← Chapters

တပ်သားစုဆောင်းခြင်း (၂)

Vol. 010 Ch. 946

တပ်သားစုဆောင်းခြင်း (၂)

Vol. 010 Ch. 946

ရူးသွပ်ပြီ်းနောက် ဝမ်မုံ့၏အပြုအမူသည် ပိုမြန်လာကာ တိုက်ကွက် အပြောင်းအလဲတွင် အားသည်ပိုကောင်းလာခြင်းကြောင့် တိုက်ပွဲများစွာကြုံ တွေ့ခဲ့ရသော ရှီမာယူယူပင်လျှင် အနည်းငယ် စိတ်အားထက်သန်လာသည်။

သို့သော် ထိုသည်မှာ သူမစွမ်းအင်သုံးလိုက်ရုံသာဖြစ်သည်။

၁၀မိနစ်ကြာသောအခါ ရှီမာယူယူသည် အခွင့်အရေးရယူကာ ဝမ်မုံ့၏ ရင်ဘတ်ကို ထိုးလိုက်ရာ မြေပေါ်သို့တိုက်ရိုက်ကျသွားပြီးနောက် သူမသည် သူ့ခြေထောက်ကို မရပ်နိုင်အောင်ချိုးလိုက်လေသည်။ ထို့နောက် သူမ သည် သူ့လက်နှစ်ဖက်ကို ချုပ်ထားလိုက်သည်။

ထို့ကြောင့် တိုက်ပွဲရလဒ်မှာရှင်းလင်းသွားသည်။

ရှီမာယူယူသည် သူ့လည်ချောင်းပေါ်သို့ သတ္တုဓားရှည်တစ်ချောင်းတင် လိုက်ရာ သူ အနည်းငယ်လှုပ်လိုက်သည်နှင့် ဝမ်မုံ့သည် နေရာတွင်ပင် သေချာပေါက်သေသွားမည်ဖြစ်သည်။

“မင်းရှုံးသွားပြီ”

ဝမ်မုံ့သည် သူမအား မျက်လုံးသို့တည့်တည့်ကြည့်ပြီး တစ်မိနစ်မျှ တိတ် ဆိတ်သွားလေသည်။ နောက်ဆုံးတွင် သူ မတတ်သာပဲ အရှုံးကိုဝန်ခံလိုက်ရ လေသည်။

“ငါ သဘောတူချက်အတိုင်းလုပ်ပါမယ်” သူ ပြောလေသည်။

ရှီမာယူယူသည် ဝိညာဉ်စွမ်းအားကို ပျံ့နှံ့စေလိုက်ပြီး သူ့ဘေးသို့ သွား ကာဆောင့်ကြောင့်ထိုင်ပြီး သူ၏ ခြေထောက်များလက်များကို ဆုပ်ကိုင်ကာ အရိုးပြန်ဆက်ပေးလိုက်ပြီး ဆေးထုတ်ပေးလိုက်သည်။

“လာပြီး သူ့ကိုတွဲပေးလိုက်ဦး” ရှီမာယူယူသည် အောက်တွင်ရပ်နေ သော ဟူယန်းကိုညွှန်ကြားလိုက်သည်။

“ရှီယူ သူ့ကိုဘာလို့တိုက်ရိုက်ပစ်မချလိုက်တာလဲ” မုတ်ဆိတ်ကြီးသည် အော်ပြောလေသည်။

“အဲဒါက ငါ့ရန်သူတွေကို ဆက်ဆံတဲ့ပုံလေ၊ သူက အခုငါတို့လူဖြစ်နေပြီ” ရှီမာယူယူ ပြန်ဖြေလေသည်။

ဟူယန်းသည် ကြောင်သွားပြီး ချက်ချင်းပင် ထခုန်ကာ ဝမ်မုံ့ကိုသွား ကူညီလေသည်။

ရှီမာယူယူသည် ဆေးတစ်လုံးထုတ်ကာ ဝါးစားလိုက်သည်။ ဒီတစ်ချီ အပါအဝင် သူမစသည် ပြိုင်ပွဲ၂၀ပြိုင်ပြီးကာ လူ၃ယောက်သတ်ပြီး၍ ၉ယောက် စုဆောင်းပြီနေပြီ။ ထို့အပြင် သူတို့အားလုံးသည် ၁၀ချီနှင့်အထက် ဘုရင်များဖြစ်ကြသည်။

