ရှင်းပစ်ခြင်း
Vol. 010 Ch. 948
ရှီမာယူယူသည် နှုတ်ခမ်းတွင် အပြုံးတစ်ခုဖြစ်သွားကာ ခေါင်းမော့ပြီး သွေးနတ်ဆိုးသစ်ပင်ကို ကြည့်လိုက်သည်။
လေတိုက်သွားကာ သွေးနတ်ဆိုးသစ်ပင်၏ အရွက်များသည် လေတိုး သံထွက်လာသည်။
လက်နှစ်ဖက်ဖြင့် သူမ လက်ဖက်ရွက်များကိုယူပြီး ပြုံးပြီး ပြောလိုက် သည် “ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ် မြို့ဝန်လိ”
“သခင်လေးက သွေးလွှမ်းပြိုင်ပွဲကိုသွားမှာဆိုတော့ ကျွန်တော် အချိန် မဆွဲတော့ပါဘူး” လိဟုန် ပြောလိုက်သည် “နောက်ကို သခင်လေးကို လက်ဖက်ရည်ဖိတ်တိုက်ဖို့ အခွင့်အရေးရှိဖို့ မျှော်လင့်ပါတယ်”
“ကျွန်တော် ရှီယူသွားလိုက်ပါဦးမယ်” ရှီမာယူယူသည် အရိုအသေပေး ကာ နှုတ်ဆက်ပြီး အိမ်တော်မှထွက်ခဲ့လေသည်။
လိဟုန်သည် သူမထွက်သွားသည်ကိုကြည့်ပြီး တင့်တယ်မှုသည် သူမ နှင့်အတူ ပါသွားလေသည်။ သူသည် သူ၏သွေးဆာနေသောရောင်ဝါကို ထုတ်လွှတ်ပြီး မျက်လုံးများသည် အရောင်တောက်လာသည်။ သူသည် မျက်စိကွယ်နေသော လူနှင့်မတူတော့ပေ။
သူသည် လည်ပင်းကိုပွတ်ပြီး ပြောလိုက်သည် “ဒီမှာပိတ်မိနေရင် မှောင်မိုက်နေသလိုခံစားရတယ်”
“အားစိုက်မနေနဲ့ မင်းငါ့ကိုမနိုင်ဘူး ဒီမှာသာ ကျိုးကျိုးနွံနွံနဲ့နေ ”
“သစ်ပင်လေး ဘယ်လိုလဲ သေချာရဲ့လား”
သွေးနတ်ဆိုးသစ်ပင်သည် အသံထွက်လာသည်။
“ဟီးဟီး ကောင်းတယ်…”
တစ်ဖက်တွင် ရှီမာယူယူသည် မြို့ဝန်အိမ်တော်မှ ထွက်လာသည်။ သူမ သည် လှည်းသမားကို လိုက်ပို့ခွင့်မပြုပဲ ရှောင်ချီနှင့်အတူ သွေးလွှမ်းပြိုင်ပွဲသို့ လမ်းလျှောက်သွားရန် ရွေးချယ်လိုက်သည်။
“ယူယူ သူတို့ကိုဘာလို့လိုက်မပို့ခိုင်းတာလဲ” ရှောင်ချီ မေးလိုက်သည် “သွေးလွှမ်းပြိုင်ပွဲက စ,တော့မယ်”
ရှီမာယူယူသည် ရာဟွောင်ကိုခေါ်ထုတ်ပြီး သူ့အပေါ်တက်လိုက်ကာ သွေးလွှမ်းပြိုင်ပွဲကို ခေါ်သွားစေသည်။
“အဲဒီမြို့ဝန်က အရမ်းထူးဆန်းတယ်၊ သွေးလွှမ်းပြိုင်ပွဲကို ကိုယ့်ဘာသာ သွားတာ ပိုကောင်းတယ်”
“ယူယူလည်း ထူးဆန်းတယ်လို့ထင်လား” ရှောင်ချီ မေးလိုက်သည် “သူနဲ့ ပတ်သတ်ပြီး ဘယ်နေရာကမှားနေလဲတော့ မသိဘူး ဒါပေမဲ့ ဝင်သွား လိုက်တော့ ထူးဆန်းတယ်လို့ခံစားရတယ်၊ အဲဒီလက်ဖက်ရည်လည်းအတူတူ ပဲ အနံ့ခံပြီးတော့ မသောက်ချင်တော့ဘူး”
“အဲဒီသွေးနတ်ဆိုးသစ်ပင်..သွေးနံ့ထွက်နေတယ်” ရှီမာယူယူ ပြော လိုက်သည်။
“သွေးနံ့ထွက်တယ်ဟုတ်လား”
