုံးနေတာပဲ” ရှီချန်းသည် ရှီမာယူယူကိုအရှုံးပေးလိုက်ရ သော ဝမ်မုံ့အားကြည့်လေသည်။
“အင်း ကြည့်ရတာ ယူယူ့ရဲ့ပြိုင်ပွဲက… သူဘာလုပ်နေတာလဲ” ဖန်ခိုင် အော်လေသည်။
ဝမ်မုံ့သည် ဓားမြောင်ထုတ်ကာ သူ့လက်သူလှီးဖြတ်လိုက်ပြီး သွေးများ သည် လက်မောင်းမှစီးကျလာသည်ကို မြင်လိုက်ရသည်။
သူစဉ်းစားနေသည့်အရာကို သိသောအခါ ရှီမာယူယူ၏ မျက်လုံးများ သည် ကျဉ်းမြောင်းသွားသည်။
ထိုစင်ပေါ်တွင် သွေးရှိနေပါက လူတစ်ယောက်သည် တိုက်ပွဲစွမ်းအား ထုတ်သုံးလောက်သည်အထိ ရူးသွပ်သွားသည်။ ဝမ်မုံ့သည် ထိုအခွင့်အရေး ကိုယူကာ သွေးထွက်အောင်လုပ်ပြီး စင်ပေါ်သို့ ရူးသွပ်စွာ အမြန်တက်လာ လေသည်။
ထင်ထားသည့်အတိုင်းပင် စင်ပေါ်တွင် သွေးကျသည်နျင့် သူသည် ချက်ချင်းပင် မျက်လုံးများနီရဲလာပြီး ရူးသွပ်ကာ ရှီမာယူယူကို ဆွဲဖြဲရန် မစောင့်နိုင်တော့သည့်ပုံဖြစ်နေသည်။
“ဝမ်မုံ့က ဒီလောက်ကြီးအတင်းအကြပ်ကြီးလုပ်လိမ့်မယ်လို့ မထင်ထား ဘူး” ဘိုင်ရှန်းသည် ခေါင်းရမ်းကာ သက်ပြင်းချလေသည် “အဲလိုဆိုရင် တောင် သူက ယူယူရဲ့ပြိုင်ဘက်မဟုတ်သေးဘူး”
***