“အပေါ်ကိုတက်လာချင်တဲ့သူများရှိဦးမလား” သူမသည် အောက်မှလူ များကိုကြည့်လိုက်သည်။

၁၇ချီဘုရင်တောင်ရှုံးပြီးတာ ဘယ်သူက သူမကိုနိုင်မယ်လို့ပြောရဲတော့ မှာလဲ။

မိနစ်အနည်းငယ်ကြာပြီးသည်အထိ ဘယ်သူမှတက်မလာသောကြောင့် ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီး နောက်ထပ် ထိပ်တန်းအဆင့်ကျောက်ပုံ ထုတ်လိုက်သည်။

“နောက်ထပ် ၃ထောင်၊ ဘယ်သူလာပြီး စမ်းကြည့်မလဲ”

မည်သူမှ မလှုပ်ကြပေ။

“ဘယ်သူမှ တက်ချင်တဲ့ပုံမပေါ်ဘူး” ဘိုင်ရှန်း ပြောလေသည် “ဒါပေမဲ့ ဒါလည်းကောင်းတာပဲ၊ သူက တိုက်ပွဲအားကောင်းတဲ့အပြင် ကျွမ်းကျင်သူတွေ ကို အချီတိုင်းနိုင်နေတာကို ဘယ်သူက တက်ရဲတော့မှာလဲ”

“ဒါဆို ယူယူက ဘယ်သူ့ကိုမှ လူစုလို့ရတော့မှာမဟုတ်ဘူး” ရှောင်ချီ ပြောလေသည်။

“သခင်လေး ပင်ပန်းနေမှတော့ ကျန်တဲ့ ၈ပွဲကို ငါလုပ်မယ်” ဘိုင်ရှန်း သည် ရှီမာယူူယူကိုပြောလိုက်လေသည်။

ရှီမာယူယူသည် ဘိုင်ရှန်းကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည် “ကောင်း ပါပြီ”

သူမ ဒုတိယအထပ်သို့ပျံသွားလိုက်ပြီး တစ်ချိန်တည်းမှာပင် ဘိုင်ရှန်း သည် စင်ပေါ်တက်လာသည်။

ဘိုင်ရှန်းသည် မည်သည့်လက်ပတ်မှဝတ်မထားသဖြင့် လူသစ်များ သည် သူ၏ ကျွမ်းကျင်မှုကို မသိကြပေ။

သို့သော် အရင်ကတည်းကရှိလာသူများသည် ဘိုင်ရှန်းကိုမြင်သောအခါ တိတ်သွားကြသည်။

“အဘိုးဘိုင်ကလည်း သူ့နောက်လိုက်နေတာလား”

“အဘိုးဘိုင်က အရည်အချင်းမရှိဘူးလေ အဲဒါကြောင့် အရှုံးကိုလက်ခံ လိုက်တာ” ဘိုင်ရှန်း ပြန်ဖြေလေသည် “ငါက ကျန်တဲ့၈ပွဲကိုတာဝန်ယူထား တယ်၊ အဲကျောက်တွေကိစ္စကိုရှင်းနိုင်မယ်ထင်တာပဲ”

“အဘိုးပဲ စည်းမျဉ်းကိုဆုံးဖြတ်ပါ” ရှီမာယူယူသည် သူမ၏ အာဏာကို ချွင်းချက်မရှိပေးထားသည်။

ဘိုင်ရှန်းသည် ရှီမာယူယူကို လက်နှစ်ဖက်ဖြင့် အရိုအသေပေး ပြီးနောက် လှည့်ကာ တခြားသူများကိုပြောလိုက်သည် “ငါနဲ့ တိုက်ချင်တဲ့သူ များရှိမလား”