“မင်းက လက်ဖက်ရည်မသောက်ပဲနဲ့ကို အနံ့ကထူးဆန်းတယ်လို့ထင် တယ်၊ အဲဒီလက်ဖက်ရည်က အစပိုင်းကိုမွှေးတယ်၊ ဒါပေမဲ့ ပါးစပ်ထဲထည့် လိုက်တော့ သွေးနံ့ဖျော့ဖျော့ရတယ်” ရှီမာယူယူ ရှင်းပြလေသည် “အဲဒီအနံ့ ကအရမ်းကိုဖျော့လွန်းတယ် ဒါပေမဲ့ ငါတို့သိနိုင်တယ်”
“အဲဒီအရွက်တွေက သွေးနတ်ဆိုးသစ်ပင်ကပဲ အဲတော့ ယူယူပြောတာ က သွေးနတ်ဆိုးသစ်ပင်က သွေးနံ့ရှိတာပေါ့” ရှောင်ချီ အပြီးသတ်လေသည်။
“ပြီးတော့ မြို့ဝန်ကလည်း အရမ်းထူးဆန်းတယ်” ရှီမာယူယူ ပြောလိုက် သည် “သူ သွေးနတ်ဆိုးသစ်ပင်အကြောင်းကို အမှတ်တမဲ့လိုလိုနဲ့ ဆက်တိုက်ပြောနေသလိုပဲ”
ရှောင်ချီသည် အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည် “အဲလိုပုံ ပေါက်တယ်”
“သူက အဲဒီသစ်ပင်ကိုသတိထားမိစေချင်တာပဲ” ရှီမာယူယူ ပြောလိုက် သည် “အဲဒီသစ်ပင်မှာ တစ်ခုခုသာမရှိရင် သူက ငါတို့ကို သိစေချင်မှာမဟုတ် ဘူး၊ ပြီးတော့ အရမ်းကြီးသတိမထားမိအောင်လည်း လုပ်နေတယ်၊ အဲလိုလုပ် တာ ထူးဆန်းနေတယ်”
“အမှန်ပဲ” ရှောင်ချီ ပြောလေသည် “ရှောင်ချီ သွေးနတ်ဆိုးသစ်ပင်ကို မြင်လိုက်တာနဲ့ နေရခက်သွားတယ် ထူးဆန်းနေတယ် ဒါဆိုရင် ယူယူ တစ်ခု ခုများ တွေ့လာလား”
ရှီမာယူယူသည် ခေါင်းရမ်းလိုက်သည် “ဒါတွေကို သူတို့နဲ့ဆွေးနွေးပြီးမှ ဆက်ပြောကြတာပေါ့”
သူတို့သွေးလွှမ်းပြိုင်ပွဲကိုရောက်ချိန်တွင် ညပိုင်းပြိုင်ပွဲမှာ စနေလေပြီ။ တာဝန်ခံသည် သူတို့ကို သီးသန့်အခန်းသို့တိုက်ရိုက်ပို့လိုက်သည်။
ရှီမာယူယူ အပေါ်ထပ်သို့တက်ရောက်သွားချိန်တွင် ဘိုင်ရှန်းသည် အလုပ်သမားနှင့် တစ်စုံတစ်ရာပြောနေသည်ကိုတွေ့ကာ စင်ပေါ်တွင် မည်သူ မှရှိမနေပေ။
“ဒီနေ့ည ပြိုင်ပွဲကမစရသေးဘူးလား” သူမသည် သူမကိုခေါ်သွားပေး သောလူကိုမေးလိုက်သည်။
“စနေပါပြီ ဒါပေမဲ့ သခင်လေးမရောက်သေးတော့ အားလုံးက သခင်လေးကိုစောင့်နေကြတာ” သူပြန်ဖြေလေသည်
“ကျွန်တော်တို့ကိုစောင့်နေတယ် ဟုတ်လား” ရှီမာယူယူသည် အနည်း ငယ်ရှုပ်ထွေးသွားသည်။
“ရောက်ပါပြီ သခင်လေးရှီယူ သူတို့ိကိုမေးလိုက်ပါ” ထိုလူသည် ရှီမာယူယူကိုခေါ်သွားပြီးနောက် ပြန်မဖြေပဲလှည့်ထွက်သွားလေသည်။
ရှီမာယူယူ ဝင်လိုက်ရာ ရှီချန်းနှင့် ဖန်ခိုင်တို့သည် စားပွဲတွင်ထိုင်နေ သည်ကိုတွေ့လိုက်ရသည်။ မူလျန်ရှင်သည်လည်း ရှိနေသည်။ သို့သော် အခန်းထဲရှိ အခြေအနေမှာ မှောင်မိုက်နေသည်။
“ဘာဖြစ်လို့လဲ ဘာလို့အကုန်လုံးဆင်းလာကြတာလဲ” ရှီမာယူယူ မေး လိုက်သည်။
“သခင်လေး လာပြီလား” ဖန်ခိုင်သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွား သည်။
“ဘာဖြစ်လို့လဲ”
