သွေးမိစ္ဆာမြို့တော် မြို့ဝန်၏ ဖိတ်ကြားချက်
Vol. 010 Ch. 947
ရှီမာယူယူပြန်လာသည်နှင့် အားလုံးသည် သူမဆိုလိုသည့်အချက်ကို နားလည်သွားကြလေပြီ။ အများစုမှာ သဘောပေါက်ကာ သူမနှင့်အတူ ထွက်သွားရန် စဉ်းစားထားကြလေသည်။
သဘောမပေါက်သူ ၁ယောက် ၂ယောက်ရှိသော်လည်း သူတို့နောက် လိုက်မည်ဖြစ်သည်။ ဥပမာအနေနှင့် မူလျန်ရှင်ဖြစ်သည်… သူ၏ မူလ ရည်ရွယ်ချက်မှာ ရှောင်ချီအား အနိုင်ရရန်ဖြစ်သည်။
“ယူယူ လူတစ်ယောက်လာရှာတယ်” ရှောင်ချီသည် တံခါးဖွင့်သံကြား သည်နှင့် ပထမအထပ်မှ အော်ပြောလေသည်။
လူတစ်ယောက်က လာရှာတယ်ဟုတ်လား။ ဒီမှာ သူမကို ဘယ်သူက များလာရှာမှာလဲ။
သူမ ပထမအထပ်ရောက်သောအခါ ဧည့်ခန်းတွင်ရပ်နေသော သူမ မသိသောလူနှစ်ယောက်ကို တွေ့လိုက်ရသည်။
“ဒါကသခင်လေးရှီယူဖြစ်ရမယ်” သူတို့ထဲမှတစ်ယောက်သည် လက်အုပ်ချီကာ ရှီမာယူယူအား နှုတ်ဆက်ပြီးပြောလေသည် “ကျွန်တော်က မြို့တော်ဝန်အိမ်က အိမ်တော်ထိန်းပါ ကျွန်တော်တို့ မြို့ဝန်က သခင်လေးနဲ့ ဒီ မိန်းကလေးကို ဧည့်သည်အဖြစ်ဖိတ်ချင်လို့ပါ”
“မြို့ဝန်က ကျွန်တော်တို့ကိုဖိတ်တာလား” ရှီမာယူယူသည် အနည်းငယ် အံ့အားသင့်သွားသည်။
“ဟုတ်ပါတယ်” အိမ်တော်ထိန်း ဆက်ပြောလေသည် “သွေးမိစ္ဆာ မြို့တော်မှာ ကျွမ်းကျင်သူနှစ်ယောက်ရောက်နေတယ်လို့ကြားလို့ သခင်လေး တို့ နှစ်ယောက်ကို မြို့ဝန်အိမ်တော်ကို ဧည့်သည်အဖြစ်ဖိတ်ကြားချင်လို့ပါ”
“ကျွန်တော်တို့နှစ်ယောက်ပဲလား”
“ဟုတ်ပါတယ်” အိမ်တော်ထိန်းပြန်ဖြေလေသည် “ဒီနေ့က သခင်လေး တို့ ကိစ္စမပျက်စေမဲ့ တွေ့ဆုံမှုအသေးစားလေးပါလို့ မြို့ဝန်က ပြောလိုက်ပါ တယ်”
ကြည့်ရတာ မြို့ဝန်က အားလုံးကို ရှင်းရှင်းလင်းလင်းသိပြီးတဲ့ပုံပဲ။
သူတို့က အဲမြေပေါ်ရောက်နေမှတော့ ဖိတ်ကြားချက်ကို ငြင်းဆန်ရန် အကြောင်းမရှိပေ။
“ဒါဆိုလည်း ကောင်းပါပြီ” ရှီမာယူယူ ပြုံးလိုက်သည် “ရှောင်ချီ ငါနဲ့အတူ မြို့ဝန်အိမ်တော်ကိုသွားကြမယ်၊ ရှီချန်း ကျွန်တော်တို့ အချိန်မှီပြန်မလာနိုင်ရင် သွေးလွှမ်းပြိုင်ပွဲကိုသာ တိုက်ရိုက်သွားလိုက်ပါ၊ ပြီးတော့ ဒီလူတွေရဲ့ကိစ္စကို တော့ ခုနကကျွန်တော်ညွှန်ကြားသလိုပဲလုပ်လိုက်ပါ”