သူ့စကားဆုံးသည်နှင့် မိန်းကလေးဆန်သော ယောက်ျားတစ်ယောက် ခုန်တက်လာကာ အစောကမေးခွန်းထုတ်သည့် သူဖြစ်နေသည်။

“စစ်ထူချန်းက သခင်ဘိုင်ဆီက အကြံလေးမေးချင်လို့လာတာပါ” စစ်ထူချန်း ပြောလေသည်။

“စစ်ထူချန် လွန်ခဲ့တဲ့နှစ်တွေက ၁၄ချီဘုရင်ပဲ ငါ မင်းကိုမှတ်မိတယ်” ဘိုင်ရှန်း ပြောလိုက်သည် “မင်းက ငါတို့စည်းမျဉ်းကိုလိုက်နာနိုင်လား”

“ကျွန်တော်က အဲလိုပြိုင်ပွဲတွေမှာ နောက်ဘာဖြစ်မယ်ဆိုပြီး ဆုံးဖြတ် တာတွေကို သဘောမကျပေမဲ့ အဘိုးနဲ့သာတိုက်ရမယ်ဆိုရင် အသိအမှတ်ပြု နိုင်ပါတယ်” စစ်ထူချန်းသည် စကားဆုံးသည်နှင့် ဘိုင်ရှန်းဆီသို့ ပြေးဝင်လေ သည်။

ရှီမာယူယူသည် အစောပိုင်းက တိုက်ပွဲများစွာတိုက်ခဲ့ပြီးကာ နောက်ဆုံး မှပင် ထိုင်နားရလေသည်။ အနည်းငယ်ပင်ပန်းသည်ကိုတော့ သူမ ခံစား ရလေသည်။

“ကျန်တဲ့ကိစ္စကို အဘိုးဘိုင်ကိုသာလွှဲထားလိုက်မယ်၊ လုပ်စရာရှိတာ တွေသွားလုပ်လိုက်ဦးမယ်” သူမသည် ကျန်၃ယောက်ကိုပြောလိုက်လေ သည်။

“သွားလိုက် ယူယူ ရှောင်ချီကြည့်ပေးထားမယ်” ရှောင်ချီသည် သူမကို လက်ဝေ့ရမ်းပြလေသည်။

ရှီမာယူယူသည် အခန်းထဲသွားကာ အသက်ကိုရှုသွင်းထုတ်လုပ်ကာ ခဏအကြာ မျက်လုံးပြန်ဖွင့်ချိန်တွင် အောက်မှတိုက်ပွဲသည် ပြီးလုနီးပါးဖြစ် နေပြီ။

“ယူယူ တစ်ယောက်သတ်ပြီး ၆ယောက်ရတယ် အခုတိုက်နေတဲ့ တစ် ယောက်ပဲကျန်တော့မယ်” ရှောင်ချီသည် သူမလျှောက်လာသည်ကိုမြင်ပြီး ချက်ချင်းပင် ရလဒ်ကိုသတင်းပို့လေသည်။

ရှီမာယူယူသည် ထိုလူများကိုကြည့်လိုက်သည်။ စစ်ထူချန်းလည်း အဖွဲ့ ထဲတွင်ပါလာသည်။

“အဘိုးဘိုင်ရဲ့ စွမ်းရည်က မဆိုးဘူးပဲ” နှစ်ပေါင်းများစွာ ကြာသွား သော်လည်း တိုက်ပွဲစွမ်းရည် ထိပ်တန်းတွင်ရှိနေသော သူ့ကိုမြင်သောအခါ ရှီမာယူယူသည် တလေးတစား ပြောလိုက်သည်။

“သခင်လေး အဘိုးဘိုင်ရဲ့ခန္ဓာကိုယ်ထဲက အဆိပ်အခြေအနေက ဘယ်လိုလဲ” ဖန်ခိုင် မေးလိုက်သည်။

“ကျွန်တော် သူ့ကိုနေ့လည်တုန်းကစမ်းကြည့်ပြီးပြီ နည်းနည်းတော့ အခက်အခဲရှိမယ်ဆိုပေမဲ့ ကုမရတာတော့မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက် သည် “ဒါပေမဲ့ သွေးမိစ္ဆာမြို့ကနေထွက်မသွားခင်ကို ကုပေးရမယ်၊ သူ့လက်ရှိ အခြေအနေက ဒီနေရာကနေထွက်သွားခွင့်မပေးဘူး”