“အဲလူတွေလေ ရှောင်ချီမလာရင် မတိုက်ဘူးဆိုပြီးပြောနေတယ်” ရှီချန်း ပြောလေသည်။
“ဟင်း သူတို့က ငါ့ကိုအဲလောက်တောင် သဘောကျကြတာလား” ရှောင်ချီသည် သွားဖြဲလေသည် “ဒါဆိုရင် သူတို့ကို သေချာဂရုစိုက်ပေးရမှာ ပေါ့”
ပြောပြီးနောက်တွင် သူမလှည့်ပြီး စင်ပေါ်သို့ပျံသွားလေသည်။
“ဘယ်သူ ငါ့ကိုလွမ်းနေတာလဲ ငါ ရှောင်ချီ ရောက်ပြီ လာခဲ့ကြ”
“စည်းမျဉ်းတွေက မနေ့ညကနဲ့အတူတူပဲလား”
“ဟုတ်တယ်” ရှောင်ချီသည် ကျောက်များကိုထုတ်ချင်သော်လည်း သူမ တွင် မရှိသည်ကိုတွေးမိလိုက်သည်။ သူမသည် ဒုတိယအထပ်တွင်ရှိနေသော ရှီမာယူယူ့ကိုကြည့်လိုက်သည်။
ရှီမာယူယူသည် လက်ဝေ့ရမ်းလိုက်ရာ ကျောက်အပုံသည် စင်ပေါ် တွင်ပေါ်လာသည်။
“လာခဲ့ ငါ့ကိုနိုင်ရင် ဒါတွေအကုန် ခင်ဗျားတို့ဟာပဲ” ရှောင်ချီသည် သတ္တိ ရှိစွာပင် လက်များကိုဝေ့ရမ်းလိုက်သည်။
“ငါလာမယ်” အနီရောင်ချိုင်းပြတ်အင်္ကျိနှင့်လူ တက်လာသည်။
၁၇ချီဘုရင်ပဲ… သူ့အားက ရှောင်ချီနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။
တစ်မိနစ်ပင်မကြာလိုက် သူသည် မြေပေါ်ကျသွားလေသည်။
“ပျင်းစရာကောင်းလိုက်တာ” ရှောင်ချီသည် ခေါင်းရမ်းပြီး အောက်က လူများကိုခေါ်လိုက်သည် “ခင်ဗျားတို့အားလုံး တစ်ခါတည်းတက်လာလို့ရ တယ်၊ ငါ့ကိုနိုင်ရင်ကို ဒီစင်ပေါ်ကလူတွေတစ်ယောက်ချင်းစီကို ကျောက်တွေ ပေးမယ်”
ယောက်ယက်ခတ်သွားကြသည်။
စင်အောက်တွင် ပျာယာခတ်သွားကြသည်။ လူတစ်ယောက်ဆိုလျှင် သူမကို မနိုင်နိုင်ပေ။ သို့သော် အဖွဲ့လိုက်ဆိုလျှင်လည်း နိုင်နိုင်မလား။
“မင်းစကားတွေကယုံရရဲ့လား” လူတစ်ယောက် မေးလိုက်သည်။
“ဒါပေါ့”
“မင်းတို့မှာ ကျောက်အများကြီးရှိတာလား”
တကယ်လို့ အကုန်လုံးနိုင်သွားလို့ သူတို့မှာ အဲလောက်ကျောက်အများ ကြီးမရှိရင် ဘယ်လိုလုပ်မလဲ။
ရှောင်ချီသည် ရှီမာယူယူကိုကြည့်လိုက်သည်။ သူမသည် ကျောက်ကိတ်ထု်ပြီး အောက်သို့ပစ်ချလိုက်သည်။
“ခင်ဗျားတို့ ဒီကတ်ကိုတော့ သိကြတယ်မလား ကတ်တိုင်းမှာ အကန့် အသက်မရှိဘူး” ရှောင်ချီသည် ကတ်ကို ကျောက်ပုံဆီသို့ပစ်ပြီး ပြောလိုက် သည် “လာခဲ့ ခင်ဗျားတို့လာချင်သလောက်လာခဲ့ ဒါပေမဲ့ စံနှုန်းကတော့ အရင်သဘောတူချက်ကိုပဲ လက်ခံရမယ်၊ မဟုတ်ရင် ရောက်လာမဲ့ ကိစ္စ အတွက် အပြစ်မတင်ကြနဲ့”
အောက်မှလူများသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီးနောက် ရုတ်တရက်ပင် အဖွဲ့လိုက်တက်လာကြလေသည်။ စင်ပေါ်တွင် ရုတ်တရက် ဆိုသလို ၁၀ယောက်မှ အယောက်၂၀ကြားပေါ်လာသည်။