“နားလည်ပါပြီ သခင်လေး” ရှီချန်းသည် ခေါင်းညိတ်ပြီး တုန့်ပြန်လေ သည်။
“သခင်လေးရှီယူ ကျေးဇူးပြုပြီး”
“အိမ်တော်ထိန်း ကျေးဇူးပြုပြီး”
သားရဲဆွဲလှည်းနှစ်ခုသည် သူတို့တံခါးတွင်ရပ်ကာ သားရဲများသည် ရှီမာယူယူအားမြင်သောအခါ သူတို့ထဲမှတစ်ကောင်သည် သူမကို နှာခေါင်း ဖြင့် နှစ်ကြိမ်မှုတ်လေသည်။
“သခင်လေးရှီယူ လှည်းထဲကြွပေးပါ” အိမ်တော်ထိန်း စကားဆုံးသည် နှင့် ရထားလုံးသမားသည် ချက်ချင်းပင် တံခါးကိုဖွင့်ပေးလေသည်။
ရှီမာယူယူသည် ရှောင်ချီ၏လက်ကိုဆွဲကာ လှည်းပေါ်တက်သွားသည် နှင့် အိမ်တော်ထိန်းသည် နောက်လှည်းတစ်ခုပေါ်တက်သွားလေသည်။ ရထားလုံးသမားမရှိသော်လည်း သားရဲဆွဲလှည်းသည် မြို့ဝန်၏ အိမ်တော်သို့ ကိုယ်ဘာသာသွားလေသည်။
“ယူယူ သွေးမိစ္ဆာမြို့တော်က မြို့ဝန်က ကြောက်စရာကောင်းမယ်လို့ ထင်လား” ရှောင်ချီ မေးလေသည်။
“ဘာလို့ ဒါကိုမေးတာလဲ”
“သူသာ မတုတ်ခိုင် မကြမ်းတမ်းရင် ဒီမှာနေတဲ့ ပြေးနေတဲ့လူတွေကို ထိန်းချုပ်နိုင်မလဲ”
“ဟားဟား သူ့ကိုတွေ့ရင်သိမှာပေါ့”
သူတို့နှစ်ယောက်သည် လှည်းထဲတွင် ရယ်မောပြီးစကားပြောနေကြ သည်။ မကြာမီတွင် သူတို့သည် မြို့ဝန်အိမ်တော်ရှိရာ မြို့အလယ်သို့ရောက် လာသည်။
မြို့ဝန်၏အိမ်တော်သည် အလွန်မြင့်မြတ်ပြီး လွှမ်းမိုးနိုင်ပုံပေါက် သော်လည်း ရှီမာယူယူသည် ထိုနေရာတွင် သက်ရှိလူသား၏တည်ရှိမှုကို အာရုံခံမရပေ။
“သခင်လေးရှီယူ မိန်းကလေးရှောင်ချီ ကျွန်တော့်နောက်ကိုလိုက်ခဲ့ပါ” အိမ်တော်ထိန်းဆင်းပြီးနောက်တွင် လက်ဝေ့ရမ်းလိုက်ရာ သားရဲဆွဲလှည်း နှစ်ခုသည် အဝေးသို့ထွက်သွားလေသည်။
ရှီမာယူယူနှင့်ရှောင်ချီတို့သည် အိမ်တော်ထိန်းနောက်လိုက်ကာ မြို့ဝန် အိမ်တော်သို့ဝင်လိုက်သည်။ သို့သော် သူသည် သူတို့ကို အရှေ့ခြံဝန်း၏ ပင်မ အဆောင်ကိုခေါ်မသွားပေ။ ထိုအစား တော်တော်ကြာလမ်းလျှောက်သွားကာ အနောက်ဘက်ရှိ ချောင်ကျသော ခြံဝန်းဆီသို့ခေါ်သွားလေသည်။
သူတို့ဝင်သွားသောအခါ သစ်ပင်အောက်တွင် ထိုင်ကာ ကောင်းကင်ကို မော့ကြည့်ပြီး လက်တွင် လက်ဖက်ရည်ခွက်ကိုင်ထားသော အဖြူရောင်ဝတ် ထားသောလူတစ်ယောက်ကိုတွေ့လိုက်သည်။