“ကျေးဇူးတင်ပါတယ် သခင်လေး”

“ဘာကျေးဇူးတင်စရာလိုလို့လဲ၊ သူက အခုတစ်ဖွဲ့တည်းဖြစ်နေပြီပဲ၊ ကျွန်တော်တို့က သူ့အားကိုငှားချင်ရင် အကောင်းဆုံးအခြေအနေဖြစ်အောင် သေချာပေါက်လုပ်ပေးရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“ပြီးခါနီးနေပြီ” ရှောင်ချီ ပြောလေသည်။

ရှီမာယူယူနှင့်တခြားသူများသည် အောက်ထပ်ကိုကြည့်လိုက်ရာ တစ်ဖက်လူသည် အရှုံးကိုဝန်ခံနေသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် ဒီနေ့ည ပွဲ၂၀မှာ လုံးဝပြီးဆုံးသွားလေပြီ။

ထိုအချိန်တွင် သွေးလွှမ်းပြိုင်ပွဲမှလူများသည် ထွက်လာကာ ဒီနေ့ည ပြိုင်ပွဲ၏ ရလဒ်ကိုကြေညာလေသည်။

“မနက်ဖြန် ရှောင်ချီတက်လိမ့်မယ်၊ သူမကို ဘယ်သူကများ စိန်ခေါ်ချင် လဲလို့ကြည့်ကြတာပေါ့ မလွတ်စေနဲ့၊ ဒါနဲ့ မနက်ဖြန်ဆုငွေလည်း တိုးမယ်” ဘိုင်ရှန်းသည် စကားဆုံးသည်နှင့် စင်ပေါ်မှဆင်းကာ ထိုလူအုပ်ကို ဦးဆောင် ခေါ်လာလေသည်။

အစောပိုင်းကသူတို့လာခဲ့ချိန်က ၅ယောက်သာပါသော အဖွဲ့ငယ်ဖြစ် ကာ အခုသူတို့ပြန်ချိန်တွင် အဖွဲ့ဝင်များတိုးလာပြီး ၂၁ယောက်ဖြစ်နေလေ သည်။

အခုအချိန်သည် မနက်စောစောအချိန်ဖြစ်ပြီး အရှေ့မှတိုက်လာသော လေသည် အနည်းငယ်အေးစိမ့်ကာ မိုးကောင်းကင်သည် တဖြည်းဖြည်းနှင့် အလင်းရောင်ပြောင်းလာသည်။  နေရောင်အလင်းတန်းသည် တိမ်တိုက်များ ကြားထိုးထွက်ပြီး အောက်သို့ဖြာကျနေကာ သူတို့ရှေ့တွင် လမ်းဖောက်ပေး နေသည်။

သူတို့သည် အဘိုးဘိုင်၏ တည်းခိုဆောင်သို့ပြန်ကြကာ ရှီမာယူယူ သည် ချက်ချင်းပင် လူသစ်များကို ပတ်ပြီးလေ့လာလေသည်။

“အခု ခင်ဗျားတို့အားလုံးက ကျွန်တော့်လက်အောက်မှာဖြစ်သွားပြီ ဆိုတော့ ကျွန်တော့်စကားကို နားထောင်ရတော့မှာပေါ့၊ ကိုယ့်အဖွဲ့ရဲ့ အဖွဲ့ ဝင်တစ်ယောက်အနေနဲ့ ကျွန်တော် ခင်ဗျားတို့ကို မမျှမတမဆက်ဆံပါဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ကျွန်တော် နားလည်ချင်လို့ပါ ကျွန်တော်တို့ကို စုရတဲ့ ရည်ရွယ်ချက်က ဘာလဲ”