တက်လာသူများမှာ ဧကရာဇ်အဆင့်မဟုတ်ပေ။ သို့သော် အဖွဲ့လိုက် ဖြစ်သောကြောင့် တစ်ယောက်တည်းတော့မဟုတ်တော့ပေ။
ရှောင်ချီသည် စိတ်တက်ကြွစွာဖြင့် လက်သီးကိုလွှဲလိုက်သည်။ လူအများကြီး သူမနှင့်တိုက်ရမည်မှာ တိုက်ပွဲအတွက် သူမ၏ စိတ်လှုပ်ရှားမှု ကို မောင်းတင်ပေးလိုက်သလိုပင်။
သူမ နားမှလူအဖွဲ့သည် သူမ ခေါင်တုံ့ခေါက်ပြန်သွားနေသည်ကိုပင် မြင်ရလေသည်။ သူတို့သည် ရှောင်ချီ၏ ထိုးချက်ကြောင့်မဟုတ်လျှင် ကန်ချက်ကြောင့်လွင့်သွားပြီး မြေပေါ်ကျကြလေသည်။ သူတို့အဖွဲ့သည် အတူပေါင်းတိုက်သော်လည်း သူမကိုထိရန်မပြောနှင့် အနားပင်မကပ်နိုင်ပေ။
အောက်မှလူများအားလုံးသည် မှင်တက်နေကြသည်။ ရှီချန်း၊ ဖန်ခိုင်နှင့် မူလျန်ရှင်တို့ပင် အပေါ်မှ မျက်လုံးပြူးပြီးကြည့်နေကြသည်။
သူမ တိုက်ပွဲစွမ်းရည်က အရမ်းကိုကြောက်ဖို့ကောင်းပါလား။
“သခင်လေး ရှောင်ချီက ဘယ်လိုလုပ်အဲလောက်အောင် အားကောင်း နိုင်ရတာလဲ” ဖန်ခိုင်သည် အသံထွက်လာအောင် ကြိုးစားလိုက်ရသည်။
“ကျွန်တော်လည်းမသိဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူမ ရှုံး တာတစ်ခါမှမမြင်ဖူးဘူး တစ်ခါက ရှေးဟောင်းသားရဲအိုကြီးနဲ့ တိုက်ဖူးတယ် ဒါပေမဲ့ အဲသားရဲလည်း အဆုံးသတ်မလှခဲ့ဘူး”
“အားကောင်းလိုက်တာ”
အားလုံးသည် ရှောင်ချီ၏ သေးငယ်သောခန္ဓာကိုယ်ကိုကြည့်ပြီး ထူးဆန်းသော သတ္တဝါတစ်ကောင်ကိုကြည့်ရသကဲ့သို့ခံစားရလေသည်။ မူလျန်ရှင်သည်ပင် သူမနှင့်တိုက်ချင်သည်။ ရှောင်ချီ့နောက် သူလိုက်ရသည့် အကြောင်းမှာလည်း သူမကို ရိုက်ချင်သောကြောင့်ဖြစ်သည်။ သို့သော် သူမ၏ ထိုပုံစံကိုမြင်သောအခါ သူအရှုံးပေးလိုက်ရမှာမဟုတ်ဘူးလား။
“သခင်၃ ဒီမိန်းကလေးက တော်တော်အားကောင်းတယ်၊ သူမက ကျွန်တော်တို့ စီးပွားရေးကိုနှောင့်ယှက်ရင်… ကျွန်တော်တို့ဘာမှမလုပ်ရဘူး လား”
“မစိုးရိမ်နဲ့” သခင်၃သည် တည်ငြိမ်စွာပြောလေသည် “သူမ သွေးမိစ္ဆာ မြို့တော်ကနေ မထွက်သွားမချင်း စိတ်ရှုပ်ခံစရာမလိုဘူးလို့ သခင်ပြောထား တယ်”
“နားလည်ပါပြီ…”
ထိုညတွင် ရှောင်ချီသည် လူ ၁၀၀မှ ၂၀၀ကြားကို အနိုင်ရလေသည်။ လုံးဝကို ရှင်းထုတ်လိုက်ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် သူတို့သည် ခမ်းနားစွာဖြင့် အဖွဲ့လိုက်ကို ဘိုင်ရှန်း၏ တည်းခိုဆောင်သို့ခေါ်သွားလေသည်။
ဒီတစ်ကြိမ်တွင် ရှီမာယူယူသည် ကိုယ်တိုင်ကိုယ်ကျမပြောတော့ပေ။ သူမသည် ရှီချန်းနှင့် ဖန်ခိုင်တို့ကို အပ်ထားပြီး ဘိုင်ရှန်းကို အခန်းထဲသို့ ခေါ် သွားလေသည်။
***