“မြို့ဝန် သခင်လေးရှီယူနဲ့ မိန်းကလေးရှောင်ချီတို့ရောက်ပါပြီ” အိမ်တော်ထိန်းသည် ရှေ့တစ်လှမ်းတိုးကာ သူတို့ရောက်ကြောင်းကို သတင်း ပို့လေသည်။
“ကြိုဆိုပါတယ် တန်ဖိုးရှိဧည့်သည်တို့ ကျွန်တော်က သွေးမိစ္ဆာမြို့တော် ရဲ့ မြို့ဝန်လိဟုန်ပါ ကျေးဇူးပြုပြီးထိုင်ပါ” ထိုလူသည် သူတို့ကို ဂရုမစိုက်သော အကြည့်လိုမျိုးဖြင့် ကြည့်လေသည်။
နှင်းကဲ့သို့ဖြူဖွေးသောအဝတ်ကိုဝတ်ထားသော သွေးမိစ္ဆာမြို့ဝန်သည် တခြားသူများနှင့် စိတ်နေစိတ်ထားမကွာခြားပဲ မျက်စိကွယ်နေသော လူ တစ်ယောက်ဖြစ်လိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။
ရှီမာယူယူသည် ရှောင်ချီကို လိဟုန်ရှေ့သို့ဆွဲပြီး ပြောလိုက်သည် “မြို့ဝန်လိကို အလန့်တကြားဖြစ်စေပြီး ဒီလိုဖိတ်ကြားခံရမယ်လို့ ကျွန်တော် မထင်ထားဘူး”
“သခင်လေးရှီယူက ယဉ်ကျေးလွန်းနေပါပြီ ကျွန်တော်က တခြားဧည့်ခံ စရာဘာမှမရှိပါဘူး လက်ဖက်ရည်တစ်ခွက်သောက်ရုံပါပဲ၊ ဒါကို အထင် မသေးဖို့တောင်းဆိုပါတယ်” လိဟုန်သည်မျက်စိမမြင်ရသော်လည်း လက်ဖက်ရည်ငှဲ့ရာတွင် ဖိတ်စင်ခြင်းမရှိပေ။
သူသည် လက်ဖက်ရည်အပြည့်ထည့်လိုက်ပြီး ရှီမာယူယူရှေ့သို့တွန်းပို့ ပြီးနောက် ရှောင်ချီအတွက် နောက်တစ်ခွက်ထည့်ပေးလေသည်။
ရှီမာယူယူသည် လက်ဖက်ရည်ခွက်ကိုကောက်ယူပြီး အနံ့ခံကာ ချီးကျူးလိုက်သည် “မွှေးလိုက်တဲ့လက်ဖက်ရည်ပါလား အရင်ကဒီလို လက်ဖက်ရည်မျိုးမသောက်ဖူးဘူး”
“ဒီလက်ဖက်ရည်က ဒီကသွေးနတ်ဆိုးသစ်ပင်က အရွက်နုတွေကို အခြောက်ခံပြီးလုပ်ထားတာပါ အနံ့က ထူးခြားပြီး ပျော်ရွှင်စေတဲ့ခံစားချက်မျိုး ပေးတယ်” လိဟုန် ပြောလေသည်။
ရှီမာယူယူသည် တစ်ငုံသောက်လိုက်ရာ လက်ဖက်ရည်သည် အမှန် တကယ်ပင် ထူးခြားသောအနံ့ရှိနေသည်။ သို့သော် သူမ မျက်မှောင် အသာ အယာကြုတ်လိုက်သည်။
ရှောင်ချီသည် အနံ့ခံပြီးနောက် သောက်ပင်မသောက်ကြည့်ပေ။
“ဘယ်လိုလဲ” လိဟုန်သည် မမြင်ရသော်လည်း သူတို့ကို မျှော်လင့် တစား ကြည့်နေလသည်။