“ရိုးရှင်းပါတယ် ကျွန်တော်ဂိုဏ်းတစ်ခုထောင်ချင်တယ် အဲအတွက် လူအင်အားလိုတယ်၊ ခင်ဗျားတို့ရှိတဲ့နေရာက ကျွန်တော့်နဲ့ သင့်တော်မဲ့သူ တွေဖြစ်နေတယ်” ရှီမာယူယူ ပြန်ဖြေလေသည်။

“ဘာလို့လဲ ငါတို့မှာ ရန်သူတွေရှိတယ်လေ၊ ငါတို့ကိုမခေါ်ခင်ကို စဉ်းရောစဉ်းစားရဲ့လား” စစ်ထူချန်း မေးလေသည်။

“စဉ်းစားတာပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “အမှန်အတိုင်းပြော မယ် ကျွန်တော် ဂိုဏ်းထောင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က လက်စားချေ ဖို့ပဲ၊ အဲဒါကြောင့် ပြေးနေရတဲ့သူတွေကိုလိုတယ်”

အဲဒါကြောင့် ဒီလိုနေရာက ဒီလိုလူတွေကို လိုတာကိုး…

သူမပြောလိုက်သည်ကို အားလုံးကြားသောအခါ အမူအရာများပြောင်း သွားကြသည်။

“စိတ်ချပါ၊ ဒါတွေအကုန်လုံးကို လက်စားချေဖို့လုပ်ပေမဲ့ ခင်ဗျားတို့ကို သေခိုင်းမှာမဟတ်ပါဘူး၊ အဲဒါကြောင့် အခုအဲလူကိုသွားသတ်လို့လဲ မခိုင်း ဘူး” ရှီမာယူယူ ပြောလေသည် “ကျွန်တော် ခင်ဗျားတို့ကို ဆေးတွေ ဝိညာဉ် လက်နက်တွေ ဝိညာဉ်သားရဲတွေနဲ့ ခင်ဗျားတို့အားကောင်းလာဖို့ အကုန် ထောက်ပံ့ပေးမယ်၊ အားကောင်းလာတဲ့အချိန်မှ လှုပ်ရှားကြမယ်၊ ပြီးတော့ ခင်ဗျားတို့လိုချင်တဲ့ ဂုဏ်ယူစွာနေလို့ရမဲ့ဘဝမျိုးကိုကျွန်တော်ပေးမယ်၊ ခင်ဗျားတို့ရဲ့ ရန်သူတွေက်တော့ လူတစ်ောက်ဆိုရင် သန်မာရင်သန်မာလိမ့် မယ် ဒါပေမဲ့ အကုန်လုံး စုပေါင်းလိုက်ရင် သူတို့ကိုကြောက်စရာမလိုတော့ဘူး ဒီမေးခွန်းအတွက် ခင်ဗျားတို့ သေချာစဉ်းစားလို့ရပါတယ်”

လူအုပ်ကြီးသည် တိတ်သွားကြသည်။

“အခု ခင်ဗျားတို့အားလုံးက တစ်လှေတည်းစီးနေကြပြီ အဲဒါကြောင့် ထွက်သွားလို့မရတော့ဘူး၊ ဒါပေမဲ့ ဒီကိစ္စကို ကျွမ်းကျင်သူလား လူလိမ်လား ဆိုတာကို သေချာချိန်ကြည့်လို့ရတယ်၊ ရှီချန်း ကျွန်တော် လုပ်စရာရှိလို့ ကျန် တဲ့အခြေအနေကို သူတို့ကိုရှင်းပြဖို့ ခင်ဗျားကိုအပ်ထားခဲ့မယ်”

“ကောင်းပါပြီ သခင်လေး”

“ဒီတစ်ခေါက် ကျွန်တော်ထွက်လာရင် ခင်ဗျားတို့သေချာစဉ်းစားပြီးဖို့ မျှော်လင့်ပါတယ်” ပြောပြီးသည်နှင့် ရှီမာယူယူသည် လှည့်ထွက်ကာ အပေါ် ထပ်သို့ဦးတည်ပြီး ရွှမ်ရှင်းမန်၏ ကျန်းမာရေးကိုကုပေးရန် သွားလိုက်သည်။

***

All Chapters