ရှီမာယူယူသည် လက်ဖက်ရည်ခွက်ကိုပြန်ချပြီး ပြုံးလိုက်သည် “မဆိုးပါ ဘူး”
“ဒါဆိုရင် မိန်းကလေးရှောင်ချီက ဘာလို့မသောက်တာလဲ”
“ရှောင်ချီက လက်ဖက်ရည်မကြိုက်လို့ပါ” ရှီမာယူယူသည် ရှောင်ချီ စကားပြောရန် သတိပေးလိုက်သည် “သူမက အချိုစားရတာပဲကြိုက်တာ”
“အချိုကစားကောင်းတယ်လေ” ရှောင်ချီသည် ဉာဏ်ရွှင်သည်။
“မြို့ဝန်လိ သူမကို စိတ်ထဲမထားပါနဲ့” ရှီမာယူယူသည် ပြုံးပြီးပြောလေ သည်။
“ကျွန်တော်က ဘာလို့ထားရမှာလဲ ကလေးတွေအားလုံးက အချိုစားရ တာကိုကြိုက်ပြီး လက်ဖက်ရည်သောက်ရတာကို မကြိုက်တာက ပုံမှန်ကိစ္စပဲ လေ” လိဟုန်သည် ပြုံးပြီး ပြန်ဖြေလေသည်။
သူ့အပြုံးသည် ပေါ့ပါးကာ သက်တောင့်သက်သာဖြစ်မှုကို ခံစားရစေ သည်။
“ဒီလက်ဖက်ရွက်တွေက ဒီသွေးနတ်ဆိုးသစ်ပင်က ခူးထားတာလား” ရှီမာယူယူသည် ခေါင်းမော့ပြီး ထိုထူးခြားသောသစ်ပင်ကိုကြည့်လိုက်သည်။ ထိုသစ်ပင်တွင် သစ်ကိုင်းအနည်းငယ်နှင့် သစ်ရွက်အနည်းငယ်သာရှိသည်။
“ဟုတ်ပါတယ် နွေဦးရောက်တိုင်းကို အရွက်နုထွက်ပြီး အထူးသဖြင့် နွေဦးမိုးရွာပြီးရင် သူ့အရသာက လန်းဆန်းစေတယ်” လိဟုန် ပြောလေသည်။
“လက်ဖက်ရည်ကကောင်းပါတယ် ဒါပေမဲ့ သူ့နာမည်က ကြောက်စရာ ကောင်းတယ်” ရှီမာယူယူသည် ပြန်ဖြေကာ လက်ဖက်ရည်ခွက်ကို ထပ်မထိ တော့ပေ။
“သွေးနတ်ဆိုးသစ်ပင်နဲ့ သွေးမိစ္ဆာမြို့တော်ရဲ့ သက်တမ်းက သိပ်မကွာ လှဘူး၊ အရင်တုန်းက မြို့တည်ထောင်ပြီးတော့ ဒီသစ်ပင်ကိုဘာလို့အဲနာမည် ပေးခဲ့လဲတော့ ဘယ်သူမှမသိကြဘူး” ရှီမာယူယူ လက်ဖက်ရည် မသောက်သည်ကို လိဟုန် သိဟန်မတူပေ။ “ဒီမြို့ဝန်မှာ သခင်လေးရှီယူ ကြိုက်လောက်မဲ့ဟာသိပ်မရှိလို့ပါ၊ သခင်လေးမထွက်သွားခင်ကို ဒီလက်ဖက် ရွက်တစ်အိတ်လောက်ယူသွားပါ၊ ကျွန်တော့်ဆီက လက်ဆောင်လို့ မှတ်ယူ ပေးပါ”
ရှီမာယူယူသည် သူ့အပြုံးကိုကြည့်ရာ အလွန်ဆွဲဆောင်မှုရှိသည်ဟု ထင်မိသည်။ သူမ ခေါင်းညိတ်ကာ ပြောလိုက်သည် “အဲလိုဆိုမှတော့ ရှီယူက မြို့ဝန်လိကို ကျေးဇူးတင်ပါတယ်”
“သခင်လေးရှီယူကြိုက်တယ်ဆိုလို့ ကောင်းပါတယ်” လိဟုန် ပြုံးလေ သည်။
“မြို့ဝန်လိ ဒီနေ့ ကျွန်တော်တို့ကိုဖိတ်တာ လက်ဖက်ရည်သောက်ရုံတင် မဟုတ်ဘူးထင်တယ်” ရှီမာယူယူ မေးလိုက်သည်။
“ဟားဟား အဲလိုပြောရင် ကျွန်တော့်ကိုယုံမှာလား” လိဟုန် မေးလိုက် သည်။
“မယုံဘူး” ရှီမာယူယူသည် ပွင့်လင်းစွာ ပြောလိုက်သည်။
“ဟားဟား သခင်လေးရှီယူက တကယ်ပွင့်လင်းတာပဲ” လိဟုန် ပြုံး လိုက်သည် “တကယ်တော့ သခင်လေးရှီယူကို ဒီကိုဖိတ်ရတာက တခြားကိစ္စ တော့မရှိပါဘူး ဒါပေမဲ့ မနေ့ညက သခင်လေး သွေးလွှမ်းပြိုင်ပွဲမှာ လုပ်ခဲ့တဲ့ ကိစ္စကိုကြားပြီးတော့ သခင်လေးတို့နှစ်ယောက်မှာ ဘယ်လိုတိုက်ပွဲစွမ်းရည် တွေရှိနေလဲဆိုတာ ကြည့်ချင်တယ်ဆိုတဲ့ အတွေးနဲ့ပါ၊ တစ်ချိန်တည်းမှာပဲ အဲလိုလုပ်ရတာ ဘယ်လိုရည်ရွယ်ချက်နဲ့လဲဆိုတာကို သိချင်လို့ပါ”
ရှီမာယူယူသည် နှုတ်ဆိတ်နေရာ သူ ဆက်ပြောလေသည် “တကယ် တော့ သခင်လေးကို အပြစ်တင်ဖို့မရှိပါဘူး၊ ဒါပေမဲ့ မြို့ကလူမျိုးစုတွေရဲ့ လုံခြုံ ရေးကိုထည့်စဉ်းစားပြီး ဒါကိုမေးရမယ်လို့ထင်လို့ပါ”
“ကျွန်တော်က ဒီကနေမှ အကူအညီပေးနိုင်မဲ့လူတချို့ကိုရှာချင်ရုံပါ” ရှီမာယူယူ ပြောလိုက်သည် “ရှုံးတဲ့သူက သဘောတူညီချက်အတိုင်း ကျွန်တော်တို့နဲ့ ထွက်သွားရမယ်၊ ပြိုင်ပွဲဝင်မပါချင်တဲ့သူတွေကိုလည်း ရှီယူ ဘာမှမပြောပါဘူး၊ ဝင်ပြိုင်ပြီး သဘောတူချက်အတိုင်းမလုပ်တဲ့သူတွေကိုပဲ အပြစ်ပေးတာပါ ဝင်ပြိုင်သည်ဖြစ်စေ မပြိုင်သည်ဖြစ်စေ ဒါက သူတို့ လွတ်လပ်ခွင့်ပါပဲ”
“ဒီအတိုင်းပဲလား”
“ဒီအတိုင်းပါပဲ”
“အဲလိုဆိုရင် သွေးမိစ္ဆာမြို့ရဲ့လုံခြုံရေးကိုသက်ရောက်မှုမဖြစ်စေပါဘူး” လိဟုန် ပြောလိုက်သည် “ဒါဆိုရင် တခြားကိစ္စမရှိဘူးဆိုရင် လက်ဖက်ရည် ဆက်သောက်ပါ…”
တစ်နာရီကြာပြီးနောက်တွင် အိမ်တော်ထိန်းသည် ရှီမာယူယူနှင့် ရှောင်ချီကို ပို့ပေးလေသည်။ သူတို့မသွားခင်ကို လိဟုန်သည် သူမကို လက်ဖက်ရွက်တစ်အိတ်ပြေးကာ ပြုံးပြီးပြောလေသည် “သခင်လေးရှီယူနဲ့ စကားပြောရတာက တကယ်ပဲသက်တောင့်သက်သာဖြစ်ပြီး ပျော်စရာ ကောင်းလို့ အချိန်မြန်မြန်ကုန်သွားတယ်၊ ဒါက ဒီနှစ်ခူးထားတဲ့အရွက်အသစ် တွေပါ၊ သခင်လေးရှီယူကိုလက်ဆောင်ပေးပါတယ်၊ အဲဒီသွေးနတ်ဆိုးသစ်ပင် လည်း ဝမ်းသာမယ်လို့ထင်ပါတယ်”
***